← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း-(၁၉၆)

‎

စကားဆုံးတာနဲ့ ကုရှကျယ်က သူ့ရဲ့လက်ကို သူမရဲ့ပါးစပ်မှ လည်ပင်းနောက်ဘက်သို့ ရွှေ့လိုက်သည်။ ပျော့ပျောင်းသော ဆွဲအားဖြင့် သူမကိုအနားသို့ ဆွဲကာ နမ်းလိုက်တယ်။

‎

‎

‎သူ့နှုတ်ခမ်းများရဲ့ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် ရုန်မိုအာရဲ့မျက်လုံးများက ထိတ်လန့်စွာဖြင့် ပြူးကျယ်သွားသည်။

‎

‎

‎သူမရဲ့အံ့အားသင့်မှုကို အခွင့်ကောင်းယူကာ

‎ကုရှကျယ်က သူမရဲ့နှုတ်ခမ်းများကိုဖွင့်လို့ အနမ်းကို ပိုနက်ရှိုင်းစေလိုက်ကာ သူတို့ပတ်ဝန်းကျင်ရှိ အံ့အားသင့်နေသော လင်းယုန်အဖွဲ့သားများကိုတော့ လျစ်လျူရှုလိုက်သည်။

‎

‎

‎နောက်ဆုံးတော့ စစ်သားတစ်ယောက်က မနေနိုင်တော့ဘဲပြောလိုက်တယ် "လူငယ်လေး ၊ ငါတို့ဒီမှာရှိသေးတယ် မင်းသိလား"

‎

‎

‎အဲဒီစကားက ရုန်မိုအာကို အာရုံပြန်ဝင်သွားစေတယ်။ ရှက်သွားပြီး ‎ကုရှကျယ်ကို သူမ တွန်းထုတ်လိုက်တယ်။ သူမ စိတ်ဆိုးမှာကြောက်လို့ တွန်းထုတ်မှုကို လျစ်လျူမရှုတော့ဘဲ ကုရှကျယ်က သူမကိုလွှတ်ပေးလိုက်တယ်။

‎

‎

‎ပျာယာခတ်ပြီး ဘယ်သူ့ကိုမှ မျက်နှာမပြနိုင်တော့တဲ့ ရုန်မိုအာက မျက်လုံးတွေကိုမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။

‎

‎

‎ထိုအချိန်တွင် ၊ ကုရှကျယ်က သူ့နှုတ်ခမ်းများကို သပ်လိုက်ပြီး သူမအား အရသာခံတာကို နှောက်ယှက်နေတဲ့ စစ်သားထံ မပျော်ရွှင်တဲ့ အရိပ်အကဲနဲ့ ကြည့်လိုက်သည်။

‎

‎

‎ဒါကိုမြင်တော့ စစ်သားတွေက မျက်နှာလွဲသွားကြတယ်။ သူတို့က တိုင်းပြည်ကို ကာကွယ်ရန် အလုပ်များနေခဲ့ကြပြီး နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေခဲ့ကြသည်။ အခုလည်း နို့စို့ကလေးတစ်ကောင်က သူတို့ရဲ့နှာခေါင်းအောက်မှာ သူ့ရဲ့ချစ်ခင်မှုကို ပြသနေတယ်။ အဲဒါကို ဘယ်လိုလုပ်ပြီး သူတို့က သည်းခံနိုင်မှာလဲ။

‎

‎

‎မွန်းတည့်ချိန်မှာ နောက်ဆုံးတော့ နတ်ဆိုးအဖွဲ့က လမ်းမကြီးထဲသို့ ဝင်ရောက်လာခဲ့ပြီး မြို့လယ်သို့ ဦးတည်သွားခဲ့သည်။သူတို့ကိုမြင်လိုက်တဲ့အခါမှာ အသက်ရှင်ကျန်ရစ်သူတွေက မငြိမ်မသက်ဖြစ်သွားတယ်။ သို့သော် ရှန်းကျင်းဇီရဲ့ အစောပိုင်းသတိပေးချက်ကြောင့် သူတို့ကိုမေးခွန်းထုတ်ရန်ဘယ်သူမှမဝံ့ရဲပါဘူး။

‎

‎

‎မိနစ်နှစ်ဆယ်ကြာတော့ ကား ကလမ်းဘေးမှာရပ်သွားတယ်။ ကားထဲကထွက်လာတဲ့ ‎ချင်လူဇီက နောက်ဆုံးယာဉ်ဆီသို့ လျှောက်သွားသည်။

‎

‎

‎သူ့အနားကိုလာတာမြင်တော့ ကျင်းရွှီယန်းက ပြတင်းပေါက်မှန်ကို နှိမ့်ချလိုက်ပြီး "ဘာဖြစ်နေတာလဲ"လို့ မေးတယ်။

‎

‎

‎"ကပ္ပတိန် ၊ အရှေ့ကလမ်းမှာ ပိတ်ဆို့နေတယ်။ ကျွန်တော်တို့ကားတွေကို မသုံးနိုင်တော့ဘူး"

‎

‎

‎"ပတ်ဝန်းကျင်မှာ ဖုတ်ကောင်တွေရှိလား"

‎

‎

‎ချဂ်လူဇီက ခေါင်းညိတ်ပြီး ပြန်ပြောတယ် "လမ်းပေါ်မှာ ပျံ့နေတဲ့ ဖုတ်ကောင်တွေရှိတယ်ယ ဒါပေမယ့် ကားတွေက ပိတ်ဆို့နေတာကြောင့် ဖြတ်လို့မရဘူး။အဆောက်အဦးထဲမှာ ပိတ်မိနေသူတွေကလည်း မရေတွက်နိုင်အောင်ပါပဲ"

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ငါတို့ ခြေလျင်သွားမယ်"လို့ ပြောလိုက်တယ်။

‎

‎

‎"ကပ္ပတိန် ၊ အသက်ရှင်ကျန်ရစ်သူတွေကကော" ချင်လူဇီက ထပ်မေးတယ်။

‎

‎

‎ခဏလောက်စဉ်းစားပြီးမှ ကျင်းရွှီယန်းက ပြောလိုက်တယ် "ငါတို့ အဆောက်အဦးတစ်ခုကိုရှင်းလိုက်ပြီး အဲဒီမှာပဲနေခွင့်ပေးလိုက်မယ်။ နာရီအနည်းငယ်ကြာရင် တစ်စုံတစ်ယောက်က လာကြိုလိမ့်မယ်"

