← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း(၄၉၀) ထူးဆန်းသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ

ရွာသားများမှ လွဲပြီး၊ အပြင်လူများသည် ထိုသားရဲကြီးများကို မမြင်ဖူးကြပါ။ သူတို့သည် နေရာပြောင်းရွှေ့ပြီးနောက်၊ အခုမှ အပြင်ထွက်လာရခြင်း ဖြစ်သည်။ ထို့ကြောင့်၊ တိရစ္ဆာန်လေးများက ပျော်ရွှင်နေကြသည်။ သူတို့သည် လူသားများနှင့် နေလာတာ ကြာပြီဖြစ်သော်လည်း၊ ထင်သလောက်မယဉ်သေးပါ။ ထိုတိရစ္ဆာန်လေးများသည် အေးစက်ပြီး စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေပါသည်။

သားရဲများပျော်စံရာမြေမှ ထွက်ခွာလာကြသော စစ်သည်တော်များမှာ အဆင့်မြင့် မျိုးနွယ်စုစစ်သည်တော်များမဟုတ်ဘဲ၊ အလယ်တန်းစစ်သည်တော်များ ဖြစ်သည်။ ထိုအရာကို မြင်သောအခါ၊ ကျန်သူများမှာ စိတ်များ ရှုပ်ထွေးသွားကြရသည်။

မီးတောက်ဦးချိုမျိုးနွယ်စုနှင့် အနီးဆုံးတွင် နေထိုင်သော ဝမ်ရှစ်မျိုးနွယ်စုကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သတင်းများကို အမြဲလိုလိုကြားနေရသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ တပ်တွင် ကြောက်မက်ဖွယ်သားရဲများ ပါလာသောအခါ၊ ထိုသူများသည် အံ့ဩသင့်နေကြသည်။ထိုသားရဲများကြောင့်၊ ဝမ်ရှစ်မျိုးနွယ်စုဝင်များ လွှတ်လိုက်သော သားရဲများ ပြန်မလာကြခြင်းလား။ ဝမ်ရှစ်မျိုးနွယ်စုဝင်များ၏ သားရဲများကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သားရဲများက စားပစ်လိုက်ခြင်းလား။

တောအုပ်ထဲတွင် နေရာယူထားသော ကင်းထောက်များကလည်း ထိုထူးဆန်းသော သားကောင်များ၏ အူသံများကို ကြားနေရသည်။ အရင်တုန်းကဆိုလျှင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သားရဲကြီးများနှင့် တိုးနေပြီဆိုပြီး ပျော်ရွှင်သွားကြမည်သာ ဖြစ်သည်။ အခုတော့ ထိုသားရဲကြီးများမှာ

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ မွေးထားသော သားရဲကြီးများ ဖြစ်နေကြောင်း ၎င်းတို့က သိသွားပြီ ဖြစ်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေမှာ တခြားသားရဲကြီးတွေများရှိနေဦးမလား” တောထဲတွင် သတင်းထောက်လှမ်းရန် ရောက်နေသော ဝမ်ရှစ်မျိုးနွယ်စုဝင်တစ်ယောက်က ပြောလိုက်သည်။

“မသိဘူး… ဒီကောင်တွေနေတဲ့ တောအုပ်က သားရဲကြီးတွေအများကြီးနေတဲ့ နေရာဆိုတော့ နောက်ထပ် သားရဲကြီးတွေများရှိချင်ရှိနေမှာပဲ…” မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင် နောက်ထပ်သားရဲတွေ ရှိမရှိက အရေးမကြီးပါ။ သူတို့အကြီးအကဲက တိုက်ခိုက်ပါဟု အမိန့်ပေးလျှင်၊ သူကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ နောက်ကျောဘက်မှ ဝင်တိုက်ခိုက်မည် သာဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခြင်းက ပိုစိတ်ချရသည် မဟုတ်ပါလား။

“သူတို့ကို ကြည့်ရတာ ဘာလို့ အဲဒီလောက်

အလျင်လိုနေလဲ မသိဘူး… ဒီကောင်တွေ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်” ဝမ်ရှစ်မျိုးနွယ်စုဝင်တစ်ယောက်က ထပ်ပြောလိုက်သည်။ သူသည် ပုန်းအောင်းနေရာမှ ထွက်လာသည်။ အတိတ်တုန်းကဆိုလျှင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူ့နောက်သို့ လိုက်လာမည်သာ ဖြစ်သည်။ အခုတစ်ခေါက်တွင်တော့ ၎င်းတို့သည် သူ့နောက်သို့ လိုက်မလာကြသည့်အပြင် သူ့ကို ကြည့်ပင် မကြည့်ပါ။

“အရမ်းထူးဆန်းတာပဲ…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက စစ်ကြေညာထားတယ် ထင်တယ်… ငါတော့ ကြောက်တယ်…”

“အတွေးတွေ မလွန်ပါနဲ့ကွာ…အကြီးအကဲကို သတင်းပို့စရာရှိတာပဲ ပို့လိုက်ပါ”

ဝမ်ရှစ်မျိုးနွယ်စုဝင်များ နားမလည်နိုင်ဖြစ်နေကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အပြုအမူများမှာ ထူးဆန်းနေကြသည်။ ၎င်းတို့သည် လမ်းတွင် အစာစားခြင်း၊ ခဏနားခြင်းမှ

လွဲပြီး တခြားဘာမှ မလုပ်ကြဘဲ၊ တစ်နေရာသို့ ခရီးပြင်းနှင်နေကြသည်။

ဓားပြများအားလုံးကတော့ သူတို့ကို မတိုက်ခိုက်ရဲသေးပါ။ အဝေးမှ ကုန်သည်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် စကားပြောချင်သော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူတို့ကို အဖက်ပင်မလုပ်ပါ။

မျိုးနွယ်စုဝင်များအားလုံးသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မြင်လိုက်ရသည်အခါ သတိနှင့်နေကြပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုက ဘယ်သူ့ကိုမှ အရေးမစိုက်ဘဲ၊ သူ့ခရီးသာ သူသွားနေပါသည်။

“မီးတောက်ဦးချိုမျိုးနွဘ်စုဝင်တွေက ဘာလိုချင်တာလဲ” မုန့်မျိုးနွယ်စုကလည်း မီးတောက်ဦးချိုမျိုးနွယ်စုများ အခုလို လှုပ်ရှားရသည့်အကြောင်းရင်းကို သိချင်နေကြသည်။

လွန်ခဲ့သော ၂နှစ်က ရှောက်ရွှမ်ပျောက်သွား

သည့်အချိန်ကစပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားမျိုးနွယ်စုဝင်များနှင့် အဆက်အသွယ် ပြတ်သွားသည်။ အခြားသော မျိုးနွယ်စုများက အဖွဲ့များကို ပေါင်းစည်းပြီး ကန္တာရထဲသို့ သွားကြသော်လည်း၊ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ဖိတ်ခေါ်ခြင်း မပြုပါ။ သို့သော် အခုတော့ ၎င်းတို့သည် ဘာတွေကြံစည်နေကြသနည်း။

လွန်ခဲ့သော ၂နှစ်ကစပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သိုသိုသိပ်သိပ်နေထိုင်လာခဲ့ကြသည်။ တစ်ခါတရံတွင် မျိုးနွယ်စုဝင်များကို ကန္တာရထဲသို့ စေလွှတ်သည်မှ လွဲပြီး၊ သူတို့သည် အခြားဘာလှုပ်ရှားမှုမှ မလုပ်ကြပါ။ အခုတော့ ၎င်းတို့သည် စတင်လှုပ်ရှားနေပြီဖြစ်သည်။ အခုထွက်လာသော အဖွဲ့ကို အကြီးအကဲ အော့ ကိုယ်တိုင် ဦးဆောင်လာခြင်း ဖြစ်သည်။

သူတို့ဘာတွေ လုပ်နေကြတာလဲ။

သူတို့သည် အခြားမျိုးနွယ်စုတစ်ခုကိုများ

တိုက်ခိုက်တော့မှာလား။

ထိုအကြောင်းများကို သိထားသော မျိုးနွယ်စုများက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စောင့်ကြည့်နေကြသည်။ သူတို့ စိတ်ထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အင်အားနည်းနေသည်ဟု ထင်ထားသော်လည်း၊ အခုလူစုကို မြင်သောအခါ ၎င်းတို့၏အထင်များ မှားယွင်းနေကြောင်းကို သိလိုက်ရသည်။ နောက်ဆုံးတွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကန္တာရထဲသို့ သွားနေကြောင်းကို သိလိုက်ရသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကျွန်ပိုင်ရှင်များနှင့် တိုက်ခိုက်တော့မှာလား။

တချို့က သူတို့အကြောင်းကို သိချင်နေကြသည်။ တချို့ကလည်း လှောင်ချင်နေကြသည်။ တချို့ကလည်း သူတို့ဘာလုပ်မလဲဆိုတာကို ကြည့်ချင်နေကြသည်။

အကြီးအကဲအော့ကတော့ လူများက ဝိုင်းကြည့်နေသည်ကို အရေးမလုပ်ဘဲ၊ သူ့လမ်းသူ ဆက်သွားနေသည်။

တောအုပ်ထဲမှ ထွက်ခွာလာသည်မှာ ရက်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း၊ အော့ကတော့ စိတ်များ လှုပ်ရှားနေဆဲ ဖြစ်ပါသည်။

ထိုနေ့က မီးဖိုကြီးထဲတွင် မီးမျိုးစေ့က ရှိနေဆဲပင် ဖြစ်သည်။ ထိုနေရာတွင် ဘယ်သူမှမရှိသော်လည်း၊ မီးတောက်များက မီးဖိုကြီးထဲမှ ထတောက်လာသည်။ ထိုအခါ မီးဖိုကြီးနားတွင် ရပ်နေသော နတ်ဆေးဆရာက အမိန့်တစ်ခုထုတ်လိုက်သည်။

