← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၂၀၁

လုယွီ၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ကျန်းနျန်ကို ဖက်ထားသည့် သူ၏လက်များမှာ ပို၍တင်းကျပ်သွားသည်။ သူသည် သူမ၏ ပါးပြင်နှစ်ဖက်ကို ဆုပ်ကိုင်ကာ သူ့ကို မော့ကြည့်စေပြီး အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ "မင်း ဘယ်ကနေ လာတာလဲ။"

သူသည် လွန်ခဲ့သောတစ်နှစ်က စစ်သည်မိသားစုအိမ်ရာတွင် ကျန်းနျန် အရက်မူးနေချိန်ကို ရုတ်တရက် သတိရသွားသည်။ ထိုစဉ်က သူက သူမ ဘယ်ကလာသလဲဟု မေးခဲ့စဉ်က သူမသည် ပဲစေ့များကို ညွှန်ပြကာ "ရေ" ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းမှာ "စာအုပ်" ဟု ပြောခြင်းဖြစ်ကြောင်း သူ သိခဲ့ရသည်။ သူမ ပြောနေသည်မှာ စာအုပ်ပြင်ပလောကမှ လာခြင်းကို ဆိုလိုတာလား။

"ကျန်းနျန်... ကိုယ့်ကို ပြောပြပါ။"

လုယွီ၏ လက်ချောင်းများ တင်းကျပ်သွားသဖြင့် ကျန်းနျန်မှာ အနည်းငယ် နာကျင်သွားသည်။ သူမသည် သူ၏ လက်ကောက်ဝတ်များကို တွန်းထုတ်ကာ ပြောလိုက်သည်။ "နာတယ်။"

လုယွီလည်း လက်ကို လျှော့ပေးလိုက်သည်။ ကျန်းနျန်က မူးဝေစွာ ပြုံးလိုက်သည်။ "အံ့ဩမနေပါနဲ့။ ကျွန်မက စာအုပ်ပြင်ပကနေ လာတာ။ ဒီလောကကြီးက စာရေးဆရာတစ်ယောက် ရေးထားတဲ့ စာအုပ်တစ်အုပ်ပဲ။ ရှင်က ဒီစာအုပ်ရဲ့ ဇာတ်လိုက်အမျိုးသား၊ ကျွန်မကတော့ စောစောစီးစီး သေသွားတဲ့ ဇာတ်လိုက်အမျိုးသားရဲ့ မရီးပေါ့။"

သူမ ခဏရပ်လိုက်ပြီး လုယွီ၏ မျက်နှာကို လက်ဖဝါးဖြင့် ပုတ်ကာ စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။ "ရှင် ခန့်မှန်းမိမှာ မဟုတ်ဘူး၊ စွင်းယင်က ဒီစာအုပ်ရဲ့ ဇာတ်လိုက်အမျိုးသမီးပဲ။ ရှင်တို့နှစ်ယောက်က အမှန်တော့ အတူတူ ဖြစ်လာရမှာ။ ကျွန်မ ရောက်လာလို့ ဇာတ်လမ်းတွေ ရှုပ်ကုန်လားတော့ မသိဘူး၊ ဒါပေမယ့် လုယွီ... ရှင့်ရဲ့ မူရင်းမရီးက လွန်ခဲ့တဲ့ လေးနှစ်ကတည်းက သေသွားခဲ့တာ။ ရှင့်ကို လေးနှစ်လောက်က ပြန်လာတုန်းက ရှင်ကယ်လိုက်တဲ့သူက မရီးမဟုတ်ဘူး၊ ကျွန်မ ဖြစ်နေတာ။"

ကျန်းနျန်သည် သူမ၏ ရင်ထဲတွင် မြှုပ်ထားသမျှ စကားများကို ထုတ်ဖော်လိုက်သည်။ "ကျွန်မ ရှင်နဲ့ စွင်းယင်နဲ့ကို ဖူးစာဘက်ပေးဖို့ ကြိုးစားခဲ့တာ သတိရလား။"

လုယွီသည် သူမ၏ ပါးပြင်ကို လွှတ်ပေးလိုက်ပြီး သူမလက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကိုယ် မှတ်မိတယ်။"

ကျန်းနျန်၏ မျက်လုံးများတွင် မူးဝေနေဆဲဖြစ်သည်။ "အဲ့ဒီတုန်းက ရှင်နဲ့ စွင်းယင်တို့ အတူတူ ဖြစ်သွားရင် ဇာတ်လမ်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ကျွန်မလည်း ကျွန်မရဲ့ တကယ့်လောကဆီ ပြန်နိုင်မယ်လို့ တွေးခဲ့တာ။ ဒါပေမယ့် ရှင်က သူမနဲ့ မတွေ့ချင်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်အိပ်ပျော်အောင် လုပ်ဖို့ နည်းလမ်းရှာခဲ့ရတာပေါ့။"

လုယွီ - .....

သူသည် ကျန်းနျန်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ စစ်စခန်းသို့ ပထမဆုံး ရောက်လာစဉ်က ထူးဆန်းသော အပြုအမူများနှင့် ယခု ပြောပြလိုက်သည့် စကားများကို ပေါင်းစပ်တွေးတောလိုက်သောအခါ အရာအားလုံးမှာ အဓိပ္ပာယ် ပေါ်လွင်လာခဲ့သည်။

သူမသည် ဤစာအုပ်ကို ဖတ်ဖူးပြီး ရှု့ယန်နှင့် လျိုချမ့်တို့၏ ကံကြမ္မာ၊ ကျန့်ဟုန်၏ လုပ်ရပ်များကို သိနေခဲ့သည်။ ဒါကြောင့်မို့လို့ပဲ သူမသည် ကျန့်ဟုန်ကို အစကတည်းက ပစ်မှတ်ထားခဲ့ပြီး ရှု့ယန်၏ မူရင်းဇာတ်သိမ်းကို ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။ သူမသည် တပ်ရင်းမှူး စုန့်နှင့် စုန့်ရှန်းတုန်တို့၏ ပြဿနာများကိုပင် ကူညီဖြေရှင်းပေးခဲ့ပုံရသည်။

လုယွီသည် သူမအား ဤလောကထဲရှိ တစ်နေရာရာက ဝိညာဉ်တစ်ခုဟု ထင်ခဲ့သော်လည်း သူမမှာ စာအုပ်ပြင်ပကနေ လာသည်ဟုတော့ တစ်ခါမှ မတွေးမိခဲ့ပေ။

သူသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ကျန်းနျန်၏ ထူးဆန်းသော အပြုအမူများဖြစ်သော နှစ်တိုင်း အိပ်မက်ဆိုးများ မက်ခြင်း၊ ရှု့ချန်၏ နာမည်ကို ခေါ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ဇာတိမြေသို့ ပြန်ရောက်ပြီးနောက် အခြေအနေ ပိုဆိုးသွားခြင်းတို့ကို ပြန်ပြောင်းတွေးလိုက်သည်။

လုယွီသည် ဒီညတွင် ရှင်းရှင်းလင်းလင်း သိလိုသည်။ သူသည် မူးနေဆဲ ကျန်းနျန်ကို ကြည့်ကာ သူမ၏ နှုတ်ခမ်းကို အသာအယာ ပွတ်သပ်ပြီး မေးသည်။ "ကိုယ် တစ်ခုလောက် မေးချင်တယ် မင်း ရှု့ချန်ကို အမြဲတမ်း အိပ်မက်မက်နေတာလား။"

