← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း-(၂၀၂)

‎

‎ကျိူးလီဇီရဲ့ရှင်းပြချက်ကိုကြားပြီးနောက်တော့မှ ပြဿနာဟာ သူမရဲ့ပျော့ညံ့တဲ့ အသက်ကြီးမိဘများကြောင့် သာမကဘဲ သူမရဲ့ကလေးကြောင့်ပါဖြစ်ကြောင်းကို ရှန်ရွှယ်လီ နားလည်သွားသည်။

‎

‎

‎ဖုတ်ကောင်များက အသံကိုအာရုံခံနိုင်တယ်။ သူမရဲ့သားကသာ ငိုပါက၊ ၎င်းက အဖွဲ့ကိုဒုက္ခပေးလိမ့်မည်။ ဒါကြောင့် ကျိူးလီဇီက သူမကို ငြင်းပယ်ခဲ့တာ နားလည်နိုင်တယ်။

‎

‎

အဆုံးမှာတော့ သူမကခေါင်းညိတ်ပြီး "နားလည်ပါတယ် ညီမလေး၊ အစ်မတို့မိသားစုကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ နောင်အခါ အနာဂတ်မှာပြန်ဆုံရမယ်ဆိုရင်တော့ မင်းရဲ့ကရုဏာကို သေချာပေါက် ပြန်ဆပ်မှာပါ"

‎

‎

‎"ကျွန်မက ရှင့်ကို လမ်းတစ်လျှောက်မှာ ကူညီပေးခဲ့ရုံပါ ဒီလောက်ယဉ်ကျေးနေဖို့ မလိုဘူး။ ကောင်းကောင်းနေထိုင်ပြီး ဖုတ်ကောင်တွေကို သတ်လိုက်ရုံပဲ၊ အဲဒါကပဲ ကျွန်မအတွက် အကောင်းဆုံး ပြန်ပေးဆပ်တာပဲ" ဟု ကျိူးလီဇီက ပြုံးကာ ပြန်ပြောသည်။

‎

‎

ရှန်ရွှယ်လီကလည်း ပြုံးလိုက်ပြီး "ကောင်းပြီ" ဟု ပြောလာတယ်။

‎

‎

‎အတိုချုံး စကားစမြည်ပြောပြီးနောက်တော့ ‎ကျိူးလီဇီက ပြန်လာကာ သူမရဲ့မနက်စာကို အပြီးသတ်လိုက်တယ်။ ရွှီချွန်းတို့အဖွဲ့က အသက်ရှင်ကျန်ရစ်သူများကို စီစဉ်ပေးနေချိန်တွင် သူမကတော့ ဒုတိယထပ်သို့သွားကာ

ရှန်ရွှယ်လီအတွက် ကျောပိုးအိတ်သုံးလုံးကို ထုပ်ပိုး ပေးလိုက်သည်။

‎

‎

‎ကလေးတစ်ယောက်နဲ့အတူဆို ပစ္စည်းတွေရှာရတာက ပိုခက်လိမ့်မယ်။ ထို့ကြောင့် ကလေးနို့မှုန့်ဆယ်ဗူး၊ ကလေးအဟာရမှုန့်သုံးဗူး၊ အနှီးငါးထုပ်အပြင် ကလေးနှင့် အမျိုးသမီးသုံးပစ္စည်းများကို ပေးခဲ့သည်။

‎

‎

‎ထို့အပြင် ဘီစကွတ်နှင့် ဆေးဝါးများကိုလည်း ထည့်ပေးခဲ့သည်။ ကလေးလေးအကြောင်းကိုတွေးရင်း ကျောပိုးအိတ်တစ်လုံးထဲကို လက်တစ်ဆုပ်စာအမြုတေတွေကို ဝှက်ထားလိုက်တယ်။

‎

‎

‎ဒုတိယထပ်မှ ပြန်ဆင်းသောအခါတွင် ရှန်ရွှယ်လီထံသို့ လျှောက်သွားပြီး "အစ်မ ၊ ဒုတိယထပ်မှာ ကလေးနဲ့ အမျိုးသမီးသုံးပစ္စည်းတွေကို တွေ့ခဲ့တယ်၊ ဒါက မင်းနဲ့ မင်းရဲ့သားအတွက်ပဲ"လို့ ပေးလိုက်တယ်။

‎

‎

‎ကျောပိုးအိတ်တွေကိုမြင်တော့ အမေရှန် နှင့် အဖေရှန် တို့ အံ့ဩသွားကြတယ်။ ရိက္ခာတွေက ရဖို့ခက်မှန်းသိပေမယ့် လက်ခံနေတုန်းပဲ။

‎

‎

‎ဇနီးမောင်နှံနှစ်ဦးက ကျိူးလီဇီအား ဦးညွှတ်ပြီး "ကျေးဇူးတင်ပါတယ် ရဲဘော်" ဟုဆိုလိုက်သည်။

‎

‎

‎ကျိူးလီဇီက ပုခုံးနှစ်ဖက်က ဆွဲထူလိုက်ပြီး "ဦးလေးနှင့် အဒေါ်တို့အားလုံး ဘေးကင်းလုံခြုံနေဖို့ကို ကျွန်မမျှော်လင့်ပါတယ်"

‎

‎

‎မကြာခင်မှာပဲ စစ်သားတွေဆီက “ထွက်ချိန်ရောက်ပြီ၊ အားလုံး ဘတ်စ်ကားပေါ်တက်ကြ” လို့ပြောတာကို ကြားလိုက်ရတယ်။

‎

‎

‎ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူများက မိသားစုစားသောက်ဆိုင်မှ ထွက်ခွာလာပြီး ဘတ်စ်ကားများအပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်သွားကြသည်။

‎

‎

‎စစ်သားများက သူတို့ရဲ့စစ်ကားများထဲကို ဝင်သွားပြီး အချို့ကတော့ ဘတ်စ်ကားများနှင့် ထရပ်ကားများကို မောင်းနှင်ကြသည်။ သံချပ်ကာယာဉ်များကို အပြင်ကအကာအရံများအဖြစ်နေရာချကာ ထောက်ပံ့ရေးပစ္စည်းများနှင့် အသက်ရှင်ကျန်ရစ်သူများကိုတော့ အလယ်တွင် ကာကွယ်ထားသည်။

‎

‎

အသက်ရှင်ကျန်ရစ်သူတွေက ‎သူတို့မထွက်ခွာခင်မှာပဲ နတ်ဆိုးအဖွဲ့ကို လက်ပြနှုတ်ဆက်ကြပြီး သူတို့ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ကြပါတယ်။

‎

‎

‎သူတို့ထွက်သွားပြီးနောက်တော့ ကျင်းရွှီယန်းက "ထုပ်ပိုးလိုက်ကြ ၊ ငါတို့လည်း ထွက်ကြမယ်" လို့ပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ကပ္ပတိန်"

