← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

‎အခန်း-(၁၉၉)

‎

‎

‎

‎

‎သမီးဖြစ်သူ မကန့်ကွက်ခင်မှာပဲ အမေရှန်က သူ့မြေးကို ကျိူးလီဇီထံ အမြန်လွှဲပေးခဲ့တယ် "ရပါတယ်"

‎

‎

‎ကလေးလေးကို သူမရဲ့လက်မောင်းထဲမှာ ထားလိုက်တာကြောင့် ကျိူးလီဇီရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမ မလှုပ်ရှားဝံ့တော့ပါဘူး။ ကလေးလေးကို ပွေ့ဖက်ထားလိုက်ချိန်မှာ ကလေးက ရုတ်တရက်ကြီး ငိုတာ ရပ်သွားတယ်။

‎

‎

‎ကလေးနှင့် သူမဟာ ခဏတာမျှ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။‎အကြည့်ချင်းဆုံပြီးတဲ့နောက်မှာတော့ ကလေးက ရုတ်တရပ်ကြီး သူမရဲ့ရင်ဘတ်နားသို့ ကပ်လာကာ စကားမပီမသ ပြောလာသည်။

‎

‎ဒါကိုမြင်တော့ အမေရှန်ရဲ့ အပြုံးကပိုကြီးလာပြီး "သူက မင်းကို အရမ်းကြိုက်ပုံရတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ ဒါကအမှန်တရားလား ဒါမှမဟုတ် သူမကို ပျော်ရွှင်စေဖို့အတွက်သာ ပြောခဲ့တာလားဆိုတာကို ကျိူးလီဇီ မသိပါဘူး။ သူမ ထိုလူသားလေးကို ကြည့်ကာ ပြုံးနေလိုက်တယ်။

‎

‎

‎ကလေးကို ငေးကြည့်ရင်းပြောလိုက်တယ် "အစ်မ မင်းရဲ့သားအတွက် နို့ဖျော်ပေးရမယ်မဟုတ်ဘူးလား။ကျွန်မ ရေနွေးပေးလို့ ရတယ်"

‎

‎

‎ဒါကိုကြားတော့ ရှန်ရွှယ်လီက ခေါင်းညိတ်ပြီး "အစ်မ ၊ မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမိတာ တောင်းပန်ပါတယ်"လို့ ပြောတယ်။

‎

‎

‎"ဒါက လုံးဝ အနှောင့်အယှက်မဖြစ်ပါဘူး" လို့ ကျိူးလီဇီက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေတယ်။

‎

‎

‎ကလေးကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားရင်း အပူခံဗူးထဲကို ရေပူဖြည့်ပေးလိုက်တယ်။ နို့အဆင်သင့်ဖြစ်သောအခါတွင်မှ ရှန်ရွှယ်လီက ကလေးကို မည်သို့ကျွေးရမည်အား သင်ပေးသည်။

‎

‎

‎သူတို့မသိလိုက်တာကတော့ ကျိူးလီဇီရဲ့ ချွေးပေါက်များမှ စွမ်းအင်များစိမ့်ထွက်လာပြီး သူမဆုပ်ကိုင်ထားတဲ့ ကလေးရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ်သေးသေးလေးဟာ နာကျင်မှုကို မခံစားရတော့တာကိုပဲ။

‎

‎

‎ကလေးကို နို့နည်းနည်းတိုက်ကျွေးပြီးနောက်တော့ ကျိူးလီဇီက ရှန်ရွှယ်လီ နှင့် သူမရဲ့မိဘများကိုကူညီပေးရန်အတွက် သူမမီးဖိုချောင်သို့ မသွားမီတွင် သူတို့ရဲ့ရေသန့်ဗူးများကို ရေဖြည့်ပေးခဲ့သည်။

‎

‎

‎ထိုအချိန်တွင် ဒုတိယထပ်၌ ကျင်းရွှီယန်း၊ ကျန်းယွမ် နှင့် ချင်လူဇီတို့က မြေပုံကို အမှတ်အသားပြုကြပြီး မနက်ဖြန်အတွက် အစီအစဉ်များ ရေးဆွဲနေကြသည်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ ဝင်ပေါက်ကိုစောင့်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို စီမံခန့်ခွဲတယ်။

‎

‎

‎တစ်ချိန်တည်းက သူတို့နှင့် တစ်ကီလိုမီတာအကွာ ဧရိယာရှိ စစ်သားတစ်စုသည် ဖုတ်ကောင်များကိုတိုက်ခိုက်လျက်ရှိသည်။

‎

‎

"‎ဒိုင်း ဒိုင်း ဒိုင်း"

‎

‎

‎" ဘုန်း ဘုန်း"

‎

‎သေနတ်သံများနှင့် ဖုတ်ကောင်တွေ မော်တော်ကားများအား ဝင်တိုက်မိသော အသံများက ဧရိယာအတွင်းတွင် ပဲ့တင်ထပ် နေသည်။

‎

‎

‎"ဗိုလ်ကြီး ကျွန်တော်တို့ဆီကို နောက်ထပ် ဖုတ်ကောင်တွေ ထပ်ဝင်လာနေတယ်"

‎

‎

‎အစီရင်ခံသံကိုကြားတော့ အသက်နှစ်ဆယ်ကျော် အမျိုးသားတစ်ဦးက မြေပုံကိုကြည့်ကာ "လမ်းအတိုင်းဆက်သွားရအောင်။ တံတားကိုဖြတ်ပြီးရင်တော့ ဖုတ်ကောင်တွေကို ဖယ်ရှားနိုင်မှာပါ" လို့ပြောလိုက်တယ်။

‎

‎

‎တပ်မတော်ယာဉ်ကို မောင်းနှင်လာသည့် စစ်သားက ခေါင်းညိတ်ကာ အရှိန်မြှင့်လိုက်တယ်။

‎

‎

‎ကားမောင်းနေရင်းနဲ့ တစ်ဖက်မှာလည်း စွန့်ပစ်ထားသော ကားများနှင့် လမ်းပေါ်ကချိုင့်ခွက်များကိုလည်း ရှောင်ခဲ့ရသည်။ ဖုတ်ကောင်များကို ဖယ်ရှားနိုင်ရန်အတွက် မိနစ်သုံးဆယ်နီးပါး သူတို့အချိန်ယူခဲ့ရသည်။ ထိုအဖြစ်ဆိုးမှ လွတ်မြောက်ပြီးနောက်တော့ စစ်သားများသည် သက်ပြင်းတစ်ချက်ချလိုက်ကြတယ်။