‎

‎

‎ ချင်လူဇီက ဒါကိုကြားတော့ ကပ္ပတိန်က တပ်စခန်းကို ဆက်သွယ်ခဲ့တယ်လို့ ယူဆပြီး ခေါင်းညိတ်လိုက်တယ်။ သူက လှည့်ထွက်သွားပြီး ကျန်တဲ့အဖွဲ့တွေကိုလည်း အကြောင်းကြားတယ်။

‎

‎

‎အမိန့်ကိုလက်ခံရရှိပြီးနောက်တော့ ရှန်းကျင်းဇီက ဘတ်စ်ကားပေါ်မှ ဆင်းလာပြီး "အားလုံး ထွက်လာကြပါ။ ငါတို့ ခြေလျင်သွားကြမယ်"လို့ ပြောလိုက်တယ်။

‎

‎

ထိုစကားကိုကြားသောအခါတွင် ‎အသက်ရှင်ကျန်ရစ်သူများရဲ့စိတ်နှလုံးထဲ၌ ကြောက်ရွံ့မှုများတိုးလာပြီး သူတို့ရဲ့မျက်နှာများကလည်း ဖြူဖျော့သွားခဲ့သည်။ သူတို့က အပြင်မထွက်ချင်ပေမယ့် ရှန်းကျင်းဇီရဲ့ စူးစူးရှရှ အကြည့်အောက်မှာ သူတို့အတွက် ရွေးချယ်စရာမရှိပါဘူး။

‎

‎

‎ဘတ်စ်ကားများနှင့် ကားများထဲမှ ထွက်လာပြီးနောက် ဖုန်းယွင်က ကားများကို သူ့နေရာလွတ်၌ သိမ်းဆည်းကာစုဆောင်း ခဲ့သည်။ ကျန်တဲ့သူများက အသက်ရှင်ကျန်ရစ်သူများကို စီစဉ်ပေးနေစဉ်တွင် ကျိူးလီဇီက လမ်းမှာပိတ်ဆို့နေသော အနီးဆုံးကားဆီသို့ လျှောက်သွားလိုက်သည်။

‎

‎

‎"ရားးးး"

‎

‎

‎သူမ ချဉ်းကပ်လာတော့ ကားအတွင်းမှပိတ်မိ‌နေတဲ့ ဖုတ်ကောင်နှစ်ကောင်က သူတို့ရဲ့လက်သည်းရှည်များကို ပြတင်းပေါက်ဆီကုပ်ချက်ကာ သူမကို ဟိန်းဟောက်သည်။

‎

‎

‎သူမက လောင်စာဆီမီတာကို မကြည့်မီတွင် အမူအရာ တစ်ချက်တောင် မပြောင်းလဲဘဲ သူတို့ကို ကြည့်လိုက်သည်။ ထို့နောက် ဆီတိုင်ကီအဖုံးကို စစ်ဆေးကြည့်‌လိုက်တော့ ၎င်းကိုဖွင့်ထားတာကို တွေ့လိုက်ရသည်။

‎

‎

‎သူမရဲ့ယခင်ဘဝကကဲ့သို့ပင် ကားဆီတိုင်ကီထဲရှိ ဆီများကို စစ်သားများက စုပ်ထုတ်ပြီးဖြစ်သည်။

‎

‎

‎ဓာတ်ဆီဆိုင်များရှိသော်လည်း၊ အနီးပတ်ဝန်းကျင်ရှိ ဖုတ်ကောင်အရေအတွက်က စစ်သားများအတွက် ကိုင်တွယ်ဖြေရှင်းရန် အလွန်မြင့်မားသည်။ ထို့ကြောင့် စွန့်ပစ်ထားသော ကားများမှသာ လောင်စာများကို စုပ်ထုတ်ကြသည်။

‎

‎

‎ထောက်ပံ့ရေးပစ္စည်းများရှာဖွေရန်နှင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် မကြာခဏထွက်ခဲ့ကြသောကြောင့် သူတို့ရဲ့လောင်စာဆီသုံးစွဲမှုက အလွန်မြင့်မားခဲ့သည်။ ဒုတိယမိုးရွာပြီးနောက်တွင် ဖုတ်ကောင်များ ပိုများလာခြင်းကို ရှောင်ရှားရန်အတွက် သူမက သူတို့ကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရန် ကူညီခဲ့ရသည်။

‎

‎

‎သူမရဲ့ယခင်ဘဝတွင်၊ လူအများအပြားမှာ ကားအလုံအလောက်ရှိသော်လည်း လောင်စာဆီမရှိခြင်းကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခြင်း မရှိခဲ့ပေ။

‎

‎

‎

‎ဒီဘဝမှာတော့ ဆီဆိုင်တစ်ဆိုင်ကိုရှင်းပြီး ဆီဖြည့်နိုင်ဖို့ ကူညီပေးမှာပါ။ ထိုနည်းနဲ့ သူမက သူမရဲ့မွေးရပ်မြေလင်အန်းမြို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်သည်။

‎

‎

‎သူမတွေးနေတုန်းမှာပဲ ကျင်းရွှီယန်းက လမ်းလျှောက်လာပြီး "အာ့ဇီ မင်းဘာတွေတွေးနေတာလဲ"လို့ မေးတယ်။

‎

‎

‎သူမအသိပြန်ဝင်လာတော့ "အစ်ကိုယန်း ယာယီ အသက်ရှင်ကျန်ရစ်သူစခန်းနဲ့ အနီးဆုံး ဓာတ်ဆီဆိုင်က ဘယ်နားမှာလဲ သိလား"လို့ မေးလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီးမှ "နယ်စပ်နားမှာ ဓာတ်ဆီဆိုင်သေးသေးလေးရှိတယ်" လို့ပြန်ဖြေလိုက်တယ်။

‎

‎

‎"အဲဒါက အခြေစိုက်စခန်းမဟုတ်ဘူး။ ကျွန်မပြောနေတာက မြိုလယ်ခေါင်အကြောင်းပဲ" ဟု ကျိူးလီဇီက ရှင်းပြသည်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက "အိုး၊ အဲဒါလား"

‎

‎

‎သူက ခဏလောက်စဉ်းစားပြီးမှ "ကိုယ်မှတ်မိတာမှန်ရင် အဝေးပြေးလမ်းမကြီးမှာတစ်ခုရှိတယ်၊ အမြန်လမ်းမှာ ကျန်တဲ့တစ်ခုရှိတယ်။ အနီးဆုံးဓာတ်ဆီဆိုင်က အဲဒီကျန်တဲ့နေရာဖြစ်သင့်တယ်"

