← Chapters

အခန်း (၃၂၁၆-၃၂၂၀)

Vol. 140 Ch. 3216-3220

အခန်း (၃၂၁၆-၃၂၂၀)

Vol. 140 Ch. 3216-3220

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၁၆)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် ကျောက်စိမ်းပြားများကို သစ်သားစင်၏ ဘယ်ဘက်မှနေကာ စတင်ကူးယူသွားခဲ့ပြီး ကျိယောင်မှာတော့ ညာဘက်မှနေကာ စတင်ကူးယူလေသည်။ တရွေ့ရွေ့နှင့် ရန်ကိုင်နှင့် ကျိယောင်တို့မှာ တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကာ လျှောက်လာနေကြလေ၏။ မော့ကြည့်လိုက်မည်ဆိုလျှင် တစ်ယောက်မျက်နှာကို တစ်ယောက် အတိုင်းသား မြင်နေရလေသည်။

မည်သည့်သိုင်းပညာရပ်များ၊ ကျင့်စဉ်များကို ကူးယူရမလဲဆိုသည်ကိုတော့ ရန်ကိုင် ဂရုစိုက်မနေခဲ့ပေ။ တွေ့လေရာ သိုင်းပညာရပ်၊ ကျင့်စဉ်အားလုံးကို ကူးယူရန်သာ စဉ်းစားထားခဲ့သည်။

ထိုအချိန်အတောအတွင်း သိုင်းကျမ်းဆောင်တစ်ခုလုံးမှာ လုံးဝကို တိတ်ဆိတ်နေခဲ့လေသည်။ လေးလွှာမြောက်တွင် ကျောက်စိမ်းပြားများ ထောင်နှင့်ချီကာ ရှိကြပါသော်ငြား ရန်ကိုင်တို့နှစ်ဦးအဖို့ လေးလွှာမြောက်၌ရှိနေသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်များကို ကူးယူရန်အလို့ငှာ နေ့တစ်ဝက်ခန့်သာ အချိန်ယူလိုက်ရပေသည်။

“နောက်တစ်လွှာသွားကြရအောင်…” ကျိယောင်က ရှေ့မှဦးဆောင်သွားရင်းမှ ပြောလိုက်သည်။

ငါးလွှာသည် လေးလွှာမြောက်ထက် အနည်းငယ်ပိုသေးပေသည်။ သစ်သားစင်အရေအတွက်မှာလည်း ပိုနည်း၏။ စုစုပေါင်းမှ ဆယ်ခုကျော်လောက်သာ ရှိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ငါးလွှာမြောက်၌ရှိနေသော ကျောက်စိမ်းပြားအရေအတွက်မှာလည်း လေးလွှာမြောက်၏ တစ်ဝက်လောက်သာ ရှိပေ၏။

ယခင်တစ်ကြိမ် လုပ်ဖူးထားပြီး ဖြစ်သည့်အတွက်ကြောင့် နှစ်ဦးစလုံးသည် ယခင်ကထက်ပို၍ အလုပ်တွင်နေခဲ့လေသည်။ ငါးလွှာမြောက်တွင်ရှိနေသော ကျောက်စိမ်းပြားအားလုံးကို ကူးယူရန်အတွက် နှစ်နာရီလောက်သာ အချိန်ယူခဲ့ရသည်။ ထို့နောက် ခြောက်လွှာမြောက်သို့ ဆက်တက်သွားလေ၏။ ထိုနည်းဖြင့် ခုနှစ်လွှာ…။

အစပိုင်းတွင် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။ ကျိယောင် သူ့နောက်သို့ လိုက်လာနေသည်မှာ မကောင်းဟု သူ့စိတ်ထဲ ခံစားနေခဲ့ရသည်။ သို့ရာတွင် ကျိယောင်မှာတော့ ပုံမှန်အတိုင်းသာ ပြုမူနေခဲ့လေသည်။ သူ့ကိုပင်လျှင် တစ်ခါတစ်ရံမှသာ စကားလာပြောသည်။ ပြောလိုက်တိုင်းလည်း ပုံမှန်စကားဝိုင်းများသာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ တဖြည်းဖြည်းနှင့် စတင်၍ စိတ်သက်သာရာ ရလာတော့၏။

ကျိယောင် ရှေးဟောင်းတောအုပ်ကြီးထဲတွင် ဖြစ်ခဲ့သည့် အကြောင်းအရာများအား ပြန်အစဖော်လာမည်ကို ရန်ကိုင်ကြောက်နေခြင်း ဖြစ်လေသည်။ ထိုစဉ်က ကျိယောင်၏မသိစိတ်မှာ ဝိုးတဝါးတားဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်အား ပင်းယွင်နှင့် အထင်မှားခဲ့သည်။ အကျိုးဆက်အနေဖြင့် မဖြစ်သင့်သည့်ကိစ္စများ ထပ်ဖြစ်သွားခဲ့ရသည်။ ထိုစဉ်ကကိစ္စရပ်များသာ ပြန့်သွားခဲ့မည်ဆိုလျှင် ကျိယောင်၏ဂုဏ်သတင်းမှာ ထိခိုက်သွားရပေလိမ့်မည်။

ကျိယောင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်ကိုမြင်သော် ရန်ကိုင်လည်း တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ ထိုစဉ်က ဖြစ်ခဲ့သည့် ကိစ္စများသည် မတော်တဆအဖြစ်အပျက်တစ်ခုသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် ထိုအဖြစ်အပျက်များအပေါ် စိတ်ထဲထားလွန်းနေစရာမလိုဟု ခံစားလိုက်ရလေသည်။

ရှစ်လွှာမြောက်သို့ ရောက်လာချိန်တွင်တော့ သစ်သားစင်သည် အနည်းငယ်သာ ရှိတော့သည်။ ကျောက်စိမ်းပြားအရေအတွက်မှာလည်း တစ်ရာဝန်းကျင်လောက်သာ ရှိတော့၏။ သို့ပင်ဖြစ်လင့်ကစား ဤနေရာ၌ရှိနေသော သိုင်းပညာရပ်များနှင့် ကျင့်စဉ်များသည် ရေခဲနှလုံးသားတောင်ကြား၏ ထိပ်တန်းအဆင့် သိုင်းပညာရပ်များနှင့် ကျင့်စဉ်များ ဖြစ်ကာ ဧကရာဇ်အဆင့်ကျင့်ကြံသူများ ကျင့်ကြံဖို့ရာအတွက် သင့်လျော်သော သိုင်းပညာရပ်များလည်း ဖြစ်ကြလေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ပင်းယွင် ရန်ကိုင်အပေါ် မည်မျှသဘောကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။ အခြားလူတစ်ဦးသာဆိုလျှင်တော့ ရန်ကိုင်အား ၎င်းတို့တန်ဖိုးထားရသော သိုင်းပညာရပ်များ၊ ကျင့်စဉ်များကို ယခုကဲ့သို့ ယူခွင့်ပေးလိမ့်မည်မဟုတ်ပေ။

ဤနေရာတွင် ကျောက်စိမ်းပြား များများစားစား မရှိသည့်အတွက်ကြောင့် ကျိယောင်မှာ ရန်ကိုင်အား ဆက်၍ ကူညီပေးမနေတော့ဘဲ သူမဘာသာသူမ ပြတင်းပေါက်ဆီသို့သွား၍ ဝမ်းနည်းညှိုးငယ်နေသည့်အမူအယာဖြင့် ပြတင်းပေါက်ဘောင်ပေါ် လက်တင်ရင်း အဝေးတစ်နေရာဆီသို့ ငေးကြည့်နေလေ၏။

ထိုအချိန်အတောအတွင်း ရန်ကိုင်မှာတော့ ကျောက်စိမ်းပြားများကို သူ့ဘာသာသူ ကူးယူနေခဲ့လေသည်။

“နင် ကြယ်စီရင်စုကြီးကနေ မိန်းမလေးယောက် ခေါ်လာတယ်ဆို…” ကျိယောင်က ရုတ်တရက် ကောက်ပြောလိုက်သည်။

ရန်ကိုင် ကျိယောင်အား လှမ်း၍ ကြည့်လိုက်လေသည်။ ကျိယောင်မှာတော့ သူ့ကိုမကြည့်။ ပြတင်းပေါက်အပြင်ဘက်သို့သာ ငေး၍ကြည့်နေခဲ့သည်။ ရန်ကိုင်က အနည်းငယ် ထိတ်ထိတ်လန့်လန့်အမူအယာဖြင့် ပြန်မေးလိုက်လေ၏။ “နင် အဲ့အကြောင်းကို ဘယ်ကနေကြားလာတာလဲ…”

ကျိယောင်သည် ရန်ကိုင်အား လှောင်ပြုံးပြုံးကာ လှည့်ကြည့်လာလျက် ပြောလိုက်လေ၏။ “ငါ ဂျူနီယာညီမလေးနဲ့ တွေ့ပြီးသွားပြီ… ကျန်တဲ့လူတွေနဲ့ ဘယ်အချိန်တွေ့ရမှာလဲ…”

(နင်က ဘာဖြစ်လို့ သူတို့နဲ့တွေ့ချင်ရတာလဲ…) ရန်ကိုင် စိတ်ထဲမှနေ၍ ကြိတ်ကာ အော်ဟစ်လိုက်လေသည်။ ကျိယောင် ဤအကြောင်းအား မည်ကဲ့သို့ သိသွားခဲ့သလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့ရသည်။ သူ ကြယ်စီရင်စုကြီးမှ ပြန်လာခဲ့သည်မှာ တစ်လခန့် ကြာသွားခဲ့လေပြီ။ ထိုနေရာမှ သူ့မိန်းမလေးယောက်အား ပြန်ခေါ်လာသည့်အကြောင်းမှာလည်း လျှို့ဝှက်ချက်မဟုတ်။ သို့သော်ငြား မည်သူကများ ဤအကြောင်းကို ကျိယောင်အား အထူးတလည် လာပြောပြနေပါမည်နည်း။

“နင် ထက်ကောင်းကင်နန်းတော်ထဲမှာ သူလျှိုတွေထည့်ထားတာလား…” ရန်ကိုင်သည် ရုတ်တရက်ဆိုသလို ကျိယောင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။ ကျိယောင်သည်သာ ထက်ကောင်းကင်နန်းတော်ထဲသို့ သူလျှိုများကို ထည့်မထားပါက ဤအကြောင်းကို သိနိုင်စရာအကြောင်း မရှိပေ။

“နင် ငါ့မေးခွန်းကို မဖြေရသေးဘူးနော်…” ကျိယောင်ကမူ ရန်ကိုင်၏အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည်။

ရန်ကိုင်က ခြောက်ကပ်ကပ်အမူအယာဖြင့် အော်ရယ်မောလျက် “နင် သူတို့နဲ့တွေ့ချင်ရင် ထက်ကောင်းကင်နန်းတော်ဆီ သွားလည်လိုက်လေ ဂျူနီယာညီမယောင်ရဲ့…”

ကျိယောင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ငါလည်း သွားတွေ့ချင်တာပေါ့… ဒါပေမယ့် လူအချို့က ငါ့ကို သိပ်မကြိုဆိုချင်ကြဘူးလေ…”

“ဘယ်သူလဲ…” ရန်ကိုင်က ထအော်လိုက်သည်။

ကျိယောင်ကမူ ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေ၏။

ရန်ကိုင်က သူ့ကိုယ်သူ လက်ညှိုးထိုးလျက် “နင် ငါ့ကိုပြောနေတာတော့ မဟုတ်ပါဘူးနော်… ဂျူနီယာညီမယောင်… နင် အထင်လွဲနေတာလား… နင် ထက်ကောင်းကင်နန်းတော်ဆီ ကြိုက်တဲ့အချိန်လာလို့ရတယ်… လူတိုင်းက နင့်ကို ဝမ်းပန်းတသာနဲ့ ကြိုဆိုမှာ…”

“နင်ကိုယ်တိုင်ပြောတာနော်…” ကျိယောင်က ပြုံးလျက် “အဲ့ဒါဆို နောက်ပိုင်း ငါ ထက်ကောင်းကင်နန်းတော်ဆီ မကြာခဏလာမှာ…”

ယခင်က ကျိယောင်မှာ ထက်ကောင်းကင်နန်းတော်ဆီသို့ မကြာခဏ လာခဲ့ဖူးပေသည်။ သို့သော်ငြား ဆယ်ကြိမ်လာလျှင် ကိုးကြိမ်မှာ ရန်ကိုင်ကိုမတွေ့ရပေ။ ရန်ကိုင်သည် အမျိုးမျိုးသောအလုပ်ကိစ္စများဖြင့် အပြင်ရောက်နေသည်ဟူသော အကြောင်းကိုသာ ကြားခဲ့ရသည်။ ထိုအရာမှာ အမှန်ဖြစ်မည်ဆိုလျှင်ပင် ရန်ကိုင်မှာ သူမအား တမင်တကာ ရှောင်ဖယ်နေသည်ဟု ကျိယောင် ခံစားနေရလေသည်။ ထို့အတွက်ကြောင့် သူမစိတ်ထဲ ဝမ်းနည်းမိရသည်။ သို့သော်ငြား ယခု ရန်ကိုင်ကိုယ်တိုင်မှ ပြောလာပြီဖြစ်သည့်အတွက်ကြောင့် ကျိယောင် ယခင်ကကဲ့သို့ စိတ်မသက်မသာ ဖြစ်နေခြင်း မရှိတော့ပေ။

“ဒါနဲ့ ဟို ကျုမိန်းကလေးလည်း နင့်လက်ထဲရောက်သွားတယ်ဆို…”

ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ဘယ်သူက ဒီလောက်တောင် အာလျှောက်ဖွာထားတာလဲ…”

ရန်ကိုင်၏စိတ်ထဲ ဖြစ်နိုင်သည့်လူများကို စဉ်းစားကြည့်လိုက်လေသည်။ (မွန်းစတားဘုရင်သုံးပါးကတော့ မဖြစ်နိုင်ဘူး… သူတို့က ငါ့နောက်ကွယ်မှာ အတင်းပြောမယ့်လူတွေမဟုတ်ဘူး… ဟွာချင်းစီလား… ဒါမှမဟုတ် နန်မန်တကျွင်းလား… မဟုတ်သေးဘူး… သူတို့လည်း မဖြစ်နိုင်သေးဘူး… ဟို့ယု… ဟုတ်တယ်… ဟို့ယုပဲဖြစ်ရမယ်…) ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေသည်။ (တော်တော်အာဖွာတဲ့ကောင်မ… ငါပြန်ရောက်တော့မှ နှစ်တစ်ရာလောက် အကျယ်ချုပ်ချပြီးတော့ တောက်လျှောက်ကို မှော်ရတနာတွေချည်း သွန်းလုပ်ခိုင်းရမယ်…)

“စီနီယာအစ်ကိုက တကယ်ကို အစွမ်းထက်တာပဲ… ချစ်သူတွေအများကြီးနဲ့ ဘဝကိုပျော်ပါးနေလိုက်တာ… မနာလိုစရာတောင်ကောင်းတယ်…”

ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် ချောင်းဟန့်လျက် “ဂျူနီယာညီမယောင်… နင် ဘာမှလုပ်စရာမရှိရင် ငါ့ကို ဒါလေးတွေ ကူပြီးတော့ ကူးပေးပါလား… ဒီမှာ သိပ်ကျန်တော့တာလည်း မဟုတ်ဘူး…”

ထိုကဲ့သို့သောအကြောင်းအရာမျိုးကို ကျိယောင်ကဲ့သို့သော အမျိုးသမီးတစ်ဦးနှင့် ပြောနေရသည်မှာ အလွန်ကိုမှ ထူးဆန်းလှပေသည်။ ကျိယောင်နေရာတွင်သာ အခြားယောက်ျားသားတစ်ဦးဦးဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် အာပေါင်အာရင်းသန်သန်ဖြင့် ပြန်ပြောကောင်း ပြောမိပေလိမ့်ဦးမည်။

ကျိယောင်သည် ရန်ကိုင်အား ချိုးချိုးဖဲ့ဖဲ့အမူအယာဖြင့် ကြည့်လျက် “စီနီယာအစ်ကို… နင်ရှက်နေတာလား… ဘာတွေရှက်စရာရှိလို့လဲ… ယောက်ျားတွေအကုန်လုံး ဒီအတိုင်းပဲမဟုတ်ဘူးလား… ယောကျ်ားတွေဆိုတာ ဒီလောကကြီးမှာရှိနေတဲ့ မိန်းမချောလေးတွေအကုန်လုံးကို သိမ်းပိုက်ချင်နေကြတာလေ…”

“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲ…” ရန်ကိုင်က ခေါင်းခါလျက် “မိန်းမချောလေးတွေက ယောက်ျားတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာကိုတော့ ငါမငြင်းဘူး… ဘယ်ယောက်ျားမဆို အဲ့လိုမိန်းမချောလေးတွေအကြောင်းကို တစ်ခါတစ်ရံ စိတ်ကူးယဉ်တတ်ကြတာပဲ… ဒါပေမယ့် ဒီလောကကြီးမှာရှိနေတဲ့ မိန်းမတွေအကုန်လုံးကို သိမ်းပိုက်ဖို့ဆိုတာတော့ လက်တွေ့သိပ်မဆန်ဘူး…”

“တကယ်လား…” ကျိယောင်က မျက်နှာသေအမူအယာဖြင့် “ဒါဆို စီနီယာအစ်ကိုက ဘေးမှာရှိနေတဲ့ မိန်းမငါးယောက်နဲ့တင် ကျေနပ်နေပြီပေါ့…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဘယ်လိုလုပ်ပြီး မကျေနပ်ပဲနေမှာလဲ..”

ကျိယောင်သည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး အလေးအနက်အမူအယာဖြင့် “စီနီယာအစ်ကို… အဲ့မိန်းမငါးယောက်အပြင် အခြား ဘယ်မိန်းမကိုမှ လုံးဝ မထိတော့ပါဘူးလို့ အာမခံနိုင်လား…”

ရန်ကိုင်သည် နဖူးပေါ်လက်တင်ရင်းမှ “ဂျူနီယာညီမယောင်… ငါတို့ ဒီအကြောင်း မပြောသင့်တော့ဘူးနော်…”

“စီနီယာအစ်ကိုရန်က ကျွန်မမေးခွန်းကို တမင်သက်သက်ရှောင်နေတာပဲ… ဘာလဲ… စီနီယာအစ်ကိုရန် ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိလို့လား… ဟမ်…” ကျိယောင်သည် ရန်ကိုင်ရှေ့တွင် ရပ်လိုက်လေသည်။ သူမ၏ သင်းပျံ့မွှေးကြိုင်လှသည့် ကိုယ်သင်းရနံ့လေးမှာတော့ ရန်ကိုင်၏နှာခေါင်းဝကို ပွတ်သပ်ကျီစယ်နေလေ၏။

ရန်ကိုင်မှာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ သစ်သားစင်နှင့် ကျောကပ်သွားခဲ့လေသည်။ ထို့နောက် သတိပေးလိုက်လေ၏။ “ဂျူနီယာညီမယောင်… နင် စည်းကျော်နေပြီနော်…”

ကျိယောင်ကမူ ရန်ကိုင်၏သတိပေးချက်ကို ဂရုစိုက်မနေခဲ့ဘဲ ဆက်၍သာ ပြောလိုက်သည်။ “အရင်တုန်းကသာဆိုရင်တော့ လျစ်လျူရှုထားရင် ထားလိုက်ဦးမှာ… ဒါပေမယ့် ဆရာက ဂျူနီယာညီမလေးကို တပည့်အဖြစ် လက်ခံဖို့ ကတိပေးပြီးသွားပြီ… ငါကိုယ်တိုင်ကလည်း ဂျူနီယာညီမလေးနဲ့ ညီအစ်မတွေဖြစ်လာပြီဆိုတော့ စီနီယာအစ်မတစ်ယောက်ဖြစ်တဲ့အနေနဲ့ ဂျူနီယာညီမကိုယ်စား စိတ်ပူပေးရမှာပေါ့…”

“နင် မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။

ကျိယောင်က အေးစက်စက်အမူအယာဖြင့် ရယ်မောလျက် “ဘာလဲ… စီနီယာအစ်ကိုရန်က ကြောင်သူတော်လုပ်ချင်နေတာလား…”

“ဘာကြောင်သူတော်လုပ်ရမှာလဲ…”

“အခု လုပ်မနေလို့လား…”

“နင် ယောက်ျားတွေအကြောင်းကို သိသလိုလိုနဲ့ လာပြောမနေနဲ့…” ရန်ကိုင်သည် ကျိယောင်အား အထက်အောက် အစုံအဆန် ငုံ့ကြည့်လိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ငါ့အထင်မမှားရင် နင် အခုထိ အပျိုပဲရှိသေးတယ်မလား ဂျူနီယာညီမ…”

ကျိယောင်၏မျက်နှာလေး ရဲတက်သွားခဲ့သည်။ “သေနာကောင်…”

