← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၂၀၉

"မရီးတို့ ... သောက်ဦးမလား။" ကျန်းကျိုးက ဝိုင်ပုလင်းကို ကိုင်ကာ ရှု့ရွှယ်နှင့် ကျန်းနျန်ကို ကြည့်ပြီး မေးလိုက်သည်။

ရှု့ရွှယ်သည် ဝမ်းသာအားရ ဖန်ခွက်ကို မြှောက်ပြသဖြင့် ကျန်းကျိုးက ဝိုင်ထည့်ပေးလိုက်သည်။ ကျန်းနျန်သည် သူမ၏ ယခင်က အရက်သောက်ဖူးသည့် အတွေ့အကြုံများကို ပြန်သတိရသော်လည်း ဂရုမစိုက်ဘဲ လုယွီ၏ စနောက်လိုသောအကြည့်အောက်တွင် ဖန်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ "ကျန်းကျိုး ကျွန်မကို နည်းနည်းလောက် ထည့်ပေးပါ။"

လုယွီက ခေါင်းကို လှည့်ကာ ကျန်းနျန်၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "သောက်ပြီးရင် လျှို့ဝှက်ချက်တွေ ထုတ်ပြောမိမှာ မကြောက်ဘူးလား။"

ကျန်းနျန် - သူက ဘာလို့ အဲ့ဒီကိစ္စကို ပြန်ဖော်ရတာလဲ။

ယခင်အတွေ့အကြုံတွေအရ ဒီတစ်ခါတော့ သူမ အရက်ဒဏ်ကို ပိုခံနိုင်ရည်ရှိမယ်လို့ သူမ ထင်ခဲ့သည်။ သို့သော် တစ်ငုံလောက် သောက်ပြီးတာနဲ့ သူမ မူးဝေလာပြီး လုယွီကို မှီထားမိကာ အတွေးတွေကလည်း လွင့်စင်သွားခဲ့သည်။ ကုရှစ်ကျိုးက ကျန်းနျန်၏ နီမြန်းနေသော ပါးပြင်ကို ကြည့်ကာ ပြုံးလိုက်သည်။ "လုယွီ... အရမ်းမူးနေရင် မရီးကို အထဲခေါ်သွားပြီး နားခိုင်းလိုက်လေ။"

လုယွီ ပြုံးလျက် ပြောလိုက်သည်။ "ရပါတယ်၊ ဒီမှာ ခဏလောက် နေပါစေဦး။ သူမ ဘာမှလည်း သိပ်မစားရသေးဘူး။"

လုယွီက အသားတစ်ဖဲ့ကို ယူကာ ကျန်းနျန်ကို ခွံ့ပေးနေသည်။ အရက်သိပ်မမူးတတ်သော ရှု့ရွှယ်သည် ကျန်းနျန်အပေါ် လုယွီ၏ အသေးစိတ် ဂရုစိုက်မှုများကို ကြည့်ရင်း ကျန်းကျိုး၊ ကုရှစ်ကျိုးတို့နှင့် အတင်းပြောကာ သောက်စားနေသည့် ချန်ယောင်ကို လှမ်းကြည့်လိုက်သည်။

သူမသည် ရုတ်တရက် လူတွေရဲ့ အခြေအနေက ဘယ်လောက်တောင် ကွာခြားသလဲဆိုတာကို တွေးမိပြီး စိတ်တိုလာသည်။ ထို့ကြောင့် သူမသည် ချန်ယောင်၏ ပေါင်ကို အားရပါးရ ဆိတ်လိုက်ရာ သူမှာ မျက်နှာရှုံ့သွားပြီး သူမကို နာကျင်နေတဲ့ အကြည့်နဲ့ ကြည့်လေတော့သည်။

"ဘာဖြစ်လို့လဲ" ချန်ယောင် နားမလည်နိုင်စွာ မေးလိုက်သည်။

ရှု့ရွှယ်က ပြုံးကာ ပြောလိုက်သည်။ "ရှင့်ရဲ့ ပေါင်က အဆိတ်ခံချင်နေလို့လေ။"

ချန်ယောင် - …

စားပွဲဝိုင်းက စကားဝိုင်းသည် တပ်ရင်းက ကိစ္စများဘက်သို့ ကူးပြောင်းသွားခဲ့သည်။ လာမည့်လတွင် ဗိုလ်ကြီးဖန် အနားယူတော့မည့်အကြောင်း ပြောကြသောအခါ ရှု့ရွှယ်မှာ ခေတ္တမျှ ကြောင်သွားပြီး ချန်ယောင်ကို မေးလိုက်သည်။ "ဗိုလ်ကြီးဖန်ဆိုတာ အစ်မဟဲယွဲ့ရဲ့ ခင်ပွန်းလား။"

ချန်ယောင် အတည်ပြုလိုက်သည်။ "ဟုတ်တယ်၊ သူ အခု အနားယူတော့မှာ။"

စကားဝိုင်းမှာ ရယ်မောသံတွေ၊ ဆွေးနွေးသံတွေနဲ့ ဆက်တည်ရှိနေခဲ့သည်။ ဝိုင်နှစ်ပုလင်း ကုန်သွားပြီးနောက် အမျိုးသားလေးဦးလုံး အနည်းငယ် မူးနေသော်လည်း သတိတော့ ရှိနေကြတုန်းပင်။ လုယွီသည် ကျန်းနျန်ကို အိပ်ခန်းထဲသို့ ပွေ့ချီသွားပြီး ဧည့်သည်များကို လိုက်ပို့ကာ ပန်းကန်ခွက်ယောက်များကို ဆေးကြော၊ ကြမ်းပြင်ကို လှည်းကျင်းပြီးမှ ရေချိုးခန်းသို့ သွားခဲ့သည်။

ကျန်းနျန်သည် အနည်းငယ် ပူအိုက်လာပြီး ဇဝေဇဝါ ဖြစ်နေကာ သူမ၏ အင်္ကျီကြယ်သီးများကို ဖြုတ်ရန် ကြိုးစားနေမိသည်။ ထိုအပူရှိန်က သူမကို နေရထိုင်ရ ခက်စေပြီး ဂနာမငြိမ် ဖြစ်လာစေသည်။ ရုတ်တရက် ကျောပြင်ပေါ်သို့ ရောက်လာသော အေးမြသော အထိအတွေ့ကြောင့် သူမ စိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် ဗီဇအရ ထိုအထိအတွေ့ဘက်သို့ မှီလိုက်မိပြီး လက်များကလည်း ရည်ရွယ်ချက်မရှိဘဲ စမ်းသပ်နေမိသည်။ လုယွီသည် မျက်မှောင်ကြုတ်လျက် သူမ၏ ခါးကို တင်းတင်းဆုပ်ကိုင်ကာ နားနားသို့ ကပ်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။ "နျန်နျန်။"

"ဟင်။" ကျန်းနျန်က ညည်းတွားလိုက်ရင်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ဝေဝါးနေသော်လည်း မကြာမီ ပြတ်သားသွားသော လုယွီ၏ မျက်နှာကို သူမ မြင်လိုက်ရသည်။ သူမသည် သူ့ရင်ခွင်ထဲတွင် မှီလိုက်ပြီး သူ့နှလုံးခုန်သံကို နားထောင်ရင်း စိတ်အေးသွားခဲ့သည်။

သူမ ပြန်အိပ်ပျော်တော့မည့်ဆဲဆဲမှာပင် လုယွီ၏ အထိအတွေ့များက ပိုပြင်းထန်လာခဲ့သည်။ သူသည် သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ရာ သူ့ထံမှ ရရှိသော ထူးခြားသည့် ရနံ့က သူမ၏ အာရုံများကို လွှမ်းမိုးသွားခဲ့သည်။ ကျန်းနျန်သည် သူ့နာမည်ကို ခေါ်ရင်း သူ့ပုခုံးကို လှမ်းဖက်ကာ အနမ်းများကို လက်ခံလိုက်သည်။

"လုယွီ..."