ကျန်းနျန်က ခေါင်းခါလိုက်ပြီး လျှာလေး ရစ်သိုင်းကာ ဖြေသည်။ "သူ့ကို အိပ်မက်မက်တာ သုံးခါပဲ… မဟုတ်ဘူး၊ အမှန်တော့ တစ်ခါမှ မမက်ဘူး။ သူ့အစား ရှင့်မရီးကိုပဲ အိပ်မက်မက်တာ။"

လုယွီ၏ အမူအရာ ပြောင်းလဲသွားပြီး သူမ ဆက်ပြောသည်ကို နားထောင်နေသည်။ "ကျွန်မ ရှင့်မရီးနဲ့ ဝိညာဉ်ချင်း လဲသွားတာ။ ကျွန်မက သူမရဲ့ ခန္ဓာကိုယ်ကို ယူပြီး သူမ ဖြစ်သွားတယ်၊ သူမကတော့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ယူပြီး ကျွန်မ ဖြစ်သွားတယ်။ စိတ်ဝင်စားဖို့ မကောင်းဘူးလား။" သူမ ပြုံးလျက် ဆက်ပြောခဲ့သည်။ "ပြီးတော့ သူမ ရှု့ချန်နဲ့ တွေ့တာကိုလည်း အိပ်မက်မက်သေးတယ်။"

လုယွီသည် အကြည့်ကို လျှော့ချလိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများမှာ နားလည်ရခက်သော ချောက်ကမ်းပါးကဲ့သို့ပင်။ သူ၏ အသံမှာ တုန်ရီနေပြီး မေးလိုက်သည်။ "ရှု့ချန် မသေဘူးလား။"

ကျန်းနျန်က လက်ချောင်းများကို ခါပြလိုက်သည်။ "ရှု့ချန်နဲ့ ရှင့်မရီးက ကျွန်မရဲ့ လောကမှာ ရောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အံ့ဩစရာ မကောင်းဘူးလား။"

ထို့နောက် သူမသည် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမယ့် အိပ်မက်ထဲမှာ ရှင့်မရီးက ကျွန်မနဲ့ စကားမပြောဘူး၊ ဘာလို့လဲဆိုတာ ကျွန်မ မသိဘူး။ ပြီးတော့ သူမက တံခါးကို ပိတ်ထားတော့ ကျွန်မ အထဲမဝင်နိုင်ဘူး။"

လုယွီ၏ နှုတ်ခမ်းပါးများမှာ တင်းတင်းစေ့သွားသည်။ သူ မသေဆုံးခင် အဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်ရာ သူ့မရီးက ဘာကြောင့် ကျန်းနျန်နှင့် စကားမပြောရသလဲဆိုတာ သူ နားလည်သွားသည်။ သူသည် ကျန်းနျန်ကို ဖက်လိုက်ပြီး သူမ၏ လည်ပင်းကို အသာအယာ နှိပ်ပေးကာ တိုးတိုးလေး ပြောလိုက်သည်။ "နျန်နျန်... အကယ်၍ မင်း ကိုယ့်မရီးကို နောက်တစ်ခါ အိပ်မက်မက်ရင် သူမနဲ့ စကားမပြောဖို့ သတိရနော်။ မတွေ့တာ အကောင်းဆုံးပဲ။"

ကျန်းနျန် စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်သည်။ "ဘာလို့လဲ။"

လုယွီ ပြောလိုက်သည်။ "သံလိုက်စက်ကွင်းကြောင့် မင်းတို့နှစ်ယောက် နေရာပြန်လဲသွားမှာကို ကိုယ် ကြောက်လို့။"

သူ အလွန် စိတ်ပူနေသည်။ ကျန်းနျန်၏ အိပ်မက်များကို ထိန်းချုပ်၍ မရနိုင်သော်လည်း တခြား 'ကျန်းနျန်' နှင့် စကားမပြောရန် ရှောင်နိုင်လျှင် ဤကိစ္စများ ဖြစ်လာမည် မဟုတ်ပေ။ သူသည် သူမကို ဆုံးရှုံးရမှာ မကြောက်သလို သူမ၏ ခန္ဓာကိုယ်ထဲတွင် တခြားသူတစ်ယောက်ကို မြင်ရမှာလည်း မလိုလားပေ။

ကျန်းနျန်သည် အခြားအရာများစွာကိုလည်း ဆက်ပြောနေသည်။ သူမ၏ မိသားစု၊ စားသောက်ဆိုင်၊ သူမ၏ အဖေဆီက သင်ယူခဲ့ရသော ဟင်းချက်နည်းများနှင့် အဘွားဆီက သင်ယူခဲ့ရသော ပန်းထိုးနည်းများကို ပြောပြသည်။ ကျန်းနျန် စကားများ ရေရွတ်နေရင်း နောက်ဆုံးတွင် လုယွီ၏ ရင်ခွင်ထဲတွင်ပင် သူမ၏ မိသားစုကို လွမ်းလွန်းသဖြင့် ငိုယိုရင်း အိပ်ပျော်သွားတော့သည်။

လုယွီသည် ကျန်းနျန်ကို ဖက်ထားရင်း သူ တစ်ခါမှ မခံစားဖူးသည့် ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရသည်။

ကျန်းနျန်သည် မနက်အစောပိုင်းအထိ လှုပ်လှုပ်ရှားရှား ဖြစ်နေပြီးနောက် လုယွီ၏ ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ သို့သော် မနက်လင်းခါနီးတွင် သူမ၏ မျက်နှာမှာ နာကျင်စွာ ဖြစ်လာသည်။

သူမသည် ထိုရွှံ့အိမ်ဟောင်းထဲတွင် လုယွီကို ထပ်မံ အိပ်မက်မက်ပြန်သည်။ သူမ စိုးရိမ်တကြီး တံခါးဖွင့်ကြည့်လိုက်ရာ လုယွီသည် ဒူးတစ်ဖက်ထောက်လျက် ရှိနေပြီး သူ၏ အဆစ်များအားလုံးမှ သွေးများ ယိုစီးနေသည်ကို မြင်လိုက်ရသည်။ လုယွီ၏ ပခုံးနှင့် ဒူးဆစ်များမှ မျက်နှာကျက်ဆီသို့ ဆွဲထားသော ပါးလွှာသည့် ကြိုးတစ်ချောင်းကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

လုယွီသည် သူ၏ ဘယ်ဘက်ပခုံးမှ ကြိုးကို ရုတ်တရက် ဆွဲဖြုတ်လိုက်ရာ ဒဏ်ရာမှ သွေးများ အရှိန်ဖြင့် ပန်းထွက်လာသည်။ သူသည် နာကျင်မှုကို မခံစားရသကဲ့သို့ပင်။ သူသည် ဒဏ်ရာရနေသော လက်ယာဘက်ဖြင့် ကြိုးကို နောက်တစ်ခါ ဆွဲဖြုတ်လိုက်သည်။

သူမ၏ ယခင်အိပ်မက်ကဲ့သို့ပင် ပခုံးနှစ်ဖက်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး မြေပြင်တွင် သွေးကန်တစ်ခု ဖြစ်နေသည်။

"လုယွီ!"

