← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁) လေးဆယ့်ကိုးကြိမ်...လက်သီးတစ်ချက်တည်းနဲ့ ဖရိုဖရဲ ခေါင်းလောင်းကို ဖျက်ဆီးလိုက်တယ်

ဒေါင်...

ရုတ်ချည်းဆိုသလိုပင် ခုံးဝူတောက်နှင့် ဖရိုဖရဲ ခေါင်းလောင်းကို ဗဟိုပြု၍ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းမုန်တိုင်းတစ်ခုက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

စောင့်ကြည့်နေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်း၏ရိုက်ခတ်မှုကို ခံလိုက်ရပြီး ပဲစေ့များအလား လွင့်စင်သွားကြသည်။

သို့သော် ထို့နောက် တတိယမြောက် စတုတ္ထမြောက်နှင့် ပဉ္စမမြောက်ခေါင်းလောင်းသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။

အချိန်တခဏအတွင်းမှာပင် ဖရိုဖရဲ မြင့်မြတ်နယ်မြေတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအသံလှိုင်းများ၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး ရှေးဟောင်း ခေါင်းလောင်းသံများသည် မရေမတွက်နိုင်သောကျင့်ကြံသူများ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့်များအားလုံး အလွန်အမင်း ထိတ်လန့်နေကြလေပြီ။

ဖရိုဖရဲ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်စဉ်က သူတို့တစ်ယောက်ချင်းစီတိုင်းသည် ဖရိုဖရဲ ခေါင်းလောင်းနှင့် ထိတွေ့ခဲ့ဖူးကြသည်။

ယခင်က ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင်မြည်အောင် လုပ်နိုင်ခဲ့သော ယွင်ရှောင်ပင်လျှင် ထိုခေါင်းလောင်းကို လောကကြီးတုန်ခါစေလောက်သည့် အသံမျိုး ထွက်ပေါ်လာအောင် မလုပ်နိုင်ခဲ့ပေ။

သို့သော် ကိစ္စရပ်မှာ မပြီးဆုံးသေးချေ။

ဒေါင်... ဒေါင်... ဒေါင်...

ဆဋ္ဌမမြောက် ခေါင်းလောင်းသံ သတ္တမမြောက် ခေါင်းလောင်းသံ အဋ္ဌမမြောက် ခေါင်းလောင်းသံနှင့် နဝမမြောက် ခေါင်းလောင်းသံပင်လျှင် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ဖရိုဖရဲ ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသော မရေမတွက်နိုင်သော တာအိုပုံစံများသည် တောက်ပစွာ လင်းလက်လာကြသည်။ ထိုအရာများသည် ယှဉ်ပြိုင်၍မရနိုင်လောက်အောင် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်ကာ မဟာနေမင်းကြီး လောကီလောကသို့ ကျဆင်းလာပြီး အရာအားလုံးကို ရွှေရောင်လင်းထိန်သွားစေသည့်အလားပင်။

ဤမြင်ကွင်းကို မြင်သောအခါ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ လူတိုင်းသည် သူတို့၏စိတ်များ ဗလာကျင်းသွားပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့၏နှလုံးခုန်နှုန်းပင် ရပ်တန့်လုမတတ် ဖြစ်သွားကြသည်။

ကိုးကြိမ်တိတိ...

ခုံးဝူတောက်သည် ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် အောင်မြင်စွာ မြည်ဟီးအောင် လုပ်နိုင်ခဲ့သည်။

ထို့ပြင် သူ၏အမြန်နှုန်းသည် ယခင်က ယွမ်ရှောင်ထက် အဆပေါင်းများစွာ ပိုမြန်ပြီး အသက်နှစ်ရှိုက်စာသာ ကြာမြင့်ကာ ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် အောင်မြင်စွာမြည်ဟီးအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ယွင်ရှောင်သည် ဖရိုဖရဲ ခေါင်းလောင်း ကို ကိုးကြိမ်မြည်အောင်လုပ်ရန် အသက်ရှူချိန် လေးဆယ့်ငါးကြိမ်တိတိ ကြာမြင့်ခဲ့သည်။

ဤသည်က မည်သည့်အရာကို ကိုယ်စားပြုသနည်း။

ခုံးဝူတောက်၏ ပါရမီနှင့်စွမ်းအားသည် ယွင်ရှောင်ထက် များစွာသာလွန်ကြောင်းကို ကိုယ်စားပြုနေခြင်းပင်။

သူတို့နှစ်ဦးကြားရှိ ကွာဟချက်သည် ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ကျယ်ဝန်းပြီး ခွန်အားအပြည့် ကြိုးစားရုံမျှဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်မည့်အရာမျိုး မဟုတ်ပေ။

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော ယွင်ရှောင်၏မျက်နှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားပြီး သူ၏စကားများပင် အနည်းငယ် ထစ်ငေါ့နေသည်။