နတ်ဆေးဆရာက သူတို့ကို အချက်၂ချက်မှာလိုက်သည်။ ပထမအချက်က ရှောက်ရွှမ် ပြန်လာတော့မည်ဖြစ်သည်။ ဒုတိယအချက်က သူသည် တစ်ယောက် ပြန်လာမည် မဟုတ်ပါ။

“၂ခြမ်းကွဲနေတဲ့ မီးမျိုးစေ့ကတော့ ပြန်

ပေါင်းစည်းတော့မယ်”

နတ်ဆေးဆရာ၏ စကားများကို ကြားလိုက်ရသောအခါ၊ အော့သည် စိတ်များလှဒပ်ရှားလာသည်။ အခုလိုအဖြစ်မျိုးဖြစ်ပေါ်လာရန်အတွက်၊ သူတို့မျိုးနွယ်စုသည် နှစ်ပေါင်းရာနှင့်ချီပြီး စောင့်လာရခြင်းဖြစ်သည်။ သူသည် အကြီးအကဲလုပ်လာသော သက်တမ်းတလျှောက်တွင်၊ အခုလောက် အရေးကြီးသော ကိစ္စများကို တခါမှ မလုပ်ဖူးပါ။ အခုတော့ ၂ခြမ်းကွဲနေသော မီးတောက်ဦးချိုမျိုးနွယ်စုသည် ပြန်လည်ပေါင်းဆုံရတော့မည် ဖြစ်သည်။ သူသေဆုံးသည့်အချိန်ရောက်လျှင်၊ သူသည် ဘိုးဘေးများကို ဂုဏ်ယူစွာ တွေ့နိုင်တော့မည် ဖြစ်သည်။

ချာတိတ်လေး အားရွှမ်ပျောက်ကွယ်သွားခြင်းမှာ ပျောက်ဆုံးနေသော မီးမျိုးစေ့၏ အခြားတဝက်ကို လိုက်ရှာနေခြင်းလား…အားရွှမ်သည် သူနှင့်အတူ လူဘယ်နှယောက်ကို ခေါ်လာမလဲ။

“အထုပ်အပိုးတွေ ပြင်ထားကြ… ဒီနေ့ကစပြီး

ကန္တာရထဲကို ဝင်ကြမယ်” အော့ကလှည့်ပြီး၊ ကျန်သူများကို လှမ်းပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် လှဲနေသော ဆီဆာကို လှမ်းကြည့်လိုက်သည်။ “အားရွှမ်ရဲ့ အနံ့လေးဘာလေး မရဘူးလား”

ဆီဆာက ခေါင်းကို ခါလိုက်သည်။ ရှောက်ရွှမ်ရှိနေသော နေရာမှာ သူနှင့် ဝေးလွန်းလှသဖြင့်၊ ဆီဆာသည် ဘာအနံ့မှ မရပါ။ သို့သော် ကန္တာရထဲတွင် တစ်ခုခုထူးခြားနေပြီဖြစ်ကြောင်းကိုတော့ ရှောက်ရွှမ်သိထားပါသည်။

အော့က အဝေးတစ်နေရာသို့လှမ်းကြည့်နေသော ဆီဆာကို ဒီအတိုင်းထားခဲ့လိုက်သည်။ ထို့နောက် အော့သည် နယ်မြေကျွမ်းကျင်သော ထွော်နှင့် စကားပြောနေသည်။ ထွော်နှင့် တိုင်ပင်သွားပြီးသောအခါ၊ မိုးမျိုးနွယ်စုဝင်များဆီသို့ သွားပြီး အစာရေစာနှင့် သောက်ရေများကို ဖြည့်တင်းကြသည်။

အခုဆိုလျှင် မိုးမျိုးနွယ်စုကို ယန်ဆွေ့က

ဦးဆောင်နေသည်။ ယန်ဆွေ့က မိုးကို ခေါ်နိုင်ခြင်းကြောင့် မျိုးနွယ်စုကို ဦးဆောင်နေခြင်း ဖြစ်သည်။ မိုးမျိုးနွယ်စုဝင်များက ယန်ဆွေ့ကို ဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ခဲ့သည်။ မိုးမျိုးနွယ်စုဝင်များသည် အကြီးအကဲကိုပင် ယန်ဆွေ့ကို ရိုသေသလောက် မရိုသေကြပါ။

အခုအချိန်၂နှစ်အတွင်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကန္တာရထဲသို့ လာသည့်အခါတိုင်း၊ မိုးမျိုးနွယ်စုဝင်များ၏ ရွာတွင် ၂ရက်လောက်နားလေ့ရှိသည်။ ထို့ကြောင့် ယန်ဆွေ့က ရှောက်ရွှမ်ပျောက်ဆုံးနေကြောင်းကို သိနေခြင်း ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ရှောက်ရွှမ်ကို လိုက်ရှာနေသည်ကို သိရသောအခါ၊ ယန်ဆွေ့က ပျော်ရွှင်သွားသဖြင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မိုးကျောက်တုံးအတော်များများကို ပေးလိုက်သည်။ ရာသီဥတုမှာ ပူလောင်ခြောက်သွေ့နေသည့်အချိန်တွင်၊ မိုးကျောက်တုံးများကို သုံးပြီး သောက်ရေပြုလုပ်၍ရပါသည်။ ထို့ပြင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များခေါ်လာသော၊ သားရဲကြီးများမှာ

ကန္တာရထဲတွင် နေလေ့ရှိသော သားရဲများ မဟုတ်ကြသဖြင့်၊ သူတို့သည် ထိုပူလောင်သော ရာသီဥတုဒဏ်ကို အလူးအလဲခံနေကြရသည်။

အရည်အသွေးကောင်းမွန်သော မိုးကျောက်တုံးများမှာ အလွန်အဖိုးတန်သော်လည်း၊ ယန်ဆွေ့ကတော့ မီးတောက်ဦးချိုမျိုးနွယ်စုကို ငှားလိုက်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကသာ ပြန်မပေးဘူးဆိုပါက၊ သူတို့သည် ရင်ကွဲရမည် ဖြစ်သည်။ အခြားမျိုးနွယ်စုဝင်များဆိုပါက၊ ၎င်းတို့သည် မိုးကျောက်တုံးများကို ပေးလိုက်မည် မဟုတ်ပါ။

ယန်ဆွေ့ကတော့ ရှောက်ရွှမ်ကို ကျေးဇူးဆပ်ချင်နေသူဖြစ်သည်။ ရှောက်ရွှမ်သည် မိုးခေါ်ရာတွင် သူ့ကို ကူညီခဲ့သူမဟုတ်ပါလား။

ယန်ဆွေ့က ကုလားအုတ်များပါ ငှားလိုက်မည်ဟု ပြောသော်လည်း၊ အော့က ငြင်းလိုက်ခြင်း ဖြစ်သည်။ ကုလားအုတ်များသည် နှေးကွေးသဖြင့်၊ ကုလားအုတ်များနှင့် သွားရမည်ဆိုလျှင်

ခရီးတွင်မှာ မဟုတ်ပါ။ အော့သည် ယန်ဆွေ့က မိုးကျောက်တုံးများကို ပေးလိုက်သည့်အချိန်တွင် ယန်ဆွေ့နားတွင် ထိုင်နေသော ကောင်မလေးမှာ၊ ကြောက်လန့်နေသည်ကို မြင်တွေ့လိုက်ရသည်။

ခဏနားလိုက်ပြီးသည့်နောက်တွင်၊ အော့သည် သူ၏ လူများကို ဦးဆောင်ပြီး ကန္တာရထဲသို့ ဆက်လက်ဝင်သွားပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်အများစုသည် ထိုနေရာကို တခါမှ မရောက်ဖူးကြပါသည်။ ထို့ကြောင့် ထိုနားတဝိုက်မှ ရာသီဥတုနှင့် အသားကျအောင် အတော်ကျင့်ယူနေရသည်။ ရက်ပေါင်းများစွာ ကြာသွားမှသာ ထိုရာသီဥတုနှင့် အသားကျသွားကြသည်။ သို့သော် ၎င်းတို့၏ ကြောက်မက်ဖွယ်သားရဲများကတော့ ခရီးပန်းနေကြလေသည်။

“ကန္တာရထဲမှာ ဒီလောက်ပူမယ်လို့ ထင်မထားဘူး” မော့က ချွေးများကို သုတ်ရင်းပြောလိုက်သည်။ လဲ့နှင့်ထွော်တို့သာ ကန္တာရထဲ ရောက်ဖူးသူများ ဖြစ်ကြပြီး၊ သူကတော့ မရောက်ဖူးပါ။ သူတို့သာ အစာပြတ်နေသဖြင့်၊ စွတ်ရကိုပင် ကင်စား

ရန် စဉ်းစားနေကြသည်။

“ယန်ဆွေ့က မိုးကျောက်တုံးတွေကို ပေးလိုက်လို့တော်သေးတာပေါ့…မဟုတ်ရင်တော့ ဒုက္ခပဲ…” ထွော်က ဘေးဘီသို့ ကြည့်လိုက်သည်။ သူသည် နေလုံးကို ကြည့်ပြီး သွားရမည့် အရပ်မျက်နှာကို ရှာဖွေနေပါသည်။ သဲသောင်ကုန်းများမှာ အစဉ်အမြဲပြောင်းလဲနေသဖြင့်၊ သဲသောင်ကုန်းများကို ကြည့်ပြီး အရပ်မျက်နှာခွဲရမည် ဆိုလျှင်၊ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချနိုင်မည် မဟုတ်ပါ။ “အခုလိုအချိန်မှာ၊ နားလိုက်တာအကောင်းဆုံးပဲ…မှောင်သွားမှ ခရီးဆက်ကြမယ်”

အော့ကလည်း ထွော်နှင့်အတွေးချင်တူပါသည်။ သို့သော် ထိုအချိန်တွင် ဆီဆာက ထလာပြီး၊ ဘေးပတ်ဝန်းကျင်ကို သတိဝီရိယနှင့် ကြည့်နေပါသည်။