ကျန်းနျန် အပြေးသွားပြီး သူ့ကို ဖက်ရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားမိသည်။ သူမ နောက်လှည့်ကြည့်လိုက်ရာ လုယွီသည် ဒူးခေါင်းရှိ ကြိုးနှစ်ချောင်းကို အားကုန်ဆွဲဖြုတ်နေသည်ကို တွေ့လိုက်ရသည်။ မမြင်ရသော ဒဏ်ရာများမှ သွေးများ ပန်းထွက်လာပြီး သူ၏ တည်ငြိမ်လေ့ရှိသော မျက်နှာတွင် နာကျင်မှုများ ထင်ရှားနေသည်။

"လုယွီ!"

ကျန်းနျန် အော်ဟစ်လိုက်ပြီး သူ့ကို ထပ်မံ ဖက်တွယ်ရန် ကြိုးစားသော်လည်း မမြင်ရသော စွမ်းအားတစ်ခုက သူမကို မြှောက်တင်လိုက်သည်။ ခဏအကြာတွင် သူမ၏ ခန္ဓာကိုယ် ပေါ့ပါးသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ အနီးတွင် လုယွီရှိနေသည်။

သူသည် သူမကိုယ်တိုင် ထိုးထားပေးသော ဆွယ်တာအင်္ကျီကို ဝတ်ထားပြီး ဆံပင်တိုတိုလေးပေါ်တွင် ရေစက်အချို့ ရှိနေသည်။ သူ၏ ခံ့ညားသော မျက်နှာမှာ အိပ်မက်ထဲကဲ့သို့ ဖြူဖျော့ပြီး နာကျင်နေခြင်းမျိုး မရှိဘဲ ပုံမှန်အတိုင်းပင် ဖြစ်သည်။

သူမ မယုံနိုင်စွာဖြင့် မေးလိုက်သည်။ "လုယွီလား။"

လုယွီ မေးလိုင်သည်။ "အိပ်မက်ဆိုး ထပ်မက်ပြန်တာလား။"

ကျန်းနျန် ခေါင်းငြိမ့်ကာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လုယွီ၏ လည်ပင်းကို တင်းတင်းဖက်လိုက်သည်။ သူ အပြင်ခဏ ထွက်သွားခဲ့ပုံရသည်။ သူ၏ ခန္ဓာကိုယ်မှာ အေးစက်နေပြီး ထိုအေးစက်မှုက သူမ၏ ဝေဝါးနေသော စိတ်ကို အနည်းငယ် ကြည်လင်လာစေသည်။

"ရှင့်ရဲ့ အဆစ်တွေအားလုံးမှာ ကြိုးတွေနဲ့ ချည်ထားပြီး ရှင်က နာကျင်မှုမရှိဘဲ ဆွဲဖြုတ်နေတာကို အိပ်မက်မက်တာ။ ကျွန်မ ရှင့်ကို ဆွဲကိုင်ချင်ပေမယ့် မရဘူး။" ထိုသို့ ပြောရင်း သူမ အသံတုန်လာခဲ့သည်။

သူမ အသံတွေ တစ်ဆို့လာရသည်၊ အိပ်မက်ထဲက လုယွီသည် ထိုမျှအထိ နာကျင်လှပြီး အကူအညီမဲ့နေသည့် ပုံစံမျိုးကို သူမတစ်ခါမှ မမြင်ဖူးခဲ့ပေ။

ကျန်းနျန်သည် သူမ၏ ရင်ဘတ်ထဲတွင် အသက်ရှူရခက်ခဲလောက်အောင် နာကျင်မှုကို ခံစားလိုက်ရသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုယွီက ပြုံးလျက် ပြောသည်။ "အိပ်မက်တွေက အတုတွေပါ။ ကိုယ် အဆင်ပြေနေတယ်လေ၊ မဟုတ်ဘူးလား။" ထိုသို့ ပြောကာ ကျန်းနျန်ကို ပွေ့ချီလိုက်ပြီး ပြောသည်။"နှစ်သစ်ကူး ပထမနေ့လေးဆိုတော့ အပျင်းမကြီးနေနဲ့ဦး။ စုန့်ပိုင်တို့ အပြင်မှာ ရှိနေတယ်။ မင်း ထလာရင် မနက်စာ စားကြမယ်။"

ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့။"

အိပ်မက်သာ ဖြစ်သော်လည်း ကျန်းနျန်မှာ အနည်းငယ် တုန်လှုပ်နေဆဲပင်။ သူမသည် တစ်ခုခုကို မေ့သွားသလို ခံစားရပြီး အိပ်ရာပေါ်တွင် ခဏမျှ လှဲနေမိသည်။ သူမ၏ စိတ်ထဲတွင် သူမနှင့် လုယွီ အိပ်ရာပေါ်တွင် လှဲနေသည့် မှတ်ဉာဏ်အပိုင်းအစများ ဖြတ်ပြေးသွားသော်လည်း အတိအကျ ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ သူမ မမှတ်မိပါ။

ခဏမျှ တွေဝေပြီးနောက် ကျန်းနျန် ထလာကာ အဝတ်အစား ဝတ်လိုက်သည်။ မနေ့က ဖက်ထုပ်အများအပြား ကျန်ခဲ့သဖြင့် အပြင်ဘက်တွင် အေးခဲနေသည်။ လုယွီက ၎င်းတို့ကို ချက်ပြုတ်ပြီး ဟင်းပွဲအချို့ ပြင်ထားပေးသည်။ ထန်ဇီက မှတ်ချက်ပြုသည်။ "လုယွီ... မင်း ချက်တာက ခယ်မရဲ့ လက်ရာနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး။"

စုန့်ပိုင်လည်း ထောက်ခံသည်။ "ထန်ဇီ ပြောတာ မှန်တယ်။"

လုယွီ - …

သူက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ "ဒါဆိုရင် မစားနဲ့တော့။"

စုန့်ပိုင်နှင့် ထန်ဇီတို့ အမြန် ခေါင်းခါကာ အရင်ကထက် ပိုမြန်အောင် စားကြတော့သည်။

နှစ်သစ်ကူး ပထမနေ့တွင် အပြင်ဘက်တွင် လေများ ပြင်းထန်နေဆဲပင်။ စုန့်ပိုင်၏ အဆိုအရ စခန်း၏ ဘယ်ဘက်အနောက်ဘက်တွင် အဆုံးမရှိသော သဲကန္တာရနှင့် ဂိုဘီသဲကန္တာရ ရှိသဖြင့် လေက အထူးပြင်းထန်ပြီး သဲများ ပါလာတတ်သည်။ ဤနေရာက လူများမှာ လေပြင်းတိုက်ခတ်ချိန်တိုင်း သဲကို စားနေကျ ဖြစ်သည်။

ကျန်းနျန်သည် ဂွမ်းခံအင်္ကျီထူထူ၊ ဦးထုပ်နှင့် ပဝါကို ဝတ်ဆင်ထားရာ သူမ၏ မျက်လုံးများကိုသာ မြင်ရတော့သည်။

