အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
အခန်း (၄၈၄) တောင်တက်ခြင်း
ထိုက်ဟယ်မျိုးနွယ်စုဝင်များသာ ထိုအကြောင်းများကို သိလျှင်၊ ၎င်းတို၏ မီးခိုးဗုံးကို ညအမှောင်တွင် သုံးလိုက်ခြင်းအတွက် စိတ်မကောင်းဖြစ်မိမည် ဖြစ်သည်။ သာမန်လူများဆိုလျှင် ထိုမီးခိုးဗုံးများကို ညအချိန်တွင် သုံးမည် မဟုတ်ပါ။ ညမျိုးနွယ်စုဝင်များမှာ သူတို့၏ ညအမှောင်တွင် မြင်နိုင်စွမ်းကို အားကိုးပြီး၊ လာကြခြင်းဖြစ်သည်။ အခုလို မီးခိုးဗုံးနှင့် တိုက်ခိုက်ခံရသည်ကို မြင်ရသောအခါ၊ ၎င်းတို့သည် ကြက်သေသွားပါသည်။ ထိုအချိန်တွင်၊ တောအုပ်တစ်ခုလုံးမှာ မီးခိုးများ ဖုံးလွှမ်းနေပြီဖြစ်သည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက တရစပ်တိုက်ခိုက်လာသောကြောင့် သူတို့တွင် တွန့်ဆုတ်နေရန် အချိန်မရပါ၊
ရှောက်ရွှမ်၊ကျန်းလော်တို့၏ အဖွဲ့မှာ နေ့ဘက်များတွင်သာ အမဲလိုက်သူများ ဖြစ်ကြသည်။ သူ
တို့သည် လူတစ်ယောက်၏ လှုပ်ရှားသံကို နားထောင်ပြီး၊ ထိုသူမှာ မီးတောက်ဦးချိုမျိုးနွယ်စုက ဟုတ်၊မဟုတ်ကို သိနိုင်ပါသည်။
ရှောက်ရွှမ်သည် ဂျွတ်ခနဲမြည်သံတစ်ခုကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိသည်။ ထိုအသံမှာ ကျန်းလော်အညောင်းဆန့်လိုက်သော အသံဖြစ်သည်။ ရှောက်ရွှမ်ကတော့ ထိုအဖြစ်မျိုးကို ပြီးခဲ့သောအခေါက်က ဓားပြများနှင့် တွေ့တုန်းက ကြုံဖူးသွားပြီဖြစ်သည်။
မီးခိုးလုံးများကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုကော၊ ညမျိုးနွယ်စုပါ ပတ်ဝန်းကျင်ကို မမြင်နိုင်တော့ပါ။ ရှောက်ရွှမ်ကတော့ အားလုံးကို မြင်နေရပါသည်။
“ချွင်…ခလွမ်…”
သုန့်ကန်း၏ ပြင်းထန်အားပါလှသောပုဆိန်ချက်ကြောင့်၊ တစ်ဖက်ရန်သူ၏ အရိုးများ ကျိုး
ကျေသံများထွက်ပေါ်လာပါသည်။
အခုတစ်ခေါက်သည် ညမျိုးနွယ်စုအနေဖြင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ပထမဆုံးအကြိမ်ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် တိုက်ခိုက်ရခြင်းမှာ ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်နှင့် တိုက်ခိုက်ရသလိုပင်။
“နောက်ဆုတ်ကြ…” တစ်ယောက်က အော်လိုက်သည်။
အင်အားချင်းနှိုင်းယှဉ်မည်ဆိုလျှင်၊ ၎င်းတို့မှာ အင်အားနည်းနေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ တိုက်ခိုက်မှုများမှာ ပြင်းထန်လွန်းသောကြောင့်၊ သူတို့၏ အမြန်နှုန်းကို အားကိုးပြီးတိုက်ခိုက်သောနည်းလမ်းမှာ အသုံးမဝင်တော့ပါ။
ထို့ပြင် သူတို့သည် သူတို့၏ ညအမှောင်တွင် မြင်နိုင်စွမ်းကို အားကိုးပြီး တိုက်ခိုက်ကြခြင်း ဖြစ်သည်။ အခုတော့ သူတို့သည် ညအမှောင်များ
ကို မမြင်ရသည့်အတွက်ကြောင့်၊ အထက်စီးမှ မတိုက်ခိုက်နိုင်တော့ပါ။ ထို့ပြင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူတို့ထက် ပို၍မြန်ဆန်နေပါသည်။ ထို့ကြောင့် သူတို့သည် ထွက်ပြေးရန်သာ ရှိပါတော့သည်။
သို့သော် လုံးဝဆုတ်ခွာထွက်ပြေးခြင်းတော့ မဟုတ်ဘဲ၊ မီးခိုးလုံးများဖုံးလွှမ်းနေသည့် နေရာများမှ ထွက်ခွာပြေးခြင်း ဖြစ်သည်။ မီးခိုးလုံးများက တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်း မဟုတ်ဘဲ၊ နေရာတစ်ခုတည်းသာ ကွက်ပြီး ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။ ထိုနေရာတွင်ဆက်နေပြီးတိုက်ခိုက်မည်ဆိုပါက၊ သူတို့မိုက်မဲရာကျနေပေမည်။
ညမျိုးနွယ်စုဝင်များသည် မီးခိုးလုံးများကြားမှ လွတ်မြောက်လာသောအခါ၊ သူတို့သည် မြားတံအုပ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရပြန်ပါသည်။ လျင်မြန်သောလူများကတော့ မြားတံများကို ရှောက်လိုက်နိုင်သော်လည်း၊ ခြေလှမ်းနှေးသောသူများကတော့ မြားစာမိသွားကြပါသည်။
မီးခိုးလုံးများကြားထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရှိနေသောကြောင့် မြားသမားများသည် မြားများကို မီးခိုးလုံးထဲသို့ မပစ်ပါ။ မြားသမားများသည် ရှောက်ရွှမ်မှာထားသည့်အတိုင်း၊ ညမျိုးနွယ်စုနောက်သို့ မလိုက်ပါ။ သူတို့သည် နောက်ဆုံးမြားချက်ပစ်ပြီးသွားလျှင် ရှောက်ရွှမ်မှာထားသည့်လမ်းကြောင်းအတိုင်းထွက်ခွာမည် ဖြစ်သည်။
တောအုပ်ထဲတွင် ပုန်းအောင်းနေသော မီးတောက်ဦးချိုမျိုးနွယ်စုဝင် တစ်ဖွဲ့ရှိပါသေးသည်။ ရှောက်ရွှမ်သည် မီးခိုးလုံးများကြားထဲမှ ထွက်ခွာလာသည်။ ရှောက်ရွှမ်သည် သူ၏ရန်သူများအား မြားနှင့် ပစ်ခတ်နှိမ်နင်းပါသည်။
အလွန်ဝေးသောနေရာတစ်နေရာရှိ ခြုံပုတ်များကြားတွင် မျက်ဝန်၂စုံက ရှောက်ရွှမ်ကိုစိုက်ကြည့်နေပါသည်။ သူတို့သည် လေးတွင်မြားတင်ထားပြီး ရှောက်ရွှမ်ကို ချိန်ထားပါသည်။ ထိုလူများသည် ပိန်းပိတ်အောင်မှောင်နေသော ညအချိန်
တွင် ရှောက်ရွှမ်အားမြားနှင့် ချိန်နိုင်ပါသည်။
“ဒင်…”
လေးညှို့သံတစ်ချက်ထွက်ပါလာပြီးနောက်၊ မြားတံတစ်ချောင်းက ရှောက်ရွှမ်၏နှလုံးသားတည့်တည့်သို့ အရှိန်ပြင်းစွာ ပြေးဝင်လာပါသည်။
ရှောက်ရွှမ်ကလျင်မြန်စွာ သူ၏လက်ထဲမှ ဓားဖြင့် မြားတံကို ရိုက်ချလိုက်သည်။
“ချွင်…”
ထိုအသံကို ကြားရသူအားလုံးမှာ တုန်လှုပ်သွား၏။
ရှောက်ရွှမ်ကတော့ တောအုပ်ထဲသို့သာ ကြည့်နေသည်။
တောအုပ်ထဲတွင် မြားသမားများရှိနေပါသည်။
ရှောက်ရွှမ်သည် နတ်စွမ်းအင်များကို နှိုးထလိုက်သည်။ တစ်ကိုယ်လုံးမှာ ရွံ့သုတ်ထားသဖြင့်၊ နတ်အမှတ်အသားများကိုတော့ မမြင်ရပါ။ ရှောက်ရွှမ်သည် ပတ်ဝန်းကျင်ကို သတိမပြတ်ဘဲ အကဲခတ်နေသလို၊ နားကိုလည်း အစွမ်းကုန် စွင့်ထားပါသည်။သူသည် သစ်ရွက်အချင်းချင်းပွတ်တိုက်သံများကို ပင်ကြားနေရပါသည်။ ရန်သူများသည် အသက်ရှူအောင့်ထားနိုင်လျှင်တောင်၊ နှလုံးခုန်သံကိုတော့ ရပ်ထား၍ မရပါ။ ရှောက်ရွှမ်သည် ဆယ်မီတာပတ်လည်အတွင်းမှ အသံများ အားလုံးကို ကြားနေရပါသည်။
