← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း-(၂၀၅)

‎

‎

‎ကျင်းရွှီယန်းက သူ့လက်များကို မြှောက်လိုက်ပြီး အနက်ရောင်မီးလျှံတစ်ခုဖန်တီးကာ သူတို့အနောက်မှ မီတာတစ်ရာပတ်လည်ကို ဖုံးလွှမ်းသွားစေသည်။ အနက်ရောင်မီးလျှံနှင့် ထိတွေ့မိသည့် မည်သည့်ဖုတ်ကောင်မဆို တစ်မိနစ်အတွင်း ပြာဖြစ်သွားတယ်။

‎

‎

‎ချင်လူဇီက သူရဲ့ကပ္ပတိန်နှင့် ခယ်မတို့ ပျော်ရွှင်နေတာကို မြင်တဲ့အခါ၊ သူ သေနတ်ကိုကိုင်ဆောင်ကာ လေထဲသို့ ခုန်ဆင်းသွားခဲ့သည်။

‎

‎

‎ရွှီချွန်း နဲ့ သူ့အဖွဲ့ဟာတော့ ချင်လူဇီက ဖုတ်ကောင်အုပ်စုထဲကို ရုတ်တရက်ခုန်ဆင်းသွားတာ တွေ့လိုက်ရတော့ အံ့အားသင့်သွားကြတယ်။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပဲ သူ့ကို လေထဲလွင့်နေတာ တွေ့လိုက်ရတယ်။ ခဏချင်းမှာပဲ သူတို့ရဲ့ မေးရိုးတွေ ပြုတ်ကျသွားတယ်။

‎

‎

‎ဖုတ်ကောင်များရဲအထက်တွင် ပျံဝဲနေသော

‎ချင်လူဇီက သူ့လက်ကို မြှောက်လိုက်တယ်။ သူ့လက်ချောင်းများကို လျှပ်တပြက်ဖြင့်လှုပ်ရှားလို့ လေထဲက အက်တမ်များ ကိုရွေ့လျားစေကာ ပေါင်းစပ်နေသည်။

‎

‎

" ဘုန်း ဘုန်း ဘုန်း "

‎

‎

‎စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဖုတ်ကောင်အုပ်စုများစွာက ပေါက်ကွဲသွားတယ်။ ဖုတ်ကောင်တစ်ရာကျော်က ချက်ချင်းအသတ်ခံလိုက်ရပြီး သွေးအိုင်နှင့် အသားပုပ်များ ဖြစ်သွားသည်။

‎

‎

‎"ကပ္ပတိန် ၊ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကိုသုံးရတာက ပိုမြန်တယ်" လို့ ချင်လူဇီက သူ့တိုက်ခိုက်မှုတွေကို ဆက်လုပ်နေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

‎

‎

‎သူ့နာရီကို စစ်ဆေးကြည့်ပြီးတော့ ကျင်းရွှီယန်းက "မိနစ်သုံးဆယ်အတွင်း ဧရိယာကို ရှင်းပစ်ပါ" လို့ ပြောလိုက်တယ်။

‎

‎

သူ့စကားကိုကြားတာနဲ့ ‎နတ်ဆိုးအဖွဲ့သားတွေရဲ့ မျက်လုံးတွေက လင်းလက်သွားပါတယ်။ သူတို့အားလုံးက နောက်ဆုံးတော့ တိုက်ခိုက်နိုင်ပြီ။ သူ့အမိန့်အတိုင်းကိုကြားတာနဲ့ ရှန်းကျင်းဇီက အပြာရောင်မီးလုံးတစ်လုံးကို ဖုတ်ကောင်အဝိုင်းထဲသို့ ပစ်လွှတ်လိုက်သည်။

‎

‎

"‎ဝူရှ် ဗွမ်း"

‎

‎

‎ချင်လူဇီက အက်တမ်များကို လက်တစ်ဖက်ဖြင့် ခြယ်လှယ်နေချိန်တွင် အခြားလက်တစ်ဖက်ကို အသုံးပြု၍ လေဆင်နှာမောင်းကို ခေါ်ဆိုသည်။ လေဆင်နှာမောင်းကအပြာရောင်မီးလုံးနဲ့ ဆုံမိသွားသောအခါတွင် ပြင်းထန်သော မီးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားတယ်။

‎

‎

‎ချင်လူဇီက လေဆင်နှာမောင်းကို ထိန်းချုပ်နိုင်သဖြင့် ရှန်းကျင်းဇီက သူ့ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားသည်။ ခဏလောက်စဉ်းစားပြီးတဲ့အခါမှ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး သူ့လက်ဖဝါးကြားမှာ စွမ်းအင်တွေကို စုဆောင်းလိုက်တယ်။

‎

‎

‎မကြာခင်မှာပဲ သူတို့ပတ်ဝန်းကျင်မှာ မြင်သာထင်သာရှိတဲ့ အပြာရောင်အမြှေးပါးတစ်ခု ဖြစ်ပေါ်လာပြီး အချင်းနှစ်မီတာရှိတဲ့ မီးလုံးကြီးတစ်ခု သူ့ခေါင်းထက်မှာ ပေါ်လာတယ်။ အပူချိန်က သိသိသာသာ တိုးလာပေမယ့် သူကတော့ ပုံမှန်အတိုင်းပဲ ငြိမ်ငြိမ်လေးရပ်နေတယ်။

‎

‎

‎

‎ချောမောသောမျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရှန်းကျင်းဇီ က မီးလုံးကြီးအား လေထဲသို့ ပစ်ချလိုက်သည်။ မီးလုံးက မီတာတစ်ရာအကွာမှာရောက်တာအခါတွင် သူက လက်ခုပ်တီးလိုက်တယ်။

‎

‎

‎"ဘုန်းး"

‎

‎

‎ကြီးမားသောမီးလုံးကြီးက ပေါက်ကွဲသွားပြီး မီတာတစ်ရာပတ်လည်ကဧရိယာအနှံ့မှာ မိုးရွာနေသကဲ့သို့ မီးလုံးငယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ကနဦး ပေါက်ကွဲမှုကြောင့် ဖုတ်ကောင် နှစ်ရာကျော်သေဆုံးခဲ့ပြီး ပြုတ်ကျလာတဲ့ မီးလုံးတွေက နောက်ထပ် ဖုတ်ကောင်သုံးရာကို သေဆုံးစေခဲ့ပါတယ်။