‎

‎

‎ဒီလိုပြောပြီးနောက်မှာ သူမကိုကြည့်ပြီးမေးလိုက်တယ် "အာ့ဇီ ဘာလုပ်ဖို့စီစဉ်ထားလဲ"

‎

‎

‎"အစ်ကိုယန်း ၊ နောက်ဆုံးအကြိမ်တုန်းကဆို ဓာတ်ဆီမရှိလို့ လူတော်တော်များများကို မကယ်ထုတ်နိုင်လိုက်လို့ သေဆုံးသွားကြတယ်။ ကျွန်မထင်တယ်... သူတို့ကိုသာ ဓာတ်စာရအောင် ကူညီပေးနိုင်ရင် ဒီတစ်ကြိမ်တော့ သူတို့ အသက်ရှင်နိုင်လိမ့်မယ်"

‎

‎

‎ကျင်းရွှီယန်းက မျက်ခုံးပင့်ကာမေးတယ် "ဒါဆို အာ့ဇီက သူတို့ကို ကူညီချင်တာလား"

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြီး "သူတို့က ကျွန်မအသက်ကို ကယ်ခဲ့တာ။ ဒီတစ်ခါတော့ ပြန်ဆပ်ချင်တယ်"

‎

‎

‎သူမလုပ်ချင်တဲ့အရာတစ်ခုကို ကျင်းရွှီယန်းက ကန့်ကွက်ခြင်းမရှိပါဘူး။ သူမရဲ့နဖူးပေါ်က ဆံပင်တွေကို သပ်ပေးပြီး " စီးပွားရေး ရပ်ကွက်ကိုသွားလည်ပြီးရင် အဲဒီနေရာမှာရှိတဲ့ ဖုတ်ကောင်တွေကို ကိုယ်တို့ ရှင်းပစ်နိုင်တယ်" လို့ ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎ကျင်းရွှီယန်းက သူ့အိတ်ကပ်ထဲမှ ခေါင်းစည်းကြိုးကို ထုတ်ကာပြောလိုက်တယ် "အာ့ဇီ လှည့်လိုက်ပါ"

‎

‎

‎ကျိူးလီဇီက သူဘာလုပ်ချင်မှန်း မသိပေမယ့် သူပြောတာကို နားထောင်နေတုန်းပါပဲ။ သူမ သူ့ကို နောက်ကျောပေးပြီးရပ်လိုက်တဲ့အခါမှာ ဆံပင်တွေကို စုစည်းလိုက်တဲ့ သူ့ရဲ့လက်ချောင်းတွေက သူမရဲ့ဦးရေပြားကို ပွတ်တိုက်နေသွားတာ ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကို တုန်ယင်သွားသည်။

‎

‎

‎သူ့လက်ဖဝါးတွေ တုန်ယင်နေပေမယ့် သူ့လှုပ်ရှားမှုတွေက နူးညံ့တယ်။ ဆံပင်ကို မဆွဲမိဘဲ စည်းလို့ပြီးသွားတယ်။ နှစ်ပတ်နီးပါးကြာပြီးနောက်တွင် သူမရဲ့ဆံပင်က ခါးနားအထိ ရှည်လာသည်။

‎

‎

ကျင်းရွှီယန်းက "ပြီးပြီ" လို့ မပြောခင်မှာ သူမရဲ့ပါးကို ငုံ့နမ်းလိုက်တယ်။

‎

အခန်း-(၁၉၇)

‎

‎ကျိူးလီဇီက ရှက်သွားပြီး သူမရဲ့ပါးကို ထိကာ "ကျေးဇူးတင်ပါတယ် အစ်ကိုယန်း"လို့ တိုးဖွဖွလေးပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက လက်နှစ်ဖက်ကို ဆွဲထားပြီးပြောတယ် "နောက်ဆို မင်းအတွက် ခေါင်းစည်းကြိုးတွေ ထပ်ရှာရဦးမယ်။ မင်းရဲ့ဆံပင်က လှတယ်။ အဲဒါကို ဖြတ်ရတာက သနားစရာပဲ။ ဒါကြောင့် မင်းဆံပင်ကို ဆက်မညှပ်ပါနဲ့"

‎

‎

‎"ကောင်းပြီ" ကျိူးလီဇီက အဆင်သင့်ပဲ သဘောတူလိုက်တယ်။

‎

‎

‎ဆယ့်ငါးမိနစ်အကြာတွင် အသက်ရှင်ကျန်ရစ်သူများအား ဓါးများနှင့် ရိက္ခာပစ္စည်းများ ပေးခဲ့သည်။

‎

‎

‎ကျင်းရွှီယန်းက သူတို့ကိုကြည့်ကာ ပြောလိုက်တယ် "မင်းတို့နေဖို့ လုံခြုံတဲ့နေရာကို ငါတို့ရှာပေးမယ်။ ဒါပေမယ့် ငါတို့ ခြေကျင်တက်လျှောက်ရမယ်။ အဲဒီနေရာမှာ ဖုတ်ကောင်တွေ အများကြီးရှိနေမှာမို့ မင်းတို့ရဲ့အသံကို ထိန်းထားပါ"

‎

‎

‎"အခုဆို မင်းတို့မှာ လက်နက်၊ ဆေးဝါး၊ အစားအစာနှင့် ရေတွေရှိတယ်။ မင်းတို့ကအဖွဲ့ထဲမှာ တိတ်တိတ်ဆိတ်ဆိတ် နေနေသရွေ့ မင်းတို့သေမှာ မဟုတ်ဘူး။ ဖုတ်ကောင်တွေကို သတ်ဖို့နည်းသင်ယူချင်တဲ့သူတွေကတော့ အခုတက်လာခဲ့ပါ။ မင်းတို့ကို ငါတို့ သင်ပေးမယ်"

‎

‎

‎သူပြောပြီးတာနဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ကို စောင့်ကြည့်နေလိုက်သည်။ ခဏအကြာတွင်တော့ အမျိုးသမီးသုံးဦးသာ အရှေ့ကို တိုးလာတယ်။ တစ်ယောက်ကတော့ ကလေးငယ်လေးရဲ့အမေပါ။

‎

‎

‎ဒါကိုမြင်တော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "မင်းတို့ သုံးယောက်က ပထမအဖွဲ့ကို ဝင်လို့ရပြီ" လို့ပြောလိုက်တယ်။

