အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
အခန်း-(၂၀၈)
"ဘယ်တုန်းကလဲ" ရှောင်ချီက ထပ်မေးတယ်။
"နိမိတ်ဖတ်ခြင်းရဲ့ ပထမဆုံးနေ့" ကျိူးလီဇီက ပြုံးပြီး ပြန်ဖြေတယ်။
ဒီစကားကို သူမပြောလိုက်တာနဲ့ အားလုံးရဲ့မျက်လုံးထဲမှာ နားလည်မှုတွေ ပေါ်လာတယ်။
သူ့ကောင်မလေး အနားယူနေချိန်မှာ တံခါးကို စောင့်ကြပ်နေတဲ့ သူတို့ရဲ့ကပ္ပတိန်ဟာ လူကြီးလူကောင်းလို့ သူတို့ အမြဲထင်ခဲ့တယ်။ အမှန်က သူ့ကောင်မလေးက ကျန်တဲ့ပစ္စည်းတွေကို ကောက်ယူနေတုန်းမှာ သူကတံခါးကို စောင့်နေတာပဲ။
ခဏမျှတုန်လှုပ်သွားပြီးနောက်တော့ ဖုန်းယွင်က မေးတယ် "မရီး ၊ မင်းရဲ့နေရာလွတ်က ဘယ်လောက်ကြီးလဲ"
ကျိူးလီဇီက သူမရဲ့နေရာလွတ်ကို စစ်ဆေးပြီး ခဏလောက်စဉ်းစားကာ "ဒါက လင်အန်းတက္ကသိုလ်ရဲ့ တစ်ဝက်လောက်ရှိသင့်တယ်" လို့ ပြောလိုက်တယ်။
အမှန်တော့ သူမရဲ့နေရာအကျယ်အဝန်းက လင်အန်း တက္ကသိုလ်ထက် များစွာကြီးမားသည်။ ဒါပေမယ့် သူမကသာ အမှန်အတိုင်းပြောခဲ့မယ်ဆိုရင် သူမကို နတ်ဆိုးတစ်ကောင်လို ဆက်ဆံလာကြနိုင်တယ်ဆိုတော့ သူမက နှိမ့်ချ နေဖို့ကိုပဲ ဆုံးဖြတ်လိုက်တယ်။
ဒီအရွယ်အစားက သေးတယ်လို့သူမထင်နေချိန်မှာ လူတိုင်းကတော့ ဆန့်ကျင်ဘက်လို့ ထင်နေကြတယ်။ ဖုန်းယွင်ရဲ့ နေရာလွတ်နှင့် နှိုင်းယှဥ်ရင်တော့ လင်အန်းတက္ကသိုလ်က အနည်းဆုံး ဆယ်ဆ ပိုကျယ်တယ်။ ထို့ကြောင့်၊ သူမရဲ့နေရာလွတ်က ဖုန်းယွင်ရဲ့နေရာလွတ်ထက် ငါးဆပိုကြီးတယ်။
အဆုံးမှာတော့ သူတို့အားလုံးက သူမကို ရှားပါးမျိုးစိတ်တစ်ခုလို ကြည့်နေကြပါတယ်။
ဖုန်းယွင်ကတော့ သူမရဲ့နေရာလွတ်က သူ့ထက်ကြီးသည်ဟု ထင်ခဲ့သော်လည်း ကွာခြားချက်က ဤမျှလောက်ကြီးမားလိမ့်မည်ဟု သူဘယ်သောအခါမှ မမျှော်လင့်ထားပေ။ ခဏကြာတဲ့အထိ သူ ဘာပြောရမှန်းမသိဘူး။
သူတို့ရဲ့တိတ်ဆိတ်မှုကို သတိပြုမိတဲ့
ကျိူးလီဇီက "ကျွန်မရဲ့နေရာလွတ်က အဆင့်တစ်ကိုရောက်နေပြီ၊ ဒါကြောင့် နည်းနည်းတော့ ကျယ်ပြန့်သွားပြီ"လို့ ပြောတယ်။
ဒီတစ်ခါလဲ သူမပြောလိုက်တာနဲ့ ရှောင်ချီကပဲမေးတယ် "မရီး မင်းရဲ့အာကာသအဆင့်ကို ဘယ်လိုအဆင့်မြှင့်လိုက်တာလဲ"
ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှပြန်ဖြေလိုက်တယ် "ဒါက ကျွန်မရဲ့ ရေအမျိုးအစားစွမ်းရည်နဲ့ အတူတူပါပဲ။ ကျွန်မရဲ့ ရေအမျိုးအစားက အဆင့်တစ်ဆင့်ကို ဖြတ်ကျော်သွားတဲ့အခါမှာဆို နေရာလွတ်ကလည်း ပေါက်မြောက်သွားတယ်။ အာကာသကိုလှုပ်ရှားဖို့အတွက် အသုံးပြုတဲ့ စွမ်းအင်က ရေအမျိုးအစားစွမ်းရည်နဲ့ မတူပေမယ့် သဘောတရားကတော့ အတူတူပါပဲ"
"ကန့်သတ်ချက်တွေကို တွန်းထုတ်ပြီး စွမ်းအင်ကို သုံးစွဲနေသမျှကာလပတ်လုံးတော့ အဲဒါကို ပြန်လည်ရယူပြီးတဲ့အခါမှာ အောင်မြင်မှုတစ်ခုဆီကို ခြေတစ်လှမ်း ပိုနီးကပ်လာလိမ့်မယ်။ ကန့်သတ်ချက်မပြည့်မချင်း ဒါကို ထပ်ခါထပ်ခါ လုပ်ဖို့လိုတယ်"
သူမက ခဏရပ်ပြီးမှဆက်ပြောတယ် "အာကာသအမျိုးအစားစွမ်းရည်က စိတ်စွမ်းအင်ကို အသုံးပြုထားတာကြောင့် အောင်မြင်မှုတစ်ခုရဖို့ကို ကြိုးစားတဲ့အခါမှာ သတိထားရမယ်။ လုပ်ငန်းစဉ်အတွင်းမှာ မင်းသတိလစ်သွားနိုင်တယ်။ ဒါကြောင့် မင်းကို တစ်ယောက်ယောက်က စောင့်ရှောက်ထား စေတာက ပိုကောင်းတယ်"