‎

‎

‎ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးလျှံလောက် မပူသလို အဖျက်အဆီးမရှိသော်လည်း သူ့ရဲ့စွမ်းအားမှာ ပျမ်းမျှမီးစွမ်းရည်ထက် အဆင့်နှစ်ဆင့်သာသေးသည်။ နှစ်မိနစ်အတွင်းမှာပဲ ဖုတ်ကောင်များက ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။

‎

‎

‎ဒါကိုမြင်တော့ တခြားအဖွဲ့ဝင်တွေကလည်း ရှိုးပြတော့တယ်။

‎

‎

‎ဘယ်သူကမှနောက်မဆုတ်ချင်ကြဘဲ ကိုယ့်နယ်မြေမှာကို တိုက်ခိုက်ချင်ကြတယ်။ ကျိူးလီဇီပင်လျှင် မထိန်းနိုင်ဘဲ ပါဝင်လာခဲ့တယ်။ သူမရဲ့စွမ်းအင်တိုးမြင့်လာမှုကြောင့် သူမက နှစ်မီတာရှည်သော လခြမ်းပုံသဏ္ဍာန် ရေဓါးသွားနှစ်ခုကို ဖန်တီးခဲ့တယ်။

‎

‎

‎သူမရဲ့လက်ကိုဝှေ့ရမ်းလိုက်တော့ ဓါးများက ဖုတ်ကောင်များအုပ်စုဆီကို ဖြတ်ကျော်သွားကာ ဖုတ်ကောင်အများအပြားကို တစ်ပြိုင်နက်တည်း ခေါင်းဖြတ်ပစ်လိုက်တယ်။ ဓါးတို့ရဲ့ အရွယ်အစားကြောင့် ဓားတစ်ချောင်းစီဟာ အနည်းဆုံး ဖုတ်ကောင် သုံးကောင်မှ ငါးကောင်အထိရဲ့ ခေါင်းတွေကို ဖြတ်သွားခဲ့သည်။

‎

‎

‎

‎

‎ရွှီချွန်းနှင့် သူ့အဖွဲ့သာတွေဟာ နတ်ဆိုးအဖွဲ့မှ စွမ်းအားပြသမှုကြောင့် အံ့အားသင့်သွားကြတယ်။

‎

‎

‎"ဗိုလ်ကြီး... သူတို့က ဘီလူးတွေပဲ" ဟု သူရဲ့အဖွဲ့ဝင်တစ်ဦးကပြောသည်။

‎

‎

‎ဒါကိုကြားတော့ ရွှီချွန်းက "ဒါက ကျွမ်းကျင်မှုကိစ္စမဟုတ်တော့ဘူး။ ဒါက ပါဝါကွာဟမှုပဲ"လို့ ပြောလိုက်တယ်။

‎

‎

‎နတ်ဆိုးအဖွဲ့က သူတို့ရဲ့တိုက်ခိုက်မှုများကို အပြည့်အ၀ လွှတ်ပေးလိုက်ခြင်းကြောင့် ပြင်းထန်သောတိုက်ပွဲက သုံးဆယ်ခုနစ်မိနစ်ကြာပြီးနောက်တွင်ပဲ သူတို့ဟာ စျေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။

‎

‎

သူတို့ရဲ့ ကျယ်လောင်သောတိုက်ခိုက်သံများကြောင့် မီတာသုံးရာအကွာမှ ဖုတ်ကောင်များကပင် ဆွဲဆောင်ခံရကာ ပြေးလွှားလာခဲ့ကြသည်။ သူတို့တိုက်ခိုက်ပြီးသွားတဲ့ အချိန်မှာတော့ လမ်းမှာ ဖုတ်ကောင်တစ်ကောင်မှမရှိတော့ဘူး

‎

‎

‎

စင်တာရဲ့မြေညီထပ်ရှိ ဖုတ်ကောင်များကိုတော့ နာရီဝက်အတွင်းမှာပဲ ရှင်းလင်းနိုင်ခဲ့သည်။ နောက်ဆုံး အနားယူနိုင်သောအခါတွင်မှ လူတိုင်းက အသက်ကိုအသည်းအသန်ရှုကာ မြေပြင်ပေါ်သို့လဲကျသွားကြသည်။

‎

‎

‎သူတို့ရှေ့မှာရပ်နေတဲ့ ကျင်းရွှီယန်းက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်ပြီး "ခဏလောက် တိုက်ပွဲဝင်လိုက်တာနဲ့ မင်းတို့အားလုံးက ခွေးတွေလို ပင်ပန်းနေကြပြီ။ ငါ့ရဲ့ အာ့ဇီကတောင် မင်းတို့အားလုံးထက် ပိုသန်မာတယ်"

‎

‎

‎သူ့မရဲ့နာမည်ကိုခေါ်သံကြားတော့ ကျိူးလီဇီက သူ့ဆီကိုလှမ်းလာပြီး "အစ်ကိုယန်း အဲဒီမှာ စားသောက်ဆိုင်ရှိတယ်။ ကျွန်မစစ်ဆေးပြီးသွားပြီ၊ ဖုတ်ကောင်တွေမရှိဘူး" လို့ပြောလိုက်တယ်။

‎

‎

‎လှမ်းကြည့်လိုက်ပြီးတော့ ကျင်းရွှီယန်းက သူမရဲ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး "ကောင်းပြီ အာ့ဇီ"လို့ နူးနူးညံ့ညံ့လေးပြောလိုက်တယ်။

‎

‎

‎သူရဲ့အဖွဲ့သားများကတော့ သူတို့ကပ္ပတိန်ရဲ့ ဂုဏ်ယူနေမှုကိုမြင်တော့ မျက်နှာလွှဲသွားကြပြီး သူ့ရဲ့စိတ်ရှုပ်စရာစကား‌တွေကို ထပ်မကြားချင်တော့ပါဘူး။ ခဏလောက် အနားယူပြီးတာနဲ့ ကိုယ့်ဘာသာအားတင်းထပြီး စားသောက်ဆိုင်ကို လျှောက်သွားကြတယ်။

‎

‎

‎ကျိူးလီဇီပြောသည့်အတိုင်းပဲ ဆိုင်းအတွင်းတွင် ဖုတ်ကောင်များမရှိသည့်အပြင် ဧရိယာကလည်း သန့်ရှင်းသည်။ လေထုထဲက အနံ့အသက်ပြင်းပြင်းများမှလွဲလို့ အရာအားလုံးက ကောင်းမွန်နေပါသည်။