ကိုးကြိမ်တိုင်တိုင်... ခုံးဝူတောက်သည် ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် အောင်မြင်စွာ မြည်ဟီးအောင် လုပ်နိုင်ခဲ့ရုံသာမက အမြန်နှုန်းမှာလည်း သူ့ထက် များစွာပို၍ လျှင်မြန်နေသည်။

ဤမျှကြီးမားသော ကွာဟချက်သည် သူ့ကို ပထမဆုံးအကြိမ်အဖြစ် အရေးမပါသူတစ်ယောက်ကဲ့သို့ ခံစားရစေပြီး ခုံးဝူတောက်အပေါ် သူ၏အကြောက်တရားကို ပို၍အားကောင်းလာစေခဲ့သည်။

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယွင်ရှောင်က လက်ခံသူ အပေါ် အကြောက်တရားတွေ ဖြစ်ပေါ်လာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ် ၈၀၀ ကို လျှော့ချလိုက်ပြီး ၇၂၀၀ မှတ် ကျန်ရှိနေပါတယ်...]

[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို အောင်မြင်စွာ ဖြစ်ပေါ်စေနိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၁၆၀၀ ကို ရရှိပါတယ်...]

ခုံးဝူတောက်က ဤအရာကို ဂရုမစိုက်ဘဲ သူ၏ လက်ထဲရှိ စွမ်းအားကို တိုးမြှင့်လိုက်၏။

ဝုန်း...

ရုတ်ချည်းဆိုသလိုပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး ကျယ်ပြန့်သော ဖရိုဖရဲ စွမ်းအားများ ခုံးဝူတောက်၏လက်ဝါးမှ ပေါက်ကွဲထွက်လာသည်။

ကမ်းစပ်ကို ရိုက်ခတ်လာသော ဒေါသတကြီး လှိုင်းလုံးများကဲ့သို့ မြင့်တက်လာသော အဆုံးအစမရှိသည့် စွမ်းအားများသည် ဖရိုဖရဲ ခေါင်းလောင်းကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

ဒေါင်...

ခေါင်းလောင်းသံများသည် တစ်သံပြီးတစ်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

ရွှေရောင်တောက်ပနေပြီဖြစ်သော ဖရိုဖရဲ ခေါင်းလောင်းသည် ပို၍တောက်ပလာပြီး အလွန်အမင်း တောက်ပနေသော အလင်းစက်ဝန်းက မရေမတွက်နိုင်သော ကျင့်ကြံသူများကို မသိစိတ်အရ မျက်လုံးများစုံမှိတ်သွားစေကာ ထပ်မကြည့်ရဲအောင် ဖြစ်သွားစေသည်။

အချိန်တခဏအတွင်းမှာပင် ရွှေရောင် တောက်ပနေသော လောကကြီးတွင် အဆက်မပြတ် မြည်ဟီးနေသည့် ခေါင်းလောင်းသံများသာ ရှိနေတော့သည်။

ဤအခြေအနေသည် ဖရိုဖရဲမြင့်မြတ်နယ်မြေ ၏ အနက်ရှိုင်းဆုံးနေရာတွင် အိပ်မောကျနေသော ရှေးဟောင်းဘိုးဘေးကြီးကိုပင် လန့်နိုးသွားစေခဲ့သည်။

"တကယ်တမ်းက ဘာတွေ ဖြစ်နေတာလဲ..."

"ဖရိုဖရဲ ခေါင်းလောင်း က..."

သူ၏မျက်စိရှေ့တွင် ဖြစ်ပျက်နေသမျှသည် သူ၏နားလည်နိုင်စွမ်းကို ကျော်လွန်နေလေပြီ။

သူ၏ဘိုးဘေးများ ချန်ရစ်ခဲ့သော ဖရိုဖရဲ ခေါင်းလောင်းသည် ဤအချိန်အခိုက်အတန့်တွင် အကြိမ်နှစ်ဆယ်နီးပါး အမှန်တကယ်ကို မြည်သွားခဲ့သည်။

ထို့ပြင် ဤရှေးဟောင်းခေါင်းလောင်းသံ အရေအတွက်သည် တိုးလာနေဆဲပင်။

သို့သော်... ယနေ့သည် သူ၏ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့်စုဆောင်းမည့် နေ့မဟုတ်ပေ။

မည်သည်ကြောင့် ဖရိုဖရဲ ခေါင်းလောင်းက ဤကဲ့သို့ ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုမျိုးကို ပေါက်ကွဲထွက်လာရသနည်း။

..........

ဖရိုဖရဲ မြင့်မြတ်နယ်မြေ သာမက မြောက်ဘက်ရွှမ် တာအိုနယ်မြေတစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေပြီ။

မရေမတွက်နိုင်သော အထွတ်အထိပ်ပုဂ္ဂိုလ် များသည် ဤကြီးကျယ်ခမ်းနားသော ခေါင်းလောင်းသံကြောင့် လန့်နိုးသွားကြပြီး ဖရိုဖရဲ မြင့်မြတ်နယ်မြေ ရှိရာဘက်သို့ မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

"ဒါ... ဒါက တကယ်တမ်း ဘာတွေဖြစ်သွားတာလဲ... ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ ဖရိုဖရဲ ခေါင်းလောင်းက... ဘာလို့ အကြိမ်ပေါင်းများစွာ ဆက်တိုက်မြည်ဟီးနေတာလဲ..."