သူမစကားကြားသောအခါမှာ ဖုန်းယွင် နှင့် ရှောင်ချီတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အချင်းချင်းရဲ့ မျက်လုံးထဲတွင် စိတ်ပျက်တဲ့အရိပ်အယောင်ကို တွေ့လိုက်ရသည်။
စိတ်စွမ်းအင်ကို အသုံးချခြင်းက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ဖြစ်စေနိုင်သည်။ လူတိုင်းရှေ့မှာ ငိုကြွေးရတဲ့ အရှက်ကွဲမှုနဲ့ အရှက်ရမှုကို ခံနိုင်ရည်ရှိပေမယ့် ခံစားချက်က သူ့တို့ကိုယ်တိုင်အတွက်တော့ သိပ်အဆင်မပြေဘူး။
ကျင်းရွှီယန်းကတော့ သူတို့ရဲ့အကျပ်အတည်းတွေကို မသိဘဲပြောလိုက်တာ် "အခုဆို အာ့ဇီရဲ့နေရာလွတ်အကြောင်းကို အားလုံးသိကြပြီးပေမဲ့ အားလုံးကို လျှို့ဝှက်ထားစေချင်ပါတယ်။ တခြားသူတွေရဲ့ရှေ့မှာတော့ ရှောင်ချီ နှင့် ဖုန်းယွင်တို့ရဲ့ နေရာလွတ်တွေကိုပဲ သုံးမှာပါ"
"ကပ္ပတိန်၊ ခယ်မရဲ့နေရာလွတ်ကို မင်းက ကျွန်တို့အရံအဖြစ်သုံးဖို့ စီစဉ်နေတာလား" ကျန်းယွမ်က မေးသည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ငါတို့က ဘယ်လောက်ပဲ သန်မာနေပါစေ ပိုသန်မာသူတစ်ယောက်ကတော့ အမြဲရှိနေမှာပဲ။ Plan B တစ်ခုရှိဖို့ ဉာဏ်ကောင်းတာက ပိုကောင်းတယ်။ တစ်နေ့မှာ ရှောင်ချီ နှင့် ဖုန်းယွင်တို့ရဲ့နေရာလွတ်က ရိက္ခာတွေကိုသာ လွှဲပေးရတော့မယ်ဆိုရင် အာ့ဇီဆီမှာ ကျန်နေမှာပဲ"လို့ ပြောတာ်။
ဒီစကားကိုကြားတဲ့အခါမှာပဲ လူတိုင်းက သူတို့အသင်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူကြတယ်။ "ကပ္ပတိန်၊ ကျွန်တော်တို့က မင်းရဲ့အစီအစဥ်အတိုင်း လိုက်မယ်" လို့ တညီတညွတ်တည်း ပြန်ပြောကြတယ်။
သူ့ညီအစ်ကိုများကို ယုံကြည်နိုင်မှန်း ကျင်းရွှီယန်းက သိသည်။ သူက ပြုံးပြီး "ကောင်းပြီ၊ ရွှီချွန်း နဲ့ သူ့အဖွဲ့ အနားယူနေချိန်မှာ ရှောင်ချီ နဲ့ ဖုန်းယွင်တို့က စူပါမားကတ်ခဲက ပစ္စည်းတွေ စုဆောင်းဖို့ အာ့ဇီ နဲ့ အတူလိုက်သွားကြ"
"မနက်ဖြန်ကြမှ အပေါ်ထပ်က ဖုတ်ကောင်တွေကို ဆက်ရှင်းလင်းပြီး ရိက္ခာတွေ စုဆောင်းဖို့သွားမယ်။ ပြီးတဲ့အခါကြရင်တော့ ရွှီချွန်း နဲ့အတူ ယာယီစခန်းကိုသွားမယ်"
“နားလည်ပြီ” ဟု တညီတညွတ်တည်း ပြန်ပြောကြသည်။
အကျဉ်းချုံးတွေ့ဆုံမှုအပြီးတွင် လူတိုင်းက ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ လင်းယုန်အဖွဲ့ဟာလည်း လင်အန်းမြို့ နယ်နိမိတ်တွင်ရှိသော ယာယီ အသက်ရှင်ကျန်ရစ်သူ အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်။
တံခါးဝသို့ ချဉ်းကပ်လာသောအခါတွင် အစောင့်တပ်သားများက သူတို့ရဲ့လက်နက်များကိုချီကာ တိုက်ပွဲအတွက် အသင့်ပြင်ထားကြတာကို တွေ့ရသည်။
ကားရပ်သွားပြီးနောက် ဝေယင်းက ပြတင်းပေါက်မှန်ကိုနှိမ့်လိုက်ကာ "ရဲဘော်၊ ငါတို့က လင်းယုန်အဖွဲ့ပါ။ ကျေးဇူးပြုပြီး အထက်အရာရှိတွေကို သတင်းပို့ဖို့ ကူညီပါ" လို့ပြောလိုက်တယ်။
ထိုသတင်းကိုကြားသောအခါတွင် စစ်သားတစ်ဦးမှ သွားရောက်သတင်းပို့ခဲ့ပြီး ကျန်တစ်ဦးမှာ အသက်ရှင်ကျန်ရစ်သူများနှင့် လင်းယုန်အဖွဲ့သားများ ဒဏ်ရာများရမရကို စစ်ဆေးခဲ့သည်။