‎

‎

‎"နေ့လည်စာစားပြီးရင် မြေညီထပ်ကိုစစ်ဆေးပြီး ပစ္စည်းတွေရှာမယ်" လို့ ကျင်းရွှီယန်းက ပြောလိုက်တယ်။

‎

‎

‎“သဘောပေါက်ပြီ” ဟု တညီတညွတ်တည်း ပြန်ပြောကြသည်။

‎

‎

‎ဒီနေ့ နေ့လယ်စာအတွက် ပူပူနွေးနွေးဟင်းမချက်‌တော့ဘဲ ဘီစကွတ်တွေပဲ စားကြတယ်။

‎

‎

‎လူတိုင်းကဘီစကွတ်စားနေစဉ်တွင် ကျိူးလီဇီက သူမရဲ့ ကျောပိုးအိတ်ကိုဇစ်ဖွင့်ပြီး ခွက်နှစ်ခွက်၊ ကော်ဖီနှစ်ထုပ်နှင့် ကိုယ်တိုင်အပူပေးရသော ဟော့ပေါ့နှစ်ဗူးကို ထုတ်ယူလိုက်သည်။

‎

‎

‎ဟော့ပေါ့ချက်ပြုတ်ရန် စောင့်ဆိုင်းနေစဉ်တွင် သူမနှင့် ကျင်းရွှီယန်းအတွက် ကော်ဖီနှစ်ခွက်ဖျော်ခဲ့သည်။ ရေနွေးကို ခွက်ထဲလောင်းချလိုက်တာနဲ့ ကော်ဖီနံ့က လေထုထဲမှာ မွှေးပျံ့သွားတယ်။

‎

‎

‎ဒါကိုအနံ့ခံလိုက်ရတော့ အားလုံးက လန့်သွားကြတယ်။ သူတို့က သူမကိုကြည့်လာကြပြီး "မရီး ကော်ဖီရှိသေးလား"လို့ ရှောင်ချီကမေးလာတယ်။

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်လိုက်ပြီး ကော်ဖီကို ချက်ချင်းထပ်ထုတ်ယူလိုက်တယ်။ သူမက ကြိုတင်ပြင်ဆင်ထားသည်ဟု သူတို့ထင်ကြသော်လည်း၊ သူမကတော့၎င်းကို နေရာလွတ်မှ ထုတ်ယူရန်အတွက် သူမရဲ့ကျောပိုးအိတ်ကို အကာအဖြစ် အသုံးပြုခဲ့သည်။

‎

‎

‎ထိုအချိန်တွင် ကျင်းရွှီယန်း နှင့် ဖုန်းယွင်ကသာလျှင် သူမရဲ့ ကျောပိုးအိတ်တွင် ပေါ့ပါးသော ခေါက်ဆွဲခြောက်၊ စက္ကူပန်းကန်များနှင့် စက္ကူခွက်များကဲ့သို့ ပေါ့ပါးသော ပစ္စည်းများဖြင့်သာ ပြည့်နေမှန်းကို သိတယ်။

‎

‎

‎လူတိုင်းရဲ့စွမ်းအင်ကို မြှင့်တင်ဖို့ရန် ကော်ဖီကိုပြင်ဆင်ဖို့အတွက် သူမရဲ့ကန်ရေကို အသုံးပြုခဲ့ပါတယ်။ ရေကို ထိန်းချုပ်နိုင်စွမ်းရှိသဖြင့် ရေကို အပူပေးဖို့သာ လိုအပ်ပြီး ကော်ဖီက အသင့်ဖြစ်နေပါပြီ။

‎

‎

‎နေ့လယ်စာစားပြီး ကော်ဖီသောက်ပြီးနောက်တွေင် ခဏတာ တစ်ရေးတစ်မော အိပ်ကြသည်။ နေ့လည်နှစ်နာရီထိုးတော့ ကျင်းရွှီယန်းက "ထုပ်ပိုးပြီး ငါတို့ထွက်တော့မယ်" လို့ ညွှန်ကြားလာတယ်။

‎

‎

‎အမိန့်ကိုကြားလိုက်ရတာနဲ့ ၎င်းတို့ရဲ့ ငိုက်မျဉ်းခြင်းက ပျောက်ကွယ်သွားပြီ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ရွှီချွန်းနဲ့ သူ့အဖွဲ့ကတော့ ကျိူးလီဇီရဲ့ ကန်ရေကို သောက်ပြီး အမြုတေတွေရဲ့ စွမ်းအင်တွေကိုလည်း စုပ်ယူတာကြောင့် သူတို့ရဲ့ စွမ်းအင်တွေ ပြန်လည်ရရှိလာခဲ့ပါတယ်။

‎

‎

‎

‎အခန်း-(၂၀၆)

‎

‎ချင်လူဇီက လမ်းပြပြီး မြေပုံကဲ့သို့ သူတို့အတွက်အသုံးဝင် တာကြောင့် စတိုးဆိုင်အတွင်း ပိတ်မိနေသော ဖုတ်ကောင်များကို ရှင်းထုတ်ရန်အတွက် အချိန်များစွာကို ချွေတာနိုင်ခဲ့သည်။

‎

‎

‎မြေညီထပ်ရှိစတိုးမှာတော့ အဝတ်အထည်ဆိုင်များ၊ အိတ်များ၊ လက်ဝတ်ရတနာများနှင့် ဖိနပ်များကဲ့သို့သော ဆက်စပ်ပစ္စည်းဆိုင်များစွာ ရောနှောထားသည်။ ထို့အပြင် မိတ်ကပ်နှင့် အသားအရည်ထိန်းသိမ်းတဲ့ ပစ္စည်းများကဲ့သို့သော အလှကုန်ပစ္စည်းများ ရောင်းချသည့် စတိုးဆိုင်များလည်း ရှိတယ်။

‎

‎

‎စတိုးဆိုင်များကြားတွင် သရေစာများ၊ အချိုရည်များနှင့် စားသောက်ဆိုင်များပင် ရောင်းချနေပါသည်။

‎

‎

‎ရှောင်ချီ နှင့် ဖုန်းယွင်တို့က နေရာအကန့်အသတ်ကြောင့် အရေးကြီးသော အထောက်အပံ့ပစ္စည်းများကိုသာ ယူခဲ့ကြပြီး ကျိူးလီဇီကတော့ အားလုံး ထွက်သွားပြီးတဲ့နောက်မှသာ အရာအားလုံးကို ယူသွားလိုက်သည်။ သူမတွင် သိမ်းဆည်းဖို့ နေရာများစွာရှိပြီး အမျိုးသမီးများကလဲ အလှအပကို နှစ်သက်ကြသည်။

