အခန်း (၄၃၁-၄၃၂)
Vol. 44 Ch. 431-432
အခန်း (၄၃၁) - အဖြေရှာမရသော သတ်ဖြတ်မှု ၊ မိစ္ဆာ ၊ ရုပ်ခန္ဓာဖြင့် အကုန်ချေမှုန်းခြင်း
ထိုစဉ်မှာပင် ထူးဆန်းသောအသံဖြင့် ခေါင်းလောင်းသံမှာ ထပ်မံထွက်ပေါ်လာပြန်သည်။
တင်... တင်... တင်...
ယခုတစ်ကြိမ်တွင် ခေါင်းလောင်းသံမှာ ပိုမိုမြန်ဆန်လာပြီး သတ်ဖြတ်လိုသော အငြိုးအတေးများမှာ ဒြပ်သားတစ်ခုအလား ထင်ရှားနေတော့သည်။
"ဒီနေရာမှာ ခေါင်းလောင်းမှ မရှိတာ၊ ဘယ်က ခေါင်းလောင်းသံ ထွက်လာတာလဲ"
လီယန်ချူက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျန်းဝေမှာ ထိုစကားကို ကြားသော် မှင်တက်သွားမိသည်။
သူသည် ထိုပြဿနာကို တစ်ခါမျှ ထည့်မစဉ်းစားခဲ့မိပါ။
မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော အလွန်အန္တရာယ်များသည့် နေရာမျိုးတွင် ထူးဆန်းသော ကိစ္စရပ်မှန်သမျှ ဖြစ်လာနိုင်သည်မဟုတ်ပါလား။
"အဲဒီခေါင်းလောင်းက သူ့ရဲ့ ဗိုက်ထဲမှာ ရှိနေတာ"
လီယန်ချူ၏ မျက်လုံးများမှာ အေးစက်သွားပြီး ထိုချောမောလှသော စာပေပညာရှင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားမှာ သာမန်လူထက် များစွာ သာလွန်လှသည်။
သူ၏ အာရုံခံစားမှုမှာ ဖိနှိပ်ခြင်း ခံထားရသော်လည်း သာမန်ထက်ထူးခြားသော အရာများကိုမူ မြင်နိုင်စွမ်း ရှိနေဆဲပင်။
ကျန်းဝေမှာ မျက်နှာပျက်သွားကာ
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ခေါင်းလောင်းက သူ့ဗိုက်ထဲမှာ ရှိနေတယ် ဟုတ်လား "
ထိုချောမောသော စာပေပညာရှင်ကမူ တခိခိ ရယ်မောလိုက်ရင်း
"ဟိတ် တာအိုဆရာအိုလေ မင်း ဘာတွေ လျှောက်ပြောနေတာလဲ "
ထိုစဉ်မှာပင် အရှေ့ခန်းမမှာ အမှောင်ထုအတွင်းသို့ လုံးဝ နစ်မြုပ်သွားပြီး၊ ထိုအမှောင်ထုမှာ နောက်ဖေးခန်းမဆီသို့ တဖြည်းဖြည်း ချဉ်းကပ်ဝါးမြိုလာတော့သည်။
ထွားကြိုင်းကြီးမားသော အရိပ်ကြီးမှာလည်း ဖြည်းဖြည်းချင်း နီးကပ်လာသည်။
ထိုနေရာမှာ သာမန်နေရာမဟုတ်ဘဲ ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေအတွင်း ဖြစ်သည်။
မြေပြင်နတ်ဘုရား တစ်ပါး၏ ဝိညာဉ်အရှိန်အဝါများဖြင့် တည်ဆောက်ထားသော ခန့်ညားလှသည့် ထိုနယ်မြေအတွင်း၌ တစ်ကြိမ်တစ်ခါ သရဲခြောက်ပြီဆိုပါက ၎င်းမှာ သာမန် ဝိညာဉ်ရေးရာ ဖြစ်ရပ်မျိုး မဟုတ်တော့ပါ။
ထို့ကြောင့်ပင် လူသားတို့၏ ယန်ဓာတ်ကို ဖိနှိပ်ထားသည့် သာမန်နည်းလမ်းများမှာ ကြာရှည် အလုပ်ဖြစ်မည် မဟုတ်တော့ပေ။
တင်... တင်... တင်...