စစ်ဆေးရေးလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်စဉ်တွင် စစ်သားများက သူတို့ယူဆောင်လာသော ထောက်ပံ့ပစ္စည်းများကို မှတ်တမ်းတင်ခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ ထက်ဝက်ခန့်က ထွက်ခွာရန်ရွေးချယ်မှုကြောင့် လမ်းတစ်လျှောက်တွင် ရှာဖွေတွေ့ရှိခဲ့သော ရိက္ခာများကို သယ်ဆောင်ရန်အတွက် ဘတ်စ်ကားနှစ်စီးကို အသုံးပြုခဲ့သည်။
အစားအသောက်နှင့် ရေအပြင် ဆေးဝါးများ၊ အဝတ်အထည်များ၊ ကလေးနှင့် အမျိုးသမီးသုံးပစ္စည်းများကိုလည်း တွေ့ရှိခဲ့သည်။ ဒါတွေဟာ သူတို့ အလွန်လိုအပ်နေတဲ့ အရာတွေပါ။ ထို့ကြောင့် သူတို့သည် အစာနှင့်ရေကို ပိုရှာတွေ့သည့်တိုင်အောင် ကလေးနှင့် အမျိုးသမီးသုံးပစ္စည်းများကို ဦးစားပေးစုဆောင်းနေကြဆဲဖြစ်သည်။
နှစ်နာရီကြာပြီး အနောက်မိုးကုပ်စက်ဝိုင်းတွင် နေဝင်ချိန်ကြမှ လင်းယုန်အဖွဲ့နှင့် အသက်ရှင်ကျန်ရစ်သူများသည် အခြေစိုက်စခန်းသို့ ဝင်ရောက်ခွင့်ရတယ်။
ဂိတ်ကိုဖြတ်မောင်းလာရင်း စောင့်နေတဲ့လူတစ်စုကို တွေ့လိုက်ရတယ်။ အရှေ့တွင်ရပ်နေသောလူကိုမြင်တော့ ဝေယင်းနှင့်သူရဲ့အဖွဲ့က ကားပေါ်မှဆင်းလာခဲ့သည်။
ဝေယင်းက “ဗိုလ်မှူးကြီး” လို့ မပြောခင် အုပ်စုကို အလေးပြုကြတယ်။
ဗိုလ်မှူးကြီးက ခေါင်းညိတ်ပြပြီး ပိုင်ရီကျီးဆီသို့ လျှောက်လာတယ်။ဗိုလ်မှူးကြီးက လှမ်းကြည့်ရင်း ပြုံးပြုံးလေး နှုတ်ဆက်ကာ "သခင်လေးပိုင် စခန်းက ကြိုဆိုပါတယ်။ မင်းအဖေ စေလွှတ်လိုက်တဲ့အဖွဲ့က မင်းကို စောင့်နေတယ်"
ပိုင်ရီကျီးက လက်ဆွဲနှုတ်ဆက်တာကို လက်ခံပြီး "ကျေးဇူးတင်ပါတယ် ဗိုလ်မှူးကြီး" လို့ ပြန်ပြောလိုက်တယ်။
"သခင်လေးပိုင် မင်းနဲ့ မင်းအဖွဲ့အတွက် အခန်းတွေ ပြင်ထားပြီးသား။ ဒီနည်းနဲ့ ကျေးဇူးပြုပြီး" ဗိုလ်မှူးကြီးက သူ့အား ဦးစွာလမ်းလျှောက်ရန် လက်ဟန်ပြရင်း ပြောလိုက်တယ်။
မသွားခင်မှာ ပိုင်ရီကျီးက ဝေယင်းနဲ့ သူ့အဖွဲ့ကို လှည့်ကြည့်လိုကမတယ်။ “ရဲဘော်တို့၊ မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာသာ မင်းတို့တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တတ်နိုင်သလောက် ကူညီမှာပါ” ဟု နှုတ်ဆက်စကားဆိုသည်။
သူ့စကားကြားတော့ လင်းယုန်အဖွဲ့သားတွေရဲ့ နှလုံးသားထဲမှ မကျေနပ်မှုတွေ လျော့နည်းသွားတယ်။ အလေးပြုပြီး ခေါင်းညိတ်ကြသည်။
အတိုချုံးနှုတ်ဆက်ပြီးနောက်တော့ ပိုင်ရီကျီးက ဗိုလ်မှူးကြီး နှင့်ပူးပေါင်းကာ ထိုဒေသရှိ တစ်ခုတည်းသော သုံးထပ်တည်းခိုခန်းဆီသို့ မောင်းနှင်သွားခဲ့သည်။ သူတို့နောက်မှာတော့ လီယောင်က သူ့ SUV နဲ့ လိုက်လာခဲ့ပြီး ဟန်ကျီယင်းကတော့ ပိုင်ရီကျီးရဲ့ ဂျစ်ကားကို မောင်းနှင်ခဲ့ပါတယ်။
ကားမောင်းနေရင်းနဲ့ကို ဟန်ကျီယင်းရဲ့မျက်လုံးများတွင် တွက်ချက်မှုနှင့် မနာလိုမှုများ ပေါ်လာသည်။ အဆိုးမြင်စိတ်တွေကို တွန်းချလိုက်ရင်း စတီယာတိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။
အခန်း-(၂၀၉)
သူတို့ထွက်သွားပြီးနောက်တော့ ဝေယင်းက သူ့အဖွဲ့ဝင်တွေဆီကို လှည့်ကာ "လူတိုင်း အလုပ်သွားလုပ်ဖို့ သတင်းမပို့ခင် သုံးရက်နားကြမယ်။ ပြန်သွားပြီး ကောင်းကောင်း အနားယူကြ" လို့ပြောလိုက်တယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