‎

‎

‎“မင်းတို့ရဲ့ကျည်ဆန်တွေကို စစ်ဆေးပြီးအနားယူ” လို့ ခေါင်းဆောင်ဖြစ်သူက ပတ်ဝန်းကျင်ကို စစ်ဆေးစဉ်မှာပဲ ပြောလိုက်တယ်။

‎

‎

‎ကောင်းကင်ကြီးက မှောင်မည်းနေပြီး လနီက အပေါ်မှာနေရာယူခားတယ်။ ဖုတ်ကောင်များက ပိုမိုအားကောင်းလာပြီဖြစ်တာကြောင့် ခရီးဆက်ရန်ဆုံးဖြတ်တာက ထက်မြက်သော ဆုံးဖြတ်ချက်မဟုတ်ပေ။

‎

‎

‎ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အဆောက်အဦးတစ်ခုကနေ အလင်းရောင်တွေထွက်နေတာကို တွေ့လိုက်ရတယ်။ မိသားစုစားသောက်ဆိုင်ကို လက်ညှိုးထိုးပြပြီး "အဲဒီအဆောက်အဦးကို သွားပါ" လို့ ပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎သူတို့ရဲ့ခေါင်းဆောင်က ဦးဆောင်ကာသွားပြီး ကျန်တဲ့အဖွဲ့သား‌တွေက အနီးကကပ်လိုက်သွားတယ်။ သူတို့ အဆောက်အဦးကို မရောက်လာခင်မှာ‎ ချင်လူဇီက ကျင်းရွှီယန်းကို သူတို့ရောက်လာတာနဲ့ ပတ်သက်ပြီး အကြောင်းကြားပြီးသားပါ။

‎

‎

‎"ကပ္ပတိန်၊ လူတစ်စု လာနေတယ်။ စုစုပေါင်း လူ ၃၂ ယောက် ရှိတယ်။ အဲဒီထဲက ၇ ယောက်က စွမ်းရည်အသုံးပြသူတွေဖြစ်ပြီး ကျန်လူတွေက သာမန်လူတွေပါ။ သူတို့ ၃ မိနစ်အတွင်း ရောက်လာလိမ့်မယ်"

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "နောက်ထပ် အစားအသောက်တွေ ပြင်ထား။ သူတို့က ဒီည ငါတို့နဲ့ အတူနေလိမ့်မယ်"

‎

‎

‎"ကပ္ပတိန် ၊ သူတို့ကဘယ်သူလဲဆိုတာ ကျွန်တော်တို့မသိဘူး။ သူတို့ကို တခြားတစ်နေရာ လွှတ်လိုက်တာက ပိုမကောင်းဘူးလား" ရှန်းကျင်းဇီက မေးသည်။

‎

‎

‎"သူတို့က လူဆိုးတွေမဟုတ်ဘူး။ မနက်ဖြန်ကြရင် ရိက္ခာတွေယူဖို့ ငါတို့နဲ့ပူးပေါင်းလိမ့်မယ်"

‎ကျင်းရွှီယန်းက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေတယ်။

‎

‎

‎

‎သူစကားဆုံးတဲ့အချိန်မှာ အပြင်ဘက်က ကားအင်ဂျင်သံကိုကြားလိုက်ရသည်။ အဆောက်အအုံကို မျက်နှာမူထားသည့် မီးရောင်များကြောင့် စားသောက်ဆိုင်အတွင်းမှ အသက်ရှင်ကျန်ရစ်သူများသည် သူတို့ရဲ့လက်ဖဝါးဖြင့် အလင်းရောင်ကို ပိတ်ဆို့ကာ မျက်လုံးသာမှိတ်ထားနိုင်တယ်။

‎

‎

‎အပြင်ဘက်မှသူတွေကလည်း အထဲက လူအုပ်စုကို မြင်နိုင်တယ်။

‎

‎

‎"ဗိုလ်ကြီး၊ အထဲမှာ လူတွေ အများကြီးရှိတယ်။ ဒီမှာ လာပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူ အများအပြားကို တွေ့ဖို့ ကျွန်တော်ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး" ဟု စစ်သားတစ်ဦးက ပြောသည်။

‎

‎

‎"အထဲဝင်ရအောင်"

‎

‎

‎စစ်ကားများပေါ်မှ ဆင်းလာပြီးတဲ့နောက်မှာပဲ စားသောက်ဆိုင်ရဲ့တံခါးက ပွင့်သွားတာကိုသတိပြုမိလိုက်ကြပြီး အဝင်ဝလူတစ်ယောက်က မတ်တပ်ရပ်ကာ သူတို့ကို ပြုံးပြနေသည်။

‎

‎

‎ရင်းနှီးသောမျက်နှာကိုကြည့်ရင်း ကျင်းရွှီယန်းက နှုတ်ဆက်လိုက်တယ်"ဗိုလ်ကြီးရွှီ မတွေ့တာကြာပြီ"

‎

‎

‎ရွှီချွန်း သူ့ကိုမြင်သောအခါတွင် ထိတ်လန့်သွားတယ်။ သူက လမ်းလျှောက်လာပြီး‎ "ကျင်းရွှီယန်း"

‎

‎

‎သူ့ရဲ့အံ့သြမှုကို သတိပြုမိတော့ ကျင်းရွှီယန်းက ရယ်မောလိုက်ပြီးပြောတယ် "တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ နှစ်အနည်းငယ်ပဲကြာသေးတာ မင်းကငါ့ကို မေ့နေပြီလား"