အနားတွင် ရပ်နေသော နောက်လူတစ်ယောက်ရှိနေပါသေးသည်။ ရှောက်ရွှမ်သည် ထူးခြားသောအနံ့နှင့် ထိုလူ၏ အသက်ရှူသံကိုလည်း ကြားနေရပါသည်။ထိုလူမှာ အသိုသိပ်ဆုံး ကြိုးစားနေထိုင်သော်လည်း၊ ရှောက်ရွှမ်ကတော့ ထိုလူရှိနေကြောင်းကို သိလိုက်ပါသည်။ ရှောက်ရွှမ်သည် အမဲလိုက်အတွေ့အကြုံရင့်ကျက်နေပြီ ဖြစ်သောကြောင့်၊ ထိုလူအား သတိထားမိခြင်း ဖြစ်သည်။
သစ်ပင်များကြားမှာ လေးသမား၂ယောက်သည် ရှောက်ရွှမ်က သူတို့အားကြည့်နေသည်ကို သိလိုက်သောအခါ အံ့ဩသွားသည်။ ရှောက်ရွှမ်သည် အမှောင်ထဲတွင်ပင် မြင်နိုင်စွမ်းရှိနေသလားဟု ထင်သွားကြသည်။
စိတ်ထဲက မသိုးမသန့်ဖြစ်လာသောကြောင့်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
“ဘာဆက်လုပ်ကြမလဲ…နောက်တစ်နေရာပြောင်းမလား…” မြားသမားတစ်ယောက်က ပြောလိုက်သည်။
အခြားမြားသမားကတော့ ရှောက်ရွှမ်ကို ကြည့်နေပါသည်။ ထိုအခါ သူ၏ စိတ်ထဲတွင် မသက်မသာဖြစ်လာပြန်သည်။
သူသည် မြားတံတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး၊ ဒုတိယအကြိမ်ပစ်လိုက်ပြန်သည်။
ထိုသူမြားကို ပစ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ရှောက်ရွှမ်သည် သူတို့ဆီကို ကျားသစ်တစ်ကောင်လို လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ ဓားဖြင့် မြားတံကို ရိုက်ချလိုက်ပါသည်။
“ချွင်…”
မြားမှာ လမ်းကြောင်းပြောင်းသွားသည်။ ရှောက်ရွှမ်သည် သစ်ကိုင်းတစ်ခုကို ဆွဲခိုလိုက်ကာ၊ ကိုယ်ကိုလွှဲလိုက်ပြီး မြားတံကို ဖမ်းထားလိုက်သည်။ ထို့နောက် ထိုမြားတံကို မြားလာရာလမ်းကြောင်းအတိုင်း ပြန်ပစ်လွှတ်လိုက်သည်။
“ဖောက်…”
ဖောက်ခနဲ မြည်သံတစ်ချက်ထွက်ပေါ်လာပြီး၊ မြားတံမှာ မြားသမားတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်။
ထိုသူ၏ ဒဏ်ရာမှ သွေးများ ယိုစီးကျလာ
သည်။ ဒဏ်ရာရသွားသူမှာ ထွက်ခွာသွားချင်သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ထွက်မပြေးနိုင်သေးပါ။ သူသည် သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သောအခါ၊ မြားတံက နှလုံးသားကို စိုက်ရန် နည်းနည်းသာလိုတော့သည်ကို တွေ့လိုက်ရသည်။ မြားတံသည် ချပ်ဝတ်ကြားတွင် လစ်ဟာနေသော နေရာလေးသို့ စိုက်ဝင်သွားသည်ကိုလည်း တွေ့ရသည်။
တိုက်ဆိုင်တာများလား…။
ဒဏ်ရာရသွားသော မြားသမားက စိတ်ရှုပ်သွားသလို တုန်လည်း တုန်လှုပ်သွားပါသည်။ ထိုသူသည် သူ့ကိုယ်သူ အတော်အထင်ကြီးထားသူဖြစ်သောကြောင့် ချွေးစီးများပင် ပြန်ထွက်လာပါသည်။ ထို့နောက် သူသည် ပြင်းထန်သော ဒဏ်ရာအရှိန်ကြောင့် ညည်းညူနေသည်။ မြားတံများတွင် အဆိပ်များလည်း သုတ်လိမ်းထားသည် မဟုတ်ပါလား။ သူသည် သူ၏မြားတံ ဖြင့် သူ့ကိုယ်ပြန်အပစ်ခံရမည် ဟုထင်မထားပါ။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မြားသမားသည် ရှောက်ရွှမ်ကို နောက်တစ်ကြိမ်ကြည့်လိုက်သောအခါ ရှောက်ရွှမ်က သူတို့နားသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအခါ သူသည် တစ်ကိုယ်လုံးတုန်ယင်လာပါတော့သည်။ သူသည် သတိလစ်မသွားခင် “ ဟိုကောင်က ငါတို့ကို မြင်နေရတယ်”ဟုအော်လိုက်မိပါသည်။
အခြားမြားသမားကတော့ ရှောက်ရွှမ်ဓားချက်မကျရောက်မီ ထွက်ပြေးသွားကြလေသည်။
ထိုလူ၏ အော်သံကို ကြားလိုက်ရသောအခါ အနားတွင် ပုန်းနေသော လူများအားလုံးမှာ တုန်လှုပ်သွားကြသည်။
ဟိုကောင်က ငါတို့ကို မြင်နေရတာလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူက မီးတောက်ဦးချိုမျိုးနွယ်စုက မဟုတ်
လား။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ညအမှောင်တွင် မြင်နိုင်သည်ဟု တစ်ခါမှ မကြားဖူးပါ။မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုကဲ့သို့မြင်နေနိုင်မည် သူတို့ ထင်မထားပါ။
ရှောက်ရွှမ်နားတွင် ပုန်းနေသော လူများမှာ တုန်လှုပ်လာကြသည်။ ရန်သူများက သူတို့ကို မြင်နေရမည်ဆိုလျှင်၊ သူတို့တွင် အားသာချက်ရှိတော့မည် မဟုတ်ပါ။
သူတို့သည် ထွက်ပြေးရန် ပြင်လိုက်စဉ်မှာ လေချွန်သံတစ်ချက်ကို ကြားလိုက်ရသည်။ ထိုအခါ ရန်သူသည် ရင်ထိတ်သွားပြီး၊ ဓားကို ဝှေ့ယမ်းလိုက်ပါသည်။
“ချွင်…”
ရှောက်ရွှမ်သည်လည်း သူ၏ ဓားနှင့် ကြမ်းတမ်းစွာ ပြန်ခုတ်ချလိုက်ပါသည်။ ရှောက်ရွှ
မ်၏ ဓားချက်မှာ ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုမျိုုးနှင့် တူနေသည်။
ဓားချက်ကို ခုခံလိုက်သောသူမှာ သူ့တကိုယ်လုံးရှိအရိုးများကျိုးသွားသလို ခံစားလိုက်ရသည်။ ဒူးများကွေးညွတ်ကျသွားပြီး၊ မျက်နှာလည်း အကြီးအကျယ် ပျက်သွားပါသည်။
ဓား၂ချောင်းထိခတ်မိသံက အားလုံး၏ နားစည်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပါသည်။ ထိုအသံကို ကြားလိုက်ရသူအားလုံးသည် ကြက်သီးမွှေးညှင်းများပင် ထသွားသည်။
ထို့နောက် ဓားရောင်က ဖွေးခနဲ လက်သွားပြီး၊ သွေးများက ရဲခနဲ ဖြစ်သွားသည်။
ရှောက်ရွှမ်သည် လဲကျသွားသောလူကို မကြည့်တော့ဘဲ၊ လက်ခေါက်မှုတ်လိုက်သည်။
သူသည် မီးခိုးများကြားထဲတွင် ပုန်းနေသောသူများကို တိုက်ခိုက်ရန် အချိန်ကျပြီ
ဖြစ်ကြောင်း၊ အချက်ပေးလိုက်ခြင်း ဖြစ်သည်။
ညအချိန်တွင်ပင် ၎င်းတို့သည် သက်ရှိသက်မဲ့များ၏ အနံ့များကို ခွဲခြားနိုင်သည်။ သူတို့သည် နေရာအနှံ့တွင် ပုန်းအောင်းနေသော လူများ၏ အနံ့များကို ရနေပါသည်။