သူ့အဖွဲ့ဝင်တွေ ထွက်သွားပြီးတဲ့အခါ နောက်ဆုံးမှာမှ ကုရှကျယ် နှင့် ရုန်မိုအာဘက်ကိုလှည့်ပြီး "မင်းတို့နှစ်ယောက်ကကော ဘယ်လိုလဲ ၊ မင်းတို့မှာ တခြားအစီအစဉ်တွေ ရှိလား ဒါမှမဟုတ် ဒီမှာနေချင်တာလား"လို့ မေးလိုက်တယ်။
ကုရှကျယ်က ရုန်မိုအာကို တစ်ချက်ကြည့်လိုက်ပြီး "ကျွန်တော်က မိုအာရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာပါ့မယ်" လို့ ပြောလာတယ်။
"ဗိုလ်ကြီးဝေ ၊ ဒီမြို့နဲ့ တခြားအနီးနားမြို့တွေရဲ့အကြောင်း အချက်အလက်တွေထပ်သိချင်ပါတယ်။ နောက်နှစ်ရက်နေရင်တော့ မိသားစုကိုရှာဖို့ ထွက်သွားမှာပါ" ဟု ရုန်မိုအာက ပြန်ဖြေတယ်။
ဒါကိုကြားတော့ ဝေယင်းက ခေါင်းညိတ်ပြပြီး "မင်းစိတ်ထဲမှာ ဆုံးဖြတ်ထားပြီးပြီဆိုတော့ အိမ်နီးနားချင်းမြို့တွေအကြောင်း နောက်ဆုံးရသတင်းတွေကို မင်းသိအောင် ငါကူညီပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးဝေ" ရုန်မိုအာက ပြုံးပြီးပြောတယ်။
ဝေယင်းက ပြုံးပြီးပြောတယ် " ဒါက အသေးအမွှားကိစ္စလေးပါပဲ၊ မင်းတို့ စိတ်ပူနေစရာမလိုပါဘူး။မင်းတို့နှစ်ယောက်က ငါ့အဖွဲ့နဲ့ ငါ့ရဲ့အသက်ကို ကယ်ခဲ့တယ်။ မင်းတို့နှစ်ယောက်က ဒီမှာမနေနိုင်တာ သနားစရာပဲ"
သူ့စကားကိုကြားတော့ နှစ်ယောက်သားက ပြုံးရုံသာပြုံးနေပြီး ဘာမှမပြောပါဘူး။
ခဏအကြာတော့မှ ဝေယင်းကဆက်ပြောလိုက်တယ် "မင်းတို့နှစ်ယောက်က စစ်သားတွေနောက်ကို လိုက်သွားပြီး နာမည်စာရင်းသွင်းလို့ရတယ်။ ပြီးရင် ရိက္ခာနဲ့ နေစရာနေရာတစ်ခု ပေးလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးဝေ"
စစ်သားငယ်တစ်ဦးကရောက်လာပြီး ဝေယင်းရဲ့အမိန့်ကြောင့် သတင်းပို့သည့်နေရာသို့ ပို့ဆောင်ပေးတယ်။ သူတို့လမ်းလျှောက်လာရင်းနဲ့ ကုရှကျယ်က "ရဲဘော်၊ ဒီစခန်းမှာ ဘယ်လိုအခြေအနေရှိလဲ" လို့မေးလိုက်တယ်။
လုံခြုံရေးအတွက် စိတ်ပူတယ်ထင်လို့ စစ်သားငယ်က "ရဲဘော်၊ မင်းတို့ဒီမှာ အေးအေးဆေးဆေးနေနိုင်တယ်။ ငါတို့မှာက အနီးပတ်ဝန်းကျင်ကဖုတ်ကောင်တွေကို ရှင်းလင်းနေတဲ့ စစ်သားအုပ်စုတွေ အများကြီးရှိတယ်။ မီတာ 300 အချင်းဝက်အတွင်းမှာ ဘာဖုတ်ကောင်တွေမှမရှိဘူး" ဟု ပြန်ပြောတယ်။
"အသုံးအဆောင်နဲ့ နေထိုင်မှုကရော ဘယ်လိုလဲ" ရုန်မိုအာကမေးပြန်တယ်။
ထိုစကားကိုကြားသောအခါတွင် စစ်သားငယ်က သက်ပြင်းတစ်ချက်ချလို့ “လူတွေကို ငတ်မသေတဲ့အထိပဲ ထိန်းနိုင်တယ်” လို့ ပြောလာတယ်။
" လူတစ်ဦးစီက နေ့တိုင်းအတွက် ရေတစ်ပုလင်းနှင့် ဘီစကွတ်အထုပ်ငယ်နှစ်ထုပ်ပဲ ရနိုင်တယ်။ နေရာကန့်သတ်ထားတာကြောင့်လည်း အခန်းတစ်ခန်းကို လူဆယ့်ငါးယောက်မှ နှစ်ဆယ်အထိ ခွဲဝေကြရတယ်"
“ရဲဘော်၊ ဒါက နယ်စပ်နေရာဖြစ်ရင်တောင်မှ ရိက္ခာတွေ အများကြီးရှိရမယ်။ နယ်စပ်နဲ့နီးတဲ့ ခရိုင်တွေမှာ စက်ရုံတွေမှအများကြီးရှိတယ်။ဒီလိုအခြေအနေမျိူးက ဘယ်လိုလုပ်ပြီးဖြစ်လာရတာလဲ” ဟု ကုရှကျယ်က ပြောသည်။