‎

‎

‎"ဖုတ်ကောင်အလုံးအရင်းမှာ မင်းသေသွားတာမဟုတ်ဘူးလား" ရွှီချွန်းက မေးသည်။

‎

‎

‎ကျင်းရွှီယန်းက မျက်ခုံးပင့်ကာမေးသည် "အဲဒီလို အမိုက်စားသတင်းကို မင်းဘယ်ကကြားတာလဲ ၊ ငါနဲ့ ငါအဖွဲ့ အရမ်းကောင်းပါတယ်"

‎

‎

‎နောက်ထပ်မေးခွန်းတွေမမေးလာခင်မှာပဲ သူကဦးအောင်ပြောလိုက်တယ် "အထဲကိုဝင်ပြီး စကားပြောရအောင် ဒီအချိန်မှာ အပြင်မှာနေဖို့က အန္တရာယ်ရှိတယ်"

‎

‎

‎ဒါကိုကြားတော့ ရွှီချွန်းလည်းအသိစိတ်တွေ ပြန်ဝင်ပြီလား အဆောက်အဦးထဲကို လိုက်သွားခဲ့တယ်။ သူတို့ဗိုလ်ကြီးက တခြားအဖွဲ့ကို သိတဲ့အတွက် စစ်သားတွေကလဘ်း သတိကို လျှော့ချလိုက်ပြီး အနောက်ကလိုက်သွားတယ်။

‎

‎

‎သူတို့အထဲကိုရောက်တာနဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်က မနည်းဘူးဆိုတာကို သိလိုက်ရတယ်။ ဒါကိုမြင်တော့ နတ်ဆိုးအဖွဲ့ရဲ့အခြေအနေက သူတို့ကြားခဲ့ရတဲ့ သတင်းတွေလောက် မဆိုးဘူးလို့ သူတို့ ထင်လိုက်ကြတယ်။

‎

‎

‎သို့သော်နတ်ဆိုးအဖွဲ့သားများ စုစုပေါင်းမှာမျက်နှာအသစ်များအပါအဝင် လူ၁၇ဦးသာရှိတာကိုတွေ့လိုက်သောအခါတွင် သူတို့မှားမှန်းသိလိုက်ကြသည်။

‎

‎

‎ကျင်းရွှီယန်းက သူတို့အဖွဲ့သားတွေကို သူ့သူငယ်ချင်းနဲ့ မမိတ်ဆက်ပေးခင် ဒုတိယထပ်ကို အရင်ခေါ်သွားတယ်။ အတိုချုံးမိတ်ဆက်ပြီးတဲ့နောက်မှ သူက "ဗိုလ်ကြီးရွှီ၊ ရိက္ခာရှာဖို့ ဒီကိုလာတာလား" ဟု မေးသည်။

‎

‎

‎ရွှီချွန်းက ခေါင်းညိတ်ပြီး "ငါ့ရဲ့ အဓိကတာဝန်က ဆိုလာပြားတွေနဲ့ ဂြိုလ်တုဖုန်းတွေ ထပ်ရှာဖို့ပဲ။ အပိုပစ္စည်းတွေ ရှာနိုင်ရင် ပိုကောင်းမယ်"

‎

‎

‎"စီးပွားရေးနယ်မြေတစ်ဝိုက်က ဖုတ်ကောင်အရေအတွက်က အရမ်းများနေလို့ မစ်ရှင်တည်နေရာဆီ အရမ်းကပ်သွားလို့မရဘူးဖြစ်နေတယ်"

‎

‎

‎"ကပ္ပတိန်ရွှီ ၊ ငါ့အဖွဲ့ကလည်း ဂြိုလ်တုဖုန်းတွေ ရှာဖို့ စီးပွားရေးရပ်ကွက်ကို သွားဖို့ စီစဉ်ထားတယ်။ ငါတို့နဲ့ လက်တွဲလိုက်ပြီး မနက်ဖြန်ကြရင် အတူတူ သွားကြမလား" ကျင်းရွှီယန်းက မေးသည်။

‎

‎

‎

‎

‎

‎

အခန်း-(၂၀၀)

‎

‎ကျင်းရွှီယန်းရဲ့ အကြံပြုချက်ကိုကြားတော့ ရွှီချွန်းရဲ့ အဖွဲ့ ဝင်တစ်ယောက်ကမေးလာတယ် " ကပ္ပတိန်ကျင်း မင်းက စီးပွားရေးရပ်ကွက်ကို သွားမယ်ဆိုရင် အဲဒီ အသက်ရှင် ကျန်ရစ်သူတွေကကော ဘယ်လိုလုပ်မှာလဲ"

‎

‎

‎ကျင်းရွှီယန်းက ပြုံးပြီး ပြန်ဖြေတယ် "ငါ့ရဲ့အဖွဲ့က အငြိမ်းစားယူလိုက်တဲ့အကြောင်းကို လူတိုင်းကကြားပြီးပြီထင်ပါတယ်။ ငါ့ရဲ့အဖွဲ့က အခုအချိန်မှာ ကြေးစားအဖွဲ့ဖြစ်နေပြီမို့ အသက်ရှင်ကျန်ရစ်သူတွေကိုစောင့်ရှောက်ဖို့က ငါတို့အတွက် မသင့်တော်ဘူး။ ဒါကြောင့် ဗိုလ်ကြီးရွှီက အသက်ရှင်ကျန်ရစ်သူတွေကို ယာယီစခန်းဆီ ပြန်ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်"

‎

‎

‎ထိုစကားကိုကြားသောအခါတွင် ရွှီချွန်းတို့အဖွဲ့က တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသော်လည်း ဘာမှမပြောပေ။

‎

‎

‎သူတို့တုံ့ဆိုင်းနေတာကို သတိပြုမိတော့ ‎ ကျန်းယွမ်ကမေးလိုက်တယ်"ဗိုလ်ကြီးရွှီ၊ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး မင်းရဲ့ခေါင်းဆောင်ကို ဆက်သွယ်ဖို့ လိုသေးလား"