ရန်ကိုင်က သူ့လက်နှစ်ဖက်ကိုဖြန့်၍ “နင်က ဒီအကြောင်းကိုလာပြောနေလို့ ငါကလည်း ပြန်ပြောပြတာလေ… နင် တစ်ချိန်လုံး အားနေ ကျင့်ကြံဖို့ချည်းပဲ လုပ်နေတာ… ဘယ်ယောက်ျားတစ်ယောက်နဲ့မှ ကောင်းကောင်းကန်းကန်းတွေ့ဖူးတာမဟုတ်ဘူး… အဲ့ဒါကို ယောက်ျားတွေရဲ့အတွေးကို နင်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…”

“ငါ ယောက်ျားတွေနဲ့ မတွေ့ဖူးဘူးလို့ ဘယ်သူပြောလဲ…” ကျိယောင်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။ သူမ၏ရင်အစုံမှာတော့ ဖားဖိုကြီးပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။

ကျိယောင်မှာ ထိုအကြောင်းကို ပြောလိုက်သည့်အခိုက် ရန်ကိုင်မှာ အကြောင်းအရင်းအချို့ကြောင့် စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ကျိယောင်နှင့် အကြည့်ချင်းမဆုံရဲခဲ့ အခြားတစ်ဖက်သို့ အကြည့်လွှဲဖယ်၍ ပုခုံးတွန့်ပြလိုက်လေ၏။ “အဲ့ဒါကြောင့်မလို့ ဒီအကြောင်းကို မပြောကြရအောင်လို့ ငါပြောတာ… ဆက်ပြောနေလို့လည်း အဓိပ္ပာယ်ရှိတာမှမဟုတ်တာ…”

“မရဘူး…” ကျိယောင်သည် ရန်ကိုင်အား အင်္ကျီလည်တိုင်မှ ဆွဲကိုင်၍ “အစကတော့ စီနီယာအစ်ကိုရန်ကို ထင်ထားတာက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်လို့ပေါ့… ဒါပေမယ့် ရုပ်ကလေးက မဆိုးသလောက် စီနီယာအစ်ကိုရဲ့အတွင်းစိတ်က ဒီလောက်ထိတောင် ပုပ်သိုးနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… အခုကိစ္စကို ဒီမှာတင်ရှင်းမှရမယ်… မဟုတ်ရင် နောက်ပိုင်းကျ ဂျူနီယာညီမလေး ကျိန်းသေ ခံစားရလိမ့်မယ်…”

ရန်ကိုင်က ချက်ချင်းပဲ ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “ဘာအတွင်းစိတ်က ပုပ်သိုးနေတာလဲ…” (ဒါကတော့ လွန်သွားပြီ… ငါ့ကို အတွင်းစိတ်ပုပ်သိုးနေတဲ့ကောင်တဲ့… ဒါ တမင်သက်သက် ငါ့ကို လာအပြစ်ပုံချနေတာ…)

ကျိယောင်သည် ချက်ချင်းဆိုသလို ရန်ကိုင်၏ အင်္ကျီလည်တိုင်ကို ခပ်တင်းတင်းဆွဲကိုင်၍ ရန်ကိုင်နားသို့တိုးကပ်ကာ ပြောလိုက်လေ၏။ “ငါ နင့်ကိုပြောနေတာလေ…”

“ကျိယောင်…” ရန်ကိုင်က ထအော်လိုက်သည်။ “တော်လောက်ပြီနော်…”

“တော်လောက်ပြီ ဟုတ်လား… တော်ရမယ်… ဘာဖြစ်လို့လဲ… ငါပြောတာ ယုတ္တိမတန်လို့လား… ဟမ်… အဲ့ဒါဆိုရင် နင် ငါ့ကို ဘာလုပ်မှာလဲ…” ကျိယောင်မှာ ရန်ကိုင်အနားသို့ ထပ်ကပ်လာခဲ့လေသည်။ ကျိယောင်ကိုကြည့်ရသည်မှာ နောက်ဆုတ်မည့်အရိပ်အယောင် လုံးဝမပြ။ ကျိယောင်သည် ရန်ကိုင်ထက် ခေါင်းတစ်လုံး ပိုပုနေသည့်တိုင် လက်ရှိအချိန်တွင်တော့ ရန်ကိုင်အား အထက်စီးမှ ကြည့်နေသည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။

ရန်ကိုင်သည်လည်း ကျိယောင်အား စူးရဲစွာ ပြန်စိုက်ကြည့်လိုက်သည်။ လေပူတို့သည် သူ့နှာခေါင်းပေါက်ဝမှ အဆက်မပြတ်ကို ထွက်နေခဲ့လေ၏။ လက်ရှိအချိန်တွင် သူ့ရှေ့တည့်တည့်၌ မိန်းမချောလေးတစ်ဦး ရှိနေခဲ့လေသည်။ ထို့အပြင် ထိုမိန်းမချောလေး၏ ပျော့အိအိရင်အစုံသည် သူ့ရင်ဘတ်သို့ ဖိကပ်နေခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ တစ်ခါတစ်ရံ စကားပြောနေရင်း အခြားအကြောင်းအရာတစ်ခုဆီသို့ အတွေးများ ရောက်ရောက်သွားရသည်။ အစောပိုင်းက ကျိယောင်နှင့် ငြင်းခုန်နေရာတွင်သာ အာရုံရောက်နေသည့်အတွက်ကြောင့် သူတို့နှစ်ဦး မည်မျှထိနီးကပ်နေသလဲဆိုသည်ကို သတိမထားမိခဲ့ပေ။ ယခုအခါမှသာလျှင် လက်ရှိအခြေအနေကို ရန်ကိုင် နားလည်သွားခဲ့လေ၏။ ရန်ကိုင်မှာ ချက်ချင်းပဲ လေသံကိုပျော့၍ ပြန်ပြောလိုက်လေသည်။ “စိတ်ကိုငြိမ်ငြိမ်ထား… ဒီအကြောင်းကို အပြင်ရောက်မှ ပြောကြရအောင်… အခုတော့ ငါ့ကို အရင်လွှတ်ပေးလိုက်ဦး…”

ရန်ကိုင်မှာ ကျိယောင်၏လက်ကို သူ့အင်္ကျီလည်တိုင်နေရာဆီမှ ဖယ်ထုတ်ရန် ကြိုးစားလိုက်ပါသော်ငြား ကျိယောင်ကမူ သူ့အင်္ကျီလည်တိုင်အား လုံးဝလွှတ်မပေးဘဲ တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားခဲ့သည်။ လက်ချင်းထိသွားသည့်အခိုက်တွင်တော့ ကျိယောင်၏လက်ကလေးများမှာ တဆတ်ဆတ် တုန်ရီလာခဲ့ပြီး သူမ၏မျက်နှာလေးမှာလည်း နီမြန်းလာခဲ့လေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် နှစ်ဦးစလုံးမှာ တစ်ဦးအပေါ်တစ်ဦး ရန်လိုခြင်း မရှိကြတော့။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထား၍ ပြောလိုက်လေသည်။ “ကဲ… ငါ မှားတယ် ဟုတ်ပြီလား… နင် ငါ့ကို အခုလွှတ်ပေးလို့ရမလား…”

“မရဘူး…” ကျိယောင်မှာ ရန်ကိုင်နှင့် အကြည့်ချင်းမဆုံရဲတော့ပါသော်ငြား ခေါင်းကတော့ မာနေဆဲ။

ရန်ကိုင်က အမြန်ထပ်ပြောလိုက်သည်။ “မဟုတ်ရင် ပြဿနာတွေတက်ကုန်လိမ့်မယ်နော်…”

ကျိယောင်ကမူ ဘာမျှပြန်မပြောခဲ့ပေ။ ငြိမ်ငြိမ်လေးသာ တိတ်နေခဲ့သည်။

“နောက်ဆုံးအကြိမ်အဖြစ် ငါသတိပေးတာနော်… မဟုတ်ရင် ပြဿနာတက်လိမ့်မယ်…” ရန်ကိုင်၏အမူအယာမှာ တဖြည်းဖြည်းနှင့် ခက်ထန်လာခဲ့သည်။

ကျိယောင်ကမူ မလှုပ်မယှက်ဖြင့် ရှိနေဆဲ။

(ငါ သည်းမခံနိုင်တော့ဘူး…) စိတ်ထဲမှ ထိုကဲ့သို့ တွေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ခေါင်းကိုငုံ့၍ ကျိယောင်၏နှုတ်ခမ်းကို ကောက်နမ်းလိုက်လေသည်။

ကျိယောင်တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး ရန်ကိုင်၏အင်္ကျီလည်တိုင်ကို ကိုင်ထားသည့် ကျိယောင်၏ လက်ကလေးနှစ်ဖက်မှာလည်း ရုတ်ချည်းဆိုသလို တင်းကြပ်သွားခဲ့လေသည်။ အလွန်ကိုမှ စိတ်ဂနာမငြိမ် ဖြစ်နေသည့်အတွက်ကြောင့် ကျိယောင်မှာ သူမ၏မျက်လုံးနှစ်ဖက်လုံးကို ချက်ချင်း ကောက်ပိတ်လိုက်သည်။ သို့တိုင် တဆတ်ဆတ်တုန်ရီနေသော မျက်ခမ်းလေးများမှာတော့ သူမစိတ်ထဲ မည်မျှ တုန်လှုပ်နေကြောင်းကို အထင်းသား ဖော်ပြနေခဲ့လေသည်။

နွေးထွေးသည့် အထိအတွေ့သည် သူမ၏နှုတ်ခမ်းဖျားဆီမှ ခန္ဓာကိုယ်တစ်လျှောက် ပြန့်နှံ့လာခဲ့သည်။ တစ်ချိန်တည်းတွင် သူမအား ပို၍ကို ဆာလောင်တပ်မက်လာအောင် လုပ်နေသည့် အငွေ့အသက်တစ်ခုကိုလည်း ရလိုက်လေသည်။ ကျိယောင်၏ တဆတ်ဆတ်တုန်ရီနေသည့် ခန္ဓာကိုယ်မှာ ညှို့ယူခြင်း ခံလိုက်ရသည့်ပမာ ရုတ်ချည်းဆိုသလို တောင့်တင်းသွားခဲ့လေသည်။

ရန်ကိုင်၏လှုပ်ရှားမှုများမှာလည်း အလွန်ကိုမှ သိမ်မွေ့နေခဲ့လေသည်။ ကျိယောင် ကြောက်လန့်သွားမည်ကို စိုးရိမ်နေသည့်အလား ကျိယောင်အား ထိလိုက်သည့်အချိန်တိုင်း သူ့လက်ဖြင့် ကျိယောင်ကို အတင်း ပြန်ပြန်ဆွဲခေါ်ထားခဲ့သည်။ ရန်ကိုင်၏အထိအတွေ့များမှာ ပုံမှန်နှင့်မတူ ထူးထူးခြားခြားကို သိမ်မွေ့နူးညံ့နေခဲ့လေသည်။ ကျိယောင်၏ တောင့်တောင့်ကြီးဖြစ်နေသည့် ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ပြေလျော့လာခဲ့ရသည်။ အချိန်တစ်ခုသို့ရောက်သော် ရန်ကိုင်၏ အင်္ကျီလည်တိုင်ကို ဆုပ်ကိုင်ထားခဲ့သော ကျိယောင်၏လက်ကလေးနှစ်ဖက်မှာ တဖြည်းဖြည်းနှင့် ပြေလျော့သွားတော့လေ၏။ လက်ရှိအချိန်တွင် ကျိယောင်သည် ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့ပြီး သူမ၏လက်နှစ်ဖက်ဖြင့် ရန်ကိုင်၏ ကျောပြင်တစ်ခုလုံးကို ရစ်သိုင်းဖက်ထားခဲ့သည်။ ရန်ကိုင်ကမူ သူ့လက်ဖြင့် ကျိယောင်၏ခါးကို ဆွဲကိုင်ကာ သူ့ခန္ဓာကိုယ်ဆီသို့ ကျိယောင်၏ခန္ဓာကိုယ်ကို အတင်းဆွဲကပ်လိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၁၇)

ဘာသာပြန်သူ_တိမ်တိုက်

သိုင်းကျမ်းဆောင်၏အောက်ဘက်တွင် အစောပိုင်းက ရန်ကိုင်နှင့် ကျိယောင်တို့အား လာကြိုခဲ့သည့် အမျိုးသမီးမှာ စိုးရိမ်တကြီးအမူအယာဖြင့် ရပ်နေလေ၏။ အစောပိုင်းက အပေါ်ဘက်ဆီမှ ရန်ဖြစ်သံများကို သူမ ကြားလိုက်ရသည်။

လက်ရှိအချိန်တွင် သိုင်းကျမ်းဆောင်တွင် မည်သူမျှ ရှိမနေကြတော့။ ဤနေရာတွင် ရပ်နေသည့် သူမမှလွဲ၍ ရန်ကိုင်နှင့် ကျိယောင်တို့သာ ရှိကြတော့သည်။ ထို့အတွက်ကြောင့် ထိုရန်ဖြစ်သံများမှာ ရန်ကိုင်တို့နှစ်ဦးဆီမှ လာနေရခြင်းသာ ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား ဘာတွေဖြစ်နေ၍များ ထိုနှစ်ဦးသည် ဤမျှ အသံကျယ်ကျယ်ဖြင့် ရန်ဖြစ်နေရသလဲဆိုသည်ကိုတော့ ထိုအမျိုးသမီးမှာ အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေလေ၏။

(ဘာမှတော့ မဖြစ်လောက်ပါဘူး… ဟုတ်တယ်မလား… ရေခဲနှလုံးသားတောင်ကြားက နန်းတော်သခင်ရန်ကို အကြွေးတင်နေတာ… ပြီးတော့ ဒေါ်လေးကျိနဲ့ နန်းတော်သခင်ရန်တို့က နည်းနည်း နီးကပ်တယ်ဆိုလားပဲ… ပျောက်နေတဲ့ဒေါ်လေးကျိကို ပြန်ခေါ်လာတာလည်း နန်းတော်သခင်ရန်ပဲဆိုတော့ ဘာဖြစ်လို့ သူတို့က အခုလိုမျိုး ရန်ဖြစ်နေကြရတာလဲ…) အမျိုးသမီးမှာ သိုင်းကျမ်းဆောင်ထဲရှိ အခြေအနေကို သွားစစ်ဆေးကြည့်ချင်ပါသော်ငြား သူမမမြင်သင့်သည်ကို မြင်လိုက်မိသွားမည်ကို ကြောက်ရွံ့နေခဲ့လေသည်။

ကံကောင်းစွာဖြင့် ရန်ဖြစ်သံများမှာ တစ်ခဏလေးသာပေါ်လာပြီး ပြန်တိတ်သွားခဲ့သည်။ ထို့နောက် အပေါ်ဘက်ဆီမှ မည်သည့်အသံဗလံများကိုမှ မကြားရတော့သဖြင့် အမျိုးသမီးမှာ အတော်လေးကိုမှ စိတ်သက်သာရာ ရသွားခဲ့လေသည်။ သေသေချာချာ နားထောင်ကြည့်လိုက်သည့်တိုင် ဘာကိုမျှမကြားရ။ ထို့အတွက်ကြောင့် ခေါင်းတခါခါဖြင့်သာ သက်ပြင်းချလိုက်တော့သည်။ သိုင်းကျမ်းဆောင်ပေါက်ဝကို ဆက်၍ စောင့်ကြပ်နေရင်းမှ ဘာမှမဖြစ်ပါစေနှင့်ဟု သူမစိတ်ထဲ ကြိတ်ကာ ဆုတောင်းနေခဲ့လေသည်။

သူမမသိသည်မှာတော့ သိုင်းကျမ်းဆောင်၏ ရှစ်လွှာမြောက်တွင် ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်နေသည်ဟူသော အချက်ပင်။

ကျိယောင်မှာ လုံးဝကို အတွေ့အကြုံမရှိပေ။ ယခုကဲ့သို့သောကိစ္စများနှင့် ပတ်သက်လာသော် ဝါရင့်သမ္ဘာရင့်ဖြစ်သော ရန်ကိုင်ကို မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ ရန်ကိုင်မှာ ကျိယောင်၏ခါးကို ကိုင်ရင်း သူမ၏ နီစွေးစွေးနှုတ်ခမ်းလေးများကို အားပါးတရ နမ်းရှိုက်နေခဲ့သည်။ သို့တိုင် ကျိယောင်တစ်ကိုယ်လုံးမှာတော့ အားမရှိတော့သည့်အလား ပျော့ခွေကျခါနီး ဖြစ်နေခဲ့သည်။ ရန်ကိုင်လက်မှ သူမခါးအား ဖမ်းဆွဲထားသည့် အတွက်ကြောင့်သာမဟုတ်လျှင် ကျိယောင် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားလောက်ပေပြီ။ သို့တိုင် သူမ၏အသက်ရှူနှုန်းမှာ မတည်မငြိမ်ဖြစ်နေပြီး ရင်ဘတ်လေးမှာလည်း ဖားဖိုကြီးပမာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ တစ်ချိန်တည်း၌ သူမ၏ပါးပြင်လေးများမှာလည်း မီးကင်ခံထားရသည့်အလား နီရဲတွတ်နေခဲ့လေ၏။

သို့သော်ငြား ရန်ကိုင်မှာ ဤမျှလောက်ဖြင့် အာသာမပြေနိုင်တော့။ ထို့အတွက်ကြောင့် သူမ၏နှုတ်ခမ်းကို လျှာဖြင့်ထိုးကော်၍ ကျိယောင်၏လျှာကိုပါ စတင်ဆော့ကစားတော့လေသည်။

ကျိယောင် ရုတ်တရက် အော်ငြီးမိလိုက်လေသည်။ ထိုကဲ့သို့ အော်ငြီးမိလိုက်သည့်အတွက်ကြောင့် သူမဘာသာသူမပင် လန့်သွားခဲ့သည်။ သူမဘဝတွင် ဤကဲ့သို့သောအသံမျိုး ပြုလုပ်ဖူးလိမ့်မည်ဟု တစ်ခါမှ ထင်ထားခြင်း မရှိခဲ့ဖူးသည့်အတွက်ကြောင့် ထိုကဲ့သို့ အော်ငြီးမိပြီးပြီးချင်းမှာပင် ကျိယောင် ချက်ချင်း အသိပြန်ဝင်လာခဲ့သည်။ ထို့နောက်တွင် သူမ၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့ပြီး ဘယ်ကမှန်းမသိ ရလာသည့် ခွန်အားများနှင့် ရန်ကိုင်အား အတင်းတွန်းထုတ်လိုက်လေသည်။ ထို့နောက် နံရံကို ကျောပြင်ကပ်လျက် ရေထဲမှ ထွက်လာသည့် ငါးတစ်ကောင်ပမာ အသက်ကို အမောတကော ရှူရှိုက်တော့သည်။

ရန်ကိုင်မှာတော့ မကျေနပ်နိုင်သေးသည့်အလား နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ထို့နောက် ကျိယောင်ကိုကြည့်၍ ပြုံးဖြီးကာ ပြောလိုက်လေသည်။ “ငါပြောသားပဲ… နင် ပြဿနာတက်ပါလိမ့်မယ်လို့…”

ကျိယောင်မှာတော့ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိလျက် အမောတကောဖြင့် အသက်ရှူနေရင်းမှ ပြန်၍လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “နင် အခု ဘာပြောချင်သေးလဲ…”

“ဘာပြောရမှာလဲ…” ရန်ကိုင် ကြောင်သွားလေသည်။

“နင်က တကယ်ကို ကြောင်သူတော်ပဲ… အခုကြည့်လေ… အမျိုးသမီးတစ်ယောက် နင့်ရင်ခွင်ထဲကို သူ့ဘာသာသူ ပစ်ဝင်လာလို့ရှိရင် နင် ခုခံနိုင်သေးလို့လား… နင့်ကိုယ်နင် ထိန်းချုပ်နိုင်သေးလို့လား…”

“ဒီတော့ ငါ့အပြစ်ပေါ့…” ရန်ကိုင် ဆွံ့အသွားတော့လေသည်။ (ဒါ နင့်အပြစ်မဟုတ်ဘူးလား… နင်သာ လာမလုပ်ရင် ငါလည်း ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး… ငါက ယောက်ျားတစ်ယောက်ပဲဟာကို…)

ကျိယောင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အမှန်တရားက နင့်ရှေ့တည့်တည့်မှာရှိနေတာကို နင်က ငြင်းချင်သေးတယ်ပေါ့…”

ရန်ကိုင်က ခေါင်းကိုအောက်ငုံ့ချလိုက်၏။ ထို့အတွက်ကြောင့် သူ့ဆံပင်ရှည်များကို မျက်နှာတစ်ပြင်လုံးကို ဖုံးသွားခဲ့လေရာ ကျိယောင်အဖို့ ရန်ကိုင်မျက်နှာအား မြင်ရဖို့ရာ ခက်သွားတော့သည်။ ထို့နောက် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ရေရွတ်လိုက်လေသည်။ “ဒီတော့ ဂျူနီယာညီမယောင်… နင်က နင့်ခန္ဓာကိုယ်ကို ငါးစာအဖြစ် အသုံးချပြီးတော့ နင်ပြောတာမှန်ကန်တယ်ဆိုတဲ့အကြောင်းကို သက်သေပြချင်နေတာပေါ့…”

ကျိယောင်က ပြန်ပြောလိုက်သည်။ “ဟုတ်တယ်…”