‎

‎

‎“ဟုတ်ကဲ့ပါ ကပ္ပတိန်” အမျိုးသမီးတွေက တညီတညွတ်တည်းပြောသည်။

‎

‎

‎ဇနီးမောင်နှံနှစ်ဦးက သမီးဖြစ်သူရဲ့ကျောကို စိုးရိမ်သောကဖြင့် ကြည့်နေကြသော်လည်း သူမကိုမတားခဲ့ပေ။ သူမ ကိုယ်တိုင်မှတပါးတခြားသူကို ထာဝရမှီခိုအားထားလို့ မရဘူးဆိုတာ သူတို့နားလည်ပါတယ်။

‎

‎

‎အသက်ကြီးလာလို့ မတိုက်ခိုက်နိုင်တော့တာကြောင့် တာဝန်က သမီးဖြစ်သူရဲ့ ပခုံးပေါ် ရောက်သွားတယ်။ သူတို့ ဘယ်လောက်ပဲ စိတ်ပူနေပါစေ သူတို့သမီးလေး အသက်ရှင်သန်ဖို့ ရုန်းကန်နေချိန်မှာ မြေးလေးကို ပြုစုစောင့်ရှောက်ပေးခြင်းဖြင့်သာ သူမကို ကူညီပေးနိုင်တယ်။

‎

‎

‎ကျိူးလီဇီက ထိုအမျိုးသမီးများကိုမြင်တော့ ပြုံးပြီးပြောလိုက်တယ် "အစ်မတို့ ၊ နောက်ဆို ကျွန်မအနားမှာပဲနေလိုက်ပါ"

‎

‎

ထိုအမျိုးသမီး ၃ယောက်ကို သူမက ကယ်တင်ခဲ့တာကြောင့် ၃ယောက်စလုံးမှာကျေးဇူးတင်စိတ်ရှိနေပြီး သူမနောက်ကိုလိုက်ရတာကို ပိုပျော်သွားတယ်။

‎

‎

‎တိုတောင်းသော ရှင်းလင်းပွဲအပြီးတွင် သူတို့ထွက်ခွာလာကြတယ်။ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က အရှေ့မှလျှောက်သွားကြပြီး၊ ချင်လူဇီကတော့ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန်အတွက် ဖွဲ့စည်းမှုအလယ်တွင် ရပ်နေခဲ့သည်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများကို အလယ်တွင် အကာအကွယ်ပေးထားပြီး ပြင်ပအလွှာကိုတော့ အဖွဲ့သားများဖြင့် ဖွဲ့စည်းထားသည်။ ချုံခိုတိုက်ခိုက်ခံရသောအခါတွင် ကာကွယ်ရန်အတွက် ဝိန့် ညီအကိုများက အနောက်ဘက်တွင် နေရာယူထားတယ်။ သူတို့ရဲ့ သတ္တုအမျိုးအစားစွမ်းရည်ဖြင့်ဆိုရင် တိုက်ခိုက်မှုအတွက် သို့မဟုတ် ကာကွယ်ရေးအတွက်ဖြစ်စေ သူတို့ရဲ့ဖွဲ့စည်းပုံကို အလွယ်တကူ ချိန်ညှိနိုင်သည်။

‎

‎

‎

‎

‎"ဂါးးး"

‎

‎

‎ကားများအနီးကိုရောက်တော့ ဖုတ်ကောင်တွေရဲ့ဟောက်သံများ ထွက်ပေါ်လာသည်။ သူတို့ရဲ့အချိန်ကန့်သတ်ချက်ကြောင့် ယာဉ်များအတွင်း၌ပိတ်မိနေသောဖုတ်ကောင်များနှင့်လမ်းရှင်းရန်ကိုလဲအာရုံစိုက်မည်မဟုတ်ပါ။

‎

‎

‎ကျို့ဟွာကျဲက သူ့စပျစ်နွယ်ပင်များကို အသုံးပြုကာ လမ်းပိတ်ဆို့နေသောကားများကို ဖယ်ရှားဖို့ရန်အတွက် ရှေ့သို့ လျှောက်သွားခဲ့သည်။

‎

‎

‎လမ်းကြောင်းရှင်းပြီးတာနဲ့ ပိတ်နေတဲ့အရာတွေမရှိတော့တာကြောင့် ဖုတ်ကောင်တွေက အဖွဲ့ဆီကို ပြေးဝင်လာကြတော့တယ်။ ရောက်ရှိလာမည့် ဖုတ်ကောင်များကို မြင်လိုက်ရသော အမျိုးသမီးသုံးဦးရဲ့ မျက်နှာအရောင်ကဖျော့သွားကာ သူတို့ရဲ့ခန္ဓာကိုယ်များကလည်း ကြောက်ရွံ့မှုကြောင့်တုန်ယင်သွားကြသည်။

‎

‎

ကျိူးလီဇီက ‎ဒါကို သတိပြုမိတာကြောင့် "မကြောက်ပါနဲ့။ ဒီဖုတ်ကောင်တွေက ရွံစရာကောင်းပေမယ့် သူတို့က လူအိုတွေလိုပဲ လှုပ်ရှားနေကြတာ။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မင်းတိုါစောင့်ကြည့်နေသရွေ့တော့ သူတို့ရဲ့တိုက်ခိုက်မှုတွေကို ရှောင်လွှဲနိုင်တယ်"

‎

‎

‎"မင်းတို့တိုက်ခိုက်တဲ့အခါမှာ ခေါင်းကိုချိန်ပြီးတိုက်ခိုက်။ မင်းတို့မှာက ခွန်အားတွေသိပ်မရှိဘူးဆိုတော့ ရှောင်ပြီး ခေါင်းအနောက်ကိုပြေးတာက ပိုကောင်းတယ်။ ဖြစ်နိုင်ရင် မင်းတို့ရဲ့ဓားကို ခေါင်းထဲကိုထိုးချလိုက်။ ဦးခေါင်းခွံကွဲမသွားဘဲ ဦးနှောက်ကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်"

‎

‎

‎"ဂါးးး"

‎

‎

‎သူမစကားဆုံးတာနဲ့ ဖုတ်ကောင်အများအပြားလည်း ချီတက်လာကြတယ်။‎ ကျိူးလီဇီက အမျိုးသမီးတွေကို တစ်ချက်ကြည့်လိုက်ပြီး "ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်မ‌ပြမယ်" လို့ပြောလိုက်တယ်။

‎

‎

‎" ဒုန်း "