‎

‎

‎ရွှီချွန်းက ခေါင်းယမ်းပြီးပြန်ဖြေတယ် "ကျန်ခဲ့တဲ့သူတွေကို စခန်းကိုပြန်ပို့လို့ရတယ်။ ဒါပေမယ့် လောလောဆယ်ပြဿနာက ရိက္ခာတွေ မလောက်ငှဘူး။ စခန်းမှာကျန်နေသေးတဲ့သူတွေရောဆိုရင် သုံးရက်ထက်ပိုပြီး ထိန်းမထားနိုင်မှာကိုကြောက်တယ်"

‎

‎

" ထောက်ပံ့ရေးကိစ္စနဲ့ ပတ်သက်ရင်တော့ ဗိုလ်ကြီးရွှီက ဒီကိစ္စကို စိတ်ချခားလို့ရတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို မင်းတို့ခေါ်ထားပေးသရွေ့ မင်းတို့ရဲ့စခန်းမှာရှိတဲ့ အရေးပေါ်အခြေအနေတွေကိုပါ ဖြေရှင်းနိုင်ဖို့ ငါတို့ကရိက္ခာတွေပေးမှာပါ" ဟု ကျင်းရွှီယန်းက ပြောလိုက်သည်။

‎

‎

‎"ဒါပေမယ့် ကျွန်တော်တို့သာ လူတွေကိုပြန်ပို့ဖို့သွားရင် ကျွန်တော်တို့ရဲ့မစ်ရှင်ကိုပြီးအောင်လုပ်ဖို့ လူအင်အား နည်းသွားလိမ့်မယ်" ဟု ရွှီချွန်းရဲ့ အဖွဲ့၀င်တစ်ဦးမှ ပြောလာတယ်

‎

‎

‎"အဲဒါနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့။ မင်းတို့ကို ဆိုလာပြားတွေနဲ့ ဂြိုလ်တုဖုန်းတွေရနိုင်အောင် ငါတို့ကူညီပေးမယ်။ ပြီးတော့ မင်းတို့အတွက် ပစ္စည်းတွေစုဆောင်းဖို့လည်း ကူညီပေးမှာပါ" ဟု ကျင်းရွှီယန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

‎

‎

‎ခဏလောက်စဉ်းစားပြီးနောက် ရွှီချွန်းက "မင်းမှာ ရိက္ခာဘယ်လောက်ရှိလဲ"လို့ မေးတယ်။

‎

‎

‎သူတို့ဝင်လာတုန်းက ရိက္ခာပစ္စည်းတွေပါတဲ့ ထရပ်ကားတွေကို မတွေ့တာကြောင့်အဆောက်အဦးထဲမှာ သိမ်းထားတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် အထဲမှာကလည်း ပစ္စည်းတွေ ရှာမတွေ့ဘူး။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများကို ကူညီရန်က သူတို့ရဲ့တာဝန်ဖြစ်သော်လည်း စခန်းတွင်းကအခြေအနေက မတည်မငြိမ်ဖြစ် နေသောအခါတွင်တော့ သူတို့အနေနဲ့ အဆောတလျင် မလုပ်ဆောင်နိုင်ပေ။

‎

‎

‎

‎သူ့စိုးရိမ်မှုကို သတိပြုမိ‌တော့ "ရှောင်ချီ ၊ သူတို့အတွက် ရိက္ခာတွေကိုပြလိုက်ပါ" လို့ ကျင်းရွှီယန်းကညွှန်ကြားလိုက်သည်။

‎

‎

‎"ဟုတ်ကဲ့ ကပ္ပတိန်"

‎

‎

‎အမိန့်ကိုလက်ခံရရှိပြီးနောက်တွင် ရှောင်ချီက လွတ်နေသောနေရာသို့သွားကာ လက်ကိုမြှောက်လိုက်သည်။ ငါးမိနစ်မပြည့်မီတွင်ပဲ လွတ်နေသော ဧရိယာတစ်ခုလုံးဟာ လေဖိအားနည်းရပ်ဝန်းမှ ထွက်လာသော ရိက္ခာများဖြင့်ပြည့်သွားသည်။

‎

‎

‎ဆန်၊ ဂျုံမှုန့်နှင့် အခြားအစေ့အဆန်များ အပြည့်ပါသည့်အိတ်များကို မျက်နှာကျက်သို့ရောက်သည်အထိ သပ်သပ်ရပ်ရပ် စီထားတယ်။ ထို့အပြင် မရေမတွက်နိုင်‌လောက်အောင်များသော ရေဗူးများလည်း ရှိသေးသည်။

‎

‎

‎ပစ္စည်းတွေ ထုတ်ယူပြီးတာနဲ့ သူ့နေရာလွတ်ထဲကို ပြန်သိမ်းလိုက်တယ်။

‎

‎

‎သူပြန်ရောက်လာသောအခါမှာပဲ ရွှီချွန်းရဲ့အဖွဲ့ကိုကြည့်လိုက်ပြီးပြောသည် "ကျွန်တော့်တို့အဖွဲ့ရဲ့ ရိက္ခာတွေကို ကျွန်တော့်နေရာထဲမှာ သိမ်းဆည်းထားပါတယ်။ လိုအပ်တဲ့အချိန်တိုင်း ထုတ်ယူနိုင်ပြီး ကျွန်တော်တို့မှာ ရိက္ခာအလုံအလောက်ရှိပါတယ်"

‎

‎

‎ရွှီချွန်း နှင့် သူ့အဖွဲ့သားများဟာ စွမ်းရည်အသုံးပြုသူများကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းမဟုတ်ပေ၊ ဒါပေမယ့် ဒါဟာ အာကာသသိုလှောင်မှု စွမ်းရည်ရှိတဲ့ သူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာပါ။

‎

‎

‎ရွှီချွန်းရဲ့အဖွဲ့ဝင်တစ်ဦးမှ စိတ်လှုပ်ရှားစွာဖြင့် "ရဲဘော်၊ မင်း ငါတို့အဖွဲ့ထဲဝင်ချင်လား ၊ မင်းကို လစာနှစ်ဆပေးဖို့ ဗိုလ်ကြီးကို မေးပေးမယ်" လို့ စည်းရုံးသည်။