လုယွီသည် သူမကို စခန်းအပြင်ဘက်သို့ ခေါ်သွားခဲ့သည်။ မြင်ကွင်းမှာ ဂိုဘီ၏ အဝါရောင်သဲပြင်များသာ ရှိသဖြင့် ထူးထူးခြားခြား ကြည့်စရာ မရှိပါ။ နောက်ဆုံးတွင် စုန့်ပိုင်က သူတို့ကို ဒေသခံဈေးသို့ ခေါ်သွားသည်။ ဈေးနေ့ မဟုတ်သဖြင့် လမ်းများမှာ လူရှင်းနေသည်။ အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် ပြန်လာခဲ့ကြသည်။ လမ်းတွင် စုန့်ပိုင်နှင့် ထန်ဇီတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ကာ နှုတ်ဆက်ခဲ့ကြသည်။

သူတို့သည် စစ်သည်မိန်းမအချို့နှင့်လည်း တွေ့ဆုံကြရာ စုန့်ပိုင်ကို လုယွီနှင့် ကျန်းနျန်မှာ ဘယ်သူတွေလဲဟု မေးကြသည်။

စုန့်ပိုင် ပြုံးလိုက်သည်။ "ကျွန်တော့်ရဲ့ အစ်ကိုနဲ့ မရီးပါ။"

အိမ်ပြန်ရောက်သောအခါ ကျန်းနျန်သည် အင်္ကျီချွတ်ကာ မီးဖိုဘေးတွင် နွေးထွေးအောင် ထိုင်နေသည်။ နေ့လည်ဘက်တွင် လုယွီသည် တုကျန်းဆီသို့ နှစ်သစ်ကူး ၄ ရက်နေ့တွင် ရောက်မည်ဟု ကြေးနန်းရိုက်ရန် ထွက်သွားသည်။ စုန့်ပိုင်သည် တုကျန်းရှိရာနေရာကို သိသဖြင့် သူတို့လက်ရှိနေရာမှ မိုင် ၈၀၀ ခန့် ဝေးကွာပြီး ရထားဘူတာသို့ ရောက်ရန် နောက်ထပ် မိုင် ၁၀၀ ကျော် ရှိသေးကြောင်း ပြောပြသည်။ အဓိက သွားလာရေးမှာ ကုလားအုပ်များနှင့် မြင်းလှည်းများ ဖြစ်သဖြင့် အအေးမမိအောင် ဂရုစိုက်ရန် မှာကြားသည်။

နှစ်သစ်ကူး ဒုတိယနေ့ ညနေခင်းတွင် ကျန်းနျန်သည် ကျန်ရှိသော ဟင်းသီးဟင်းရွက်နှင့် အသားများကို အကုန်ချက်ပြုတ်ကာ ဟင်းပွဲများဖြင့် ပြည့်နှက်နေသော စားပွဲတစ်ခုကို ပြင်ဆင်လိုက်သည်။

ထန်ဇီသည် အရက်ပုလင်းတစ်ပုလင်း ယူလာကာ နွေးထွေးစေရန် အနည်းငယ် သောက်ကြသည်။ ဤသည်မှာ သူတို့အတွက် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်နိုင်ပြီး နောက်တစ်ခါ ဘယ်တော့ ပြန်တွေ့ရမည်ကို မည်သူမျှ မသိကြပေ။

စားသောက်နေစဉ် စုန့်ပိုင်သည် ကျန်းနျန်ကို မကြည့်မိစေရန် ရှောင်နေပြီး လုယွီနှင့် ထန်ဇီတို့နှင့်အတူ ပြီးခဲ့သော နှစ်များအကြောင်း စကားပြောနေကြသည်။

ကျန်းနျန်သည် ဟင်းအချို့ စားရင်း လုယွီလက်ထဲက အရက်ခွက်ကို ရံဖန်ရံခါ ငေးကြည့်မိသည်။ လုယွီသည် သူမကို နှုတ်ခမ်းထောင့်မှ ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။ "သောက်ချင်သေးလား။"

ထန်ဇီ - …

စုန့်ပိုင် - …

ကျန်းနျန် အမြန် ခေါင်းခါလိုက်သည်။ "မသောက်ချင်တော့ဘူး။"

သူမသည် လုယွီ၏ လက်ထဲက အရက်ခွက်ကိုသာ ကြည့်နေမိသည်။ သူမ၏ စိတ်ထဲတွင် ယမန်နေ့ညက အရက်မူးပြီးနောက် လုယွီကို ပြောခဲ့သည့် စကားများမှာ တစ်စစီ ဖြတ်ပြေးသွားသည်။ အကြောင်းအရာကို အတိအကျ မမှတ်မိသော်လည်း မကောင်းသော စကားများ ဖြစ်နိုင်ကြောင်း သူမ သိသည်။ လုယွီ၏ ပြုံးနေသော မျက်လုံးများကို မြင်တော့ ကျန်းနျန် အနည်းငယ် စိုးရိမ်စိတ် ဝင်လာခဲ့သည်။

စားသောက်ပြီးနောက် စုန့်ပိုင်တို့ ခဏမျှ ထိုင်ပြီးနောက် ပြန်သွားကြသည်။

လုယွီသည် ပန်းကန်များကို သိမ်းဆည်းပြီး ကျန်းနျန် ရေချိုးရန်အတွက် ရေနွေး ပြင်ပေးသည်။ တစ်လျှောက်လုံး ကျန်းနျန်မှာ မော့ကြည့်ရန်ပင် မဝံ့ရဲဘဲ စိုးရိမ်စိတ်ဖြင့် လုယွီ၏ မျက်နှာအမူအရာကိုသာ ခိုးကြည့်နေသည်။ လုယွီကတော့ သူမကို တည်ငြိမ်စွာ ပြုံးကြည့်နေခဲ့သည်။ "ရေ ပူနေလား။"

ကျန်းနျန် ခေါင်းခါပြလိုက်သည်။

အရာအားလုံး ပြီးစီးချိန်တွင် သန်းခေါင်ကျော်နေပြီဖြစ်သည်။ လုယွီ အိပ်ရာဝင်ပြီးနောက် ကျန်းနျန်သည် သူ့ရင်ခွင်ထဲသို့ လှည့်ဝင်ကာ သူ၏မျက်နှာကို စူးစိုက်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ကျွန်မ မနေ့ညက မူးပြီးတော့ မကောင်းတဲ့ စကားတွေ တစ်ခုခု ပြောမိသေးလား။"

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၂၀၂

ကျန်းနျန်၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ပြီး လုယွီ ချောင်းတစ်ချက်ဟန့်လိုက်သည်။ "မင်း ပြောသင့်သမျှ အကုန်ပြောပြီးသွားပြီပဲ။"

ကျန်းနျန် - ???

သူမသည် စိတ်မချသဖြင့် နှုတ်ခမ်းကို ကိုက်ထားမိသည်။ လုယွီ၏ စကားက အဓိပ္ပာယ် အလွန်ကျယ်ပြန့်လွန်းနေပုံရသည်။ သူမ၏ နောက်ခံအကြောင်းအရင်းနှင့် ဤလောကကြီးမှာ စာအုပ်တစ်အုပ် ဖြစ်နေသည်ဟူသောအချက်ကို သူမ ပြောမိသွားမှာကို သူမ ကြောက်နေမိသည်။ သူမ ခဏမျှ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် မေးလိုက်သည်။ "ကျွန်မ ဘာတွေ ပြောလိုက်တာလဲ။"

လုယွီ ပြန်ဖြေလိုက်သည်။ "မင်းက ကျန်းနျန် မဟုတ်ဘူး။ တကယ့် ကျန်းနျန်က မင်းနဲ့ ခန္ဓာကိုယ်ချင်း လဲသွားတာ။"

ကျန်းနျန် - !!!