စစ်သားငယ်က အနီးနားကို မှီလာပြီး တိုးတိုးလေး ပြောပြတယ် "ကျွန်တော်တို့က ထောက်ပံ့ရေးပစ္စည်းတွေ မတွေ့တာ မဟုတ်ဘူး၊ ဒါပေမဲ့ စစ်သားတွေ ပြန်သယ်လာတဲ့ပစ္စည်းတွေကို မှတ်ပုံတင်ကြေးပေးရတယ်၊ ကျန်တစ်ဝက်ကိုတော့ အထက်လူကြီးတွေက သိမ်းပြီး ချမ်းသာတဲ့ မိသားစုတွေ နိုင်ငံရေးသမားတွေကို ထောက်ပံ့ဖို့သုံးတယ်"
ဒါကိုကြားတော့ ကုရှကျယ်က သူ့မျက်လုံးတွေကို မှေးထားလိုက်တယ်။ အခြေအနေက အရမ်းဆိုးနေပြီ၊ ဒါပေမယ့် အဲဒီလူတွေကတော့ ပိုကြီးတဲ့ပြသနာကိုမမြင်နိုင်ဘဲ အမြတ်ကိုပဲ လိုက်ရှာနေသေးတယ်။
စစ်သားငယ်လေးကတော့ သူ့အတွေးကိုမသိဘဲ "ပြီးတော့ စစ်တပ်မှာက စွမ်းရည်အသုံးပြုသူ အယောက်နှစ်ဆယ်အောက်ပဲရှိတယ်။ စစ်သားအများစုက သာမန်လူတွေပဲ"
"ဒါကြောင့် အထက်လူကြီးတွေက အရပ်သားတွေကနေလာတဲ့ စွမ်းရည်ရှိတဲ့သူတွေကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် သူတို့က ထိန်းချုပ်ရခက်ပြီး တခြားသူတွေကို ဖိနှိပ်ဖို့ သူတို့ရဲ့ ပါဝါကို မကြာခဏ သုံးကြတယ်"
"အထက်လူကြီးတွေ သိပြီးပြီလား" ကုရှကျယ်က မေးတယ်။
စစ်သားငယ်က ခေါင်းညိတ်ပြီး "သူတို့သိပါတယ်၊ ဒါပေမယ့် ငါတို့က လူအင်အားလိုတယ်ဆိုတော့ သူတို့က မျက်စိမှိတ်ပြီး နေဖို့ရွေးကြတယ်။ ဘယ်သူ့ကိုမှ မသတ်သရွေ့ အထက်အရာရှိတွေက ဘာမှလုပ်မှာ မဟုတ်ဘူး" ဟု ပြန်ပြောတယ်။
ဒါကိုကြားတော့ ကုရှကျယ် နှင့် ရုန်မိုအာတို့ နှစ်ယောက်စလုံးက အကြည့်ချင်းဖလှယ်ကြပါတယ်။ အစိုးရလက်ထဲကဒီနေရာမှာတောင် ဖရိုဖရဲဖြစ်နေတယ်ဆိုရင် အပြင်က အခြေအနေက ပိုဆိုးလောက်တယ်။
သူမရဲ့မိသားစုအကြောင်းကိုတွေးရင်း ရုန်မိုအာက ပိုပြီးတော့တောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမတော့ ဒီမှာအကြာကြီးမနေနိုင်ပုံရတယ်။
သူမရဲ့စိုးရိမ်ပူပန်မှုကို ကုရှကျယ်က သတိပြုမိတဲ့အခါမှာ သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "မိုအာ စိတ်မပူပါနဲ့ မင်းမိသားစု အဆင်ပြေနေမှာပါ။ဗိုလ်ကြီးဝေဆီက သတင်းရရင် ငါတို့ ထွက်သွားမယ်"
သူမကိုနှစ်သိမ့်ဖို့သုံးတဲ့ သူ့စကားတွေက မှားနေမှန်း သူမသိသော်လည်း ရုန်မိုအာကတော့ ထိုစကားကြားပြီးနောက်တွင် ပိုကောင်းလာသေးသည်။ သူမက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုပြောလိုက်တယ်။
စစ်သားငယ်က သူတို့ကိုကြည့်နေသော်လည်း ဘာမှမပြောပေ။ နောက်ဆုံးတော့လဲ စခန်းရဲ့လယ်ခေါင်မှာ ပျောက်ဆုံးသူရဲ့အကြောင်းကြားစာကို လွှင့်တင်ထားတဲ့သူတွေ အများကြီးရှိနေတယ်။
အဲဒါကို တွေးမိတော့ “ရဲဘော်၊ စခန်းရဲ့ အလယ်ဗဟိုမှာ သတင်းအချက်အလက် ဘုတ်တစ်ခုရှိတယ်။ အဲဒီကို သွားကြည့်လို့ရတယ်။ ပျောက်နေတဲ့လူ တော်တော်များများကို အဲဒီမှာ အကြောင်းကြားစာ တင်ထားတယ်။ မင်းမိသားစုကို ရှာလို့ရတယ်” ဟု ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါမှာတော့ ရုန်မိုအာရဲ့ မျက်လုံးများက တောက်ပလာတယ်။ သူက စစ်သားငယ်ကို ခေါင်းညိတ်ပြပြီး "ကျေးဇူးတင်ပါတယ် ရဲဘော်" ဟုပြောလိုက်သည်။
ကုရှကျယ်က သူ့ကျောပိုးအိတ်ကိုဇစ်ဖွင့်ပြီး ပရိုတင်းဘားနှစ်တုံးကို ထုတ်လိုက်တယ်။ သူက စစ်သားငယ်ကိုပေးလိုက်ပြီး "မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ရဲဘော်"လို့ ပြောလိုက်တယ်။