"ရှီး... ရှေးဟောင်းမှတ်တမ်းတွေအရ ဖရိုဖရဲ ခေါင်းလောင်းက အလွန်ဆုံး ကိုးကြိမ်ပဲ မြည်တာလေ... ဘာလို့ ဒီနေ့ ဒီလောက်ထိ အကြိမ်များများ မြည်ဟီးနေရတာလဲ..."

"ဖရိုဖရဲ မြင့်မြတ်နယ်မြေက တခြားထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ကို ထပ်ပြီးမွေးထုတ်လိုက်တာများလား... ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ သူတို့က ယွင်ရှောင်ကို မွေးထုတ်ခဲ့တာလေ..."

"အရင်တုန်းက ငါ့ရဲ့ဂိုဏ်းက သတင်းပို့တာကို ကြားခဲ့တယ်... အချိန်လေဟာနယ် တားမြစ်နယ်မြေက ဖရိုဖရဲ မြင့်မြတ်နယ်မြေကို လာရောက်လည်ပတ်တယ်တဲ့... အချိန်လေဟာနယ် တားမြစ်နယ်မြေက ထိပ်တန်း ပါရမီရှင်တစ်ယောက်ကြောင့် ဖြစ်လာတဲ့ ကိစ္စတစ်ခုများလား..."

"..........."

အစွမ်းထက် ကျွမ်းကျင်သူ အများအပြားသည် တက်ကြွစွာ ဆွေးနွေးနေကြပြီး ဤကိစ္စ၏ အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာကာ လေ့လာနေကြ၏။

အစွမ်းထက် ကျွမ်းကျင်သူ အများအပြားသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ ရှိရာဘက်သို့ ချဉ်းကပ်ကာ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မြင်တွေ့လိုသဖြင့် သူတို့၏နတ်ဘုရားစိတ်အာရုံများကို ထုတ်လွှတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင်...

ဖရိုဖရဲ ခေါင်းလောင်း၏ လေးဆယ့်ကိုးကြိမ်မြောက်အသံ ထွက်ပေါ်လာချိန်၌ ကြည်လင်ပြတ်သားသော အက်ကွဲသံနှင့်အတူ နတ်ဘုရားစိတ်ဝိညာဉ်များကို တုန်ခါစေသော ခေါင်းလောင်းသံသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။

လူတိုင်း တွေဝေမိန်းမောသွားကြပြီး ကောင်းကင်ကိုးထပ်သို့ တုန်ခါသွားခဲ့သော သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များသည် သူတို့၏ ခန္ဓာကိုယ်များထဲသို့ ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိလာရန် အချိန်အတော်ကြာမြင့်ခဲ့သည်။

သူတို့၏တွေဝေမိန်းမောနေမှုမှ ပြန်လည်၍ အသိဝင်လာပြီးနောက် သူတို့၏အကြည့်များသည် ချက်ချင်းဆိုသလိုပင် ခုံးဝူတောက်ဆီသို့ ရောက်ရှိသွားကြ၏။

သို့သော် သူတို့၏မျက်လုံးများရှေ့တွင် တွေ့လိုက်ရသော မြင်ကွင်းက သူတို့အားလုံးကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားရစေပြီး နေရာတွင်ပင် ကျောက်ရုပ်အလား တောင့်တင်းသွားစေခဲ့သည်။

ခုံးဝူတောက်သည် သူ၏လက်သီးကို ထိုးနှက်နေသော ကိုယ်နေဟန်ထားကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။

သူ၏လက်သီးသည် ဖရိုဖရဲ ခေါင်းလောင်း၏ မျက်နှာပြင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ထားသည်။

ခုံးဝူတောက်၏ လက်သီးကို ဗဟိုပြု၍ ပင့်ကူအိမ်အလား မရေမတွက်နိုင်သော အက်ကွဲကြောင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ထူထပ်စွာ ပျံ့နှံ့သွားသည်။

"ဟမ့်... မင်းတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ ရဲ့ ရတနာက တကယ့်ကို နည်းနည်းတော့ ကြွားလုံးထုတ်လွန်းနေပုံရတယ်..."

"ငါ့ရဲ့ လက်သီးတစ်ချက်ကိုတောင် တောင့်မခံနိုင်ဘူး..."

ခရက်... ခရက်... ခရက်...