သူမ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ "ပြီး... ပြီးတော့ရော။"

သူမ၏ အသံမှာ တုန်ရီနေခဲ့သည်။

လုယွီ ဆက်ပြောလိုက်သည်။ "ကိုယ်တို့ရဲ့ ကမ္ဘာကြီးက စာအုပ်တစ်အုပ်ထဲမှာ တည်ဆောက်ထားတာတဲ့။"

ကျန်းနျန် - …

သူမသည် လုယွီကို ကြောင်ကြည့်နေမိပြီး သူ၏စကားများကို နားလည်နိုင်ရန် အတော်လေး ကြိုးစားနေရသည်။ သူမ သတ္တိ မွေးပြီး မေးလိုက်သည်။ "ကျွန်မ ရှင့်အကြောင်း... ပြီးတော့ စွင်းယင် အကြောင်းရော တစ်ခုခု ပြောမိသေးလား။"

သေချာသည်မှာ လုယွီ၏ မျက်လုံးများတွင် ဇဝေဇဝါဖြစ်ဟန် မရှိချေ။ သူက ခေါင်းညိတ်ပြကာ ထပ်ဖြည့်ပြောလိုက်သည်။ "မင်းရဲ့ မူရင်းခန္ဓာကိုယ်ဆီ ပြန်နိုင်ဖို့ နံရံကို ပြေးတိုက်ဖို့ ကြိုးစားခဲ့သေးတယ်လို့လည်း ပြောတယ်။"

ကျန်းနျန် - …

လုယွီ၏ တည်ငြိမ်နေသော အမူအရာကို ကြည့်ပြီး မနေ့ညက ဤအရာများကို ကြားလိုက်ရစဉ် သူ မည်သို့ ခံစားရမည်ကို ကျန်းနျန် ခန့်မှန်းရခက်နေသည်။ သူမ ခဏမျှ တိတ်ဆိတ်သွားသည်။ လုယွီဘက်မှ ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်တော့ သူမ မအောင့်နိုင်ဘဲ မေးလိုက်မိသည်။ "ရှင် နောက်ထပ် ဘာမှ မသိချင်တော့ဘူးလား။ ဥပမာ စာအုပ်ရဲ့ ဇာတ်သိမ်းတို့၊ ရှင်နဲ့ စွင်းယင်ရဲ့ အခြေအနေတို့၊ ဒါမှမဟုတ် ရှင့်အကြောင်း။"

သူမ စကားမဆုံးခင်မှာပင် သူမ၏ နှုတ်ခမ်းများကို လုယွီ၏ အနမ်းများဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။ ပြင်းရှသော ထိုအနမ်းကြောင့် သူမမှာ အသက်ရှူပင် ကျပ်သွားကာ စိတ်ထဲတွင် ဝေဝေဝါးဝါး ဖြစ်သွားသည်။

လုယွီက သူမကို လွှတ်ပေးလိုက်ပြီးနောက် သူမ သတိမပြန်နိုင်သေးမီမှာပင် သူက သူမကို ဖိထားကာ ညှပ်ရိုးနားသို့ သူ၏ နှုတ်ခမ်းများကို ဖိကပ်လိုက်သည်။ သူ၏ အသံမှာ တိမ်ဝင်နေပြီး ပြောလိုက်သည်။ "ကိုယ် သိချင်တာက ကိုယ်တို့ရဲ့ အနာဂတ်ပဲ။ မင်းပြောတဲ့ အရာတွေက ကိုယ့်အတွက် တကယ်မရှိတဲ့ အရာတွေပါ။"

ကျန်းနျန် - ???

သူမ၏ အင်္ကျီလေးမှာ အပေါ်သို့ လိပ်တက်သွားသဖြင့် သူမ အော်လိုက်သည်။ "ခဏနေပါဦး။"

သူမ ရရှိလိုက်သော အဖြေမှာ လုယွီ၏ စိတ်အားထက်သန်သော အနမ်းများသာ ဖြစ်သည်။

ကျန်းနျန် - …

ဒါက ဒီလိုကြီး ဖြစ်သင့်တာ မဟုတ်ဘူးလေ။

ပုံမှန်ဆိုလျှင် စာအုပ်ထဲက ဇာတ်လိုက်တစ်ယောက်က သူတို့ဟာ ဇာတ်လမ်းထဲမှာ ရှိနေတယ်ဆိုတာ သိသွားရင် သူတို့ရဲ့ အနာဂတ်၊ စာအုပ်ရဲ့ တည်ဆောက်ပုံ စတာတွေကို အရမ်းသိချင်ကြမှာပေါ့။ ဘာဖြစ်လို့ လုယွီက ဒီလောက်အေးစက်နေရတာလဲ။

"နျန်နျန်။"

"ကိုယ် ပြောချင်တာ နောက်တစ်ခု ရှိသေးတယ်။"

လုယွီက ကျန်းနျန်ကို လှည့်လိုက်သဖြင့် သူမမှာ သူ့အပေါ်တွင် ထိုင်လျက်သား ဖြစ်သွားပြီး သူမ၏လက်များမှာ သူ၏ပခုံးပေါ်သို့ အားနည်းစွာ တင်ထားမိသည်။ သူမ၏ စိတ်မှာ ဝေဝါးနေဆဲပင်။ "ဘာလဲဟင်။"

လုယွီ ပြောလိုက်သည်။ "အကယ်၍ မင်း တခြား 'ကျန်းနျန်' ကို အိပ်မက်မက်ရင် သူမနဲ့ စကားမပြောပါနဲ့။"

ကျန်းနျန်၏ ဝေဝါးနေသော စိတ်မှာ ချက်ချင်း ကြည်လင်သွားသည်။ ဤလှုပ်လှုပ်ရှားရှား ကိစ္စများ အပြီးတွင် သူမမှာ အင်အားကုန်လုနီးပါး ဖြစ်နေသဖြင့် လုယွီ ဘာကို ဆိုလိုလဲဆိုတာကို မမေးနိုင်ခဲ့ပေ။

ကျန်းနျန် - …

သူမ အိပ်ပျော်သွားသည့်တိုင် ထိုမေးခွန်းကို မမေးဖြစ်ခဲ့ချေ။ သို့သော် လုယွီ၏ စကားများကတော့ သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

'အကယ်၍ မင်း တခြား ကျန်းနျန်ကို အိပ်မက်မက်ရင် သူမနဲ့ စကားမပြောပါနဲ့။'

သူမ လုယွီကို လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ပြောပြမိလိုက်တာလဲ။