ထိုအခါ ရန်ကိုင်က ခေါင်းမော့၍ ပြုံးဖြီးလျက် “ဂျူနီယာညီမယောင်… နင်က တကယ်ရဲတာပဲနော်… ငါ နင့်ကို အကောင်လိုက်စားပစ်မှာကို နင်တကယ်မကြောက်ဘူးလား…” ပြောနေရင်းမှ ရန်ကိုင်သည် ကျိယောင်ဆီသို့ တစ်လှမ်းချင်းတစ်လှမ်းချင်း တက်လာခဲ့လေသည်။

ကျိယောင်မှာ အစောပိုင်းကအဖြစ်အပျက်ကြောင့် တစ်ကိုယ်လုံး အားမရှိတော့သည့်ပမာ နုံးချိနေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင် သူမနားသို့ ရောက်လာသည့်အခါ သူမ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ သူမ၏နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်ရီလာခဲ့ပြီး ပြန်၍အော်ပြောလိုက်လေ၏။ “နင် ဘာလုပ်ချင်နေတာလဲ…”

ရန်ကိုင်သည် လက်တစ်ဖက်ဖြင့် ကျိယောင်ကျောဘက်ရှိနံရံကို ကောက်ရိုက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကျိယောင်၏မေးစေ့လေးကို အသာအယာမော့လိုက်သည်။ ထို့နောက် ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “ဘာလုပ်မယ်လို့ထင်လဲ…”

ထို့နောက်တွင် ကျိယောင်ပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ ခေါင်းကိုငုံ့၍ ကျိယန်၏နှုတ်ခမ်းကို ကောက်နမ်းချလိုက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်မှာ ယခင်ကကဲ့သို့ သိမ်မွေ့နေခြင်း မရှိတော့ချေ။ သူ့စိတ်ခံစားချက်အတိုင်း အကြမ်းပတမ်းကို နမ်းရှိုက်တော့လေ၏။ ထို့အတွက်ကြောင့် ကျိယောင်မှာလည်း အသက်ရှူမဝ ဖြစ်လာခဲ့ကာ မွန်းကြပ်သလို ခံစားလာရတော့သည်။

ဒုတိယအကြိမ်ဖြစ်သည့်အတွက်ကြောင့် ကျိယောင်မှာ ပထမတစ်ကြိမ်နှင့်စာလိုက်သော် အတော်လေးကိုမှ အဆင်ပြေနေသည်။ သို့ပင်ဖြစ်လင့်ကစား သူမစိတ်ထဲ တစ်ခုခုကို စတင်၍ ခံစားလာနေရသည်။ သူမ၏စိတ်ခံစားချက်များကို ကောင်းကောင်းထိန်းချုပ်၍ မရတော့သလို သူမ၏ သွေးစီးဆင်းနှုန်းမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူမ၏ခန္ဓာကိုယ်မှာ ပူတက်လာခဲ့ပြီး သူမစိတ်ထဲ တစ်ခါမှမခံစားခဲ့ရဖူးသော ခံစားချက်တစ်မျိုးကိုလည်း ခံစားလာရလေသည်။

နောက်ဆုံး လက်တစ်ဖက် သူမ၏ခါးဆီမှ ရင်ဘတ်နေရာဆီသို့ ရောက်လာသည့်အခါမှသာလျှင် ကျိယောင်သည် ထိုလက်ကို အတင်းဖမ်းဆုပ်ထားရင်း မျက်လုံးကိုဖွင့်ကာ အဆက်မပြတ်ကို ခေါင်းခါတော့လေသည်။

ရန်ကိုင်မှာ ကျိယောင်၏ တုံံ့ပြန်ပုံကို ဂရုတစိုက် လေ့လာနေခြင်း ဖြစ်လေသည်။ ထိုအခြေအနေကိုမြင်လိုက်သော် ပြုံးလိုက်လေသည်။ သို့တိုင် အတင်းဆက်၍ တွန်းအားပေးနေခြင်းတော့ မလုပ်ခဲ့ပေ။

အတန်ကြာသည့်အခါမှသာ ရန်ကိုင်နှင့်ကျိယောင်တို့ လူချင်းပြန်ခွဲသွားကြသည်။ နှစ်ဦးသားကြား နှုတ်ခမ်းနေရာတွင် တံတွေးစများ ကပ်နေကြလေသည်။ နှုတ်ခမ်းနှစ်ဖက်ကို ဆက်နေသည့် တံတွေးစမျှင်လေးကိုကြည့်ရင်း ကျိယောင်၏ပါးပြင်လေးများမှာ ယခင်ကထက်ကို ပို၍ နီရဲလာတော့လေသည်။ ထို့နောက် ရန်ကိုင်၏ရင်ခွင်ထဲမှ အတင်းရုန်းထွက်ပြီး လှေကားနားဆီသို့ ပြေးထွက်သွားလေ၏။ လှေကားနားသို့ ရောက်သည့်အခါတွင်တော့ ရန်ကိုင်ဘက်သို့ပြန်လှည့်၍ စူးရဲစွာစိုက်ကြည့်လျက် “နင် ဒီကိစ္စကို ဂျူနီယာညီမလေးကို လုံးဝ သွားမပြောနဲ့နော်…”

ထိုသို့ပြောပြီးသည့်နောက် အောက်ဘက်သို့ အမောတကော ပြေးဆင်းသွားတော့လေသည်။

(ဒါနဲ့များ လာပြီးတော့ ဆရာကြီးယောင်ဆောင်ချင်နေသေးတယ်…) ရန်ကိုင် ကျိယောင်ပြေးထွက်သွားသည့်ဘက်ဆီသို့ ကြည့်ရင်း လှောင်ပြုံးပြုံးကာ ရယ်မောလိုက်လေသည်။

(ကျင့်စဉ်တွေ သိုင်းပညာရပ်တွေ ယူဖို့လာတာကို ဘယ်လိုလုပ်ပြီး ကျိယောင်နဲ့ ဒီလိုတွေဖြစ်ကုန်ရတာလဲ…) ဖြစ်ပျက်သွားသည့်ကိစ္စရပ်အားလုံးမှာ အိပ်မက်တစ်ခုပမာ။ ကံမကောင်းစွာဖြင့် လုပ်ပြီးသည့်ကိစ္စများကို ပြန်ပြင်၍မရတော့သည့်အတွက်ကြောင့် ထိုအကြောင်းကို ထိုင်စဉ်းစားနေ၍လည်း အပိုပင်။

(နောက်တစ်ခါ ကျိယောင်နဲ့ ပြန်တွေ့လို့ရှိရင် ဘယ်လိုတွေပြောမလဲတော့မသိဘူး…)

ရန်ကိုင်အား စိတ်ကသိကအောက် အဖြစ်စေဆုံးမှာ ကျိယောင်သည် လက်ရှိကိစ္စအား စုယန်အား မပြောခိုင်းခြင်းပင်။ မူလက ရန်ကိုင်ထင်နေသည်မှာတော့ ကျိယောင်သည် ယခုကိစ္စကိုအသုံးချ၍ စုယန်အား ရန်ကိုင်အပေါ် အပြစ်တင်လာအောင် လုပ်ရန် ဖြစ်သည်ဟူ၍ပင်။ သို့သော်ငြား သူထင်ထားသလို ဖြစ်မလာခဲ့ပေ။ ကျိယောင်ကိုကြည့်ရသလောက် ကျိယောင်မှာ ယခုကိစ္စ ပေါက်ကြားသွားမည်ကို ရန်ကိုင်ထက်ပို၍ ကြောက်လန့်နေသလိုပင်။

ရန်ကိုင်မှာ မေးစေ့ကိုပွတ်ရင်းမှ အတန်ကြာအောင် ထိုင်စဉ်းစားနေသည့်တိုင် စဉ်းစားမရတော့သည့်နောက် ခေါင်းတခါခါဖြင့် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ရန်သာ ဆုံးဖြတ်လိုက်လေသည်။

သိုင်းကျမ်းဆောင်၏ ပထမအလွှာတွင် ရပ်စောင့်နေသော အမျိုးသမီးမှာ အပေါ်ဘက်ရှိ အသံဗလံများကို ကြားပြီးသည့်နောက် အလျင်စလို ပြေးတက်လာခဲ့ရာ ချက်ချင်းဆိုသလို ကျိယောင်နှင့်သွားတိုးပြီး အလျင်စလို ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။

“ဒေါ်လေးကျိ…”

ကျိယောင်မှာတော့ ထိုအမျိုးသမီးကို တစ်ချက်မှပင်မကြည့်ခဲ့။ ထိုအမျိုးသမီးပြောလိုက်သည့်စကားကိုလည်း မကြားလိုက်သည့်ပမာ။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ လတ်တလော သူမစိတ်ထဲ အစောပိုင်းက ကိစ္စများနှင့်သာ ပြည့်နေသည်မဟုတ်ပေလော။ ကျိယောင်မှာ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်ခဲ့ရခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူမမျက်နှာမှာ တည်ငြိမ်နေသည့်တိုင် သူမစိတ်မှာတော့ တည်ငြိမ်နေခြင်းမရှိ။

အမျိုးသမီးက ပြောလိုက်လေသည်။ “အစောပိုင်းက အပေါ်မှာ အသံဗလံတွေကြားလိုက်လို့…. ဒေါ်လေးကျိနဲ့ နန်းတော်သခင်ရန်တို့ စကားများနေတာတော့ မဟုတ်ပါဘူးနော်…”

ကျိယောင်သည် ထိုအမျိုးသမီးကိုကြည့်၍ မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်သည်။ “နင်ကြားလိုက်တာလား…”

အမျိုးသမီးက အနည်းငယ်ထိတ်ထိတ်လန့်လန့်ဖြင့် “ကျွန်မ တမင်တကာ ခိုးနားထောင်နေတာမဟုတ်ပါဘူး… ဒီတိုင်း နည်းနည်းလေးကျယ်လာလို့ ကြားမိသွားတာပါ…”

ကျိယောင်၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားခဲ့လေသည်။ “နင် ဘာကြားလိုက်တာလဲ…”

အမျိုးသမီးက ခေါင်းကိုကုတ်လျက် “ဘာကိုမှတော့ သေချာမကြားလိုက်ရပါဘူး…”

ဤအမျိုးသမီး အမှန်အတိုင်းပြောနေခြင်း ဟုတ်မဟုတ်ဆိုသည်ကို ကျိယောင်မသိပေ။ ထို့အတွက်ကြောင့် ထပ်၍သာပြောလိုက်သည်။ “ကြားတာကို နင့်ဘာသာနင်ပဲသိမ်းထား… အခြားသူတွေကို လျှောက်ပြောမနေနဲ့… စီနီယာအစ်ကိုရန်နဲ့ ငါ့ကြား နည်းနည်းလေး အချင်းများသွားရုံပါပဲ…”

“ကောင်းပါပြီ…” အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြန်၍မေးလိုက်လေသည်။ “ဒေါ်လေးကျိ… ဘာဖြစ်လို့ ဒေါ်လေးကျိမျက်နှာ ဒီလောက်နီနေရတာလဲ…”

“သူ ငါ့ကို ဒေါသထွက်အောင်လုပ်တာကိုး…”

အမျိုးသမီး ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ ရေခဲဓာတ်ကျင့်စဉ်များကို ကျင့်ကြံထားသူများမှာ ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိကြသည်။ ထို့အတွက်ကြောင့် ကျိယောင် ဤမျှ ဒေါသထွက်လာရလောက်သည်အထိ ရန်ကိုင်နှင့်ကျိယောင် ဘာတွေများဖြစ်နေကြသလဲဆိုသည်ကို အမျိုးသမီး သိချင်စိတ်ဖြစ်မိသွားခဲ့သည်။

(နန်းတော်သခင် ဘာဖြစ်သွားတာလဲ… ဒေါ်လေးကျိက လူကောင်းတစ်ယောက်ပါ… အဲ့ဒါကိုတောင် ဒီလောက်ထိ ဒေါသထွက်သွားရတာဆိုတော့ နန်းတော်သခင်ရန်ရဲ့ အပြစ်ပဲ ဖြစ်ရလိမ့်မယ်…)

ရှစ်လွှာမြောက်တွင် ကျောက်စိမ်းပြားများများစားစား မရှိသည့်အတွက်ကြောင့် ရန်ကိုင်သည် ထိုအလွှာတွင်ရှိနေသော ကျောက်စိမ်းပြားများကို တစ်ခဏလေးအတွင်းမှာပင် ကူးယူလို့ ပြီးသွားခဲ့လေသည်။ ထို့နောက် ကိုးလွှာမြောက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထိုနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ လျှို့ဝှက်ကျင့်စဉ်များ ရှိနေသည့်နေရများ ဖြစ်ကြသည်။

လက်ရှိအချိန်တွင် ရန်ကိုင်အနေဖြင့် ကိုးလွှာမြောက်သို့ အလွယ်တကူတက်ကာ ထိုနေရာတွင်ရှိနေသည့် ကျင့်စဉ်များကို ကူးယူလိုက်၍ရပေသည်။ သို့သော်ငြား ပင်းယွင်သည် သူ့အား ထိုနေရာသို့ သွားခွင့်မပေးထားပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ထိုနေရာသို့ တက်သွား၍မရ။ တကယ်တော့ ရန်ကိုင်သည် ဤနေရာသို့ သူ့ဂိုဏ်းသားများ ကျင့်ကြံဖို့ရာအတွက် ရွေးချယ်စရာကျင့်စဉ်များ သိုင်းပညာရပ်များ များများစားစား ရှိစေရန်အတွက်သာ လာရောက်ခဲ့ခြင်းဖြစ်ပေသည်။ ထို့အတွက်ကြောင့် ထိုမျှအဆင့်မြင့်လှသည့် သိုင်းပညာရပ်များ ကျင့်စဉ်များကို မလိုအပ်ပေ။

(ဒီလောက်နဲ့ဆိုရင်တော့ အဆင်ပြေသွားပြီ… လီကျောက်ဘက်မှာရော ဘယ်လိုနေလဲမသိဘူး…)

ရန်ကိုင်သည် အေးအေးဆေးဆေးအမူအယာဖြင့် လှေကားပေါ်မှ လမ်းလျှောက်ဆင်းလာလိုက်လေသည်။ ထိုသို့ လမ်းလျှောက်ဆင်းလာပြီးသည့်နောက် သူ့ရှေ့တွင် အမျိုးသမီးတစ်ဦး လာပိတ်ရပ်လေ၏။

“နင် မသွားသေးဘူးလား…” ရန်ကိုင်သည် ကျိယောင်ကိုကြည့်၍ မေးလိုက်သည်။ (အစောပိုင်းကကိစ္စကြောင့် ငါ့ကိုမြင်တာနဲ့ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတော့မယ်လို့ ထင်ထားတာလေ… ဒီမှာရပ်စောင့်နေမယ်လို့ မထင်ထားဘူး…)

ကျိယောင်သည် ရန်ကိုင်ဘက်သို့ပြန်လှည့်လာ၍ ပြောလိုက်သည်။ “ဘာလို့သွားရမှာလဲ… ငါက အမှားလုပ်ထားတာမှမဟုတ်တာ…”

(ဒီလိုကိစ္စမျိုးကို မျက်နှာတည်ကြီးနဲ့ပြောရဲတာ ယုံကိုမယုံနိုင်ဘူး…) ရန်ကိုင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ (အခုလေးတင် သူ့ဂျူနီယာညီမရဲ့ယောက်ျားနဲ့ နောက်ကွယ်မှာ ဖောက်ပြန်ဖို့လုပ်နေတာကို… အဲ့ဒါကို အမှားလုပ်မထားဘူး ဟုတ်လား…) ကံမကောင်းစွာဖြင့် ထိုပြဿနာထဲ ရန်ကိုင်မှာ သူကိုယ်တိုင်ပါ ပါနေသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ဘာမျှသွားမပြောခဲ့ပေ။ ခေါင်းညိတ်၍သာ ပြောလိုက်သည်။ “ငါပြီးသွားပြီ… အခုပြန်တော့မယ်…”

“ငါနင့်ကို လိုက်ပို့ပေးမယ်…”

ရန်ကိုင် ငြင်းမနေခဲ့ပေ။ သူ့စိတ်ထင်ပဲလားတော့မပြောတတ်။ လက်ရှိအချိန်တွင် ကျိယောင်သည် သူနှင့် ခပ်ခွာခွာ ဖြစ်နေခဲ့လေသည်။ ရန်ကိုင်ဘက်မှ စကားစမြည်ပြောရန် ကြိုးစားသည့်တိုင် ကျိယောင်မှာတော့ သူ့ကို ဘာမှပြန်မပြောခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ အနည်းငယ် ပျင်းရိလာရတော့သည်။

တကယ်ဆိုလျှင် ရန်ကိုင်စိတ်ထဲ ကျိယောင်အား မေးချင်နေသည့် မေးခွန်းပေါင်းများစွာ ရှိနေပေသည်။ ဤလောကကြီးထဲတွင် ဘာတွေများ တကယ်ကြီး ဖြစ်သွားလေသနည်း။ အစောပိုင်းကပင် သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် နမ်းနေခဲ့ခြင်း မဟုတ်ပေလော။ ယခု ကျိယောင်၏မျက်နှာထားမှာ ဘာကြောင့် ဤမျှ အေးစက်စက်ဖြစ်သွားရလေသနည်း။ ကျိယောင် ဒေါသများ ထွက်နေခြင်းပေလော။

(သူ ဒေါသထွက်သွားတာ ဖြစ်လောက်တယ်… တကယ်တော့ ငါနည်းနည်းလက်လွန်သွားတာကိုး… သူ ဒေါသထွက်ရင်လည်း ထွက်ချင်စရာပါပဲ… ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဒီလောက်ကြာအောင် နမ်းတယ်ဆိုတာ တစ်ယောက်တည်းက ဆန္ဒရှိနေလို့မဟုတ်ဘူး… သူသာ စိတ်မပါလို့ရှိရင် ဘာလို့ ငါ့ကို အစောကြီးတည်းက တွန်းထုတ်လိုက်တာလဲ… ဟမ်… သူကိုယ်တိုင်က လက်ခံနေလို့ ငါလည်း တစ်ခါတည်း အခွင့်အရေးကို အပြတ်ဖမ်းဆုပ်လိုက်တာလေ… သွားပါပြီကွာ… ကသိကအောက်ဖြစ်စရာတွေ ဖြစ်ကုန်တော့မယ်… နောက်ပိုင်းပြန်တွေ့လို့ရှိရင် ဘယ်လိုတွေဆက်ဆံရမယ်မှန်းတောင် မသိတော့ပါဘူး…)

ထိုသို့ဖြင့် ရန်ကိုင်မှာ ကျွန်းပေါ်ရှိ တားမြစ်နေရာဆီသို့ ရောက်လာခဲ့လေသည်။ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်ပြီးသည့်နောက် ရန်ကိုင်သည် ကျိယောင်အား လှမ်းကြည့်လိုက်သည်။ ကျိယောင်၏မျက်နှာထားမှာတော့ ပုံမှန်အတိုင်း အေးစက်စက်အမူအယာဖြင့်သာ ရှိနေခဲ့လေ၏။ ရန်ကိုင်သည် သက်ပြင်းချ၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး စုယန်ကို စောင့်ရှောက်ပေးပါနော် ဂျူနီယာညီမယောင်…”

ကျိယောင်က ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… သူ ဘာဒုက္ခမှ မရောက်စေရဘူး…”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းကာ ကျိယောင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူပြန်သယ်လာသည့် သိုင်းကျမ်းများ ကျင့်စဉ်များကို ဟွာချင်းစီအားသွားရှာ၍ သူမလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထိုအရာများကို တပည့်များ ကျင့်ကြံရာတွင် ရွေးချယ်နိုင်စေရန်အတွက် သိုင်းကျမ်းဆောင်ထဲတွင် ထားရန်လည်း ပြောခဲ့သေး၏။

ထိုပစ္စည်းများကို ရပြီးသည့်နောက် ဟွာချင်းစီက ပြန်ပြောလိုက်သည်။ “နန်းတော်သခင်လီလည်း မကြာသေးခင်တုန်းက သိုင်းပညာရပ်တွေအများကြီး ယူလာတယ်… ကျွန်မ သူ့ကို ကျေးဇူးတင်လိုက်ပါသေးတယ်… ဒါပေမယ့် သူ့ကြည့်ရတာ နန်းတော်သခင်ရန်နဲ့ တစ်ခုခုပြောချင်နေတဲ့ပုံပဲ…”

“သူ အခုဘယ်မှာလဲ…”

“ဧည့်ခန်းမှာ…”

“ကောင်းပြီ… ငါ သူ့ကိုသွားတွေ့လိုက်မယ်…”

ပြောပြီးသည့်နောက် ရန်ကိုင်သည် ထိုအရပ်ဆီသို့ ပျံသန်းထွက်သွားလေသည်။

လက်ရှိအချိန်တွင် လီကျောက်မှာ ဧည့်ခန်းထဲ လျူစန်းနျန်နှင့်အတူ ထိုင်နေခဲ့လေသည်။ နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောရင်းမှ တခစ်ခစ် ရယ်မောနေခဲ့ကြသည်။ ဧည့်ခန်းထဲသို့ တစ်ဦးဦးဝင်လာကြောင်း သတိပြုမိလိုက်သည့်နောက် လီကျောက် ချက်ချင်း လှမ်းကြည့်လိုက်လေ၏။ မည်သူမှန်းသိလိုက်သော် ချက်ချင်းပဲထ၍ တလေးတစားဖြင့် ဦးညွှတ်လိုက်လေသည်။