“ဘာဖြစ်တာလဲ” အော့က မေးလိုက်သည်။ အခြားသော သားရဲများကတော့ ပုံမှန်သာဖြစ်သည်။

ဘာပဲဖြစ်ဖြစ်၊ သူတို့အနေနှင့် သတိထားခြင်းက အကောင်းဆုံးဖြစ်ပါသည်။ အော့က နောက်လှည့်ပြီး သူ့လူများကို အချက်ပြလိုက်သည်။ ထိုအခါမှ အားလုံးလည်း သတိဝင်လာကြသည်။ သူတို့သည် အနှောင့်အယှက်ပေါင်းများစွာကို ကြုံဖူးကြသူများ ဖြစ်ပြီး၊ ကန္တာရသားရဲများကိုလည်း ကြုံဖူးသူများ ဖြစ်ကြသည်။ သို့သော် အခုတခေါက်တွင်တော့ ဆီဆာ၏ အပြုအမူကသာ ထူးခြားနေပြီး၊ ကျန်သားရဲများကတော့ ပုံမှန်ပင် ဖြစ်သည်။

သို့သော် မကြာခင်တွင် သားရဲများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

သူတို့အားလုံးသည် သားရဲများ၏ အူသံများကို ကြားနေရသည်။

“ရှဲ…ရှဲ…ရှဲ”

အသံမှာ သဲများ စီးဆင်းနေသော အသံနှင့် တူ

နေပါသည်။

ထို့နောက် သူတို့လူစုရှေ့တွင် အနက်ရောင်အစက်အပြောက်ကလေးများ ပေါ်လာသည်။တဖြည်းဖြည်းနှင့် ထိုအနက်ရောင်အစက်အပြောင်လေးများသည် ပိုပိုများလာပါသည်။

“ပိုးကောင်တွေဟေ့…”

“ပိုးကောင်တွေက ဘာလို့ ရောက်လာတာလဲ”

“အားလုံး သတိထားကြဟေ့…” အော့က ဓားကို ကိုင်ထားရင်း ပြောလိုက်သည်။ ထို့နောက် ဆီဆာက ရှေ့သို့ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်။

အော့က သူ့လူများအား ကန္တာရထဲသို့ ခေါ်လာသည့်အချိန်တွင်၊ ရှောက်ရွှမ်တို့က သမုဒ္ဒရာကို ဖြတ်ကူးတုန်းပင် ရှိသေးသည်။

ထိုရက်များအတွင်း ရှောက်ရွှမ်တို့သည် အသား

ခြောက်များနှင့် သီးနှံများကိုသာ စားသောက်ခဲ့ရသည်။ လွန်ခဲ့သော နှစ်က ထောင်ချီရွှေကောက်ပဲသီးနှံများကို ရိတ်သိမ်းထားခြင်းမာ အခုအချိန်တွင်တော့ အသုံးဝင်လာပြီဖြစ်သည်။ ထောင်ချီရွှေကောက်ပဲသီးနှံကို စားလိုက်ရလျှင် ကုန်ဆုံးသွားသော အားအင်များ ပြန်လည် ပြည့်ဝလာသောကြောင့် ဖြစ်သည်။ ရေကိုတော့ သူတို့သယ်ဆောင်လာသည့် သောက်ရေများအပြင်၊ ရှောက်ရွှမ်၏မိုးကျောက်တုံးမှ ရလာသော ရေများကို သောက်သုံးကြသည်။ တစ်ခါတရံတွင်တော့ ပင်လယ်မှော်များကြားတွင်၊ ပုန်းအောင်းနေသော သားကောင်လေးများကို ဖမ်းယူစားသောက်ကြသည်။

သူတို့တွင် အစာရေစာ အလုံအလောက်ပါလာသော်လည်း၊ ခရီးပြင်းနှင်လာရသည် ဖြစ်သောကြောင့် ခရီးပန်းနေကြပြီ ဖြစ်သည်။ ကလေးများ၏ ပါးပြင်များဆို နီရဲနေပြီ ဖြစ်သည်။

“မကြာခင်မှာ ရောက်တော့မှာပါ”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၉၁) ညီနောင်များ

ရှောက်ရွှမ်သည် သွားနေရင်းနှင့် အရိုးလေးများဆီမှ စွမ်းအင်များ တဖြည်းဖြည်း နည်းလာသည်ကို ခံစားလိုက်ရသည်။

အစပိုင်းတွင်တော့ ပင်လယ်ရေသည် သူတို့နှင့် ဝေးကွာသော နေရာတွင် စီးဆင်းနေပါသည်။ ထို့နောက်တွင်တော့၊ ဖြစ်ပေါ်နေသော လမ်းမှာ တဖြည်းဖြည်း ကျဉ်းလာသဖြင့်၊ သူတို့အဖွဲ့သည် စီတန်းပြီးသွားလာရသည်။

သူတို့သည် အခုမှသာ မွေးရပ်မြေမှ စွန့်ခွာဖူးခြင်း ဖြစ်ပြီး၊ အခုလို ဆန်းပြားသော လမ်းပေါ်တွင် လျှောက်သွားဖူးခြင်းဖြစ်သည်။ အစပိုင်းတွင်တော့ အံ့ဩနေကြသော်လည်း၊ နောက်ပိုင်းတွင်တော့ ၎င်းတို့သည် စိတ်လှုပ်ရှားနေကြသည်။

သူတို့သည် ဘေးတစ်ဖက်တစ်ချက်တွင် ဖြစ်

ပေါ်နေသော ရေတံတိုင်းကြီးများကို ကြည့်ပြီး၊ ဘိုးဘေးများ၏အရိုးလေးများမှ စွမ်းအင်များကုန်ဆုံးသွားမည်ကို စိုးရိမ်နေပါသည်။ ဘိုးဘေးများ၏ အရိုးများမှ စွမ်းအင်များ ကုန်ဆုံးသွားပါက၊ ရေတံတိုင်းကြီးများပြိုကျလာမည် ဖြစ်ပြီး၊ သူတို့အားလုံးသည် ပင်လယ်ရေအောက်တွင် နစ်မြုပ်သွားကြမည် ဖြစ်သည်။ သူတို့သည် အပြောကျယ်လှသော ပင်လယ်ကြီးနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်ပါ။ သူတို့၏ အနာဂတ်မှာ ရေရာသေချာမှု မရှိသေးပါ။

မျိုးနွယ်စုထဲတွင် အလုပ်တစ်ခုကို နေ့စဉ်လုပ်လာသူများ ရှိပါသည်။ သူတို့တွင် ခါတိုင်းဆိုလျှင် လုပ်စရာများ ပုံမှန်ရှိနေကြသော်လည်း၊ အခုတော့ သူတို့သည် ဘာလုပ်ရမှန်းမသိတော့ပါ။ သို့သော် သူတို့သည် တစ်ခုခုဖြစ်လာလျှင်လည်း မျိုးနွယ်စုတစ်ခုလုံးနှင့် အသေခံသွားရုံသာ ရှိတော့သည်။

ရှောက်ရွှမ်က ရှေ့ကို လှမ်းကြည့်လိုက်သည်။

ရှေ့တွင် ပင်လယ်ရေများသာ ရှိသော်လည်း၊ သူ့စိတ်ထဲတွင် ထိုနေရာနှင့် ရင်းနှီးလာသလို ခံစားလိုက်ရသည်။

ရှောက်ရွှမ် ပထမဆုံးကျွန်ပြုခဲ့သော အပြာရောင်ချေးပိုးထိုးကောင်လေးမှာ ထိုနားသို့ရောက်နေပြီဖြစ်သည်။ ထိုချေးပိုးထိုးလေးသာမက၊ သူမြင်လိုက်ရသည်မှာ…

ရှောက်ရွှမ်၏ မျက်လုံးများထဲတွင် ပျော်ရွှင်သည့်အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

“မကြာခင် ကျွန်တော်တို့ ရောက်တော့မယ်… ကျွန်တော်တို့ကို လာကြိုတဲ့လူတွေ စောင့်နေလိမ့်မယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

ရှောက်ရွှမ်သည် ဆီဆာရောက်နေသည်ကို ခံစားလိုက်မိသည်။ ရှောက်ရွှမ်နှင့် ဆီဆာကြားရင်းနှီးမှုမှာ နီလာလေးနှင့် ရင်းနှီးသလောက် ရင်းနှီးမည် မဟုတ်။ သူသည် ဆီဆာ၏ တည်ရှိမှုကို ခံစားလိုက်ရသည်မှာ ဆီဆာသည် အနားတွင်

ရောက်နေသောကြောင့် ဖြစ်သည်။ ဆီဆာသည် လမ်းအဆုံးတွင် သူတို့ကို စောင့်ကြိုနေခြင်း ဖြစ်ပေလိမ့်မည်။

ဆီဆာသာ ရောက်နေသည်ဆိုပါက၊ အခြားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များလည်း ရောက်နေမည် ဖြစ်သည်။ နတ်ဆေးဆရာနှင့် အော့တို့က ဆီဆာကို တစ်ကောင်တည်းတော့ လွှတ်လိုက်မည် မဟုတ်ပေ။

ရှောက်ရွှမ်က နတ်ဆေးဆရာမနှင့် ကျန်းလော်တို့အား ထိုအကြောင်းများကို ပြောပြလိုက်သည်။ ထိုအခါ အားလုံးမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။

သူတို့သည် ဘာကြောင့် ထိုမျှ စိုးရိမ်နေရသနည်း။ သူတို့သည် ငြင်းပယ်ခံရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ အားလုံးက လျှို့ဝှက်ချက်များကို သိထားပြီး ဖြစ်သလို၊ အခုတော့ ကွဲကွာနေသော မီးတောက်ဦးချိုမျိုးနွယ်စု၂ခု ပြန်ပေါင်းဆုံရတော့မည် ဖြစ်သည်။

သူတို့သည် ခရီးဆုံးသို့ ရောက်ခါနီးလာသောအခါ၊ ရေတံတိုင်းကြီးများမှာလည်း ပြောင်းလဲသွားပါသည်။ ရေတံတိုင်းကြီးများသည် တဖြည်းဖြည်း နိမ့်ဆင်းလာကြသည်။