သူမ၏ အိပ်မက်များအပါအဝင် အရာအားလုံးကို ဘယ်လိုများ ထုတ်ပြောမိသွားတာပါလိမ့်။

နှစ်သစ်ကူး ၃ ရက်နေ့ မနက်တွင် လုယွီ စောစောထကာ နံနက်စာ ပြင်ဆင်ပြီး ကျန်းနျန်ကို နှိုးလိုက်သည်။ သူတို့ စားသောက်ပြီး အိမ်ကို သန့်ရှင်းရေးလုပ်ကာ ပစ္စည်းများထုပ်ပြီး ထွက်လာခဲ့ကြသည်။ မထွက်ခွာမီ လုယွီက စုန့်ပိုင်ကို အိပ်ရာခင်းနှင့် ပန်းကန်လုံးများကို အခွင့်ရလျှင် ယွမ်မြို့သို့ ပို့ပေးရန် မှာကြားခဲ့သည်။ ၎င်းတို့မှာ ကျန်းနျန် သုံးခဲ့သည့် ပစ္စည်းများ ဖြစ်သဖြင့် သူ ချန်မထားခဲ့ချင်ပေ။

သူသည် မနက်စောစော ဈေးဆိုင်မှ ပစ္စည်းအများအပြားကိုလည်း ဝယ်ယူခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဧည့်ဝတ်ပြုမှုအတွက် စုန့်ပိုင်နှင့် ထန်ဇီတို့ကို ကျေးဇူးတင်ကြောင်း စာတစ်စောင် ရေးထားခဲ့သည်။

စုန့်ပိုင်သည် နေ့လယ် ၁၂ နာရီအတွက် ရထားလက်မှတ်များကို ဝယ်ပေးထားပြီးသား ဖြစ်သည်။ ကျန်းနျန် ရထားပေါ်တက်ကာ ပြတင်းပေါက်မှ ကြည့်လိုက်ချိန်တွင် အပြင်၌ ရပ်နေသော စုန့်ပိုင်နှင့် ထန်ဇီတို့ကို တွေ့လိုက်ရသည်။ စုန့်ပိုင်၏ အကြည့်မှာ သူမအပေါ်တွင် စွဲမြဲနေသဖြင့် သူမ လျစ်လျူရှုရန် ခက်ခဲနေသည်။ သူမသည် စိတ်ကိုတင်းကာ စုန့်ပိုင်၏ နက်မှောင်သော မျက်လုံးများကို စိုက်ကြည့်လျက် မှန်နောက်မှနေ၍ လက်ဝှေ့ယမ်းပြလိုက်သည်။ "နှုတ်ဆက်ပါတယ်။"

စုန့်ပိုင်၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာပြီး သူမကို ပြန်၍ လက်ပြနှုတ်ဆက်သည်။

လုယွီသည် သူတို့၏ ခရီးဆောင်အိတ်များကို နေရာချပြီး ကျန်းနျန်၏ ဘေးတွင် ထိုင်လိုက်ကာ စုန့်ပိုင်၏ အမြင်ကို လုံးဝ ပိတ်ဆို့လိုက်သည်။ သူသည်လည်း စုန့်ပိုင်နှင့် ထန်ဇီကို လက်တစ်ဖက်ဖြင့် နှုတ်ဆက်ကာ ကျန်လက်တစ်ဖက်ဖြင့် ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်လျက် အသာလေး ညှစ်လိုက်သည်။

ရထား စတင်ထွက်ခွာသွားသောအခါ လုယွီသည် ရေနွေးသွားယူသည်။ ကျန်းနျန်သည် လေများ တိုက်ခတ်နေပြီး သဲများ လွင့်ပျံနေသည့် အဆုံးမဲ့ ဂိုဘီသဲကန္တာရကို ပြတင်းပေါက်မှ ငေးကြည့်နေမိသည်။

ကျန်းနျန်သည် တစ်ယောက်တည်း အိပ်ရမှာ ကြောက်သဖြင့် ညဘက်တွင် လုယွီက သူမကို ရင်ခွင်ထဲ ထည့်ထားပေးသည်။

အိပ်စင်မှာ ကျဉ်းမြောင်းသဖြင့် သူတို့ ဘေးစောင်းအိပ်ကြရသည်။ မှိန်ဖျော့သော မီးရောင်အောက်တွင် ပေါ်လွင်နေသော လုယွီ၏ မျက်နှာသွင်ပြင်ကို မော့ကြည့်ရင်း သူမ တိုးတိုးလေး မေးလိုက်သည်။ "ရှင် စိတ်လှုပ်ရှားနေလား။"

ဘာပဲဖြစ်ဖြစ် သူတို့သည် သူ၏ အရင်းခေါက်ခေါက် မိခင်နှင့် တွေ့ဆုံရတော့မည် မဟုတ်ပါလား။ နာကျည်းမှုများ ရှိနေလျှင်ပင် နှစ်ပေါင်းများစွာအကြာမှ ပြန်လည်တွေ့ဆုံရခြင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းနေမည်မှာ အသေအချာပင်။

လုယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ကိုယ် စိတ်မလှုပ်ရှားပါဘူး။"

သူ၏ ယခင်ဘဝတွင် သူသည် အချိန်အများစုကို စစ်တပ်ထဲတွင်သာ ကုန်ဆုံးခဲ့ပြီး တာဝန်များအတွက်သာ အပြင်ထွက်ခဲ့သည်။ သူ၏ ယခင်ဘဝတွင် တုကျန်းနှင့် မဆုံခဲ့ဖူးပေ။ ယခုဘဝတွင် ကျန်းနျန်ကြောင့်သာ သူ၏မိခင် ဘယ်မှာရှိသလဲဆိုတာကို ပထမဆုံးအကြိမ် သိခဲ့ရခြင်း ဖြစ်သည်။ သူ၏မိခင်နှင့် တွေ့ခဲ့လျှင် ဘာပြောရမလဲဟု သူ ခဏခဏ တွေးခဲ့ဖူးသည်။ ဤခရီးစဉ်မှာ သူ၏ ဘဝနှစ်ခုလုံးမှ မပြေလည်သေးသော ခံစားချက်များကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

လုယွီ ဘေးမှာ ရှိနေသဖြင့် ကျန်းနျန် အတော်လေး အေးအေးချမ်းချမ်း အိပ်ပျော်ခဲ့သည်။ မနက် ၈ နာရီတွင် ရထားဆိုက်ချိန်တွင် မှောင်နေဆဲပင်။ ကျန်းနျန်သည် ဂွမ်းခံအင်္ကျီထူထူနှင့် ဦးထုပ်ကို ဝတ်ဆင်ကာ လုယွီ၏ လမ်းပြမှုဖြင့် ရထားပေါ်မှ ဆင်းခဲ့သည်။

အပြင်ဘက်တွင် ရွှံ့ဗွက်ထူပြီး မညီမညာသော လမ်းများနှင့်အတူ ခြောက်ကပ်နေသည်။ ကျန်းနျန်သည် ရထားဘူတာပြင်ပသို့ ဂရုတစိုက် လျှောက်လာစဉ် လုယွီ၏ ခြေလှမ်းများ ခဏမျှ တုံ့သွားသည်ကို ခံစားလိုက်ရပြီး ခပ်ယောင်ယောင် အသံတစ်ခုကို ကြားလိုက်ရသည်။

"အဲ့ဒါ လုယွီလား။"