ရှောက်ရွှမ်ကတော့ ပုန်းအောင်းနေသော မြားသမားများကို ဆက်ရှာနေသည်။
ညကတော့ မှောင်နေဆဲပင် ဖြစ်သည်။
တောအုပ်ထဲသို့ နေရောင်ခြည်ကျရောက်လာသောအခါ၊ တောင်ပေါ်မှ အဖွဲ့သည် ထွက်ခွာရန် အသင့် ဖြစ်နေကြလေပြီ။ တောအုပ်ထဲမှ လူများသာမက တောင်ကုန်းပေါ်မှ လူများပါ တိုက်ခိုက်ခံလိုက်ရပြီဖြစ်သည်။
သေဆုံးသွားသောသူများအား နတ်ဆေးဆရာမက မီးမျိုးစေ့မှ မီးတောက်များဖြင့် သင်္ဂြိုဟ်လိုက်ပါသည်။ မီးမျိုးစေ့သည် သူတို့နှင့် အတူတူ
ပါလာပါသည်။ နတ်ဆေးဆရာမက၏ အဆိုအရဆိုလျှင် သေဆုံးသွားသူများ၏ ဝိညာဉ်သည် မီးမျိုးစေ့ထဲသို့ ဝင်ရောက်သွားမည် ဖြစ်သည်။ ဘိုးဘေးများ၏ ဝိညာဉ်များနှင့် သေဆုံးသွားသော မျိုးနွယ်စုဝင်များ၏ ဝိညာဉ်များသည် မျိုးနွယ်စုထဲတွင်သာရှိနေမည်ဆိုသော ဆိုရိုးတစ်ခုရှိပါသည်။
ထို့ကြောင့် သူတို့အနေနှင့် သေဆုံးသွားသူများအတွက် သိပ်ပူဆွေးနေစရာမလိုပါ။
သူတို့အသက်ရှင်နေသရွေ့မီးမျိုးစေ့ကလည်း ရှိနေဦးမည် ဖြစ်သည်။
သူတို့သည် တောင်ကို ဖြတ်ကျော်ပြီးနောက်ဖုန်းဆိုးမြေတစ်ခုသို့ ရောက်လာပါသည်။
ရှောက်ရွှမ်သည် ယခင်တုန်းကဆုံဖူးသော မြင်းစီးသမားများနှင့် တွေ့ဆုံလိုက်ရသည်။ သို့သော် ရှောက်ရွှမ်သည် သူတို့အားစကားသိပ်မပြောဖူးပါ။ ထိုလူများသည် မီးတောက်ဦးချိုမျိုး
နွယ်စုဝင်များအား သတိနှင့် ကြည့်နေပါသည်။ ထိုမျှ များပြားသောလူများ နေရာပြောင်းရွှေ့သည်ကို မြင်ရပါက၊ ဘယ်သူမဆို သတိနှင့် စောင့်ကြည့်တော့မည် ဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုများက ထိုနေရာတွင် နေမည်မဟုတ်ဘဲ၊ ဆက်လက်ထွက်ခွာသွားမည်ကို သိသောအခါမှ အားလုံးသည် သက်ပြင်းချလိုက်နိုင်သည်။
“အဲဒါဘယ်သူတွေလဲ”
“မသိဘူး…ဒါပေမဲ့ ဒီလူတွေကြည့်ရတာ လူကောင်းနဲ့ မတူဘူး”
“သူတို့တွေ ငါတို့မြေပေါ်ကို မကျူးကျော်ဘူးဆိုရင် ပြီးတာပဲ…ဒီကောင်တွေ ကြည့်တော့လည်း အင်အားတောင့်သားပဲ…ဘာလို့ နေရာပြောင်းချင်နေကြတာလဲ”
ထိုနေရာသည် သီးခြားဆန်သောနေရာတစ်
နေရာ ဖြစ်သည်။ ထိုနေရာသည် လူသူအရောက်နည်းသော နေရာတစ်ခုဖြစ်သောကြောင့်၊ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို မသိကြပါ။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ဘာကြောင့်နေရာပြောင်းရသလဲဆိုတာကို သိချင်နေကြသည်။ ထိုနေရာသည် ထွန်ယက်စိုက်ပျိုး၍လည်းကောင်းသလို သားကောင်များလည်း ပေါများသော နေရာတစ်ခု ဖြစ်သည် မဟုတ်ပါလား။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၈၅) ခံစစ်
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သွားရင်းနှင့် မြက်ခင်းလွင်ပြင်ဒေသသို့ ရောက်လာကြသည်။ ရှောက်ရွှမ်သည် ထိုနေရာကို ထောင်ချီရွှေကောက်ပဲသီးနှံ လိုက်ရှာရင်းနှင့် ရောက်ဖူးခဲ့ပါသည်။ ရှောက်ရွှမ်သည် ကျိကျွီသင်ပေးထားသော ဆေးပညာကို အသုံးပြု၍၊ သူ့လူများအား ဆေးဖက်ဝင်မည့် အပင်များကို လိုက်ရှာစေပါသည်။
တောအုပ်ထဲတွင် ချောင်းမြောင်းတိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသလို၊ အခြားသော အဖြစ်အပျက်များစွာလည်း ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် သူတို့ယူလာသော ဆေးမြစ်များမှာ ကုန်သလောက်နီးပါး ဖြစ်သွားပါသည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များပေးခဲ့သော အိတ်များပင် ကုန်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သွားရင်းနှင့် အသုံးဝင်မည့်ဆေးပင်များ
ကို ခူးယူလာကြခြင်း ဖြစ်သည်။ နတ်စွမ်းအင်မနိုးထသေးသူများနှင့် အသက်အရွယ်ကြီးသူများကြောင့် သူတို့ခရီးမှာ လေးဖင့်နေပါသည်။
သူတို့သည် ရွာမှ ထွက်လာသည်မှာ ရက်၂၀ရှိပြီ ဖြစ်သည်။ ရှေ့ဆက်ပြီးသွားရမည့် ခရီးမှာ များစွာကျန်ပါသေးသည်။ ခရီးလမ်းတွင်ရှင်သန်ချင်သည်ဆိုလျှင်၊ သူတို့သည် ဆေးဝါးများကို စုဆောင်းထားရမည် ဖြစ်သည်။
ရှောက်ရွှမ်က သူတို့ကို ဆေးပင်များအကြောင်း သင်ပြပေးထားသဖြင့်၊ ၎င်းတို့သည် အသုံးဝင်သည် ဆေးပင်များအကြောင်းကို နားလည်နေကြသည်။
ကောင်းကင်ကိုမော့ကြည့်လိုက်သောအခါ၊ ရှောက်ရွှမ်သည် ငှက်တစ်ကောင်ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။ ပျံသန်းသွားသော ငှက်မှာ မြင့်လွန်းသဖြင့်၊ ထိုငှက်သည် ဘာငှက်မှန်း ရှောက်ရွှမ်မသိလိုက်ပါ။ အလွန်လျင်မြန်စွာ ပျံသန်းသွား
သောကြောင့်၊ ထိုငှက်ကို ပစ်ချ၍လည်း မရလိုက်ပါ။
“ဘာဖြစ်တာလဲ” ကျန်းလော်က မေးလိုက်သည်။
“ဟိုငှက်လေ…ရောက်လာပြန်ပြီ” ရှောက်ရွှမ်က ကောင်းကင်ပေါ်တွင် ပျံဝဲသွားသော အမဲစက်ကလေးကို ညွှန်ပြလိုက်သည်။
“လာပြန်ပြီလား” ကျန်းလော်က သတိနှင့် ကြည့်လိုက်သည်။ “ကြည့်ရတာ တစ်ယောက်ယောက်မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ဖြစ်မယ်ထင်တယ်…ငါတို့နောက်ကို လိုက်နေတာလား မသိဘူး”
“အကြီးအကဲ…ဘုရင့်မြို့တော်က လူတွေက ဘာလို့ ရောက်မလာသေးတာလဲ” ရှောက်ရွှမ်က ပြောလိုက်သည်။
“မင်းပြောချင်တာက အဲဒီငှက်က ဘုရင့်
မြို့တော်က ငှက်လား”
ကျန်းလော်တစ်ယောက်တိတ်ဆိတ်သွားပါသည်။ သူ့အတွေ့အကြုံအရဆိုလျှင်၊ ဘုရင့်မြို့တော်မှလူများသည် ပစ်မှတ်တစ်ခုကို တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားလျှင်၊၎င်းတို့သည် သေချာပေါက်တိုက်ခိုက်မည်သာ ဖြစ်သည်။ သူတို့ခုနက တွေ့ဆုံခဲ့သောလူများမှာ လာရောက်စောင့်ကြည့်သူများသာ ဖြစ်ကြသည်။