ပရိုတင်းအတုံးတွေကိုမြင်တော့ စစ်သားငယ်က ကုရှကျယ် ရဲ့လက်ကို အမြန်ပြန်တွန်းပြီး "ရဲဘော်၊ ကျွန်တော်က စကားတစ်ခွန်းလောက်ပြောရုံပဲ ဒါကိုပေးစရာ မလိုပါဘူး။ ဒီဟာကို မင်းအတွက်ပဲသိမ်းထား" လို့ပြောလာတယ်။
အရင်းအမြစ်များက အကန့်အသတ်နဲ့သာရှိသော်လည်း စစ်သားက ရိုးသားဆဲဖြစ်ကြောင်း တွေ့ရသဖြင့် ကုရှကျယ် ရဲ့ စစ်သားအပေါ် အထင်ကြီးလေးစားမှုက တိုးတက်လာခဲ့သည်။
သူက စစ်သားရဲ့ အိတ်ကပ်ထဲကိုထည့်ပေးလိုက်ပြီး "ရဲဘော်၊ ငါ့ရည်းစားနဲ့ ငါက စွမ်းရည်ကို အသုံးပြုသူတွေပါ။ နောင်အခါကြရင် ဒါမျိူးတွေကို ငါတို့က ပိုရှာတွေ့နိုင်မယ်။ သိမ်းထားလိုက်ပါ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ စစ်သားကမေးတယ် “ရဲဘော်၊ ကျွန်တော်မေးပါ့ရစေမင်းရဲ့ စွမ်းရည်ကဘာလဲ "
ဤမေးခွန်းကိုကြားသောအခါတွင်တော့ ကုရှကျယ်က မျက်ခုံးပင့်လိုက်တယ်။ ခဏလောက်စဉ်းစားပြီးမှ သူကပြန်ဖြေသည် "ငါက ရေအမျိုးအစား စွမ်းရည်အသုံးပြုသူပါ"
သူဒီလိုပြောပြီးချိန်မှာတော့ စစ်သားငယ်လေးရဲ့ မျက်လုံးတွေက တောက်ပလာပြီး "ရဲဘော်၊ ရေကိုပဲ အစားပေးလို့ရမလား" လို့မေးတယ်။
"စခန်းကနေ မရဘူးလား" ရုန်မိုအာက မေးတယ်။
"ကျွန်တော်တို့တွေ့ရှိတဲ့ တွင်းထွက်ရေပမာဏက အသက်ရှင်ကျန်ရစ်သူတွေအတွက်တောင် လုံလောက်မှု မရှိဘူး။ ဒါကြောင့် တစ်ဝက်လောက်ကို သိမ်းယူခံရပြီးနောက်မှာတော့ စစ်သားတွေအတွက် နှစ်ရက်မှာတစ်ကြိမ် ပုလင်းတစ်လုံးစီပဲ ရတော့တယ်" ဟု စစ်သားငယ်က သက်ပြင်းရှည်ဖြင့်ချကာ ပြောပြသည်။
သူ့ကိုကြည့်လိုက်တော့လည်း နှုတ်ခမ်းတွေက ဖြူဖျော့ဖျော့ဖြစ်နေပြီး သူ့လျှာကလည်း အနီရောင်ဖျော့ဖျော့အဖြစ်သို့ ပြောင်းလဲနေတာကို သတိပြုမိလိုက်တယ်။ ဤသည်မှာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်တယ်။
အခန်း-(၂၁၀)
အဆုံးမှာတော့ ကုရှကျယ်က ခေါင်းညိတ်ပြီး "ရဲဘော် ငါမင်းကို ရေပေးလို့ရတယ်" လို့ပြောလိုက်တယ်။
စစ်သားငယ်က သူ့စကားကိုကြားတော့ ဝမ်းသာသွားပြီး ရေအိတ်ကို ထုတ်လိုက်တယ်။ အိတ်ထဲမှာက ရေအနည်းငယ်ရှိနေတော့ အိတ်အလွတ်ကိုသူ့ဆီမအပ်ခင်မှာ ကျန်နေတဲ့ရေကိုအကုန်သောက်လိုက်သေးတယ်။
“ရဲဘော်၊ ဒီရေလှောင်အိတ်က ရေငါးလီတာ ဆံ့တယ်။ ရေမဖြည့်နိုင်တော့ရင်လည်း အဆင်ပြေတယ်” ဟု သူက ဆိုသည်။
ဖုတ်ကောင်တွေကိုတိုက်ခိုက်ကာ သူ့စွမ်းအင်ကို ရက်ပေါင်းများစွာ အသုံးချပြီးတဲ့နောက်မှာတော့ ကုရှကျယ်ဟာ အဆင့် ဖြတ်ကျော်ဖို့ အထွတ်အထိပ်ကိုရောက်နေပါပြီ။
သူရဲ့အမြင့်ဆုံးစွမ်းအင်ဖြင့်ဆိုရင် စွမ်းအင်မကုန်မီတွင် ရေ လီတာ ၂၅၀ ကို ဖန်တီးနိုင်သည်။ သူရဲ့စွမ်းအင်ပြန်လည်ရရှိရန်အတွက်က အမြုတေနှစ်ခု စုတ်ယူရန် သို့မဟုတ် သုံးနာရီကြာအနားယူရန်လိုအပ်သည်။ ဒါကြောင့် သူ့အတွက်တော့ ရေငါးလီဆိုတာက ဘာမှမဟုတ်ပါဘူး။
သူက ခေါင်းညိတ်လိုက်ပြီး အိတ်ရဲ့အဝမှာ လက်ညှိုးကို ချထားလိုက်တယ်။ နောက်တစက္ကန့်တွင်တော့ သူ့လက်ချောင်းထိပ်မှ တဆင့်ရေများစီးကျလာပြီး ရေအိတ်ထဲသို့ရောက်သွားသည်။ ရေအပြည့်ဖြည့်ဖို့ နှစ်မိနစ်ပဲကြာခဲ့တယ်။
အဖုံးကိုပိတ်ပြီးတဲ့နောက်တော့ စစ်သားထံသို့ အိတ်ကိုပြန်ပေးလိုက်ကာ "မင်းမှာ တခြားရေဘူးတွေရှိသေးလား ၊ အဲဒါတွေကို ငါဖြည့်ပေးရမလား" လို့ မေးတယ်။