‎

‎

‎အသက်ရှင်ကျန်ရစ်သူများနှင့် နှိုင်းယှဉ်လျင် သူတို့ကတော့ မိသားစုစားသောက်ဆိုင်မှထွက်ခွာရန်အတွက် ငါးမိနစ်သာလိုအပ်သည်။ မသွားခင်မှာ ‎ကျင်းရွှီယန်းကပြောလိုက်တယ် "ဗိုလ်ကြီးရွှီ၊ ငါတို့ကလမ်းပြမယ်။ မင်းတို့ကတော့ ငါတို့နောက်ကို အနီးကပ်လိုက်ခဲ့ဖို့ပဲလိုတယ်"

‎

‎

‎"ကောင်းပြီ" ရွှီချွန်းက ချက်ချင်းပဲ သဘောတူလိုက်တယ်။

‎

‎

‎စစ်ယာဉ်သုံးသည့် ရွှီချွန်းတို့အဖွဲ့နှင့်မတူဘဲ

‎ ကျင်းရွှီယန်းရဲ့အဖွဲ့ကတော့ SUV ကားများကိုသာ အသုံးပြုခဲ့သည်။ ကျင်းရွှီယန်းကတော့ ထုံးစံအတိုင်းပဲ ကျိူးလီဇီရဲ့ SUT ကို မောင်းနှင်ခဲ့ပြီး ကျန်အဖွဲ့ဝင်များက ကားသုံးစီးခွဲကာသွားကြသည်။

‎

‎

‎ခဏလောက် ကားမောင်းပြီးနောက်မှာ ချင်လူဇီကပြောလာတယ် "အရှေ့မှာ ဖုတ်ကောင်အုပ်စုရှိတယ်။ ကျွန်တော်တို့ဆင်းပြီး လမ်းရှင်းရမယ်"

‎

‎

‎ဒါကိုကြားတော့ ရှန်းကျင်းဇီက Morse ကုဒ်ကိုသုံးပြီး အချက်ပြဖို့ ကားနောက်မီးတွေကို အသုံးပြုခဲ့ပါတယ်။ အချက်ပြမှုကိုမြင်တော့ အခြားကားတွေလဲ ရှေ့မီးကြီးကိုသုံးပြီး တုံ့ပြန်ခဲ့ပါတယ်။

‎

‎

‎ဖုတ်ကောင်တွေနဲ့ မီတာနှစ်ဆယ်လောက်ပဲဝေးတော့တဲ့ အချိန်မှာ သူတို့က ကားရပ်ပြီး ထွက်လာကြတယ်။ ဒါကိုမြင်တော့ ရွှီချွန်း နဲ့ သူ့အဖွဲ့ကလဲ သူတို့ရဲ့ကားပေါ်ကနေ ဆင်းလာကြတယ်။

‎

‎

‎"ငါတို့ဆက်မသွားခင် လမ်းကို အရင်ရှင်းမယ်" လို့ ကျင်းရွှီယန်းက သူတို့ကို အသိပေးတယ်။

‎

‎

‎ရွှီချွန်းက ဖုတ်ကောင်အရေအတွက်နှင့်ပတ်သက်၍ သူတို့ကိုသတိမပေးမီတွင်ပဲ နတ်ဆိုးအဖွဲ့သားများက သူတို့ရဲ့လေသေနတ်များကိုထုတ်ပြီး ဖုတ်ကောင်များကို စတင်ပစ်ခတ်နေပြီဖြစ်သည်။

‎

‎

"‎ပေါ့ပ် ပေါ့ပ် ပေါ့ပ်"

‎

‎

‎"ဂါး"

‎

‎

‎ဖုတ်ကောင်များက သူတို့ရဲ့ရနံ့ကို ဖမ်းမိသည်နှင့် ပါးစပ်ကျယ်ကျယ်ဖွင့်ကာ ပြေးလာကြသည်။ ဒါကိုမြင်တော့ ရွှီချွန်း နဲ့ သူ့အဖွဲ့သားတွေကလည်း သူတို့ရဲ့သေနတ်တွေကို ဆွဲထုတ်ပြီး ပစ်ဖို့ပြင်တယ်။

‎

‎

‎"သေနတ်တွေ မသုံးပါနဲ့၊ ဖုတ်ကောင်တွေကို မင်းတို့ပိုဆွဲဆောင်မိသွားလိမ့်မယ်" ဟု ကုန်းပိုင်က သူတို့ကို သတိပေးတယ်။

‎

‎

‎ဒါကိုကြားတော့ စစ်သားတစ်ယောက်ကမေးတယ်။ “ရဲဘော်၊ ငါတို့ကသေနတ်မသုံးရင် ဖုတ်ကောင်တွေကို ဘယ်လိုသတ်ရမလဲ"

‎

‎

*‎ပေါ့ပ်"

‎

‎

"မင်းတို့က လေသေနတ် ဒါမှမဟုတ် ဓါးကိုသုံးလို့ရတယ်" လို့ ပြောရင်း ကုန်းပိုင်က သူတို့ဘေးက ဖုတ်ကောင်တစ်ကောင်ကို သတ်ပစ်လိုက်တယ်။

‎

‎

‎ရွှီချွန်းက နတ်ဆိုးအဖွဲ့သားတွေရဲ့လက်ထဲက လေသေနတ်တွေကို ကြည့်ပြီးမေးလိုက်တယ် "ရဲဘော် ၊ မင်းတို့ လေသေနတ်ကို ဘယ်ကရခဲ့တာလဲ"

‎

‎

‎"ငါတို့ရဲ့အဖွဲ့သားများက ဒါတွေကို ဖန်တီးခဲ့တာ။ မင်း အတွက် အချို့ကို ဖန်တီးပေးနိုင်ပေမယ့်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ကတ်ထရိပ်တွေကိုဖြည့်ဖို့ လေအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ဦးလိုတယ်။ မဟုတ်ရင်တော့ ဓါးတွေကို အသုံးပြုလိုက်တာက ပိုကောင်းတယ်" ဟု ကုန်းပိုင် က ပြောလိုက်သည်။

‎

‎

‎" ဘန်းး"

‎

‎

‎စကားပြောနေစဉ်မှာ အရှေ့က အသံကြားလိုက်ရတာကြောင့် ခေါင်းကို လှည့်ကြည့်လိုက်တော့‎ ကျို့ဟွာကျဲက သူ့ရဲ့စပျစ်နွယ်ပင်တွေကိုအသုံးပြုပြီး ကားတွေကို လမ်းမပေါ်ကနေ ရွှေ့နေတာကို တွေ့လိုက်ရတယ်။ကားအမျိူးစုံကို အထပ်လိုက်စုတင်ထားတာမို့ လမ်းတွေပိတ်မနေတော့ဘူး။