‎

‎

‎ဒါကိုကြားတော့ ရှောင်ချီက အော်ဟစ်ပြီး "ရဲဘော် ၊ မင်းက ငါ့ရဲ့ကပ္ပတိန်ရှေ့မှာ ငါ့ကို ခိုးနေတာလား ၊ ဆယ်ဆပေးရင်တောင် မင်းရဲ့အဖွဲ့မှာ ငါမပါဘူး။ စစ်တပ်က အနားယူသွားပြီမို့ အခုဆို ငါကကြေးစားတစ်ယောက်ပဲ" ဟု ပြန်ပြောသည်။

‎

‎

‎ဤကဲ့သို့ ငြင်းဆိုခြင်းခံရသော စစ်သားက လုံးဝအရှက်မရှိခဲ့ပေ။ သနားစရာကောင်းတယ်လို့သာ သူခံစားမိတယ်။ အကယ်၍ သူတို့အဖွဲ့မှာသာ အာကာသသိုလှောင်နိုင်စွမ်းရှိလျှင် ရိက္ခာများရယူရန်အပြင်ထွက်သည့်အခါ၌ အဆင်ပြေမည်ဖြစ်သည်။

‎

‎

‎"ကပ္ပတိန်ရွှီ၊ မင်း ဆုံးဖြတ်ပြီးပြီလား" ကျင်းရွှီယန်းက မေးသည်။

‎

‎

‎

‎"ကပ္ပတိန်ကျင်းကသာ ကတိကို ဖြည့်ဆည်းပေးနိုင်သရွေ့ မနက်ဖြန်ကြရင် အသက်ရှင်ကျန်ရစ်သူတွေကို စခန်းဆီ ပြန်ခေါ်သွားဖို့အတွက် ငါ့လူတွေကိုစေလွှတ်မယ်" လို့ ရွှီချွန်းက ပြန်ပြောသည်။

‎

‎

‎"ကောင်းပြီ၊ အခုဆို ငါတို့က သဘောတူညီချက် ရပြီးပြီ။ ညစာ အတူတူစားရအောင်" ပြောပြီး ‎ကျင်းရွှီယန်းက ထရပ်ကာထွက်သွားသည်။

‎

‎

‎ညစာအတွက်ကို နတ်ဆိုးအဖွဲ့က ရှောင်လုံးပေါင်း နှင့် မန်ထိုများကို ပြင်ဆင်ထားသည်။ အစားအသောက်က ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် နွေးနွေးထွေးထွေးရှိတယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများကတော့ ဘီစကွတ်ခြောက်များကိုသာ သူတို့စားရလိမ့်မည်ဟု ထင်ခဲ့ကြသည်။ အစားအသောက် အဆင်သင့်ဖြစ်သောအခါတွင်တော့ သူတို့လည်း ဝေစုရရှိခဲ့သည်။တစ်ဦးစီအတွက် မန်ထိုသုံးလုံး၊ ရှောင်လုံးပေါင်းငါးလုံး ပါဝင်သော ဟင်းရည်တစ်ပန်းကန်နှင့် ကြက်ဥပြုတ်တစ်လုံးစီ ရရှိခဲ့သည်”

‎

‎

‎ရွှီချွန်းတို့အဖွဲ့ဟာ ဒါကိုမြင်တေ့ာ အံ့သြသွားကြတယ်။ ဘယ်လောက်ပဲ ရက်ရောပါစေ‌အုံး အစာရှားပါးပြီး သွားလာရခက်ခဲနေတာကြောင့် အသက်ရှည်ရန် အစားလျှော့စားသင့်တယ်။

‎

‎

‎ကျင်းရွှီယန်းရဲ့ ရက်ရောမှုကြောင့် အံ့ဩနေကြချိန်မှာပဲ ကောင်တာအနောက်တွင် ထိုင်နေသော အမျိုးသမီးငယ်တစ်ဦးက " ရေဘူး ယူလာပြီးတန်းစီပါ" ဟု ပြောနေတာကို တွေ့လိုက်ရပြန်တယ်။

‎

‎

သူမ ‎ဒီစကားကိုပြောပြီးတာနဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ စည်းစနစ်တကျနဲ့ အမြန်တန်းစီလိုက်ကြတယ်။

‎

‎

‎ကောင်တာနောက်တွင်ထိုင်နေသော ကျိူးလီဇီက အသက်ရှင်ကျန်ရစ်သူများရဲ့ရေပုလင်းများကိုဖြည့်ရန် သူမရဲ့ရေကန် ကရေကို အသုံးပြုခဲ့သည်။ သူတို့က ရက်ပေါင်းများစွာ အစာငတ်ခဲ့ရပြီး သူတို့ရဲ့ခန္ဓာကိုယ်ကလည်း ရေဓာတ်ခန်းခြောက်နေသည်။ ရေကိုအကန့်အသတ်ဖြစ်သာ နေ့စဉ်သောက်ကြောင့် သူတို့ရဲ့ခန္ဓာကိုယ် တစ်နေ့ထက်တစ်နေ့ အားနည်းလာသည်။

‎

‎

‎အကယ်၍ သူတို့ရဲ့ခန္ဓာကိုယ်များသာ အားနည်းနေပါက ဒုတိယမိုးရာချိန်တွင် ဖုတ်ကောင်ဗိုင်းရပ်စ်ကို ခုခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဖုတ်ကောင်များ ပိုများလာခြင်းကို ရှောင်ရှားရန်နှင့် သူတို့အား ပိုသန်မာလာပြီး ဖုတ်ကောင်များမဖြစ်လာစေရန် မျှော်လင့်ကာ ကန်ရေကိုပေးခဲ့သည်။

‎

‎

‎သူမက သူမရဲ့ရည်ရွယ်ချက်အတွက် လုပ်နေပေမယ့် တခြားသူတွေရဲ့အမြင်မှာတော့ သူမက လူကောင်းတစ်ယောက်ပါ။

‎

‎

‎ဆယ်မိနစ်အကြာ၌ ကောင်တာပေါ်တွင်တင်လာသော စစ်တပ်သုံးရေအိတ်တစ်ခုနှင့် ရေဗူးနှစ်လုံးကို ကျိူးလီဇီတွေ့လိုက်ရသည်။ ခေါင်းကိုမော့ကြည့်လိုက်တော့ သူမ မသိတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူရဲ့စစ်ဝတ်စုံကို အကဲဖြတ်ရရင်တော့ သူက ယခုမှ ရောက်လာသော စစ်သားများထဲမှ ဖြစ်ရမည်။