သူတို့လျှောက်နေသော လမ်းကြောင်းကတော့ ပိုမိုတောက်ပလာလေသည်။

ဘိုးဘေးများ၏ အရိုးလေးများမှ ထွက်ပေါ်နေသော စွမ်းအင်များကတော့ တဖြည်းဖြည်းလျှော့နည်းလာနေပြီဖြစ်သည်။ သူတို့ခရီးစဉ်သည် ဘိုးဘေးများ၏ အရိုးမှ စွမ်းအင်များကို အားကိုးပြီး လာခဲ့ရခြင်း ဖြစ်သည်။ ဘိုးဘေးများ၏အရိုးမှ စွမ်းအင်များသာ ကုန်ဆုံးသွားပါက၊ သမုဒ္ဒရာထဲသို့ သူတို့အားလုံးနစ်မြုပ်သွားမည် ဖြစ်သည်။

ရှောက်ရွှမ်ကတော့ ဘိုးဘေးများသည် ထိုမျှသာ ကူညီနိုင်မည်ဆိုတာကို သိထားသည်။ ကျန်တာကတော့ သူတို့အနေနှင့် ကိုယ့်အားကိုယ်ကိုးရုံသာ ရှိတော့သည်။

ရှောက်ရွှမ်သည် မျိုးနွယ်စုဝင်များကို ဦးဆောင်လာသူဖြစ်သောကြောင့်၊ အားလုံးကို ခရီးဆုံးရောက်အောင် ပို့ဆောင်ပေးရမည် ဖြစ်သည်။

ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်တစ်လုံးကို ထုတ်ယူလိုက်ပြီး၊ ရေများကို အားနှင့် ထိုးခွဲလိုက်သည်။ မီးလျှံသလင်းကျောက်များ၏ အစွမ်းမပါပါက၊ သူသည် ထိုအလုပ်ကို လုပ်ဆောင်နိုင်မည် မဟုတ်ပါ။

ထိုအခါ လူများ၏ ခြေထောက်နှင့် ထိနေပြီ ဖြစ်သော ရေများသည် ပြန်လည်လျှော့ကျသွားသည်။ အခုဆိုလျှင် ရေတံတိုင်းကြီးမှာ သူနှင့် ခြေတစ်လှမ်းအကွာလောက်တွင်သာ ရှိတော့သည်။

ထိုသို့ဖြစ်ပေါ်လာအောင် ရှောက်ရွှမ်က လုပ်ဆောင်နေသည်ကို သိသောကြောင့်၊ နတ်ဆေးဆရာမသည် ကျန်းလော်အား မီးလျှံသလင်းကျောက်များထည့်ထားသော အိတ်တစ်လုံးကို ပေးလိုက်သည်။ နတ်ဆေးဆရာမသည်

အသက်အရွယ်အိုမင်းနေပြီ ဖြစ်သောကြောင့် လူတစ်ယောက်၏ ကျောပေါ်မှ လိုက်လာရခြင်း ဖြစ်သည်။ သူမက လမ်းမလျှောက်နိုင်သောကြောင့်၊ ကျန်းလော်က မီးလျှံသလင်းကျောက်များထည့်ထားသော အိတ်ကို ရှောက်ရွှမ်အားသွားပေးလိုက်သည်။

ရှောက်ရွှမ်သည် မီးလျှံသလင်းကျောက်တစ်လုံးမှ စွမ်းအင်များကို ထုတ်သုံးပြီးသွားသောအခါ၊ ကျန်းလော်က သူ့ကို နောက်တစ်လုံး ထုတ်ပေးပါသည်။

လှိုဏ်ခေါင်း အဆုံးတွင်တော့၊ တောင်ကမ်းပါးစွန်းတစ်ခု ဖြစ်ပေါ်နေသည်။

လာကြိုသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရောက်နေကြပြီ ဖြစ်သည်။ သူတို့သည် ပိုးမွှားအုပ်ကြီးကို ကြောက်နေကြသော်လည်း၊ သို့သော် ထိုပိုးမွှားအုပ်ကြီးကို ချေးပိုးထိုးကြီးတစ်ကောင်က ဦးဆောင်လာမည်ဟု ထင်မထားပါ။ ထိုပိုးမွှားအုပ်ကြီးနှင့် ဆီဆာတို့နောက်မှ လူများက

လိုက်ပါလာကြသည်။

“အဲဒါအားရွှမ် ပင်လယ်ထဲကို ပြုတ်ကျသွားတဲ့နေရာလား” ကွေ့ဟယ်က မေးလိုက်သည်။

မျိုးနွယ်စုထဲမှ အဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသော ကွေ့ဟယ်နှင့် ထာ့တို့က လာကြိုသောအဖွဲ့တွင် လိုက်ပါရန် ငြင်းခုန်ခဲ့ကြသေးသည်။ သူတို့မှာ မျိုးနွယ်စုထဲတွင် အရေးပါသောသူများဖြစ်သောကြောင့်၊ ဤခရီးစဉ်တွင် ၂ယောက်လုံး လိုက်ပါ၍ မရပါ။ တစ်ယောက်က ရွာတွင် နေခဲ့ရဦးမည် ဖြစ်သည်။ အဆုံးသတ်တွင်တော့ ကွေ့ဟယ်သည် ငှက်တစ်ကောင်အား ပတ်ဝန်းကျင်အား ကွင်းဆင်းလေ့လာခိုင်းလိုက်ပြီး၊ သူက ရှောက်ရွှမ်တို့အား ကြိုမည့် အဖွဲ့တွင် လိုက်ပါလာသည်။ ထာ့ကတော့ ရွာတွင်သာ နေခဲ့ပါသည်။

ချာချာကတော့ ပျောက်နေသည်မှာ ကြာလှပြီ ဖြစ်ပြီး၊ ဘယ်သူကမှ သူ့အား ရှာမတွေ့နိုင်ပါ။ အခုတော့ ကွေ့ဟယ်၏ နှင်းဖြူစွန်ကြီးကို

အသုံးပြုပြီး ပတ်ဝန်းကျင်အား ထောက်လှမ်းနေရပေသည်။

“ဒီနေရာပဲ ဖြစ်ရမယ်” အော့က ရှောက်ရွှမ် ပင်လယ်ထဲ ခုန်ချသွားသည် အဖြစ်ကို တွေးမိပြီး စိတ်မသက်မသာ ဖြစ်သွားသည်။ သို့သော် နှင်းမြို့တော်နှင့် မီးမြို့တော်ကတော့ အခုအချိန်တွင် မရှိတော့ပါ။ ကန္တာရအရှင်သခင် ယန်လင်းသာရှိပါတော့သည်။

နှင်းမြို့တော် ရွှေချပ်ဝတ်တပ်မတော်မှ လူများအားလုံး သေဆုံးသွားကြပြီဖြစ်သည်။

“အဲဒါဆို ကျွန်တော်တို့က ဒီနေရာက ပဲစောင့်ရမှာလား” ကွေ့ဟယ်က ပြောလိုက်သည်။

အော့သည် တောင်စွန်းတွင် ထိုင်နေသော ဆီဇာကို ကြည့်လိုက်ပြီး “ ငါတို့ ဒီနေရာကပဲ စောင့်ကြမယ်”ဟု ပြောလိုက်သည်။

ဆီဆာကတော့ ပင်လယ်ထဲကို ကြည့်နေ

ပါသည်။ ရှောက်ရွှမ်သည် ရေပြင်ထဲမှ ထွက်ပေါ်လာမလား စောင့်ကြည့်နေခြင်း ဖြစ်ပါသည်။

အော့တို့ကတော့ ဆီဆာ၏ အပြုအမူကို နားမလည်သော်လည်း၊ သူတို့ တတ်နိုင်သည်မှာ စောင့်နေရုံသာဖြစ်သည်။ သူတို့သည် တောင်အောက်သို့ဆင်းသွားပြီး၊ ငါးတချို့ကို မှိန်းနှင့် ထိုးပြီး ဖမ်းယူကြသည်။ သူတို့သည် ငါးကြီးများကိုတော့ လက်ရှောင်ပါသည်။ သူတို့သည်တောအုပ်ထဲမှ သားရဲများကို မကြောက်ကြသော်လည်း၊ ရေအောက်မှ သားရဲများကိုတော့ ရန်မစရဲကြပါ။

နေ့များကုန်ဆုံးသွားပြီးနောက်၊ရေပြင်ပေါ်သို့ ထွက်ပေါ်လာသော လူများကို မတွေ့ရပါ။ တစ်နေ့တွင်တော့ ဆီဆာသည် သမုဒ္ဒရာရေပြင်ကို ကြည့်ပြီး၊ အူလိုက်လေသည်။

မျိုးနွယ်စုဝင်များအားလုံးသည် လုပ်လက်စအလုပ်များကို ရပ်ထားပြီး၊ တောင်စွန်းနားသို့ ပြေးလာကြသည်။

“လာကြည့်ကြဟေ့… အဲဒါဘာတွေလဲ”

“မီးတွေလား…”

“အဓိပ္ပါယ်မရှိတာကွာ… ရေထဲမှာ ဘယ်လိုလုပ်ပြီး မီးရှိမှာလဲ… နေဦးကွ… မင်းပြောတာ ဟုတ်တယ်ထင်တယ် မီးတွေလား မသိဘူး”

အားလုံးသည် တောင်စွန်းပေါ်မှ ရပ်ကြည့်နေကြသည်။

“ပင်လယ်ထဲမှာ ဘယ်လိုလုပ်ပြီး မီးတွေတောက်နေတာလဲ… ရှောက်ရွှမ် လုပ်ထားတာလား” ကွေ့ဟယ်က နားမလည်နိုင်ဖြစ်နေသည်။ ပြာလဲ့သော ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မီးတောက်များက ထွက်ပေါ်နေပါသည်။ သူတို့မှာ နေရောင်ခြည်ကို ရောင်ပြန်ဟပ်သည့် အလင်းတန်းများ မဟုတ်ပါ။