ကျန်းနျန် မော့ကြည့်လိုက်သည့်အခါ အမှောင်ထုထဲမှ တဖြည်းဖြည်း တိုးထွက်လာနေသည့် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူမှာ နားရွက်များကိုပါ လုံခြုံအောင် ဖုံးအုပ်ထားသည့် ဂွမ်းဦးထုပ်နှင့် ဂွမ်းခံအင်္ကျီအထူကြီးကို ဝတ်ဆင်ထားသည်။

သူဝတ်ထားသည့် အဝတ်အစားများမှာ ဟောင်းနွမ်းနေပြီ ဖြစ်သော်လည်း အလွန်ပင် သပ်သပ်ရပ်ရပ် ရှိလှပေသည်။ အချို့နေရာများမှာဆိုလျှင် အကြိမ်ကြိမ် အဖန်ဖန် လျှော်ဖွပ်ထားလွန်း၍ အရောင်များပင် မှေးမှိန်လွင့်ပြယ်နေခဲ့သည်။

လုယွီ ခေါ်လိုက်သည်။ "ဦးလေးတု။"

ကျန်းနျန်လည်း နှုတ်ဆက်လိုက်သည်။ "ဦးလေးတု။"

တုကျန်း ပြုံးလိုက်သည်။ "ခရီးပန်းလာကြပြီ။ လာ... လှည်းပေါ်မှာ ထိုင်ကြ။ မင်းတို့ မအေးအောင် အိပ်ရာခင်း အထူကြီး ခင်းထားပေးတယ်။"

သူသည် မြင်းမောင်းသည့် ကြိမ်လုံးတစ်ချောင်းကို ကိုင်ထားပြီး လုယွီ၏ ကျောပိုးအိတ်ကို ယူရန် လက်လှမ်းလိုက်သည်။ လုယွီက ဘေးသို့ ရှောင်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "မလိုပါဘူး။ ကျွန်တော် ကိုယ်တိုင် သယ်နိုင်ပါတယ်။"

တုကျန်း ပြုံးလျက်ပြောလိုက်သည်။ "သွားကြစို့။ လှည်းနဲ့ သွားကြမယ်။"

ကျန်းနျန် လှည်းနားရောက်သောအခါ တုကျန်း ပြောသည်မှာ မြင်းလှည်းကို ဆိုလိုခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ လှည်းပေါ်တွင် အိပ်ရာခင်း အထူကြီး ခင်းထားသည်။ အိပ်ရာခင်းမှာ သန့်ရှင်းပုံရသော်လည်း ခရီးတစ်လျှောက်မှ သဲအချို့ တင်နေသည်။ တုကျန်းက အိပ်ရာခင်းကို ပုတ်ခတ်ပေးပြီး ကျန်းနျန်ကို နေရာချပေးကာ စောင်ခြုံပေးသည်။ ထို့နောက် လုယွီကိုလည်း တက်ရန် ပြောသည်။

လုယွီ ပြောလိုက်သည်။ "ကျွန်တော် မအေးပါဘူး။"

သူသည် ကျန်းနျန်ကို လှည်းပေါ်တက်အောင် ကူညီပေးပြီး သူမ စောင်ထဲတွင် သက်တောင့်သက်သာ ရှိမရှိ သေချာကြည့်ကာ ရှေ့ထိုင်ခုံတွင် ထိုင်လိုက်သည်။ တုကျန်းက အခြားတစ်ဖက်တွင် ထိုင်ကာ ဇက်ကြိုးကို ကိုင်ပြီး ကြိမ်လုံးကို လွှဲလိုက်သည်။

မြင်းစတင် ထွက်ခွာလာချိန်တွင် ကျန်းနျန်မှာ လှည်းတုန်ခါမှုကြောင့် လန့်သွားသည်။ သူမသည် စောင်ကို တင်းတင်းဆုပ်ကိုင်ကာ အပြင်ဘက်က မှောင်နေသော ကောင်းကင်ကြီးကို စိုက်ကြည့်နေမိသည်။ ရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေကြသော လုယွီနှင့် ဦးလေးတုကို သူမ လှမ်းကြည့်လိုက်သော်လည်း သူတို့ စကားမပြောကြချေ။

ဤအခြေအနေမျိုးတွင် ငြိမ်ငြိမ်နေခြင်းက အကောင်းဆုံးဖြစ်သဖြင့် သူမ မျက်လုံးမှိတ်ကာ အိပ်ချင်ဟန် ဆောင်နေလိုက်သည်။

တုကျန်းသည် သူ့အိတ်ထဲမှ ရှေးဟောင်း စီးကရက်တစ်လိပ်ကို ထုတ်ကာ လုယွီကို ကမ်းပေးခဲ့သည်။ လုယွီက လက်ခါပြပြီး ပြောလိုက်သည်။ "ကျွန်တော် ဆေးလိပ် မသောက်ဘူး။"

တုကျန်း ပြုံးကာ ပြောလိုက်သည်။ "ဆေးလိပ် မသောက်တာ ကောင်းပါတယ်။"

သူသည် ဆေးလိပ်ကို သေးအောင်ပြုလုပ်ကာ မီးခြစ်ဖြင့် လေကာပြီး မီးညှိလိုက်သည်။ ထို့နောက် သူ ပြောလိုက်သည်။ "ရထားဘူတာကနေ ပြန်ဖို့ ခရီးက တစ်ရက်လောက် ကြာလိမ့်မယ်။ အကယ်၍ မင်းတို့ ချမ်းရင် စောင်ထဲမှာပဲ ကောင်းကောင်းပတ်ထားကြ၊ အအေးမမိစေနဲ့။"

လုယွီ ပြန်ဖြေလိုက်သည်။ "အင်း။"

ကျန်းနျန်သည် ကြိုတင်ပြင်ဆင်ထားသော်လည်း တစ်နေ့လုံး မြင်းလှည်းနှင့် သွားရမည်ကို သိလိုက်ရသောအခါ စိတ်ပျက်သွားမိသည်။

စောင်အောက်မှာ လှဲနေရသော်လည်း သူမ အတော်လေး ချမ်းနေသည်။ လုယွီနှင့် ဦးလေးတုတို့က ဘယ်လိုများ သည်းခံနေကြလဲဆိုတာ သူမ နားမလည်နိုင်အောင် ဖြစ်နေသည်။

မိုးလင်းလာသောအခါ တုကျန်းက လှည်းကို ရပ်လိုက်ပြီး အစားအစာခြောက်နှင့် ရေနွေးများကို လုယွီနှင့် ကျန်းနျန်ကို ပေးသည်။ စားစရာမှာ နာအန်း ဖြစ်ပြီး အေးစက်ကာ ဝါးရခက်နေသည်။ ကျန်းနျန် ခက်ခက်ခဲခဲ ဝါးနေသည်ကို မြင်တော့ တုကျန်းက ရယ်မောကာ ပြောလိုက်သည်။ "ပြန်ရောက်ရင်တော့ ငါ မင်းကို စွပ်ပြုတ် ချက်ကျွေးပါ့မယ်။"

ကျန်းနျန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဦးလေးတု။"

စကားစမိသွားသည်နှင့် ကျန်းနျန်က စတင် စကားပြောတော့သည်။ သူမသည် စောင်ထူထူထဲတွင် ပတ်ထားကာ မျက်လုံးများကိုသာ ဖော်ထားပြီး ပဝါဖြင့် မျက်နှာကို စည်းထားသည်။ လုယွီ၏ နောက်တွင် ထိုင်နေသဖြင့် သူ၏ မြင့်မားသော ခန္ဓာကိုယ်က သူမကို လေအေးဒဏ်မှ ကာကွယ်ပေးထားသည်။