‎

‎

‎ဒါကိုမြင်တော့ ရွှီချွန်းလည်း အံ့အားသင့်သွားတယ်။ စွမ်းရည်အသုံးပြုသူ ခုနစ်ဦးရှိတာကြောင့် သူရဲ့အဖွဲ့ဟာ စခန်းတွင်းမှာ အင်အားအကောင်းဆုံးအသင်းများထဲမှ တစ်သင်းအဖြစ် သတ်မှတ်ခံရတယ်။ ဒါပေမဲ့ နတ်ဆိုးအဖွဲ့နဲ့ ယှဉ်လိုက်ရင်တော့ သူတို့က ရုတ်တရက်ကြီး အားနည်းသွားပုံရတယ်။

‎

‎

နတ်ဆိုးအဖွဲ့တွင် သစ်သားအမျိုးအစား၊ သတ္တုအမျိုးအစားနှင့် လေအမျိုးအစား စွမ်းရည်အသုံးပြုသူများရှိရုံတင်မကဘဲ ၎င်းတို့ရဲ့ လက်ပစ်စွမ်းရည်နှင့် အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်တို့မှာလည်း သာလွန်ကောင်းမွန်သည်။ သူ့အဖွဲ့က‌တော့ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့နှင့် ခွန်အားကဲ့သို့သော အခြေခံစွမ်းရည်များကိုသာ နိုးထခဲ့သည်။

‎

‎

‎"ဗိုလ်ကြီး၊ ကျွန်တော်တို့ သူတို့ကို ကူညီရမလား" သူ့အဖွဲ့ထဲက တစ်ယောက်က မေးလာတယ်။

‎

‎

‎ရွှီချွန်းက ခေါင်းယမ်းပြီး "မလိုပါဘူး။ သူတို့ရဲ့ တိုက်ပွဲပုံစံကို ကြည့်ပြီး သူတို့ဆီက သင်ယူပါ"လို့ ပြောလိုက်တယ်။

‎

‎

‎"နားလည်ပါပြီ"

‎

‎

‎ဆယ့်ငါးမိနစ်လောက်ကြာတော့ ဖုတ်ကောင်အားလုံးက ရှင်းသွားပါပြီ။ ရွှီချွန်း နှင့်သူ့အဖွဲ့မှာ သူတို့ထွက်ခွာတော့မည်ဟုထင်သောအခါတွင် ရှန်းကျင်းဇီက ဖုတ်ကောင်များရဲ့အလောင်းများကို အပြာရောင်မီးလျှံဖြင့် မီးရှို့တာကိုတွေ့လိုက်ရပြီး ရှောင်ချီက အမြုတေများကို စုဆောင်းနေသည်။

‎

‎

‎ဤတစ်ကြိမ်တွင်တော့ နတ်ဆိုးအဖွဲ့မှာ သူတို့ကနဦးထင်ထားသည်ထက် ပိုမိုစွမ်းရည်ရှိသော စွမ်းရည်အသုံးပြုသူများ ရှိကောင်းရှိနိုင်တာကို နောက်ဆုံးတွင်သိရှိလာခဲ့သည်။

‎

‎

‎"ကပ္ပတိန်၊ ကျွန်တော်တို့ ပြီးပြီ" ရှောင်ချီက အစီရင်ခံပါတယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "သွားရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎သူတို့ စီးပွားရေးရပ်ကွက်ဆီသို့ နီးကပ်လာသည်နှင့်အမျှ ဖုတ်ကောင်အရေအတွက်က တိုးလာကာ လမ်းတွေကတော့ စွန့်ပစ်ထားသော ကားများကြောင့် ပိတ်ဆို့ခြင်း သို့မဟုတ် ယခင်က ထိုနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့သည်။

‎

‎

‎ဒါကိုမြင်တော့ ခြေလျင်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဖုန်းယွင်က သူတို့ရဲ့ယာဉ်များကို သူ့ရဲ့နေရာလွတ်၌ သိမ်းဆည်းပြီးနောက်တွင် ဝိန့်မို နှင့်‎ ဝိန့်ခိုင်တို့က သတ္တုဓားခုနစ်ချောင်းကို ဖန်တီးကာ ရွှီချွန်း နှင့် သူရဲ့အဖွဲ့အား ပေးအပ်ခဲ့သည်။

‎

‎

‎

‎

‎

အခန်း-(၂၀၃)

‎

‎"ဗိုလ်ကြီးရွှီ မင်းနဲ့ မင်းအဖွဲ့က အလယ်မှာနေသင့်တယ်" ကျန်းယွမ်က ပြောတယ်။

‎

‎

‎အားနည်းသူများကဲ့သို့ ဆက်ဆံခံရခြင်းက အရှက်ရစေသည်ဟု ခံစားရသော်လည်း ၎င်းတို့ မကန့်ကွက်နိုင်ပေ။ တကယ်လဲ သူတို့နဲ့ယှဉ်ရင် အားနည်းတယ်လေ။

‎

‎

‎သူတို့ စီးပွားရေးရပ်ကွက်ထဲကို မဝင်ခင်မှာပဲ ရှေကလမ်းမှာ ဖုတ်ကောင်တွေ ပြည့်နက်နေတာကို တွေ့လိုက်ရတယ်။ ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေက လေထဲမှာ ရှင်းရှင်းလင်းလင်းကို ပဲ့တင်ထပ်နေတယ်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီက မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ် "ဒီမှာကဘာလို့ ဖုတ်ကောင်တွေ ဒီလောက်များနေတာလဲ ၊ ကမ္ဘာပျက်ကပ်က မနက်မိုးလင်းမှ စဖြစ်မယ်ထင်တာ မဟုတ်ဘူးလား"

‎

‎

‎"ကမ္ဘာပျက်ကပ်မတိုင်မီက ဒီစီးပွားရေးရပ်ကွက်မှာ ညပွဲတစ်ခုကျင်းပခဲ့တယ်။ သူတို့ကစတိုးဆိုင်အားလုံးအတွက် 50%လျော့ဈေး လုပ်နေတယ်" ဟု ရွှီချွန်းမှရှင်းပြသည်။

‎

‎

‎"မထူးဆန်းပါဘူး" ကျိူးလီဇီ သက်ပြင်းချလိုက်တယ်။

‎

‎

‎သူမနဲ့ ရွှီချွန်း စကားပြောနေတာကိုမြင်တော့

‎ကျင်းရွှီယန်းက အနီးကပ်လာပြီး "အာ့ဇီ မကြောက်နဲ့ အစ်ကို ယန်းက မင်းကို ကာကွယ်ပေးမှာပါ" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီရဲ့ မျက်လုံးတွေကပြူးကျယ် သွားတယ်။ သူမက ကာကွယ်ရန်လိုအပ်နေသော နူးညံ့သိမ်မွေ့သော ပန်းတစ်ပွင့်မဟုတ်ပေ။