ဆီဆာက နောက်တခါ အူလိုက်ပြီး၊ ရှေ့သို့ ပြေးသွားချင်သော်လည်း၊ သူရပ်နေသည်မှာ တောင်

စွန်းတွင် ဖြစ်သောကြောင့် ရှေ့ဆက်တိုး၍ မရတော့ပေ။ ထို့ကြောင့် ၎င်းမှာ ဆက်လက်ပြီးသာ စောင့်နေရပါတော့သည်။

“အဲဒါ လူတွေလား”

ပင်လယ်ထဲမှ မီးတောက်များသည် ကုန်းမြေနှင့် နီးလာသည်နှင့်အမျှ၊ မီးတောက်များကြားမှ လှုပ်ရှားနေသော အရိပ်များကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအားလုံး၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာပြီး၊ သူတို့ စိတ်ထဲမှ နတ်မီးတောက်များကလည်း ကခုန်နေပါသည်။ သို့သော် နတ်မီးတောက်မှာ စစ်သွေးစစ်မာန်များ ကြွပြီး ကခုန်နေခြင်းမဟုတ်၊ ပျော်ရွှင်စွာဖြင့် ကခုန်နေခြင်း ဖြစ်သည်။ အားလုံးမှာ သူတို့ဆီမှ ပျောက်ကွယ်နေသော အရာတစ်ခုကို ပြန်တွေ့ရတော့မလို ခံစားနေရပါသည်။

အော့သည် နတ်ဆေးဆရာမှာလိုက်သည်များကို ပြန်စဉ်းစားကြည့်နေသည်။ သူ့ရင်သည်

တဒိတ်ဒိတ်ခုန်နေပြီး၊ လက်ဝါးများကလည်းချွေးများ ပြန်နေပါသည်။ သူသည် ခေါင်းကို ဘယ်ညာလှည့်လိုက်ပြီး၊ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေပါသည်။

အော့၊ ကွေ့ဟယ်နှင့် ကျန်သူများအားလုံးသည် ပင်လယ်ရေပေါ်မှ ထွက်ပေါ်လာနေသော မီးတောက်များကို ကြည့်နေကြသဖြင့် ၊ သူတို့နောက်မှ လူများကို သတိမထားမိကြတော့ပါ။

နောက်မှလူများက သူတို့ကို ဝင်တိုးမိသောအခါ၊ သူတို့သည် တံတောင်နှင့် ပြန်တွတ်လိုက်ပါသည်။

“ နေပါဦးဟ… ငါတို့ကို တွန်းချမလို့လား” ထိုစစ်သည်တော်သည် ပြောရင်းနှင့် စိတ်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရသည်။ တစ်စုံတရာက သူ့နောက်မှ လိုက်ပါလာသော အလင်းရောင်များကို ပိတ်ကွယ်သွားသည်။ သူသည် လှည့်ကြည့်လိုက်သောအခါ အတားအဆီးတစ်ခုကိုတွေ့လိုက်ရသည်။

ထိုစစ်သည်တော်သည် မျက်နှာကြီးရှုံ့မဲ့ပြီး၊ ထွက်ပေါ်လာသော ဧရာမ ချေးပိုးထိုးကြီးကို လမ်းဖယ်ပေးလိုက်ရသည်။

ရှေ့မှလူများက လျင်မြန်စွာလမ်းဖယ်ပေးလိုက်သည်။ သာမန်အချိန်များဆိုလျှင်တော့ ၎င်းတို့သည် ဧရာမသားရဲကြီးများကို ကြောက်ရွံ့လေ့မရှိပါ။ သို့သော် အခုတော့ အခြေအနေက ထူးခြားသော အခြေအနေ ဖြစ်နေသည်။ ထိုချေးပိုးထိုးကြီးမှာ ပိုးမွှားအုပ်ကြီးကို ဦးဆောင်လာသော ခေါင်းဆောင်ချေးပိုးထိုးကြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုချေးပိုးထိုးကြီးအား ဒေါသထွက်အောင် မလုပ်ရဲကြခြင်း ဖြစ်သည်။

ချေးပိုးထိုးကြီးကတော့ ရှေ့တည့်တည့်သို့သာ ဆက်ပြီးကြည့်နေပါသည်။ ထို့နောက် အတောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး၊ ပင်လယ်ထဲမှ မီးတောက်များဆီသို့ ပျံသန်းသွားသည်။

အားလုံးမှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။

“ဟာ.. ချေးပိုးထိုးကြီးက ပျံနိုင်တယ်ဟ”

ခဏလောက် စဉ်းစားလိုက်ပြီး၊ ကွေ့ဟယ်သည် သူ့ စွန်ငှက်ကြီးကို ချေးပိုးထိုးကြီးနောက်သို့ လိုက်သွားခိုင်းလိုက်သည်။

ရှောက်ရွှမ် ရှိသမျှစွမ်းအားများကို အစွမ်းကုန်ထုတ်ပြီး၊ ဖြစ်ပေါ်နေသော စင်္ကြံလမ်းကလေး ပျောက်ကွယ်မသွားအောင် ကြိုးစားနေရသည်။ ထိုသို့ ကြိုးစားရခြင်းမှာ ပင်ပန်းအားကုန်လှပါသည်။ရှောက်ရွှမ်သည် တဖြည်းဖြည်းနှင့် အားကုန်တော့မည် ဖြစ်သည်။ သို့သော် ၎င်းတိ့သည် တဖြည်းဖြည်းနှင့် ကုန်းမြေနားနီးလာပြီ ဖြစ်သည်။ သူသည် လေထဲတွင် ပျံ့လွင့်နေသော ဖုန်များနှင့် သဲများ အနံ့ကို ရနေပါသည်။

ရှောက်ရွှမ်သည် တစ်စုံတရာကို အာရုံရလိုက်သဖြင့်၊ အပေါ်ကို မော့ကြည့်လိုက်သည်။

အားလုံးမှာလည်း တဝီဝီမြည်နေသော အသံ

ကြီးကို ကြားလိုက်ရသဖြင့်၊ အပေါ်ကို မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ပေါ်တွင် ပျံသန်းနေသော အပြာရောင်ပိုးကောင်အုပ်ကြီးကို မြင်လိုက်ရသောအခါ၊ ရှောက်ရွှမ်သည် ပြုံးလိုက်သည်။

“နီလာကြီး … မတွေ့တာ ကြာပြီနော်”

ကျန်းလော်သည် ရှောက်ရွှမ်၏ အော်သံကို ကြားသောအခါ၊ သူ့လူများအား လက်နက်များကို ချထားရန် အချက်ပြလိုက်သည်။

အားလုံးက ကြီးမားသော ချေးပိုးထိုးကောင်ကြီး ရှောက်ရွှမ်ကို ပေါ်သို့ လာနားသည်ကို ကြည့်နေလိုက်သည်။

ထို့နောက် ကောင်းကင်ပေါ်တွင် ပျံဝဲနေသော ငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုငှက်မှာ ချာချာမဟုတ်ဘဲ၊ ကွေ့ဟယ်မွေးထားသော သိမ်းစွန်ကြီးဖြစ်သည်။ ထိုငှက်ကြီးရောက်နေပြီဆို

လျှင်၊ ကွေ့ဟယ်တို့လည်း ရောက်နေပြီ ဖြစ်ပေလိမ့်မည်။

ထိုအခါ ရှောက်ရွှမ်သည် စိတ်သက်သာရာရသွားသည်။ သူ့လက်ထဲမှ မီးလျှံသလင်းကျောက်ကတော့ ပြာများသာ ကျန်ပါတော့သည်။ ရှောက်ရွှမ်သည် ကျန်းလော်ဆီမှ နောက်မီးလျှံသလင်းကျောက်တစ်လုံးကို တောင်းယူလိုက်သည်။

“ရောက်ခါနီးပြီ… မကြာခင်မှာ ကျွန်တော်တို့ ညီအစ်ကို တွေနဲ့တွေ့ရတော့မယ်…” ရှောက်ရွှမ်ကပြောရင်းနှင့် နီလာကြီးအား သက်ကြီးရွယ်အိုများနှင့် ကလေးများအား ခေါ်ဆောင်သွားစေသည်။

ကျန်းလော်က အဖိုးအိုတစ်ယောက်နှင့် ကလေး၂ယောက်ကို နီလာကြီးနှင့်ထည့်လိုက်ပါသည်။ ထို၃ယောက်မှာ ပြင်းထန်စွာ ဖျားနေကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့၃ယောက်ကို ချေးပိုးထိုးကြီးနှင့် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

ရှောက်ရွှမ်၏ အမိန့်ကိုရသောအခါ၊ နီလာကြီးသည် ထိုလူ၃ယောက်ကို သယ်ဆောင်သွားပါသည်။ အစကတော့ ၎င်းသည် ထိုလူသုံးယောက်ကို ဘောလုံးများလို လှိမ့်ပြီး သယ်ဆောင်သွားမလို့ လုပ်နေခြင်းဖြစ်ပါသည်။ သို့သော်နောက်မှ နီလာကြီးသည် ထိုသူများမှာ သက်ရှိလူသားများ ဖြစ်နေကြောင်း သိသွားသည်။ သူသည် သက်ရှိလူသားများအား တစ်ခါမှ မသယ်ဆောင်ဖူးပေ။

နီလာကြီးက ထိုလူ၃ယောက်ကို သယ်ဆောင်သွားသောအခါမှ၊ သူတို့၏ စိတ်ထဲတွင် သက်သာရာရသွားပါသည်။ ထိုအချိန်တွင် သူတို့စိတ်ထဲတွင် ရင်းနှီးမှုတစ်ခုက ဖြစ်ပေါ်လာသည်။ သူတို့ စိတ်ထဲတွင် သူတို့၏ သွေးသားအရင်းအချာများနှင့် ပြန်တွေ့ရတော့မလို ခံစားလိုက်ရသည်။

တောင်စွန်းပေါ်မှ အော့သည် ရောက်လာသော လူ၃ယောက်ကို ဆီးကြိုလိုက်သည်။

“ကြိုးဘယ်ရောက်သွားလဲ… ကြိုးတွေ အသင့်ပြင်ထားကြ” အော့ကအော်လိုက်သည်။

“အကြီးအကဲရေ… ကြိုးတွေက မလောက်တော့ဘူး… ကျွန်တော်တို့ ငါးဖမ်းတုန်းက သုံးလိုက်ပြီ”