အနမ်းများ ခေတ္တရပ်နားသွားစဉ် ကျန်းနျန် သူ့နာမည်ကို နူးနူးညံ့ညံ့ ခေါ်လိုက်သည်။

သူမ၏ တုံ့ပြန်မှုကို ခံစားလိုက်ရသော လုယွီသည် သူမ၏ ခါးကို ပိုတင်းတင်းဖက်လိုက်ပြီး နားရွက်လေးကို နမ်းလိုက်သည်။ "ကိုယ့်နာမည်ကို နောက်တစ်ခေါက်လောက် ထပ်ခေါ်ဦး။"

ကျန်းနျန်သည် သူ့ကို ဖက်ထားရင်း ယားကျိကျိ ဖြစ်လာသဖြင့် လှုပ်စိလှုပ်စိ ဖြစ်နေသည်။ လုယွီ၏ သန်မာသော လက်များက သူမကို မြဲမြံစွာ ထိန်းထားပြီး သူမ၏ ညှပ်ရိုးမှသည် အောက်ဘက်သို့ တရစပ် နမ်းရှိုက်နေသည်။ "ကိုယ့်နာမည်ကို ခေါ်။"

"လုယွီ... အာ့"

ကျန်းနျန် တုန်ရီသွားပြီး လုယွီ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်တော့သည်။

လုယွီသည် ကျန်းနျန်၏ မျက်ခွံများကို နူးညံ့စွာ နမ်းရှိုက်လိုက်သည်။ သူမ၏ ကြည်နူးနေသော မျက်နှာလေးကို ကြည့်ရင်း သူသည် သန်းခေါင်ယံအထိ မအိပ်ဘဲ နေခဲ့မိသည်။ ထို့နောက် သူမကို သန့်ရှင်းရေးလုပ်ပေးကာ ကုတင်ပေါ်သို့ ပြန်တင်ပေးပြီး စောင်ခြုံပေးခဲ့သည်။ သူကိုယ်တိုင်လည်း ရေချိုးသန့်စင်ပြီးနောက် သူမအနားမှာပဲ ဝင်အိပ်လိုက်တော့သည်။

ကျန်းနျန်သည် နောက်တစ်နေ့ မွန်းတည့်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ သူမ နိုးလာချိန်တွင် လုယွီက နေ့လယ်စာ ပြင်ဆင်ပြီးနေပြီဖြစ်သည်။ သူမ အင်္ကျီလဲရန် ထလိုက်စဉ် မှန်ထဲ၌ သူမ၏ ညှပ်ရိုးပေါ်က အမှတ်အသားများကို တွေ့လိုက်ရသည်။ မနေ့ညက မူးနေခဲ့သော်လည်း လုယွီ၏ ပြင်းပြသော ချစ်ခင်ယုယမှုများကိုတော့ သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။

ထမင်းစားနေစဉ် လုယွီ မေးခဲ့သည်။ "မနက်ဖြန် ဘယ်သူလာမလဲဆိုတာ ခန့်မှန်းကြည့်မလား။"

ကျန်းနျန်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။ "အစ်မဖန့်လား။"

လုယွီ ပြုံးလျက် ပြောလိုက်သည်။ "မဟုတ်ဘူး၊ ကျူးကျွင်းနဲ့ ကျန်းရှောင်တို့လေ။"

"တကယ်လား။"

"အင်း... တကယ်ပေါ့။"

လုယွီက သူမပန်းကန်ထဲကို အသားတစ်ဖဲ့ ထည့်ပေးရင်း ပြောလိုက်သည်။ "ဒီညနေကြရင် ကိုယ် အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်လာခဲ့မယ်။ မင်းကတော့ အိမ်မှာပဲ နားနေလိုက်။"

ကျန်းနျန် ခေါင်းခါလိုက်သည်။ "မလိုပါဘူး။ ဒီနေ့ နေ့လယ်ကြရင် အစ်မဟဲနဲ့အတူ ရိက္ခာအရောင်းဆိုင်ကို သွားဖို့ မနေ့ကတည်းက ချိန်းထားတာ။"

သူမ၏ စိတ်ပိုင်းဖြတ်ခြင်းကို မြင်တော့ လုယွီက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ဗိုလ်ကြီးဖန်တို့ မိသားစုက ရှေ့လဆို ပြောင်းရတော့မယ် မဟုတ်လား။"

လုယွီ အတည်ပြုပေးသည်။ "ဟုတ်တယ်၊ ဗိုလ်ကြီးဖန်က သူ့ဇာတိဘက်ကို ပြောင်းရမှာ၊ သူတို့မိသားစုနဲ့ ပိုနီးတာပေါ့။ ကလေးတွေအတွက်လည်း ကျောင်းရှာပြီးပြီ။ သူ့ရဲ့ လစာက သူတို့မိသားစုအတွက် လောက်ငှပါတယ်။"

"အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့။"

ကျန်းနျန်သည် စွပ်ပြုတ်ကို တစ်ငုံသောက်ရင်း အစ်မဟဲ ခွဲခွာသွားရတော့မည့်အပေါ် စိတ်မကောင်း ဖြစ်မိသည်။

နေ့လယ်ပိုင်းတွင် အစ်မဟဲနှင့်အတူ ရိက္ခာဆိုင်သို့ သွားစဉ် အစ်မဟဲသည် ဗိုလ်ကြီးဖန် ပြောင်းရွှေ့ရမည့်အကြောင်းကို ခုတလောမှ သိလိုက်ရကြောင်း ကျန်းနျန် သိခဲ့ရသည်။ ပြောင်းရွှေ့မိန့်က မနေ့ကမှ ကျလာခြင်းဖြစ်ပြီး ဗိုလ်ကြီးဖန်က သူမကို ပြောပြခဲ့ရာ နှစ်ယောက်သား တစ်ညလုံး အိပ်မပျော်ခဲ့ကြပေ။ သူတို့သည် တပ်မတော်သားဘဝနှင့် အသားကျနေပြီဖြစ်၍ ယခုကဲ့သို့ ရုတ်တရက် အပြောင်းအလဲအပေါ် စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

ရိက္ခာဆိုင်မှ အသားနှင့် ဟင်းသီးဟင်းရွက်များ သယ်ကာ အပြန်လမ်းတွင် အစ်မဟဲ ငိုခဲ့သည်။ သူမသည် ရင်းနှီးနေပြီဖြစ်သော တပ်တွင်းဘဝနှင့် သူငယ်ချင်းများကို ခွဲခွာရမည်ကို တွန့်ဆုတ်နေခဲ့သည်။ ကလေးများဖြစ်သော ဖန်ရှနှင့် ဖန်ကောတို့ကလည်း ဖခင်ဖြစ်သူ ပြောင်းရွှေ့ရမည်ကို သိနေသဖြင့် အိမ်တွင် ငြိမ်သက်နေကြသည်။

ကျန်းနျန်သည် နေ့လယ်ခင်းတစ်ခုလုံးကို အစ်မဟဲတို့အိမ်မှာပဲ ကုန်ဆုံးခဲ့ကာ သူမနှင့် ကလေးများကို နှစ်သိမ့်ပေးခဲ့သည်။ သူတို့ စိတ်သက်သာရာ ရသွားပုံရမှသာ အိမ်ပြန်လာခဲ့သည်။

မှောင်စပျိုးချိန်တွင် ချန်ပင်သည် ပဲတောင်းတစ်တောင်းနှင့်အတူ ရောက်လာပြီး ကျန်းနျန်နှင့် စကားစမြည်ပြောကာ ပြန်သွားခဲ့သည်။

လုယွီသည် နောက်ကျမှ ပြန်ရောက်လာပြီး အိပ်ချင်မူးတူး ဖြစ်နေသော ကျန်းနျန်သည် သူ အိပ်ရာထဲ ဝင်လာသောအခါ သူ့ရင်ခွင်ထဲသို့ လှိမ့်ဝင်သွားခဲ့သည်။ သူက သူမကို တင်းတင်းဖက်ထားပြီး သူမကလည်း အနေအထား အဆင်ပြေအောင် တိုးကပ်ကာ ပြန်လည် အိပ်ပျော်သွားခဲ့သည်။

လုယွီသည် မနက် ၆ နာရီတွင် ကျူးကျွင်းနှင့် ကျန့်ရှောင်တို့ကို မြို့သို့ သွားကြိုရန် ထွက်သွားခဲ့သည်။ သူ ထွက်သွားပြီးနောက် ကျန်းနျန်သည် အိပ်ရာမှထကာ မျက်နှာသစ်ပြီး ကောင်းမွန်သော မနက်စာကို ပြင်ဆင်ခဲ့သည်။

မွှေးကြိုင်သော ရနံ့များက ပြတင်းပေါက်မှတစ်ဆင့် လွင့်ပျံ့နေပြီး အောက်ထပ်မှ စစ်သည်ဇနီးများ၏ အသံများကို ကြားနေရသည်။

"ဒီဟင်းနံ့က တပ်ရင်းမှူးလုတို့ အိမ်ကပဲလား။"

"တပ်ရင်းမှူးလုရဲ့ ဇနီး ချက်နေတာနဲ့ တူတယ်။"

ယွဲ့ချောင်ပင် ရောက်လာပြီး ဗာဒံစေ့ဆန်ပြုတ် တစ်ခွက်ကို မရှက်မကြောက် တောင်းစားခဲ့သည်။ ကျန်းနျန်က ကွမ်လုအတွက်ပါ တစ်ခွက် ပိုပေးလိုက်သည်။ ကိုးနာရီခန့်တွင် လုယွီ ပြန်ရောက်လာပြီး စင်္ကြံလမ်းမှ ကျူးကျွင်း၏ အသံနှင့် ကလေးတစ်ယောက်၏ ကျယ်လောင်သော ငိုသံကို ကျန်းနျန် ကြားလိုက်ရသည်။

ကျန်းရှောင် ပြောလိုက်သည်။ "ကလေးက ဗိုက်ဆာနေပြီ၊ အရင်ဆုံး နို့တိုက်လိုက်ဦးမယ်။"

တံခါးပွင့်လာပြီး ကျန်းနျန် ပြုံးလျက် နှုတ်ဆက်လိုက်သည်။ "ကျန်းရှောင်။"

"အစ်မကျန်း" ကျန်းရှောင်သည် ဝမ်းသာအားရ ပြေးလာပြီး ကလေးငိုနေသည်ကိုပင် ဂရုမစိုက်ဘဲ ကလေးကို ကျူးကျွင်းလက်ထဲ ထည့်ပေးကာ သူမကို တင်းတင်းဖက်လျက် စိတ်လှုပ်ရှားစွာဖြင့်စကားတွေ တရစပ် ပြောတော့သည်။

ကျူးကျွင်း - ....