‎

‎

‎"ရဲဘော် ၊ ရေနည်းနည်းလောက်ပေးလို့ရမလား" စစ်သားက မေးတယ်။

‎

‎

‎"ရပါတယ်" ကျိူးလီဇီက ခေါင်းညိတ်ပြပြီး ရေဗူး နှင့် စစ်တပ်သုံးရေအိတ်နှစ်လုံးကို ဖြည့်‌ပေးလိုက်တယ်။

‎

‎

‎ပြီးသွားသောအခါမှာပဲ စစ်သားက ကျေးဇူးတင်စကားဆိုပြီးထွက်သွားတဲ့ အချိန်မှာပဲ အခြားစစ်သားတစ်ယောက်ကရောက်လာပြန်သည်။ သူတို့တစ်ဦးစီတွင် ၁လီတာသုံး ရေနှစ်ဗူးနှင့် စစ်တပ်သုံး ၃လီတာရှိတဲ့ ရေအိတ်တစ်ခုအပါအဝင် စုစုပေါင်း ရေ၅လီတာအတွက်ရှိသည်။

‎

‎

‎ကျိူးလီဇီက ရွှီချွန်းတို့အဖွဲ့ရဲ့ရေဗူးများကိုဖြည့်ရန်အတွက် ကန်ရေ 160 လီတာအသုံးပြုခဲ့သည်။ ပြီးသွားသောအခါမှာတော့ သူမရဲ့နေရာလွတ်ရှိ ရေကန်ကိုစစ်ဆေးရန် စိတ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ ခဏအကြာတွင်တော့ သူမက သက်ပြင်းတစ်ချက်ချလိုက်သည်။

‎

‎

‎

‎

‎

‎

အခန်း-(၂၀၁)

‎

ကျိူးလီဇီက ကန်ရေတွေကို နေ့တိုင်းအသုံးပြုခဲ့ပြီး ကန်ရေ ၃မီတာလောက်လျော့ကျသွားသည်။ သူမဆီမှာ ကန်ရေတွေ အများအပြားရှိနေသေးပေမယ့် ဒီအချက်ကတင် သူမရဲ့ကန်ရေဟာ မကုန်ခန်းနိုင်တဲ့အရာမဟုတ်ကြောင်းကို သက်သေပြနေပါတယ်။ ကန်ရေပြန်ဖြည့်ဖို့အတွက်က အချိန်တစ်ခုကြာမြင့်မှာပါ။

‎

‎

အဆုံးမှာတော့ အခြားသူများအတွက် ရေပေးဆောင်န်ိုင်ရန် သူမကိုယ်သူမ အားကိုးနေရဆဲဖြစ်ကြောင်းကို သူမ သဘောပေါက်လာသည်။ ကန်ရေက အကန့်အသတ်နဲ့ရှိသောကြောင့် အရေးပေါ်အခြေအနေအတွက်သာ အသုံးပြုခဲ့ရသည်။

‎

‎

‎ညစာစားပြီးနောက်တွင် နတ်ဆိုးအဖွဲ့သားများကညဘက်ကင်းလှည့်ကြပြီး ရွှီချွန်းရဲ့အဖွဲ့က ကောင်းမွန်စွာအနားယူနိုင်ခဲ့သည်။

‎

‎

‎နောက်တစ်နေ့နံနက်စောစော အရှေ့ဘက်မိုးကုတ်စက်ဝိုင်းတွင် နေထွက်ချိန်၌ ချင်လူဇီ ၊‎ ချန်ချန်းဖုန်း နှင့် ယင်းယွီရှန်း တို့က နံနက်စာပြင်ဆင်ရင်း အလုပ်ရှုပ်နေကြပြီး ရှောင်ချီ နှင့်

‎ဖုန်းယွင်တို့က ရွှီချွန်းရဲ့အဖွဲ့အတွက် ရိက္ခာများပြင်ဆင်နေကြသည်။

‎

‎

ဖုန်းယွင်က သူ့နေရာလွတ်ကနေ ထရပ်ကားသုံးစီးထုတ်လိုက်တာကိုမြင်တော့ ‎ရှောင်ချီက"အစ်ကိုဖုန်း ဘာလို့ ဒီထရပ်ကားတွေကို သိမ်းထားတာလဲ။ ဒါတွေက နေရာယူရုံတင်မကဘဲ သိမ်းထားတဲ့အခါ ဒါမှမဟုတ် ထုတ်ယူလိုက်တဲ့အခါမှာပါ စိတ်စွမ်းအင်တွေ လိုအပ်တယ်" လို့ မေးတယ်။

‎

‎

‎"သူတို့က အခုရော အသုံးမဝင်ဘူးလား" ‎ဖုန်းယွင်က အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်တယ်။

‎

‎

‎ရှောင်ချီ ခဏလောက်စဉ်းစားပြီး သူနဲ့ သဘောတူလိုက်တယ်။ အကယ်၍ သူသာ ဤထရပ်ကားများကို မသိမ်းဆည်းထားခဲ့ပါက ရိက္ခာများသယ်ဆောင်ရန် ထရပ်ကားများကို ရှာဖွေရမည်ဖြစ်ပြီး ပြင်ဆင်ရန် အချိန်ပိုကြာသွားမည်ဖြစ်သည်။

‎

‎

‎“ဒါဆိုရင် နောင်မှာလိုအပ်ရင်သုံးဖို့ နောက်ထပ် ထရပ်ကားတွေ ထပ်ရှာသင့်တယ်” ဟု ရှောင်ချီကပြောသည်။

‎

‎

‎ဒီတစ်ကြိမ်မှာတော့ ဖုန်းယွင်က သူ့စကားတွေကို ခေါင်းညိတ်ကာ တုံ့ပြန်တယ်။ သူရဲ့နေရာလွတ်က ကြီးမားပြီး ထရပ်ကားများနှင့် ဘတ်စ်ကားများကို သိုလှောင်ရန် နေရာအချို့ကို ပိုင်းခြားထားနိုင်သည်။