ခဏလောက်စဉ်းစားပြီးသွားသောအခါ၊ အော့သည် သူ့ခါးတွင် ပတ်ထားသော သားရေအဝတ်များကို ကြည့်လိုက်ပါသည်။ ရာသီဥတုက ပူပြင်းနေသောကြောင့်၊ အားလုံးမှာ အင်္ကျီများကို ချွတ်ထားကြသည်။ ထို့ကြောင့် အော့သည် ခါးမှ အဝတ်ကို ချွတ်လိုက်ပြီး “ ကြိုးမရှိရင် ဒါကို သုံးကွာ” ဟုပြောလိုက်သည်။

အင်္ကျီတစ်ထည်တည်းနှင့် မလုံလောက်လျှင်၊ အင်္ကျီ၁၀၀၀လောက်ကို သုံးရမည် ဖြစ်သည်။

သူတို့အားလုံး၏ အင်္ကျီများမှာ ကြောက်မက်ဖွယ်သားရဲကြီးများ၏ သားရေများနှင့် ချုပ်ထားခြင်း ဖြစ်သောကြောင့်၊ ခိုင်ခံ့မှု ရှိပေသည်။

ထိုအင်္ကျီများအားလုံးကို ချည်နှောင်လိုက်ပြီးနောက်၊ အော့က သူ၏ နီရဲနေသော မျက်လုံးများကို လက်နှင့် ပွတ်လိုက်ပါသည်။ သူ့ကိုကြည့်ရသည်မှာ ငိုနေသောသူ တစ်ယောက်နှင့် တူနေသည်။

ပင်လယ်ထဲမှ မီးတောက်များက ကုန်းမြေနားသို့ ရောက်ရှိလာပြီး၊ ပင်လယ်ကြမ်းပြင်ပေါ်မှ လူများသည် တောင်စွန်းပေါ်မှ လူများကို လှမ်းမြင်နေရသည်။

“ ငါတို့တွေ နှစ်တွေအကြာကြီး ခွဲခွာခဲ့ကြရတယ်… မင်္ဂလာပါ ညီအကိုတို့”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၉၂)

ဤခရီးတစ်လျှောက်တွင် ရှောက်ရွှမ်သည် မျှော်မှန်းထားသည်ထက် ပို၍ ပြောင်မြောင်စွာ စွမ်းဆောင်နိုင်ခဲ့ကြောင်းကို အော့တို့ဝန်ခံရမည် ဖြစ်သည်။ သို့သော် အခုအချိန်တွင်တော့ ၎င်းတို့သည် ထိုကိစ္စများကို အရေးမလုပ်အားပါ။ သူတို့သိသည်မှာ ရှောက်ရွှမ်နှင့်ပါလာသူများသည် သူတို့မျိုးနွယ်စုဝင်များ၏ တစိတ်တပိုင်း ဖြစ်ကြောင်းကို သိနေကြသည်။ သူတို့စိတ်ထဲမှ နတ်မီးတောက်များကလည်း သူတို့ထင်သည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုပေးနေသည်။

ရှောက်ရွှမ်သည် တောင်စွန်းနားသို့ရောက်လာသောအခါ၊ အော့တို့သည် ရေအောက်တွင် သားရဲကြီးများမရှိဟု ယူဆပြီး ခုန်ချလိုက်သည်။

ပင်လယ်ပြင်ပေါ်တွင် ဖြစ်ပေါ်နေသော မီးတောက်များက မီးတောက်ဦးချိုမျိုးနွယ်စုဝင်

များအား မလောင်ကျွမ်းစေပေ။ ၎င်းတို့သည် မီးတောက်များကြားတွင် ဖြစ်ပေါ်နေသော လမ်းအတိုင်းလျှောက်လာခဲ့သည်။ သို့သော် အခုအချိန်တွင်တော့ ရှောက်ရွှမ်သည်လည်း ရှိသမျှအားများ ကုန်ဆုံးသွားပြီ ဖြစ်သည်။

“ကျွှန်တော် ဆက်ပြီးတောင့်မခံနိုင်တော့ဘူး… လမ်းမလျှောက်နိုင်တော့တဲ့ လူတွေကို အရင်ခေါ်သွားလိုက်ပါ” ရှောက်ရွှမ်က ကျန်းလော်ကို လှမ်းပြောလိုက်သည်။ “အားလုံးအသင့်ပြင်ကြဟေ့… ဒီလူတွေက ငါတို့မျိုးနွယ်စုရဲ့ အမျိုးတွေပဲ”

ကျန်းလော်က ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည် “ ဒီလူတွေအကုန်လုံးက မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေဆိုတာ ကျွန်တော်သိပါတယ်” ထို့နောက် ကျန်းလော်က အော့ဘက်သို့ လှည့်ပြီး “ မီးတောက်ဦးချိုမျိုးနွယ်စုက ကျန်းလော်ပါ” ဟုလှမ်းပြောလိုက်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုက အော့ပါ”

အဖွဲ့၂ဖွဲ့မှ အကြီးအကဲ၂ယောက်တို့သည် ချစ်ကြည်ရင်းနှီးစွာ ပွေ့ဖက်ပြီး နှုတ်ဆက်လိုက်ကြသည်။

အော့သည် သူ့စိတ်ကို ထိန်းရင်း ရှောက်ရွှမ်နောက်မှ လူများကို လှမ်းကြည့်လိုက်သည်။ “ဒဏ်ရာရထားတဲ့လူတွေ၊ နေမကောင်းဖြစ်နေတဲ့လူတွေကို ကို အရင်ခေါ်မယ်… ကျန်တဲ့လူတွေကတော့ ငါတို့ပစ်ချပေးလိုက်တဲ့ ကြိုးတွေကနေတွယ်တက်လာခဲ့ကြ… အပေါ်မှာ လူတွေရှိတယ်”

ထိုလူများသည် သူတို့၏မျိုးနွယ်စုဝင်များသာ ဖြစ်ကြောင်း သိကြသဖြင့်၊ သူတို့သည် အစောင့်အကြပ်များ မထားကြတော့ဘဲ၊ လူနာများကို အရင်ပို့ဆောင်ပေးလိုက်သည်။ ထို့နောက် ကျန်လူများက သားရေအင်္ကျီများဖြင့် ကျစ်ထားသော ကြိုးအတိုင်း၊ အပေါ်ကို တွယ်တက်သွားကြသည်။

မောပန်းဆာလောင်နေသောလူများသည်၊ အခု

အချိန်တွင် သတိလစ်မသွားအောင် ကြိုးစားနေရသည်။ သူတို့အားလုံးသည် ခရီးဆုံးသို့ ရောက်ပြီဖြစ်သောကြောင့် စိတ်ပူနေရန် မလိုတော့ပါ။ သူတို့အနေနှင့် အပေါ်ကို ရောက်အောင်တက်ရန်သာ လိုတော့သည်။

ရှောက်ရွှမ်ကတော့ နောက်ဆုံးမှ အပေါ်ကို တက်လာသည်။ အားလုံးက ထွက်ခွာသွားသောအခါ၊ သူသည် သမုဒ္ဒရာကြီးကို ၂ခြမ်းခွဲခဲ့သော စွမ်းအားများကို ပြန်သိမ်းလိုက်သည်။ ခရီးလမ်းသည် ရှည်လျားလွန်းသောကြောင့် သူသည် မောပန်းနေသလို၊ အလွန်လည်း ဆာလောင်နေ၏။

“ရော့… ဒီမှာ ရေသောက်လိုက်” အော့က ရေဘူးကို ကမ်းပေးလိုက်သည်။ ရှောက်ရွှမ်က ဘူးထဲတွင် ကျန်သော ရေနည်းနည်းကို သောက်လိုက်သည်။

ထိုအခါမှ ရှောက်ရွှမ်သည် နေသာထိုင်သာ ရှိသွားသည်။ သို့သော် ဆာလောင်မှုကတော့ ပို

ပြင်းထန်လာသည်။ ရှောက်ရွှမ်သည် ရွာထဲရောက်လာလျှင် အစားအသောက်များကို တဝတပြဲစားလိုက်မည်ဟု အားခဲထားသည်။

တောင်စွန်းပေါ်ကို ကြည့်လိုက်သောအခါ၊ တောင်နံရံကို တက်နေသော လူများကို တွေ့လိုက်ရသည်။ အတွေ့အကြုံရှိသော တောင်တက်သမားများကတော့ ကျောပေါ်တွင် လူတစ်ယောက်ဆီကို ထမ်းပိုး၊ လက်တစ်ဖက်က အခြားတစ်ယောက်ကို ချီပိုးပြီး တက်သွားကြသည်။ အစပိုင်းတွင်တော့ တောင်ပေါ်မှ လူများသည် အောက်ကို ရောင်စုံကြိုးများ ချပေးကြသည်။ သို့သော် ထိုသို့လုပ်ခြင်းမှာ ခရီးမတွင်သောကြောင့်၊ သူတို့သည် အောက်ခြေမှ ကြိုး၂ချောင်းကို ဆက်ပြီး၊ ကြိုးကွင်းတစ်ခုလုပ်ကာ အောက်သို့ ပစ်ချပေးလိုက်သည်။ အောက်ခြေမှ လူများက ထိုကြိုးကွင်းကို ကိုယ်တွင် စွပ်လိုက်ပြီး၊ အပေါ်မှ လူများဆွဲတင်သည့်အတိုင်း လိုက်ပါသွားသည်။

သူတို့သည် ကုန်စည်များကိုလည်း ထိုအတိုင်းသာ ပို့ဆောင်ကြသည်။ တောင်ပေါ်သို့ ပထမအဖွဲ့

ရောက်လာသောအခါ၊ သူတို့သည် နောက်အဖွဲ့တွင် ကြိုးကွင်းများကို ချပေးလိုက်ပြန်သည်။

ကြိုးများကို သားရေအဝတ်များနှင့် ကျစ်ထားသောကြောင့်၊ ခိုင်ခံ့မှုရှိပါသည်။ တောင်စွန်းများနှင့် အကြိမ်ကြိမ်ပွတ်တိုက်မိသော်လည်း၊ ကြိုးများသည် စုတ်ပြဲသွားခြင်းမရှိ၊ လူများ၏ အလေးချိန်ကို ကောင်းစွာ ထမ်းပိုးနိုင်ပါသည်။