‎

‎

‎ဆက်စပ်ပစ္စည်းများနှင့် မိတ်ကပ်ဗူးများက အသုံးမဝင်တော့သော်လည်း ၎င်းတို့ကို စုဆောင်းခြင်းကြောင့် သူမမှာ ထိခိုက်မှုမရှိပါ။ သို့သော် စတိုးဆိုင်အားလုံးတွင်မှ သူမရဲ့ဦးစားပေးမှာ ကျောက်မျက်ရတနာများ အထူးသဖြင့် ကျောက်စိမ်းဆိုင်များဖြစ်သည်။

‎

‎

အချို့သောကျောက်စိမ်းများက အမြုတေများအတွင်းတွင်ပါရှိတဲ့ စွမ်းအင်ထက်ပိုမိုသန့်စင်သောစွမ်းအင် ပါ၀င်ကြောင်းကိုဖော်ပြထားသောသုတေသနရလဒ်တစ်ခုက ‎သူမရဲ့ယခင်ဘဝတွင်ရှိခဲ့သည်။ ဤကျောက်စိမ်းအမျိုးအစား အရေအတွက်ကနည်းသော်လည်း ၎င်းတို့ကို ဝယ်ယူလိုသူ အရေအတွက်က မရေတွက်နိုင်အောင်များပြားပါသည်။

‎

‎

‎ ကျောက်စိမ်းအတွင်းရှိ စွမ်းအင်ပမာဏက အဆင့်တစ်အမြုတေထက်နည်းသော စွမ်းအင်ပါရှိနိုင်သလို အဆင့်ခြောက် အမြု‌တေတစ်ခုထက်ပို၍လည်း စွမ်းအင်များရှိနိုင်တယ်။ သန့်စင်သောစွမ်းအင်ကိုယ်တိုင်ကပင် လူတိုင်းကို ဆွဲဆောင်နိုင်သည်။

‎

‎

‎စွမ်းအင်က ပိုမိုစင်ကြယ်လေ စုပ်ယူမှုလုပ်ငန်းစဉ်အတွင်း ပိုမိုများပြားသော စွမ်းအင်ကို စုပ်ယူနိုင်လေဖြစ်သည်။ အဆင့် ချိုးဖောက်သည့်လုပ်ငန်းစဉ်အတွင်းတွင် စွမ်းအင်လိုအပ်ချက်ကြောင့် နောက်ဆုတ်ရခြင်းများ မဖြစ်ပေါ်စေရန်အတွက် စွမ်းအင်ပိုမိုစုပ်ယူနိုင်ရန်က အရေးကြီးပါသည်။ ထို့ကြောင့် ကျောက်စိမ်းက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

‎

‎သူမက ကျောက်စိမ်းဆိုင်ထဲသို့ ဝင်သွားသောအခါတွင် ကျင်းရွှီယန်းက သူမနောက်ကို လိုက်လာခဲ့သည်။ သူမအနားကို လျှောက်လာပြီး "အာ့ဇီ ကျောက်စိမ်းယူဖို့ စီစဉ်နေတာလား"လို့ မေးတယ်။

‎

‎

‎ကျိူးလီဇီက ခေါင်းညိတ်ပြီး "ကျွန်မတို့သာကံကောင်းရင် စွမ်းအင်ရှိတဲ့ ကျောက်စိမ်းတစ်ချို့ကိုရှာတွေ့နိုင်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီးပြောတယ် "ဒါဆို အပြင်မှာ ကိုယ်စောင့်လိုက်မယ်။ မင်း အချိန်ယူလို့ရပြီ"

‎

‎

‎"ကျေးဇူးတင်ပါတယ် အစ်ကိုယန်း" ကျိူးလီဇီက ပြုံးပြီး ပြန်ပြောသည်။

‎

‎

‎သူမတစ်ယောက်ထဲကျန်ခဲ့တာနဲ့ လက်များကိုဝှေ့ယမ်းကာ အရာအားလုံးကို သူမရဲ့အာကာသထဲတွင် စုဆောင်းခဲ့သည်။ နောက်ကြမှ ကျောက်စိမ်းကို ဖြည်းဖြည်းချင်း စစ်ဆေးတော့မယ်။

‎

‎

‎ ကျောက်စိမ်းက သူမရဲ့အာကာသထဲရောက်သွားသည်နှင့် ပတ်ဝန်းကျင်မှစွမ်းအင်များဟာ သူမ မသိလိုက်တဲ့အချိန်မှာပဲ ကျောက်စိမ်းအစုအဝေးထဲသို့ ဝင်ရောက်သွားသည်။ အချို့က စွမ်းအင်ကိုပိုစုပ်နိုင်သော်လည်း အချို့က အနည်းငယ်သာ စုပ်ယူနိုင်ကြသည်။

‎

‎

‎တစ်ချိန်တည်းမှာပဲ သေတ္တာများအတွင်းတွင် သိမ်းဆည်းထားသော အကြည်ရောင်အမြုတေများဟာ စွမ်းအင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားပြီး အာကာသမှစုပ်ယူသွားပါသည်။ လုပ်ငန်းစဉ်အတွင်းရှိ ကျောက်စိမ်းမှ မစုပ်ယူနိုင်သော စွမ်းအင်များကတော့ မြေ၊ ရေ၊ လေနှင့် ပေါင်းစပ်သွားသည်။

‎

‎

‎သိပ်မကြာခင်မှာပင် အကြည်ရောင်သေတ္တာငယ်လေးက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသည်။

‎

‎

‎[ အမြင့်ဆုံး စွမ်းအင်ပမာဏကို ရောက်ရှိသွားပါပြီ။ တိုးတက်ပြောင်းလဲနေသော လုပ်ငန်းစဉ်သို့ ဝင်ရောက်ခြင်း။ အချိန်: 5 နာရီ ]

‎

‎

ကျိူးလီဇီကတော့ ‎သူမရဲ့နေရာလွတ် ပြောင်းလဲသွားတာကို မသိဘဲ‎ ရိက္ခာများကို ဆက်လက်စုဆောင်းနေသည်။