ထူးဆန်းသော ခေါင်းလောင်းသံမှာ ထပ်မံထွက်ပေါ်လာပြန်ရာ လူ၏ ဝိညာဉ်ကို တိုက်ရိုက် ထိမှန်နေပြီး ထိုအသံမှာ ဘယ်အရပ်မှ ထွက်ပေါ်လာသည်ကိုပင် ခွဲခြားမရနိုင်အောင် ဖြစ်နေသည်။
ကျန်းဝေသည် ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို အဆက်မပြတ် ဆွဲဖြဲနေသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်လာကာ ဦးနှောက်အတွင်းသို့ သံအပ်များဖြင့် ထိုးစိုက်နေသကဲ့သို့ ခံစားနေရသည်။
လီယန်ချူသည် ယခုကဲ့သို့သော အခြေအနေမျိုးတွင် ထိုစာပေပညာရှင်၏ ထူးခြားမှုကို မည်သို့ ခွဲခြားသိမြင်သွားသနည်းဆိုသည်ကိုမူ သူ လုံးဝ နားမလည်နိုင်တော့ပါ။
ထို့အပြင် ဖုန်းရွှေပညာရှင်၏ မြေအိုးထဲမှ ထွက်လာသော ထူးဆန်းသော မိစ္ဆာနှင့်ပါ ပေါင်းလိုက်လျှင် ယခုအခါ အခန်းအတွင်း၌ သတ်ဖြတ်လိုသော အရှိန်အဝါ လေးခု ရှိနေပြီ ဖြစ်သည်။
"ဒီခွေးသားတွေက ဘယ်လို ထူးဆန်းတဲ့ အရာတွေကို လွှတ်လိုက်ကြတာလဲ "
ကျန်းဝေသည် အစောပိုင်းက ထိုလူများကို ပါးရိုက်ချင်စိတ်ပင် ပေါက်သွားမိသည်။
ထိုတာအိုကျောင်းအတွင်း၌ ထူးဆန်းသော အရာအချို့ ဖုံးကွယ်နေသည်မှာ သိသာလှပြီး၊ ထိုမြေအိုးမှာလည်း မိစ္ဆာများကို ပိတ်လှောင်ထားသည့် အရာ ဖြစ်ဟန်တူသည်။
ထိုသို့ကြည့်လျှင် သန်မာထွားကြိုင်းသော လူငယ် မိစ္ဆာရဟန်း မှာလည်း အရှေ့ခန်းမ၌ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့ပြီးနောက် မိစ္ဆာ၏လက်ချက်ဖြင့် သေဆုံးကာ အသစ်ထပ်မံပေါ်ပေါက်လာသည့် ထိတ်လန့်ဖွယ်ရာ ဖြစ်တည်မှုတစ်ခု ဖြစ်လာပုံရသည်။
"တောက် လုပ်ပြီကွာ "
တင်းကျပ်လှသော လေထုကြောင့် ကျန်းဝေ၏ အာရုံကြောများမှာ အစွမ်းကုန် တင်းခံထားရပြီးနောက် ထိုဖိအားကို ဆက်မတောင့်ခံနိုင်တော့ပါ။
"ကောင်းကင်နဲ့မြေပြင် အဆုံးအစမဲ့ခြင်း၊ လောက၏ တရားမျှတသော အစီရင်၊ မိစ္ဆာကို နှိမ်နင်းစေ "
ကျန်းဝေက အော်ဟစ်လိုက်ပြီး သူ၏ရင်ဘတ်အတွင်းမှ ထိုက်ကျိပုံရိပ်ကို ထုတ်ယူလိုက်သည်။
ထိုက်ကျိပုံရိပ်မှာ ခရမ်းရောင်၊ အဖြူရောင်၊ ရွှေရောင်နှင့် အပြာရောင် ရှိသော မှော်ဓား လေးလက်အဖြစ် ပြောင်းလဲသွားကာ ထိုထွားကြိုင်းသော အရိပ်ကြီးထံသို့ တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။
၎င်းမှာ တာအိုပညာရှင်ကြီးတစ်ဦးထံမှ သူ ရရှိထားသော ရတနာဖြစ်ပြီး ဆန်းကြယ်သော အစွမ်းများနှင့် ကြီးမားသော စွမ်းပကား ရှိသည်။
ဒေါင်
လောကအတွင်း၌ ကြီးမားသော ခေါင်းလောင်းသံကြီး တစ်ချက် မြည်ဟီးသွားသည်။
ထိုထွားကြိုင်းသော အရိပ်ကြီးမှာ မည်သည့်အရာနှင့်မျှ ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်ခံ့နေပြီး၊ ထိုမှော်ဓား လေးလက်ကို အတင်းအကျပ် တောင့်ခံထားနိုင်လေသည်။
"အစီရင်ကို ဖြိုခွဲစမ်း "
ကျန်းဝေက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူသည် လက်ချောင်းများဖြင့် လက်ကွက် များ ထုတ်ဖော်လိုက်ရာ မှော်ဓား လေးလက်မှာ တစ်လက်တည်းအဖြစ် ပေါင်းစည်းသွားပြီး ရှေးဟောင်းလက်ရာနှင့် လေးလံလှသော ဓားကြီးအဖြစ် ပြောင်းလဲကာ အနက်ရောင်အရိပ်အတွင်းသို့ တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။
ထိုအချိန်မှာပင် ထူးဆန်းသော အပြုံးရှိသည့် ရင့်ကျက်လှပသော မိန်းမလှမှာ ကျန်းဝေ၏ နောက်ကျောဘက်တွင် တိတ်တဆိတ် ပေါ်လာတော့သည် ကျန်းဝေသည် နောက်ကျောဘက်မှ အေးစိမ့်မှုကို ခံစားလိုက်ရပြီး သူ၏လည်ပင်းတွင် ကြက်သီးမွေးညင်းများ ထလာကာ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားသည်။