လုယွီက ကျူးကျွင်းကို ကလေးကိုအရင်ချီပြီး အိမ်ထဲဝင်ခိုင်းလိုက်သည်။ ကျန်းနျန်က ကျန်းရှောင်၏ ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။ "ကလေးက ဗိုက်ဆာနေပြီလေ၊ အရင်ဆုံး နို့တိုက်လိုက်ပါဦး။"

ကျန်းရှောင် ခေါင်းခါလိုက်ပြီး ပြောသည်။ "ညီမ အစ်မကျန်းကို ခဏလောက် ထပ်ဖက်ထားချင်သေးတာ။ ကျွန်မတို့ မတွေ့ရတာ ခြောက်လတောင် ရှိပြီနော်၊ အစ်မကို လွမ်းလွန်းလို့ သေတော့မလိုပဲ။" ယခုအချိန်တွင် ဘယ်သူက ကလေးလဲဆိုတာ ခွဲခြားရ ခက်နေတော့သည်။

ဘေးခန်းကို ကျန်းနျန်က အဆင်သင့် ရှင်းလင်းထားပြီးသား ဖြစ်သည်။ ကျန်းရှောင် စိတ်ငြိမ်သွားသောအခါမှ ကလေးဗိုက်မဆာအောင် အထဲဝင်ပြီး နို့တိုက်ရန် ကျန်းနျန်က တိုက်တွန်းလိုက်သည်။ ကျူးကျွင်းက သူ့အင်္ကျီကို ချွတ်ပြီး ချိတ်ဆွဲလိုက်ကာ ကျန်းနျန်ကို ပြုံးကြည့်ရင်း မေးခဲ့သည်။ "မရီး... ကြည့်ရတာ နည်းနည်း ဝလာသလိုပဲနော်။"

ကျန်းနျန် - ???

သူမ ဝလာတာလား။ ရှင်းကျန်းမှာတုန်းက အသားတွေ အများကြီး စားခဲ့မိလို့များလား။

ကျန်းနျန်သည် သူမ၏ပါးကို ဆိတ်ကြည့်လိုက်ရာ လုယွီကို ပြုံးသွားစေခဲ့သည်။ သူက သူမခေါင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။ "ကျူးကျွင်းက နောက်နေတာပါ။"

ကျူးကျွင်း ရယ်မောလိုက်ပြီး ကျန်းနျန်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ အလျင်အမြန် တောင်းပန်လိုက်သည်။ "မရီး ကျွန်တော် မှားသွားပါတယ်။"

ကျန်းနျန် - ....

ကျန်းရှောင် ကလေးကို နို့တိုက်ပြီး ပြန်ထွက်လာသောအခါ ကျူးကျွင်းက ကလေးကို လွှဲယူလိုက်ပြီး ကျန်းရှောင်ကို အရင်စားခိုင်းလိုက်သည်။ လုယွီသည် တပ်ရင်းသို့ သွားစရာရှိသောကြောင့် ထမင်း အမြန်စားပြီး ထွက်သွားခဲ့သည်။ ကျန်းရှောင် ထမင်းစားပြီး ကလေးကို ကျူးကျွင်းထံ ပြန်ပေးပြီးနောက် သူတို့ စကားစမြည် ပြောဖြစ်ကြသည်။ ကျန်းရှောင်က ရှု့ယန်၏ အခြေအနေကို ပြောပြသည်။ "အစ်မကျန်း... အစ်မရှု့ယန်နဲ့ ဗိုလ်ကြီးလျိုတို့ ကွာရှင်းလိုက်ကြပြီဆိုတာ သိလား။"

ကျန်းနျန်မှာ အံ့ဩသွားပြီး လွန်ခဲ့သော ခြောက်လခန့်က ရထားဘူတာတွင် လျိုချမ့်သည် သူစိမ်းတစ်ယောက်နှင့် ပတ်သက်နေသည်ကို တွေ့ခဲ့ရသည်ကို ပြန်သတိရသွားသည်။ သူမ၏ မျက်မှောင်များမှာ တင်းကြပ်စွာ ကြုတ်သွားခဲ့သည်။ "သူတို့ ဘယ်တုန်းက ကွာရှင်းလိုက်တာလဲ။"

ကျန်းရှောင် ပြောလိုပ်သည်။ "လွန်ခဲ့တဲ့ နှစ်လက ကွာရှင်းလိုက်တာ။"

ကျန်းနျန်၏ မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်းလာခဲ့သည်။ "ဘယ်သူက အရင် ကွာရှင်းဖို့ ပြောတာလဲ။"

ကျန်းရှောင် ကျူးကျွင်းကို လှမ်းကြည့်လိုက်သည်။ ကျူးကျွင်းသည် ဆန်ပြုတ်တစ်ခွက် သောက်ပြီးနောက် ပါးစပ်ကို သုတ်ကာ ပြောသည်။ "မရီးရှု့က အရင်ကွာဖို့ ပြောတာပါ။ ဘာလို့ ကွာရှင်းလဲဆိုတာတော့ ကျွန်တော် မသိဘူး။ လွန်ခဲ့တဲ့ ငါးလလောက်က ဗိုလ်ကြီးလျို ပြန်လာတုန်းက လျိုကျန့်ယဲ့ နေမကောင်းတဲ့ ကိစ္စနဲ့ သူတို့ အကြီးအကျယ် ရန်ဖြစ်ကြတယ်။ ဗိုလ်ကြီးလျိုက မရီးရှု့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တော့မလို ဖြစ်နေလို့ ကျွန်တော်တောင် ကြားထဲက ဝင်တားခဲ့ရသေးတယ်။"

ကျူးကျွင်းလည်း အတော်လေး စိတ်မကောင်း ဖြစ်နေသည်။ "ဗိုလ်ကြီးလျို ဘာတွေ တွေးနေလဲဆိုတာ ကျွန်တော်လည်း မသိတော့ဘူး။ သူက ခြောက်လလောက်ကြာမှ တစ်ခါ ပြန်လာတာ၊ ပြန်လာတော့လည်း သူ့မိန်းမနဲ့ ရန်ဖြစ်တယ်။ အဲ့ဒီနောက် နှစ်လကြာတော့ နောက်တစ်ခါ ပြန်လာပြီး ထပ်ပြီး အကြီးအကျယ် ရန်ဖြစ်ကြပြန်ရော။ မရီးရှု့က သူ ဆက်သည်းမခံနိုင်တော့ဘူးလို့ ပြောပြီး ကွာရှင်းချင်တယ်လို့ ပြောတာ။ ကျွန်တော်တို့ အားလုံးက မရီးရှု့ကို ဖျောင်းဖျချင်ကြပေမယ့် ဗိုလ်ကြီးလျိုက သူ့စကားကို လက်ခံပြီး ကွာရှင်းဖို့ သဘောတူလိုက်တာ။ နောက်ရက်အနည်းငယ်အကြာမှာပဲ သူက အထက်ကို ကွာရှင်းခွင့် လျှောက်လွှာ တင်လိုက်တော့တာပဲ။"

ကျူးကျွင်းသည် မျက်နှာကို ပွတ်ရင်း လျိုချမ့်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။

လုယွီ ပြောခဲ့သလိုပင် လျိုချမ့်သည် သူကိုယ်တိုင် ကွာရှင်းဖို့ စမှာမဟုတ်ဘဲ ရှု့ယန်ကို လမ်းမရှိအောင် ဖိအားပေးပြီး သူမဘာသာ ကွာရှင်းဖို့ ပြောလာအောင် လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ကျန်းနျန်သည် လျိုချမ့်အပေါ် ဒေါသတွေ ပြည့်နှက်သွားခဲ့သည်။ ဘူတာရုံက အမျိုးသမီးအပေါ် သူပြသခဲ့သော ဂရုစိုက်မှုများနှင့် ယခု ရှု့ယန်အပေါ် ပြသသော အေးစက်စက် အတ္တဆန်မှုတို့မှာ ရွံရှာစရာကောင်းလောက်အောင် ကွာခြားလွန်းလှသည်။