“ရောင်းရင်းလီ… မင်း ငါ့ဆီကနေ ဘာလိုလို့လဲ…” အမျိုးမျိုးသောအဖြစ်အပျက်များကို အတူတကွ ကြုံတွေ့ခဲ့ကြပြီးသည့်နောက်တွင် လက်ရှိရန်ကိုင်နှင့် လီကျောက်တို့မှာ သူစိမ်းများ မဟုတ်ကြတော့ပေ။ လီကျောက်အပေါ် ရန်ကိုင်၏အထင်အမြင်မှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲလာတော့လေသည်။

လီကျောက်က ပြောလိုက်လေသည်။ “ရောင်းရင်းရန်… ငါ မင်းတို့ထက်ကောင်းကင်နန်းတော်နဲ့ မဟာမိတ်ဖွဲ့ချင်လို့… အဲ့ဒါဆို ငါတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ရတယ်လေ… မင်းရော ဘယ်လိုထင်လဲ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၁၈)

ဘာသာပြန်သူ_တိမ်တိုက်

(မဟာမိတ်… တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတယ်… အင်း… ဒါလည်းမဆိုးပါဘူး…) ထက်ကောင်းကင်နန်းတော်သည် လက်ရှိအချိန်တွင် ဂိုဏ်းသားပေါင်းတစ်သိန်းကျော် ရှိနေခဲ့ပြီး မြောက်ဘက်နယ်မြေတွင် အတော်လေး လူလေးစားခံရသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပါသော်ငြား အင်အားစုအသစ်တစ်ခု ဖြစ်သည်ဟူသော အချက်မှာတော့ ငြင်း၍မရပေ။ ထက်ကောင်းကင်နန်းတော်သည်သာ မီးနဂါးနန်းတော်နှင့် မဟာမိတ်ဖွဲ့နိုင်လျှင် ကျိန်းသေ အကျိုးအမြတ်ရှိပေလိမ့်မည်။ တကယ်တော့ လီကျောက်သည်လည်း အပြင်လူတစ်ဦးမှ မဟုတ်တော့လေဘဲ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ယခုကဲ့သို့သော ကမ်းလှမ်းချက်မျိုးကို ငြင်းဆိုစရာအကြောင်းမရှိပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ချက်ချင်းသဘောတူလိုက်လေ၏။

လီကျောက်က ရယ်သွမ်းသွေးရင်းမှ ရင်ဘတ်ပေါ်လက်တင်၍ “ဒါဆို အခုကနေစပြီးတော့ မီးနဂါးနန်းတော်က မင်းအပေါ် အားကိုးနေမယ်နော် ရောင်းရင်းရန်… ငါတို့က မင်းတို့ထက်ကောင်းကင်နန်းတော်လက်အောက်ကိုပဲ ခိုဝင်တာ…”

ရန်ကိုင် မည်မျှထိ အားကောင်းသလဲဆိုသည်ကို သူသိပေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦး မဟာမိတ်ဖွဲ့မည်ဆိုလျှင်ပင် ရာထူးအဆင့်မှာတော့ ရှိရပေလိမ့်ဦးမည်။ မီးနဂါးနန်းတော်သည် ထက်ကောင်းကင်နန်းတော်၏ ပြိုင်ဘက်မဟုတ်။ ဤသည်မှာ အမှန်အတိုင်းပြောနေခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ယခုကဲ့သို့ပြောခြင်းနှင့်ပတ်သက်၍ ဘာမှရှက်နေစရာမလို။

အင်အားစုနှစ်ခု မဟာမိတ်ဖွဲ့သည်မှာ ကြီးကြီးမားမားအဖြစ်အပျက်တစ်ခု ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ခေါင်းဆောင်နှစ်ဦးကြားမှ စကားလေးအချို့ဖြင့် ပြီးသွားခဲ့သည်။ ရန်ကိုင်တို့အနေဖြင့် လက်မှတ်ပင် ရေးထိုးနေစရာမလိုခဲ့။ ထိုသို့လုပ်ရန်မလိုမှန်းလည်း နှစ်ဦးစလုံး သိနေကြပေသည်။

“ရောင်းရင်းရန်… ငါတို့ မဟာမိတ်ဖွဲ့ပြီးသွားပြီဆိုတော့ အခု တစ်မိသားစုတည်းဖြစ်သွားပြီပေါ့… ဟုတ်တယ်မလား…” လီကျောက်က ပြုံးဖြီး၍ “ဒါဆိုရင် ဟိုအကြွေးတွေလေ… ငါတို့ အဲ့အကြွေးတွေကို ချေလိုက်လို့ ရပြီမလား…”

“ဒါဆို မင်း ငါ့ကို လှည့်စားလိုက်တာပေါ့…” ရန်ကိုင်သည် လီကျောက်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထိုအကြွေးများသည် နည်းနည်းနောနောတော့ မဟုတ်ပေ။

လီကျောက်က အဓိပ္ပာယ်ပါပါပြုံးလျက် “ငါတို့က အပြင်လူတွေမှမဟုတ်တော့တာကိုကွာ… အခု တစ်မိသားစုတည်း ဖြစ်နေကြပြီလေ…”

ရန်ကိုင်က တစ်ချက်မျှ ရပ်နေပြီးသည့်နောက် ရယ်မောလျက် “အကြွေးတွေကို ချေပေးလိုက်လို့ မရတာတော့ မဟုတ်ပါဘူး…”

လီကျောက်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းရန်ရေ…”

ရန်ကိုင်က လက်မြှောက်၍လှမ်းတားကာ ပြောလိုက်သည်။ “ဒါပေမယ့် ငါ့မှာတောင်းဆိုစရာတစ်ခုရှိတယ်…”

လီကျောက်က ပြောလိုက်သည်။ “ဒါဆို ကျေးဇူးပြုပြီး ပြောသာပြောလိုက် ရောင်းရင်းရန်…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အခု ထက်ကောင်းကင်နန်းတော်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မင်းလည်းသိမှာပေါ့… တပည့်အယောက်တစ်သိန်းကျော် ရုတ်တရက်ကြီးရောက်ချလာတာ… သူတို့အတွက်ကျင့်ကြံဖို့ အရင်းအမြစ်တွေ၊ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေက ရှိနေတယ်ဆိုပေမယ့် သင်ပေးမယ့်လူက ရှိမနေဘူးဖြစ်နေတယ်… ငါတို့ဂိုဏ်းမှာလည်း လူက ဒီလောက်ရှိတာမဟုတ်ဘူး… သူတို့ကိုသင်ပေးမယ့်လူက ဒီလောက်မရှိတော့ ငါ မင်းဆီက အကူအညီတောင်းချင်လို့လေ…”

သိုင်းတာအိုခရီးလမ်းကိုလျှောက်လှမ်းရာတွင် သင်ပေးမည့်လူတစ်ဦး ရှိနေခြင်းနှင့် ကိုယ့်ဘာသာကိုယ်ကြိုးစားရခြင်းမှာ လုံးဝမတူကွဲပြားသည့် ကိစ္စနှစ်ရပ်ဖြစ်ပေသည်။ ရန်ကိုင်မှာ သူ့ခရီးလမ်းတစ်ခုလုံးကို သူ့ဘာသာသူ လျှောက်လှမ်းခဲ့ရခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် တပည့်များအား မည်ကဲ့သို့ စီစဉ်ပေးရမလဲဆိုသည်ကို ရန်ကိုင် အစောကြီးတည်းက အစီအစဉ်တစ်ခု စဉ်းစားထားပြီးသားပင်။ သူ့ရှေ့တည့်တည့်သို့ ယခုကဲ့သို့ အခွင့်အရေးမျိုးနှင့် အတူတကွ ရောက်ရှိလာလေရာ ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။

ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် ရေခဲဓာတ်ကျင့်စဉ်များနှင့် သိုင်းပညာရပ်များကိုသာ ကျင့်ကြံကြသည့်အတွက်ကြောင့် ဤကဲ့သို့သော ပုံမှန်ဆန်လွန်းလှသည့် ကျင့်ကြံသူအားလုံးကို သင်ကြားပေးဖို့ရာ သိပ်၍ မသင့်တော်လှပေ။ ထိုအကြောင်းကြောင့်သာမဟုတ်လျှင် ရေခဲနှလုံးသားတောင်ကြားသို့ ရောက်တည်းက လူအနည်းငယ်လွှတ်ပေးရန် ရန်ကိုင် ပင်းယွင်အား အကူအညီတောင်းခံခဲ့ပေလိမ့်မည်။

“ဘယ်လိုအကူအညီမျိုးတောင်းမလို့လဲ…” လီကျောက် ဇဝေဇဝါဖြစ်နေလေသည်။

“ငါပြောချင်တာက ဒီကလူတွေကို သင်ပေးဖို့အတွက် မင်းဂိုဏ်းထဲကနေပြီးတော့ နည်းနည်းအတွေ့အကြုံရှိတဲ့ ကျင့်ကြံသူတစ်အုပ်လောက်ကို ရွေးပြီးတော့ ဒီကိုပို့ပေးဖို့ပဲ…”

(အဲ့ဒါပဲလား… ငါက ကိစ္စကြီးမှတ်နေတာ…) လီကျောက်က သူ့ရင်ဘတ်ကိုပုတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ကိစ္စမရှိဘူး…”

တစ်ချက်မျှရပ်ပြီးသည့်နောက် လီကျောက်က ဆက်၍ပြောလိုက်သည်။ “ဒါပေမယ့် ထက်ကောင်းကင်နန်းတော်မှာ တပည့်တွေအများကြီးရှိနေတာ… ငါတို့မီးနဂါးနန်းတော်က ကူညီပေးမယ်ဆိုရင်တောင် လုံလောက်ဦးမှာမဟုတ်သေးဘူး…”

တပည့်အရေအတွက်မှာ တစ်သိန်းကျော်ရှိနေသည့်အတွက်ကြောင့် ဆရာတစ်ဦးလျှင် တပည့်ငါးရာ တာဝန်ယူမည်ဆိုလျှင်ပင် အနည်းဆုံး ဆရာ အယောက်နှစ်ရာမှ သုံးရာလောက်အထိ လိုပေလိမ့်ဦးမည်။ မီးနဂါးနန်းတော်သည် ထိုမျှများပြားလှသည့်လူများကို ပို့ပေးဖို့ရာ မဖြစ်နိုင်ပေ။ ကြယ်စီရင်စုမှခေါ်လာသည့်လူများကို သင်ကြားပေးဖို့ရာအတွက် မီးနဂါးနန်းတော်မှ ပို့ရမည့်လူများမှာ အနည်းဆုံး တာအိုသခင်အဆင့်တွင် ရှိနေရပေလိမ့်မည်။ မီးနဂါးနန်းတော်ထဲတွင် တာအိုသခင်အဆင့်ကျင့်ကြံသူ မည်မျှများစွာပင် ရှိနေစေကာမူ ထိုလူအားလုံးကို ဤနေရာသို့ ပို့ပေးဖို့ရာ မဖြစ်နိုင်ပေ။

“ဒါက အခုတလော အရေးပေါ်အခြေအနေတွက်ပေါ့… အစီအစဉ်တစ်ခုခုကိုတော့ နောက်မှ သေချာစဉ်းစားမယ်…” ရန်ကိုင် သက်ပြင်းချလိုက်သည်။ လူပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့် ပြဿနာများမှာတော့ တစ်ခုမဟုတ်တစ်ခု ပေါ်လာပေတော့မည်။ သူ့အနေဖြင့် အကုန်လုံးကို လိုက်ဂရုစိုက်နေဖို့ရာ မဖြစ်နိုင်ပေ။ ထိုအကြောင်းကြောင့် အကုန်လုံးအတွက် အဆင်ပြေလောက်မည့် အခြေခံတစ်ခုလောက်ကိုသာ စီစဉ်ပေးရတော့မည်။

“ရောင်းရင်းရန်… မင်း လူဘယ်လောက်လောက်လိုလဲ…”

“တစ်ရာ…”

လီကျောက်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကောင်းပြီလေ…”

တစ်ရာသည် မနည်းလှပေ။ သို့သော်ငြား မီးနဂါးနန်းတော်အတွက်မူ ထိုတစ်ရာဟူသော တာအိုသခင်အဆင့် ပညာရှင်များကို စေလွှတ်ပေးနိုင်ပေသည်။ ထို့ထက်ပိုများမည်ဆိုလျှင်တော့ မဖြစ်နိုင်တော့ပေ။ ထို့အပြင် လီကျောက်မှ ပို့လိုက်မည့်လူများ၏ တာဝန်မှာ အခြားသူများကို သင်ပေးရမည် ဖြစ်သည့်အတွက်ကြောင့် ထိုအရာမျိုးသည် လူတိုင်းလုပ်နိုင်သည့်အရာမျိုးမဟုတ်။ တစ်စုံတစ်ဦးအား သင်ပေးခြင်းနှင့် ကိုယ့်ဘာသာကိုယ်ကျင့်ကြံခြင်းသည် မတူကွဲပြားသည့် အရာနှစ်ခုဖြစ်ပေသည်။ မီးနဂါးနန်းတော်သည် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည့်အလျောက် ထိုကဲ့သို့သော အခြားသူတစ်ဦးကို သင်ပေးဖို့ရာ အတွေ့အကြုံရှိသည့် လူတစ်ရာလောက်ကို စေလွှတ်ဖို့ရာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“မင်း ငါ့ကိုပေးရမယ့် အကြွေးတွေကိုတော့ အဲ့ဆရာအယောက်တစ်ရာရဲ့ လစာလို့ပဲ မှတ်လိုက်ပေါ့… မင်း အခြားဘာပြောချင်တာရှိသေးလဲ ရောင်းရင်းလီ…”

“မရှိတော့ဘူး မရှိတော့ဘူး…” လီကျောက်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ ထိုအကြွေးများသည် သူ့အား အမှန်တကယ်ကို ခေါင်းခဲစေနေခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ထိုဆရာအယောက်တစ်ရာကို စေလွှတ်လိုက်၍ အကြွေးအားလုံးကို ချေနိုင်မည်ဆိုလျှင်တော့ လီကျောက်သည် ဝမ်းပန်းတသာနှင့်ကို လက်ခံလိုက်ပေလိမ့်မည်။ ထို့အပြင် ထိုဆရာအယောက်တစ်ရာသည် နောက်ဆုံးတွင် သူ့ဆီသို့ပင် ပြန်လာလိမ့်မည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် ယခုအလဲအလှယ်နှင့် ပတ်သက်၍ သူ့ဘက်မှ ဘာမှဆုံးရှုံးသွားစရာအကြောင်း မရှိပေ။ ထိုအကြောင်းကြောင့်ပင်လျှင် လီကျောက်က မတ်တပ်ရပ်၍ ပြောလိုက်လေသည်။ “ဒီကိစ္စက နှောင့်နှေးနေလို့ မဖြစ်တော့ဘူး… ငါ အခုချက်ချင်း ပြန်ပြီးတော့ စီစဉ်လိုက်ဦးမယ်…”

“ငါလည်း မင်းနဲ့လိုက်ခဲ့မယ်…” ရန်ကိုင်က ပြောလိုက်သည်။

လီကျောက် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားသည့်အလား မေးလိုက်လေ၏။ “ရောင်းရင်းရန်… မင်း မီးနဂါးနန်းတော်နဲ့ ထက်ကောင်းကင်နန်းတော်ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ဖန်တီးချင်နေတာလား…”

“အဲ့လိုဆို သွားရလာရ ပိုအဆင်ပြေသွားမယ်လေ…”

“ကောင်းပြီလေ…” လီကျောက် ငြင်းမနေခဲ့ဘဲ ချက်ချင်း မီးနဂါးနန်းတော်သို့ ရန်ကိုင်၊ လျူစန်းနျန်တို့နှင့်အတူ ထွက်လာခဲ့လေသည်။

သုံးဦးစလုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသလို ပျံသန်းရေးမှော်ရတနာများ၏ အကူအညီကိုလည်း ရရှိထားသည့်အတွက်ကြောင့် နေ့ဝက်အတွင်းမှာပင် မီးနဂါးနန်းတော်ဆီသို့ ရောက်လာနိုင်ခဲ့လေသည်။

လီကျောက်သည် ရန်ကိုင်အား မီးနဂါးနန်းတော်ထဲရှိ ငြိမ်သက်တိတ်ဆိတ်သည့် နေရာတစ်ခုဆီသို့ ခေါ်လာပေးလေ၏။

ရန်ကိုင်မှာလည်း ရောက်ရောက်ချင်းကို ဟင်းလင်းပြင်အစီအရင်အား စတင်ခင်းကျင်းခဲ့လေရာ ညအချိန်သို့ ရောက်လာသည့်အခါ၌ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းလို့ ပြီးသွားခဲ့လေပြီ။ ဤအစီအရင်နှင့်သာဆိုပါက မီးနဂါးနန်းတော်မှ ထက်ကောင်းကင်နန်းတော်ဆီသို့ သွားဖို့ရာ ဘာပြဿနာမှ ရှိတော့လိမ့်မည်မဟုတ်ပေ။ ယခုဆိုလျှင် ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ဂိုဏ်းမှ တစ်ဂိုဏ်းဆီသို့ အလွယ်တကူ သွားလာနိုင်ပေတော့မည်။

ဟင်းလင်းပြင်အစီအရင်ကို ခင်းပြီးပြီးချင်း ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်သွားရန် ရန်ကိုင်စဉ်းစားထားခဲ့သည်။ တကယ်တော့ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသေးသည် မဟုတ်ပေလော။ သို့သော်ငြား လီကျောက်ကမူ သူ့အား မပြန်ခိုင်းပဲ မီးနဂါးနန်းတော်တွင်သာ တစ်ညအိပ်သွားရန် ပြောခဲ့လေသည်။ သူ့အတွက်လည်း စားသောက်ပွဲတစ်ခု ကျင်းပပေးဦးမည်ဟု ပြောခဲ့ပေသေးသည်။ လီကျောက်မှ ပြောလာနေခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ငြင်းရန် မကောင်းသဖြင့် သဘောတူလိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။

မီးနဂါးနန်းတော်၏ ခန်းမတစ်ခုလုံးမှာ မီးရောင်များဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။ မီးနဂါးနန်းတော်ထဲတွင် အဆင့်အတန်း အတန်အသင့်ရှိသည့် မည်သူမဆို ရန်ကိုင်အား ဂုဏ်ပြုရန် စားသောက်ပွဲသို့ ရောက်နေကြလေသည်။

အကုန်လုံးမှာ သူတို့အနေဖြင့် ထက်ကောင်းကင်နန်းတော်အား အရင်းအမြစ်ကျောက်များ ထပ်မံပေးစရာမလိုတော့သည့်အကြောင်းကို လီကျောက်ဆီမှ ကြားထားပြီးကြသည့်ပုံပင်။ ထိုအကြောင်းကြောင့်ပင်လျှင် အကုန်လုံးမှာ အလွန်ကိုမှ စိတ်ကောင်းဝင်နေကြလေရာ ရန်ကိုင်အပေါ်လည်း အလွန်ကိုမှ ဖော်ရွေနေခဲ့ကြလေသည်။ တချို့ဆိုလျှင် ရန်ကိုင်၏ပုခုံးကိုဖက်၍ ညီအစ်ကိုရင်းပမာ သောက်စားပျော်ပါးအော်ဟစ်နေခဲ့လေသေးသည်။

ခန်းမတစ်ခုလုံးမှာလည်း အလွန်ကိုမှ ဝမ်းသာပျော်ရွှင်ဖွယ်ရာ ကောင်းနေခဲ့လေသည်။ ကချေသည်များမှာ တီးလုံးသံများအလိုက် မြူးကြွဖွယ်ကောင်းစွာ ကခုန်နေခဲ့ပြီး တီးလုံးသံများမှာလည်း ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ ရန်ကိုင်သည် လီကျောက်နှင့်အတူ တစ်တန်းတည်း ထိုင်နေခဲ့လေသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်သည် ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် ယခုကဲ့သို့ ထိုင်သည်မှာလည်း ဘာမှတော့ သိပ်မဖြစ်လှပေ။ ထိုအကြောင်းကြောင့်ပင်လျှင် မီးနဂါးနန်းတော်၏ အကြီးအကဲများမှာ ရန်ကိုင်အပေါ် ပိုပို၍ အထင်အမြင်ကောင်းလာကြတော့သည်။ ရန်ကိုင်သည် အားကောင်းလှသော ထက်ကောင်းကင်နန်းတော်၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်တိုင် သူ့ကိုယ်သူ ယခုကဲ့သို့ နှိမ့်ချ၍ လီကျောက်နှင့်အတူ တစ်တန်းတည်းထိုင်ခဲ့သည်မှာ တကယ်ကို ချီးကျူးစရာပင်။