သူသည် ယခုအချိန်တွင် ထိုမှော်ဓားကိုသာ အာရုံစိုက် ထိန်းချုပ်နေရသဖြင့် အလျင်စလိုပင် တစ်ကိုယ်လုံးကို ကာကွယ်ရန် လက်ကွက်တစ်ခုကိုသာ ဖော်ဆောင်နိုင်တော့သည်။
သို့သော် ထိုမိန်းမလှ၏ လက်ထဲရှိ ဓားမြှောင်တိုမှာ သူ့ မန္တန်စွမ်းအားများကို အားစိုက်စရာမလိုဘဲ ဖောက်ထွက်သွားကာ ကျန်းဝေ၏ အကာအကွယ်ဒိုင်းကို ဖြတ်တောက်သွားတော့သည်။
သူမသည် မိစ္ဆာ၏ ထိန်းချုပ်မှုကို ခံရပြီးနောက် သူမ၏လက်ထဲရှိ ပါးလွှာလှသော ဓားမြှောင်မှာလည်း အကာအကွယ်များကို ဖျက်ဆီးနိုင်သော စွမ်းရည် ပါရှိလာပုံရသည်။
"ပြီးပြီ "
ထိုတာအိုကျောင်းအတွင်းရှိ မိစ္ဆာများမှာ ထိုမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု ကျန်းဝေ လုံးဝ ထင်မှတ်မထားခဲ့ချေ မိစ္ဆာနှစ်ကောင်ကိုသာ ရင်ဆိုင်ရသေးသော်လည်း သူ့မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ဘေးမှ လီယန်ချူ လှုပ်ရှားလိုက်ပြီ ဖြစ်သည်
သူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ မြေကမ္ဘာပင် တုန်ခါသွားသကဲ့သို့ ရှိပြီး၊ ပြင်းထန်လှသော သွေးချီစွမ်းအားများမှာ သူ၏လက်သီးမှ ထွက်ပေါ်လာကာ တောက်လောင်နေသော မီးဖိုကြီးတစ်ခုအလား ထင်မှတ်ရသည်။
ဘုန်း
ထိုရင့်ကျက်ဆွဲဆောင်မှုရှိသော မိန်းမလှမှာ ပြင်းထန်လှသော လက်သီးအရှိန်အဝါကြောင့် တိုက်ရိုက်ပင် အပိုင်းပိုင်းပြတ်သွားကာ ဝိညာဉ်အဖြစ်သို့ ပျောက်ကွယ်သွားတော့သည်။
"..." ကျန်းဝေ တစ်ယောက် ဆွံ့အသွားတော့သည်။
ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ထိုနူးညံ့သိမ်မွေ့ပုံရသော စာပေပညာရှင်ကိုလည်း ထိတ်လန့်သွားစေသည်မှာ သိသာလှသည်။
သူ၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာပြီး ဘာလုပ်ရမည်ကို မသိသည့်အလား ဘေးသို့ ဆုတ်သွားတော့သည်။
ကျန်းဝေမှာ အာရုံပျံ့လွင့်သွားသဖြင့် သူ၏လက်ထဲမှ မှော်ဓားမှာ "ဘုန်း" ကနဲ အသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ထိုထွားကြိုင်းသော အရိပ်ကြီး၏ လက်ထဲတွင် သံချေးတက်နေသော ထင်းခုတ်ဓား တစ်လက် ပေါ်လာသည်။
၎င်းကို သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် ဝေ့ယမ်းကာ ကျန်းဝေကို ခုတ်ပိုင်းလိုက်တော့သည်။
ထိုဓားချက်မှာ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိပုံရသည်။
"မိစ္ဆာတွေ ငါ မင်းတို့နဲ့ အချိန်ဖြုန်းမနေနိုင်ဘူး "
လီယန်ချူက အေးစက်စွာ ဟောက်လိုက်သည်။
သူသည် ထိုအရာများမှာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေအတွင်းရှိ မိစ္ဆာများနှင့် အမျိုးအစားတူ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။
သူတို့၏ အငွေ့အသက်မှာ အနည်းငယ် ကွဲပြားနေသော်လည်း ၎င်းတို့မှာ တစ်နေရာတည်းမှ လာသည်မှာ သေချာလှသည်။
သူသည် နောက်မဆုတ်ဘဲ ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ ထိုအရိပ်ကြီး၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ထိုတစ်လှမ်းကြောင့်ပင်
နောက်ဖေးခန်းမဆီသို့ တရွေ့ရွေ့ ချဉ်းကပ်လာသော အမှောင်ထုမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