ခုံးဝူတောက်က သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများသည် ဆက်လက်၍ ပျံ့နှံ့သွားပြီးနောက် သံချေးများကဲ့သို့ အလွှာလိုက် ကွာကျလာသည်။

ထို့ပြင် ခုံးဝူတောက် လက်သီးဖြင့် ထိုးနှက်ခဲ့သော ဗဟိုနေရာတွင် အနက်ရောင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေလေပြီ။

ခုံးဝူတောက်သည် ကပ်နေသော အပျက်အစီးများကို သန့်စင်ရန် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ခါယမ်းလိုက်၏။

ဖရိုဖရဲ ခေါင်းလောင်းသာ အပိုင်းအစကြီးတစ်ခုအဖြစ် ကွဲအက်မသွားပါက သူ၏ယခင် လက်သီးထိုးချက်သည် ဖရိုဖရဲခေါင်းလောင်း ကို လေးဆယ့်ကိုးကြိမ်ထက် များစွာပို၍ မြည်ဟီးစေနိုင်လောက်သည်။

ဤအချိန်အခိုက်အတန့်တွင် လောကကြီးသည် တိတ်ဆိတ်နေပြီး အချိန်များ ရပ်တန့်သွားသည့်အလားပင်။

ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသူတိုင်းသည် တူညီသော မျက်နှာအမူအယာများကို ပြသနေကြ၏။

သူတို့၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်လာပြီး ပါးစပ်အဟောင်းသားဖြစ်နေကာ အလွန်အမင်း အံ့အားသင့်တုန်လှုပ်မှုကြောင့် သူတို့၏မျက်နှာသွင်ပြင်များ ပုံပျက်သွားပြီး သူတို့၏ခန္ဓာကိုယ်များ သစ်သားရုပ်သေးရုပ်များကဲ့သို့ တောင့်တင်းနေသည်။

ကျိုးပဲ့သွားလေပြီ...

ဖရိုဖရဲ ခေါင်းလောင်းမှာ...

ခုံးဝူတောက်၏ လက်သီးတစ်ချက်တည်းဖြင့် အမှန်တကယ်ပင် အပိုင်းအစကြီးတစ်ခုအဖြစ် ဖြိုခွဲခြင်းခံလိုက်ရသလော....

ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်း မှတ်တမ်းများအရ ဖရိုဖရဲခေါင်းလောင်းသည် သူတို့မြင့်မြတ်နယ်မြေကို တည်ထောင်သူ၏ သက်စောင့်တာအိုလက်နက်ပင်။

ထို့ပြင် ထိုတည်ထောင်သူသည် ထိပ်သီးမဟာဧကရာဇ်အဆင့် အစွမ်းထက်ကျွမ်းကျင်သူတစ်ဦးပင်။

မရေမတွက်နိုင်သောနှစ်များ ကုန်ဆုံးသွားပြီးနောက် ဖရိုဖရဲ ခေါင်းလောင်းသည် ဆွေးမြေ့သွားခဲ့လျှင်ပင် ခုံးဝူတောက်ကဲ့သို့ လူငယ် အစွမ်းထက် ကျွမ်းကျင်သူတစ်ဦးက ထိုအရာကို ဖြိုခွဲပစ်ရန် မဖြစ်နိုင်သေးပေ။

သို့သော် သူတို့၏မျက်စိရှေ့တွင် ဖြစ်ပျက်နေသမျှသည် ဤ မယုံနိုင်စရာ လက်တွေ့ဖြစ်ရပ်ကို အတင်းအကျပ် လက်ခံစေခဲ့လေပြီ။

...

အခန်း (၅၂) ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ ရှေးဟောင်းဘိုးဘေးကြီး ရောက်လာပြီ....သူ့ကို ယဉ်ယဉ်ကျေးကျေး ဘယ်လို ဆက်ဆံရမလဲ

အသက်ဆယ်ရှိုက်ကျော်စာမျှ လောကကြီး တိတ်ဆိတ်သွားပြီးနောက် အေးခဲနေသော လူအုပ်ကြီးသည် ရေနွေးပူများကဲ့သို့ ရုတ်တရက် ဆူပွက်လာတော့သည်။

"ဒါ... ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ ကိစ္စလား..."

"လေးဆယ့်ကိုးကြိမ်... ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေကို တည်ထောင်ကတည်းက ဘယ်သူမှ ဒီလောက်ထိ ပြင်းထန်လွန်းတဲ့ လုပ်ရပ်မျိုးကို မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ငါ ထင်တယ်..."

"ခုံးဝူတောက်က အရင်တုန်းက ဖရိုဖရဲ ခေါင်းလောင်း ကို ကိုးကြိမ်မြည်အောင် လုပ်တာ လွယ်တယ်လို့ ပြောဖို့ ဒီလောက်ထိ မောက်မာရဲတာ အံ့အားသင့်စရာ မရှိပါဘူး... လေးဆယ့်ကိုးကြိမ်ဆိုတာ သူ့အတွက် လွယ်လွန်းနေတာလား..."

"ခုဏက ခုံးဝူတောက် ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက ဖရိုဖရဲ စွမ်းအားလား... ဘာလို့ အဲ့ဒါက ဖရိုဖရဲ ခေါင်းလောင်းနဲ့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် ပဲ့တင်ထပ်နိုင်ရတာလဲ..."

".........."

ဖရိုဖရဲ မြင့်မြတ်နယ်မြေ ၏ သူတော်စင်များနှင့် ကျင့်ကြံသူများကြားရှိ ဆွေးနွေးမှုများနှင့် နှိုင်းယှဉ်လျှင်....