ကျန်းနျန်သည် ဒေါသကို ထိန်းချုပ်လိုက်ပြီး ကျူးကျွင်းကို မေးလိုက်သည်။ "ကလေးတွေကရော။ ရှု့ယန် ဘယ်ကို သွားလိုက်တာလဲ။" ရှု့ယန်သည် သူမ၏ ယခင်ဘဝက လမ်းဟောင်းအတိုင်း လျှောက်သွားမှာကို သူမ စိုးရိမ်နေမိသည်။ အကယ်လို့ ရှု့ယန်သာ သူမ၏ မိဘအိမ်ကို ပြန်သွားခဲ့လျှင် ကျန်းနျန်အနေနှင့် သူမကို အဲ့ဒီအခြေအနေကနေ ကယ်ထုတ်ဖို့ နည်းလမ်းတစ်ခုခု ရှာရပေလိမ့်မည်။

ကျူးကျွင်း မဖြေခင်မှာပင် ကျန်းရှောင် ဝင်ပြောလိုက်သည်။ သူမ ဒေါသတကြီးဖြင့် ‌ပြောလိုက်သည်။ "ကလေးနှစ်ယောက်လုံးက မရီးရှု့နဲ့အတူ ရှိနေတာ။ ဗိုလ်ကြီးလျိုက ကလေးတွေကို တကယ်ပဲ မလိုချင်တော့တာလေ။ သူက မရီးရှု့ကို ပိုက်ဆံနည်းနည်းပေးပြီး မိဘအိမ်ကို ပြန်လွှတ်လိုက်တာ။ အဲ့ဒီနောက် ဘာဖြစ်သွားလဲဆိုတာ ကျွန်မတို့ မသိတော့ဘူး။ ဗိုလ်ကြီးလျို ဒီလိုလူစားမျိုး ဖြစ်မယ်လို့ ကျွန်မ မထင်ထားဘူး။"

ကျန်းနျန်မှာ ဂနာမငြိမ် ဖြစ်လာတော့သည်။ ရှု့ယန် မိဘအိမ်ပြန်သွားပြီးနောက် ရွာထဲက လူပျိုကြီးအိုကြီးတစ်ယောက်နဲ့ အတင်းလက်ထပ်ပေးခံရမယ့် သူမရဲ့ ကံကြမ္မာကို တွေးမိပြီး ကျန်းနျန်သည် ရှု့ယန်ကို လိုက်ရှာဖို့ ဘူတာရုံကို အခုချက်ချင်း ပြေးသွားချင်မိသည်။ အစကတည်းက သူမအပေါ် စိတ်ရင်းမှန်နဲ့ ကောင်းခဲ့ကြသူတွေမှာ အစ်မဖန့်နှင့် ရှု့ယန်တို့ပင် ဖြစ်သည်။ ရှု့ယန် ဒီလို ဒုက္ခအတိရောက်နေတာကို သူမ ဒီအတိုင်း ကြည့်မနေနိုင်ပေ။

လွန်ခဲ့သည့် ခြောက်လအတွင်း တပ်တွင်း၌ ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။

ဗိုလ်ကြီးလုသည် တပ်မှ အနားယူသွားခဲ့ပြီး သူတို့မိသားစုသည် လွန်ခဲ့သော လဝက်ခန့်ကပင် တပ်မှထွက်ကာ ဇာတိသို့ ပြန်သွားခဲ့ကြသည်။ ဗိုလ်ကြီးလုသည် ယခုအခါ ဒေသန္တရရဲစခန်းတွင် အိမ်ထောင်စုစာရင်းဆိုင်ရာ ကိစ္စများကို တာဝန်ယူနေရပြီး လစာလည်း အတော်လေး ကောင်းသည်ဟု ကြားရသည်။ လုကျစ်ကျွင်းသည်လည်း ဒေသန္တရ မူလတန်းကျောင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။

ကျန်းရှောင်၏ ပြောပြချက်အရ လုရှောင်ချင်းသည် လက်ထပ်တော့မည်ဖြစ်ပြီး မင်္ဂလာဆောင်ကို နောက်တစ်လအကြာတွင် ကျင်းပရန် သတ်မှတ်ထားသည်ဟု ဆိုသည်။

ကျန်းနျန် အံ့ဩသွားခဲ့သည်။ "တကယ်လား။"

ကျနရှောင် ပြုံးလျက် ပြောလိုက်သည်။ "တကယ်ပေါ့။ သတို့သားက စက်မှုစက်ရုံက အလုပ်သမားတစ်ယောက်လေ၊ သူက အိမ်ထောင်ရှိဖူးတယ်၊ သားတစ်ယောက်လည်း ရှိတယ်။ သူက တကယ်ကို ရိုးသားတဲ့လူပါ။ သူ့ရဲ့ ဇနီးဟောင်းက နေမကောင်းလို့ ဆုံးသွားတာ၊ သူက သူ့ကလေးကို လေးနှစ်တောင် တစ်ယောက်တည်း ပြုစုပျိုးထောင်လာပြီးမှ နောက်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တာ။ အစ်မကျိုက်က စက်ရုံအထိ သွားစုံစမ်းတာ၊ အဲ့ဒီလူက တကယ်ကို အားကိုးထိုက်တဲ့လူပါ၊ ဟူကျုံးမင်လို လူမျိုး မဟုတ်ဘူး။"

ကျန်းနျန် ပြုံးလိုက်သည်။ "ဒါက သတင်းကောင်းပဲ။"

ကျန်းရှောင် ပြောလိုက်သည်။ "ကျွန်မ ယွမ်မြို့ကို မလာခင် လုရှောင်ချင်းက တပ်စခန်းအထိ ကျွန်မကို လာရှာပြီး အစ်မကို ပြောခိုင်းလိုက်သေးတယ်။ သူ့မင်္ဂလာဆောင်ကို မဖြစ်မနေ လာခဲ့ရမယ်တဲ့၊ မလာရင်တော့ အစ်မကို သူ စိတ်ဆိုးမှာတဲ့။"

ကျန်းနျန်လည်း ရယ်မောရင်း ကတိပေးလိုက်သည်။ "ငါ သေချာပေါက် ပြန်လာခဲ့မှာပါ။"

လုယွီသည် အလုပ်များနေသဖြင့် နေ့လယ်စာစားရန် ပြန်မလာနိုင်ခဲ့ပေ။ ကျူးကျွင်းကတော့ ဒေသခံတပ်ရင်းဆီကို သွားကြည့်ခဲ့သည်။ ကိုယ်ဝန်ဆောင်တွေဖြစ်တဲ့ ယွဲ့ချောင်နဲ့ ကွမ်လုတို့ ရောက်လာကြသည်။ သူတို့က ကျန့်ရှောင်၏ ကလေးကို အရမ်းချစ်ကြပြီး တစ်လှည့်စီ ချီနေကြသည်။ ကျန်းရှောင်ကတော့ ကိုယ်ဝန်ဆောင်နှစ်ယောက် ကလေးကို မတော်တဆ လွှတ်ချမိမှာ စိုးရိမ်သဖြင့် သူတို့ လှုပ်ရှားလိုက်တိုင်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေခဲ့သည်။

ဟိုလူချီ၊ ဒီလူချီနဲ့ အတော်ကြာသွားသောအခါ ကလေးက ကျယ်လောင်စွာ ငိုတော့သည်။ ယွဲ့ချောင်က ရယ်မောရင်း ပြောလိုက်သည်။ "သူက လူသာသေးတာ၊ အသံကတော့ တကယ်ကို ကျယ်တာပဲ။"

ကျန်းရှောင် ပြောလိုက်သည်။ "ကလေးက ဗိုက်ဆာနေလို့ နေမှာ။"

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၂၁၀

ယွဲ့ချောင်တို့ အုပ်စုသည် နေ့လယ်ပိုင်းတွင် ပြန်သွားကြသည်။ ညနေစောင်းသောအခါ လုယွီနှင့် ကျူးကျွင်းတို့ အတူတူ ပြန်ရောက်လာကြသည်။ ကျန်းနျန်က ညစာ ပြင်ဆင်ထားပြီး လုယွီနှင့် ကျူးကျွင်းတို့က ဧည့်ခန်းတွင် စကားပြောနေကြသည်။ ကျန်းရှောင်သည် မီးဖိုချောင်တွင် ကလေးကို ချီထားရင်း ကျန်းနျန်နှင့် စကားပြောနေသည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "အစ်မရဲ့ လက်ရာကတော့ အမွှေးဆုံးပဲ။ ကျွန်မ အိမ်မှာ ဘယ်လိုပဲ ချက်ချက် အစ်မရဲ့ လက်ရာလိုမျိုး အရသာ မထွက်ဘူး။"