မည်သို့မျှ အဖြေရှာမရသော ထိုသတ်ဖြတ်တတ်သည့် မိစ္ဆာများ၏ ရှေ့မှောက်တွင် မည်သည့်ကျင့်ကြံသူမဆို နက်ရှိုင်းသော ကြောက်ရွံ့အားငယ်မှုကို ခံစားရမည် ဖြစ်သော်လည်း၊ လီယန်ချူကမူ ကျန်းဝေ၏ အမြင်ကို အသစ်တစ်ဖန် ပြောင်းလဲပေးလိုက်ပြန်သည်။
သူ၏ မျက်လုံးများမှာ ထက်မြက်ကာ တည်ကြည်ခက်ထန်နေပြီး ကိုယ်ပေါ်ရှိ ကြွက်သားများမှာလည်း ပေါက်ကွဲထွက်တော့မည့် အားအင်များကို ပြသနေသည်။
သူသည် ထိုအရိပ်ကြီး၏ ခေါင်းကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။
"ဘုန်း" ကနဲ ကြီးမားသော အသံနှင့်အတူ ထိုအရိပ်ကြီးရဲ့ ဦးခေါင်းမှာ ပြာအဖြစ်သို့ လုံးဝ ပျောက်ကွယ်သွားတော့သည် သို့သော် ထိုအရိပ်ကြီးမှာ ရပ်တန့်မသွားဘဲ သံချေးတက်နေသော ထင်းခုတ်ဓားကို ထပ်မံ မြှောက်လိုက်ကာ လီယန်ချူကို ခုတ်ပိုင်းလိုက်ပြန်သည်။
လီယန်ချူ၏ ရှေ့တွင် ရွှေရောင် အကာအကွယ် တစ်ခု ပေါ်လာပြီး အလွန်ခိုင်ခံ့လှသည်။
ဟွန့်ယွမ်ကျင့်စဉ်
၎င်းမှာ သူကျွမ်းကျင်သော သိုင်းကျမ်း သုံးစောင်အနက် တစ်စောင်ဖြစ်ပြီး၊ ခန္ဓာကိုယ်ကို အကာအကွယ် ပေးထားနိုင်ကာ ဓားလှံလက်နက်များ မဖောက်နိုင်သလို မန္တန်များဖြင့်လည်း ထိခိုက်အောင် မလုပ်နိုင်ပါ။
ယခုတစ်ကြိမ်တွင်လည်း ခြွင်းချက်မရှိဘဲ ထိုအရိပ်ကြီး၏ ထင်းခုတ်ဓားမှာ သူ၏ အကာအကွယ်ကို ဆယ့်သုံးလေးလွှာခန့်သာ ဖြတ်တောက်နိုင်ပြီး လုံးဝ ဖောက်ထွက်နိုင်ခြင်း မရှိပါ။
လီယန်ချူသည် ဟွန့်ယွမ်ကျင့်စဉ်ကို အသုံးပြုကာ ထိုသတ်ဖြတ်တတ်သော ဝိညာဉ်၏ တိုက်ခိုက်မှုကို ခုခံလိုက်ခြင်း ဖြစ်သည်။
သူသည် လက်သီးဖြင့် ပြင်းထန်စွာ တစ်ချက် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
ထျန်းကန်းလက်ဝါး
လက်သီးချက်မှာ လှံတစ်စင်းအလား
ထိုလက်သီး၏ အရှိန်အဝါမှာ သောင်းချီသော အလေးချိန်ထက်ပင် သာလွန်လှသည် ဦးခေါင်းမရှိသော ထိုအရိပ်ကြီးမှာ ချက်ချင်းပင် အပိုင်းပိုင်းပြတ်သွားကာ မခံမရပ်နိုင်ဖြစ်ပြီး နောက်သို့ ဆုတ်သွားတော့သည်။
လီယန်ချူ၏ အရှိန်အဝါမှာ ပြင်းထန်လှပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားဖြင့် ထိုအရိပ်ကြီးကို ပေါက်ကွဲသွားအောင်ပင် ရိုက်နှက်လိုက်သည်။
သူတို့ ပထမဆုံး ထိတွေ့လိုက်သည့် အချိန်မှာပင် ထိုအရိပ်ကြီးမှာ အစောပိုင်းက လူငယ် မိစ္ဆာရဟန်းဖြစ်ကြောင်း သူ သိရှိလိုက်သည်။
သို့သော် တစ်စုံတစ်ခု၏ ပူးကပ်ထိန်းချုပ်မှုကို ခံထားရပြီး ကိုယ်ပေါ်တွင် အပုပ်အစက် များ ပေါ်နေကာ အသားအရေမှာလည်း မှိန်ဖျော့နေပြီး သေဆုံးသွားသည်မှာ ကြာပြီဖြစ်သော အလောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
ဦးခေါင်းမရှိသော အရိပ်ကြီး ပျောက်ကွယ်သွားသော်လည်း အပြင်ဘက်မှ အမှောင်ထုမှာမူ ပျောက်ကွယ်မသွားဘဲ ဖြည်းညင်းစွာပင် နောက်ဖေးခန်းမဆီသို့ ဆက်လက်ပျံ့နှံ့လာနေဆဲ ဖြစ်သည်။
အရာအားလုံးကို ထိုထူးဆန်းသော ဟင်းလင်းပြင်အတွင်းသို့ ဆွဲခေါ်သွားတော့မည့်အလားပင်။
ကျန်းဝေမှာ တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ထိုစာပေပညာရှင်ကို အေးစက်စွာ ကြည့်လိုက်ပြီး
"မြေးနိုး မင်းပဲ တကယ်ကို ကြံစည်နေတာပဲ"
ကျန်းဝေ၏ နောက်ခံသမိုင်းမှာ လျှို့ဝှက်ဆန်းကြယ်သော်လည်း ဆဲဆိုအပြစ်တင်တတ်သော သူရဲ့ပါးစပ်မှာမူ နတ်ဆရာကြီး နှင့်ပင် ဆင်တူနေသည်။
ထိုစာပေပညာရှင်က သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ သူက အေးစက်စွာ ပြုံးလိုက်ရင်း