အခြားလူများပင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ရှာတွေ့သေးလျှင်၊ ဘုရင့်မြို့တော်မှ လူများလည်း သူတို့ရှိသည့်နေရာကို သိမည်သာဖြစ်သည်။ အခုအချိန်အထိ ထွက်မလာသေးသည်ကတော့၊ အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်ပေလိမ့်မည်။
“ဘုရင့်မြို့တော်ကလူတွေ ရောက်နေတာလား” ကျန်းလော်က မေးလိုက်သည်။ ရှောက်ရွှမ်လည်း မရေမရာဖြစ်နေသည်။
“ဘုရင့်မြို့တော်က လူတွေက တောအုပ်နဲ့ အသားမကျသေးဘူး…အခုအချိန်ထိ မတိုက်ခိုက်သေးတာက၊ ကျွန်တော်တို့ တောအုပ်အပြင်ကို ရောက်တဲ့အချိန်ထိ စောင့်နေတာ ဖြစ်မယ်…ကွင်းပြောင်ပြောင်ထဲကို ရောက်တာနဲ့ ကျွန်တော်တို့ကို တိုက်လိမ့်မယ်” ရှောက်ရွှမ်က မြေပြင်အနေအထားအကြောင်းကို စဉ်းစားကြည့်လိုက်သည်။ “ဒီတောင်တန်းတွေကို ကျော်သွားပြီးရင် မြေပြန့်ဒေသကို ရောက်လိမ့်မယ်…အဲဒီနေရာမှာ လူတွေလည်းများတယ်…လမ်းလည်းကောင်းတယ်… အဲဒီနေရာကို ဖြတ်ကျော်ပြီးမှ ကျွန်တော်တို့တွေ ကန္တရအစွန်ကို ရောက်လိမ့်မယ်… ကျွန်တော် ထင်တာတော့ ဘုရင့်မြို့တော်က လူတွေက အဲဒီနေရာမှာ ထွက်လာလိမ့်မယ် ထင်တာပဲ”
ကျန်းလော် စိတ်မသက်မသာဖြစ်သွားသည်။ သူသည် ဘုရင့်မြို့တော်မှလူများကို သဘောမကျသောလည်း၊ မြို့ကြီး၆မြို့မှ လူများသည် အင်အားကြီးမားကြောင်းတော့ ဝန်ခံရမည် ဖြစ်သည်။ သူတို့သည် ကိုယ့်အားကိုကိုးပြီး
မြို့တော်ထူထောင်လာကြသူများ ဖြစ်သည်။ သူတို့မှာ အင်အားအကြီးဆုံးသော မြို့ကြီး၆မြို့ဖြစ်သည်။ လောလောဆယ်တွင် ကျန်းလော၏ အဖွဲ့ထဲတွင် ကလေးများ၊သက်ကြီးရွယ်အိုများနှင့် နတ်စွမ်းအင်မနိုးထသေးသူများစွာ ရှိနေပါသည်။ သူတို့သည် တိုက်ပွဲဝင်နိုင်မည့်အခြေအနေ မရှိသော်လည်း၊ ကျန်းလောက အလျှော့မပေးချင်ဖြစ်နေပါသည်။ ကျန်းလောသည် ဘုရင့်မြို့တော်မှ လူများကို တားထားရန်၊ သူ့လူတချို့တလေကို ထားခဲ့ချင်နေပါသည်။ ဒါမှသာ ကျန်သောလူများ ဆက်သွားနိုင်မည် ဖြစ်သည်။
နောက်တွင် ကျန်ခဲ့သောလူများသည် သူတို့နောက်သို့လိုက်ချင်မှ လိုက်လာနိုင်မည် ဖြစ်သည်။ မျိုးနွယ်စုဝင်များအနေဖြင့် ကျန်ခဲ့သူများအား သင်္ဂြိုဟ်ပေးချင်မှ သင်္ဂြိုဟ်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ထိုစတေးမှုကိုတော့ ရှောင်လွှဲ၍မရပါ။ ကျန်းလောသည်ပင် နောက်တွင် ချန်နေခဲ့ရန် ဆုံးဖြတ်ထားပါသည်။
“ဘုရင့်မြို့တော်က လူတွေကို တားထားဖို့၊ အဖွဲ့
တစ်ဖွဲ့ကို ထားခဲ့ရမယ်” ကျန်းလော်က တောင်တန်းများကို ကြည့်လိုက်သည်။ “ငါသောခန်နဲ့ စကားသွားပြောလိုက်ဦးမယ်”
သူတို့ထွက်သွားပြီးနောက်၊ ကျန်းလော်က စစ်သည်တော်များနှင့် သွားစကားပြောပါသည်။ တချို့မိသားစုများသည် သူတို့၏ ရှင်သန်ရေးအတွက် မိသားစုဝင်တစ်ယောက်ကိုသာ မှီခိုနေရခြင်း ဖြစ်သည်။ ကျန်းလော်က ထိုလူများကို ဘုရင့်မြို့တော်မှလူများအား တားဆီးမည် အဖွဲ့တွင် မပါဝင်စေချင်ပါ။
ကျန်းလော်က တွက်ချက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။ သူတို့သည် ရန်သူများကို တားရန်အတွက် လူ၁၀၀၀လောက်ကို လိုနေပါသည်။ လူ၁၀၀၀လောက်မပါလျှင် ရန်သူများကို တားနိုင်မည် မဟုတ်ပါ။
ကျန်းလော်က ထိုအဖွဲ့တွင်ပါဝင်ချင်သော်လည်း၊ သူသည် မျိုးနွယ်စုအကြီးအကဲဖြစ်နေသောကြောင့်၊ သူ့လူများအား ဦးဆောင်ရဦး
မည် ဖြစ်သည်။ သူက လိုက်ပါချင်လျှင်တောင် အခြားလူများက ခွင့်ပြုမည် မဟုတ်ပါ။ မျိုးနွယ်စုတစ်ခုသည် အကြီးအကဲမပါဘဲနှင့် ခရီးဆက်နိုင်မည် မဟုတ်ပါ။ ကျန်းလော်သည် အကြီးအကဲအသစ်တစ်ယောက်တင်မြှောက်ခဲ့လျှင် ကောင်းမလား စဉ်းစားနေပါသည်။
“ကျုပ်နေခဲ့မယ် အကိုကြီး…ခင်ဗျားက မျိုးနွယ်စုကို ဆက်ဦးဆောင်ပါ” ကျန်းချန်းက ပြောလိုက်သည်။
ကျန်းချန်းက ကျန်းလော်လိုမဟုတ်၊ စိတ်မြန်လက်မြန်နှင့် ဟောဟောဒိုင်းဒိုင်းသမား ဖြစ်သည်။ သူတို့ ညီအစ်ကို၂ယောက်မှာ အစွမ်းထက်ပုံခြင်းတော့ အတူတူလောက်ပင် ဖြစ်သည်။ မဟုတ်လျှင် သူသည် ကျန်းလော်နှင့် အကြီးအကဲနေရာအတွက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။ ညီအစ်ကို ၂ယောက်သည် ခဏခဏ ရန်ဖြစ်လေ့ရှိသော်လည်း၊ ကျန်းချန်းက အခုလိုအချိန်တွင်တော့ အနစ်နာခံနိုင်ပါသည်။
ကျန်းလော်က သူ့ညီကို ကြည့်လိုက်ပြီး၊ စဉ်းစားနေပါသည်။ ကျန်းလော်က စကားစဖြတ်ရန် ဟန်ပြင်နေစဉ်၊ ကျန်းချန်းက “အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့…ဒီကိစ္စကို ကျွန်တော် ပြောသလိုပဲ ဆုံးဖြတ်လိုက်ပါ… ဒါနဲ့ အကိုကြီးမှာ လူဘယ်နှယောက်ရှိသေးလဲ…”
ကျန်းချန်းသည် ကျန်းလော်လက်ထဲမှ နာမည်စာရင်းကို ယူကြည့်လိုက်သည်။ “တယ်ဟုတ်ပါလား…လူစာရင်းထဲမှာ သောခန်နဲ့ ကွမ်းယီတို့လည်းပါတာကိုး…ပြီးတော့ ဝါချ…မဆိုးဘူး…ပြီးတော့ ကျွေ့…ပြီးတော့ ရှောက်ရွှမ်…ဟင်..အကိုကြီး ဘာဖြစ်လို့ ရှောက်ရွှမ်က ပါလာတာလား…အကိုကြီးမှားနေတာလား”
ကျန်းချန်းက သူ့အကိုနှင့် ငြင်းရန် စဉ်းစားမိသည်။
ကျန်းလော်သည်လည်း ကြောင်သွားပြီး၊ အဝတ်စကို လှမ်းဆွဲလိုက်သည်။ သူသည် အားလုံးနှင့် စကားပြောပြီးသည့်နောက်၊ ထို
အဝတ်စကို ကျောက်တုံးပေါ်တွင် တင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအဝတ်စတွင် နာမည်ပါလာသောသူများမှာ အရည်အချင်းပြည့်မီသောလူများ ဖြစ်သည်။ သူ့နားတွင် လူတွေရှုပ်နေသဖြင့်၊ ကျန်းလောက ရှောက်ရွှမ်နာမည်လာရေးသွားခြင်းကို သတိမထားလိုက်ခြင်း ဖြစ်သည်။
ဘယ်သူမဆိုနေခဲ့နိုင်သော်လည်း၊ ထားခဲ့၍ မရသည့်လူ၂ယောက်ရှိပါသည်။ ထို၂ယောက်မှာ နတ်ဆေးဆရာမနှင့် ရှောက်ရွှမ်တို့ ဖြစ်သည်။