‎

‎

‎သူမက အနီးဆုံးရှိဖုတ်ကောင်ကို မြေပြင်ပေါ်သို့ကန်ချလိုက်ပြီး ဘေးကို လှမ်းကြည့်လိုက်ကာ သူမရဲ့ ဓားမြှောင်ကို တခြားဖုတ်ကောင်ရဲ့ ဦးနှောက်ထဲကို ထိုးချလိုက်သည်။

‎

‎

‎

‎ထို့နောက် သူမဓါး‌မြှောင်ကိုဆွဲထုတ်လိုက်ပြီး ဓါးကတဖြေးဖြေးနိမ့်ဆင်းသွားကာ အခြားဖုတ်ကောင်ရဲ့ခြေထောက်များကို ဖြတ်ပစ်လိုက်တယ်။ ဖုတ်ကောင်ကမြေပြင်ပေါ် လဲကျသွားတာနဲ့ မျက်လုံးကို ဓားနဲ့ထိုးချလိုက်တယ်။

‎

‎

‎သူမရဲ့ဓားမြှောင်ကို ပြန်ထုတ်ယူလိုက်စဉ်တွင် သွေးနက်များက ဖျန်းခနဲ လွင့်စင်ထွက်လာတယ်။ အမျိုးသမီးတွေကို ကြည့်လိုက်ပြီးတော့ "နောက်ထပ် ပျော့ကွက်က မျက်လုံးတွေပဲ။ မင်းရဲ့ ဓားသွားကို အပေါ်ကိုလှန်လိုက်မှ ဦးနှောက်ကို ဖောက်မိလိမ့်မယ်" လို့ ပြောလိုက်တယ်။

‎

‎

'‎အက်"

‎

‎

စကားဆုံးပြီးနောက်တွင်ပဲ သူမက အရှေ့သို့ ပြေးသွားပြန်ကာ အခြားဖုတ်ကောင်ရဲ့နဖူးကို ဓားမြှောင်နှင့် ထိုးချကာ ချက်ချင်းသတ်ပစ်လိုက်တယ်။

‎

‎

‎ဖုတ်ကောင်များကို သူမက မည်မျှတောင် အလွယ်တကူနဲ့‌ ရက်စက်စွာ သတ်ခဲ့တာကို မြင်လိုက်ရသောအခါတွင် အမျိုးသမီးများ အံ့ဩသင့်သွားကြသည်။ ရိုသေလေးစားမှုက သူမတို့ရဲ့စိတ်နှလုံးထဲ ပြည့်နှက်လာသည်။ သူမကဲ့သို့ သေးငယ်သော တစ်စုံတစ်ယောက်ကတောင် ဖုတ်ကောင်များကို သတ်နိုင်လျှင် အဘယ်ကြောင့် သူမတို့က မလုပ်နိုင်ကြမည်နည်း။

‎

‎

‎သူမရဲ့ညွှန်ကြားချက်အတိုင်းလိုက်ကာ အမျိုးသမီးများက သူမတို့ရဲ့ သတ္တိကို စုဆောင်းပြီး ဖုတ်ကောင်များကို စတင်သတ်ဖြတ်ခဲ့သည်။‎ ကျင်းရွှီယန်းက ရှေ့တန်းကို ကိုင်တွယ် နေတယကြောင့် ကျိူးလီဇီက စိတ်မပူဘဲ သူမတို့ကို အခမဲ့ သင်ပေးခဲ့သည်။

‎

‎

‎အစပိုင်းမှာတော့ အမျိုးသမီးတွေဟာ ဖုတ်ကောင်တစ်ကောင်ကိုသတ်ဖို့အတွက် အချိန်အတော်ကြာခဲ့ပြီး ချွန်ထက်တဲ့ လက်သည်းတွေကြောင့် ဒဏ်ရာရလုနီးပါးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ဖုတ်ကောင်အနည်းငယ်ကို သတ်ပြီးတဲ့နောက်မှာတော့ သူမတို့ရဲ့ သတ္တိတွေက ကြီးထွားလာပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေဟာလဲ ပိုပြတ်သားပြီးရင်း ပြတ်သားလာခဲ့ပါတယ်။

‎

‎

‎သူတို့ရဲ့ တိုးတက်မှုကိုမြင်တော့ ကျိူးလီဇီက "အမြုတေတွေရှိမရှိ ဦးနှောက်ကို စစ်ဆေးဖို့ မမေ့နဲ့" လို့ သတိပေးခဲ့ပါတယ်။

‎

‎

‎“ဟုတ်ကဲ့” ဟု တညီတညွတ်တည်း ပြန်ဖြေကြသည်။

‎

‎

‎သူဌေးလင်းက အစားအစာများကို ရောင်းဝယ်ဖောက်ကားရန်အတွက် အမြုတေများကို မည်သို့အသုံးပြုသည်ကို မြင်ပြီးနောက်တွင် သူတို့ရဲ့တန်ဖိုးကို နားလည်လာသည်။ သူမရဲ့သတိပေးချက်မရှိသည့်တိုင်အောင် သူမတို့က ပုပ်နေသောခေါင်းများကိုဖွင့်ကာ ရှာဖွေနေကြပြီးဖြစ်သည်။

‎

‎

‎လမ်းပေါ်မှာ ဖုတ်ကောင်တွေ များပြားမှုကြောင့် သူတို့ စီးပွားရေး ရပ်ကွက်သို့ ရောက်လာရန် သုံးနာရီ ကြာခဲ့သည်။

‎

‎

‎ချင်လူဇီက သူ့စိတ်ထဲကမြေပုံကို စစ်ကြည့်ပြီး "ကပ္ပတိန်၊ အရှေ့မှာ ဖုတ်ကောင်တွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့က ညဘက်နေဖို့အတွက် နေရာရှာပြီး မနက်ဖြန်မှ ဆက်သွားသင့်တယ်" လို့ပြောလာတယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး "ငါတို့ အနားယူနိုင်တဲ့ အဆောက်အဦးကို ရှာပါ"လို့ အမိန့်ပေးလိုက်တယ်။

‎

‎

‎ခဏအကြာတွင် ချင်လူဇီက "ကပ္ပတိန်၊ မီတာနှစ်ဆယ်လောက်အကွာမှာဖုတ်ကောင်နည်းနည်းပဲရှိတဲ့ အဆောက်အဦးတစ်ခုရှိတယ်" လို့ပြောပါတယ်။

