← Chapters

အခန်း ၂၂၅-၂၂၆ (ဇာတ်သိမ်း)

Vol. 22 Ch. 225-226-Final

အခန်း ၂၂၅-၂၂၆ (ဇာတ်သိမ်း)

Vol. 22 Ch. 225-226-Final

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၂၂၅ (ဇာတ်သိမ်း)

ကျန်းနျန်မှာ ကျန်းမာရေး ပြန်ကောင်းလာသော်လည်း လုယွီမှာမူ သေချာပြန်လည်နာလန်ထူရန်အတွက် ဆေးရုံတွင် ဆက်နေရန် လိုအပ်သည်။

သူတို့နှစ်ယောက်မှာ သီးသန့်လူနာခန်းတစ်ခုတွင် အတူနေကြရာ ကျန်းနျန်က လုယွီကို ပြုစုပေးရမည့်အစား လုယွီကသာ သူမကို ပြန်စောင့်ရှောက်ပေးနေခဲ့သည်။ ဆေးရုံတွင် လဝက်ခန့် နေပြီးနောက် နောက်ဆုံးတွင် ဆေးရုံဆင်းခဲ့ကြသည်။ ဆေးရုံဆင်းသည့်နေ့တွင် ကုရှစ်ကျိုးနှင့် ချန်ယောင်တို့က သူတို့ကို လာကြိုကြသည်။

သူတို့နှစ်ယောက် လက်တွဲပြီး ထွက်လာသည်ကို မြင်သောအခါ ကုရှစ်ကျိုးသည် ကျန်းနျန်၏ ပိန်ချိုင့်နေသော ပါးပြင်များကို စက္ကန့်အနည်းငယ်မျှ ကြည့်နေမိသည်။ သူသည် နှုတ်ခမ်းကို အသာအယာ စေ့လိုက်ပြီးမှ လုယွီဘက်သို့ လှည့်ကာ ဒဏ်ရာမရှိသည့် ပခုံးကို ပုတ်လိုက်သည်။ "ဆေးရုံကဆင်းတာ ဂုဏ်ယူပါတယ်။"

လုယွီ ပြုံးလိုက်သည်။ "ကျေးဇူးပဲ။"

ချန်ယောင်က ကားတံခါးကို ဖွင့်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။ "တပ်ရင်းမှူးလု၊ မရီး အိမ်ပြန်ကြရအောင်။"

ဆေးရုံမှ စစ်အခြေစိုက်စခန်းသို့ ကားမောင်းရသည်မှာ သိပ်မကြာလှပေ။ မိသားစုအိမ်ရာသို့ ရောက်သောအခါ ထျန်မိုင်မှာ သူတို့ကို ကြိုဆိုရန်အတွက် စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်ထားပြီး ဖြစ်သည်။ လက်ထောက်တပ်ရင်းမှူးနင်သည်လည်း သူတို့နှင့်အတူ ဆင်နွှဲရန် ခွင့်ယူထားခဲ့ကာ ကုရှစ်ကျိုး၊ ချန်ယောင်နှင့် ရှု့ရွှယ်တို့လည်း ပါဝင်ခဲ့ကြသည်။

ထမင်းဝိုင်းတွင် လက်ထောက်တပ်ရင်းမှူးနင်က ပြောခဲ့သည်။ "တပ်ရင်းမှူးလု ဒီတစ်ခါတော့ မင်း ရာထူးတိုးတော့မယ် မဟုတ်လား။"

ချန်ယောင် ဝင်ပြောခဲ့သည်။ "အဲဒါကတော့ သေချာတာပေါ့။"

လုယွီ ရယ်မောလိုက်သည်။ "ကျွန်တော် ဆေးရုံမှာ နေနေတာ အတော်ကြာသွားပြီဆိုတော့ သိပ်မသေချာသေးဘူး။"

နင်ရှို့မှာ ဆရာမကျီနှင့်အတူ ဆိပ်ကမ်းမြို့သို့ သွားနေသော်လည်း နင်ချန့်မှာ အိမ်မှာကျန်ရစ်ခဲ့ကာ ကျန်းနျန်ကို အလွန်ခင်မင်တွယ်တာနေသည်။ ကျန်းနျန် သတိမေ့နေစဉ်အတွင်း သူမသည် ထျန်မိုင်ကို ဖက်ကာ ဒေါ်လေးကျန်း အမြန်ဆုံး နေကောင်းလာပါစေဟု ဆုတောင်းရင်း နေ့တိုင်း ငိုနေခဲ့သည်။