‎

‎

‎ကျင်းရွှီယန်းက သူမမျက်လုံးပြူးနေတာကိုတွေ့တော့ တခစ်ခစ်ရယ်ပြီး "အာ့ဇီ ကိုယ့်ကိုစောင့်ပါ"လို့ပြောလိုက်တယ်။

‎

‎

‎ဆယ်ကျော်သက်တစ်ယောက်လို ချစ်ဖို့ကောင်းနေတဲ့ ကပ္ပတိန်ကျင်းကို ကြည့်ပြီး ရွှီချွန်း နဲ့ သူ့အဖွဲ့ဟာ သိသိသာသာ တုန်လှုပ်သွားပါတယ်။

‎

‎

စီးပွားရေးနယ်မြေထဲကို မ၀င်ရောက်ခင်မှာ ဝိန့်မိုနှင့် ဝိန့်ခိုင် တို့က ရွှီချွန်းတို့အဖွဲ့အတွက် BB သေနတ်တွေကို ဖန်တီးပေးခဲ့ပါတယ်။

‎

‎

‎ဝိန့် ညီအစ်ကိုတွေက လက်ကို အကြိမ်ကြိမ်ဝှေ့ယမ်းပြီးသေနတ်တွေကို ဖန်တီးတာကို မျက်လုံးပြူးကျယ်နဲ့ ကြည့်နေကြတယ်။ လေသေနတ်များ အဆင်သင့်ဖြစ်သောအခါတွင် ချင်လူဇီက ကာဗွန်ဒိုင်အောက်ဆိုဒ် ကတ်ထရိပ်များကို အားဖြည့်လိုက်သည်။

‎

‎

‎ဒီတစ်ခါမှာတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။

‎

‎

‎ယာယီအသက်ရှင်ကျန်ရစ်သူ စခန်းတွင် လေအမျိုးအစား စွမ်းရည်အသုံးပြုသူ ရှိခဲ့သည်။ သူ့ရဲ့ ထိုးစစ်ဆင်နိုင်စွမ်းကြောင့် စခန်းတွင်း အရေးပါတဲ့ ရာထူးကို ထမ်းဆောင်ခဲ့ပြီး ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့မှာပါဝင်ခဲ့ပါတယ်။

‎

‎

‎ထိုလူက အလွန်အစွမ်းထက်နေပြီဟု ထင်ခဲ့ကြသော်လည်း ယခုအခါ နတ်ဆိုးအဖွဲ့သားများနှင့် နှိုင်းယှဉ်လိုက်ပါက ထိုသူက ဟာသတစ်ခုလိုဖြစ်သွားသည်။

‎

‎

‎ချင်လူဇီက ကာဗွန်ဒိုင်အောက်ဆိုဒ် ကတ်ထရိပ်များကို ဖြည့်ပြီးနောက်တွင် သေနတ်များကို လွှဲပေးကာ "ကတ်ထရိပ်တွေ လိုနေရင် ငါ့ကို ရှာလိုက်ပါ။ အဲဒါတွေကို မင်းတို့အတွက် ငါ ထပ်ဖြည့်ပေးမယ်။ မလိုအပ်ရင် မင်းတို့ရဲ့စွမ်းအင်တွေကို မသုံးနဲ့" လို့ ပြောလိုက်တယ်။

‎

‎

ရွှီချွန်းက သေနတ်ကို လက်ခံပြီး "ကောင်းပြီ" ဟုဆိုသည်။

‎

‎

‎သိပ်မကြာခင်မှာပဲ ကျန်းယွမ်က လမ်းလျှောက်လာပြီး "အားလုံးအဆင်သင့်ဖြစ်ပြီလား"လို့ မေးလိုက်တယ်။

‎

‎

‎ချင်လူဇီက ခေါင်းညိတ်ပြီး "ဒုကပ္ပတိန်၊ ကျွန်တော်တို့သွားဖို့ အဆင်သင့်ဖြစ်ပြီ" လို့ ပြန်ဖြေတယ်။

‎

‎

‎ကျင်းရွှီယန်းက အဖွဲ့ကို အုပ်စုနှစ်စုခွဲစေပြီး တစ်ဖွဲ့က လမ်းဖွင့်ပေးကာ နောက်တစ်ဖွဲ့က အနောက်တန်းကို စောင့် စေသည်။ လူတိုင်းကအနားယူပြီး သူတို့ရဲ့အားအင်တွေ ပြန်လည်ရရှိလာစေဖို့အတွက် နာရီတိုင်းမှာ အလှည့်ကျလုပ်ကြပါတယ်။ ရွှီချွန်း နှင့်သူရဲ့အဖွဲ့က ဖွဲ့စည်းပုံရဲ့ဗဟိုတွင်ရှိနေသည်။

‎

‎

‎"သွားကြရအောင်"

‎

‎

‎ကျင်းရွှီယန်းရဲ့ အမိန့်ဖြင့် သူတို့သည် စီးပွားရေးရပ်ကွက်ရှိ အကြီးဆုံး စျေးဝယ်စင်တာဆီသို့ ဦးတည်သွားခဲ့ကြသည်။ သူတို့ စင်တာဧရိယာထဲကိုဝင်လိုက်တာနဲ့ စင်တာပတ်ပတ်လည် ပတ်ဝန်းကျင်က ဖုတ်ကောင်တွေက သူတို့ကို သတိထားမိသွားတယ်။

‎

‎

‎"ဂါးးး"

‎

‎

"‎ပေါ့ပ် ပေါ့ပ် ပေါ့ပ်"

‎

‎

‎ဖုတ်ကောင်တွေက ပြေးဝင်လိုက်တာနဲ့ သူတို့ရဲ့ လေသေနတ်တွေနဲ့ပစ်ခတ်ပြီး ထိရောက်စွာသတ်ပစ်လိုက်တယ်။ ဖုတ်ကောင်အရေအတွက်များသောကြောင့်၊ ၎င်းတို့သည် ဖြည်းဖြည်းချင်းသာ ရှေ့သို့ ရွေ့လျားနိုင်တယ်။

‎

‎

"‎ပေါ့ပ် ပေါ့ပ် ပေါ့ပ်"

‎

‎

‎

‎သူတို့က အရှေ့တက်သွားပြီး ဖုတ်ကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ပစ်ကြတယ်။ အဖွဲ့သားများက ဖုတ်ကောင်များကိုသတ်နေစဉ်တွင် ရှန်းကျင်းဇီ နှင့် ကျင်းရွှီယန်းတို့က အလောင်းများကိုမီးရှို့ခဲ့ကြပြီး‎ ကျိူးလီဇီ နှင့် ရှောင်ချီတို့က အမြုတေများကိုသိမ်းယူခဲ့သည်။