ကျောက်သားလမ်းပေါ်တွင် လူများတဖြည်းဖြည်း များလာသောအခါ၊ ရေပြင်ပေါ်တွင် ဖြစ်ပေါ်နေသော လမ်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရှောက်ရွှမ်သည် ထိုနည်းလမ်းနှင့် စွမ်းအားများကို တဖြည်းဖြည်း ပြန်သိမ်းလိုက်သည်။ တောင်ပေါ်သို့ အားလုံး ရောက်သောအခါ၊ ရှောက်ရွှမ်သည် သူ့စွမ်းအားများကို ပြန်သိမ်းလိုက်ပြီး၊ ကြိုးကို ဆုပ်ကိုင်ထားလိုက်သည်။

ရေပြင်ကို ထက်ခြမ်းခွဲပေးထားသော ဘိုးဘေးများ၏ အရိုးများမှ စွမ်းအင်များ မရှိတော့

သောအခါ၊ ရေတံတိုင်းကြီးနှစ်ခုသည် ၁ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားသည်။ ထိုအခါ လှိုင်းလုံးကြီးများက ရှောက်ရွှမ်ကို လာပုတ်ခတ်လေသည်။

သို့သော် ရှောက်ရွှမ်သည် အရှောင်မြန်သောကြောင့်၊ လှိုင်းလုံးကြီးများနှင့် မျောပါမသွားပေ။

သူသည် တောင်စွန်းပေါ်ကို ရောက်သောအခါ၊ ရှောက်ရွှမ်သည် တောင်စွန်းပေါ်တွင် ရပ်နေသော လူတန်းရှည်ကြီးကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ထိုနေရာမှ ခွဲခွာလာရသည်မှာ မနေ့တစ်နေ့ကလိုပင် ထင်နေမိ၏။

“ကျွန်တော် ပြန်ရောက်ပြီ”

အားလုံးက ရှောက်ရွှမ်ကို မြင်ရသောအခါ၊ အလွန်ပျော်ရွှင်သွားကြသည်။ အားလုံးက သူ့ကို ဝိုင်းဖက်ချင်ကြသော်လည်း၊ သူတို့ထက် ဆီဆာက အရင်ဦးသွားသည်။

ရှောက်ရွှမ်သည် သားရဲများပျော်စံရာမြေမှ ထွက်ခွာပြီး၊ ကန္တာရထဲသို့ သွားစဉ်အခါက၊ ဆီဆာကို ခေါ်မသွားမိပေ။ ဆီဆာသည် ထိုစဉ်တုန်းက စိတ်မကောင်းဖြစ်ခဲ့သော်လည်း၊ အခုတော့ သူသည် ရှောက်ရွှမ်ကို မြင်နေရသဖြင့် ပျော်ရွှင်နေပါသည်။ ဆီဆာသည် ရှောက်ရွှမ်ကို ဦးခေါင်းနှင့် တိုးဝှေ့ပြီး နှုတ်ဆက်နေလေသည်။

“မတွေ့တာတောင်ကြာပြီနော် ငါ့ကောင်ကြီး” ဆီဆာသည် ရှောက်ရွှမ်၏ မျက်စိအောက်တွင်ပင် ကြီးပြင်းလာသူဖြစ်သည်။ အခုဆိုလျှင် ဆီဆာ၏ သက်တမ်းသည် ၁၀နှစ်လောက် ရှိတော့မည် ဖြစ်သည်။

ရှောက်ရွှမ်သည် အားလုံးကို နှုတ်ဆက်လိုက်ပြီး၊ လူနာများအား သတင်းမေးနေသည်။ အားလုံး၏ အခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသောအခါမှ၊ ရှောက်ရွှမ်လည်း စိတ်သက်သာရာရသွားသည်။

“အကြီးအကဲ… ခင်ဗျားတို့အားလုံး ဘာလို့

ရောက်နေကြတာလဲ” အော့ကမေးလိုက်သည်။

“နတ်ဆေးဆရာက လာခိုင်းထားတာ… ငါတို့ ကန္တာရထဲလည်း ရောက်ရော ဒီကောင်ကြီးနဲ့တိုးတော့တာပဲ…” အော့က အနားက ချေးပိုးထိုးကောင်ကြီးကို ညွှန်ပြလိုက်သည်။ ချေးပိုးထိုးကောင်ကြီးကတော့ ရှောက်ရွှမ်ကို တွေ့ရသဖြင့် အလွန်ပျော်ရွှင်နေလေသည်။

အားလုံးမှာ ဆီဆာနှင့် ထိုပိုးကောင်အုပ်ကြီး ရင်ဆိုင်တွေ့သောအခါ၊ တိုက်ခိုက်ကြတော့မလားဟု တွေးမိပြီး စိတ်လှုပ်ရှားနေကြသည်။ ခေါင်းဆောင်ချေးပိုးထိုးကြီးမပါလျှင်တောင်၊ ထိုပိုးကောင်အုပ်ကြီးမှာ ကြောက်စရာကောင်းနေပြီဖြစ်သည်။ သို့သော် ပိုးကောင်အုပ်ကြီးက ရှောက်ရွှမ်ကို လမ်းဖယ်ပေးလိုက်သည့်အခါ၊ အားလုံးက အံ့ဩသွားကြသည်။ ထို့နောက် ဆီဆာနှင့် ပိုးကောင်အုပ်ကြီးသည် တောင်စွန်းဆီသို့ ပြေးသွားကြသည်။ အားလုံးက သူတို့နောက်မှ ပြေးလိုက်သွားကြ၏။

“တော်တယ်…” ရှောက်ရွှမ်က အမြင့်၂မီတာခန့်ရှိမည် ဖြစ်သော အပြာရောင်ချေးပိုးထိုးကောင်ကြီးကို လက်နှင့် ပုတ်ပေးလိုက်သည်။ ရှောက်ရွှမ်သည် သူစမွေးခါစတုန်းက ထိုချေးပိုးထိုးကောင်ကြီးသည် အကောင်ပေါက်စလေးသာ ရှိသေးကြောင်း ပြန်တွေးနေမိသည်။ ကျိကျွီပြောခဲ့သည်များကို ပြန်စဉ်းစားမိသောအခါ၊ ရှောက်ရွှမ်သည် ထိုချေးပိုးထိုးကောင်၏ အတွေးများကို ခံစားသိရှိနိုင်ပါသည်။ ထိုချေးပိုးထိုးလေး အရွယ်ရောက်လာလေလေ၊ သူတို့၂ယောက်ကြား သံယောဇဉ်က ပိုခိုင်မြဲလာလေ ဖြစ်သည်။

နီလာကြီး၏ အပေါ်ယံအခွံသည် အခုဆိုလျှင် သံမဏိချပ်ဝတ်တစ်ခုလို မာကြောနေပြီဖြစ်သည်။ သို့သော် ထိုအခွံမာပေါ်တွင် ဓားရာများနှင့် တူရာများကို တွေ့လိုက်ရသည်။ ထိုဒဏ်ရာများကို ကြည့်ခြင်းအားဖြင့်၊ ချေးပိုးထိုးကောင်လေးမှာ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရကြောင်း သိနိုင်သည်။

အခုတော့ ကွဲကွာနေသော မီးတောက်ဦးချို

အဖွဲ့၂ဖွဲ့ ပြန်တွေ့ကြပြီ ဖြစ်သည်။ သို့သော် ချက်ချင်းရွာသို့ မပြန်နိုင်သေးပေ။ သူတို့သည် လူများကို အစီအစဉ်တကျ ပြန်ဖွဲ့စည်းရဦးမည် ဖြစ်သည်။ ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ရသောကြောင့် အားလုံးမှာ ပင်ပန်းနေကြသည်။

အော့က စစ်သည်တော်များအား သူတို့ဖမ်းမိခဲ့သော ငါးများကို ညီနောင်များအား မျှဝေပေးရန် ပြောလိုက်သည်။ ငါးများက နောက်တစ်ခါထပ်ဖမ်း၍ ရသည် မဟုတ်ပါလား။ ထိုနေ့များတွင် သူတို့၏ ငါးဖမ်းစွမ်းရည်များအတော်တိုးတက်လာသဖြင့်၊ ငါးဖမ်းရာတွင် အခက်အခဲ သိပ်မရှိတော့ပါ။

သူတို့အားလုံးသည် ကမ်းရိုးတန်းပေါ်ရောက်နေသောကြောင့်လား မသိ၊ လေထုမှ ကန္တာရထဲကတုန်းလောက် ခြောက်သွေ့မှုမရှိတော့ပါ။ မိုးကျောက်တုံးများဖြင့်လည်း ရေကို ထုတ်ယူ၍ရပါသည်။ အစာရေစာများစားသောက်လိုက်ရသဖြင့်၊ အားလုံးသည် စွမ်းအားများ ပြန်လည် ပြည့်ဝလာကြသည်။ ထိုအခါ စစ်သည်တော်များသည်

သူတို့၏ အခုမှတွေ့ရသော ညီနောင်များနှင့် စကားစမြည်ပြောနေကြသည်။ သို့သော် သူတို့သုံးသည် ဘာသာစကားများမှာ မတူကြသောကြောင့်၊ စကားပြောရာတွင် အခက်အခဲတွေ့နေကြပါသည်။ တချို့ကတော့ မျိုးနွယ်စုဘာသာစကားများကို နားလည်ကြသော်လည်း၊ တချို့ကလည်း အသားမကျသေးပါ။ ထို့ကြောင့် အစပိုင်းတွင် သူတို့သည် လက်ဟန် ခြေဟန်များနှင့် သာပြောနေကြရသည်။