"ဒါနဲ့ အစ်မကျန်း... ကျွန်မ မေ့တော့မလို့" ကျန်းရှောင် ပြောလိုက်သည်။ "အစ်မချန်က အစ်မအတွက် ပစ္စည်းတစ်ခု ပေးလိုက်တယ်၊ ပြီးတော့ အဲ့ဒါကို သူ့ညီမဆီ ပို့ပေးဖို့လည်း ကူညီပေးပါဦးတဲ့။"

ကျန်းနျန် ပြောလိုက်သည်။ "မိုးချုပ်နေပြီဆိုတော့ မနက်ဖြန်မှပဲ ပို့ပေးလိုက်မယ်လေ။"

ကျန်းရှောင်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "အစ်မကျန်း ဒီကလူတွေ အစ်မနဲ့ တပ်ရင်းမှူးလုတို့ရဲ့ အရင်က ပတ်သက်မှုအကြောင်း သိကြလား။"

ကျန်းနျန်သည် ဟင်းပန်းကန်များကို ပြင်ဆင်နေရင်း ခေတ္တရပ်သွားသည်။ "ဟင့်အင်း... ငါတို့ အဲ့ဒါကို မပြောဖြစ်ဘူး။" သူမသည် အိုးကို ဆေးကြောကာ နောက်ထပ် ဟင်းတစ်ခွက် ဆက်ချက်နေရင်း မေးလိုက်သည်။ "ငါနဲ့ လုယွီအကြောင်းကို ကွယ်ရာမှာ အတင်းပြောနေကြတဲ့သူတွေ အများကြီး ရှိလား။"

ကျန်းရှောင်သည် ကလေးကို အသာအယာ သိပ်ရင်း အမှန်အတိုင်း ဖြေလိုက်သည်။ "ရှိတယ်၊ အပြောဆုံးကတော့ ခန်ရှို့ပေါ့။ အဲ့ဒီကိစ္စကြောင့် အစ်မရှု့က ခန်ရှို့ကို ပါးတောင် ခဏခဏ ရိုက်လိုက်သေးတယ်။ နောက်တစ်ခါ ထပ်ပြောရင် ထပ်ရိုက်မယ်လို့လည်း ပြောခဲ့တာ။ အစ်မရှု့က တကယ်ကို ခွန်အားကြီးတာပဲ။ အစ်မရှု့ တပ်ကနေ ထွက်သွားတဲ့နေ့က ခန်ရှို့က မိသားစုအိမ်ရာထဲမှာ သူမကို အဆိုးဆုံး ဆဲဆိုနေခဲ့တာ၊ အဲ့ဒီတုန်းက ကျွန်မတောင် သူမနဲ့ ရန်ဖြစ်ခဲ့သေးတယ်။"

ကျန်းရှောင် အားနာစွာ ရယ်မောရင်း ပြောလိုက်သည်။"ကျွန်မ ငယ်ငယ်ကတည်းက ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ တပ်ထဲမှာမှ ကျွန်မရဲ့ ပထမဆုံး ရန်ပွဲက ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

ကျန်းနျန်သည် ရှု့ယန်အတွက် ပို၍ပင် စိတ်မကောင်း ဖြစ်လာသည်။ သူမ အနားမှာ မရှိနေချိန်မှာတောင် ရှု့ယန်သည် သူမဘက်ကနေ ကာကွယ်ပေးခဲ့သည်၊ ခန်ရှို့နှင့် ရန်ဖြစ်သည့်အထိပင် သူမဘက်က ရပ်တည်ပေးခဲ့သည်။

သူမသည် မျက်ရည်များကို အနိုင်နိုင် ထိန်းထားရင်း အသံမတုန်အောင် ကြိုးစားကာ ပြောလိုက်သည်။ "ရှောင်ရှောင်... ကလေးကို ချီပြီး အပြင်မှာ ခဏ သွားထိုင်နေဦးလေ။ ဒီဟင်းက အရမ်းစပ်ပြီး အနံ့ကလည်း ပြင်းတယ်၊ ကလေး နေရခက်မှာ စိုးလို့။"

ကျန်းရှောင် အပြင်ထွက်သွားပြီးနောက် ကျန်းနျန်သည် ဆီပူထဲသို့ ငရုတ်သီးများကို လောင်းထည့်လိုက်သည်။ ထိုအချိန်မှာပင် သူမ၏ မျက်ရည်များကလည်း ငရုတ်သီးနံ့ကြောင့်သော်လည်းကောင်း၊ စိတ်မကောင်းဖြစ်မှုကြောင့်သော်လည်းကောင်း တရစပ် ကျဆင်းလာခဲ့တော့သည်။

ဟင်းတွေ အဆင်သင့်ဖြစ်သောအခါ လုယွီသည် ဟင်းပန်းကန်များကို သယ်ရန် ဝင်လာခဲ့သည်။ ကျန်းနျန်၏ နီမြန်းပြီး ဖောယောင်နေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်း ရပ်တန့်သွားခဲ့ပြီး သူမ၏ မျက်ခွံအောက်ခြေကို သူ့လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်ပေးရင်း မေးလိုက်လေသည်။ "ဘာလို့ ငိုနေတာလဲ။"

ကျန်းနျန်သည် သူမ၏ မျက်တောင်လေးများ တုန်ရီလျက် လုယွီကို မော့ကြည့်လိုက်သည်။ "ရှု့ယန်နဲ့ လျိုချမ့်တို့ ကွာရှင်းလိုက်ကြပြီ။ လျိုချမ့်က သူမကို ရိုက်နှက်ရုံတင်မကဘူး၊ ကလေးတွေကိုပါ ပစ်ပယ်ပြီး သားအမိတွေကို မောင်းထုတ်လိုက်တာ။"

သူမသည် မျက်ရည်များကို မထိန်းနိုင်တော့ဘဲ လုယွီ၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ရှု့ယန်အတွက် သူမ တကယ်ကို ရင်နာမိသည်။ "ရှု့ယန်တစ်ယောက် အရင်ဘဝကလို လမ်းဟောင်းအတိုင်း ပြန်ရောက်သွားမှာကို ကျွန်မ ကြောက်တယ်။ လုယွီ... ကျွန်မ ရှု့ယန်ကို လိုက်ရှာချင်တယ်၊ သူမကို ကူညီချင်တယ်။"

လုယွီသ့် ကျန်းနျန်ကို တင်းတင်းဖက်ထားပြီး သူမ၏ ကျောလေးကို အသာအယာ ပုတ်ပေးလိုက်သည်။ "ရှု့ယန်ရဲ့ မိဘအိမ် ဘယ်မှာလဲဆိုတာ ကိုယ်သိပါတယ်။ မနက်ဖြန်ကြရင် အဲ့ဒီဘက်က အဖွဲ့အစည်းဆီကို သူမရဲ့ အခြေအနေ စုံစမ်းဖို့ ကြေးနန်းရိုက်လိုက်မယ်။ ကြေးနန်းစာ ရောက်တာနဲ့ ဒေသခံတွေဆီက သတင်းရမှာပါ။"

သူ့စကားကြောင့် ကျန်းနျန် စိတ်အနည်းငယ် သက်သာရာ ရသွားခဲ့သည်။

လုယွီက သူမမျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း ချော့မော့ခဲ့သည်။ "မငိုနဲ့တော့၊ မဟုတ်ရင် မနက်ဖြန်ကြ မျက်လုံးတွေ ဖောယောင်နေလိမ့်မယ်။"

ခဏအကြာတွင် အပြင်မှာ စောင့်နေသော ကျန်းရှောင်က နောက်လိုက်သည်။ "တပ်ရင်းမှူးလုနဲ့ အစ်မကျန်းတို့က မီးဖိုချောင်ထဲမှာပဲ ပြောင်းနေလိုက်ကြပြီလား။"

ကျူးကျွင်းလည်း ရယ်မောလိုပ်သည်။ "အင်းးး ကျွန်တော်တို့ မကြားသင့်တဲ့ လျှို့ဝှက်ချက်တွေ ပြောနေကြတာလား။"

လုယွီက ကျန်းနျန်၏ ဆံပင်များကို ဖွဖွလေး ဖွလိုက်ပြီး အပြင်ဘက်သို့ လှမ်းပြောလိုက်သည်။ "ငါတို့ လျှို့ဝှက်ချက်တွေ ပြောနေတာ။"