ကျန်းနျန်က နင်ချန့်၏ ခေါင်းကို အသာ ပုတ်ပေးလိုက်သည်။ "စာလေ့လာရတာရော ဘယ်လိုလဲ။"

နင်ချန့်က ဂုဏ်ယူစွာဖြင့် ပြန်ဖြေသည်။ "ပြီးခဲ့တဲ့ စာမေးပွဲမှာ ဒုတိယ ရတယ်။"

ကျန်းနျန် ပြုံးလိုက်သည်။ "ချန့်အာက တော်လိုက်တာ။"

ထျန်မိုင်၏ အိမ်မှ ထွက်လာချိန်တွင် နေ့လယ်စောင်းနေပြီ ဖြစ်သည်။ လှေကားမှ ဆင်းလာစဉ် ကုရှစ်ကျိုးက လုယွီဘက်သို့ လှည့်ကာ မေးလိုက်သည်။ "လမ်းလျှောက်ဦးမလား။"

လုယွီ ခေါင်းညိတ်လိုက်သည်။ "လျှောက်ကြတာပေါ့။"

ကုရှစ်ကျိုးနှင့် လုယွီတို့ ဆွေးနွေးစရာ ရှိသည်ကို ကျန်းနျန် နားလည်သည်။ သူမသည် အိမ်သို့ တစ်ယောက်တည်း ပြန်ရန် ပြင်ဆင်သော်လည်း လုယွီက သူမကို အိမ်ထဲအထိ လိုက်ပို့ပေးခဲ့သည်။ တံခါးအပြင်ဘက်တွင် ရပ်ရင်း သူသည် သူမ၏ လည်ပင်းကို ကိုင်ကာ နှုတ်ခမ်းကို ချိုမြိန်စွာ နမ်းရှိုက်လိုက်သည်။ "ကိုယ့်ကို ခဏစောင့်နော်။"

ကျန်းနျန်မှာ ရှက်သွေးဖြာသွားကာ ခေါင်းညိတ်ပြလိုက်သည်။ "အင်းပါ။"

လုယွီသည် တံခါးကို ပိတ်ခဲ့ပြီး ကုရှစ်ကျိုးနှင့်အတူ လေ့ကျင့်ရေးကွင်းဆီသို့ ဆင်းလာခဲ့သည်။ လမ်းတွင် သူတို့ကို နွေးထွေးစွာ နှုတ်ဆက်ကြသူ အများအပြားနှင့် တွေ့ဆုံခဲ့ကြသည်။

"ဘာဖြစ်လို့လဲ" လုယွီ ရှေ့ကို ကြည့်ရင်း မေးလိုက်သည်။

ကုရှစ်ကျိုး - "မနေ့က အဖွဲ့အစည်းက ဖုန်းဆက်တယ်၊ မင်းရဲ့ ရာထူးတိုး စာရွက်စာတမ်းတွေ လာနေပြီ၊ နောက်ရက်အနည်းငယ်အတွင်း ရောက်လိမ့်မယ်။"

လုယွီ ခေါင်းညိတ်ပြီး မေးလိုက်သည်။ "ရာထူးပြောင်းရမှာလား၊ ဒါမှမဟုတ် ဒီမှာပဲ ဆက်နေရမှာလား။"

ကုရှစ်ကျိုး - "ယွမ်မြို့မှာပဲ ဆက်နေရမှာပါ။"

သူတို့နှစ်ယောက်မှာ လွန်ခဲ့သည့် ခြောက်လအတွင်း တပ်ရင်း၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ အတန်ကြာမှ ကုရှစ်ကျိုးက စာအိတ်တစ်အိတ်ကို ထုတ်ကာ လုယွီအား ကမ်းပေးလိုက်သည်။ လုယွီသည် စာအိတ်ပေါ်မှ ရင်းနှီးနေသော လက်ရေးကို မြင်လိုက်ရသဖြင့် ခဏမျှ ကြောင်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ "မင်း ဒါကို မပို့လိုက်ဘူးလား။"