ရှောက်ရွှမ်သည် မျိုးနွယ်စု၏ ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ဘိုးဘေးများ၏ အရိုးကို ဝတ်ဆင်သူလည်း ဖြစ်သည်။ နတ်ဆေးဆရာမက အသာထားဦး… သူတို့မျိုးနွယ်စု အမိမြေသို့ ပြန်ရောက်နိုင်ရေးအတွက် ရှောက်ရွှမ်က မပါမဖြစ်ပင် ဖြစ်သည်။ နောက်ပြီးတော့ ရှောက်ရွှမ်သည် အမိမြေမှ လာသူဖြစ်သောကြောင့်၊ ဤခရီးအတွက် သူမပါလျှင် မဖြစ်ပါ။ ရှောက်ရွှမ်မပါဘဲနှင့် လမ်းခရီးတွင် ကြုံတွေ့ရမည့် အတားအဆီးများကို ကျော်ဖြတ်၍ ရမည် မဟုတ်ပါ။
“ဖျက်ပစ်လိုက်…ရှောက်ရွှမ်နာမည်ကို ဖျက်ပစ်လိုက်” ကျန်းချန်းက ရွှံ့အနည်းငယ်ကို ယူပြီး၊ ရှောက်ရွှမ်၏နာမည်ကို ဖျက်ပစ်လိုက်သည်။
နောက်နေ့များတွင်၊ ကျန်းလော်က သူရွေးချယ်ထားသော စာရင်းထဲမှ လူများသည် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ၊မရှိ ပြန်စစ်ဆေးနေသည်။ ကျန်းလောသည် လူစာရင်းကို ရွေးချယ်ပြီးသွားလျှင်၊ တောင်တန်းဒေသမှ ထွက်ခွာတော့မည် ဖြစ်သည်။
ထိုလူ၁၀၀၀သည် ဘုရင့်မြို့တော်မှ လူများကို တားဆီးမည့် ခံစစ်ဖြစ်သလို အသက်စွန့်ပြီး တိုက်ခိုက်မည့် လူများလည်းဖြစ်သည်။ ရန်သူများ၏ တိုက်ခိုက်မှုကို ကာကွယ်မည့် ဒိုင်းတစ်ချပ်ဆိုလည်း ဟုတ်သည်။
ရာသီဥတုမှာ မှိုင်းညို့နေပါသည်။ ကျန်းလောသည် ညွှန်ကြားစရာရှိသည်ကို ညွှန်ကြားပြီးပြီဖြစ်သည်။ သူ့လူများသည် ကျန်းလော် စီစဉ်ထား
သည့်အတိုင်း လှုပ်ရှားကြမည် ဖြစ်သည်။
ကျန်းလော်က အမည်စာရင်းကို ကြေညာလိုက်ပြီး၊ သူ့အစီအစဉ်အကြောင်းကို အနည်းငယ် ရှင်းပြလိုက်သည်။ ကျန်းလော်သည် သူ၏ နီရဲနေသော မျက်လုံးများကို ပွတ်ကြည့်လိုက်သည်။ သူတို့သည် ခရီးလမ်းတွင် လူတချို့တလေ သေဆုံးခဲ့သည်ကို ကြုံတွေ့ခဲ့ရသော်လည်း၊ အခုအချိန်သည် စစ်ပွဲဆင်နွှဲရတော့မည့် အချိန်ဖြစ်သည်။ သို့သော် အမိမြေသို့ ပြန်ချင်သည်ဆိုပါက၊ သူတို့သည် ဤစတေးမှုကို လုပ်ကို လုပ်ရမည် ဖြစ်သည်။ လိုအပ်လာပါက ကျန်းလောသည် နောက်ချန်နေခဲ့ရန်ပင် စဉ်းစားထားသည်။
ခဏကြာသောအခါ ရှောက်ရွှမ်ရောက်လာပါသည်။
ကျန်းလော်က ရှောက်ရွှမ်ပြောမည့်စကားကို သိနေသဖြင့်၊ ချောင်းဆိုးလိုက်ပြီး “ ရှောက်ရွှမ်…ငါတို့မျိုးနွယ်စုထဲမှာ ဘယ်သူမဆို နောက်ချန်နေခဲ့လို့ရတယ်…ဒါပေမဲ့ မင်းနဲ့ နတ်ဆေးဆရာမက
တော့ နောက်ချန်နေခဲ့လို့ မရဘူး…မင်းတို့မပါရင် မျိုးနွယ်စုကို အမိမြေရောက်အောင် ဘယ်လို ပို့မလဲ” ဟုမေးလိုက်သည်။
ရှောက်ရွှမ်က ခဏစဉ်းစားလိုက်ပြီး “ကျွန်တော် ကြိုးစားကြည့်ချင်လို့ပါ”
“ဘာကို ကြိုးစားမှာလဲ” ကျန်းလော်က မေးလိုက်သည်။
“ကျွန်တော် ဘုရင့်မြို့တော်က လူတွေနဲ့ တွေ့ရင်၊ အဲဒီလူတွေကို ကြိုးစားပြီး တားကြည့်ချင်သေးတယ်…မတားနိုင်ရင်တောင် ခရီးဖင့်အောင်တော့လုပ်နိုင်မှာပါ”
“မင်း…ဘာတွေလျှောက်လုပ်နေတာလဲ…ဘိုးဘေးတွေရဲ့ စွမ်းအင်ကို သုံးမလို့လား” ကျန်းလော်က မေးလိုက်သည်။
“ဟုတ်တယ်” ရှောက်ရွှမ်က ခေါင်းညိတ်လိုက်သည်။
“မဖြစ်နိုင်တာ…ဘိုးဘေးတွေရဲ့ စွမ်းအင်ကို မျိုးနွယ်စုဝင်တွေကို အမိမြေကို ရောက်အောင် ပို့ပေးဖို့ သုံးရမှာလေ… မင်းစွန့်စားဖို့မလိုပါဘူးကွာ... ငါတို့ဒီနေရာကို ရောက်အောင် အများကြီးပေးဆပ်လာခဲ့ရတာ” ကျန်းလော်က အပြတ်ငြင်းလိုက်သည်။
“ဘိုးဘေးတွေသာ ရှိမယ်ဆိုရင်၊ လူတွေအများကြီးသေမယ့် အဖြစ်မျိုးကို တွေ့ချင်မှာမဟုတ်ဘူး…ကျွန်တော်က သားရဲဘုရင်ကြီးလက်ကတောင် လွတ်လာတာပဲ…ဘုရင့်မြို့တော်က လူတွေရဲ့လက်ကလည်း လွတ်လာမှာပါ… ကျွန်တော်လိုက်သွားတော့ စစ်သည်တော်တွေလည် ပိုအားရှိတာပေါ့” ရှောက်ရွှမ်က ပြောလိုက်သည်။
“မရဘူး…”
“အဲဒါ ဘိုးဘေးတွေရဲ့ ညွှန်ကြားချက်ပါ”
“အဓိပ္ပါယ်မရှိ…”
“မယုံရင် ဘိုးဘေးတွေရဲ့ အရိုးလေးကို မေးကြည့်လို့ရပါတယ်” ရှောက်ရွှမ်က ဘိုးဘေးများ၏ အရိုးလေးကို ယူပြီး၊ ကျန်းလော်ကို ပေးလိုက်သည်။
ကျန်းလော်၏ မျက်နှာရှုံ့မဲ့သွားပါသည်။ သူသည် ဘယ်လိုလုပ်ပြီး ဘိုးဘေးများနှင့် စကားပြောနိုင်မည်နည်း။ နတ်ဆေးဆရာမကသာ ဘိုးဘေးများနှင့် ဆက်သွယ်နိုင်သူဖြစ်သည်။
ရှောက်ရွှမ်က သူ့ကို စိုက်ကြည့်နေသောကြောင့်၊ ကျန်းလော်သည် တခြားဘက်သို့ လှည့်သွားပြီး၊ အရိုးလေးကို ပြန်ပေးလိုက်ကာ “နတ်ဆေးဆရာမ ဆီသွားကြမယ်လေ…သူဘာပြောမလဲ နားထောင်ကြည့်ကြတာပေါ့”
ရှောက်ရွှမ်က ပြုံးလိုက်သည်။ နတ်ဆေးဆရာမက ငြင်းဆိုမည် မဟုတ်ပေ။
ရှောက်ရွှမ်ပြောသည်မှာ အမှန်ပင် ဖြစ်သည်။
နတ်ဆေးဆရာမက ရှောက်ရွှမ်၏ အဆိုကို မငြင်းပါ။ ထိုအကြောင်းများကို ကြားပြီးသောအခါ၊ နတ်ဆေးဆရာမသည် ရှောက်ရွှမ်ကို ခဏစိုက်ကြည့်လိုက်သည်။ ရှောက်ရွှမ်သည်ပင် ချွေးများ ပြန်နေပါသည်။ ထို့နောက် သူမက “သွားပါ” ဟုပြောလိုက်သည်။
ထိုအချိန်တွင် ဘယ်သူကမှ တည်ငြိမ်မနေနိုင်တော့ပါ။ အားလုံးသည် သူတို့မျိုးနွယ်စု၏ အနာဂတ်ရှေ့ရေးအတွက် တွေးပူနေကြပါသည်။
အခြားလူများက သတိမထားမိသော်လည်း၊ နတ်ဆေးဆရာမ လက်မှ သွေးကြောလေးများသည် တဒိတ်ဒိတ်လှုပ်ရှားနေပါသည်။ သို့သော် သူတို့သည် အခုနေရာရောက်မှတော့ နောက်ပြန် မလှည့်ချင်ကြတော့ပါ။
တောင်တန်းများကို ဖြတ်ကျော်ပြီးသွားလျှင်၊ မြေပြင်သည် ပြန့်ပြူးပြီး ဘာအပင်မှ ရှိတော့မည် မဟုတ်ပါ။ ထိုနေရာရောက်လျှင် သွားလာနေသော လူသူများကိုလည်း တွေ့ရမည် ဖြစ်သည်။
ထိုနေရာသည် လူအသွားအလာများသောကြောင့်၊ မြေပြင်ပေါ်တွင် လမ်းပေါင်းများစွာ ဖြစ်ပေါ်နေသည်။
ထိုနေရာတွင် သွားလာနေကြသော ကုန်သည်အဖွဲ့များမှာ ဝက်ဝံနက်၏ အဖွဲ့လောက် အင်အားမကြီးကြပါ။ အင်အားအကြီးဆုံးအဖွဲ့မှာ လူ၁၀၀လောက်ပါဝင်ပြီး၊ တချို့အဖွဲ့များမှာ လူ၂၀မှ ၃၀လောက်ထိပါဝင်ပါသည်။