ညလယ်လောက် ရောက်သည့်အခါမှသာ အကုန်လုံး အသီးသီးပြန်သွားကုန်ကြလေသည်။ လီကျောက်သည် ရန်ကိုင်နားနေရန်အတွက် မိန်းမချောလေးများကို စေလွှတ်၍ ရန်ကိုင်အခန်းဆီသို့ ပို့ဆောင်ပေးခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ လက်မခံခဲ့ဘဲ လုပ်စရာကိစ္စများ ရှိသေးသည်ဟူသော အကြောင်းပြချက်ဖြင့် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့လေသည်။ လီကျောက်မှာလည်း မငြင်းသာသည့်အတွက်ကြောင့် ရန်ကိုင်အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့လေ၏။

ဟင်းလင်းပြင်အစီအရင်ရှေ့သို့ရောက်သော် ရန်ကိုင်သည် ရုတ်တရက် လီကျောက်ဘက်သို့လှည့်၍ “ရောင်းရင်းလီ… ငါ မြောက်ဘက်နယ်မြေကို စုစည်းပစ်ချင်တယ်… မင်း ဘယ်လိုထင်လဲ…”

ညလေအေးသည် လီကျောက်၏ပါးပြင်နှစ်ဖက်စလုံးကို ဖြတ်တိုက်သွားခဲ့လေသည်။ လီကျောက်မှာလည်း အနည်းငယ် မူးဝေဝေဖြစ်နေရာမှ ချက်ချင်း အသိပြန်ဝင်လာခဲ့လေ၏။ “မြောက်ဘက်နယ်မြေကို စုစည်းမယ်…”

“ဟုတ်တယ်…”

ထိုအကြံမှာ ရန်ကိုင်ခေါင်းထဲ ရုတ်တရက်ဆိုသလို ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ ထက်ကောင်းကင်နန်းတော်ထဲတွင် ရန်ကိုင်မှ ထောက်ပံ့ပေးရမည့် တပည့်ပေါင်းတစ်သိန်းကျော် ရှိနေခဲ့သည်။ လတ်တလော၌ သူ့တွင် ကျင့်ကြံရေးအရင်းအမြစ်များ အလုံအလောက်ရှိနေသေးသလို ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့်လည်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုထားသည့်အတွက်ကြောင့် ဘာမှ စိတ်ပူစရာမရှိသေးပေ။ ထို့အပြင် ရှေးဟောင်းကုန်းမြေကြီးထဲမှ အရင်းအမြစ်များကိုလည်း လိုအပ်လျှင် သွားယူနိုင်သေးသည့်အတွက်ကြောင့် လတ်တလော၌ မည်သည့်ပြဿနာမှ ရှိမနေ။ သို့သော်ငြား ရှိနေပြီးသားအရင်းအမြစ်များကို ဘာမှမလုပ်ပဲ ဤအတိုင်းထိုင်ဖြုန်းနေခြင်းသည် ရေရှည်နည်းလမ်းတစ်ခုမဟုတ်ပေ။ ထက်ကောင်းကင်နန်းတော်သည်သာ ဤလူများကို ဆက်လက်ထောက်ပံ့၍ အမွေအနှစ်ကို ထိန်းသိမ်းထားလိုပါက ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ထူထောင်မှသာ အဆင်ပြေပေလိမ့်မည်။

ယခင်က ရမ္မက်ရှာဂိုဏ်းတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများစွာ ရှိခဲ့ပြီး လက်အောက်ခံအင်အားစုပေါင်းများစွာလည်း ရှိခဲ့လေသည်။ ရှင်းရှင်းပြောရသော် ရမ္မက်ရှာဂိုဏ်းအနီးတစ်ဝိုက်တွင် လက်အောက်ခံမြို့ပေါင်း နှစ်ဆယ်ကျော်ရှိခဲ့သည်။ ရမ္မက်ရှာဂိုဏ်းသည် ထိုမြို့များမှာ အခကြေးငွေကို ကောက်ခံ၍ ဂိုဏ်း၏ ဘဏ္ဍာရေးကို ထိန်းထားခဲ့လေသည်။ အပြန်အလှန်အနေဖြင့် ရမ္မက်ရှာဂိုဏ်းမှ ထိုမြို့များအား ပြန်လည်ကာကွယ်ပေးလေသည်။

ကံမကောင်းစွာဖြင့် ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်း၏ ရတနာဂိုထောင်ကိုသာ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်မှ ရမ္မက်ရှာဂိုဏ်းကို သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် ထိုမြို့နှစ်ဆယ်ကျော်လုံးမှာ ရမ္မက်ရှာဂိုဏ်း၏လက်အောက်မှ လွတ်မြောက်သွားခဲ့သလို ရန်ကိုင်၏လက်အောက်သို့ ခိုဝင်လာခဲ့ခြင်းလည်း မရှိပေ။ ထိုမြို့များကို ပြန်သိမ်းဖို့ရာ ထိုမျှမခက်ပေ။ ရန်ကိုင်မှ ကြုံရာမွန်းစတားဘုရင်တစ်ပါးကို စေလွှတ်လိုက်ရုံဖြင့် တစ်ဖက်လူအား ချက်ချင်း သူ့လက်အောက်သို့ ပြန်လည်ခေါ်သွင်းပစ်နိုင်ပေသည်။

သို့ပင်ဖြစ်လင့်ကစား ထိုမျှလောက်သောဝင်ငွေသည် လက်ရှိရှိနေသည့် တပည့်အားလုံးကို ထောက်ပံ့ပေးနိုင်လိမ့်ဦးမည်မဟုတ်ပေ။ ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းနိုင်မည်ဆိုလျှင် ဘာမျှစိတ်ပူစရာလိုတော့လိမ့်မည်မဟုတ်။ သူသာလိုအပ်လာလျှင် မြောက်ဘက်နယ်မြေရှိ အရင်းအမြစ်အားလုံးကို ထုတ်သုံးနိုင်ပေသည်။ ထို့အတွက်ကြောင့် တပည့်တစ်သိန်းမဆိုထားနှင့် သန်းပေါင်းများစွာသော တပည့်များကိုပင်လျှင် ထောက်ပံ့ပေးထားနိုင်ပေလိမ့်မည်။

ထိုသို့ပင် စဉ်းစားထားလင့်ကစား ထိုသို့လုပ်ဖို့ရာ လွယ်ကူလိမ့်မည်မဟုတ်မှန်းတော့ ရန်ကိုင်သိနေခဲ့သည်။ ထက်ကောင်းကင်နန်းတော် မည်မျှပင် အားကောင်းနေစေကာမူ မြောက်ဘက်နယ်မြေထဲ ကျင့်ကြံသူပေါင်း ဘီလီယံနှင့်ချီကာ ရှိနေကြပြီး ထိုကျင့်ကြံသူများသည် မြောက်ဘက်နယ်မြေတစ်ခုလုံးကို ရန်ကိုင်မှ အုပ်စိုးမည့်အစီအစဉ်အား လက်ခံကြလိမ့်မည်မဟုတ်ပေ။ ရန်ကိုင်တွင် အားကောင်းသည့်ပညာရှင်များဖြစ်ကြသော မွန်းစတားဘုရင်များ ရှိကြပါသော်ငြား ဤနေရာသည် လူသားပိုင်နက် ဖြစ်သည့်အတွက်ကြောင့် မွန်းစတားဘုရင်များ သောင်းကျန်းဖို့ရာ သိပ်၍အဆင်မပြေလှပေ။ မွန်းစတားဘုရင်များကိုသာ သောင်းကျန်းခိုင်းလိုက်မည်ဆိုလျှင် ရန်ကိုင်ပင်လျှင် ပြန်လည်ပြဿနာတက်သွားရနိုင်ပေသည်။

ထို့အပြင် မြောက်ဘက်နယ်မြေထဲ အခြားသော အားကောင်းသည့်ပညာရှင်များလည်း ရှိနေရပေလိမ့်ဦးမည်။ လူရှေ့သူရှေ့ ထွက်လာကြသည့် ပညာရှင်များ ရှိကြပါသော်ငြား လူမြင်ကွင်းသို့ ထွက်လာလေ့မရှိဘဲ တောတောင်များထဲ တစ်ကိုယ်တော်ပုန်းအောင်းနေကြသော အမည်အသိမခံသည့် အားကောင်းလှသော ပညာရှင်များလည်း ရှိနေကြပေလိမ့်ဦးမည်။ ရန်ကိုင်မှ ထိုလူများအား သွားရောက်ရန်မစမိသေးသည့်အတွက်ကြောင့်သာ ထိုလူများ လူလုံးထွက်ပြမလာသေးခြင်း ဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းလိုက်မည်ဆိုလျှင်တော့ ထိုလူများသည်လည်း ငြိမ်ခံနေကြတော့လိမ့်မည်မဟုတ်ပဲ အလျှိုလျှိုထွက်လာကြပေလိမ့်မည်။

လက်ရှိအချိန်တွင် မြောက်ဘက်နယ်မြေထဲ ထိပ်တန်းအင်အားစုပေါင်းများစွာ ရှိကြပြီး ရေခဲနှလုံးသားတောင်ကြားနှင့် မီးနဂါးနန်းတော်တို့သည် ရန်ကိုင်ဘက်မှ ဖြစ်ကြပေသည်။ ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေတစ်ခုလုံးကို စုစည်းမည်ဆိုလျှင် ထိုဂိုဏ်းနှစ်ဂိုဏ်းသည် သူ့ရှေ့တွင် ပိတ်ရပ်နေကြလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်ကလည်း ထိုဂိုဏ်းနှစ်ဂိုဏ်း၏ အကျိုးအမြတ်များကို ထိခိုက်အောင် သွားလုပ်နေလိမ့်မည်မဟုတ်။ ကံမကောင်းစွာဖြင့် အခြားသောအင်အားစုများမှာတော့ ထိုမျှ အလွယ်တကူ ဘေးဖယ်ပေးကြလိမ့်မည်မဟုတ်ပေ။

လက်ရှိအချိန်တွင်တော့ လီကျောက်မှာ ရန်ကိုင်အကြောင်းအား အတော်အတန်ကို သိပြီးနေလေပြီ။ ရန်ကိုင်သည် အလွန်ကိုမှ လက်ရဲဇက်ရဲရှိလှသည့် လူတစ်ဦးဖြစ်သည်။ နဂါးကျွန်းကဲ့သို့သော ဒဏ္ဍာရီလာကျွန်းထဲသို့ သွား၍ပင် ပြဿနာရှာထားသူတစ်ဦး ဖြစ်လေရာ ရန်ကိုင်မှ မြောက်ဘက်နယ်မြေအား တစ်စုံတစ်ဦးတည်း လုပ်ပစ်မည့်အကြံမှာတော့ အိပ်မက်သက်သက်သာမဟုတ်မှန်း လီကျောက် သိနေခဲ့လေသည်။ ထို့အပြင် လက်ရှိရန်ကိုင်ကို ကြည့်ရသလောက် အရက်မူးနေသည့်အရိပ်အယောင် လုံးဝမမြင်ရ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ထိုစကားများကို မူးမူးရူးရူးနှင့် ပြောနေခြင်းမဟုတ်မှန်းလည်း သိသာလှသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် လီကျောက်က ပြန်ပြောလိုက်လေသည်။ “မင်း အဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ ငါလည်း မင်းကို ကူညီပေးမယ်လေ…” (ဘယ်လိုပဲဖြစ်ဖြစ် အခုလေးတင်မှ မဟာမိတ်ဖွဲ့ထားတာ… ဒီတိုင်းရပ်နေလို့တော့မဖြစ်ဘူး…) “ကူညီပေးတာကတော့ ဟုတ်ပါပြီ… ဒီကလူတွေ ဝေဖန်မယ့်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ ပြင်ပြီးသွားပြီလား… လူက နည်းနည်းလေးမဟုတ်ဘူးနော်… မြောက်ဘက်နယ်မြေတစ်ခုလုံးက လူတွေ…”

ရန်ကိုင်က ရယ်မောလျက် “အခြားလူတွေ သေသေရှင်ရှင်ကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ… ငါက ထက်ကောင်းကင်နန်းတော်အတွက်ပဲ ဂရုစိုက်တာ…”

လီကျောက် ခေါင်းညိတ်လိုက်သည်။ လူတိုင်းသည် သူအပါအဝင် ကိုယ့်ဘက်ကိုယ်ယက်သည့် လိပ်များချည်းသာ ဖြစ်ကြလေရာ မည်ကဲ့သို့များ အခြားသူများအတွက် အထူးတလည် အရေးစိုက်နေပါမည်နည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၁၉)

ဘာသာပြန်သူ_တိမ်တိုက်

"ပြဿနာတစ်ခုတော့ရှိတယ်၊ ဆေးလုံးတောင်ကြားပဲ" လီကျောက်သည် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်ကာ ပြောလိုက်သည်။

မြောက်ဘက်နယ်မြေတွင် မဟာဧကရာဇ်ဂိုဏ်း မရှိပေ။ ဆေးလုံးတောင်ကြားသည် မဟာဆေးဧကရာဇ် နေထိုင်သည့် နေရာသာ ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် ဆေးလုံးတောင်ကြားမှာ ဂိုဏ်းတစ်ဂိုဏ်း မဟုတ်။ သို့သော် ရန်ကိုင်သည်သာ မြောက်ဘက်နယ်မြေထဲ ပြဿနာရှာမည်ဆိုလျှင် ဆေးလုံးတောင်ကြားမှ လူများ ဝင်ပါလာနိုင်ပေသည်။ ဆေးလုံးတောင်ကြားမှ လူများသာ ဝင်တားလိုက်မည်ဆိုလျှင်တော့ အခြေအနေမှာ ထိန်းချုပ်မရ ဖြစ်သွားနိုင်သည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ငါက မြောက်ဘက်နယ်မြေက ကျင့်ကြံသူတွေ အကုန်လုံးကို သတ်ပစ်မှာမှ မဟုတ်တာ၊ ဒီအတိုင်း ဝင်ငွေလေးဘာလေး နည်းနည်းတိုးအောင် မြို့လေးအချို့ကို အပိုင်သိမ်းရုံပဲ၊ ဆေးလုံးတောင်ကြားက အဲဒီလိုကိစ္စမျိုးကို ဝင်ရှုပ်မှာမလို့လား" ထို့နောက်တွင် ရန်ကိုင်သည် လီကျောက်အား စောင့်ကြည့်လျက် မေးလိုက်လေ၏။ "ရောင်းရင်းလီ၊ မင်းငါ မြောက်ဘက်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မှာလို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"

လီကျောက်က ဇောချွေးပြန်ပြန်ဖြင့် ပြန်၍ ပြောလိုက်သည်။ "ကြည့်ရတာ ငါ နားလည်မှုလွဲသွားတယ်နဲ့ တူတယ်"

ရန်ကိုင်မှ မြောက်ဘက်နယ်မြေ တစ်ခုလုံးကို ပေါင်းစည်းချင်သည်ဟု ပြောလာစဉ်က ရန်ကိုင် လူသတ်တော့မည်ဟု လီကျောက် ထင်နေခဲ့ခြင်း ဖြစ်လေသည်။ ယခုအခါမှသာလျှင် သူနားလည်မှုလွဲသွားခဲ့ခြင်းဖြစ်မှန်း သဘောပေါက်သွားခဲ့သည်။ "မြို့လေးနည်းနည်းပါးပါးကို သိမ်းတာပဲဆိုရင်တော့ ကိစ္စတော့ မရှိလောက်ပါဘူး"

ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ လီကျောက်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။ "အဲဒီလိုလုပ်ဖို့အတွက် ငါ့ဂုဏ်သတင်းကို အရင်ဆုံး တည်ဆောက်ထားဖို့ လိုလိမ့်မယ်၊ အာကာယံကောင်းကင်ဂိုဏ်းကတော့ ပထမဦးဆုံး ပစ်မှတ်လုပ်ဖို့ အကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်းပဲ၊ ရောင်းရင်းလီ၊ ငါ့အစား မီချီကို ထက်ကောင်းကင်နန်းတော်ဆီ လာဖို့ပြောပေးပါလား"

လီကျောက်က ခါးသက်သက် အမူအရာဖြင့် ပြုံးလျက်... "ရောင်းရင်းရန်၊ မင်းငါ့ကို လူဆိုးဖြစ်အောင် လုပ်နေတာပဲ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ရွေးချယ်စရာ မရှိတော့ဘူးလေ၊ မင်းက မီချီနဲ့ ပိုရင်းနှီးနေတာကိုး"

"ကောင်းပြီ၊ ငါသူ့ကို ပြောပေးလိုက်မယ်၊ သူဘယ်လိုပြန်ပြောလာမလဲဆိုတာတော့ ငါမသိဘူးနော်"

"သူ့ကို အသိပေးလိုက်ရုံတင် ရပြီ" ရန်ကိုင်က ပြုံး၍ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေသည်။ အရောင်တလက်လက် တောက်ပလာပြီးသည့်နောက် ရန်ကိုင်သည် နေရာမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

အာကာယံကောင်းကင်ဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်း တစ်ဂိုဏ်းဖြစ်ကာ ၎င်းမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးစီမှ အုပ်ချုပ်နေသော မီးနဂါးနန်းတော် ရေခဲနှလုံးသားတောင်ကြားနှင့် အဆင့်တူတွင်ရှိပေသည်။ ရန်ကိုင်သည် ၎င်း၏ ဂုဏ်သတင်းကို တည်ဆောက်လိုပြီး ထက်ကောင်းကင်နန်းတော်၏ ခွန်အားကို လူအများသိအောင် လုပ်လိုသည့်အတွက်ကြောင့် သူ့ခွန်အားကို ထုတ်ပြရန်အတွက် သင့်လျော်သည့် ပစ်မှတ်တစ်ခုကို ရွေးချယ်ရပေလိမ့်မည်။ ရေခဲနှလုံးသားတောင်ကြားနှင့် မီးနဂါးနန်းတော်တို့မှာ ရန်ကိုင်၏ မဟာမိတ်များဖြစ်ကြသည့်အတွက်ကြောင့် အာကာယံကောင်းကင်ဂိုဏ်းကို ပစ်မှတ်ထားရုံသာ တတ်နိုင်တော့လေသည်။

ရှင်းရှင်းပြောရသော် အာကာယံကောင်းကင်ဂိုဏ်းသည် မီးနဂါးနန်းတော်နှင့် အလားတူ အခြေအနေသို့ ရောက်နေလေသည်။ မီးနဂါးနန်းတော်ကဲ့သို့ပင် အာကာယံကောင်းကင်ဂိုဏ်း၌ ထက်ကောင်းကင်နန်းတော်အား ပေးရန် အကြွေးပေါင်းများစွာ ရှိနေပေသေးသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ၎င်း၏ အကြွေးကို ပြန်ပေးခဲ့ပါသော်ငြား အကြွေးတစ်ခုလုံးကို ပေးချေဖို့ရာ လိုအပ်နေပေသေးသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့သလို ရန်ကိုင်မှာလည်း နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်နေခဲ့ရာ ရှန်ချင်းလော့ ရွှယ့်ယွယ်တို့နှင့်ပင် စကားမပြောနိုင်ခဲ့ပေ။ တပည့်တစ်သိန်းကျော်အတွက် အရင်းအမြစ်များကို ထောက်ပံ့ပေးခြင်း၊ နေရာစီစဉ်ပေးခြင်းနှင့် ကျင့်ကြံရေးအရင်းအမြစ်များကို ပြင်ဆင်ပေးရခြင်းမှာ အလွန်ကိုမှ ကရိကထ များလွန်းလှသည်။ ထိုအရာများကို မဖြေရှင်းနိုင်သေးသရွေ့ ရန်ကိုင်အနေဖြင့် အခြားဘာမျှ လုပ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။

ရန်ကိုင်၏ ညွှန်ကြားချက်ကို ရပြီးသည့် နောက်တွင် ဟွာချင်းစီသည် တောင်ဘက်နယ်မြေဆီသို့ ပြန်သွားပြီး ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ အရင်းအမြစ်သိပ်သည်းခြင်းဆေးလုံးပေါင်းများစွာ ဝယ်ယူခဲ့လေသည်။ ထို့နောက်တွင် ထိုဆေးလုံးများကို တန်ခိုးရှင်ဘုရင် အထွတ်အထိပ်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများအား ညီတူညီမျှ ခွဲဝေပေးလေ၏။

ရက်အနည်းငယ် ကြာပြီးသည့်နောက်တွင် မီးနဂါးနန်းတော်မှ သင်ကြားပြသပေးမည့် ဆရာအယောက်တစ်ရာ ရောက်လာခဲ့လေသည်။ ရန်ကိုင်သည် ဟွာချင်းစီနှင့် အတူတကွ ဆွေးနွေးပြီးသည့်နောက် ထိုဆရာအယောက်တစ်ရာအား သက်ဆိုင်ရာတောင်အသီးသီးဆီသို့ အဖွဲ့ခွဲပေးလိုက်လေသည်။

တောင်တစ်လုံးချင်းစီတွင်သာ ဆရာတစ်ယောက် ပေါ်ထွက်လာခဲ့မည်ဆိုပါက ထက်ကောင်းကင်နန်းတော်၏ တပည့်များကို သင်ကြားပေးနိုင်မည့် ဆရာ အရေအတွက် ပိုတိုးလာပေလိမ့်မည်။