‎

‎

ကားတွေက နေရာယူထားရင်တောင်မှ အဲဒီဘတ်စ်ကားတွေနဲ့ ထရပ်ကားတွေပေါ်မှာ ပစ္စည်းတွေထပ်သိုလှောင်ထားနိုင်တာမို့ သိုလှောင်စရာနေရာ အများကြီးကို မဆုံးရှုံးပါဘူး။

‎

‎

‎ကျင်းရွှီယန်းက ရွှီချွန်းရဲ့အဖွဲ့အတွက် ထောက်ပံ့ရေး ထရပ်ကားငါးစီး ပြင်ဆင်ခိုင်းခဲ့သည်။ ထို့ကြောင့် ရှောင်ချီက ထရပ်ကားများကို ရိက္ခာများဖြည့်နေစဉ်တွင် ဖုန်းယွင်က နောက်ထပ်အသုံးပြုနိုင်သော ထရပ်ကားနှစ်စီးကို ရှာဖွေခဲ့သည်။

‎

‎

‎ဓာတ်ဆီအပြည့်နီးပါးရှိသော ထရပ်ကားနှစ်စီးကို မတွေ့ရှိမီအထိ အချိန်အတော်ကြာအောင် ရှာဖွေခဲ့ရတယ်။ အနီးနားရှိ ကားများတွင် ဓာတ်စာဆီမရှိတော့သဖြင့် နောက်ပိုင်းတွင်တော့ ရွှီချွန်းတို့အဖွဲ့က ၎င်းတို့ကိုယ်တိုင် လောင်စာဆီရှာရန် ဆုံးဖြတ်ခဲ့ကြသည်။

‎

‎

‎နောက်ထပ်ထရပ်ကားနှစ်စီးဖြင့် သူပြန်လာသောအခါတွင် ရှောင်ချီက ထရပ်ကားသုံးစီးကို ရိက္ခာတွေ အပြည့်ဖြည့်ထားပြီးသွားခဲ့ပြီဖြစ်သည်။ သူတို့ရဲ့နေရာလွတ်များရှိ ရိက္ခာများကို ဟန်ချက်ညီစေရန်အတွက် ဖုန်းယွင်က ကျန်ထရပ်ကားများကို ရိက္ခာဖြည့်သွင်းသည်။

‎

‎

‎အစေ့အဆန်များနှင့် သတ္တုရေများအပြင် ဆေးဝါးများ၊ အစာခြောက်များနှင့် ဘီစကွတ်အချို့ကိုလည်းဖြည့်ပေးခဲ့သည်။ ဘီစကွတ်နှင့် အစားအစာခြောက်များကို မစ်ရှင်ထွက်သော စစ်သည်များအား ပေးကမ်းနိုင်ပြီး စခန်းရှိလူများကိုတော့ ကောက်နှံများပေးအပ်မည်ဖြစ်သည်။

‎

‎

‎ပြီးတဲ့အခါမှာတော့ ဖုန်းယွင်က မနက်စာစားဖို့ အဆောက်အဦးကို မပြန်ခင်မှာ သူ့နေရာလွတ်ကနေ ဘတ်စ်ကားနှစ်စီးကို ထုတ်လာခဲ့တယ်။

‎

‎

‎သူတို့စားနေတုန်းမှာပဲ ရွှီချွန်းက သူ့အဖွဲ့ထဲက တတ်စွမ်းသမျှ အသုံးပြုသူတွေကို လက်ညှိုးထိုးပြပြီး "မင်းတို့ခြောက်ယောက်နဲ့ကျန်တဲ့သူတွေက ရိက္ခာတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို စခန်းကို ပြန်ပို့ပေးမယ်" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ဒုကပ္ပတိန်က "ကပ္ပတိန်၊ စီးပွားရေးဇုန်မှာ ဖုတ်ကောင်တွေပြည့်နေတယ်။ လူခုနစ်ယောက်ပဲ သွားရတာက အန္တရာယ်များပါတယ်"လို့ ပြောလာတယ်။

‎

‎

‎ရွှီချွန်းက သူ့အစာတွေကို အရင်ဆုံးမျိုချလိုက်ပြီး "ငါတို့က စွမ်းရည်ရှိတဲ့ သူတွေဖြစ်တာကြောင့် အခြေအနေက အရမ်းအန္တရာယ်များလာရင် ငါတို့ လွတ်မြောက်နိုင်မှာပါ" လို့ ပြောလိုက်တယ်။

‎

‎

‎"ကျန်တဲ့အဖွဲ့ကို ပြန်ဦးဆောင်သွားပေးဖို့ မင်းကို ငါလိုတယ်။ မင်းပြန်ယူသွားတဲ့ ရိက္ခာပမာဏအရဆို အဲဒီဘက်ခြမ်းကနေ ပြဿနာဖြစ်အောင် ကြိုးစားလိမ့်မယ်။ ဒါကြောင့် စခန်းအတွင်းက အခြေအနေကိုထိန်းချုပ်ဖို့ မင်းက အနောက်မှာရှိနေရမယ်"

‎

‎

‎ထိုစကားကိုကြားပြီးနောက်တော့ ကျန်အဖွဲ့ဝင်များကသူရဲ့အမိန့်ကို လိုက်နာခဲ့သည်။

‎

‎

စီးပွားဖြစ်ရပ်ကွက်က အခြေအနေကို ‎မနေ့ကမြင်ပြီးပြီမို့ လိုက်သွားရင်တောင်မှ ဝန်ထုပ်ဝန်ပိုးဖြစ်တာ ဒါမှမဟုတ် အသက်ဆုံးရှုံးတာတွေပဲ ရှိမယ်ဆိုတာကို သိလိုက်ရတယ်။

‎

‎

‎သူတို့ ဗိုလ်ကြီးပြောတာ မှန်တယ်။ သူတို့ တတ်နိုင်သလောက် လုပ်ရမယ်။

‎

‎

‎ရွှီချွန်းတို့အဖွဲ့ရဲ့ လေထုကတင်းမာနေချိန်တွင် နတ်ဆိုးအဖွဲ့ကတောါ စိတ်အေးလက်အေးဖြစ်နေတယ်။