အားလုံးက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို စိတ်ဝင်တစားကြည့်နေကြသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို အရင်တုန်းက မတွေ့ဖူးသောကြောင့်၊ ထိုလူထူးဆန်းများမှာ ဘယ်သူဖြစ်မလဲ သိချင်နေကြသည်။ သူတို့အားလုံးမှာ ခရီးပြင်းနှင်လာရသောကြောင့်၊ အဝတ်အစားများမှာ ညစ်ပတ်ပေရေနေပါသည်။ မျက်နှာများမှာလည်း ပင်ပန်းနေသည့်အသွင်များပေါ်နေပါသည်။
သို့သော် သူတို့ကို ကြည့်လိုက်ရုံနှင့် ထိုသူများ
သည် ရန်မစသင့်သော လူများဖြစ်ကြောင်း သိနိုင်ပါသည်။
ထို့ကြောင့် အားလုံးက ခေါင်းများငုံ့ပြီး၊ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူတို့ဆီမှ ပစ္စည်းများကို လုယက်မည်ကို စိုးရိမ်နေကြပါသည်။
ရှောက်ရွှမ်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ၊ ခါတိုင်းတွေ့နေကျ ငှက်ကို မတွေ့ရတော့ပါ။ထိုအခါ ရှောက်ရွှမ်သည် ရန်သူများက သူတို့ကို ဆက်လက်စောင့်မကြည့်တော့သည်ကို သိသွားပါသည်။ အတိုချုပ်ပြောရမည်ဆိုလျှင် ရန်သူများက ထိုနေရာကို ရောက်နေပြီ ဖြစ်သောကြောင့်၊ ဆက်လက်စောင့်မကြည့်တော့ခြင်းပင် ဖြစ်သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၄၈၆)
အန္တရာယ်အငွေ့အသက်များကို ရနေသဖြင့် မျိုးနွယ်စုငယ်များသည် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားသည်။ အားလုံးက တိတ်ဆိတ်နေကြသော်လည်း၊ သူတို့၏နှလုံးခုန်များ မြန်ဆန်နေကြသည်။
အခြေအနေမှာ တစ်ခုခုထူးခြားတော့မည် ဖြစ်သည်။
လှည်းများကို ဆွဲလာသော မြင်းများကလည်း တဟီဟီအော်မြည်သံများ ပေးပြီး ထွက်ပြေးချင်စိတ်များပေါက်နေပါသည်။ ကုန်သည်များက သူတို့၏ တိရစ္ဆာန်များကို သေချာဆွဲထားရသည်။
ဒရယ်ကြီးတစ်ကောင်ဆိုလျှင် စိတ်များမသက်မသာဖြစ်နေပြီး၊ အသက်ကိုပင် ခဲယဉ်းစွာရှူနေရသည်။ ၎င်းသည် စိတ်များလှုပ်ရှားနေပြီး၊ ခွာဖြင့်
မြေပြင်ကို တဖြောင်းဖြောင်းပေါက်နေသောကြောင့်၊ ကျန်လူများက သူ့ကို ဝိုင်းထိန်းထားရသည်။
“ဘာတွေဖြစ်နေတာလဲ”
“မသိဘူး…စိတ်တွေဆိုးနေတယ်”
“ငါတို့ တိရစ္ဆာန်တွေပဲ စိတ်ဆိုးတာ မဟုတ်ဘူး…ဘေးပတ်ဝန်းကျင်ကိုလည်း ကြည့်လိုက်ဦး”
တိရစ္ဆာန်များအားလုံးမှာ တစုံတရာကို ကြောက်လန့်ပြီး၊ ထွက်ပြေးချင်သည့် ပုံပေါက်နေပါသည်။
မြင်းများက ဟီလိုက်၊ သားရဲများက ဟိန်းလိုက်နှင့် အခြေအနေများမှာ ဝရုန်းသုန်းကားဖြစ်နေပါသည်။
“ခဏနေဦး…နားထောင်ကြည့်ဦး”
“ဝေါ”
အဝေးတစ်နေရာမှ တော်လဲသံကြီးတစ်ခုထွက်ပေါလာသည်။
မြေပြင်သည် တုန်ခါသွားပါသည်။ သိပ်မသိသာသော်လည်း၊ လူများ၏ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
သတိရှိသော သူများက သူတို့၏ မြင်းများနှင့် လှည်းများကို ထိန်းထားလိုက်ပြီး၊ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တချို့လူများက သူတို့နားမှ ဖြတ်သန်းသွားသော သံသယဖြစ်ဖွယ် မျိုးနွယ်စုဝင်များကို လှည့်ကြည့်လိုက်သည်။ ထိုလူများကြောင့် အခုလို အခြေအနေများ ဖြစ်ပေါ်လာခြင်းလား။
“မဟုတ်ပါ…” ထိုအသံကြီးသည် အခြားနေရာတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
မကြာခင်တွင် ထိုအသံကြီးမှာ ပိုထင်ရှားလာသည်။ နတ်စွမ်းအင်မရှိသောသူများပင် ထိုအသံကို ကြားနေရသည်။
အဝေးတစ်နေရာဆီတွင် ဖုန်လုံးကြီးများ ဖြစ်နေပေါ်နေပါသည်။ ဤမြက်ခင်းလွင်ပြင်ဒေသတွင် ဖုန်လုံးများသိပ်ဖြစ်ပေါ်လေ့မရှိသောကြောင့်၊ အခုဖြစ်ပေါ်နေသော ဖုန်လုံးကြီးမှာ ထင်သာမြင်သာ ရှိနေလေသည်။
ထို့နောက်လူပေါင်းထောင်ချီနေသော စစ်တပ်ကြီးတစ်တပ်ကို တွေ့လိုက်ရသည်။
နေရောင်အောက်တွင် ချပ်ဝတ်များ၊လက်နက်များက တောက်ပနေပါသည်။ စစ်တပ်ကြီးတစ်တပ်လုံးကို အလင်းရောင်များနှင့် ဖုံးလွှမ်းထားသလို ဖြစ်နေသည်။ စစ်သည်တော်များ သွားလာနေသည်မှာ၊ ရေကန်ပေါ်တွင် ဖြစ်ပေါ်နေသော တံလျှပ်များလို ဖြစ်နေပါသည်။
ထိုစစ်တပ်ကြီးတွင် စစ်သည်တော်ပေါင်း
၄၀၀၀လောက်ပါမည်ဟု ခန့်မှန်းရပါသည်။ များသောအားဖြင့် မျိုးနွယ်စုများတွင် လူ၁၀၀၀မှ ၂၀၀၀လောက်သာ ရှိပါသည်။ ထိုကဲ့သို့ စစ်တပ်ကြီးသည် မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်ပါသည်။
“ဂွပ်…”
အားလုံးသည် ကျယ်လောင်သော တံတွေးမျိုချလိုက်သံကြီးကို ကြားလိုက်ရသည်။ လူများသည် ရုတ်တရက် ဘာလုပ်ရမလဲ မသိဖြစ်နေပါသည်။
သူတို့သည် အခုနေရာတွင် နေလာသည်မှာ ကြာလှပြီ ဖြစ်သည်၊ သို့သော် အခုလောက် အင်အားကြီးမားသော စစ်တပ်ကြီးကို မမြင်ဖူးပါ။
ထိုမျှအင်အားကြီးမားသော စစ်တပ်ကြီးကို ပိုင်ဆိုင်သူများမှာ မင်းမျိုးမင်းနွယ်များသာ ဖြစ်နိုင်ပါသည်။ ထိုစစ်တပ်ကြီးသည် အဘယ်ရည်ရွယ်ချက်နှင့် ဤနေရာကို ရောက်လာခဲ့သနည်း။
ဘာပဲဖြစ်ဖြစ် ထိုစစ်တပ်ကြီးကို မြင်သည်နှင့် ကုန်သည်အဖွဲ့များသည် လျင်မြန်စွာ ထွက်ပေါ်သွားသည်။ သူတို့သည် ခုနက ဖြတ်ကျော်သွားသော မျိုးနွယ်စုဝင်များထက် အခုစစ်တပ်ကြီးကို ပိုကြောက်မိပါသည်။ ခုနက မျိုးနွယ်စုဝင်များတွင် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများ ပါလာသေးသည်။ အခုစစ်တပ်ကြီးမှာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော စစ်သည်တော်များ ဖြစ်ကြသည်။
“ပြေးကြ…ပြေးကြ”
ကုန်သည်များက ၎င်းတို့၏ တိရစ္ဆာန်များကို ဆွဲပြီး လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
“ဝေါ…
အသံကြီးမှာ မိုးခြိမ်းသံလို ကျယ်လောင်လှပါသည်။
လူလေးယောက်စာလောက် ခွန်အားရှိသော ဧရာမဘီလူးကြီးတစ်ကောင်သည် မြေပြင်ဆီသို့ ပြေးထွက်လာသည်။ ၎င်းသည် ပြေးလွှားလာသောကြောင့်၊ ခြေသံကြီးတဗုန်းဗုန်းထွက်ပေါ်လာသည်။ ၎င်းပြေးလာရာလမ်းတလျှောက်ရှိ မြက်ပင်များမှာ၊ လေထဲသို့ လွင့်စင်ထွက်သွားပါသည်။