ထိုစကားကိုကြားသောအခါတွင် စစ်သားငယ်ကပြန်မေးတယ် “ရဲဘော်၊ မင်းမှာ ရေဘယ်လောက်ရနိုင်လဲ”
"ငါ့ရဲ့လက်ရှိအခြေအနေမှာတော့ စွမ်းအင်မကုန်ခင်မှာ ၂၀၀ လီတာလောက်ပဲရနိုင်တယ်။ ပြန်အားဖြည့်ဖို့ဆယ်နာရီကြာတယ်။ ဒါကြောင့်တစ်နေ့ကိုအများဆုံးလီတာ ၄၀၀ ပဲရနိုင်တယ်" ဟု ကုရှကျယ်က အေးဆေးတည်ငြိမ်စွာပြောသည်။
ဒါကိုကြားတော့ ရုန်မိုအာက သူ့ကို စိုက်ကြည့်နေတယ်။ သူ လိမ်ညာနေမှန်း သူမသိပေမယ့် ဒါကို ထုတ်ဖော်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။
သူ့အတွက်ကတော့ သူက ရေအမျိုးအစား စွမ်းရည်အသုံးပြုသူဖြစ်ကြောင်းကို ဖုံးကွယ်ထားရတာက ပိုကောင်းပါတယ်။ ကံမကောင်းစွာနဲ့ပဲ ၊ လင်းယုန်အဖွဲ့ရယ် သူတို့နဲ့အတူရယ် ပါလာတဲ့ အသက်ရှင်ကျန်ရစ်သူတွေကတော့ ဒီအကြောင်းကို သိခဲ့ပါတယ်။ ထို့ကြောင့် သူ့ရဲ့စွမ်းရည်ကို ဖုံးကွယ်ထားရန်က အသုံးမ၀င်ပေ။
"ရဲဘော် ၊ ကျွန်တော်တို့စခန်းက ရေကန်တွေကို မင်းဖြည့်ပေးနိုင်မလား" စစ်သားငယ်က မေးတယ်။
ကုရှကျယ်က ခေါင်းညိတ်ပြီး "ဒါပေမယ့် မင်းကို လီတာ ၁၀၀ အပြည့်ပေးမယ်လို့တော့ ကတိမပေးနိုင်ဘူး။ လမ်းမှာ ဖုတ်ကောင်တွေကို တိုက်ဖို့အတွက် ငါ့ရဲ့စွမ်းအင်ကို သုံးခဲ့ရတယ်"
ရဲဘော်ငယ်က ခေါင်းညိတ်ပြီး "ရဲဘော်၊ မင်း တတ်နိုင်သလောက်လုပ်ပါ၊ ကိုယ့်ကိုယ်ကို အတင်းအကြပ်ဖိအားပေးစရာမလိုပါဘူး။ကျွန်တော်တို့ကို ရေအခမဲ့ဝေမျှပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်" ဟု ပြန်ပြောသည်။
ဒါကိုကြားတဲ့အခါမှာ ကုရှကျယ် နှင့် ရုန်မိုအာတို့ နှစ်ယောက်လုံးက တစ်ခုခုမှားနေတယ်လို့ ခံစားမိပေမယ့် အတိအကျကို မသိနိုင်ခဲ့ပါဘူး။
သူတို့နှစ်ဦးက ရေသိုလှောင်ရာနေရာဆီသို့ စစ်သားငယ်နောက်က နေလိုက်သွားကြတယ်။ ထိုနေရာကို သံဆူးကြိုးခြံစည်းရိုးများဖြင့် ကာရံထားပြီး စစ်သားအများအပြားကလဲ လက်နက်များဖြင့် စောင့်ကြပ်နေသည်။
သူတို့ ဂိတ်ဝသို့ရောက်လာတဲ့အခါမှာ အစောင့်တစ်ယောက်က တားပြီး "ရဲဘော်၊ ဒါက ကန့်သတ်နယ်မြေပါ ခွင့်ပြုချက်မရှိတဲ့သူတွေ ဝင်လို့မရဘူး" လို့ပြောလာတယ်။
ဒါကိုကြားတော့ စစ်သားငယ်ကပြောပါတယ် "ရဲဘော်၊ ဒီရဲဘော်က ရေထုတ်နိုင်တဲ့စွမ်းရည်ရှိပြီး သူက ငါတို့ရဲ့ရေကန်ကိုဖြည့်ပေးဖို့ လာတာ"
ဒီစကားကိုအစောင့်တွေကြားတော့ အံ့ဩသွားကြတယ်။ သူတို့က ကုရှကျယ်ကိုကြည့်လာပြီး သူတို့ထဲက တစ်ယောက်ကတော့ "ရဲဘော်၊ မင်း ငါတို့ကို ရေတကယ် အလကားပေးနေတာလား" လို့မေးတယ်။
ဒီတစ်ကြိမ်မှာတော့ ကုရှကျယ်က အဓိကအချက်ကို ဖမ်းမိသွားပြီး "ရဲဘော်၊ အဲဒါ ဘာကိုဆိုလိုတာလဲ" လို့ မေးပါတယ်။
စစ်သားက "ရဲဘော်၊ မင်းကတော့ မသိနိုင်ပေမယ့် ငါတို့စခန်းမှာ ရေအမျိုးအစားအသုံးပြုသူ သုံးဦးရှိတယ်။ ငါတို့က ရေလိုရင် ဝယ်ဖို့အတွက် ရိက္ခာတွေနဲ့ လဲလှယ်တာဒါမှမဟုတ် ဖုတ်ကောင်တွေဆီက အမြုတေတွေနဲ့ လဲလှယ်ရမယ်" ဟု စစ်သားက မပြောမီ ခဏလောက် တုံ့ဆိုင်းသွားခဲ့သေးသည်။
ဒါကိုကြားတော့ ကုရှကျယ်က "ရေဝယ်ဖို့ ရိက္ခာဘယ်လောက်လိုလဲ" လို့မေးလိုက်တယ်။