‎

‎

‎နောက်နှစ်နာရီအကြာ‌တွက် မြေညီထပ်က ရှင်းလင်းသွားသည်။

‎

‎

ကျင်းရွှီယန်းက " စင်တာရဲ့မြေပုံကို စစ်ဆေးကြည့်လိုက်ပြီး

‎ အပေါ်ထပ်ကိုမစစ်ဆေးခင် မြေအောက်ထပ်က ပစ္စည်းတွေ အရင်ယူမယ်"လို့ အမိန့်ပေးလိုက်တယ်။

‎

‎

‎"နားလည်ပါပြီ" အဖွဲ့ဝင်များက ခေါင်းညိတ်သည်။

‎

‎

‎လျှပ်စစ်မီးမရှိသောကြောင့် အရေးပေါ်လှေကားကိုသာ အသုံးပြုနိုင်သည်။ ဒါပေမယ့် တံခါးမဖွင့်ခင်မှာ အနောက်ကနေ ဟောက်သံကိုကြားလိုက်ရသည်။

‎

‎

"‎ဒုန်း ခရစ်ပ်"

‎

‎

‎ပေါက်ကွဲသံနှင့် သတ္တုနှင့် ချွန်ထက်သောအရာဝတ္ထုများကြားတွင် တိုက်မိသောအသံများက ထိုနေရာတွင် ပဲ့တင်ထပ်နေသည်။

‎

‎

‎"ကပ္ပတိန် ၊ လှေကားပေါ်မှာ ဖုတ်ကောင် ၇၉ ကောင်ရှိတယ်" ဟု ချင်လူဇီက ပြောလာတယ်။

‎

‎

‎ဒါကိုကြားတော့ ရွှီချွန်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုရ်တယ်။

‎

‎

နတ်ဆိုးအဖွဲ့က ဖုတ်ကောင်များထံမှ ရုတ်တရက် တိုက်ခိုက်မှုများစွာကို ရှောင်ရှားနိုင်ပြီး ဖုံးကွယ်နေသော ဖုတ်ကောင်များရဲ့တည်နေရာကို သိနိုင်ပုံနှင့်ပတ်သက်၍လည်း သူ စိတ်ရှုပ်သွားသည်။ ယခုလို ချင်လူဇီရဲ့စကားကို ကြားလိုက်ရတော့ သူ့စိတ်ထဲတွင် ရဲရင့်သော အတွေးတစ်ခု ပေါ်လာသည်။

‎

‎

‎သူတို့တိုက်ခိုက်ပုံကို သူမြင်ပြီးနောက်တော့ ချင်လူဇီက လေ စွမ်းရည်ကို အသုံးပြုသူတစ်ဦးဖြစ်ကြောင်းကို သိရှိခဲ့သည်။ သို့သော် တည်နေရာနှင့် ဖုတ်ကောင်အရေအတွက်ကို အတိအကျဖော်ထုတ်ရာတွင် သူရဲ့တိကျမှုနဲ့အတူဆိုရင်တော့ သူ့တွင် အခြားစွမ်းရည်တစ်ခုရှိနိုင်ခြေမြင့်မားသည်။

‎

‎

‎ယခုအချိန်တွင်တော့ နတ်ဆိုးအဖွဲ့သားများက သူတို့ရဲ့တာဝန်များကိုသာ အာရုံစိုက်ထားသောကြောင့် သူရဲ့အတွေးများကို သတိမထားမိကြပေ။

‎

‎

‎တံခါးတစ်ဖက်ခြမ်းမှာ ဖုတ်ကောင်တွေရှိနေတာကြောင့် ကျိူးလီဇီက "ဒါကိုလုပ်ပါရစေ" လို့ ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "အားလုံး နောက်ပြန်ဆုတ်ကြ" ဟု အမိန့်ပေးလိုက်သည်။

‎

‎

‎လူတိုင်းကခြေလှမ်းများစွာ နောက်ပြန်ဆုတ်ပြီးသွားသောအခါတွင် ကျိူးလီဇီက ရေခဲအပ်များစွာကို ဖန်တီးပြီး သော့ပေါက်မှတဆင့် တစ်ဖက်သို့ ပို့လိုက်သည်။

‎

‎

‎နောက်တော့ သူမက အပူချိန်ကိုထိန်းချုပ်ပြီး ရေခဲအပ်တို့ကို ရေဓါးအဖြစ် ပြောင်းလဲခဲ့သည်။ အခြေအနေကို သူမ မမြင်နိုင်သောကြောင့် ရေဓါးကို အလိုအလျောက်ပဲ ပျံသန်းခွင့်ပေးလိုက်တယ်။

‎

‎

‎

"ဂါးးးး"

‎

‎

‎သူမရဲ့နောက်က မဝေးတဲ့နေရာမှာရပ်နေတဲ့ ချင်လူဇီက "ခယ်မလေး၊ ဘယ်ဘက်အပေါ်ပိုင်းမှာ ဖုတ်ကောင်ခုနစ်ကောင်ရှိပြီး ညာဘက်အောက်ခြေမှာ တစ်ဆယ့်ရှစ်ကောင်ရှိတယ်" လို့ပြောလာတယ်။

‎

‎

ကျိူးလီဇီက သူမရေဓါးတွေကို ‎သူ့ရဲ့ညွှန်ကြားချက်အတိုင်းပဲ သူပြောသော လမ်းကြောင်းဆီသို့ ထိန်းလိုက်သည်။

‎

‎

‎ငါးမိနစ်အကြာတွင် ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ဆေးလိုက်ပြီး "ခယ်မလေး၊ အရှေ့နှစ်မီတာမှာ ဖုတ်ကောင်သုံးကောင်ရှိသေးတယ်" လို့ ပြောလာတယ်။

‎

‎

‎"ခရစ်ပ် ခရစ်ပ် ခရစ်ပ်"

‎

‎

‎သူ့စိတ်မြေပုံထဲက နောက်ဆုံးအနီစက် ပျောက်သွားသောအခါတွင်မှ ချင်လူဇီက ခေါင်းညိတ်ပြီး "ဖုတ်ကောင်အားလုံး ရှင်းသွားပါပြီ" ဟု ပြောလိုက်သည်။

‎

‎

‎ဒါကိုပြောပြီး ကျိူးလီဇီက တံခါးကိုဖွင့်လိုက်တယ်။ မြေပြင်နှင့် လှေကားအထက်တွင် အသေကောင်ဖုတ်ကောင်များနှင့် ပြည့်နေသည်။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူ့လက်တွေကိုဝှေ့ယမ်းပြီး အလောင်းတွေကို မီးရှို့လိုက်တယ်။ ဖုတ်ကောင် ၇၉ကောင်တွင် အမြုတေတစ်လုံးမျှ မတွေ့ရှိရပါ။