‎

‎

ရွှီချွန်း နှင့်အဖွဲ့တို့ဟာ ‎သူတို့ရဲ့ချောမွေ့သော အဖွဲ့လိုက်ညှိနှိုင်းဆောင်ရွက်မှုကို ဂရုတစိုက် စောင့်ကြည့်မှတ်သားခဲ့တယ်။

‎

‎

နောက်ဆုံးတော့ ‎မိနစ်လေးဆယ်အကြာတွင်မှ စင်တာထဲသို့ သူတို့ ရောက်ရှိခဲ့ကြသည်။ ယခုတစ်ကြိမ်ရှိ အဆောက်အအုံအပြင်ဘက်က ဖုတ်ကောင်အရေအတွက်ဟာ သောင်းနှင့်ချီ၍ ကျော်လွန်သွားခဲ့သည်။

‎

‎

‎"ရားးး"

‎

‎

‎"သတိထားပါ။ ဒီဧရိယာမှာ အဆင့်နှစ်ဖုတ်ကောင်တွေနဲ့ အဆင့်သုံး ဖုတ်ကောင်တွေ အများကြီးရှိတယ်" ဟု ချင်လူဇီ က သတိပေးသည်။

‎

‎

‎သူပြောပြီးသည်နှင့် လေ့ကျင့်ခန်းဘောလုံးအရွယ်အစားရှိတဲ့ မီးလုံးကြီးတစ်ခုက သူတို့ထံကို အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာသည်။

‎

‎

‎"ဘုန်းး"

‎

‎

‎သူတို့ကို မထိမီတွင်ပဲ ဖရဲသီးအရွယ်အစားရှိတဲ့ အပြာရောင် မီးလုံးတစ်လုံးက အရှေ့ကိုထွက်ပြီး ဝင်တိုက်သွားတယ်။

‎

‎

‎အပြာရောင်မီးလုံးက သေးငယ်သော်လည်း ၎င်းရဲ့ အပူချိန်နှင့် စွမ်းအားမှာ ပိုမိုမြင့်မားသည်။ အနီရောင်မီးလုံးကြီးကို ငြှိမ်းသတ်ပြီးနောက်တွင်တောင် ၎င်းက ဆက်လက်ပျံသန်းသွားပြီး ဖုတ်ကောင်အုပ်စုကိုထိမှန်ကာ ချက်ချင်းသေဆုံးသွားစေခဲ့သည်။

‎

‎

‎"ဒါက အဆင့်သုံး ဖုတ်ကောင်"

‎

‎

‎ချင်လူဇီရဲ့ သတိပေးချက်ကိုကြားတော့ နတ်ဆိုးအဖွဲ့သားများဟာ သူတို့ရဲ့သေနတ်များကိုလက်တစ်ဖက်ကကိုင်ဆောင်ကာ ကျန်လက်တစ်ဖက်ဖြင့်တော့ ဓားများကိုဆွဲထုတ်ခဲ့သည်။

‎

‎

‎အဆင့်မြင့်ဖုတ်ကောင်များကို သေနတ်များဖြင့် တိုက်ခိုက်ခြင်းက ထိရောက်မှုမရှိပေ။ မှန်ကန်စွာချိန်ရွယ်နိုင်ရန် ခဲယဉ်းပြီး တိုက်ခိုက်မှုကိုတားဆီးရန် အခွင့်အလမ်း နည်းလွန်းသည်။ ကျည်ဆန်တွေကို ဖြုန်းတီးပစ်ပြီး ဒဏ်ရာရနိုင်တာထက် ဓါးတွေနဲ့ တိုက်ခိုက်တာက ပိုကောင်းပါတယ်။

‎

‎

‎သူပြောပြီးတာနဲ့ပဲ နောက်ထပ်မီးလုံးနှစ်လုံးက သူတို့ဆီကို ပျံဝင်လာတယ်။ ဤတစ်ကြိမ်တွင်တော့‎ ကျင်းရွှီယန်းက သူရဲ့ဓားရှည်ကိုထုတ်ပြီး အလျားလိုက် ခုတ်လွှဲလိုက်သည်။

‎

‎

" ဝှစ် ဘုန်းးး ဘုန်း"

‎

‎

‎လခြမ်းပုံသဏ္ဌာန်ရှိသော အနက်ရောင်မီးဓားက ပျံထွက်သွားပြီး လေထဲကမီးလုံးများနှင့် ထပ်တိုက်တွေ့သည်။ ထွက်ပေါ်လာသောပေါက်ကွဲအားက လေလှိုင်းများနဲ့အတူ ဖုန်မှုန့်များနှင့် အပျက်အစီးများ လွင့်ပျံလာစေတယ်။

‎

‎

‎"ပုံစံနဲ့နေပါ။ အဲဒီဖုတ်ကောင်တွေကို ငါကိုင်တွယ်မယ်။ ကျန်တဲ့သူတွေက ကျန်တဲ့ဖုတ်ကောင်တွေကို ဆက်ရှင်းပစ်"

‎

‎

‎"ဟုတ်ကဲ့ ကပ္ပတိန်"

‎

‎

စကားပြောပြီးတာနဲ့ ကျင်းရွှီယန်းက ဒူးကိုကွေးပြီး လေထဲကို ခုန်ဝင်လိုက်တယ်။

‎

‎

" ကလန်"

‎

‎

‎ချွန်ထက်သော လက်သည်းများနှင့် ဓားသွားရဲ့ထိရိုက်သံများက ဧရိယာအနှံ့မှာ ပဲ့တင်ထပ်သွားတယ်။ အနက်ရောင်မျက်လုံးတစ်စုံကိုတွေ့လိုက်ရတော့ ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်သည်။

‎

‎

" ဒုန်း ဘုန်းး"

‎

‎

‎အန္တရာယ်ကိုခံစားသိရှိလိုက်သဖြင့် ဖုတ်ကောင်က ကျင်းရွှီယန်းကို ကန်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ကျသွားစေခဲ့သည်။ ဖုတ်ကောင်က အနီးနားရှိ ကားတစ်စီးပေါ်မှ ဆင်းသက်စဉ်တွင်ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုက မြေပြင်ကို အက်ကွဲသွားစေသည်။

‎

‎

‎"ဂရားးးး"

‎

‎

‎ဖုတ်ကောင်က ဒေါသတကြီးဟောက်ကာ မီးလုံးသုံးလုံး ပစ်လိုက်တယ်။

‎

‎

‎" ဘုန်း ဘုန်း ဘုန်း"

‎

‎

‎မီးလုံးများက မြေပြင်ပေါ်သို့ထိမှန်ကာ ပေါက်ကွဲသွားခဲ့သည်။ ပေါက်ကွဲမှုကို မြင်လိုက်ရတော့ နတ်ဆိုးအဖွဲ့သားတွေရဲ့ မျက်လုံးတွေက ထိတ်လန့်တကြားဖြင့် ပြူးကျယ်သွားတယ်။