ထွော်တို့သည် သူတို့နောင်တော်များ၏ လက်နက်များကို တွေ့ရသောအခါ အံ့ဩနေကြသည်။ ဤဘက်ကမ္ဘာတွင် သတ္တုများသည် ရှားပါးပစ္စည်းများ မဟုတ်ပါလား။ အခြားသော မျိုးနွယ်စုဝင်များကတော့ သတ္တုများကို ကျွန်ပိုင်ရှင်များဆီမှ ဓားပြတိုက်ပြီး၊ လုယူလေ့ရှိသည်။ ပင်မမျိုးစေ့ကို ပြန်ယူဆောင်လာပြီးသောအခါ၊ အားလုံးက အသုံးပြုနည်းကို မသိသောကြောင့်၊ သံရိုင်းများကို ဒီအတိုင်းထားခဲ့ကြသည်။

“ဒါက…” ထွော်တို့သည် ထိုလက်နက်များကိုမြင်သောအခါ၊ သူတို့၏ အမြင်များ ပြောင်းလဲသွားကြသည်။

သုန့်ကန်းကတော့ ထိုအကြောင်းများကို ကြားဖူးနေသဖြင့်၊ အံ့ဩမနေတော့ဘဲ ကွေ့ဟယ်အား ကြေးဓားတစ်ချောင်းကို ပေးလိုက်သည်။ အမဲလိုက်အဖွဲ့ခေါင်းဆောင်၂ယောက်တို့သည် တစ်ယောက်ပုခုံးတစ်ယောက်ဖက်ပြီး၊ ပျော်ရွှင်စွာ စကားပြောနေကြသည်။

ထွော်၊မု့န်အာတို့သည်လည်း သူတို့နှင့် သက်တူရွယ်တူများဖြစ်သော ထောင်ကျန်း၊ ဝူကျန်းတို့နှင့် စကားပြောနေကြသည်။ တစ်ဖက်ကလည်း တစ်ဖက်ကို သတ္တုလက်နက်များ အသုံးပြုနိုင်ခြင်းအတွက် လေးစားနေကြပြီး၊ တစ်ဖက်ကလည်း တစ်ဖက်ကို ကြောက်မက်ဖွယ်သားရဲကြီးများကို မွေးမြူထားနိုင်ခြင်းအတွက် လေးစားနေကြသည်။ သားရဲကြီးများသည် အခုအချိန်တွင် ငြိမ်နေကြသော်လည်း၊ ကန္တာရကို စွန့်ခွာမည့် အချိန်တွင်၊ ၎င်းတို့သည် သားသတ်ယန္တရားများ

ပြန်ဖြစ်သွားကြမည် ဖြစ်သည်။

မီးမရှိခင်တုန်းက၊ မျိုးနွယ်စုဝင်များသည် ကျောက်တုံးများကို သုံးကြသည်။ နေ့အချိန်တွင် အပူချိန်ပြင်းလွန်းသောကြောင့်၊ ကျောက်တုံးများမှာ ပူခြစ်နေကြသည်။ ထိုကျောက်တုံးများပေါ်တွင် အစားအသောက်များကို ချက်၍ရပါသည်။ ကောင်းမွန်ပြည့်စုံစွာ ချက်ပြုတ်ထားခြင်းမဟုတ်သော်လည်း၊ အစိမ်းစားခြင်းထက်တော့ သာပါသေးသည်။ သားစိမ်းငါးစိမ်းများစားပါက၊ အခန့်မသင့်လျှင် နေမကောင်းဖြစ်တတ်သည် မဟုတ်ပါလား။

ယန်နှင့်ကွမ်းတို့သည်လည်း သူတို့မွေးမြူထားသော ကြောက်မက်ဖွယ်သားရဲကြီးများကို ခေါ်ဆောင်လာကြသည်။ သူတို့သည် သူတို့မွေးထားသော သားရဲများကို ကျွေးရန်အစာအတွက် လိုအပ်လျှင် သမုဒ္ဒရာထဲသို့ပင် ခုန်ဆင်းမည့်သူများ ဖြစ်ကြသည်။ ရှောက်ရွှမ်ကလှမ်းကြည့်လိုက်သောအခါ၊ ကွေ့၊ ချောင်နှင့် မိုင်တို့၏ သမီးလေးကို တွေ့လိုက်ရသည်။ မိုင်၏ သမီးလေး

သည် သူမ မွေးထားသော ဒိုင်နိုဆောလေးအား ပင်လယ်ခရုကြီးတစ်ကောင်ထုတ်ကျွေးနေပါသည်။

ဘေးဘီကို ကြည့်ပြီးသောအခါ၊ ရှောက်ရွှမ်က အော့အား အခြေအနေများကို လှမ်းမေးလိုက်သည်။ သူထွက်သွားသည်မှာ ၂နှစ်ရှိပြီဖြစ်သောကြောင့်၊ အပြောင်းအလဲကြီးများ ဖြစ်ပေါ်နေနိုင်သည် မဟုတ်ပါလား။

“ ကန္တာရထဲမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ… မြို့ကြီး၃မြို့က မရှိတော့ဘူး… တောင်နီကုန်းမြို့တော်က ဘုရင်တစ်ပါးပဲရှိတော့တယ်… ကျန်တဲ့ မြို့တော်လေးတွေက လူတွေကတော့ အဲဒီဘုရင်ဆီမှာ အမှုထမ်းကြတယ်… လောလောဆယ်တော့ တောင်နီကုန်းက လူတွေက ကန္တာရထဲမှာ ကျန်နေတဲ့ ရန်သူအကြွင်းအကျန်တွေကို လိုက်ရှင်းနေကြတယ်… အပြင်လူတွေကို သူတို့ ဂရုမစိုက်အားသေးဘူး… ဒီကိုလာတဲ့လမ်းတလျှောက်မှာတော့ တောင်နီကုန်းမြို့တော်က လူတွေနဲ့ မတွေ့ကြသေးဘူး”

အော့က ပြောလိုက်သည်။

ကန္တာရကြီးမှာ ကျယ်ပြန့်လှပါသည်။ ကျောက်တောင်ကုန်းမြို့တော်သည် အခုအချိန်တွင် ကန္တာရ၏ အရှင်သခင်ဖြစ်လာသည်။ သူတို့သည် စစ်သည်တော်များကို စေလွှတ်ပြီး၊ အဓိက ပစ်မှတ်များကို ရှင်းလင်းခိုင်းလေ့ရှိသည်။ သူတို့မျိုးနွယ်စုသည် ကျောက်တောင်ကုန်းမြို့တော်မှ လူများနှင့် မတွေ့ဆုံခဲ့ရခြင်းမှာ ကံကောင်းပါသည်။ ထိုသို့ရှောင်လွှဲနိုင်ခဲ့ခြင်းမှာ၊ ပိုးတောင်မာကြီးသည် သူတို့အဖွဲ့အား လမ်းပြခေါ်ဆောင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

ရှောက်ရွှမ်သည် ထိုလျှို့ဝှက်ချက်များအား သိထားသဖြင့်၊ ဖြစ်ပေါ်လာမည့် အခြေအနေများအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ လုပ်ထားပြီးသားဖြစ်သည်။ သူသည် ရှီမိသားစု၏ လှုပ်ရှားမှုများကိုလည်း နားလည်ထားသည်။ သို့သော် သူတို့က လက်စားချေတော့မည်ဆိုတာကိုသာ သိမထားခြင်း ဖြစ်သည်။

“မျိုးနွယ်စုအခြေအနေကကော” ရှောက်ရွှမ်ကမေးလိုက်သည်။

“မျိုးနွယ်စုကတော့ အခြေအနေကောင်းပါတယ်… သီးနှံအထွက်နှုန်းတွေလည်း ကောင်းသလို လူတွေလည်း ကျန်းမာကြတယ်… အခြားမျိုးနွယ်စုတွေအကြောင်းတော့ ငါတို့လည်း မကြားဖူး… ဒါပေမဲ့ ကန္တာရထဲမှာ စစ်ပွဲတွေ ဖြစ်တော့၊ အခြားမျိုးနွယ်စုအတော်များများက ကန္တာရထဲမှာ ဓားပြထွက်တိုက်တယ် ကြားတယ်… အဲဒီတုန်းကတော့ သူတို့တွေ ပစ္စည်းတော်တော်များများကို ရလိုက်တယ် ထင်တာပဲ”

“ကျန်တဲ့ဟာတွေကကော…”

“ဘာကို ပြောတာလဲ…”

“ရာသီဥတုအခြေအနေဆိုပါတော့… မနှစ်က ဆောင်းတွင်းက ဘယ်လိုလဲ” ရှောက်ရွှမ်က မေးလိုက်သည်။

“ရာသီဥတုကတော့ ထူးဆန်းတယ်ဆိုရမယ်… အရင်တုန်းကဆိုရင်တော့ တောထဲမှာ နှင်းတွေကျလေ့ရှိတယ်လေ… အခုနှစ်မှာတော့ နှင်းမကျဘဲ မိုးတွေရွာနေတယ်… အဲဒီလိုဖြစ်တော့ ငါတို့လည်း တခြားလူတွေကို မေးကြည့်တာပေါ့…မေးလည်းကြည့်ရော တခြားမျိုးနွယ်စုဝင်တွေရဲ့ နေရာတွေမှာ မိုးမရွာဘူးတဲ့… ဆောင်းတွင်းမှာ အအေးဒဏ် သိပ်မပြင်းတဲ့ အဖြစ်မျိုးကို ရှားပါးတယ်လေ.. အဲဒါနဲ့ ငါတို့လည်း အမဲလိုက်ကို ရှယ်ထွက်ထွက်တာပေါ့ကွာ”

ပြောရင်းနှင့် အော့ကရယ်လိုက်သည်။ သို့သော် ရှောက်ရွှမ်နှင့် ကျန်းလော်တို့၏ ထူးဆန်းသော မျက်နှာထားများကို မြင်လိုက်သောအခါ၊ အော့တစ်ယောက် ရယ်နေရာမှ ရပ်သွားပါတော့သည်။

(ဆက်ရန်…)

All Chapters