အကြီးဆုံး လှည်းကြီးပေါ်တွင်…။
ယိကျုံးက မျက်မှောင်ကြုံ့လိုက်ပြီး၊ ရှေ့ကို မျှော်ကြည့်လိုက်သည်။ သူသည် သူ့နားတွင် ရှိသော အိုးတစ်လုံးထဲမှ ရွှေရောင်သဲမှုန်များကို ထုတ်ယူလိုက်ပြီး၊ လေးထောင့်ဘုတ်ပြားတစ်ခုပေါ် ကျဲဖြန့်လိုက်ပါသည်။
ရွှေရောင်သဲမှုန်များသည် ဘုတ်ပြားပေါ်တွင် မျဉ်းကြောင်းတစ်ခု ပုံစံပေါ်လာပါသည်။ တချို့က ကျောက်စိမ်းနားသို့ ချဉ်းကပ်လာပြီး၊ တချို့က ကျောက်စိမ်းတုံးကို ရှောင်ရှားသွားကြသည်။ ထို့နောက် ဖောက်ခနဲ မြည်သံလေးတစ်ခုပေါ်လာ
ပြီး၊ သဲမှုန်များမှာ ပြန့်ကျဲသွားသည်။
“ဘယ်လိုဖြစ်တာလဲ ယိကျုံး… ဗေဒင်ဟောကိန်းက အဖြေဘယ်လို ထွက်လဲ” လူအများက သူ့နားရောက်လာကြသည်။
“ရှေ့မှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ရောက်နေတယ်…အဲဒါပဲ သိတယ်… အဲဒီအပြင်တော့ ဘာမှ မသိရသေးဘူး” ယိကျုံးသည် ပြောရင်းနှင့် စိတ်ရှုပ်သွားသည်။ သူသည် ထိုထက်ပိုသိလိုသော်လည်း၊ အဖြေမှာ ထိုမျှသာ ထွက်လာပါသည်။ သူ့ဗေဒင်တွက်မှုသည် သိပ်မတိကျသလို၊ ကျောက်စိမ်းများမှာလည်း ရေရာသော အဖြေကို မပေးပါ။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုမှ ဒဏ္ဍာရီလာ ဝါစဉ်ကြီးပုဂ္ဂိုလ်အကြောင်းကိုလည်း တိကျသော အဖြေတစ်ခုထွက်ပေါ်မလာပါ။
အစပိုင်းတွင်တော့၊ သူ့ဗေဒင်ဟောကိန်းများ မှားယွင်းသည်ကို နားလည်ပေး၍ရပါသည်။ သို့သော် အခုတော့ သူသည် သတင်း
အချက်အလက်များကို ကောင်းမွန်စွာ ရရှိထားပြီး ဖြစ်သလို၊ မှန်းဆချက်များကိုလည်း ရထားပြီးသား ဖြစ်သည်။ သူ့အဖြေများမှာ တိကျသော အဖြေတစ်ခုဖြစ်သင့်နေပြီ ဖြစ်သည်။ သို့သော် ဗေဒင်မှ ထွက်ပေါ်လာသော အဖြေမှာ မီးတောက်ဦးချိုမျိုးနွယ်စု ရှိနေသော နေရာအကြမ်းဖျဉ်းလောက်ကိုသာ ပေးပြီး၊ ထိုထက်ပိုတိကျသော အဖြေတစ်ခုကို မပေးပါ။
ယိကျုံးသည် ယိပင်းသည်လည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို ခန့်မှန်းကြည့်ဖူးကြောင်း မှတ်မိနေပါသည်။ ထိုအခေါက်ကလည်း သူ၏ဗေဒင်မေးမှု မအောင်မြင်ပါ။ ယိကျုံးသည်လည်း မအောင်မြင်ပါ။
မယုံနိုင်စရာကောင်းသော အဖြစ်ပင်။
ယိမိသားစုဝင်များက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို သတိထားကြသည်မှာ အဆန်းတော့ မဟုတ်ပါ။ ယိမိသားစုဝင်များသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မဖျက်ဆီးရပါက၊ အိပ်
ဝင်စားပျော်မည် မဟုတ်ပါ။ ယိပင်းလည်း ထိုနည်းတူပင် ဖြစ်သည်။ သူသည် မျှော်စင်မှ ပြန်ရောက်လာကတည်းက၊ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသလို၊ မည်သည့်တိုးတက်မှုမှလည်း ဖြစ်ပေါ်မလာပါ။ ယခင်မျိုးဆက်များက ယိပင်းသည် ဤအကျပ်အတည်းကို မကျော်လွှားနိုင်ပါက၊ သူသည် ထိုအကျပ်တည်းများကြားတွင်သာ နေရမည် ဖြစ်သည်။ ယိမိသားစုဝင်များအတွက်တော့၊ ၎င်းတို့သည် ထိုလူကို လေ့ကျင့်ရေးအတွက် ဘာပစ္စည်းမှ ထောက်ပံ့တော့မည် မဟုတ်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ယိကျုံးသည် ဘုတ်ပြားလေးတစ်ပြားပေါ်တွင် ကျောက်စိမ်းတုံးတစ်လုံးကို ပစ်တင်လိုက်ပြီး၊ ယိပင်း၏ အခြေအနေကို တွေးကြည့်လိုက်သည်။
သားရေဝတ်စုံကို ဝတ်ဆင်ထားသော ကောင်မလေးသည် ယိကျုံးကို တစ်ခုခုပြောလိုက်ချင်သော်လည်း၊ သူမ၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။ သူမသည် လွယ်ထားသောအိတ်ကို ဖွင့်လိုက်ပြီး၊ အထဲမှ ပျားတစ်ကောင်နှင့်
တူသော အရာတစ်ခုကို ထုတ်လိုက်သည်။ ထိုအရာသည် သူမ၏ လက်မလောက်ရှိပြီး၊ ဘဲဥပုံစံရှိပါသည်။
ထိုပိုးကောင်လေးသည် သူမ၏လက်ပေါ်တွင် နားပြီး၊ အတောင်ပံကို တဖျတ်ဖျတ်ခပ်နေပါသည်။
သို့သော် ၎င်း၏အတောင်ပံများမှာ သေးငယ်သောကြောင့်၊ မပျံသန်းနိုင်ပါ။ အတောင်ပံများကို တဖျတ်ဖျတ်ခပ်နေသည်မှာ ထိုပိုးကောင်လေးသည် စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။
“မီးလျှံသလင်းကျောက်တွေ…” ကောင်မလေးက ပြောလိုက်သည်။
သူမ၏ ပိုးကောင်လေးမှာ မီးလျှံသလင်းကျောက်များအကြောင်းကို သိလိုက်ရသဖြင့် ထိုသို့ ပြုလုပ်ခြင်း ဖြစ်သည်။ ထိုပိုးကောင်လေးသည် သူတို့သွားနေသည့်ဘက်ကို ဦးလှည့်ထား
ပါသည်။
“မီးတောက်ဦးချိုမျိုးနွယ်စုတွေပဲ ဖြစ်မယ်”
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ၎င်းတို့၏ဆားများနှင့် မီးလျှံသလင်းကျောက်များကို သယ်ဆောင်ပြီး၊ ခရီးသွားနေခြင်းပင် ဖြစ်ရမည်။
လှည်းပေါ်မှ လူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။
“သူတို့မှာ မီးလျှံသလင်းကျောက်တွေ ဘယ်လောက်ပါလဲ သိချင်တယ်”
ထိုသူများက စိတ်လှုပ်ရှားနေသော်လည်း၊ ယိကျုံးကတော့ တိတ်ဆိတ်နေပါသည်။ သူသည် မီးလျှံသလင်းကျောက်များအကြောင်းကို စိတ်မဝင်စားပါ။ သူသိချင်သည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဂမ္ဘီရကြိုးထုံးပညာကို သူတို့ယိမိသားစုဝင်များလောက် တတ်ကျွမ်းမှုရှိ၊မရှိပင် ဖြစ်သည်။
ယိမိသားစုအတွက်တော့ မီးလျှံသလင်းကျောက်များသည် ထိုမျှ အသုံးမဝင်ပါ။ မီးလျှံသလင်းကျောက်များသည် စစ်မက်ကိုလိုလားသော မျိုးနွယ်စုများကသာ တပ်မက်ကြပါသည်။ ၎င်းတို့တွင်သာ မီးလျှံသလင်းကျောက်များရှိနေပါက၊ သူတို့သည် ထိုမီးလျှံသလင်းကျောက်များကို သူတို့အား ကူညီသူများကို ပေးလိုက်မည် ဖြစ်သည်။
ပညာက ခွန်အားထက် အရေးကြီးပါသည်။ ယိမိသားစုက ထိုကဲ့သို့ပင် ခံယူထားသည်။ သူတို့သည် ဥာဏ်ရည်ကို အားကိုးကြသောသူများဖြစ်ကြသည်။ အခြားကိစ္စများက သာမန်လူများလုပ်၍ရပါသည်။