‎

‎

‎"ကပ္ပတိန်"

‎

‎

‎သူတို့ရဲ့အသံများ ပျောက်ကွယ်မသွားမီတွက် ကျင်းရွှီယန်း က ဖုန်မှုန့်တောထဲမှ ခုန်ထွက်လာခဲ့သည်။ လေထဲတွင် ရှိနေစဉ်မှာပဲ သူ့ရဲ့ဓားရှည်ကို အောက်သို့ခုတ်ချလိုက်ပြီး ဖုတ်ကောင်ဆီသို့ နောက်ထပ်မီးတောက်ဓါးတစ်ချောင်းကို ပေးပို့လိုက်သည်။ ယခင်ကနှင့်မတူဘဲ၊ ဤမီးတောက်ဓားကတော့ ပိုကြီးပြီး ပိုမြန်သည်။

‎

‎

‎"ဘုန်းးး"

‎

‎

‎ဖုတ်ကောင်က မတုံ့ပြန်နိုင်မီတွင်ပဲ မီးဓားက ၎င်းရဲ့ပစ်မှတ်ဆီ ရောက်ရှိသွားသည်။ အသတ်မခံရအောင်အတွက် ဖုတ်ကောင်က သူ့ခန္ဓာကိုယ်ကို ယိမ်းလိုက်တယ်။

‎

‎

‎

‎"ဂရားးးး"

‎

‎

‎သေခြင်းတရားကို အကျဉ်းအကြပ်ထဲ ရှောင်ရှားနိုင်ခဲ့သော်လည်း ဒဏ်ရာရရှိခဲ့တယ်။ ပခုံးမှပြတ်သွားတဲ့ လက်နှစ်ဖက်စလုံးမှာလည်း အနက်ရောင်မီးလျှံများစွဲနေကာ မြေပြင်ပေါ်သို့ကျသွားသည်။

‎

‎

‎ဒါကိုမြင်တော့ ကျင်းရွှီယန်းရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကြွတက်လာတယ်။ မြေပြင်ကိုဆင်းသက်ပြီးနောက်တော့ လက်ကိုထပ်မြှောက်တင်လိုက်သည်။ နောက်အခိုက်အတန့်တွင်ပဲ ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်မီးလျှံက ရုတ်တရက်ကြီး ပိုတောက်လောင်လာခဲ့တယ်။

‎

‎

‎"ဂါးးး"

‎

‎

‎

‎

‎

အခန်း-(၂၀၄)

‎

‎ဖုတ်ကောင်က မြေပြင်ပေါ်တွင်လိမ့်၍ မီးကိုငြှိမ်းသတ်ရန် ကြိုးစားသည်။ ဒါပေမယ့် ငြိမ်းသွားမယ့်အစား အနက်ရောင်မီးတောက်တွေက ပိုကြီးလာပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပါတယ်။

‎

‎

‎ကျင်းရွှီယန်းက မီးတောက်များထဲသို့ စွမ်းအင်ပိုထည့်လိုက်သည်နှင့်မကြာမီတွင်ပဲ ဖုတ်ကောင်ဟာ အနက်ရောင်ပြာပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိဖုတ်ကောင်များဟာလည်း ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

‎

‎

‎မြေပြင်ပေါ်က ပြောင်လက်နေသော အမြုတေများကို မြင်လိုက်ရသဖြင့် ရှောင်ချီက ၎င်းတို့ကို သူ့နေရာလွတ်တွင် အမြန်ကောက်ယူလိုက်သည်။

‎

‎

‎အဆင့်သုံးဖုတ်ကောင်ကို အနိုင်ယူပြီးနောက်တော့ ကျင်းရွှီယန်းနှင့်အဖွဲ့ဟာ ကျန်ရှိနေသောဖုတ်ကောင်များကို သူတို့ရ‌ဲ့ BB သေနတ်များဖြင့်သာ ပြန်လည်ရှင်းလင်းခဲ့သည်။

‎

‎

စင်တာအ၀င်ဝသို့ မရောက်မီ နာရီများစွာကြာခဲ့သည်။ ထိုအချိန်တွင် ရွှီချွန်း နှင့် သူ့အဖွဲ့ဟာ ပင်ပန်းနေပြီဖြစ်သည်။

‎

‎

ဖုတ်ကောင်များကိုသတ်ရန်အတွက် သူတို့ရဲ့စွမ်းရည်များကိုအသုံးမပြုသော်လည်း သေနတ်များကို အကြာကြီးကိုင်ထားခြင်းက သူတို့ရဲ့လက်များကို နာကျင်စေသည်။အချိန်တိုင်းမှာအာရုံစူးစိုက်အပြည့်ဖြင့်နေရတာကြောင့် အာရုံကြောများကတင်းမာနေကာ စိတ်ပိုင်းဆိုင်ရာကလည်း ပင်ပန်းနွမ်းနယ်နေခဲ့ရတယ်။

‎

‎

ကျင်းရွှီယန်းက ‎သူတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုကို သတိပြုမိတော့

‎ "ငါတို့ မြေညီထပ်ကို သန့်ရှင်းရေးလုပ်ပြီးရင် အရင်အနားယူမယ်"လို့ ပြောလိုက်တယ်။

‎

‎

‎“နားလည်ပါပြီ"

‎

‎

‎သူတို့မှာ ခွန်အားနှင့် ခံနိုင်ရည်တွေ ပြည့်ဝနေသေးတာကို မြင်လိုက်ရတော့ ရွှီချွန်းတို့အဖွဲ့ဟာ အံကိုသာကြိတ်ကာ သူတို့နောက်သို့ ဆက်လက်လိုက်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ နိုင်ငံအတွင်းက အပြင်းထန်ဆုံးအသင်းတွေထဲက တစ်သင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို သိရှိလာခဲ့ပါတယ်။

‎

‎

‎"ဗိုလ်ကြီးရွှီ နောက်ထပ် နာရီဝက်လောက် ထိန်းထားနိုင်‌ သေးလား"

‎

‎

‎သူ့ဘေးမှ ချိုမြိန်ပျော့ပျောင်းသော အသံကို ရုတ်တရက်ကြားလိုက်ရသဖြင့် ရွှီချွန်းကခေါင်းကို လှည့်ကြည့်လိုက်ရာ ကျိူးလီဇီက သူ့ကို စိုးရိမ်တကြီးဖြင့် ကြည့်နေတာကို တွေ့လိုက်ရတယ်။ နဖူးနှင့်နှာခေါင်းတို့တွင် ချွေးအလွှာပါးများရှိခြင်းအပြင် အခြားသော ပင်ပန်းနွမ်းနယ်မှု လက္ခဏာများ ဘာမှမပြပေ။