‎

‎

‎"ဒီဖုတ်ကောင်တွေက ဒီမှာပဲ ပိတ်မိနေပြီး အရမ်းလဲအားနည်းတယ် ၊ အမြုတေတွေ လုံးဝမရှိဘူး" ဟု ရှောင်ချီက ညည်းညူသည်။

‎

‎

‎သူဤသို့ပြောပြီးနောက်မှာတော့ နတ်ဆိုးအဖွဲ့အတွက် ဤဖုတ်ကောင်များကိုသတ်ရာတွင် စိန်ခေါ်မှုမရှိကြောင်းကို ခံစားလိုက်ရပြီး ရွှီချွန်း နှင့် သူရဲ့အဖွဲ့က နှုတ်ဆိတ်နေခဲ့သည်။

‎

‎

‎သူတို့အတွက်တော့ ဒီအားနည်းတဲ့ ဖုတ်ကောင်တွေကို သတ်ပစ်ဖို့ကတောင် အများကြီးကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ဒီနတ်ဆိုးအဖွဲ့ကတော့ ဒီလိုအားနည်းတဲ့ ဖုတ်ကောင်တွေနဲ့တိုက်ခိုက်ရတာကြောင့် မပျော်မရွှင်ဖြစ်နေပုံပါပဲ။

‎

‎

‎သူတို့ မြေအောက်ထပ်သို့သွားသောအခါတွင် ဖုတ်ကောင်အရေအတွက်က မြေညီထပ်နှင့် နှိုင်းယှဉ်လျှင်တော့ နည်းပါးသွားသည်။ ညသန်းခေါင်ယံမှာတော့ ပွဲကျင်းပတဲ့စတိုးဆိုင်တွေကစလို့ စူပါမားကတ်တွေပါအကုန် ပိတ်သွားတယ်။

‎

‎

‎အပြင်ဘက်တွင် လှည့်လည်သွားလာနေသော ဖုတ်ကောင်အချို့ကလွဲလို့ အတွင်းဘက်၌ မည်သည့်ဖုတ်ကောင်ကိုမျှ ချင်လူဇီ မတွေ့ရှိရပါဘူး။ အနီးနားပတ်ဝန်းကျင်တွေကို စစ်ဆေးလိုက်ပြီး "ကပ္ပတိန် ၊ အထဲမှာ ဖုတ်ကောင်တွေမရှိဘူး" လို့ သူကလို့ပြောလိုက်တယ်။

‎

‎

ထိုစကားကိုကြားသောအခါတွင် ‎ကျင်းရွှီယန်းကခေါင်းညိတ်ပြီး "ငါတို့ဒီမှာ တစ်ညနေပြီး မနက်ဖြန်မှဆက်လုပ်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎

‎

‎

‎

‎အခန်း-(၂၀၇)

‎

‎ဒါကိုကြားတော့ ဝိန့်မိုက တံခါးဆီကို လျှောက်သွားတယ်။ သူ့လက်ကောက်ဝတ်ကို တစ်ချက်လှည့်ပြီး သော့ခလောက်များကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် သော့ဖွင့်နိုင်သည်။ သူက တံခါးကိုဖွင့်ပြီး စင်တာထဲကိုဝင်ဖို့ အားလုံးကို စောင့်ဆိုင်းနေပြန်တယ်။

‎

‎

‎သူတို့ အနားယူဖို့မသွားခင်မှာ ‎ချင်လူဇီ ၊ ရှန်းကျင်းဇီ နှင့် ဖုန်းယွင်တို့က စင်တာတစ်ခုလုံးကို စစ်ဆေးကြည့်ရှုခဲ့ကြပါသည်။

‎

‎

စင်တာထဲတွင် အထပ်သုံးထပ်ရှိပြီး အထပ်တစ်ခုစီဟာ စတုရန်းမီတာ 80,000 ကျော်ကျယ်ဝန်းသည်။ ကုန်ပစ္စည်းများ ပြသရန် အသုံးပြုသည့် ဧရိယာက ၁၈၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ကျန်တာတွေကို ဂိုဒေါင်အဖြစ် အသုံးပြုထားသည်။

‎

‎

စင်တာရှိ ထောက်ပံ့ရေးပမာဏကိုမြင်လိုက်ရတော့ ရွှီချွန်း နှင့်အဖွဲ့က ဝမ်းသာသွားခဲ့တယ်။ သူတို့ပျော်နေချိန်မှာလည်း တစ်ပြိုင်တည်း အကျပ်ရိုက်သွားကြသည်။

‎

‎

‎သူတို့ရဲ့အဖွဲ့တွင် အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူများ မရှိပါ။ ဒါကြောင့် ဒီပစ္စည်းတွေကို သယ်ပို့ဖို့အတွက်က အချိန်အတော်ကြာလိမ့်မယ်။ ပစ္စည်းတွေ ချန်ထားခဲ့ရင်လည်း တခြားသူတွေမတွေ့ဘဲ ပျက်စီးသွားမှာကို ကြောက်ကြတယ်။

‎

‎

‎ထောက်ပံ့ရေးပစ္စည်းများရှာဖွေရန် ထွက်လာသောအခါတွင် ကုန်ပစ္စည်းအများစုဟာ ဖုတ်ကောင်များကြောင့်ပျက်စီးခြင်း သို့မဟုတ် ရာသီဥတုကြောင့်ပျက်စီးခြင်းမဟုတ်ပေ။ အဲဒီအစား အချို့သောလူများက ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူပို့ဆောင်ရေးတွင် ဂရုတစိုက်မကိုင်တွယ်ခြင်းကြောင့် ပျက်စီးသွားကြသည်။

‎

‎

‎အချို့သော ထောက်ပံ့ရေးပစ္စည်းများကို ယူဆောင်သွားသော်လည်း အခြားသူများအတွက် ချန်ထားခဲ့လိုခြင်းမရှိပါ။ ဒါကြောင့် သူတို့က အထုပ်တွေကိုဖွင့်တာ ဒါမှမဟုတ် ရိက္ခာ တွေကိုတစ်ဝက်စားလိုက်ကြတယ်။ ဤသည်မှာ ၎င်းတို့တွေ့ရှိသော ထောက်ပံ့ရေးပမာဏက အခြေခံစားသုံးမှုကို ထိန်းထားရန် မလုံလောက်သည့်အကြောင်းရင်းထဲမှတစ်ခုဖြစ်သည်။