‎

‎

‎သူတို့ ထမင်းစားနေတုန်းမှာပဲ ရှန်ရွှယ်လီက လမ်းလျှောက်လာပြီး "ညီမ ၊ မင်းနဲ့ ခဏလောက် စကားပြောလို့ရမလား"လို့မေးတယ်။

‎

‎

‎ကျိူးလီဇီက သူမကိုကြည့်လိုက်ပြီး "ရပါတယ်" ဆိုပြီးခေါင်းညိတ်ပြသည်။

‎

‎

‎သူမတို့နှစ်ယောက်က ကောင်တာနေရာကိုလျှောက်သွားလိုက်ပြီး “အစ်မ ဘာပြောချင်လို့လဲ” လို့ မေးတယ်။

‎

‎

‎ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက်မှ

ရှန်ရွှယ်လိီက စပြောလိုက်တယ် "ညီမ ၊ အသက်ရှင်ကျန်ရစ်သူတွေက ဒီနေ့ပဲယာယီစခန်းကို စစ်သားတွေနဲ့အတူ လိုက်သွားရမယ်ဆိုတာ ငါကြားတယ်။ ဒါအမှန်လား"

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြီး သူမရဲ့မေးခွန်းကို အတည်ပြု ပေးလိုက်သည်။

‎

‎

‎"ငါ့တို့မိသားစုက မင်းနဲ့အတူနေလို့ရမလား"လို့ ရှန်ရွှယ်လီ က မေးသည်။

‎

‎

ကျိူးလီဇီက ‎မျက်ခုံးပင့်ကာပြောတယ် "အစ်မ ၊ ဘာလို့ ကျွန်မနဲ့ အတူနေချင်တာလဲ ၊ ကျွန်မတို့အဖွဲ့က ကြေးစာအဖွဲ့ဖြစ်ပြီး အစ်မမှာတော့ မိဘအိုတွေနဲ့ ကလေးတစ်ယောက်ရှိတယ်။ မင်းတို့မိသားစုအတွက်တော့ ယာယီစခန်းမှာနေရတာက ပိုကောင်းတယ်မဟုတ်ဘူးလား။ အနည်းဆုံးတော့ အဲဒီနေရာက အပြင်မှာထက် ပိုလုံခြုံတယ်"

‎

‎

‎ဒါကိုကြားတော့ ရှန်ရွှယ်လီက ဘာပြောရမှန်းမသိဘဲ ငြိမ်သွားတယ်။

‎

‎

‎ခဏလောက်စဉ်းစားပြီးမှ ကျိူးလီဇီက ပြောလိုက်တယ် "အစ် မ၊ ယာယီစခန်းမှာ ရိက္ခာတွေပြတ်သွားမှာကို စိုးရိမ်ရင်တော့ စစ်သားတွေနဲ့ပူးပေါင်းပြီး ရိက္ခာရှာဖို့ ထွက်နိုင်တယ်"

‎

‎

‎"တချို့စခန်းတွေက မစ်ရှင်တွေ စထုတ်ပေးနေပြီး လူတော်တော်များများက ကြေးစားစစ်သားတွေအဖြစ် အဖွဲ့တွေထားဖွဲ့ကြတယ်လို့ ကြားတယ်။ နေစရာနေရာ ဒါမှမဟုတ် ရိက္ခာပစ္စည်းတွေအတွက် မင်းတို့ရဲ့ဆုလာဘ်တွေကို လဲလှယ်လို့ရတယ်"

‎

‎

‎"မင်းသာလိုချင်ရင် မင်းကိုယ်တိုင် ဒါမှမဟုတ် မင်းရဲ့အဖွဲ့နဲ့အတူ အပြင်ထွက်လို့ရတယ်။ တချို့နေရာတွေကတော့ မင်းအပြင်မှာတွေ့တဲ့ ရိက္ခာတစ်ဝက်ကို အခွန်အဖြစ် လွှဲပေးဖို့ တောင်းဆိုနိုင်တယ်"

‎

‎

‎ဒါကိုကြားတော့ ရှန်ရွှယ်လီကမေးတယ် "ညီမ၊ ဒါတွေကို မင်းဘယ်လိုသိတာလဲ"

‎

‎

‎"ကျွန်မတို့အဖွဲ့မှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဆက်သွယ်‌ရေးအချက်အလက်တွေရှိပါတယ်။ ကျွန်မတို့မှာ ကံကြမ္မာရှိတယ်လို့ ယူဆနိုင်တာကြောင့် ဒီအချက်အလက်ကို အစ်မနဲ့ မျှဝေပေးမှာပါ။ ဖုတ်ကောင်တွေကိုသတ်တာကနေ အမြုတေတွေရတဲ့အခါမှာ ဒါတွေကို လုံခြုံအောင်ထားဖို့ မမေ့နဲ့။ အနာဂတ်ကြရင် ဒါတွေကို ရှင်လိုအပ်လာနိုင်တယ်" ဟု ကျိူးလီဇီမှ ပြန်လည်ဖြေကြားခဲ့သည်။

‎

‎

‎"ညီမ ၊ မင်းတို့အဖွဲ့ထဲကိုဝင်ဖို့ ငါ့မှာ အခွင့်အရေးတကယ်မရှိဘူးလား" ရှန်ရွှယ်လီက လက်မလျှော့ဘဲ ထပ်မေးတယ်။

‎

‎

‎"အစ်မ ၊ မင်းကို မပါစေချင်တာ မဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့မိဘတွေ၊ မင်းရဲ့သားနှင့်အတူဆိုရင် ကျွန်မတို့အဖွဲ့နောက်ကိုလိုက်ဖို့က တကယ်မသင့်တော်ဘူး။ ကျွန်မတို့က ဖုတ်ကောင်တွေကိုသတ်ပြီး ရိက္ခာတွေစုဆောင်းဖို့ အန္တရာယ်အရှိဆုံးနေရာတွေကို သွားကြတယ်"

All Chapters