‎

‎

‎ကျင်းရွှီယန်းက အဖွဲ့ဝင်များဘက်သို့ လှည့်ကာ "အားလုံးပဲ၊ ငါတို့ အဲဒီအဆောက်အအုံကို သွားကြည့်ကြမယ်"လို့ အမိန့်ပေးလိုက်တယ်။

‎

‎

‎“နားလည်ပါပြီ” ဟု အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ပြောသည်။

‎

‎

‎ဒီလိုနဲ့ပဲ အသင်းက အရှေ့ကို ဖြည်းညှင်းစွာ ဆက်သွားခဲ့တယ်။ နောက်ဆုံးတော့ အဆောက်အဦးကိုတွေ့လိုက်သောအခါမှ ကျိူးလီဇီက ပြုံးလိုက်သည်။ အထဲမှာ ဖုတ်ကောင်တွေ နည်းတာက အံ့သြစရာမရှိပါဘူး။

‎

‎

‎မိသားစုစားသောက်ဆိုင်ဖြစ်နေပြီး ကမ္ဘာပျက်ကပ်စတင်သောအခါတွင် စီးပွားရေးအတွက် ဆိုင်ကမဖွင့်ရသေးပေ။ အထဲမှာရှိတဲ့ ဖုတ်ကောင်တွေက စားသောက်ဆိုင်ရဲ့ ဝန်ထမ်းတွေပဲ ဖြစ်ရမယ်။

‎

‎

‎အားလုံးက အဆောက်အဦးအပြင်ဘက်တွင် ရပ်နေကြစဉ်တွင် ဝိန့်မိုက သော့ကိုဖွင့်ရန်အတွက် ရှေ့ကို တိုးလာခဲ့တယ်။ ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ ဖုတ်ကောင်သုံးကောင်က သူ့ကို လှမ်းကြည့်တယ်။

‎

‎

"‎ပေါ့ပ် ပေါ့ပ် ပေါ့ပ်"

‎

‎

‎သူ့ဆီမရောက်လာခင်မှာပဲ သတ္တုကျည်ဆံပေါင်းများစွာက ဖုတ်ကောင်တွေရဲ့ နဖူးဆီကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။

‎

‎

‎ ဝိန့်မိုကလှည့်လိုက်ပြီးတော့ ယူဖူယွင်ကိုကြည့်ကာပြောလိုက်တယ်"ကလေး ၊ အဲလို တိကျမှန်ကန်တဲ့ တုံ့ပြန်မှုတွေနဲ့ဆိုရင် မင်းက ကောင်းမွန်တဲ့ စနိုက်ပါသမားဖြစ်လိမ့်မယ်"

‎

‎

ဒီလို‎ချီးမွမ်းခြင်းကို ယူဖူယွင်က ပြုံးပြရင်းသာ ပြောလိုက်တယ် "အစ်ကိုဝိန့်၊ မင်းကို ကျေးဇူးတင်ပါတယ်။ ဒီသေနတ်က အရမ်းအံ့သြစရာကောင်းတယ်"

‎

‎

‎

‎

‎

အခန်း-(၁၉၈)

‎

‎

‎

‎

‎"ဒုတိယထပ်မှာ ဖုတ်ကောင်ငါးကောင်နဲ့ အနောက်ဖက်မှာ တစ်ကောင်ရှိတယ်" လို့ သူ့စိတ်ထဲမြေပုံကို စစ်ကြည့်ရင်း ချင်လူဇီ ပြောလိုက်တယ်။

‎

‎

‎သူ့ဆီကအချက်အလက်ကို သိပြီးတဲ့နောက်တော့ နတ်ဆိုး အဖွဲ့က ဝင်ရောက်ကာ ကျန်ရှိသောဖုတ်ကောင်များကို လျင်မြန်စွာ ရှင်းလင်းလိုက်သည်။ ထို့နောက်တော့ အသက်ရှင်ကျန်ရစ်သူများကို ဝင်ခွင့်မပြုမီတွင် အရင်ဆုံး ရှန်းကျင်းဇီက အလောင်းများကို မီးရှို့ခဲ့သည်။

‎

‎

‎စားသောက်ဆိုင်က မိသားစုစားသောက်ဆိုင်ဖြစ်သောကြောင့် ထမင်းစားခန်းဟာ ကျယ်ဝန်းသော်လည်း စားပွဲနှင့်ကုလားထိုင်များဖြင့် ပြည့်နေသည်။

‎

‎

‎ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူတွေကို ကြည့်ပြီး "လူတိုင်းက စားပွဲနဲ့ ကုလားထိုင်တွေကို ထောင့်စွန်းကို ရွှေ့ဖို့လုပ်ကြ။ ဒဏ်ရာရပြီး အားနည်းတဲ့သူတွေက ဒါတွေကို ကုတင်အဖြစ် သုံးနိုင်တယ်။ သန်မာတဲ့သူတွေကတော့ မြေကြီးပေါ်မှာပဲ အိပ်ကြ"

‎

‎

‎အသက်ရှင်ကျန်ရစ်သူများဟာ ပင်ပန်းနွမ်းနယ်နေကြသော်လည်း၊ အမိန့်ကို လိုက်နာကြပြီး အလုပ်လုပ်ကြသည်။ သူတို့အားလုံးက အနားယူဖို့နေရာရှာရင်း အလုပ်ရှုပ်နေကြချိန်မှာ ဖုန်းယွင် နှင့် ရှောင်ချီတို့ဟာ ရိက္ခာတွေကို စစ်ဆေးဖို့ မီးဖိုချောင်နဲ့ စားဖိုဆောင်ဆီကို သွားခဲ့ကြပါတယ်။

‎

‎

‎ဒီစားသောက်ဆိုင်ဟာ ကမ္ဘာပျက်ခေတ်မတိုင်မီက လူကြိုက်များသည်ဟု ယူဆနိုင်သောကြောင့် မီးဖိုချောင်တွင် သိုလှောင်ထားသည့် ရိက္ခာပမာဏဟာရက်သတ္တပတ်များစွာကြာအောင်အထိ ၎င်းတို့အတွက် လုံလောက်ပါသည်။

‎

‎

‎ ဖုန်းယွင်က အခန်းထဲမှာရှိသမျှအရာအားလုံးကို စုဆောင်းနေတာကိုမြင်တော့ ရှောင်ချီက" အစ်ကိုဖုန်းယွင် တခြားသူတွေအတွက် ချန်ထားခဲ့မှာ မဟုတ်ဘူးလား"လို့ မေးတယ်။