‎

‎

‎သူတို့အဖွဲ့က အဖြေကို ဆွေးနွေးနေကြစဉ်တွင် ချင်လူဇီက ပြန်လာပြီး "ကပ္ပတိန် ၊ နယ်မြေရှင်းသွားပြီ" ဟု သတင်းပို့သည်။

‎

‎

‎"ကောင်းပြီ အနားယူပါ" ကျင်းရွှီယန်း ခေါင်းညိတ်လိုက်တယ်။

‎

‎

‎အဖွဲ့ဝင်များက ညစာပြင်ဆင်နေချိန်တွင်

‎ ရှောင်ချီ နှင့် ဖုန်းယွင်တို့က သူတို့မှာ ချို့တဲ့နေသော ရိက္ခာအချို့ကို စုဆောင်းရန်သွားကြသည်။ တစ်ချိန်တည်းမှာပင် ကျိူးလီဇီကလည်း ဂိုဒေါင်များသို့သွားကာ အတွင်းတွင် သိုလှောင်ထားသည့် ရိက္ခာများရဲ့တစ်ဝက်ကို ယူသွားခဲ့တယ်။

‎

‎

‎ခဏလောက်စဉ်းစားပြီးနောက်မှ သူမက အခြားအပိုင်းကိုလည်းယူလိုက်ကာ ရိက္ခာရဲ့ငါးပုံတစ်ပုံသာချန်ခဲ့တော့သည်။

‎

‎

‎ရွှီချွန်းရဲ့ အသက်ရှင်ကျန်ရစ်သူစခန်းတွင် အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ လူ ၅၀၀၀ အောက်သာ ရှိသည်။ သိုလှောင်ရုံရှိ ပစ္စည်းပမာဏနှင့် စတိုးဆိုင်ရှိ ပစ္စည်းများ ပေါင်းစပ်လိုက်ခြင်းကပင် ၎င်းတို့အတွက် တစ်နှစ်တာ ထိန်းထားပေးနိုင်ရန် လုံလောက်သည်။

‎

‎

‎ဒီနေ့ သူမယူလာတဲ့ ရိက္ခာအကျန်တွေကို တခြားအသက်ရှင်ကျန်ရစ်သူစခန်းအတွက် သိမ်းထားမယ်။ သူမရဲ့မှတ်ညဏ်များကိုအခြေခံ၍တွက်ကြည့်ရရင်တော့ လင်အန်းမြို့တွင်အသက်ရှင်ကျန်ရစ်သူစခန်းစုစုပေါင်း ၂၃၀ ကျော်ရှိသည်။ အကယ်၍ သူမသာ ထိုသူတို့အား အခြားမြို့သို့ ရွှေ့ပြောင်းရန်အတွက် ထောက်ပံ့ရေးပစ္စည်းများကို အသုံးပြုလိုပါက ထောက်ပံ့ရေးပစ္စည်းများကို ထပ်မံရှာဖွေရမည်ဖြစ်ပါသည်။

‎

‎

‎ခဏအကြာတွင် ရွှီချွန်းက ရိက္ခာများအကြောင်းကို ဆွေးနွေးရန်အတွက် ကျင်းရွှီယန်းကိုရှာဖွေခဲ့သည်။ ပထမမြေအောက်ထပ်ရှိ ဂိုဒေါင်ဧရိယာအနီးက ရုံးခန်းငယ်တစ်ခုအတွင်းတွင် ထိုင်လိုက်ကြသည်။

‎

‎

‎"ကပ္ပတိန်ကျင်း၊ မင်းရဲ့အဖွဲ့မှာ အာကာသစွမ်းရည် အသုံးပြုသူ နှစ်ယောက်ရှိလို့ ပစ္စည်းတွေ သယ်ပို့ဖို့အတွက် မင်းရဲ့အကူအညီကို ကျွန်တော်တောင်းချင်ပါတယ်" ဟု ရွှီချွန်းက ပြောသည်။

‎

‎

စင်တာထဲရှိ ထောက်ပံ့ရေးပမာဏကို တွေ့သောအခါတွင် ရွှီချွန်းထံမှ အကူအညီတောင်းခံလာမည်ကို ကျင်းရွှီယန်းက မှန်းဆထားပြီးသားဖြစ်သည်။ အမှန်တကယ်တော့လည်း ထရပ်ကားတွေသုံးပြီး ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူမယ်ဆိုရင် အချိန်နဲ့ လူအင်အားက နည်းပါးမှာ မဟုတ်ပါဘူး။

‎

‎

‎ထို့ကြောင့် ရွှီချွန်းရဲ့စကားကိုကြားသောအခါတွင် ခေါင်းညိတ်ပြီး "ဗိုလ်ကြီးရွှီ၊ မင်းတို့ကို ရိက္ခာတွေ သယ်ပေးလို့ရတယ်။ ဒါပေမယ့် ရိက္ခာရဲ့ သုံးပုံတစ်ပုံကို လိုချင်တယ်"

‎

‎

‎ဒါကိုကြားတော့ ရွှီချွန်းရဲ့စိတ်တွေက လှုပ်ခတ်သွားတယ်။ သူတို့ရဲ့ လက်ရှိနေ့စဉ်သုံးစွဲမှုနှင့်အတူဆို သူတို့တွေ့ရှိခဲ့တဲ့ ထောက်ပံ့မှုပမာဏက အနည်းဆုံး တစ်နှစ်ခွဲကြာအောင် သူတို့အတွက် လုံလောက်ပါသည်။ ရိက္ခာတွေကို ခွဲထားရင်တောင်မှ တစ်နှစ်အထိ ရှင်သန်နိုင်ပါသေးတယ်။

‎

‎

နတ်ဆိုးအဖွဲ့ရဲ့ခွန်အားဖြင့်ဆိုရင် တောင်းဆိုမှုကို ငြင်းပယ်ခဲ့သော်ငြား ၎င်းတို့ကို အနိုင်ယူရန်မဖြစ်နိုင်ပေ။ အကွဲအပြဲကို ဖန်တီးပြီး အဆုံးမှာ ဘာမှမဖြစ်တာထက် ပူးပေါင်းဆောင်ရွက်လိုက်တာက ပိုကောင်းတယ်။