"မင်းရဲ့ ဒီလို ရုပ်ရည်မျိုးနဲ့ အငှားလင် မလုပ်ဘဲ ဒီလိုတွေ လျှောက်လုပ်နေတာ တကယ်ကို နှမြောဖို့ ကောင်းတာပဲ၊ တကယ်ကို အလဟဿပဲ "
"မင်း သေလိုက်စမ်း "
စာပေပညာရှင်ရဲ့ အသံမှာ စူးရှသွားပြီး သူ၏ကိုယ်ပေါ်တွင် အပုပ်အစက်များ စတင်ပေါ်လာတော့သည်။
ခေတ္တမျှအတွင်းမှာပင် အခြေအနေမှာ အလွန်ဆိုးရွားသွားတော့သည် သူ၏ ချောမောလှပသော မျက်နှာမှာလည်း စတင်ပုပ်ပွလာပြီး အလွန်ညစ်ပတ်နောက်ကျိလှသော အရည်များမှာလည်း အဆက်မပြတ် စီးကျလာတော့သည်။
အခန်း (၄၃၂) - လူသား သားရဲ ရုပ်သေးနတ်သမီးရုပ်တု ၊ နေမင်းတမျှ တောက်လောင်သောမီး ၊တစ်ချက်တည်းနဲ့ အပြတ်ရှင်း
ကျန်းဝေက မထီမဲ့မြင်ပြုသောအပြုံးဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး လီယန်ချူ၏ နောက်ကျောဘက်သို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
"ချောင်ချောင်တာအိုဆရာ... မြန်မြန်၊ သူ့ကို အပြတ်ရှင်းလိုက်တော့ဗျာ"
လီယန်ချူက ရယ်မောလိုက်ပြီး
"မင်းဆီက လမ်းညွှန်ချက် တွေကလည်း သိပ်အလုပ်မဖြစ်ပါလား။ ခေတ်ကုန်သွားတာလား၊ ဒါမှမဟုတ် ငါ့ကို တမင်သက်သက် လိမ်တာလား "
ကျန်းဝေက ပျာပျာသလဲ ပြန်လည်ရှင်းပြတော့သည်။
"ချောင်ချောင်တာအိုဆရာ... အဲဒီလိုပြောရင်တော့ ကျနော် ကို စွပ်စွဲရာကျပါပြီဗျာ ကျနော် က ခင်ဗျားရဲ့ ခြေထောက်ကို အပိုင်ဖက်ထားချင်တဲ့သူပါ၊ ဘာလို့ လမ်းညွှန်ချက်အမှားတွေ ပေးရမှာလဲ တကယ်တော့ ဒီနတ်ဘုရားနယ်မြေမှာ ထူးဆန်းတဲ့ အပြောင်းအလဲတွေ ဖြစ်နေလို့ ဘယ်သူမှ မမျှော်လင့်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာရတာပါ"
လီယန်ချူက ခပ်ပြုံးပြုံးသာ လုပ်နေပြီး ဘာမှ ပြန်မပြောတော့ချေ။
ထိုအချိန်တွင် ချောမောသော စာပေပညာရှင်မှာ ဆက်လက်တောင့်မခံနိုင်တော့ဘဲ သူ၏ လက်ကို ဗိုက်ထဲသို့ တိုက်ရိုက် နှိုက်ထည့်လိုက်ကာ လူတစ်ရပ်နီးပါး မြင့်သော ရှေးဟောင်း ကြေးညိုရောင် ခေါင်းလောင်းကြီးတစ်လုံးကို ဆွဲထုတ်လိုက်တော့သည်။
ထိုခေါင်းလောင်းမှာ မူလက တာအိုဂိုဏ်း၏ မှော်လက်နက် တစ်ခု ဖြစ်သင့်သော်လည်း ယခုအခါတွင်မူ မျက်နှာပြင်ပေါ်၌ မှိန်ဖျော့ပုပ်စပ်နေသော သွေးကွက်များ စွန်းထင်နေသည်။
ထို့အပြင် ခေါင်းလောင်းတစ်ခုလုံးမှ မကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
၎င်းမှာ သာမန် ရန်လိုသော ဝိညာဉ်များ၏ ယင်ဓာတ် ထက်ပင် ပိုမို အေးစိမ့်လှသည်။
"ဒါက တစ်စုံတစ်ခုရဲ့ ညစ်ညမ်းစေမှုကို ခံထားရတဲ့ တာအိုမှော်လက်နက်ပဲ"
လီယန်ချူက စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
အတိတ်ကာလက ထိုနတ်ဘုရားနယ်မြေသည်လည်း ထိုကဲ့သို့သော ထူးဆန်းသည့် မိစ္ဆာများ၏ ကျူးကျော်မှုကို ခံခဲ့ရသည်မှာ သေချာလှသည်။
သို့သော်လည်း ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေအတွင်းရှိ မိစ္ဆာများနှင့်မူ အမျိုးအစားတူချင်မှ တူပေလိမ့်မည်။
ချွင်
လီယန်ချူသည် ကျန့်ကျောင်းဓား ကို ဆွဲထုတ်လိုက်သည်။
ဓားအလင်းတစ်ချက် ဝေ့ယမ်းသွားပြီးနောက် ထိုစာပေပညာရှင်၏ လက်ကောက်ဝတ်ကို တိုက်ရိုက် ဖြတ်တောက်လိုက်တော့သည်။
ထူးဆန်းသည်မှာ ထိုကြေးညိုရောင် ခေါင်းလောင်းကြီးမှာ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် လိမ့်ကျမသွားဘဲ ဟင်းလင်းပြင်ထဲ၌ပင် ရပ်တန့်နေခြင်းပင်။
တင်... တင်... တင်...