ခုံးကျန်ယွဲ့နှင့် တခြားဧကရာဇ်သားတော်အစဉ်အဆက်များသည် ခုံးဝူတောက်ကို ပို၍ပင် စိတ်အားထက်သန်သော ရိုသေလေးစားမှုများဖြင့် ကြည့်လိုက်ကြ၏။

ဤသည်မှာ သူတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်ဖြစ်ပြီး မည်သည့်နေရာတွင် ရှိနေပါစေ အမှန်တကယ်ကို ပြိုင်ဘက်ကင်းပြီး အနိုင်ယူ၍မရသော ပုဂ္ဂိုလ် တစ်ဦးပင်။

"လေးဆယ့်ကိုးကြိမ်..."

လူအုပ်အကြားတွင် မြင်ကွင်းတစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့သော ယွင်ရှောင်၏မျက်နှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ အလွန်အမင်း အံ့အားသင့်တုန်လှုပ်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး အချိန်မရွေး ပြိုလဲကျသွားနိုင်မည့်ပုံ ပေါက်နေသည်။

ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် မြည်ဟီးအောင် လုပ်နိုင်သည့် သူ၏ပါရမီသည် တခြားသူများအားလုံးထက် သာလွန်ရန် လုံလောက်နေပြီဟု သူ အမြဲတစေ ယုံကြည်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက် ရောက်မလာမီက ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သမိုင်းကြောင်းတွင် ဖရိုဖရဲ မြင့်မြတ်နယ်မြေကို တည်ထောင်သူနှင့် သူမှလွဲ၍ ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် မြည်ဟီးအောင် လုပ်နိုင်သူဟူ၍ မရှိခဲ့ပေ။

သို့သော် ခုံးဝူတောက်ကမူ လက်သီးတစ်ချက်တည်းဖြင့် ဖရိုဖရဲခေါင်းလောင်းကို လေးဆယ့်ကိုးကြိမ်တိုင်တိုင် မြည်ဟီးအောင် လုပ်နိုင်ခဲ့သည်။

သူ၏ ဂုဏ်ယူစရာကောင်းသော ပါရမီနှင့် စွမ်းအားသည် ခုံးဝူတောက်၏ရှေ့တွင် ရယ်စရာတစ်ခု လုံးလုံးလျားလျား ဖြစ်သွားခဲ့လေပြီ။

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယွင်ရှောင်က လက်ခံသူကြောင့် အံ့အားသင့်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုတွေထဲ နက်နက်ရှိုင်းရှိုင်း ကျရောက်သွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ် ၁၀၀၀ကို လျှော့ချလိုက်ပြီး ၆၂၀၀ မှတ် ကျန်ရှိနေပါတယ်...]

[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို အောင်မြင်စွာ ဖြစ်ပေါ်စေနိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၂၀၀၀ ကို ရရှိပါတယ်...]

ခုံးဝူတောက်၏ နှုတ်ခမ်းများ ကွေးတက်သွားလေ၏။

ယခင်က သူ ဖရိုဖရဲ ခေါင်းလောင်းကို လက်သီးဖြင့် ဖြိုခွဲပစ်လိုက်စဉ်ကတည်းက....

သူသည် သူ၏ ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်ကို အသက်သွင်းပြီး ဖရိုဖရဲ ခေါင်းလောင်းအတွင်း၌ ပုန်းကွယ်နေသော ဖရိုဖရဲ အဆီအနှစ်များအားလုံးကို စုပ်ယူခဲ့ပြီး ဖြစ်သည်။

ယခုချိန်၌ ဖရိုဖရဲ အဆီအနှစ်များကို စုပ်ယူပြီးနောက် သူ၏ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ် သည် ပို၍ပင် အစွမ်းထက်လာခဲ့လေပြီ။

ဤသည်မှာလည်း ယဲ့ချန်၏ကျေးဇူးကြောင့်ပင်။ အကယ်၍ ယဲ့ချန်သာ မရှိခဲ့လျှင် သူသည် ဤမျှထိ များပြားသော အံ့အားသင့်စရာ အကျိုးကျေးဇူးများကို ရရှိခဲ့မည် မဟုတ်ပေ။

ဝုန်း...

ထိုအချိန်မှာပင် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ဘိုးဘေးနယ်မြေ ရှိရာဘက်တွင် နတ်ဘုရားမိုးကြိုးများ ပြည့်နှက်နေသော ကောင်းကင်ယံသည် ရုတ်တရက် လှိုင်းထလာပြီး ရုန့်ရင်းကြမ်းတမ်းသည့် အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီး၏ အရောင်ကို ပြောင်းလဲသွားစေသည်။

"ဒီအရှိန်အဝါက..."

ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ရှေးဟောင်းဘိုးဘေးကြီးသုံးပါး၏ မျက်နှာအမူအရာများ ကြီးမားစွာ ပြောင်းလဲသွားကြသည်။ သူတို့က မသိစိတ်အရ မော့ကြည့်လိုက်ကြသည်။

"ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီးလား..."