ပိုးကောင်လေးမှာ အတောင်ပံကို တဖျပ်ဖျပ်ခတ်နေပါသည်။
“နီးလာပြီ…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ရောက်လာတော့မယ်” သားရေအင်္ကျီကို ဝတ်ဆင်
ထားသော ကောင်မလေးက လိုက်ကာကို ဖွင့်လိုက်ပြီး၊ အပြင်ကို ချောင်းကြည့်လိုက်သည်။
“မီးတောက်ဦးချိုတွေ…မီးတောက်ဦးချိုတွေ လာနေပြီ”
အားလုံးသည် လိုက်ကာစကို မပြီး အပြင်ကို ကြည့်လိုက်သည်။
ထိုအခါ တန်းစီပြီးလာနေသော လူ၈၀၀လောက်ကိုတွေ့လိုက်ရပါသည်။
ကုန်သည်များကတော့ ထိုနေရာမှ ရှောင်ခွာသွားကြပြီ ဖြစ်သည်။ ထိုလူများကတော့ မတ်တပ်ထရပ်နေတုန်းပင် ဖြစ်သည်။
၎င်းတို့မှာ ထိုလူများကို ကောင်းစွာမမြင်ရသေးသော်လည်း၊ ထိုလူများမှာ မည်သူဖြစ်မလဲ သိနေကြသည်။
“အဲဒါ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ဖြစ်
မယ်…ဘာလို့ သူတို့လူအင်အား ဒီလောက်နည်းသွားတာလဲ”
“သူတို့က ငါတို့အကြောင်းတွေကို သိနေလို့၊ ကြိုတင်ပြီး ပြင်ဆင်ထားတာ ဖြစ်မယ်…ကြည့်ရတာတော့ သူတို့က အချိန်ယူပြီး ပြင်ဆင်ထားပုံပဲ”
ယိကျုံးက မော့ကြည့်လိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူတို့အကြောင်းများကို သိနေသည်မှာ ခန့်မှန်း၍ သိခြင်းလား၊ ဗေဒင်ဟော၍ သိခြင်းများလား သူလည်း မသေချာပါ။ ဘာပဲဖြစ်ဖြစ် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကိုတော့ ရှင်းပစ်ရမည် ဖြစ်သည်။ သူသည် ယိပင်းလို မဖြစ်ချင်ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ရှင်းလင်းပစ်မှသာ သူတို့အတွက် အနှောင့်အယှက်ကင်းသွားမည် ဖြစ်သည်။
ဧရာမသားရဲကြီးက အရှိန်လျော့သွားသောကြောင့်၊ စစ်သားများက ရှေ့သို့တက်လာကြသည်။
သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ထောင်ခြောက်များ ထောင်ထားမည်ကို မစိုးရိမ်ပါ၊ သူတို့၏ အစီအစဉ်အရဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတွင် ထိုမျှ အချိန်မရှိပါ။
သူတို့အဖွဲ့၏နောက်တွင် ရထားလုံးတစ်စီးပါလာပါသည်။
မြေခွေးမျိုးနွယ်စုအကြီးအကဲသည် ရထားလုံးထဲမှ ထွက်လာသည်။ သူသည် အခြားသောမျိုးနွယ်စုဝင်များလို ဘုရင့်မြို့တော်မှ အကာအကွယ်ကို တောင်းဆိုထားသူဖြစ်သည်။ သူသည် ရထားလုံးထဲမှ ထွက်လာသည်။
သူတို့သည် ဘုရင့်မြို့တော်မှလူများ၏ အကူအညီကို တောင်းထားသောကြောင့်၊ ၎င်းတို့သည် ရိုးသားမှုနှင့် လေးစားမှုကို ပြသရမည် ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် တိုက်ခိုက်ရန်အတွက်၊ မျိုးနွယ်စုများသည် လူသူအင်အားများစွာကို ခေါ်ဆောင်လာသည်။ စစ်တပ်တွင်ပါလာသော လူ၅၀၀၀အနက်၊ ၂၀၀၀မှာ မျိုး
နွယ်စုဝင်တိုင်းရင်းသားများဖြစ်ကြသည်။
မြေခွေးမျိုးနွယ်စုအကြီးအကဲက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ လူတန်းရှည်ကြီးကို မုန်းတီးစိတ်ဖြင့် ကြီးလိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကြောင့်သာ ၎င်းတို့၏ ဆားများ၊ မီးလျှံသလင်းကျောက်များကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ သူသည် မျိုးနွယ်စုတစ်ခု၏ အကြီးအကဲဖြစ်သော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကြောင့် မင်းမျိုးမင်းနွယ်များကို အောက်ကျို့နေရခြင်းဖြစ်သည်။
မြေခွေးမျိုးနွယ်စုအကြီးအကဲသည် သူဆုံးရှုံးသွားသည့်အရာများကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များဆီမှ ပြန်ယူချင်နေပါသည်။ သူသည် ဆုံးရှုံးသွားသော ဆားများနှင့် မီးလျှံသလင်းကျောက်များကို ပြန်ယူမည် ဖြစ်သည်။
သူ အမိန့်ပေးလိုက်သဖြင့်၊ အားလုံးက အရှိန်ကိုမြှင့်တင်လိုက်သည်။ မြေပြင်မှာ မြင်းခွာသံများကြောင့် တုန်လှုပ်နေပါသည်။
မြေခွေးမျိုးနွယ်စုအကြီးအကဲသည် စစ်သားများကို ကြည့်ပြီး ပြုံးလိုက်မိသည်။ ယနေ့တွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ပျောက်ကွယ်ရတော့မည် ဖြစ်သည်။ အခုအချိန်ထိတော့ ဘုရင့်မြို့တော်မှလူများ၏ လက်မှ လွတ်မြောက်ဖူးသောသူ မရှိသေးပါ။
အဝေးတွင် ပုန်းအောင်းနေသော ကုန်သည်အဖွဲ့များသည် စစ်တပ်ဆီမှ ထွက်ပေါ်နေသော တိုက်ခိုက်လိုသည့် အရိပ်အယောင်များကို ခံစားမိနေပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့ ခံစားနေရသည်။ ကမ္ဘာကြီးတစ်ခုလုံးပင် တုန်လှုပ်နေသလို ခံစားနေရသည်။ သူတို့သည် အခုအချိန်တွင် ထွက်ပြေးလျှင်လည်း၊ အန္တရာယ်မှ ခဏသာရှောင်လွှားနိုင်မည် ဖြစ်သည်။
တစ်ခါထွက်ပြေးပြီးလျှင်၊ အခေါက်အခါခါ
ထွက်ပြေးနေရဦးမည် ဖြစ်သည်။
ယနေ့တော့ သေချင်သေပါစေ၊ ထွက်မပြေးတော့ဟု ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ကျန်းချန်း၏ မျက်ဝန်းတစ်စုံမှာ ဓားသွားတစ်စင်းလို စူးရှတောက်ပြောင်နေပါသည်။ သူသည် အခုလို တာဝန်ကြီးမျိုးကို အခုမှ ပထမဆုံး ဆောင်ရွက်ဖူးခြင်းဖြစ်သည်။ ကျန်းချန်းသည် ဓားကို ကိုင်ထားပြီး အေးစက်သော မျက်လုံးများနှင့် ရန်သူများကို ကြည့်နေပါသည်။
လှုပ်ရှားနေသော စိတ်များ ငြိမ်သက်သွားအောင်၊ သူသည် အသက်ကို ဝအောင် ရှူလိုက်ပါသည်။ ထို့နောက် သူသည် ရှောက်ရွှမ်အား တစ်ခုခုပြောရန် ဟန်ပြင်နေစဉ်မှာပင်၊ ရှောက်ရွှမ်က “အကိုနောက်ဆုတ်နေ…ကျွန်တော်အရင်တိုက်မယ်” ဟုပြောလိုက်ပါသည်။
ညာသံပေးရန် ပြင်ဆင်နေသော ကျန်းချန်းမှာ ရုတ်တရက် ဆွံ့အသွားသည်။ ထို့နောက် သူသည်
ရှောက်ရွှမ်ကို နားမလည်သလို ကြည့်လိုက်ပါသည်။ သူသည် ရှောက်ရွှမ်အား ပြန်မေးရန် ပြင်လိုက်စဉ်မှာ၊ သုန့်ကန်းက သူ့ကို နောက်ပြန် ဆွဲထားလိုက်သည်။
(ဆက်ရန်…)