"ပစ္စည်းတွေသုံးရင် ဆန်တစ်ကီလိုဂရမ်၊ ဂျုံမှုန့် ဒါမှမဟုတ် တခြားအရာတွေနဲ့ ညီမျှတဲ့တန်ဖိုးနဲ့ ရေတစ်လီတာကို လဲလှယ်ဖို့ လိုတယ်။ အမြုတေတွေကို သုံးရင်တော့ ရေတစ်လီတာအတွက် အမြုတေနှစ်ခုလိုတယ်"
ဒါကိုကြားတော့ ကုရှကျယ် နှင့် ရုန်မိုအာတို့က အံ့သြသွားကြတယ်။ အမြုတေတစ်လုံးရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သူတို့သိတယ်။ ဖုတ်ကောင်လေးဆယ်တွင်၊ အမြုတေတစ်တုံးမျှပင် မတွေ့နိုင်ပေ။ ရေတစ်လီတာအတွက် အမြုတေနှစ်လုံးတောင်းဖို့က ဈေးအရမ်းကြီးတယ်။
သူတို့ရဲ့အပြုအမူတွေကိုမြင်တော့ စစ်သားငယ်က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရသွားမှာ စိုးရိမ်ပြီး “ရဲဘော် ရေ တိုင်ကီအကြောင်း…” လို့ မေးလိုက်တယ်။
ကုရှကျယ်က သူ့ကိုကြည့်လိုက်ပြီး "ရဲဘော်၊ ငါမင်းကို ကတိပေးထားတာဆိုတော့ ငါ့စကားကိုပြန်ရုတ်သိမ်းစရာ အကြောင်းမရှိဘူး၊ ကျေးဇူးပြုပြီး လမ်းပြပေးပါ"လို့ ပြောလိုက်တယ်။
သူ့စကားကိုကြားပြီးတာနဲ့ အစောင့်တွေက တံခါးကို အမြန်ဖွင့်လိုက်ကြပြီး “ရဲဘော်၊ ဒီနည်းနဲ့ ကျေးဇူးပြုပြီး” လို့ပြောလာတယ်။
ကန့်သတ်နယ်မြေဟု ခေါ်ဝေါ်ကြသော်လည်း သံဆူးကြိုး ကာရံထားသည့် တံခါးများသာရှိသည်။ အစောင့်များရှိနေလျှင်တောင် စွမ်းရည်အသုံးပြုသူတစ်ဦးကသာ ရေကိုရယူလိုလျှင် မြေပေါ်မှငွေကောက်သကဲ့သို့ လွယ်ကူမည်ဖြစ်သည်။
ရေတိုင်ကီတွေ သိုလှောင်ထားတဲ့ သစ်သားအိမ်ငယ်လေးကိုမရောက်ခင် ခဏလောက်အထိ လမ်းလျှောက်လိုက်ကြတယ်။ အိမ်ထဲသို့ဝင်ပြီးနောက်မှာတော့ ကုရှကျယ်ဟာ အနည်းဆုံး ရေ ၃၀၀၀ လီတာစီ ထိန်းသိမ်းထားနိုင်သော ရေတိုင်ကီဆယ်ခုကို တွေ့လိုက်သည်။
သူက လမ်းလျှောက်သွားပြီး တိုင်ကီတွေကို ခေါက်ကြည့်လိုက်တယ်။ အခြေအနေမည်မျှပင် ဆိုးရွားနေပါစေ၊ အနည်းဆုံးတော့ တိုင်ကီ တစ်လုံး သို့မဟုတ် နှစ်လုံး ရှိသင့်သည်ဟု သူထင်ခဲ့တယ်။ သူထင်မှတ်ထားသလိုမဟုတ်ဘဲ တိုင်ကီများအားလုံးမှ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။
လှည့်ပြီး စစ်သားတွေကို ကြည့်လိုက်တော့ ခေါင်းတွေငုံ့ထားကြတာကို တွေ့လိုက်ရတယ်။
ဒါကိုမြင်တော့ ကုရှကျယ်က သက်ပြင်းတစ်ချက်ချပြီး "ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"လို့ ပြောလိုက်သည်။
ငြင်းဆန်ရန်က စိတ်ပျော့လွန်းမှန်း သိသဖြင့်
ရုန်မိုအာက စစ်သားများကို ကြည့်ကာ "မင်းတို့မှာ ဖုတ်ကောင်တွေဆီက အမြုတေတွေရှိလား" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ စစ်သားတွေက ခေါင်းတညိတ်ညိတ်နဲ့ သူတို့မှာပါတဲ့ အမြုတေတွေအားလုံးကို ထုတ်ယူလိုက်တယ်။ ရုန်မိုအာ အမြုတေများအားလုံးကိုယူလိုက်ပြီး ကုရှကျယ်ထံသို့ပေးလိုက်သည်။
စုစုပေါင်း အမြုတေ ၁၇ လုံးပါရှိပြီး တိုင်ကီတစ်လုံးကို ဖြည့်ဖို့ လုံလောက်ပါတယ်။ သိပ်မများပေမယ့် စစ်သားတွေအတွက် ရက်အနည်းငယ်ကြာအောင်သုံးနိုင်ဖို့ ရေ ၃,၀၀၀ လီတာလောက်တော့ ရနိုင်သင့်တယ်။
စစ်သားတွေက ရေကန်ရဲ့အဖုံးကို ဖယ်ရှားပြီးနောက်မှာပဲ ကုရှကျယ်က သူ့လက်ကို မြှောက်လိုက်ပြီးတဲ့နောက်တော့ ရေကန်အထက်မှာမျောနေတဲ့ ရေဘောလုံးဟာ ဘယ်ကနေမှမသိ ထွက်ပေါ်လာတယ်။