တောင်တစ်လုံးချင်းစီ၏ အရွယ်အစားမှာ မတူညီကြသလို ထိုတောင်ပေါ်တွင် နေထိုင်ကြသည့် တပည့်အရေအတွက်မှာလည်း တူညီခြင်းမရှိကြချေ။ လူအရေအတွက်မှာ အနည်းဆုံး နှစ်ရာမှ အများဆုံး သုံးထောင်လောက် ရှိကြသည်။ ထိုအကြောင်းကြောင့် လူအရေအတွက် နည်းသည့် တောင်များသို့ တာဝန်ပေးခံရသည့် ကျင့်ကြံသူများမှာ ပျော်နေကြချိန် လူများသော တောင်များဆီသို့ ရောက်သွားကြသည့် ကျင့်ကြံသူများမှာတော့ စိတ်ညစ်နေကြလေသည်။ လူသုံးထောင်အား တစ်ယောက်တည်းနှင့် သင်ကြားရမည့်အကြောင်း တွေးလိုက်ရုံဖြင့် မည်သူမဆို သွေးတက်သွားရနိုင်သည်။

တစ်လကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်၏ အဓိကခန်းမထဲရှိ ထိပ်ဆုံးနေရာ၌ ထိုင်နေခဲ့သည်။ မွန်းစတားဘုရင်သုံးပါးနှင့် မန်နေဂျာမှူးဖြစ်သော ဟွာချင်းစီတို့မှာတော့ စားပွဲခုံ၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ထိုင်နေကြပြီး စင်မြင့်အောက်တွင်မူ မြောက်မြားလှစွာသော လူပေါင်းများစွာ ပြွတ်သိပ်ကျပ်စွာ ရပ်နေကြလေသည်။ ထက်ကောင်းကင်နန်းတော်တစ်ခုလုံးနှင့် ပတ်သက်သော ကိစ္စများအကြောင်းကို ဆွေးနွေးရန်အတွက် ယနေ့တွင်တော့ ခန်းမထဲသို့ လူပေါင်းတစ်ရာကျော် ရောက်နေခဲ့သည်။ ထိုလူများသည် ထက်ကောင်းကင်နန်းတော်ထဲရှိ တောင်အသီးသီး၏ တောင်သခင်များ ဖြစ်ကြပေသည်။ ထိုလူများအနက် တစ်ဝက်လောက်ကို ရန်ကိုင် မသိပေ။

ရန်ကိုင်သည် အောက်ဘက်ရှိ လူအုပ်ကြီးတစ်ခုလုံးကို ဝေ့ကြည့်လိုက်ချိန် လူအုပ်ကြီးမှ ပြိုင်တူ ဦးညွှတ်လိုက်ကြလေသည်။ "မင်္ဂလာပါ နန်းတော်သခင်"

လက်ရှိ ရန်ကိုင် အရှေ့တွင် ရပ်နေသည့် လူများမှာ ရန်ကိုင်၏ အကြီးအကဲများ ဖြစ်ကြလျှင်ဖြစ်ကြ မဖြစ်ကြလျှင် ရန်ကိုင်၏ မိတ်ဆွေများ ဖြစ်ကြမည်ဆိုလျှင်ပင် သူတို့ကြယ်စီရင်စုထဲမှ ဤနေရာသို့ လာနိုင်ခဲ့ရခြင်းမှာ ရန်ကိုင်၏ ကျေးဇူးကြောင့်ဖြစ်သလို လက်ရှိအချိန်တွင် သူတို့အားလုံးမှာ ထက်ကောင်းကင်နန်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် နန်းတော်သခင်ဖြစ်သော ရန်ကိုင်အား ယခုကဲ့သို့ တလေးတစားနှင့် ဆက်ဆံသည်မှာ သဘာဝသာ ဖြစ်လေသည်။

ရန်ကိုင်က သူ့လက်ကို ပြန်မြှောက်ပြလိုက်သည်။ လက်ရှိ သူ့အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ ရယ်ချင်ပက်ကျိ ဖြစ်နေလေ၏။ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ပြီးသည့်နောက် အခြေအနေမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် တစ်ခါမျှ ထင်ထားခဲ့ဖူးခြင်း မရှိပေ။ [ပုံမှန်အစည်းအဝေးပွဲလေးတစ်ခုအတွက်နဲ့ ဒီလောက်အများကြီး လူတွေစုဝေးတာမျိုး အခြား ကြယ်တာရာအစုအဝေးထဲက ဘယ်ဂိုဏ်းမှာမှ ဖြစ်မှာမဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ငါတို့ထက်ကောင်းကင်နန်းတော်လိုလည်း အခြားဘယ်ဂိုဏ်းကမှ လူများတာမှ မဟုတ်တာ]

ဤတွေ့ဆုံပွဲသည် အစည်းအဝေးပွဲတစ်ခု ဖြစ်သည်ဟု ပြောရပါသော်ငြား ရှင်းရှင်းပြောရသော် ဂိုဏ်းထဲတွင် မည်ကဲ့သို့သော စည်းမျဉ်းများ သတ်မှတ်မည်၊ မည်ကဲ့သို့ နေထိုင်ပြုမူရမည်၊ ဘာတွေ ဆက်လုပ်ရမည်ဆိုသည်ကို သေချာ ဆုံးဖြတ်ပေးမည့် တွေ့ဆုံပွဲတစ်ခုဖြစ်သည်ဟုသာ ပြော၍ ရပေသည်။ လက်ရှိအချိန်တွင် ထက်ကောင်းကင်နန်းတော်ထဲ၌ ဂိုဏ်းသားတစ်သိန်းကျော် ရှိနေပြီ ဖြစ်သည့်အလျောက် စည်းမျဉ်းစည်းကမ်းများ ချမှသာလျှင် အဆင်ပြေတော့မည်။ စည်းမျဉ်းစည်းကမ်းများသာ မရှိပါက ဂိုဏ်းတစ်ဂိုဏ်းလုံး ပြဿနာတက်သွားရနိုင်ပေ၏။ လက်ရှိအချိန်တွင် ထက်ကောင်းကင်နန်းတော်ထဲ၌ တပည့်များအား ထောက်ပံ့ပေးစရာ ကျင့်ကြံရေးအရင်းအမြစ်များ ရှိနေသေးပါသော်ငြား ထိုကျင့်ကြံရေး အရင်းအမြစ်များကို ပေးချင်တိုင်း ပေး၍ မရပေ။ တစ်လလျှင် တောင်တစ်လုံးမှ ကျင့်ကြံရေးအရင်းအမြစ် မည်မျှ ထုတ်ယူနိုင်သလဲဆိုသည်ကို သေချာ ဆုံးဖြတ်ရပေလိမ့်မည်။ ထိုအပြင် ရထားပြီးသားအရင်းအမြစ်များကိုလည်း တပည့်များအား မည်ကဲ့သို့ ပြန်လည်ခွဲဝေရမည်ဆိုသည်ကိုလည်း အသေးစိတ်ကျကျ စဉ်းစားရပေဦးမည်။

ထိုအရာများမှ လွဲ၍ ဆုလာဘ်များကို ပေးဖို့ရာ စည်းမျဉ်းများပြစ်ဒဏ်များကိုလည်း ပြောသွားပေဦးမည်။ ထိုအကြောင်းအရာများအားလုံးကို ဟွာချင်းစီနှင့် ပိယန်ယုချင်းတို့ နှစ်ဦးဆွေးနွေးထားပြီးသား ဖြစ်သည့်အတွက်ကြောင့် ယနေ့အချိန်သို့ ရောက်လာသည့်နောက်တွင်တော့ နှစ်ဦးစလုံးသည် ခန်းမထိပ်တွင် ရပ်၍ စည်းမျဉ်းများကို စတင်ကြေညာလေသည်။ ရောက်ရှိလာကြသော တောင်သခင်များမှာတော့ ကြေညာထားသည့် စည်းမျဉ်းများနှင့် အကြောင်းအရာများကို သေချာပြန်လည်မှတ်သား၍ သက်ဆိုင်ရာတပည့်များအား ပြန်ပြောရပေလိမ့်မည်။ ထိုအခါမှသာလျှင် တပည့်များမှာ နှိပ်စက်ခံရသည့်အခါမျိုး၊ အနိုင်ကျင့်ခံရသည့်အခါမျိုးတွင် အထက်အရာများကို ပြန်လည် အစီအရင်ခံတင်ပြ၍ တရားမျှတမှုကို ရှာဖွေနိုင်ပေလိမ့်မည်။ ပြစ်ဒဏ်များရှိနေသေးသလို ဆုလာဘ်များလည်း ရှိနေပေသေးသည်။ ကျင့်ကြံရာတွင် လျင်မြန်စွာ တိုးတက်လာသူများ၊ ဂိုဏ်းအပေါ် အကျိုးဆောင်ပေးသူများကိုလည်း ဆုများ ပေးအပ်ပေလိမ့်မည်။

နေ့ဝက်မှာ ထိုသို့ဖြင့် ကုန်ဆုံးသွားခဲ့လေ၏။

ထို့နောက်တွင် တောင်သခင်တစ်ဦးချင်းစီတိုင်းသည် သက်ဆိုင်ရာ တောင်အသီးသီး၏ အခြေအနေကို ပြန်လည်တင်ပြလေသည်။ ကံကောင်းစွာဖြင့် လတ်တလော၌ မည်သည့်ပြဿနာမျှမရှိသေးပေ။ တပည့်အားလုံးမှာ ရောက်စဖြစ်သည့်အတွက်ကြောင့်လားမသိ။ အချင်းချင်း ကြင်ကြင်နာနာ ဖော်ဖော်ရွေရွေ ဆက်ဆံနေကြပြီး အများစုမှာတော့ ကျင့်ကြံရေးအရင်းအမြစ်များကို ရရှိပြီးသည့်နောက် တံခါးပိတ်ကျင့်စဉ်ဝင်နေကြလေသည်။

ညနေခင်းသို့ ရောက်သည့်အခါ ခန်းမထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကုန်ကြလေသည်။

ထိုစဉ် တစ်စုံတစ်ဦးသည် ခန်းမထဲသို့ ပြေးဝင်လာပြီး လာရောက်အစီအရင်ခံတင်ပြလေ၏။ "မင်္ဂလာပါ နန်းတော်သခင်၊ ဆရာက သူ့ကို လာတွေ့ဖို့ ပြောလိုက်ပါတယ်"

ရန်ကိုင်သည် သူ့အား စကားလာပြောသည့် လူကို သေသေချာချာ ကြည့်ကြည့်လိုက်ရာ ကျိယင်၏ အကြီးဆုံးတပည့်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုအတွက်ကြောင့် ချက်ချင်းပဲ အားတက်သွားပြီး ပြန်မေးလိုက်လေ၏။ "ကျိယင် ပြန်ရောက်လာပြီလား"

ထိုတပည့်က ပြန်ပြောလိုက်သည်။ "ဆရာက နေ့လယ်တုန်းက ပြန်ရောက်တာပါ၊ ဒါပေမဲ့ နန်းတော်သခင် တောင်သခင်တွေနဲ့ တွေ့နေတယ်ကြားလို့ လာမပြောသေးဘဲ အခုအချိန်ထိ စောင့်နေခဲ့တာပါ"

"ငါအခုချက်ချင်း လာခဲ့မယ်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဆေးလုံးတောင်ဆီသို့ ချက်ချင်းပြေးထွက်သွားလေသည်။

ဆေးလုံးတောင်သို့ ရောက်လာပြီး ခန်းမထဲသို့ ဝင်လာသည့်အခါ ကျိယင် တစ်ဦးတည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ရန်ကိုင်က ပျော်ရွှင်စွာ ပြုံး၍ နှုတ်ဆက်လိုက်လေ၏။ "ရောင်းရင်းကျိ"

"ရောင်းရင်းရန်၊ ကံကောင်းစွာနဲ့ ငါတို့မျှော်လင့်ချက်ကလေး မပျက်စီးသွားဘူး"

ရှနင်းချန်ကို မမြင်စဉ်ကတည်းက ရန်ကိုင် ခန့်မှန်းမိပြီးသားပင်။ ကျိယင် ကိုယ်တိုင်မှ အတည်ပြုလာသည်ကို ကြားသည့်အခါ ရန်ကိုင် ဝမ်းသာသွားတော့လေသည်။ ချက်ချင်းပဲ ကျိယင်အား ပုခုံးမှ ဖက်၍ ထိုင်ချစေကာ ပြောလိုက်လေသည်။ "နင်းချန်ကို တပည့်အဖြစ်လက်ခံမယ်လို့ မဟာဧကရာဇ်က သဘောတူလိုက်လား"

ကျိယင်က ပြုံး၍... "သဘောမတူလိုက်ဘူး"

ရန်ကိုင် မျက်နှာအထက်ရှိ အပြုံး တောင့်တင်းသွားခဲ့လေသည်။ "ဘယ်လိုလုပ်ပြီးတော့လဲ"

ကျိယင် ထွက်သွားသည်မှာ တစ်လ မကတော့ပေ။ ထိုအကြောင်းကြောင့် ရှနင်းချန် ကျိယင်နှင့်အတူ ပါမလာသည်ကို မြင်သည့်အခါ မဟာဆေးဧကရာဇ်သည် ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုက်ပြီဟု ရန်ကိုင် ထင်သွားခဲ့လေသည်။ သို့သော်လည်း ကျိယင်မှ ရှနင်းချန်အား တပည့်အဖြစ် လက်မခံလိုက်ဘူးဟု ပြောလာချိန်တွင်တော့ ရန်ကိုင်မှာ လုံးဝနားမလည်နိုင် ဖြစ်သွားခဲ့ရသည်။ ပျော်နေသည့် အပျော်လေးများသည်ပင်လျှင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားကုန်တော့လေ၏။

"ရောင်းရင်းရန်၊ ငါပြောတာကို အရင်နားထောင်" ကျိယင်က ယဲ့ယဲ့လေး ပြုံးလျက်... "ဆရာက တပည့်ထပ်ပြီးတော့ လက်မခံတော့ဘူးလို့ ပြောထားတယ်လေ၊ ဒီတော့ သူ့စကားသူ ပြန်ရုပ်သိမ်းလို့ မဖြစ်ဘူး"

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ "နင်းချန်မှာ ထွတ်မြတ်ဆေးခန္ဓာကိုယ် ပိုင်ဆိုင်ထားတယ်လေ၊ မဟာဧကရာဇ်က ဘယ်လိုလုပ်ပြီး စိတ်မဝင်စားရတာလဲ"

ကျိယင်က ရှင်းပြလိုက်သည်။ "မရီးမှာ ထွတ်မြတ်ဆေးခန္ဓာကိုယ် ရှိနေလို့ပဲ ဆရာက သူ့ကိုဒီအတိုင်း ထားလိုက်ရင် အလဟဿဖြစ်သွားမှာလို့ ယုံကြည်နေတာ၊ ဒါကြောင့်မရီးကို ဆေးလုံးတောင်ကြားမှာပဲ နေခိုင်းခဲ့တာ"

"အဲဒါဘာပြောချင်တာလဲ" ရန်ကိုင် ဇဝေဇဝါဖြစ်သွားခဲ့လေသည်။ "ရှနင်းချန်ကို တပည့်အဖြစ် လက်မခံဘူးဆိုရင် ဘာလို့ဆေးလုံးတောင်ကြားမှာ နေခိုင်းရတာလဲ"

ကျိယင်က ဆက်၍ ရှင်းပြလိုက်လေသည်။ "ဆရာက အကြီးဆုံးစီနီယာအစ်ကို၊ ဒုတိယစီနီယာအစ်ကိုနဲ့ လေးယောက်မြောက်စီနီယာအစ်မကို အတူပေါင်းပြီးတော့ မရီးကို သင်ပေးစေချင်တယ်၊ မရီး နားမလည်တာ တစ်ခုခုရှိရင် သူ့ကို တိုက်ရိုက်လာပြီး မေးလို့ရတယ်လို့တောင် ပြောထားသေးတယ်၊ ဒါပေမဲ့ ဆရာနဲ့ မရီးအကြားမှာ ဆရာတပည့် ဆက်ဆံရေးတော့ ရှိမှာမဟုတ်ဘူး"

ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ "အခုပုံစံက တပည့်အဖြစ်လက်ခံတာနဲ့ ဘာကွာသွားလို့လဲ"

ရှနင်းချန်သည် ဆေးလုံးတောင်ကြားထဲ ဆက်နေပြီး မဟာဆေးဧကရာဇ်၏ တပည့်များမှ သူမအား ပူးပေါင်းကာ သင်ကြားပေးပေလိမ့်မည်။ ထိုအပြင် မသိနားမလည်သည်များရှိလျှင် မဟာဧကရာဇ်ကိုပင် တိုက်ရိုက် မေးမြန်းနိုင်ပေသေးသည်။ ထိုသို့ဖြစ်လေရာ သူမအား တပည့်အဖြစ် လက်ခံလိုက်ခြင်းနှင့် တပည့်အဖြစ် လက်မခံခြင်းမှာ ဘာများကွာပါတော့လေသနည်း။

ထိုစကားကို ကြားသော် ကျိယင်က ပြုံး၍ ပြန်ပြောလေသည်။ "ဆရာကြည့်ရတာ အရင်တုန်းက သူပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီးတော့ တော်တော်လေးကို နောင်တရနေတဲ့ပုံပဲ၊ အဲဒီစကားကို လူသိရှင်ကြား ထုတ်ပြောမိလိုက်တဲ့အပေါ် ပိုပြီးတော့တောင် နောင်တရနေတဲ့ပုံ"

ရန်ကိုင် ဝါးလုံးကွဲ အော်ရယ်မောတော့လေသည်။ မဟာဧကရာဇ် ရှနင်းချန်အား တပည့်အဖြစ် လက်မခံခြင်း မဟုတ်ဘဲ သူ့စကားသူပြော၍ ပြန်ရုပ်သိမ်းကာ အရှက်ရမည်စိုးသည့်အတွက်ကြောင့် ရှနင်းချန်အား တပည့်အဖြစ် လက်မခံခြင်း ဖြစ်မှန်းကို ယခုမှသာ ရန်ကိုင် သိသွားတော့သည်။ ထိုအကြောင်းကြောင့်သာ မဟုတ်ပါက ရှနင်းချန်ကဲ့သို့သော လူမျိုးကို မည်သည့်နည်းနှင့်မျှ ငြင်းလိမ့်မည်မဟုတ်ပေ။

"ဒီတော့ ဘာမှစိတ်ပူနေစရာ မလိုဘူး ရောင်းရင်းရန်၊ ဂျူနီယာညီမမှာ သူ့ကိုသင်ပေးမဲ့ စီနီယာအစ်ကိုတွေ၊ စီနီယာအစ်မတွေ ရှိပြီးသား၊ ဒီတော့ ကျိန်းသေ အဆင်ပြေနေလိမ့်မယ်"

ရန်ကိုင်က ကျိယင်အားကြည့်၍... "မဟာဧကရာဇ်က ငါ့မိန်းမကို တပည့်အဖြစ်လက်ခံထားတာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ မင်းသူ့ကို ဂျူနီယာညီမလို့ ခေါ်နေတာ မဟာဧကရာဇ်သာ ကြားသွားရင်"

"ကြားသွားပါစေပေါ့" ကျိယင် ဂရုစိုက်မနေတော့ပေ။ သူသည် မဟာဧကရာဇ်၏ ငါးယောက်မြောက်တပည့် ဖြစ်နေလေရာ မဟာဧကရာဇ် ဘာတွေးနေသလဲဆိုသည်ကို မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ ထိုအပြင် မဟာဧကရာဇ်သည် ပါရမီရှင်များကို နှစ်သက်သည့် လူစားတစ်ဦး ဖြစ်ပေသည်။ သူ့အနေဖြင့် ရှနင်းချန်အား သူပြောခဲ့သည့် စကားကြောင့် တပည့်အဖြစ် လက်မခံနိုင်ခဲ့ပါသော်ငြား သူမအား သေသေချာချာ သင်ပေးပေလိမ့်မည်။ ရှင်းရှင်းပြောရသော် ရှနင်းချန်မှာ မဟာဆေးဧကရာဇ်၏ တပည့်ဖြစ်သည်ဟူသော ဂုဏ်ပုဒ် မရရှိထားခြင်းသာဖြစ်ပြီး အခြား သူမ ရရှိထားသော အခွင့်အရေးအားလုံးမှာတော့ တပည့်တစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများချည်းသာ ဖြစ်ကြပေသည်။

"ကောင်းတယ်၊ ကောင်းတယ်" ရန်ကိုင် သူ့လက်နှစ်ဖက်ကို အားရပါးရဖြင့် တီးလိုက်လေသည်။

စုယန်သည် ရေခဲနှလုံးသားတောင်ကြားဆီသို့ ရောက်သွားပြီး တပည့်တစ်ဦး ဖြစ်သွားခဲ့ကာ ရှနင်းချန်မှာလည်း ဆေးလုံးတောင်ကြားဆီသို့သွားပြီး အမည်ခံ တပည့်တစ်ဦး ဖြစ်လာခဲ့လေသည်။ ပြောရသော် နှစ်ဦးစလုံး၏ ကံကြမ္မာမှာ အတူတူသာဖြစ်လေသည်။ သို့သော်ငြား ထိုအရာမှာ ရှောင်လွှဲ၍ မရပေ။ အခြားသူများနှင့် ယှဉ်လိုက်သော် သူတို့၏ ကျင့်ကြံခြင်းနှင့် အသက်မှာ နှိုင်း၍ပင် မရသည် မဟုတ်ပေလော။ [ဂျူနီယာညီမလေး ဖြစ်မယ်ဆိုရင်လည်း ဖြစ်ပါစေတော့၊ ဘာပဲဖြစ်ဖြစ် နာမည်ကျော်တဲ့ လူတစ်ယောက်လက်အောက်မှာ လေ့လာရတာ သူတို့အတွက် အများကြီး ပိုပြီးအကျိုးရှိတာပဲ]