ကျန်းနျန်သည် မျက်ရည်များကြားမှ ပြုံးလိုက်ကာ လုယွီ၏ ပခုံးကို ဖက်ပြီး သူ့ကို နမ်းရန် ကြိုးစားလိုက်သည်။ သို့သော် သူမက အရပ်ပုလွန်းသဖြင့် သူ့နှုတ်ခမ်းဆီ မရောက်ဘဲ လည်ဇလုတ်ကိုသာ နမ်းမိသွားခဲ့သည်။ လုယွီ၏ လည်စေ့မှာ အထက်အောက် အကြိမ်ကြိမ် လှုပ်ရှားသွားပြီး ခန္ဓာကိုယ်အတွင်းက တိုးလာသော အပူရှိန်ကို ထိန်းချုပ်ရန် ကြိုးစားရင်း အာဏာမပါသော သတိပေးချက်ကို ပေးလိုက်သည်။ "ကိုယ့်ကို လျှောက်မနမ်းနဲ့လေ။"

ကျန်းနျန်က အခွင့်ကောင်းယူပြီး သူ့ကို နောက်တစ်ခါ ထပ်နမ်းလိုက်ပြန်သည်။ လုယွီ၏ နဖူးမှာ အကြောတွေ တင်းလာပြီး သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို သတိထားမိသွားသောအခါ ကျန်းနျန်သည် သူမ လွန်သွားပြီဟု ခံစားလိုက်ရသည်။ သူမ ကြောက်သွားပြီး စဉ်းတီတုံးပေါ်က ဟင်းပန်းကန်အချို့ကို ကောက်ကိုင်ကာ အမြန်ပင် ထွက်ပြေးသွားတော့သည်။

လုယွီ - …

သူသည် စိတ်ငြိမ်အောင် မျက်လုံးများကို ခေတ္တမှိတ်လိုက်ပြီးမှ ကျန်နေသော ဟင်းပန်းကန်များကို နှစ်ခေါက်ခွဲ၍ သယ်ထုတ်သွားခဲ့သည်။

ထမင်းစားနေစဉ် ကျူးကျွင်းနှင့် လုယွီတို့ ဝိုင်အနည်းငယ် သောက်ခဲ့ကြသည်။ ထိုည အိပ်ရာထဲတွင် ကျန်းနျန်သည် လုယွီကို ဖက်ထားရင်း လျိုချမ့်အကြောင်း ပြောဖြစ်ကြသည်။ သူမသည် လျိုချမ့်၏ အပြုအမူတွေအတွက် တိုင်တန်းချင်နေသည်။ ကျန့်ဟုန်နှင့် ပတ်သက်ခဲ့မှု၊ ရှု့ယန်အပေါ် နှိပ်စက်မှု၊ နှစ်ရှည်လများ အေးစက်ခဲ့မှုနှင့် ယခု ကလေးတွေကို ပစ်ပယ်ခဲ့မှုများ အတွက်ပင် ဖြစ်သည်။

လျိုချမ့်သည် ရှု့ယန်၏ စိတ်နေစိတ်ထားကို သိသောကြောင့် ရှု့ယန်ဘက်က အရင်ကွာရှင်းဖို့ ပြောလာအောင်၊ ကလေးတွေကို ခေါ်သွားအောင် သူက နောက်ကွယ်က ကြိုးကိုင်ခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် သူသည် အပြစ်ကင်းစင်သူတစ်ဦးကဲ့သို့ ဖြစ်သွားပြီး ဝေဖန်စရာ လုံးဝမရှိအောင် လုပ်ခဲ့ခြင်းပင်။

လုယွီသည် ကျန်းနျန် တစ်စုံတစ်ယောက်အပေါ် ဤမျှအထိ ဒေါသထွက်ပြီး ရွံရှာနေသည်ကို ခဲယဉ်းစွာ မြင်ဖူးခြင်းဖြစ်သည်။ သူ သူမကျောကို ပုတ်ပေးရင်း ပြောလိုက်သည်။ "ဒီကိစ္စတွေကို ကိုယ့်ကိုပဲ လွှဲထားလိုက်ပါ။"

ကျန်းနျန်သည် မျက်နှာငယ်လေးဖြင့် သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။ "လျိချမ့်ကို တိုင်မှာလား။ ဒါပေမယ့် သူက ကွာရှင်းပြီးကတည်းက သူ့အတွက် လွတ်လမ်းတွေ အကုန်ပြင်ထားပြီးလောက်ပြီ။"

လုယွီ ပြောလိုပ်သည်။ "သူလုပ်ခဲ့သမျှ အရာတွေက အထောက်အထား ကျန်နေမှာပါ။" သူက ခေတ္တရပ်ပြီး ဆက်ပြောလိုက်သည်။ "တခြားတစ်ယောက်ယောက်က သူ့ကို တိုင်ပါလိမ့်မယ်။" ထို့နောက် ကျန်းနျန် စကားဆက်ပြောမည့် အခွင့်အရေးကို ပိတ်ပင်လိုက်တော့သည်။

ကျန်းနျန်က အနည်းငယ် ရုန်းကန်လိုက်ပြီး တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ခဲ့သည်။ အခွင့်အရေး ရသောအခါ သူမက မေးလိုက်သည်။ "ဘာလုပ်နေတာလဲ။"

လုယွီ ပြောလိုက်သည်။ "မီးဖိုချောင်ထဲမှာ မပြီးသေးတဲ့ ကိစ္စကို ဆက်လုပ်မလို့လေ။"

ကျန်းနျန် - …

သူမ သူ့ကို တားရန် ကြိုးစားလိုက်သည်။ "ရှောင်ရှောင်နဲ့ ကျူးကျွင်းတို့ ဘေးခန်းမှာ ရှိနေတာလေ။"

လုယွီ ရယ်မောလိုက်သည်။ "စိတ်မပူပါနဲ့၊ ကိုယ် တိုးတိုးလေး လုပ်မှာပါ။ သူတို့ မကြားနိုင်ပါဘူး။"

ကျန်းနျန် - ???

နောက်တစ်နေ့မနက်တွင် လုယွီသည် ရှု့ယန်တို့ ဒေသအဖွဲ့အစည်းဆီသို့ အရေးကြီး ကြေးနန်းစာ ပို့လိုက်သည်။ အကြောင်းပြန်စာ ရောက်လာရန် နှစ်ရက်ခန့် ကြာပေလိမ့်မည်။

ကျူးကျွင်းသည် ၇ ရက် ခွင့်ရထားသော်လည်း ဤနေရာတွင် ၄ ရက်ကြာ နေထိုင်ခဲ့သည်။ ကျန်းနျန်သည် သူတို့အတွက် ဟင်းမျိုးစုံ ချက်ကျွေးခဲ့ရာ ကျူးကျွင်းမှာ အတော်လေး အားရကျေနပ်သွားခဲ့သည်။ သူကလည်း သူ့ဖခင် တောထဲမှာ ဖမ်းမိထားသည့် တောကြက်များနှင့် တောယုန်များ အပါအဝင် ပစ္စည်းအများအပြား ယူဆောင်လာခဲ့သည်။

ကျန်းရှောင်သည် အလုပ်နားထားပြီး မိသားစုအိမ်ရာတွင် ကိုယ်ဝန်နှင့် ကလေးကို ပြုစုရင်း နေထိုင်သည်။ သူမသည် တခြားစစ်သည်ဇနီးများနှင့်လည်း အတော်လေး ရင်းနှီးနေပြီဖြစ်သည်။ အစ်မဖန့်တို့အိမ်ကို ပြောင်းလာသည့် မိသားစုသည် အခုတော့ အဆင်ပြေနေပြီဟု သူမက ကျန်းနျန်ကို ပြောပြသည်။ လက်ထောက်တပ်ရင်းမှူးက သူ့အမေကို ပြန်လွှတ်လိုက်ပြီဖြစ်၍ လင်မယားနှစ်ယောက် ဆက်ဆံရေး ကောင်းမွန်နေပြီး ကျန်းရှောင်နှင့်လည်း ခင်ခင်မင်မင် ရှိကြသည်။

ကျူးကျွင်း ပြန်သွားသည့်နေ့တွင် လုယွီသည် ရှု့ယန်ဘက်မှ ကြေးနန်းစာ ရရှိခဲ့သည်။ ထိုခေတ်က ကြေးနန်းစာများကို စာလုံးရေအလိုက် ပိုက်ဆံပေးရသဖြင့် စာသားမှာ တိုတိုလေးသာဖြစ်သည်။ "ရှု့ယန်သည် စစ်သားတစ်ဦး၊ ကလေးနှစ်ဦးနှင့်အတူ ထွက်ခွာသွားပြီ။" ဟုသာ ပါရှိသည်။

ကျန်းနျန်သည် တစ်နေ့လုံး ရှု့ယန် ဘယ်သူနှင့် လိုက်သွားတာလဲဆိုသည်ကို စဉ်းစားနေခဲ့သည်။ လျိုချမ့်က နောင်တရပြီး ရှု့ယန်နဲ့ ကလေးတွေကို ပြန်သွားခေါ်တာများလား။