ထူးဆန်းပြီး အက်ရှလှသော အသံများ ထွက်ပေါ်လာရာ လူကို စိတ်တိုဒေါသထွက်ဖွယ်ရာ ခံစားချက်များ ဖြစ်ပေါ်စေသည်။
ယခုတစ်ကြိမ်တွင်မူ ကျန်းဝေသည် သူ့ ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ တစ်ခဏအတွင်းမှာပင် သူ၏ မျက်လုံးနှစ်လုံးမှာ နီမြန်းလာတော့သည်။
"သတ်ကြစမ်း... သတ်ကြစမ်း... မင်းတို့အားလုံး သေကုန်ရင် ဒီရတနာတွေ အားလုံးက ငါ့ဟာတွေ ဖြစ်မှာ"
ကျန်းဝေမှာ ထိတ်လန့်မနေသည့်အပြင် သူတစ်ပါး ဘေးဒုက္ခရောက်သည်ကိုပင် ခပ်သိသိသာသာ ဝမ်းသာအားရ ဖြစ်နေမိသည်။
သူ၏ စိတ်ဓာတ်မှာ ခေါင်းလောင်းသံရဲ့ ညစ်ညမ်းစေမှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ပြီ။
ထူးဆန်းသော ခေါင်းလောင်းသံမှာ ထပ်မံ ထွက်ပေါ်လာပြန်ရာ၊ မကြာမီမှာပင် ကျန်းဝေမှာ ဒူးထောက် လဲကျသွားတော့သည်။
လီယန်ချူကမူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ဒီတာအိုကျောင်းမှာ အမှန်တကယ် ဘာတွေ ဖြစ်နေသနည်း။
သူသည် ကျန်းဝေ၏ မိန်းမောတွေဝေနေသော အကြည့်များကြားမှ ထိုကြေးညိုရောင် ခေါင်းလောင်းကြီး၏ ရှေ့သို့ တိုက်ရိုက် သွားလိုက်ပြီး ဓားဖြင့် အားကုန် ခုတ်ပိုင်းလိုက်တော့သည်
အခြားသူများမှာ ထိုခေါင်းလောင်းကို ရှောင်ရန် ကြိုးစားကြသော်လည်း၊ လီယန်ချူ၌မူ ကိုယ်ပိုင် ထူးခြားသော နည်းလမ်း ရှိနေသည်။
၎င်းမှာ ဇွတ်အတင်း ဝင်တိုက်ခြင်း ပင်
ယခုတစ်ကြိမ်တွင် ကျန့်ကျောင်းဓားမှာ ကြည်လင်သော အသံထွက်ပေါ်မလာပါ။
ထိုကြေးညိုရောင် ခေါင်းလောင်းကြီးမှာ ထက်ပိုင်းပြတ်သွားပြီး ဖြတ်ထားသော မျက်နှာပြင်မှာလည်း ချောမွတ်ညီညာနေသည်။
၎င်းသည် မြေပြင်ပေါ်သို့ လေးလံစွာ ကျဆင်းသွားပြီး သာမန် ကြေးညိုရောင် ခေါင်းလောင်းတစ်ခုအလား ဖြစ်သွားတော့သည်။
တာအိုကျောင်းအတွင်း၌ လူသတ်နိုင်သော ထူးဆန်းသည့် လက်နက်နှစ်ခု ရှိနေခဲ့သည် ၎င်းတို့မှာ နဂါးဦးခေါင်းနှင့် ငှက်နတ်ဘုရားပုံတူ ပန်းချီကား နှင့် ကြေးညိုရောင် ခေါင်းလောင်းသံတို့ပင် ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ထိုသတ်ဖြတ်တတ်သည့် လက်နက်ကြီး နှစ်ခုလုံးမှာ လီယန်ချူ၏လက်ထဲတွင် ပျက်စီးသွားခဲ့ပြီ။
သူသည် ကျန့်ကျောင်းဓားကို ဆွဲကိုင်ကာ ထိုစာပေပညာရှင်၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
"မင်း တစ်ခုခု ပြောဖို့ ပြင်ဆင်ထားလား၊ ဒါမှမဟုတ် ငါ မင်းကို တိုက်ရိုက် ခုတ်သတ်လိုက်ရမလား"
လီယန်ချူက ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။
မင်းကတော့ တကယ့် အဆိပ်ပဲကွာ
စာပေပညာရှင်၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ပမာ တုန်လှုပ်သွားတော့သည်။
"ငါ..."
သူ၏ စကားတစ်ဝက်မှာပင် အေးစိမ့်လှသော ဓားအလင်းတစ်ချက် လင်းလက်သွားသည်ကို မြင်လိုက်ရသည်။
ထို့နောက်တွင်မူ အလွန်ချောမောလှသော ထိုစာပေပညာရှင်မှာ တိုက်ရိုက်ပင် အသတ်ခံလိုက်ရတော့သည် ဦးခေါင်းမှာ အမြင့်သို့ လွင့်ထွက်သွားပြီး သွေးများမှာလည်း ပန်းထွက်လာတော့သည်။
လီယန်ချူသည် သူ၏ လက်ဖဝါးမှ မီးလျှံတစ်ခုကို ပစ်ထုတ်လိုက်ရာ မြေပြင်ပေါ်ရှိ အဝတ်အစားများမှာ ခဏအတွင်းမှာပင် ပြာအဖြစ် တောက်လောင်သွားတော့သည်။
ထို့နောက် သူသည် ထိုနတ်သမီးရုပ်တု၏ ရှေ့သို့ တိုက်ရိုက် သွားလိုက်သည်။
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။
သူသည် အစပိုင်းက ဘာကြောင့် မလှုပ်ရှားခဲ့သနည်းဆိုသော် ထိုကျင့်ကြံသူများကို ရတနာလုခိုင်းခြင်းဖြင့် အခြေအနေကို စောင့်ကြည့်ရန် ဖြစ်သည်။
လူများလေလေ ရေနောက်မှာ ငါးဖမ်းရ လွယ်ကူလေလေ မဟုတ်ပါလား။
နတ်သမီးရုပ်တုမှာ ယခုအချိန်တွင် ဘာလှုပ်ရှားမှုမျှ မရှိဘဲ သာမန်ကျောက်ရုပ်တစ်ခုအလား ရှိနေသည်။
သို့သော် ဓားအလင်းတစ်ချက် လင်းလက်သွားသည့်အခါ ကျောက်ရုပ်မှာ ထက်ပိုင်းပြတ်ကာ ဘေးတစ်ဖက်စီသို့ လဲကျသွားတော့သည်။
သို့သော်လည်း ရုပ်တုအတွင်း၌ မြေသား သို့မဟုတ် ကျောက်ခဲများ ရှိမနေဘဲ ဖြူဖွေးနေသော အသားစိုင်များသာ ရှိနေလေသည် ကလီစာများ မရှိ၊ အရိုးများ မရှိ၊ အသားစိုင်သက်သက်သာ ဖြစ်ပြီး ထိုအသားစိုင်မှာ အဆက်မပြတ် တွန့်လိမ်လှုပ်ရှားနေသည်။
"အမေရေးးးးဒါ ဘာမိစ္ဆာကြီးလဲကွာ"
ကျန်းဝေက အော်ဟစ်လိုက်ပြီး မသိစိတ်အရ နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။
သူသည် လီယန်ချူကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်နေမိသည်။
မူလက သူသည် မိမိ၏ အရင်က အတွေ့အကြုံများကို အသုံးပြုကာ ထိုချောင်ချောင်တာအိုဆရာနှင့် ပူးပေါင်းပြီး နတ်ဘုရားနယ်မြေကို စူးစမ်းရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ နတ်ဘုရားနယ်မြေတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး သူ မခန့်မှန်းနိုင်သော ထိတ်လန့်ဖွယ်ရာ ကိစ္စများစွာ ဖြစ်နေခဲ့ပြီ။
ထိုသို့ဆိုလျှင် သူ့ မှတ်တမ်းများမှာလည်း အရေးပါမှု အလွန်နည်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထိုချောင်ချောင်တာအိုဆရာကမူ...