ထိုအချိန်အတောအတွင်း ရန်ကိုင်မှာတော့ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့အတွက် မည်သည့်နေရာသို့ စီစဉ်ပေးရမလဲဆိုသည်အား မစဉ်းစားတတ်သေးပေ။ ရှန်ချင်းလော့ ရှေးဟောင်းတောအုပ်ကြီးဆီသို့ မသွားချင်သည့်အတွက်ကြောင့် အမျိုးသမီးနှစ်ဦးစလုံး ထက်ကောင်းကင်နန်းတော်ထဲတွင် နေ၍ ကျင့်ကြံနေရုံသာ တတ်နိုင်လေသည်။ ရှန်ချင်းလော့အဖို့ ဤနေရာတွင် နေနေသည်မှာ ကိစ္စမရှိ။ တကယ်တော့ ဤနေရာတွင် သူမအား သင်ကြားပြသပေးမည့် မွန်းစတာဘုရင်သုံးပါးပင် ရှိနေသည် မဟုတ်ပေလော။ ကံမကောင်းစွာဖြင့် ရွှယ့်ယွယ်မှာမူ သူမဘာသာသူမ လေ့ကျင့်ရုံသာ တတ်နိုင်ပေသည်။ ရန်ကိုင်မှာ ကျင့်ကြံရေးခရီးလမ်းတစ်ခုလုံးကို သူဘာသာသူ လျှောက်လှမ်းလာခဲ့ပါသော်ငြား လက်ရှိ သူ့အဆင့်မှာ ဧကရာဇ်ဒုတိယအဆင့်ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် အချိန်ရှိလျှင် ရွှယ့်ယွယ်ကို သင်ပေးဖို့ရာ ပြဿနာတော့မရှိပေ။

ရန်ကိုင်မှာ ဝမ်းသာအားရဖြင့် ဆေးလုံးတောင်တွင် ကျိယင်နှင့် တစ်ခွက်တစ်ဖလား သောက်နေခဲ့လိုက်လေသည်။

အာကာယံကောင်းကင်ဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများအနက် တစ်ဂိုဏ်းအပါအဝင်ဖြစ်ပြီး ဂိုဏ်းချုပ်ဖြစ်သော မီချီမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ထက်ကောင်းကင်နန်းတော် ပေါ်လာပြီးချိန်မှ စ၍ မီချီ၏ ဘဝမှာ အလွန်ကိုမှ ခက်ခဲလာခဲ့ရသည်။ မီချီသည် ဂိုဏ်း၏ တစ်နှစ်စာဝင်ငွေ တစ်ဝက်လောက်ကို ထက်ကောင်းကင်နန်းတော်ဆီသို့ နှစ်တိုင်း အပ်နေရပေသည်။ ထို့အတွက်ကြောင့် သူ့ခမျာ ကျဥ်းထဲကျပ်ထဲသို့ ရောက်ခဲ့ရသည်။ ကံကောင်းစွာဖြင့် မီးနဂါးနန်းတော်သည်လည်း အလားတူအခြေအနေနှင့် ကြုံနေရပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် မီချီအနေဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် သိတော့လိမ့်မည် မဟုတ်ပေ။

တစ်ရက်သောနေ့တွင် လီကျောက် သူဆီသို့ ရုတ်တရက် လာလည်လေသည်။

လီကျောက်နှင့် မီချီတို့မှာ အသိကျွမ်းဟောင်းများ ဖြစ်ကြသည့်အတွက်ကြောင့် မီချီမှ လီကျောက်အား ဝမ်းသာအားရဖြင့် သွားရောက်ကြိုဆိုလေသည်။

မီချီမှာ လီကျောက်အား ဧည့်ခံရန်အတွက် စားသောက်ပွဲပင် ကျင်းပပေးလိုက်ပေသေးသည်။ တစ်ခွက်တစ်ဖလားလောက် သောက်ပြီးသည့်နောက်တွင် လီကျောက်က ယဲ့ယဲ့လေး ပြုံး၍ ထပြောလိုက်လေသည်။ "တကယ်တော့ ငါတာဝန်တစ်ခုကြောင့် ဒီကိုလာခဲ့တာကွ"

ထိုစကားကြောင့် မီချီ အံ့အားသင့်သွားခဲ့လေသည်။ "တာဝန်၊ ဘာတာဝန်လဲ" လီကျောက်မှာ မီချီကဲ့သို့ပင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ထိုအပြင် လီကျောက်မှာ နဂါးသွေးမျိုးဆက်ကိုပင် ပိုင်ဆိုင်ထားပေသေးသည်။ ထိုအတွက်ကြောင့် တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် မီချီမှာ လီကျောက်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်လေရာ မည်သူကများ လီကျောက်အား ယခုကဲ့သို့ အမိန့်ပေးခိုင်းစေနိုင်ရပါလေသနည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၂၀)

ဘာသာပြန်သူ_တိမ်တိုက်

"ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ပဲ" လီ‌ကျောက်က ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသော် မီချီ၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး အံ့သြတကြီး ပြောလိုက်လေသည်။ "ဘာဖြစ်လို့ သူထပ်ဖြစ်နေရတာလဲ"

မီချီမှာ ရန်ကိုင်အပေါ် အမှန်တကယ်ကို အခဲမကျေ ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ရန်ကိုင်နှင့် တစ်ကြိမ်သာ တွေ့ခဲ့ဖူးပြီး ထိုတစ်ကြိမ်တွင်ပင် ရန်ကိုင်အပေါ် အကြွေးကြီးကြီးမားမား တင်သွားခဲ့ရသည်။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း သူ့ရင်ထဲ တနုံ့နုံ့ကို ခံစားရလေသည်။ ထိုစဉ်က ထိုအလောင်းအစားထဲ ဝင်ပါမိခဲ့သည်ကိုပင်လျှင် နောင်တရနေခဲ့ရလေပြီ။

မီချီသည် လီ‌ကျောက်အား စောင်းကြည့်၍ မေးလိုက်လေသည်။ "ရောင်းရင်းလီ၊ သူဖိနှိပ်တာနဲ့တင် မကျေနပ်သေးဘူးလား၊ မင်းကဘာဖြစ်လို့ အဲဒီခွေးသူတောင်းစားကို ဖော်လန်ဖားလုပ်နေရတာလဲ" မီချီ၏ လေသံထဲ လှောင်ပြောင်ထေ့ငေါ့မှု၊ ဒေါသနှင့် ခါးသက်မှုတို့ ပြည့်နေခဲ့လေသည်။ သူနှင့် လီ‌ကျောက်သည် မိတ်ဆွေများဖြစ်ကြပေသည်။ နှစ်ဦးသားမှာ အလွန်ကိုမှ ရင်းနှီးသည့် မိတ်ဆွေများ မဟုတ်ကြပါသော်ငြား သူတို့အကြားရှိဆက်ဆံရေးသည် ရန်ကိုင်နှင့် လီ‌ကျောက်အကြားရှိ ဆက်ဆံရေးထက်တော့ ပိုသာပေလိမ့်မည်။ ထိုအကြောင်းကြောင့် လီ‌ကျောက်က ရန်ကိုင်၏ သတင်းစကားအား သယ်လာပေးသည့်အပေါ် မီချီမှာ အလွန်ကိုမှ စိတ်ပျက်ရလေသည်။ [လီ‌ကျောက်က တကယ်ကို ငကြောက်ကောင်ပါလားကွာ၊ နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာတောင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်တတ်နေရတာလဲ၊ ရှက်ဖို့ကောင်းလိုက်တာ]

ထိုစကားကိုကြားသော် လီ‌ကျောက်မှာ ရှက်ချင်သလို ဖြစ်သွားခဲ့ပြီး မျက်နှာအထက် အပြစ်မကင်းစိတ်များ ထွက်ပေါ်လာခဲ့ရသည်။ သူနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးမှာ အလွန်ကိုမှ တိုးတက်လာခဲ့လေရာ ရန်ကိုင်မှ သူ့အကြွေးအားလုံးအား ချေပေးလိုက်သည်ဟူသော အချက်ကို သွားပြော၍တော့ မဖြစ်ပေ။ ထိုအတွက်ကြောင့် ခါးသက်သက် အမူအရာဖြင့်သာ ပြန်ပြောလိုက်လေ၏။ "ရွေးချယ်စရာမှ မရှိတာ၊ သူကအကြွေးရှင်လေ၊သူတောင်းစားတွေမှာ ရွေးချယ်ခွင့်မရှိဘူးလေ၊ ဒါကြောင့်ပဲ အခုလိုမျိုး လုပ်ရတာပေါ့"

"ဟမ့်" မီချီက စားပွဲခုံအား ဒေါမာန်တကြီးဖြင့် ကောက်ရိုက်လေ၏။ "အဲဒီအကျင့်မကောင်းတဲ့ကောင်ကွာ၊ မဟုတ်တရုတ်နည်းလမ်းတွေသုံးပြီးတော့ ငါတို့ကို အကွက်ချသွားတာ၊ ဆေးဝိဇ္ဇာကျိကြောင့်သာ မဟုတ်ရင်တော့ အခုလိုမျိုး ငြိမ်ခံနေမှာမဟုတ်ဘူး"

မီချီ အမှန်ကို ပြောနေခြင်း ဖြစ်ပေသည်။ အာကာယံကောင်းကင်ဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သလို မီချီသည်လည်း ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ သူ့အနေဖြင့် ရန်ကိုင်နှင့် အလောင်းအစားအား ရှုံးနိမ့်သွားခဲ့လျှင်ပင် ခေါင်းရှောင်နေလိုက်၍ ရပေသည်။ အကြွေးအများကြီး ပေးရမည်ဖြစ်လေရာ နည်းနည်းပါးပါး ရှက်စရာကောင်းသွား၍ရော ဘာများဖြစ်ပါမည်နည်း။ သို့သော်ငြား ထိုအဖြစ်အပျက်သည် ကျိယင် အရှေ့တည့်တည့်တွင် ဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။ ထိုအပြင် ကျိယင်သည် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ပြီး ထက်ကောင်းကင်နန်းတော်၏ ဆေးပညာရှင်မှူး ဖြစ်လာသည့်အကြောင်းကိုလည်း မီချီ ကြားခဲ့ရသည်။ ထိုအကြောင်းကြောင့် ရွေးချယ်စရာမရှိတော့ဘဲ အလောင်းအစားအတိုင်း လုပ်ပေးခဲ့ရခြင်း ဖြစ်လေသည်။

တကယ်တော့ သူသာ ငြင်းလိုက်လျှင် ကျိယင်အား စိတ်ပျက်သွားအောင် လုပ်မိလိုက်သလို ဖြစ်သွားပေလိမ့်မည်။ မီချီမှာ ရန်ကိုင်ကို မကြောက်ပေ။ သို့သော်ငြား ကျိယင်ကိုတော့ ကြောက်ပေသည်။ ကျိယင်၏ မဟာဆေးဧကရာဇ်၏ တပည့်ဟူသော ဂုဏ်ပုဒ်နှင့် ဧကရာဇ်အဆင့်ဆေးပညာရှင်ဟူသော ဂုဏ်ပုဒ်မှာ အထင်သေး၍ မရသည့် အရာများ ဖြစ်ကြသည်။

လီ‌ကျောက်က စိတ်ထဲမှနေ၍ ကြိတ်ကာ ပြောလိုက်လေသည်။ [ဘာအလိမ်အညာမှ မပါဘူးလေကွာ၊ ရန်ကိုင်က ဒီအတိုင်းပဲ ရိုးရိုးသားသားပြိုင်ပြီးတော့ နိုင်သွားတာလေ] ရန်ကိုင်နှင့်အတူ ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့်သာ မဟုတ်ပါက လက်ရှိ မီချီ တွေးနေသည့် အတွေးမှာ လီ‌ကျောက် တွေးနေသည့် အတွေးနှင့် ခြားလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား လွန်ခဲ့သည့်ကာလအတွင်း အတူတကွကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် ရန်ကိုင်အပေါ် လီ‌ကျောက်၏ အထင်အမြင်မှာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ ရန်ကိုင်သည် အတော်လေးကိုမှ စိတ်ထားကောင်းသည့် လူတစ်ဦးမှန်း လီ‌ကျောက် ပြောနိုင်ပေသည်။ ထိုသို့ဖြစ်ဖို့ရာလည်း ရန်ကိုင်အား အရင်သွား ရန်မစမိရန် လိုအပ်ပေလိမ့်မည်။

မီချီသည် ဒေါသပြေသွားရန်အလို့ငှာ အရက်ခွက်ကို ကောက်ကိုင်၍ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။ ထို့နောက် အမြန် ပြောလိုက်လေ၏။ "ရောင်းရင်းလီ၊ မင်းကိုဘာပြောခိုင်းလိုက်တာလဲ"

လီ‌ကျောက်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "နန်းတော်သခင်ရန်က အာကာယံကောင်းကင်ဂိုဏ်းကို ထက်ကောင်းကင်နန်းတော် လက်အောက်ထဲ ခိုဝင်စေချင်တယ်"

"ဘာကွ" မီချီ မျက်လုံးပြူးသွားခဲ့လေသည်။ "မင်းစကားမှားသွားတာတော့ မဟုတ်ပါဘူးနော် ရောင်းရင်းလီ"

လီ‌ကျောက် သက်ပြင်းချလိုက်လေသည်။ မီချီ သိလျက်သားနှင့် ပြန်မေးနေသည်ကို လီ‌ကျောက် မသိဘဲ ဘယ်နေပါ့မည်နည်း။ ဤနေရာတွင် သူတို့နှစ်ဦးတည်းသာ ရှိနေသလို ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်နေခဲ့လေရာ သူပြောသည်ကို မီချီအနေဖြင့် မကြားဘဲ မည်ကဲ့သို့များ နေပါမည်နည်း။ စိတ်ပေါက်ပေါက်ဖြင့် လီ‌ကျောက်မှာ နောက်တစ်ကြိမ်သာ ထပ်ပြောပြလိုက်ရသည်။

"ဟားဟား" မီချီမှာ ဒေါသထွက်လွန်းအားကြီးသည့်အတွက်ကြောင့် အော်၍ပင် ရယ်မောလိုက်တော့သည်။ ထို့နောက် အေးစက်စက်အကြည့်ဖြင့် အရက်ခွက်ကို ဆော့ကစားရင်းမှ ပြန်ပြောလိုက်သည်။ "သူက ငါ့ကိုဘယ်လို ခိုဝင်စေချင်တာလဲ"

သူ၏လေသံမှာ ရေခဲတမျှ အေးစက်နေခဲ့လေသည်။ ကြည့်ရသလောက် မီချီမှာ လီ‌ကျောက်အပေါ်လည်း အခဲမကျေဖြစ်နေသည့် ပုံပင်။

[ဒီလိုစကားမျိုးကို ဒီကောင် လာပြောရဲလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး] ရှင်းရှင်းပြောရသော် ဤကဲ့သို့သော စကားမျိုးကို လာပြောပြပေးသည့် လီ‌ကျောက်မှာလည်း မီချီ၏ အမြင်တွင် အတော်လေးကိုမှ မုန်းစရာကောင်းနေခဲ့ပေသည်။

ဤနေရာသို့ မလာခင်ကတည်းက သူနှင့် မီချီအကြားရှိ ဆက်ဆံရေးမှာ အဆုံးသတ်တော့မည်မှန်း လီ‌ကျောက် သိပြီးသားပင်။ ယခု မီချီ၏ အမူအရာကို မြင်ပြီးသည့်နောက် သူ့စိတ်ထဲ ပို၍ သေချာသွားခဲ့သလို အနည်းငယ်လည်း နောင်တရမိသွားခဲ့လေသည်။ "ရောင်းရင်းမီ၊ အရမ်းကြီးတော့လည်း စိတ်မပူပါနဲ့ကွာ၊နန်းတော်သခင်ရန်က မင်းတို့ အာကာယံကောင်းကင်ဂိုဏ်းရဲ့ ပိုင်နက်တစ်ခုလုံးကို လိုချင်တာမဟုတ်ဘူး၊ အခုလောလောဆယ် ထက်ကောင်းကင်နန်းတော်က ကျင့်ကြံရေးအရင်းအမြစ်တွေ အများကြီး လိုနေတာမလို့ မင်းတို့ အာကာယံကောင်းကင်ဂိုဏ်းရဲ့ တစ်နှစ်စာဝင်ငွေထဲက နည်းနည်းပါးပါးလောက်ကို ထက်ကောင်းကင်နန်းတော်ဆီ နှစ်တိုင်း ပေးစေချင်ရုံပဲ"

မီချီက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြန်မေးလိုက်သည်။ "ဘယ်လောက်လိုချင်နေတာလဲ"

"တစ်ဝက်" လီ‌ကျောက်က ပြန်ပြောလိုက်သည်။ ရန်ကိုင်သည် အတိအကျပမာဏကို ပြောမသွားခဲ့ပါသော်ငြား နည်းနည်းလောက်နှင့် ကျေနပ်လိမ့်မည် မဟုတ်မှန်းတော့ လီ‌ကျောက် သိနေခဲ့သည်။

"တစ်ဝက်" မီချီသည် ပြုံး၍ သူ့ဝိုင်ခွက်ကို မြှောက်ပင့်လိုက်ရင်းမှ... "ရောင်းရင်းလီ၊ သောက်လိုက်"

လီ‌ကျောက် အံ့အားသင့်သွားခဲ့သည်။ သို့တိုင် သူ၏ အရက်ခွက်ကို မြှောက်၍ မီချီနှင့် ခွက်ချင်းတိုက်ကာ မော့ချလိုက်လေသည်။ တစ်ခွက်လုံးကို ကုန်အောင် မော့သောက်ပစ်လိုက်ပြီးနောက် တစ်ခုခုကွဲကြေသံကို ကြား၍ ကြည့်လိုက်ရာ မီချီသည် သူကိုင်ထားသည့် အရက်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ခွဲ၍ စားပွဲခုံအား လက်သီးဖြင့် ထုရိုက်ရင်းမှ ဒေါမာန်တကြီးဖြင့် ထအော်သည်ကို တွေ့လိုက်ရလေသည်။ "တစ်ဝက်၊ ငါတို့ အာကာယံကောင်းကင်ဂိုဏ်းက ဘာမှမလုပ်နိုင်ဘူးလို့ အဲဒီကောင် ထင်နေတာလား" ဤအဆင့်သို့ ရောက်ဖို့ရာ မီချီအနေဖြင့် အမျိုးမျိုးသော အခက်အခဲများကို ကြုံတွေ့ခဲ့ရလေသည်။ သူ့အနေဖြင့် ထိုစဉ်က ဤမျှကြောက်ရွံ့နေခဲ့မည်ဆိုလျှင် ယခုအဆင့်သို့ ရောက်ခဲ့လိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးက လာတောင်းသည့်အတွက်ကြောင့် အာကာယံကောင်းကင်ဂိုဏ်း၏ တစ်နှစ်စာဝင်ငွေ တစ်ဝက်လောက်ကို ဤအတိုင်း ပေးပစ်ရမည်ဆိုလျှင် သူ့အနေဖြင့် ယနေ့ထိတိုင်လည်း အသက်ရှင်နိုင်ခဲ့လိမ့်မည် မဟုတ်။

ဤသည်မှာ ထက်ကောင်းကင်နန်းတော်အပေါ် ပေးချေရမည့် အကြွေးများနှင့် မတူ။ အကြွေးများမှာ အမှန်တကယ်ကို ပေးရခက်လိမ့်မည်ဖြစ်ပါသော်ငြား ထိုအကြွေးများတွင် အဆုံးသတ်တော့ ရှိနေပေသည်။ မီချီအနေဖြင့် နောက်ထပ် နှစ်သုံးဆယ်လောက် ကြိတ်မှိတ်သည်းခံနေလိုက်ရုံဖြင့် ပေးချေရမည့် အကြွေးများအားလုံးကို ကုန်စင်အောင် ပေးပစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား သူတို့သည်သာ လီ‌ကျောက် ပြောသကဲ့သို့ ထက်ကောင်းကင်နန်းတော် လက်အောက်သို့ ခိုဝင်လိုက်မည်ဆိုလျှင် သူတို့၏ တစ်နှစ်စာဝင်ငွေကို နှစ်စဉ်နှစ်တိုင်း ထက်ကောင်းကင်နန်းတော်ဆီသို့ ပေးရပေလိမ့်မည်။ အာကာယံကောင်းကင်ဂိုဏ်း သို့မဟုတ် ထက်ကောင်းကင်နန်းတော်ထဲမှ တစ်ဂိုဏ်းဂိုဏ်း ပျက်စီးသွားသည့် အခါမှသာလျှင် ထိုကဲ့သို့ နှစ်ဝက်စာဝင်ငွေကို ဆတ်ကြေးပေးရမည့် အစီအစဉ်မှာ အဆုံးသတ်သွားပေလိမ့်မည်။။