‎

‎

‎ကလေးမလေးထက် အားနည်းနေတဲ့အတွက် ရှက်ရွံ့စွာ ခေါင်းညိတ်ပြပြီး "ငါ အဆင်ပြေပါတယ်"လို့ ပြောလိုက်တယ်။

‎

‎

‎သူ့အဝတ်အစားတွေမှာ ချွေးတွေရွှဲနေတာကိုမြင်တော့ ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ သူမရဲ့အိတ်ကပ်ထဲက အမြုတေတစ်လုံးကိုယူပြီး သူ့ဆီပေးလိုက်တယ်။

‎

‎

‎"ဗိုလ်ကြီးရွှီ ရှင်က စွမ်းရည်ကိုအသုံးပြုသူမို့လို့ ဒီအမြုတေ ထဲက စွမ်းအင်ကို စုပ်ယူဖို့ကြိုးစားသင့်တယ်။ ရှင့်ရဲ့ စွမ်းရည်က ဘာလဲဆိုတာကို ကျွန်မ မသိပေမယ့် စွမ်းအင်ကိုစုပ်ယူတုက ရှင့်ရဲ့ ခံနိုင်ရည်နဲ့ ခွန်အားတွေကို ပြန်လည်ရရှိဖို့ ကူညီပေးမှာပါ"

‎

‎

သူမရဲ့ စကားကိုကြားတော့ ‎ရွှီချွန်းက အံ့သြသွားတယ်။

‎

‎

‎ဆေးရုံများမှ ကယ်တင်ခဲ့သော ဆရာဝန်များနှင့် သုတေသီများရဲ့ကျေးဇူးကြောင့် ဖုတ်ကောင်များရဲ့ဦးခေါင်းများအတွင်း၌ တွေ့ရသောအမြုတေများတွင် အမည်မသိ စွမ်းအင်တစ်ခု ပါ၀င်ကြောင်း သိရှိခဲ့ကြသည်။ ဒါပေမယ့် ဒီစွမ်းအင်ကို ဘယ်လိုသုံးရမယ်ဆိုတာကို သိနေနေဖို့သာသာ ဒါရှိတာကိုတောင် လူတော်တော်များများက မသိကြပါဘူး။

‎

‎

‎အတွေးပျောက်နေတာကိုမြင်တော့ ကျိူးလီဇီက ထပ်ခေါ်လိုက်တယ် "ဗိုလ်ကြီးရွှီ"

‎

‎

‎သူ့အာရုံတွေကိုပြန်ဝင်လာတော့ ရွှီချွန်းက အမြုတေကိုလက်ခံလိုက်ပြီး "စွမ်းအင်ကို ငါဘယ်လိုစုပ်ရမလဲ"လို့ မေးတယ်။

‎

‎

‎"ဗိုလ်ကြီးရွှီ အမြုတေကို ရှင်ကိုင်လိုက်တဲ့အခါကြရင် ရှင်ရဲ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ စီးဆင်းနေတာ ရှင်ခံစားနိုင်လား" ကျိူးလီဇီက မေးသည်။

‎

‎

‎သူ့ရဲ့စိတ်ကို အာရုံစူးစိုက်ကြည့်တော့ သူ့ချွေးပေါက်များမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးမှုအနည်းငယ် စိမ့်ဝင်လာတာကို ခံစားလိုက်ရသည်။ သူက ခေါင်းညိတ်လိုက်ပြီး သူမနောက်ပြောလာမည့်စကားများကို စောင့်ဆိုင်းနေခဲ့တယ်။

‎

‎

‎"ရှင့်ရဲ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေလမ်းညွှန်ဖို့ ကြိုးစားကြည့်ပါ"

‎

‎

‎သူမရဲ့ ညွှန်ကြားချက်အတိုင်းလိုက်ကာ ရွှီချွန်းက အာရုံစူးစိုက်လိုက်သည်။ မကြာမကြာပဲ စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တည်ငြိမ်စွာ ဝင်ရောက်လာခဲ့သည်။

‎

‎

‎သူ့ရဲ့သွေးပြန်ကြောများမှတဆင့် စီးဝင်လာသည်နှင့်အမျှ သူရဲ့ပင်ပန်းနွမ်းနယ်မှုနှင့် ကြွက်သားများ နာကျင်ခြင်းက ပျောက်ကင်းသွားသည်။ စွမ်းအင်က သူ့ဦးနှောက်ထဲရောက်သွားတဲ့အခါမှာ အမည်မသိစွမ်းအားတစ်ခုက စုပ်ယူသွားသည်။

‎

‎

‎ထိုအခိုက်အတန့်တွင်ပဲ သူရဲ့ ခွန်အားနှင့် ခံနိုင်ရည်ကလည်း ချက်ချင်း ပြန်လည်ကောင်းမွန်လာသည်။ သူ့ခန္ဓာကိုယ်အတွင်းက အပြောင်းအလဲများကို ခံစားလိုက်ရသဖြင့် ကျိူးလီဇီကို အံ့အားသင့်စွာကြည့်လိုက်သည်။

‎

‎

‎သူ့အကြည့်တွေကို တွေ့လိုက်ရတော့ သူအောင်မြင်သွားပြီဆိုတာ သူမသိလိုက်တယ်။ သူမရဲ့အိတ်ထဲမှ အမြုတေ လက်တစ်ဆုပ်စာကိုထုတ်ယူပြီး သူ့ထံသို့ ပေးလိုက်သည်။

‎

‎

‎"ဗိုလ်ကြီးရွှီ ဒါတွေကို မင်းရဲ့အဖွဲ့သားတွေဆီ ခွဲပေးပြီး စွမ်းအင်ကို စုပ်ယူတဲ့နည်းကို သင်ပေးလိုက်ပါ။ ကျွန်မတို့မှာက ခရီးအရှည်ကြီးကျန်သေးတယ်။ လူတိုင်းက မြန်မြန်ပြန်ကောင်းလာဖို့ လိုတယ်" ဟု သူမက ပြုံးလျက်ပြောလိုက်သည်။

‎

‎

‎စကားဆုံးတာနဲ့ သူမကအုပ်စုရဲ့ အနောက်ဘက်သို့ လျှောက်သွားခဲ့သည်။ ကျင်းရွှီယန်းရဲ့ အနားကိုလျှောက်သွားရင်း သူ့ကို လှမ်းကြည့်လိုက်တော့ အေးစက်သောအမူအရာက ပြောင်းလဲသွားတာကို မတွေ့လိုက်ရပေ။ ဒါပေမယ့် သူ့ရဲ့ပတ်ဝန်းကျင်မှာ လေဖိအားနည်းရပ်ဝန်းကို ခံစားရတယ်။