သူသည် ဤမျှအထိ တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်လိမ့်မည်ဟု ကျန်းဝေ လုံးဝ ထင်မထားခဲ့ပါ အဖြေရှာမရသော ထိုထိတ်လန့်ဖွယ် မိစ္ဆာများမှာ သူ၏လက်ထဲတွင် လက်သီးတစ်ချက်၊ ဓားတစ်ချက်သာ ခံနိုင်ကြသည်။
တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော လူသတ်သမားကြီး ပင်။
ထိုအသားစိုင်ကြီးမှာ အချင်းချင်း ပြန်လည် ပေါင်းစည်းရန် ဆက်တိုက် တွန့်လိမ်နေသည်။
သို့သော်လည်း ကျန့်ကျောင်းဓားဖြင့် ခုတ်ပိုင်းခြင်း ခံထားရသော အရာတစ်ခုမှာ ဘယ်သောအခါမှ ပြန်လည်ပေါင်းစည်းရန် အခွင့်အရေး မရှိတော့ပါ။
လှပဆန်းကြယ်သော အတတ်ပညာမှန်သမျှကို ထိုဓားက နှိမ်နင်းပြီးသားပင်
"တာအိုဆရာ... အဲဒီ တော်ဖူ က ဒီတာအိုကျောင်းထဲမှာ ရှိနေသေးတယ်လို့ ထင်လား "
ကျန်းဝေ၏ စိတ်နေစိတ်ထားမှာ ယခုအခါ ပြောင်းလဲသွားခဲ့ပြီ။
သူသည် လီယန်ချူဆိုသော ထိုခြေထောက်ကြီးကိုသာ အပိုင်ဖက်ထားချင်တော့သည်။
ထိုကဲ့သို့သော လူတစ်ယောက်၏ ဘေးတွင် ရှိနေပါက နတ်ဘုရားနယ်မြေမှာ မည်မျှပင် အန္တရာယ်ရှိပါစေ သူသည် အဆုံးအထိ အသက်ရှင်နိုင်ပေလိမ့်မည်။
"ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်၊ စမ်းကြည့်လို့ရတယ်"
လီယန်ချူက ဆိုသည်။
ယခုအခါတွင်မူ တာအိုကျောင်းအတွင်း၌ အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်ကာ ထူးဆန်းသောအမှောင်ထုမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ။
အမှန်စင်စစ် ထိုအမှောင်ထုကို ထိန်းသိမ်းထားသည်မှာ မိစ္ဆာများဖြစ်ပြီး၊ ယခုအခါတွင်မူ ထိုမိစ္ဆာအားလုံးကို လီယန်ချူက အပြတ်ရှင်းလိုက်ပြီ မဟုတ်ပါလား
အကယ်၍ ဒုတိယအဆင့် ကျင့်ကြံသူ မည်သူမဆို လီယန်ချူထက် ပိုမိုကောင်းမွန်အောင် သို့မဟုတ် ပိုမိုလွယ်ကူအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
အဓိကမှာ ကျန့်ကျောင်းဓားပင် ဖြစ်ပြီး၊ ၎င်းသည် ဆန်းကြယ်လှသော စွမ်းရည်မှန်သမျှကို နှိမ်နင်းထားနိုင်သည်။
ထူးဆန်းသော ပြန်လည်ကုသနိုင်စွမ်းများမှာလည်း လုံးဝ အလုပ်မဖြစ်တော့ပါ။
(ထောင်ယွမ်ရှန်းထဲသို့ စတင်ဝင်ရောက်စဉ်က တွေ့ခဲ့သော မျက်နှာမပါသည့် အမျိုးသမီးကဲ့သို့သော အရာမျိုးမှလွဲ၍ ဖြစ်သည်။)
သူသည် မြေပြင်ပေါ်ရှိ အလောင်းများကို တစ်ချက် ရှာဖွေလိုက်သည်။
အလောင်းများကို ရှာဖွေတတ်သည့် သူရဲ့ ကောင်းမွန်သော အကျင့်မှာ ယခုထိ ရှိနေဆဲပင်။
ရှာတွေ့သမျှမှာ မိစ္ဆာအငွေ့အသက်ပါသော မှော်လက်နက်အချို့သာ ဖြစ်သည်။
သို့သော်လည်း ဖုန်းရွှေပညာရှင်၏ ကိုယ်ပေါ်တွင် ရှေးဟောင်းလက်ရာပါသော မြေပုံတစ်ခုကို တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ အနည်းငယ် လင်းလက်သွားတော့သည်။
ဤကဲ့သို့သော မြေပုံမျိုး သူ၌ တစ်ချပ် ရှိနေခဲ့ဖူးသည်။
၎င်းမှာ အရင်က ချိကဲဘက်ဂိုဏ်း ၏ ကောင်းကင်ဘုရင် သုံးပါးကို သတ်ဖြတ်စဉ်က ရရှိခဲ့ခြင်း ဖြစ်သည်။
ဒီမြေပုံက နောက်ဆုံးမှာ ဘယ်နေရာကို လမ်းညွှန်မလဲဆိုတာ မသိဘူး ဟု လီယန်ချူ စဉ်းစားလိုက်မိသည်။
မိစ္ဆာအငွေ့အသက်ပါသော မှော်လက်နက်များကိုမူ သူသည် အစဉ်အမြဲ မနှစ်မြို့ပါ။