ကျန်းနျန် မေးလိုက်သည်။ "ဦးလေးတု... ဦးလေးက ဒီမှာပဲ မွေးပြီး ဒီမှာပဲ ကြီးတာလား။"

မေးပြီးမှ ဦးလေးတုက ဒါကို အရင်က ပြောပြဖူးကြောင်း သူမ သတိရသွားသည်။

တုကျန်း ပြုံးပြီး ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါက ရှင်းကျန်းဇာတိပါ။ ငါ့အဘွားလက်ထက်ကတည်းက ဒီမှာ နေလာတာ။" ထို့နောက် သူက လုယွီကို လှမ်းကြည့်ကာ ကြိမ်လုံးကို လွှဲလိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်သည်။ "မင်းရဲ့ အမေကလည်း ရှင်းကျန်းဇာတိပဲ။"

ကျန်းနျန် အံ့အားသင့်သွားပြီး ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

လုယွီလည်း အံ့ဩသွားပြီး တုကျန်းကို လှည့်ကြည့်လိုက်သည်။ သူ မှတ်မိသလောက်ဆိုလျှင် သူ၏မိခင်သည် တစ်စုံတစ်ယောက်နှင့်အတူ ဖုန်းရှန်း ဒုတိယ ကွန်မြူနတီက ဟုန်ကုန်းကျေးရွာကို ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ဖခင်က သူမကို သဘောကျသဖြင့် သူတို့ လက်ထပ်ခဲ့ကြသည်။ နှစ်အနည်းငယ်အကြာတွင် သူ၏ဖခင် ကွယ်လွန်သွားပြီး သူမသည် သူ့ကို ထားခဲ့ခြင်း ဖြစ်သည်။

သူမ၏ နောက်ခံအကြောင်းကို သူ ဘာမှမသိခဲ့ချေ။

သူသည် စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ကြောင်းနှင့် ဇာတ်လမ်းကို သိနေခဲ့လျှင်ပင် တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာပြီးနောက်မှာတောင် မိခင်၏ နောက်ခံအကြောင်းကို သူ ဘာမှ မသိသေးပေ။

လုယွီသည် ကျယ်ပြောသော ဂိုဘီသဲကန္တာရကို လှည့်ကြည့်ကာ မေးလိုက်သည်။ "သူမက ရှင်းကျန်းဇာတိဆိုရင် မိုင်ပေါင်း ထောင်ချီဝေးတဲ့ ဖုန်းရှန်းကို ဘယ်လိုရောက်သွားတာလဲ။"

တုကျန်းသည် ဆေးလိပ်ကို အားရပါးရ တစ်ချက်ရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ နှစ်ပေါင်းများစွာ မြှုပ်နှံထားသော နာကျည်းမှုများကို ထုတ်ဖော်လိုက်ရသကဲ့သို့ သူ စိတ်သက်သာရာ ရသွားဟန် တူသည်။ သူ စတင်ပြောပြခဲ့သည်။

"မင်းရဲ့ အဘွားက သူမရဲ့ မိထွေးနဲ့အတူ ရှင်းကျန်းကို ပြောင်းလာပြီး ငါတို့မိသားစုနဲ့ အိမ်နီးချင်း ဖြစ်ခဲ့တယ်။ အောင်သွယ်ကတစ်ဆင့် မင်းရဲ့ အဘိုးနဲ့တွေ့ပြီး သူတို့ လက်ထပ်ခဲ့ကြတယ်။ တစ်နှစ်အကြာမှာ မင်းရဲ့ အမေကို မွေးခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ မင်းအဘွားမှာ ကလေးထပ်ရဖို့ မဖြစ်နိုင်တော့ဘူး။ မင်းရဲ့ အဘိုးက သားလိုချင်တာကြောင့် မင်းအဘွားနဲ့ အမေကို အိမ်ပေါ်က နှင်ချပြီး နောက်မိန်းမ ယူလိုက်တယ်။ အိမ်မှာ မင်းအဘွားနဲ့ အမေပဲ ကျန်ခဲ့ပြီး ငါတို့မိသားစုက သူတို့ကို အမြဲ ကူညီပေးခဲ့တယ်။ ငါက မင်းအမေထက် ၄ နှစ်ကြီးပြီး သူမနဲ့အတူ ကြီးပြင်းလာခဲ့တာ။ နောက်ပိုင်းမှာ မင်းအဘွားက သူမရဲ့ ဇာတိမြေကို ပြန်လည်ပတ်ဖို့ ဆုံးဖြတ်ပြီး မင်းအမေကိုပါ ခေါ်သွားခဲ့တယ်။ အဲ့ဒီခရီးစဉ်က ၁၁ နှစ်တောင် ကြာသွားခဲ့တယ်။"

တုကျန်းသည် ဤနေရာတွင် စကားကို ရပ်လိုက်ပြီး ဆေးလိပ် နောက်တစ်လိပ် ညှိလိုက်သည်။ သူသည် လုယွီ၏ အဘိုးကို တွေးမိသည့်အလား သူ၏မျက်နှာမှာ အနည်းငယ် အေးစက်သွားခဲ့သည်။

သူတို့နောက်တွင် ထိုင်နေသော ကျန်းနျန်မှာ လုယွီ၏ မိခင်ဘဝအကြောင်းကို ကြားလိုက်ရသဖြင့် အတော်လေး စိတ်မကောင်း ဖြစ်သွားသည်။ လုယွီ၏ မိခင်နှင့် အဘွားတို့ မည်မျှ ခက်ခဲခဲ့ရမည်ကို သူမ မသိခဲ့ပေ။

ထိုခေတ်အခါက မုဆိုးမတစ်ယောက်အနေဖြင့် သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းမှာ မည်မျှ ပင်ပန်းဆင်းရဲပြီး ကဲ့ရဲ့ရှုံ့ချမှုများ ကြုံတွေ့ရမည်ကို သူမ ကောင်းကောင်း သိသည်။ ကံကောင်းထောက်မစွာဖြင့် ဦးလေးတု၏ မိသားစုက ကူညီပေးခဲ့သဖြင့်သာ ဖြစ်သည်။

နောက်မှာ ထိုင်နေသဖြင့် ကျန်းနျန်မှာ လုယွီ၏ ကျောပြင်ကိုသာ မြင်ရပြီး သူ၏ မျက်နှာအမူအရာကို မမြင်ရချေ။ သို့သော် ဤအချိန်တွင် သူ၏ မတ်စောက်သော ကျောပြင်မှာ အနည်းငယ် ကိုင်းညွတ်သွားသည်ကို သူမ မြင်လိုက်ရသလို ခံစားလိုက်ရသည်။ အတန်ကြာမှ လုယွီက မေးလိုက်သည်။ "အဲ့ဒီနောက်မှာ သူမက ကျွန်တော့်အဖေနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ။"

သူ၏ အသံမှာ ခြောက်ကပ်နေသော ဂိုဘီသဲကန္တာရကဲ့သို့ပင် အက်ကွဲနေတော့သည်။

All Chapters