‎

‎

‎သူစိတ်ဆိုးနေတာကို သူမသိတယ်။ပြီးတော့ သူ အားကျနေတာလည်း ဖြစ်နိုင်တယ်။ သူ့ရဲ့ခံစားချက်တွေဟာ လွှမ်းမိုးလိုစိတ်နဲ့ စိတ်ကြိုက်ကြီးစိုးလိုတာမျိုးလို့ သူမထင်ပေမယ့် သူကိုနားလည်ပေးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမကိုယ်တိုင်ကလည်း သူ အခြားအမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတာကို မြင်ရရင် စိတ်တိုနေမိလို့ပါပဲ။

‎

‎သူမ သူ့ကိုကြည့်နေချိန်မှာပဲ ကျင်းရွှီယန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ပတ်ဝန်းကျင်က ဖုတ်ကောင်တွေကို ပြာအဖြစ် မီးရှို့ပစ်လိုက်တယ်။ အာ့ဇီထံတွင် သူရဲ့ဒေါသကို မထုတ်နိုင်သောကြောင့် ဖုတ်ကောင်များပေါ်မှ ပစ်ထုတ်ခဲ့တယ်။

‎

‎

‎စွမ်းအင်ပမာဏများစွာကို စုပ်ယူလိုက်ပြီးတာနဲ့ သူမလက်ကို ကိုင်ကာ တိတ်တိတ်ဆိတ်ဆိတ် လွှဲပေးလိုက်တယ်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီက တခစ်ခစ်ရယ်ပြီး “အစ်ကိုယန်း၊ မင်း မနာလိုဖြစ်နေတာလား” လို့ ရွှတ်နောက်နောက်မေးရင်း လက်တွေကို ယှက်နွယ်ထားလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမကို လှမ်းကြည့်သော်လည်း ပြန်မဖြေဘူး။ သူမကို မလိမ်ချင်ပေမယ့် ဝန်လည်းမခံချင်ဘူး။ ဒါနဲ့ပဲ သူ တိတ်တိတ်လေးပဲနေလိုက်တယ်။

‎

‎

‎"အစ်ကိုယန်း စိတ်မဆိုးပါနဲ့။ ဗိုလ်ကြီးရွှီကို အကြည်ရောင်အမြုတေကနေ စွမ်းအင်တွေကို ဘယ်လိုစုပ်ယူရမလဲဆိုတာကိုပဲ သင်ပေးခဲ့တယ်။ သူတို့သာ ပင်ပန်းနွမ်းနယ်လို့ လဲကျသွားရင် သူတို့က ကျွန်မတို့ကို ဆွဲချလိမ့်မယ်။ ကျွန်မတို့အဖွဲ့အတွက် လုပ်ခဲ့တာပါ" ဟု သူမက ရှင်းပြသည်။

‎

‎

‎သူမရှင်းပြတာကိုကြားတော့ သူ့စိတ်တွေကသက်သာလာပြီး နောက်ဆုံးတော့စကားပြောလိုက်တယ် "တကယ်လား"

‎

‎

‎"ဟုတ်တယ် ၊ အစ်ကိုယန်း မင်းက ကျွန်မအတွက် အရေးကြီးဆုံးဆိုတာ မင်းသိပါတယ်။ ဒါကြောင့် ကျွန်မကို လျစ်လျူရှု နေတာ ရပ်လို့ရမလား" ‎ကျိူးလီဇီက တိုးတိုးလေးမေးလိုက်တယ်။

‎

‎

‎စိတ်အ‌ခြေအနေ ပိုကောင်းလာတာမို့ ‎ကျင်းရွှီယန်းက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး "ကိုယ် မင်းကို လျစ်လျူမရှုပါဘူး။ ကိုယ့်ကို လျစ်လျူရှုထားတာက အာ့ဇီပဲ" လို့ ပြန်ဖြေတယ်။

‎

‎

‎"ကောင်းပြီ၊ အဲဒါ ကျွန်မအမှားပါ။ ကျွန်မတောင်းပန်ပါတယ်။ စိတ်ဆိုးမနေနဲ့တော့ ဟုတ်ပြီလား" ကျိူးလီဇီက သူ့ကို ချော့သည်။

‎

‎

သူတို့ကို ဖုတ်ကောင်များက ဝန်းရံခံထားဆဲဖြစ်သောကြောင့် ကျင်းရွှီယန်းက ခေါင်းညိတ်ကာ "ကောင်းပြီ" ဟု ပြောလိုက်သည်။

‎

‎

‎သူတို့နှစ်ဦးရဲ့ ပတ်ဝန်းကျင်မှာ ပန်းရောင်ပူဖောင်းများထွက်ပေါ်နေပြီး အချင်းချင်း တိုးတိုးတိတ်တိတ် တီးတိုးပြောဆိုနေကြသော်လည်း သူတို့ရဲ့တိုက်ခိုက်မှုများမှာ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။

‎

‎

‎နတ်ဆိုးအဖွဲ့သားများက သူတို့ကို ကြည့်ရှုခဲ့ကြပြီးတဲ့နောက်တွင်တော့ ကျောရိုးများအေးစက်သွားတာကို ခံစားမိသွားရသည်။

‎

‎

‎ကျင်းရွှီယန်းထံမှ စွမ်းအင်ဖြင့် ကျိူးလီဇီက ရေဓါးသွားများကိုဆင့်ခေါ်ပြီး သူမတို့ရဲ့ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ခေါင်းဖြတ်ခဲ့သည်။ ဓါးသွားများက ဖုတ်ကောင်တို့ရဲ့ ဦးခေါင်းများကို ဖြတ်တောက်ကာပျံသန်းလာစဉ်တွင်ပဲ ပုပ်နေသော ဦးခေါင်းခွံများကို လှီးဖြတ်ကာ ဦးနှောက်များကိုသန့်ရှင်းသန့်ရပ်စွာဖြင့် တစ်ခြမ်းခြမ်းထုတ်လိုက်ကြတယ်။

‎

‎

‎ဖုတ်ကောင်များလဲကျသွားတော့ အနက်ရောင်သွေးများနှင့် ပုပ်နေသောအရာများက မြေပြင်အနှံ့ ပြန့်ကျဲသွားတယ်။ ခြောက်သွေ့အက်ကွဲနေသောလူသွားလမ်းက စေးကပ်နေသောသွေးများဖြင့် လျင်မြန်စွာဖုံးလွှမ်းသွားပြီး လေထုအတွင်းမှာလည်း အနံ့အသက်ဆိုးများ ပြည့်နှက်သွားသည်။

‎

‎

‎ကျိူးလီဇီက ဘယ်ညာ ဧရိယာများကို ကာကွယ်ထားသဖြင့် ကျင်းရွှီယန်းက အနီးအနားကို စောင့်ကြပ်ခဲ့သည်။

‎

All Chapters