‎

‎

‎ဖုန်းယွင်က သူ့ကို တစ်ချက်လှည့်ကြည့်ဖို့တောင် စိတ်မ၀င်စားဘဲ သူ့ရဲ့နေရာလွတ်မှာ ရိက္ခာတွေကိုသိမ်းဆည်းနေရင်းနဲ့ပြန်ဖြေတယ် "ရှောင်ချီ မင်းက ကြင်နာပြီးစေတနာကောင်းလွန်းတယ်"

‎

‎

‎ရုတ်တရက် ချီးကျူးခံရတော့ ရှောင်ချီက သူ့ခေါင်းကို ကုတ်လိုက်ပြီးပြောသည် "အစ်ကိုဖုန်းယွင် မင်းကကျွန်တော့်ကို အရမ်းချီးကျူးနေတာပဲ။ ကျွန်တော်က သိပ်မကောင်းပါဘူး"

‎

‎

‎သူဒီလိုပြောပြီးတဲ့နောက်မှာပဲ ချင်လူဇီက ခေါင်းခါပြီးပြောတယ် "ရှောင်ချီ မင်းက အရိုက်ခံရတာကို ဂုဏ်ယူနေသေးတာလား"

‎

‎

‎ဒါကိုကြားတော့ ရှောင်ချီက စိတ်ရှုပ်သွားတယ်။ သူက သူ့အသင်းဖော်ကိုကြည့်လိုက်တော့ ရယ်မောနေတာကို တွေ့ရတယ်။ သူက ဖုန်းယွင်ကိုကြည့်ပြီးမေးလိုက်တယ် "အစ်ကိုဖုန်းယွင် မင်းက ကျွန်တော့်ကို ကြိမ်းမောင်းနေတာလား"

‎

‎

‎

‎"ငါ မင်းကို ချီးကျူးတာပါ" ဖုန်းယွင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

‎

‎

‎သူ့ရဲ့မိုက်မဲတဲ့အမူအရာကိုကြည့်ရင်း လီစီခိုင်က သက်ပြင်းချကာ"ရှောင်ချီ ငါတို့က ဒီပစ္စည်းတွေကို ချန်ထားခဲ့ပြီးထား ရိက္ခာတွေရှာဖို့အတွက် ဒီကိုရောက်လာတဲ့လူက ဘယ်လောက်များမှာလဲ" လို့ မေးလိုက်တယ်။

‎

‎ရှောင်ချီက ခေါင်းကိုထပ်ကုတ်ပြီးပြန်ဖြေတယ် "မသိဘူး"

‎

‎

‎လိီစီခိုင်က ပြုံးပြီးပြောတယ် "ဒီနေရာက စက်ရုံခရိုင်နဲ့ နီးတယ်။ ဦးနှောက်ရှိတဲ့ အလုပ်သမားအရေအတွက်က အနည်းဆုံး သိန်းနဲ့ချီရှိတယ်ဆိုတာ သိလိမ့်မယ်။ ယုတ္တိကျကျပြောရရင် ဒီဒေသက ဖုတ်ကောင်အရေအတွက်က များတယ်"

‎

‎

‎“ဒီဒေသက တစ်ခြားနေရာတွေထက် အန္တရာယ်ပိုများတဲ့အတွက် စက်ရုံအနီးနားပတ်ဝန်းကျင်ကနေရာတွေလည်း အန္တရာယ်မြင့်မားတဲ့ ဧရိယာထဲမှာ ပါတယ်။

‎

‎

‎"ဝေးနေရုံတင်မကဘူး၊ အန္တရာယ်လည်း များတယ်။ စစ်တပ်ကတောင်မှ ရိက္ခာစုဆောင်းဖို့အတွက် ဒီနေရာကိုအဖွဲ့တွေ အလွယ်တကူ စေလွှတ်မှာမဟုတ်ဘူး။ အပူချိန်မြင့်လာရင် ရိက္ခာတွေက ပိုပျက်စီးလာမယ်။ ဒါကြောင့် ရိက္ခာတွေကိုချန်ထားရင် အမှိုက်ဖြစ်သွားလိမ့်မယ်"

‎

‎

‎သူစကားဆုံးတော့ ဖုန်းယွင်ကဆက်ပြောတယ် "ပစ္စည်းတွေကို ပုပ်ပွစေတာထက် ငါတို့က ဖယ်ပေးလိုက်ရင် ပိုမကောင်းဘူးလား၊ လင်းယုန်အဖွဲ့လို ရိက္ခာလိုနေတဲ့ ငါတို့ရဲဘော်တွေနဲ့ တွေ့တာမျိုးလည်း ဖြစ်နိုင်တာပဲ။ အဲဒီအခါကြရင် ရိက္ခာတွေ ပေးလိုက်လို့ရတယ်လေ။ အဲဒါက သူတို့ကိုကယ်တင်နိုင်ပြီး ရိက္ခာဖြုန်းတီးမယ့် အန္တရာယ်ကိုလည်း ရှောင်နိုင်သွားလိမ့်မယ်"

‎

‎

သူတို့ပြောတဲ့စကားတွေကို ‎ရှောင်ချီကခေါင်းညိတ်ပြပြီး သူတို့နဲ့ သဘောတူခဲ့ပေမယ့် သူတို့ပြောခဲ့တဲ့စကားတွေရဲ့ ဘယ်အပိုင်းကိုမှ သူနားမလည်သေးပါဘူး။ ဒါပေမယ့် သူထပ်မမေးခင်မှာပဲ လူတိုင်းက သူတို့လုပ်စရာရှိတာတွေလုပ်ဖို့ ထွက်သွားကြတယ်။

‎

‎

‎မထွက်သွားခင်မှာ ချင်လူဇီက ညွှန်ကြားခဲ့သေးတယ် "ရှောင်ချီ ၊ ချန်ဖုန်း နှင့် ယွီရှန်းက အသုံးအဆောင်တွေနဲ့ အိုးတွေကို ဆေးကြောနေတာကို သွားကူပေးလိုက်။ ညစာချက်ပြုတ်ဖို့အတွက် အဲဒါတွေကို သုံးရမယ်"

‎

‎

‎"ကောင်းပြီ"

‎

‎

‎ ရှောင်ချီက ယခင်ကစကားစမြည်ကို မစဉ်းစားတော့ဘဲ အမိန့်အတိုင်း သူ့တာဝန်ကိုသာ ထမ်းဆောင်ခဲ့သည်။