ထိုည လုယွီ ပြန်ရောက်လာသောအခါ ကျန်းနျန် မေးလိုက်သည်။ "အဲ့ဒီလူက ဘယ်သူဖြစ်မယ်လို့ ရှင်ထင်လဲ။ လျိုချမ့်လား။"

လုယွီ ဖြေလိုက်သည်။ "မနက်ဖြန်ကြရင် ကျူးကျွင်းကို လှမ်းမေးကြည့်မယ်။ သူ တပ်ထဲ ပြန်ရောက်သွားပြီဆိုတော့ သိလောက်မှာပါ။"

ရှု့ယန်အတွက် စိုးရိမ်နေသဖြင့် ကျန်းနျန်မှာ ထိုညက အိပ်ရခက်နေခဲ့သည်။ သူမသည် ရှု့ယန် မိဘအိမ်ပြန်သွားပြီး သူမကို နှိပ်စက်မည့် လူပျိုကြီးအိုကြီးနှင့် လက်ထပ်လိုက်ရကာ လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့ကိုပါ ရောင်းစားခံလိုက်ရသည်ဟု အိမ်မက်ဆိုးများ ခဏခဏ မက်နေခဲ့သည်။ မိုးမလင်းခင်မှာပင် သူမ နိုးလာပြီး လျိုချမ့်ကို ရထားစီးသွားပြီး ထိုးကြိတ်ချင်လောက်အောင် ဒေါသထွက်နေခဲ့သည်။

လုယွီ မရယ်ဘဲ မနေနိုင်တော့ပေ။ "မင်း အဲ့လောက်တောင် ဒေါသထွက်နေတာလား။ အိမ်မက်ထဲမှာတောင် လျိုချမ့်ကို ဆဲနေသေးတယ်။"

ကျန်းနျန် လန့်သွားပြီး မေးလိုက်သည်။ "ကျွန်မ အိပ်နေရင်းနဲ့တောင် ယောင်ပြီးပြောနေတာလား။"

လုယွီ ရယ်မောလိုက်သည်။ "ဟုတ်တယ်၊ တော်တော်လေးကို ကြမ်းတာပဲ။"

ကျန်းနျန် - …

လုယွီသည် စောစောထကာ မနက်စာ ပြင်ဆင်ပေးသည်။ စားပြီးနောက် သူသည် တပ်ရင်းသို့ မသွားမီ ကျူးကျွင်းဆီ ဖုန်းဆက်ကာ လျိုချမ့်နှင့် ရှု့ယန်အကြောင်း စုံစမ်းခဲ့သည်။ မွန်းတည့်ချိန်တွင် သူ ပြန်ရောက်လာသောအခါ ကျန်းနျန်က မေးခွန်းတွေ တရစပ် မေးတော့သည်။

လုယွီ ပြောလိုက်သည်။ "ရှု့ယန်ကို သွားခေါ်တာ လျိုချမ့် မဟုတ်ပါဘူး။ လျိုချမ့်က မိသားစုအိမ်ရာကနေ ထွက်သွားပြီ၊ အဲ့ဒီအိမ်ကိုလည်း တခြားမိသားစုတစ်ခုကို ပေးလိုက်ပြီ။"

ကျန်းနျန် စိတ်မကောင်းဖြစ်နေသည်ကို မြင်သောအခါ လုယွီက နှစ်သိမ့်ခဲ့သည်။ "ဒီကာလအတွင်းမှာ ရှု့ယန် ဘယ်ရောက်နေလဲဆိုတာ ကိုယ် ထပ်စုံစမ်းပေးပါ့မယ်။"

ရှု့ယန်သည် လျိုချမ့်နှင့် ကွာရှင်းလိုက်ပြီဖြစ်၍ သူမတွင် မြို့ပြအိမ်ထောင်စုစာရင်း မရှိတော့ပေ၊ သူမသည် ကလေးနှစ်ယောက်နှင့် စစ်သားတစ်ဦးနှင့်အတူ ထွက်ခွာသွားခြင်းဖြစ်သည်။

နှစ်သစ်ကူးမတိုင်မီက အိမ်ထောင်စုစာရင်းကိစ္စများ ကိုင်တွယ်ရသည့် ရဲစခန်းသို့ ပြောင်းသွားသော လုကောရှန်က ရှု့ယန်၏ လက်ရှိစာရင်း ဘယ်မှာရှိနေလဲဆိုသည်ကို ခြေရာခံဖို့ ကူညီပေးနိုင်ပေလိမ့်မည်။

လုယွီ ဤအကြောင်းကို ပြောပြသောအခါ ကျန်းနျန် စိတ်အနည်းငယ် သက်သာရာ ရသွားခဲ့သည်။

နောက်တစ်နေ့တွင် လုယွီသည် ဖုန်းအော်ပရေတာမှတစ်ဆင့် ဗိုလ်ကြီးလုရှိရာ ရဲစခန်းသို့ ဖုန်းဆက်ခဲ့သည်။ ထိုစခန်းသည် ယွမ်မြို့နှင့် ကပ်လျက် ခရိုင်မြို့လေးတွင် ရှိပြီး ကားဖြင့်သွားလျှင် နှစ်နာရီခန့် ကြာသည်။ သို့သော် လုကောရှန်သည် နယ်ဘက်သို့ အိမ်ထောင်စုစာရင်းများ စစ်ဆေးရန် ထွက်သွားပြီး လဝက်ကျော်ကြာမှ ပြန်လာမည်ဖြစ်ကြောင်း စခန်းက အကြောင်းပြန်ခဲ့သည်။

ထိုအတောအတွင်း ကျန်းနျန်သည် အိမ်မှာပဲနေကာ နိုင်ငံခြားအတွက် ပန်းထိုးလက်ရာများကို လုပ်ဆောင်နေခဲ့သည်။ လုယွီမှာလည်း အလွန်အလုပ်များနေပြီး မနက်စောစောထွက်ကာ ညမိုးချုပ်မှ ပြန်ရောက်လေ့ရှိသည်၊ တစ်ခါတရံ နှစ်ရက်လောက်အထိ ပြန်မလာနိုင်ပေ။

ရှု့ရွှယ်သည်လည်း ကျန်းနျန်ဆီ ခဏခဏ လာလည်လေ့ရှိပြီး သူမသည်လည်း ပန်းထိုးနေသော်လည်း သယ်ဆောင်ရလွယ်ကူသည့် ပန်းထိုးအသေးစားလေးများကိုသာ အာရုံစိုက် လုပ်ကိုင်နေခဲ့သည်။

တနင်္ဂနွေနေ့တွင် ထျန်မိုင်က ကျန်းနျန်နှင့် လုယွီတို့ကို အိမ်သို့ ညစာဖိတ်ကျွေးခဲ့သည်။ လုယွီမှာ အလုပ်များနေသဖြင့် မလိုက်နိုင်သောကြောင့် ကျန်းနျန်က နို့မှုန့်တစ်ဘူးယူကာ တစ်ယောက်တည်း သွားခဲ့သည်။ လက်ထောက်တပ်ရင်းမှူးနင်မှာလည်း အိမ်မှာမရှိဘဲ တတိယတပ်ရင်းက ခုတလော တကယ်ကို အလုပ်များနေကြောင်း ထျန်မိုင်က ပြောပြသည်။

နင်ချန့်က ကျန်းနျန်အတွက် နို့မှုန့်တစ်ခွက် ဖျော်ပေးသည်။ သူမသည် လွန်ခဲ့သော ခြောက်လကထက် ပို၍ပင် တက်ကြွလန်းဆန်းနေပြီး ချိုချိုသာသာ နှုတ်ဆက်ခဲ့သည်။ "ဒေါ်ဒေါ်ကျန်း။"

ကျန်းနျန် ပြုံးလျက် ပြောလိုက်သည်။ "ကျေးဇူးပါ။" ထို့နောက် သူမ မေးလိုက်သည်။ "ကျောင်းစာတွေရော အဆင်ပြေရဲ့လား။"

နင်ချန့်က ဂုဏ်ယူစွာဖြင့် ပြုံးပျော်လျက် ပြောသည်။ "သမီး အခု အတန်းခေါင်းဆောင် ဖြစ်နေပြီ။ ဒီနေ့ ဆရာမက အတန်းရှေ့မှာတောင် သမီးကို ချီးကျူးသွားသေးတယ်။"

ကျန်းနျန်က ခွက်လေးကို ကိုင်ကာ အားပေးလိုက်သည်။ "သမီး တကယ်ကို တော်တာပဲ၊ ဆက်ကြိုးစားဦးနော်။"