[ငါ့ကို အဲဒီလိုဟာမျိုးကို သဘောတူစေချင်နေတာလား၊ ငါသဘောတူလိုက်ရင် လူတွေ ငါ့ကို ဘယ်လိုထင်ကုန်တော့မှာလဲ၊ အာကာယံကောင်းကင်ဂိုဏ်းက တပည့်တွေရော ငါ့ကိုဘယ်လိုထင်ကုန်တော့မှာလဲ]

"ရောင်းရင်းမီ၊ စိတ်ကိုအေးအေးထားပါဦး"

"မင်းပါးစပ်ကို ပိတ်ထားလိုက်" မီချီသည် လီ‌ကျောက်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် အထင်အမြင်တသေးဖြင့် ပြုံးလျက်... "ရောင်းရင်းလီ၊ မင်းက တကယ်ကို ပြောရဆိုရလွယ်တဲ့ကောင်ပဲကွ၊ အရင်တုန်းက မင်းနဲ့ငါနဲ့ နှစ်ယောက်စလုံး သူ့ကြောင့် ဒုက္ခရောက်ခဲ့ရတာလေ၊ ဒီလောက်နှစ်တွေအများကြီး ဖိနှိပ်ထားခံခဲ့ရတာကို မင်းသူ့အပေါ် လက်စားပြန်မချေတာနဲ့တင် တော်တော်လေး ဆိုးနေပြီကို၊ မင်းကပါ သူနဲ့ပေါင်းနေသေးတယ်ပေါ့ ဟုတ်လား၊ နန်းတော်သခင်ရန်၊ ဟားဟားဟား၊ မင်းဘာလို့ သူ့အပေါ် ဒီလောက်တောင်ကပ်တွယ်ပြီး သူ့လက်အောက်ငယ်သား လုပ်ချင်နေတာလဲဆိုတာကိုတော့ ငါတကယ်ကို နားမလည်နိုင်ဘူး ရောင်းရင်းလီရေ"

လီ‌ကျောက်မှာ မီချီ၏ ပြောစကားကြောင့် ရှက်သွားခဲ့ပါသော်ငြား မီချီ ပြောသည့် စကားမှာ အတော်လေးကိုမှ နားမခံသာဖြစ်စရာကောင်းလှသည့်အတွက် လီ‌ကျောက်က မျက်နှာသေဖြင့် ပြန်၍ ပြောလိုက်လေသည်။ "ရှင်းပြရခက်တယ်"

လွန်ခဲ့သည့်နှစ်များအတွင်း သူနှင့် ရန်ကိုင် အတူတကွ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သွားပြောပြ၍ မဖြစ်ပေ။ မီချီနှင့် သူ ဤမျှ မရင်းနှီးသည့် အချက်ကို ထည့်မတွက်လျှင်ပင် နဂါးကျွန်းနှင့် ပတ်သက်နေသော လျှို့ဝှက်ချက်များမှာ ထုတ်ပြောချင်တိုင်း ထုတ်ပြော၍ကောင်းသည့် အရာမျိုး မဟုတ်ကြပေ။

"ရှင်းပြရခက်တယ် ဟုတ်လား" မီချီက အထင်အမြင်တသေးဖြင့် လီ‌ကျောက်အား ကြည့်၍... "ရောင်းရင်းလီ၊ လူတိုင်းမှာ အထင်အမြင်တွေ အမျိုးမျိုးကတော့ ရှိမှာပဲ၊ မင်းလည်း မင်းအတွက် အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ခဲ့တာ၊ အဲဒီတော့ ငါမင်းကို အပြစ်မတင်ဘူး၊ ဒါပေမဲ့ ငါကတော့ ငါ့ကိုယ်ငါ မင်းအဆင့်ထိ နှိမ့်မှာမဟုတ်ဘူး"

မီချီ ပြောသည်မှာတော့ ရှင်းပေသည်။ လီ‌ကျောက်သည် လောဘကြီးသည့် ငကြောက်တစ်ကောင်ဖြစ်ပြီး သူကိုယ်တိုင်မှာတော့ သတ္တိရှိကာ သွေးမကြောင်သည့် လူစားတစ်ဦးဖြစ်သည်ဟု သွယ်ဝိုက်ပြောလိုက်ခြင်းပင် ဖြစ်ပေသည်။

ထိုစကားကိုကြားသော် လီ‌ကျောက်၏ မျက်နှာကြီး အရုပ်ဆိုးသွားတော့လေသည်။ "ငါက သတင်းပို့ပေးရုံပဲ၊ မင်းဘာလို့ ငါ့အပေါ် ဒီလောက်တောင် စကားမာနေရတာလဲ ရောင်းရင်းမီ၊ မင်းသဘောတူတူ မတူတူ ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူးလေ"

"ကြည့်ရတာ ငါတို့လမ်းကြောင်းမတူတော့ဘူးနဲ့ တူတယ်၊ နန်းတော်သခင်လီ ကျေးဇူးပြုပြီး ထွက်သွားလိုက်ပေတော့"

မီချီမှာ လီ‌ကျောက်အပေါ် ခေါ်ဝေါ်သည့် ပုံစံကိုပင် ပြောင်းလဲပစ်လိုက်လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် လီ‌ကျောက်နှင့် မပတ်သက်ချင်တော့သည်မှာ လုံးဝကို သိသာနေလေပြီ။

လီ‌ကျောက်က ခေါင်းခါ၍ ထရပ်လိုက်သည်။ သို့သော်ငြား မီချီနှင့် သူ့အကြားရှိ ခင်မင်ခဲ့သည်များကို ထောက်ထား၍ ပြောလိုက်သေး၏။ "နန်းတော်သခင်မီ၊ ကျေးဇူးပြုပြီး မင်းဆုံးဖြတ်ချက်ကို သေသေချာချာ ပြန်စဉ်းစားနော်၊ ရမ္မက်ရှာဂိုဏ်းက ထက်ကောင်းကင်နန်းတော် ဖျက်ဆီးတာခံလိုက်ရတာ၊ အဲဒါက ဟိုးအရင်တုန်းက၊ အခုဒီလောက်နှစ်တွေ ကြာသွားတဲ့နောက်ပိုင်း ထက်ကောင်းကင်နန်းတော်က အရင်ထက်ပိုပြီး အားကောင်းလာမှာ အသေအချာပဲ၊ မင်းရဲ့ အာကာယံကောင်းကင်ဂိုဏ်းက ရမ္မက်ရှာဂိုဏ်းနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မင်းဘာသာမင်း ပြန်စဉ်းစား၊ ဒီတော့ ပြဿနာကို မဖိတ်ခေါ်ချင်နဲ့"

မီချီက လှောင်ပြုံးပြုံးလျက်... "နန်းတော်သခင်လီ၊ မင်းကိစ္စကိုပဲ မင်းအာရုံစိုက်၊ ငါ့အာကာယံကောင်းကင်ဂိုဏ်းကိစ္စကို လာစိတ်ပူနေစရာမလိုဘူး၊ ရန်ကိုင် ငါတို့ အာကာယံကောင်းကင်ဂိုဏ်းကို အညံ့ခံစေချင်တယ်ဆိုရင် သူကိုယ်တိုင်လာပြီးတော့ ပြောခိုင်းလိုက်"

"အဲဒါဆို ငါသွားတော့မယ်" လီ‌ကျောက်လည်း ခေါင်းညိတ်ပြီး လက်သီးဆုပ်နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်လေသည်။ [ပြောစရာစကားကိုတော့ ပြောပြီးသွားပြီ၊ ဘာလုပ်မလဲဆိုတာကိုတော့ မီချီကပဲ ဆုံးဖြတ်သွားရမှာ]

ရန်ကိုင်သည် အာကာယံကောင်းကင်ဂိုဏ်းကို နမူနာထား၍ မြောက်ဘက်နယ်မြေတစ်ခုလုံးကို သတိပေးလိုလေရာ အာကာယံကောင်းကင်ဂိုဏ်းသည် သူ၏ တောင်းဆိုချက်ကို အလွယ်တကူ လက်ခံလိမ့်မည်မဟုတ်မှန်း ကြိုသိထားပြီးသား ဖြစ်ရပေလိမ့်မည်။ လက်ရှိအခြေအနေသည် ရန်ကိုင် လိုချင်နေသည့်အတိုင်းသာ ဖြစ်ပေသည်။ ထိုသို့သာမဟုတ်လျှင် သူ၏ ခွန်အားနှင့် အာဏာကို မည်ကဲ့သို့များ ထုတ်ပြနိုင်မည်နည်း။ မြောက်ဘက်နယ်မြေတွင် ထိပ်တန်းဂိုဏ်း လေးဂိုဏ်းရှိပြီး နှစ်ဂိုဏ်းမှာ ထက်ကောင်းကင်နန်းတော်နှင့် ရင်းနှီးပေသည်။ ထိုအကြောင်းကြောင့် တစ်ခုတည်းသော ရွေးစရာဆို၍ အာကာယံကောင်းကင်ဂိုဏ်းသာ ရှိတော့သည်။

မီချီသည် လီ‌ကျောက် ထွက်သွားသည့် အရပ်ဆီသို့ လှောင်ပြုံးပြုံးကာ ကြည့်နေခဲ့လေသည်။ လီ‌ကျောက် အလွန်ကိုမှ အဖြစ်သည်းလွန်းနေသည်ဟု မီချီ စိတ်ထဲ ခံစားနေခဲ့ရသည်။ ရန်ကိုင်သည် မည်ကဲ့သို့သော နည်းလမ်းကို သုံး၍များ မီးနဂါးနန်းတော်အား သူ့လက်အောက်သို့ ခိုဝင်လာအောင် လုပ်နိုင်ခဲ့သလဲဆိုသည်ကိုတော့ မီချီ မသိပေ။ လီ‌ကျောက် ရန်ကိုင်အား မည်မျှကြောက်ရွံ့နေသလဲဆိုလျှင် ရန်ကိုင် ကိုယ်စားပင် သူ့စကားကို ဤနေရာသို့ လာပြောပေးခဲ့သည်ကို ကြည့်လျှင် သိနိုင်ပေသည်။

ရမ္မက်ရှာဂိုဏ်း ပျက်စီးသွားသည့် အကြောင်းကို မီချီ ကြားပေသည်။ ရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ ထိုဂိုဏ်း ပျက်စီးသွားသည့် အကြောင်းကို မီချီအနေဖြင့် မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ ရမ္မက်ရှာဂိုဏ်း၏ ခွန်အားသည် အာကာယံကောင်းကင်ဂိုဏ်းအောက် နိမ့်ကျခြင်း မရှိသည်မှာလည်း အမှန်ပင်ဖြစ်လေသည်။ ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်းသည်ပင်လျှင် အလွယ်တကူ ဖျက်ဆီးခံလိုက်ရလေရာ အာကာယံကောင်းကင်ဂိုဏ်းသည်လည်း တောင့်ခံနိုင်လိမ့်မည် မဟုတ်။

သို့သော်ငြား ရမ္မက်ရှာဂိုဏ်း ပျက်စီးသွားခံရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရမ္မက်ရှာဂိုဏ်းမှ ပညာရှင်အားလုံး ရေခဲနှလုံးသားတောင်ကြားကို သွားရောက်တိုက်ခိုက်နေသည့်အတွက်ကြောင့် ဖြစ်သည်ဟု မီချီ ယုံကြည်နေပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ရေခဲနှလုံးသားတောင်ကြားမှ ပညာရှင်များနှင့်အတူ ပူးပေါင်း၍ ရမ္မက်ရှာဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်ရှင်းလင်းပစ်ခဲ့ခြင်း ဖြစ်သည်။

မီချီမှာတော့ ထက်ကောင်းကင်နန်းတော်အား တိုက်ခိုက်လိုခြင်း မရှိပေ။ သို့သော်ငြား ရန်ကိုင်သည်သာ သူ့အား ပြဿနာလာရှာမည်ဆိုလျှင်တော့ အာကာယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအစီအရင်နှင့် ပညာရှင်များသည် ရန်ကိုင်၏ အင်အားစုများကို ရင်ဆိုင်ရန်အတွက် လုံလောက်ပေလိမ့်မည်။ ကံသာကောင်းလျှင် ရန်ကိုင်ကိုပင်လျှင် သတ်ပစ်ကောင်း သတ်ပစ်နိုင်ပေလိမ့်ဦးမည်။

ဂိုဏ်းနှစ်ဂိုဏ်းအကြားဝယ် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းမှာ လုံးဝကို မတူကွဲပြားသည့် ကိစ္စနှစ်ရပ် ဖြစ်ပေသည်။ သို့တိုင် မီချီ စိတ်ပူနေသည့် ကိစ္စတစ်ရပ်တော့ ရှိပေသည်။ ရန်ကိုင်၏ လက်အောက်တွင် မွန်းစတားဘုရင်သုံးပါး ရှိနေခြင်းပင်ဖြစ်သည်။ မွန်းစတာဘုရင်တစ်ပါးချင်းစီတိုင်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည့်အတွက်ကြောင့် ထိုသုံးပါးမှာ ရင်ဆိုင်ရလွယ်လိမ့်မည်တော့ မဟုတ်ပေ။ မီချီမှာ ခေါင်းခြောက်မတတ်ကို စဉ်းစားနေပြီးသည့်နောက် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိလိုက်သည့်အလား လက်ခုပ်ကောက်တီးလိုက်သည်။ ချက်ချင်းဆိုသလို အနက်ရောင်ဝတ်ရုံဝတ် လူတစ်ဦး အထဲသို့ ဝင်လာလေ၏။ မီချီသည် ထိုလူကို ကြည့်ရင်းမှ မေးလိုက်သည်။ "ဆေးဥယျာဉ်ထဲက ကျောက်စိမ်းပြားအသီး မှည့်ပြီလား"

မီချီ ဘာကြောင့် ထိုအကြောင်းအား ရုတ်တရက်ကြီး အစဖော်လာသလဲဆိုသည်ကို အနက်ရောင်ဝတ်ရုံနှင့်လူ မသိပါသော်ငြား ချက်ချင်းပဲ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ "နောက်တစ်လအတွင်း မှည့်ပါလိမ့်မယ်"

မီချီက ခေါင်းညိတ်လိုက်သည်။ "ကောင်းတယ်၊ လူအိုကြီးတောက်ကို အဲဒီအသီးကို လာစားဖို့ ဖိတ်ခေါ်လိုက်"

အနက်ရောင်ဝတ်ရုံဝတ်လူသည် တလေးတစား ဦးညွှတ်လိုက်ပြီးနောက် ပြန်ထွက်သွားခဲ့လေသည်။

ထို့နောက်တွင် မီချီသည် ထက်ကောင်းကင်နန်းတော် ရှိရာဆီသို့ လှမ်းကြည့်ရင်းမှ အော်ရယ်မောလိုက်လေသည်။ [ရန်ကိုင် အိုး ရန်ကိုင်၊ မင်းကိုယ်မင်းသာ ကံကောင်းပါစေလို့ ဆုတောင်းပေတော့ပေါ့ကွာ၊ ငါတို့ အာကာယံကောင်းကင်ဂိုဏ်းကို လာအထင်သေးမိသွားရင် မင်းဒီနေရာကနေ ဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားလို့ရမှာ မဟုတ်ဘူးကွ]

…

"ဂိုဏ်းချုပ်ရီလည်း လတ်တလော ထက်ကောင်းကင်နန်းတော် အခြေအနေကို သိမှာပေါ့ ဟုတ်တယ်မလား၊ တပည့်တွေက အများကြီးပဲ၊ တောင်တွေအကုန်လုံးလည်း တပည့်တွေနဲ့ပြည့်နေပြီ၊ အချို့တောင်တွေဆိုရင် တပည့်နှစ်ထောင် သုံးထောင်လောက်ကိုတောင် လက်ခံထားရတယ်၊ အဲဒါက ဒီအတိုင်း ပြွတ်သိပ်တိုးကြိတ်ပြီး နေနေရတဲ့ ဘဝမျိုး ရောက်နေတာ၊ ဒါပေမဲ့ ဂိုဏ်းချုပ်ရီရဲ့ ရွက်တစ်ထောင်ဂိုဏ်းကျတော့ လူနည်းနည်းလေးနဲ့ ဒီတောင်လေးမှာပဲ အေးအေးဆေးဆေး နေနေတယ်၊ တောင်သခင်တွေ တော်တော်များများက အခုအဲဒီကိစ္စနဲ့ ပတ်သက်ပြီး အထွန့်တက်နေကြတာ၊ တောင်မှာရှိနေတဲ့ ရွက်တစ်ထောင်ဂိုဏ်းသားတွေက အဲဒီလောက်များတာ မဟုတ်ဘူးလေ၊ ဒါကြောင့် သေသေချာချာ စဉ်းစားကြည့်ပြီးတော့ အခုလောလောဆယ် ဂိုဏ်းချုပ်ရီနဲ့ လာပြီးတော့ ဆွေးနွေးကြည့်တာ" ရန်ကိုင်သည် ကူကယ်ရာမဲ့စွာဖြင့် ရွက်တစ်ထောင်ဂိုဏ်းချုပ် ယီဟန်အား ကြည့်၍ ပြောလိုက်လေသည်။ သူတို့ အရှေ့ရှိ စားပွဲဝိုင်းမှာ အရက်များ၊ သောက်စရာများ၊ စားစရာများဖြင့် ပြည့်နေပါသော်ငြား တစ်ခုမှ ထိတွေ့ထားခြင်း မရှိသေးပေ။

"နန်းတော်သခင် ဘာပြောချင်နေတာလဲ" ယီဟန်သည် ရန်ကိုင်အား မေးမြန်းလိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကျုပ် ဂိုဏ်းချုပ်ရီကို ထက်ကောင်းကင်နန်းတော်ဆီ အကြောင်းအရင်းအချို့ကြောင့် ပြန်ခေါ်လာခဲ့တာ၊ ပထမတစ်ခုကတော့ ဒီနေရာက ကျင့်ကြံရေးပတ်ဝန်းကျင်က အရမ်းကောင်းတယ်လေ၊ ဘာအနှောင့်အယှက်မှလည်း မရှိဘူး၊ ဒီတော့ ဂိုဏ်းချုပ်ရီတို့ အနားယူပြီး ပြန်ကောင်းလာအောင်လုပ်ဖို့ အဆင်ပြေတာပေါ့၊ ဒုတိယတစ်ချက်ကတော့ ရွက်တစ်ထောင်ဂိုဏ်း အခုလိုမျိုး ဒုက္ခရောက်ခဲ့ရတာ ကျုပ်နဲ့လည်း ပတ်သက်နေတယ်လေ၊ ကျုပ်ကိုယ်တိုင်လည်း အဲဒီအတွက်နဲ့ အမှန်တကယ်ကို လိပ်ပြာမလုံဘူး"

"နန်းတော်သခင် ချဲ့ကားပြောလွန်းနေပါပြီ၊ ရွက်တစ်ထောင်ဂိုဏ်း အဲဒီလို ဖျက်ဆီးခံလိုက်ရတာ အခြားဂိုဏ်းတွေကို မယှဉ်နိုင်တဲ့ ကျုပ်ကိုယ်ကျုပ်ပဲ အပြစ်တင်ရမှာ၊ ရှင်းရှင်းပြောရရင် နန်းတော်သခင် အခုလိုမျိုး ကာကွယ်ပြီး ကူညီပေးထားတာအတွက်တောင် ရွက်တစ်ထောင်ဂိုဏ်းက နန်းတော်သခင်ကို ကျေးဇူးတင်နေရဦးမှာ"

"အဲဒီလိုမျိုးတော့ ကျေးဇူးတင်နေစရာမလိုပါဘူး" ရန်ကိုင်က သူ့လက်ကို မြှောက်၍ တားကာ... "ဒီနေ့ ကျုပ်လူကြမ်းလာလုပ်တာ"

"နန်းတော်သခင် သေသေချာချာလေး ရှင်းပြပေးလို့ရမလား"

ရန်ကိုင်က ခါးသက်သက် အမူအရာဖြင့်... "ဆိုရိုးစကားတစ်ခုရှိတယ်လေ၊ ဂူတစ်ဂူထဲမှာ ကျားနှစ်ကောင် အတူမအောင်းဘူးလို့၊ အဲဒီလိုစကားမျိုးက အခုလိုအချိန်မျိုးမှာ ပြောဖို့ မသင့်တော်ဘူးဆိုပေမဲ့ ကျုပ်တော့ ပြောရတော့မှာ၊ ဂိုဏ်းချုပ်ရီ၊ ကျုပ် ခင်ဗျားတို့ ရွက်တစ်ထောင်ဂိုဏ်းသားတွေကို မောင်းထုတ်ချင်နေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အခုလောလောဆယ် အခြေအနေအရ ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ဂိုဏ်းနှစ်ဂိုဏ်း အတူရှိနေတာက သိပ်တော့အဆင်မပြေဘူးလေ၊ ဟုတ်တယ်မလား”

All Chapters