‎

‎

‎

‎တစ်ချိန်တည်းမှာပင် ကျိူးလီဇီက အခြေအနေကို စစ်ဆေးရန် ဒုတိယထပ်သို့ သွားခဲ့သည်။ ဒုတိယထပ်ကို ရုံးခန်းနှင့် ဂိုဒေါင်ငယ်အဖြစ် အသုံးပြုခဲ့သည်။ ဂိုဒေါင်ငယ်တွင် သိမ်းဆည်းထားသည့် ပစ္စည်းများမှာ ဆန်၊ ဂျုံမှုန့်နှင့် အခြောက်လှန်းပစ္စည်းများဖြစ်သည်။

‎

‎

‎သူမက အရာအားလုံးကိုယူကာ ဆေးဝါးများ၊ စောင်များနှင့် အိပ်ရာပေါင်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

‎

‎

‎ကလေးအကြောင်းကိုစဉ်းစားမိတော့ ကလေးနို့မှုန့်၊ အပူခံဗူး၊ အနှီးနှစ်ထုပ်၊ ကလေးအဝတ်အစားအချို့နှင့် အနှီးအိတ်တစ်လုံးတို့ကို သူမရဲ့နေရာလွတ်မှ ထုတ်ယူလိုက်သည်။ ဤအရာများကို လင်အန်းတက္ကသိုလ်အနီးရှိ စူပါမားကတ်မှ သူမယူဆောင်လာခဲ့ခြင်းဖြစ်သည်။

‎

‎

‎သံသယမဖြစ်စေရန်အတွက် ကလေးနို့မှုန့်နှင့် အနှီးထုတ်များကို ဖွင့်လိုက်သည်။ အပူခံဗူး၊ အနှီးအိတ် နှင့် ကလေးအဝတ်အစားတွေရဲ့ တံဆိပ်များကို ဖြတ်တောက်လိုက်သည်။ အဝတ်လျှော်စက်ကို အသုံးပြု၍ ကလေးအဝတ်အစားများကို လျှော်ဖွပ်ကာ အခြောက်ခံခဲ့သည်။ နောက်တော့ သူမက အရာအားလုံးကို အနှီးအိတ်ထဲသို့ ထည့်လိုက်သည်။

‎

‎

သုမ ‎ဒုတိယထပ်မှ ဆင်းလာသောအခါတွင် အားနည်းသော ကလေးငယ်ရဲ့ ငိုသံကို ကြားလိုက်ရပြီး အားလုံးရဲ့ စိတ်အနှောင့်အယှက်ဖြစ်ရသည့် အမူအရာများကို သတိပြုမိလိုက်သည်။

‎

‎

‎ဇနီးမောင်နှံနှင့် အမျိုးသမီးတို့က ကလေးကို စိတ်တည်ငြိမ်အောင် ကြိုးစားနေချိန်တွင် လူတိုင်းက သူတို့ကို စိုက်ကြည့်နေကြသည်။ အနီးနားပတ်ဝန်းကျင်တွေမှာက ဖုတ်ကောင်တွေကပြည့်နေတယ်။ ကလေးရဲ့ငိုသံကြောင့် ဆွဲဆောင်မိသွားရင် လူတိုင်းက သူတို့နဲ့အတူသေရမှာမဟုတ်ဘူးလား။

‎

‎

‎အဘွားအိုက ကလေးငယ်ကို ပွေ့ဖက်ထားပြီး အမျိုးသမီးကတော့ သူ့ကိုရေအနည်းငယ်တိုက်ကျွေးရင်း "ပေါင်ပေါင်၊ ကျေးဇူးပြုပြီး မငိုပါနဲ့"လို့ ချော့နေတယ်။

‎

‎

‎သားဖြစ်သူ ဗိုက်ဆာနေမှန်းကို သူမသိသော်လည်း အာဟာရချို့တဲ့မှုကြောင့် မိခင်နို့ကိုမတိုက်နိုင်တော့ပါဘူး။ နို့အနည်းငယ်တိုက်နိုင်သေးသည့်တိုင်အောင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများအပြီးတွင် သားဖြစ်သူကို နို့မတိုက်ကျွေးဝံ့တော့ပေ။

‎

‎

‎"ရွှယ်လီ အခု ငါတို့ ဘာလုပ်သင့်လဲ" အဘွားကြီးက စိုးရိမ်တကြီးမေးတယ်။

‎

‎

‎ ရှန်ရွှယ်လီ တွေးမရဖြစ်နေသောအခါတွင် အနက်ရောင်ဖိနပ်တစ်ရံကို သူမအရှေ့တွင်တွေ့လိုက်ရသည်။ ခေါင်းကို မော့ကြည့်လိုက်တော့ ကျိူးလီဇီက အနှီးအိတ်ကို ကိုင်ထားတာ တွေ့လိုက်ရတယ်။

‎

‎

‎"အစ်မ ၊ ဒုတိယထပ်မှာ အဲဒါတွေကိုတွေ့ခဲ့တယ်။ အထဲက ပစ္စည်းတွေကို စစ်ကြည့်တော့ နို့မှုန့် နှင့် အနှီးတွေရှိနေတယ်။ ဒါက မင်းရဲ့သားအတွက်ပဲ" လို့ သူမက ပြောလိုက်တယ်။

‎

‎

ရှန်ရွှယ်လီက သူမကို ခဏလောက်ကြည့်နေပြီးမှ အိတ်ကို လက်ခံလိုက်တယ်။ သူမက ဦးညွှတ်ပြီး "ကျေးဇူးတင်ပါတယ်" ဟုပြောသည်။

‎

‎

‎ကျိူးလီဇီက ကလေးလေးတွေကိုမတွေ့ရတာ နှစ်အတော်ကြာခဲ့ပြီမို့ သူမ စပ်စုကြည့်လိုက်တော့ ကလေးလေးက ချစ်စရာလေးလို့ ခံစားလိုက်ရတယ်။ သူတို့ဘေးမှာထိုင်ပြီး “အစ်မ ကလေးကို ချီကြည့်လို့ရမလား” လို့ မေးလိုက်တယ်။

‎

‎

‎ဒီစကားကြားတော့ ဇနီးမောင်နှံနှစ်ယောက်က ပြုံးစိစိနဲ့ဖြစ်သွားတယ်။ သူမက ဖုတ်ကောင်တွေကိုသတ်နိုင်တာ လူတိုင်းမြင်ဖူးတယ်။ သူတို့ရဲ့မြေးကိုသာ သူမ သဘောကျနေသရွေ့တော့ သူ့ကိုကာကွယ်ပေးဖို့ ဆန္ဒရှိနေမှာပါပဲ။

All Chapters