ဟုန့်ယွမ် မဟာရှေးဟောင်းဘိုးဘေးကြီးသည် သူတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တစ်ဦးတည်းသော ရှေးဟောင်းမဟာဘိုးဘေးကြီး ဖြစ်ပြီး ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်းရှိကာ ဧကရာဇ်နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

မဟာဧကရာဇ်များ ထွက်ပေါ်လာသော ဤခေတ်တွင် ခြေလှမ်းတစ်ဝက်ဧကရာဇ်သည် မဟာဧကရာဇ်တစ်ပါး၏ အောက်တွင် အစွမ်းထက်ဆုံး ဖြစ်နေလေပြီ။

ဤသည်မှာလည်း ဖရိုဖရဲ မြင့်မြတ်နယ်မြေကို မြောက်ဘက်ရွှမ် တာအိုနယ်မြေတွင် ထိပ်သီးအင်အားစုများထဲမှတစ်ခု ဖြစ်လာစေသည့် နောက်ခံလည်းဖြစ်သည်။

သို့သော် သူတို့၏ ဟုန့်ယွမ်ရှေးဟောင်းမဟာဘိုးဘေးကြီးသည် မဟာဧကရာဇ် တစ်ပါး မဖြစ်လာသေးဘဲ သူ၏သက်တမ်းမှာ မလုံလောက်သောကြောင့် ဘိုးဘေးနယ်မြေတွင် မရေမတွက်နိုင်သော ခေတ်ကာလများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ယနေ့တွင် ခုံးဝူတောက် ထုတ်လွှတ်လိုက်သော အရှိန်အဝါကြောင့် သူ လန့်နိုးလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

"ဘယ်သူလဲ... ဖရိုဖရဲ ခေါင်းလောင်းကို လေးဆယ့်ကိုးကြိမ်တိုင်တိုင်မြည်အောင် လုပ်လိုက်တာ ဘယ်သူလဲ..."

ဤအခိုက်အတန့်တွင် ကောင်းကင်ယံကို ပဲ့တင်ထပ်သွားသော ရှေးကျပြီး အပြောင်းအလဲများ ပါဝင်သည့် အသံတစ်သံနှင့်အတူ အဆုံးမဲ့ တာအို အလင်းတန်းများဖြင့် ဖုံးအုပ်ထားသော ပုံရိပ်တစ်ခုသည် မိုးကောင်းကင်ယံအထက်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"ရှေးဟောင်းမဟာဘိုးဘေးကြီး... ကျွန်တော်တို့က ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီးကို ဂါရဝပြုပါတယ်..."

ထိုနေရာရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ လူတိုင်းသည် လက်နှစ်ဖက်ကို ပူးဆုပ်ကာ ဦးညွှတ်ပြီး ရိုသေလေးစားသော အသံများဖြင့် တညီတညွတ်တည်း ပြောဆိုလိုက်ကြ၏။

သို့သော် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်းမဟာဘိုးဘေးကြီးကို မြင်တွေ့ရလျှင်ပင် ခုံးဝူတောက်သည် ဦးညွှတ်မည့် အရိပ်အယောင် မပြခဲ့ပေ။

သူသည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး အရာအားလုံးကို ခံစားချက်ကင်းမဲ့စွာဖြင့် စောင့်ကြည့်နေသည်။

ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သာမန်ရှေးဟောင်းမဟာဘိုးဘေးကြီးတစ်ပါးသည် သူ့ထံမှ ထိုသို့သော ယဉ်ကျေးမှုမျိုးနှင့် မထိုက်တန်ပေ။

"မင်းတို့က..."

ဤအခိုက်အတန့်တွင် ဟုန့်ယွမ်ရှေးဟောင်းမဟာဘိုးဘေးကြီး၏ အကြည့်သည်လည်း ခုံးဝူတောက်တို့လူစုအပေါ်သို့ ကျရောက်သွားသည်။

သူတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို အနည်းငယ် အာရုံခံရုံဖြင့် ခုံးဝူတောက်နှင့် အခြားသူများ၏ အထောက်အထားများကို သူ ဆုံးဖြတ်နိုင်ခဲ့သည်။

သို့သော် သူတို့၏အထောက်အထားများကို အတည်ပြုနေစဉ် ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီးသည် သူ၏စိတ်နှလုံးသားထဲတွင် တုန်လှုပ်မှုတစ်ခုကို မခံစားရဘဲ မနေနိုင်ခဲ့ပေ။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများသည် အဘယ်ကြောင့် သူ၏ဖရိုဖရဲ မြင့်မြတ်နယ်မြေသို့ လာရောက်ရသနည်း...