‎

‎

‎အားသာချက် အားနည်းချက်များကို သုံးသပ်ပြီးနောက်မှ ရွှီချွန်းက "ကောင်းပြီ၊ ဒါကို သဘောတူတယ်"ဟု ပြောလိုက်သည်။

‎

‎

‎"ဗိုလ်ကြီးရွှီ မင်းတို့အဖွဲ့က ကျန်တာတွေကို ငါတို့အဖွဲ့ဆီမှာထားခဲ့နိုင်တယ်" ကျင်းရွှီယန်းက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ်။

‎

‎

‎ရွှီချွန်းလည်း မတ်တပ်ထရပ်ပြီး "မင်းရဲ့အကူအညီအတွက် ကြိုပြီးကျေးဇူးတင်ပါတယ်" လို့ပြောလာတယ်။

‎

‎

‎ကျင်းရွှီယန်းက ပြုံးပြီး ပြန်ပြောတယ် "ငါတို့က ငါတို့လိုချင်တာကို ကိုယ်စီယူကြတာပဲ ၊ ဒါကြောင့် ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး"

‎

‎

‎ထိုစကားကိုပြောပြီးနောက်တွင် ရုံးခန်းမှထွက်ကာ သူ့ကဲ့အဖွဲ့ကိုစုရုံးရန် သွားခဲ့သည်။ ရုံးခန်းငယ်ကို ရွှီချွန်း နှင့် သူရဲ့အဖွဲ့အားပေးအပ်ခဲ့ပြီး နတ်ဆိုးအဖွဲ့ကတော့ ဒုတိယမြေအောက်ထပ်ရဲ့ရုံးခန်းကို ယူခဲ့သည်။

‎

‎

‎စတုရန်းမီတာ ၃၀ ကျယ်ဝန်းသော အခန်းအတွင်းတွင် လူတိုင်းက စတုရန်းပုံ စားပွဲဝိုင်းမှာ ထိုင်ကြသည်။ ကျင်းရွှီယန်း က သူတို့ကိုကြည့်ပြီးပြောလိုက်တယ် "ရွှီချွန်းက သူ့ရဲ့ယာယီရှင်သန်ရေးစခန်းကို ရိက္ခာတွေသယ်ပေးဖို့ အကူအညီတောင်းလာပြီး သူ့ရဲ့တောင်းဆိုချက်ကို ငါက သဘောတူခဲ့တယ်"

‎

‎

‎ဒါကိုကြားတော့ ရှောင်ချီကပြောလိုက်တယ် "ကပ္ပတိန် ကျွန်တော်မှာ နေရာမရှိတော့ပါဘူး။ အဲဒီပစ္စည်းတွေအားလုံးကို ဘယ်လိုသယ်ပို့ဖို့ စီစဉ်ထားလဲ"

‎

‎

‎"ကျွန်တော်လည်း ဒီစင်တာထဲက ထောက်ပံ့ရေးပစ္စည်းစုစုပေါင်းရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုပဲ တင်နိုင်မှာပါ" ဟု ဖုန်းယွင်ကလည်း ပြောလာသည်။

‎

‎ထိုစကားကိုကြားသောအခါ အဖွဲ့ဝင်များက

‎ ကျင်းရွှီယန်းကိုကြည့်လိုက်ပြီး သူ့ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

‎

‎

‎ထိုအချိန်တွင် ကျင်းရွှီယန်းက ကျိူးလီဇီကို ကြည့်လိုက်တယ်။ သူ့အကြည့်နဲ့တွေ့တော့ သူဘာလုပ်ချင်လဲဆိုတာကို သူမနားလည်သွားတယ်။ သူမက လူတိုင်းကိုကြည့်ကာ အတန်ကြာအောင် တွေးနေမိသည်။

‎

‎

‎လွန်ခဲ့သည့် ဆယ်ရက်ခန့်ကမှ တွေ့ဆုံခဲ့ကြသော်လည်း သူမနှင့် ကျင်းရွှီယန်းရဲ့အဖွဲ့တို့ဟာ ဘဝနှင့်သေခြင်းဆိုင်ရာ အခြေအနေများစွာကို အတူတကွတွေ့ကြုံခဲ့ဖူးတယ်။

‎

‎

‎သူမက သူတို့အား ရာနှုန်းပြည့် မယုံနိုင်ဘဲနဲ့ သူမရဲ့အာကာသလျှို့ဝှက်ချက်များအကြောင်းကို အပြည့်အ၀ မထုတ်ဖော်နိုင်သော်လည်း သူမတွင် တစ်ခုရှိသည်ကိုတော့ သူတို့အား အသိပေးရန်တော့ ကောင်းပါတယ်။ သူ့ရဲ့အဖွဲ့၀င်များကို သူမရဲ့နေရာလွတ်အကြောင်း ထုတ်ဖော်ခြင်းဖြင့် အနာဂတ်တွင် ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

‎

‎

‎အရာအားလုံးကို စဉ်းစားပြီးနောက်မှ သူမက

‎ ကျင်းရွှီယန်းကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

‎

‎

‎ဒါကိုမြင်တော့ သူက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး "ရှောင်ချီ နှင့် ဖုန်းယွင် အပြင် အာ့ဇီမှာလည်း အာကာသသုံးနေရာလွတ်" လို့ မပြောခင် အားနည်းနည်းနဲ့ ညှစ်လိုက်တယ်။

‎

‎

သူ‎ဒါကိုပြောပြီးတာနဲ့ ဖုန်းယွင်က ပြုံးလိုက်တယ်။ နောက်ဆုံးတော့ သူတို့က အသင်းကိုထုတ်ဖော်ပြသလာခဲ့တယ်။

‎

‎

‎သူငြိမ်သက်နေချိန်တွင် ကျန်အဖွဲ့ဝင်များ အထူးသဖြင့် ရှောင်ချီက အံ့သြသွားကြတယ်။ သူက ကျိူးလီဇီ ကိုကြည့်ပြီး "မရီး၊ မင်းရဲ့ နေရာလွတ်စွမ်းရည်ကို ဘယ်တုန်းက နိုးထနိုင်ခဲ့တာလဲ" လို့ မေးတယ်။

‎

‎

‎ကျိူးလီဇီက နှာခေါင်းကို ကုတ်ပြီး "အဲဒီနေ့မှာပဲ ငါ့ရဲ့ ရေအမျိုးအစားစွမ်းရည်လည်း နိုးထလာခဲ့တယ်" လို့ ပြန်ပြောခဲ့ပါတယ်။

All Chapters