ဤအရာများမှာ သန်လျက်သွား နှစ်ဖက်ကဲ့သို့ပင် ရန်သူကို တိုက်ခိုက်နိုင်သော်လည်း၊ အသုံးပြုသည့်အခါတွင် ပါဝင်သော နာကြည်းနေသည့် ဝိညာဉ်များ၊ အငြိုးအတေးများနှင့် ထူးဆန်းသော စွမ်းအားများက အသုံးပြုသူ၏ စိတ်ဓာတ်ကို တဖြည်းဖြည်း တိုက်စားသွားနိုင်သောကြောင့် ဖြစ်သည်။
ထိုမှော်လက်နက်များကို ငျန့်ကျောင်းဓားဖြင့် ရိုက်ခွဲလိုက်သည်ကို မြင်သောအခါ ကျန်းဝေမှာ အနည်းငယ် နှမြောသွားမိသည်။
သို့သော်လည်း အစောပိုင်းကပင် သူသည် ယန်ယွမ်သီး တစ်လုံးသာ လိုအပ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်စဉ်အတွင်း ရရှိသမျှ အရာအားလုံးကို လီယန်ချူက ပိုင်ဆိုင်ကြောင်း ပြောခဲ့ပြီးသား မဟုတ်ပါလား။
ထို့အပြင် ယခုကြည့်ရသည်မှာ တစ်ဖက်လူက သူ့ကို အဖော်အဖြစ်ပင် လိုအပ်ပုံမရပါ။
တစ်ယောက်တည်းနှင့်ပင် အရာအားလုံးကို ချေမှုန်းသွားနိုင်စွမ်း ရှိသည်။
လီယန်ချူ ပြောခဲ့သော နည်းလမ်းမှာ ဘာဖြစ်မည်ကို သူ အလွန်ပင် သိချင်နေမိသည်။
"ငါ့ဘေးမှာ ရပ်နေ၊ လျှောက်မသွားနဲ့"
လီယန်ချူက ဆိုသည်။
ထို့နောက် သူသည် အရာဝတ္ထုများကို ထိန်းချုပ်သည့် အတတ် ကို အသုံးပြုကာ ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးပါးစက်ဝိုင်း နှင့် မီးကျီးကန်းတစ်သောင်းအိုး ဟူသော မှော်လက်နက် သုံးခုကို ထုတ်ယူလိုက်သည်။
"ဒါ... ဒါတွေက မီးနတ်ဘုရားရဲ့ လက်နက်တွေ မဟုတ်လား "
ကျန်းဝေမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး လီယန်ချူကို ကြည့်သော အကြည့်များမှာ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုလူငယ်တာအိုဆရာက အမှန်တကယ်ပင် ဘယ်သူနည်း ဘာကြောင့် ဤမျှ အစွမ်းထက်သော မှော်လက်နက်များကို ပိုင်ဆိုင်ထားရသနည်း မီးကျီးကန်းတစ်သောင်းအိုးမှာ မီးတာအိုဂိုဏ်း မှာ ရှိနေရမှာ မဟုတ်လား။
နဂါးငါးပါးစက်ဝိုင်း မှာလည်း သူ မမှားဘူးဆိုလျှင် မော်ရှန်းတောင်မှ တန်းရန်ကျီ ဆိုသော ရက်စက်လှသော လူသတ်သမားရဲ့ လက်နက် ဖြစ်ရပေလိမ့်မည်။
ယခုမူ ထိုအရာအားလုံးမှာ သူ့ လက်ထဲတွင် ရှိနေသည်လား
ကျန်းဝေ စဉ်းစားနေစဉ်မှာပင် လီယန်ချူသည် ဒဏ္ဍာရီလာ မီးမှော်လက်နက်များကို စတင် အသုံးပြုလိုက်ပြီ ဖြစ်သည်။
ကောင်းကင်တစ်ခုလုံးရှိ နတ်ဘုရားမီးလျှံများမှာ တာအိုကျောင်းတစ်ခုလုံးကို ဝါးမြိုသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မှာ ထိတွေ့သမျှ အရာအားလုံးကို တစ်ခဏအတွင်း ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
နေမင်းတမျှ တောက်လောင်သောမီး
မီးနဂါးများနှင့် မီးကျီးကန်းများမှာ တာအိုကျောင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်လှသော တာအိုကျောင်းမှာ ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေရဲ့ အကြွင်းအကျန်နေရာတစ်ခု ဖြစ်သော်လည်း၊ ယခုအခါတွင်မူ မိစ္ဆာများ၏ ကြီးစိုးရာနေရာ ဖြစ်နေခဲ့ပြီ။
နတ်ဘုရားများ၏ ပုံတူများပင် မရှိတော့ဘဲ မိစ္ဆာများသာ ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။
လီယန်ချူ၏ အမြင်မှာမူ ထိုနေရာကို မီးဖြင့်သာ တစ်ချက်တည်း တိုက်ရိုက် တိုက်ဖျက်လိုက်ခြင်းက ပို၍ အပြတ်ရှင်းကာ သန့်ရှင်းသွားစေလိမ့်မည်ဟူ၍ ဖြစ်သည်။