ဖရိုဖရဲ မြင့်မြတ်နယ်မြေ ၏ရှေးဟောင်းဘိုးဘေးကြီး သုံးပါးသည်လည်း သူတို့၏ ရှေးဟောင်းမဟာဘိုးဘေးကြီးသည် အိပ်မောကျနေခဲ့ပြီး အပြင်လောကတွင် ဖြစ်ပျက်ခဲ့သမျှကို မသိကြောင်း သိထားသဖြင့် သူတို့၏ရှင်းလင်းချက်များကို အလျင်အမြန် အသံပေးပို့၍ ပြောပြလိုက်ကြသည်။

...........

အချိန်တခဏအကြာတွင် အကြောင်းစုံကို သိရှိပြီးနောက်....

ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီး၏ အကြည့်သည်လည်း ကိုင်ထျန်အထွတ်အထိပ်ပုဂ္ဂိုလ်ထံ ကျရောက်သွားကာ သူ၏မျက်နှာ မည်းမှောင်သွားပြီး တိုက်ရိုက်အသံပေးပို့ကာ ကျိန်ဆဲလိုက်သည်။

"မင်း ခွေးကောင်... မင်းက ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ ရှေးဟောင်းဘိုးဘေးကြီး တစ်ပါး ဖြစ်နေသေးတယ်ပေါ့..."

"ငါတို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေက ဆုတ်ယုတ်နေပြီ... ငါတို့ရဲ့ လက်ရှိအခြေခံအုတ်မြစ်က ငါတို့ကို မြောက်ဘက်ရွှမ် တာအိုနယ်မြေမှာ ထိပ်တန်း တာအိုအမွေအနှစ်တစ်ခုပဲ အလွန်ဆုံး ဖြစ်လာစေနိုင်တာ... ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်ပယ်တွေအားလုံးမှာ ငါတို့က ဘယ်လောက်တောင် အရေးမပါလိုက်လဲ..."

"အချိန်လေဟာနယ် တားမြစ်နယ်မြေက တစ်ချိန်တုန်းက ကောင်းကင်ဘုံတွေနှင့်အင်္သချေနယ်မြေတွေအားလုံးကို ဟန့်တားနိုင်ခဲ့တဲ့ တည်ရှိမှုတစ်ခုပဲ... ငါတို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေက အဲ့ဒါကို ယှဉ်နိုင်မယ်လို့ မင်း ထင်နေတာလား..."

ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီးသည် ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်ကို လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွားလေ၏။

ခုံးဝူတောက်သည် ဖရိုဖရဲမြင့်မြတ်နယ်မြေ၏ နယ်မြေပေါ်တွင် ပြဿနာစတင်ခဲ့သော်လည်း မဟာဧကရာဇ်မရှိသော သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေသည် သူ့ကို ရန်စရန် မည်သို့ တတ်နိုင်မည်နည်း။

သူ့ကို ပို၍ ဒေါသထွက်စေသောအရာမှာ ဤ အရူးသုံးယောက်က ခုံးဝူတောက်နှင့် ပြိုင်ပွဲတွင် သူတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရတနာဖြစ်သော ဖရိုဖရဲ ခေါင်းလောင်းကို အလောင်းအစားအဖြစ် ကိုယ့်သဘောနှင့်ကိုယ် အသုံးပြုခဲ့ကြခြင်းပင်။

ယခုချိန် သူတို့သည် ခုံးဝူတောက်ကို စော်ကားမိရုံသာမက ဖရိုဖရဲ ခေါင်းလောင်းပင်လျှင် သူ၏ဖြိုခွဲပစ်ခြင်းကို ခံလိုက်ရလေပြီ။

ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်းမဟာဘိုးဘေးကြီး တစ်ပါးအနေဖြင့် ဖရိုဖရဲ ခေါင်းလောင်းတွင် သူတို့၏ဘိုးဘေးများ ချန်ထားခဲ့သော ဖရိုဖရဲအဆီအနှစ်များ ပါဝင်ကြောင်းကို သူ သဘာဝကျကျ သိထားသည်။

ထိုအရာသည် သူတို့ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ကြီးမားသော အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်သည်။

သို့သော် ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီး သည် ခေါင်းလောင်းအတွင်းရှိ ဖရိုဖရဲ အဆီအနှစ်များကို လျှို့ဝှက်စွာ ပြန်လည်ရယူရန် ဟန်ပြင်လိုက်စဉ်မှာပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး သူ၏မျက်နှာအမူအယာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားသည်။

သူတို့၏ဘိုးဘေးများမှ ဖရိုဖရဲ ခေါင်းလောင်းတွင် ချန်ရစ်ခဲ့သော ဖရိုဖရဲ အဆီအနှစ်များသည် မည်သည်ကြောင့် လုံးလုံးလျားလျား ပျောက်ကွယ်သွားရသနည်း။

"မင်း..."

ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီး၏ အကြည့်သည် ရုတ်တရက် ခုံးဝူတောက်ဆီသို့ ကျရောက်သွားလေ၏။

"မင်းက ဖရိုဖရဲ ခေါင်းလောင်းထဲက ဖရိုဖရဲ အဆီအနှစ်တွေကို စုပ်ယူလိုက်တာလား..."

ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီး၏ အံ့အားတသင့်ရေရွတ်သံ ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်နေရာတဝိုက်လုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။

လူတိုင်းက ခုံးဝူတောက်ကို ထိတ်လန့်စွာဖြင့် နောက်တစ်ကြိမ် ကြည့်လိုက်ကြသည်။

ဖရိုဖရဲ အဆီအနှစ်ဟု ဆိုသလော....

ဤသည်မှာ ဖရိုဖရဲ ခေါင်းလောင်းကို ပြုစုပျိုးထောင်ခဲ့သည်ဟု ကောလာဟလရှိသော အမြင့်မြတ်ဆုံး စွမ်းအားဖြစ်ပြီး အသန့်စင်ဆုံး ဖရိုဖရဲ စွမ်းအားမှ ဖွဲ့စည်းထားခြင်းပင်။

ဖရိုဖရဲ ခေါင်းလောင် သည် ဖရိုဖရဲ အဆီအနှစ် ကို ဆုံးရှုံးသွားသည်နှင့် ထိုအရာ၏နတ်ဘုရားဆန်မှုကို လုံးဝဆုံးရှုံးသွားပေလိမ့်မည်။

ဖရိုဖရဲ ခေါင်းလောင်းသည် သူတို့ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ အမြင့်မြတ်ဆုံး သင်္ကေတပင်။

ယခုချိန်၌ ခုံးဝူတောက်သည် သူတို့၏ ဖရိုဖရဲ ခေါင်းလောင်းကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွဲပစ်လိုက်ရုံသာမက ထိုအရာအတွင်းရှိ ဖရိုဖရဲ အဆီအနှစ်ကိုလည်း စုပ်ယူသွားခဲ့သည်။ ဤသည်က အမှန်တကယ်ကို အနိုင်ကျင့်လွန်းလှ၏။

ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ လူများစွာ၏ ဒေါသတကြီး စိုက်ကြည့်မှုများကို ရင်ဆိုင်ရသော်လည်း ခုံးဝူတောက်သည် ဂရုမစိုက်ပေ။

"အဲ့ဒီတော့ ဘာဖြစ်လဲ...ပြိုင်ပွဲကို အဆိုပြုခဲ့တာက မင်းတို့လေ... အခု ဒီနတ်ဘုရားသားတော် က နိုင်သွားပြီဆိုတော့ ဖရိုဖရဲ အဆီအနှစ် နည်းနည်းလောက် စုပ်ယူလိုက်တာက ပြဿနာ ရှိလို့လား..."

ထိုစကားကို ကြားသောအခါ ဖရိုဖရဲ မြင့်မြတ်နယ်မြေ မှ လူတိုင်းသည် ရွှံ့ရုပ်တုများကဲ့သို့ နောက်တစ်ကြိမ် ကြက်သေသေသွားကြသည်။

ခုံးဝူတောက်သည် တိုက်ရိုက်ဝန်ခံရုံသာမက ဤမျှ မောက်မာစွာ ချေပလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီးပင်လျှင် ဒေါသထွက်လွန်းသဖြင့် သူ၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။

သို့သော် တစ်ဖက်လူ၏အထောက်အထားကြောင့် ဟုန့်ယွမ်ရှေးဟောင်းမဟာဘိုးဘေးကြီးသည် ရန်ငြိုးကို အလွန်အမင်း နက်ရှိုင်းအောင် မလုပ်ချင်သေးပေ။

သူ၏စိတ်ခံစားမှုများကို တည်ငြိမ်အောင် လုပ်ပြီးနောက် ဟုန့်ယွမ်ရှေးဟောင်းမဟာဘိုးဘေးကြီးက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"စောစောက နတ်ဘုရားသားတော် ခုံးဝူတောက်ကို စော်ကားမိတာက ငါတို့ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ အမှားပါ..."

"ဒါပေမယ့် ဖရိုဖရဲ အဆီအနှစ်က ငါတို့ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ရတနာဖြစ်ပြီးတော့ ငါတို့ မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေးတွေ ချန်ရစ်ခဲ့တာပါ..."

"နတ်ဘုရားသားတော် ခုံးဝူတောက်က ငါတို့ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ ဖရိုဖရဲ ခေါင်းလောင်းကို ခွဲပစ်လိုက်တဲ့ ကိစ္စကို ငါတို့ လျစ်လျူရှုပေးနိုင်ပါတယ်..."

"ဒါပေမယ့် ဖရိုဖရဲ အဆီအနှစ်ကိုတော့ နတ်ဘုရားသားတော် ခုံးဝူတောက် ယူသွားလို့ မရပါဘူး... ကျေးဇူးပြုပြီး အဲ့ဒါကို ပြန်ပေးပါ နတ်ဘုရားသားတော်..."

ခုံးဝူတောက်၏ ရိုင်းစိုင်းသော စကားများက သူ့ကို အလွန်ဒေါသထွက်စေသော်လည်း တစ်ဖက်လူ၏အထောက်အထားကြောင့် သူ အလွန်အမင်း မစော်ကားရဲချေ။

All Chapters