စားပွဲပေါ်တွင် ကြက်ကင်၊ ပေါင်မုန့်လုံးများနှင့် အသားနှင့် ပဲတောင့်ရှည်ကြော်တို့ ရှိနေသည်။ နင် မိသားစု၏ အခြေအနေမှာ ခက်ခဲမှန်း လူတိုင်းသိသလို ကျန်းနျန်က ပို၍ပင် သိနေသည်။ နင်ချန့်၏ ကျောင်းစာအတွက် ကျောင်းလခ မလိုသော်လည်း ဖတ်စာအုပ်ဖိုးက ကုန်ကျစရိတ် ရှိနေသည်။ နင်ရှို့ကလည်း ပန်းချီအတန်းအတွက် တစ်လလျှင် ပိုက်ဆံအချို့ ပေးရပြီး လက်ထောက်တပ်ရင်းမှူးနင်ကလည်း သူ့အမေဆီ ပိုက်ဆံပို့ရသေးသဖြင့် နေ့စဉ်အသုံးစရိတ်မှာ တကယ်ကို နည်းပါးလှသည်။

သူတို့၏ ဘဏ္ဍာရေး အခက်အခဲကြားမှ ယခုကဲ့သို့ ကောင်းမွန်သော ညစာ ကျွေးမွေးခြင်းမှာ တကယ်ကို ရက်ရောလှပေသည်။

"ရှို့အာရော ဘယ်မှာလဲ" ကျန်းနျန် မေးလိုက်သည်။

ထျန်မိုင် ပြန်ဖြေလိုက်သည်။ "ရှို့အာက ဒီညမှာ ရှိနေရမှာပါ၊ ဒါပေမယ့် ဆရာမကျီက ဒီနေ့ စောစောရောက်လာလို့လေ။ အဲ့ဒါနဲ့ လောက်နင်က ရှို့အာကို ပန်းထိုးဆိုင်ကို ခေါ်သွားပေးတာ။ သူမ အခု တော်တော်လေး တိုးတက်လာပြီ။ ဆရာမကျီက ပြောတယ်၊ ရှို့အာရဲ့ ပန်းချီလက်ရာတွေက အများကြီး ကောင်းလာပြီတဲ့၊ အဲ့ဒါကြောင့် ဆောင်းတွင်းရောက်ရင် နှင်းတွေကို ကြည့်ပြီး ပန်းချီအတွက် စိတ်ကူးသစ်တွေ ရအောင် အရှေ့ပိုင်းမြို့တော်ကို ခေါ်သွားဖို့ စီစဉ်ထားတယ်တဲ့။"

ကျန်းနျန်သည် နင်ရှို့အတွက် ဝမ်းသာမိသည်။

ထျန်မိုင်တို့အိမ်တွင် ညစာစားပြီးနောက် ကျန်းနျန် အိမ်ပြန်လာခဲ့သော်လည်း ထိုညကလည်း လုယွီ ပြန်မရောက်လာခဲ့ပေ။ နောက်တစ်နေ့မနက်တွင် ယွဲ့ချောင် လာလည်သောအခါမှ လုယွီတင်မကဘဲ ဗိုလ်ကြီးလိန်၊ ဗိုလ်ကြီးဖန်နှင့် လက်ထောက်တပ်ရင်းမှူးနင်တို့ပါ ပြန်မရောက်ကြသေးကြောင်း သိလိုက်ရသည်။

လုယွီသည် ဆယ်ရက်တိုင်တိုင် ပျောက်နေခဲ့ပြီး ဆယ့်တစ်ရက်မြောက်နေ့ ညနေပိုင်းမှသာ ပြန်ရောက်လာခဲ့သည်။

အိပ်ချင်မူးတူး ဖြစ်နေသော ကျန်းနျန်သည် ရုတ်တရက် လုယွီ၏ အေးမြသော ရင်ခွင်ထဲသို့ ရောက်သွားခဲ့သည်။ သူ့လက်များက သူမ၏ခါးကို ဖက်ထားသည်။ ကျန်းနျန်သည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အနီးကပ် ရှိနေသော လုယွီကို မြင်လိုက်ရသဖြင့် သတိဝင်ကာ မေးလိုက်သည်။ "ရှင် ဘယ်တုန်းက ပြန်ရောက်တာလဲ။"

လုယွီက သူမ၏ လည်ပင်းနားတွင် ဝဲနေရင်း ပြောလိုက်သည်။ "ခုနလေးတင်ပဲ။"

ကျန်းနျန်သည် လုယွီ၏ ပြင်းပြသော အနမ်းများကို လက်ခံရန် သူမ၏လည်ပင်းကို စောင်းပေးလိုက်ရာ သူမ၏ အိပ်ချင်စိတ်များမှာ ပြယ်လွင့်သွားခဲ့သည်။ လုယွီသည် တာဝန်ဖြင့် ထွက်သွားခြင်းမှန်း သိသော်လည်း လွန်ခဲ့သည့် ဆယ်ရက်အတွင်း သူမ အတော်လေး စိုးရိမ်ခဲ့ပြီး သူ့ကိုလည်း အရမ်းလွမ်းနေခဲ့သည်။ ညတိုင်း အိမ်အလွတ်ကြီးကို ကြည့်ရင်း သူ့အကြောင်းကိုသာ တွေးနေမိခဲ့သည်။

"နျန်နျန်" လုယွီ တိုးတိုးလေး ခေါ်လိုက်သည်။ သူသည် ကျန်းနျန်ကို မကာ သူတို့၏ အနေအထားကို ပြောင်းလိုက်သည်။ သူမ၏ တောက်ပြောင်သော မျက်ဝန်းများဖြင့် သူ့ကိုကြည့်ကာ နှုတ်ခမ်းကို ကိုက်လျက် သူ့နာမည်ကို ခေါ်နေသည့် ကျန်းနျန်၏ ပုံရိပ်ကို သူ မြတ်နိုးမိသည်။

ဆယ်ရက်တိုင်တိုင် ခွဲခွာနေခဲ့ရသည့် အကျိုးဆက်မှာတော့ နောက်တစ်နေ့တွင် ကျန်းနျန် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အိပ်ရာကတောင် မထနိုင်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ဟဲယွဲ့ ရောက်လာသောအခါ ခါးကို ကိုင်ကာ လမ်းလျှောက်နေသော ကျန်းနျန်ကို မြင်ပြီး ခေတ္တမျှ ရပ်သွားကာ ရယ်မောတော့သည်။

ကျန်းနျန် - …

သူမသည် ခါးကို ပွတ်ကာ လည်ချောင်းကို ရှင်းရင်း ဆင်ခြေပေးလိုက်သည်။ "ကျွန်မ အဝတ်လျှော်တုန်းက ခါးကို အရမ်းကိုင်းလိုက်မိလို့ပါ။"

ဟဲယွဲ့က နားလည်သလို အကြည့်မျိုးဖြင့် ကြည့်လိုက်ရာ ကျန်းနျန်မှာ ရှက်ကိုးရှက်ကန်းဖြင့် ပါးလေးတွေ နီမြန်းသွားခဲ့သည်။ သူမက အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ "အစ်မ တစ်ခုခု လိုချင်လို့လား"

ဟဲယွဲ့ လေးနက်စွာဖြင့် ပြောလိုက်သည်။ "ပစ္စည်းတစ်ခု လာပေးတာပါ။" သူမ ဟင်းသီးဟင်းရွက် ချဉ်ဖတ်နှစ်အိုးကို ကမ်းပေးလိုက်သည်။ "သန်ဘက်ခါကြရင် ငါ ကလေးတွေကို ခေါ်ပြီး အရင်သွားတော့မယ်။ လောင်ဖန် ကတော့ လကုန်မှ လိုက်လာမှာ။ ငါတို့ ဘယ်တော့မှ ပြန်ဆုံကြမလဲ မသိဘူးနော်"

ကျန်းနျန် အံ့ဩသွားပြီး မေးလိုက်သည်။ "အတူတူ မသွားကြဘူးလား။"

ဟဲယွဲ့ ပြောလိုက်သည်။ "ဟင့်အင်း... ဖန်ရှနဲ့ ဖန်ကောကို အရင်ခေါ်သွားပြီး ကျောင်းစာရင်းသွင်းတာတို့၊ ရထားတဲ့အိမ်ကို ရှင်းလင်းတာတို့ လုပ်ထားမလို့လေ။ လောင်ဖန် လာမှာကိုတော့ လကုန်ထိ အဲ့ဒီမှာပဲ စောင့်နေမှာပေါ့။"

အိမ်နီးချင်းအဖြစ် တစ်နှစ်လောက် နေခဲ့ဖူးပြီး ဟဲယွဲ့၏ ပွင့်လင်းရိုးသားမှုကို သိသောကြောင့် ကျန်းနျန်သည် သူမ၏ ကလေးများအတွက် အင်္ကျီချုပ်ရန် ကောင်းမွန်သော အထည်စတစ်ခုကို လက်ဆောင်ပေးလိုက်သည်။

All Chapters