သူသည် စာအိတ်ကို ယူပြီး ဖွင့်ကြည့်လိုက်ရာ အတွင်း၌ စာတစ်စောင်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူ စုန့်ပိုင်ထံ ပေးပို့ရန် ရည်ရွယ်ထားသော်လည်း တပ်ရင်းကိစ္စများကြောင့် နောက်ကျနေခဲ့သော စာပင် ဖြစ်သည်။ သူသည် ၎င်းကို ပေးပို့ပေးရန် ကုရှစ်ကျိုးအား ယုံကြည်စွာ အပ်နှံခဲ့သော်လည်း ယခုထိတိုင် သူ၏လက်ထဲတွင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကုရှစ်ကျိုးသည် လက်ကို အိတ်ကပ်ထဲသို့ အသာအယာ ထည့်လိုက်ပြီး ရှေ့ရှိ သစ်ပင်တန်းများကို စိုက်ကြည့်နေမိသည်။ "ငါ မင်းရဲ့ အရည်အချင်းကို ယုံကြည်ပါတယ်၊ မင်း ပြဿနာဖြစ်မှာ မဟုတ်ဘူး။ ဒီစာကို မင်းအတွက် ခဏ သိမ်းထားပေးတာပါ၊ မင်း ပြန်လာတဲ့အခါ ဘယ်လို လုပ်မလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ။"

သူသည် ဝေးလံသော သစ်ကိုင်းတစ်ခုပေါ်တွင် နားနေသော ငှက်ကလေးတစ်ကောင်ကို ကြည့်နေရင်း သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်တစ်ခု ခဏမျှ ဖြတ်ပြေးသွားခဲ့သည်။

လုယွီသည် စာကို ကိုင်ထားရင်း ထူးဆန်းသော မျက်နှာပေးဖြစ်နေသည့် ကုရှစ်ကျိုးကို မော့ကြည့်လိုက်သည်။ သူသည် သူ၏ နက်မှောင်သော မျက်လုံးများကို ခဏမျှ မှေးကြည့်လိုက်ပြီးမှ အကြည့်ကို လွှဲလိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်လအတွင်း နျန်နျန်ကို ဂရုစိုက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ နောက်ရက်အနည်းငယ်အတွင်း ငါ့အလုပ်တွေ ပြီးသွားရင် နျန်နျန်နဲ့အတူ မင်းကို ကျေးဇူးလာတင်ပါ့မယ်။"

ကုရှစ်ကျိုး ပြုံးလိုက်သည်။ "ကြားရတာတော့ မဆိုးဘူးပဲ။"

ကုရှစ်ကျိုးနှင့် လမ်းခွဲပြီးနောက် လုယွီသည် ထိုစာအိတ်ကို အပိုင်းပိုင်း ဆုတ်ဖြဲကာ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် အသားနှင့် ဟင်းသီးဟင်းရွက်များ ဝယ်ရန် စျေးသို့ သွားခဲ့သည်။ သူ အိမ်ပြန်ရောက်သောအခါ ကျန်းနျန်မှာ အိမ်ကို သန့်ရှင်းရေး လုပ်ထားပြီး ဖြစ်သည်။ သူသည် ရေချိုးရန်အတွက် ရေနွေး တည်လိုက်သည်။

ကျန်းနျန် ဟင်းချက်ရန်အတွက် ရှေ့ဖုံးခါးစည်းကို ဝတ်လိုက်သောအခါ လုယွီက သူမကို တားလိုက်သည်။

သူသည် သူမကို နောက်ဘက်မှ သိုင်းဖက်ကာ ပါးကို အသာအယာ နမ်းလိုက်ပြီး သူမ၏ မျက်နှာကို ကိုင်လျက် နှုတ်ခမ်းကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သူတို့၏ အသက်ရှူသံများမှာ ရောယှက်နေပြီး လွမ်းဆွတ်မှုများမှာ ဟုန်းခနဲ တောက်လောင်လာခဲ့သည်။ သူတို့ ဝေးကွာနေသည်မှာ ခြောက်လခန့် ရှိပြီဖြစ်ရာ လုယွီသာမက သူမသည်လည်း သူ့ကို အလွန်အမင်း လွမ်းဆွတ်နေမိသည်။

သူမ၏ ခါးမှတစ်ဆင့် မတင်ခံလိုက်ရကာ စားပွဲခုံပေါ်သို့ ရောက်သွားခဲ့သည်။ လုယွီသည် သူမ၏ ခြေထောက်နှစ်ဖက်ကြားတွင် ရပ်ကာ သူမ၏ နှုတ်ခမ်းမှတစ်ဆင့် အောက်ဘက်သို့ တဖြည်းဖြည်း နမ်းရှိုက်သွားခဲ့သည်။

သူသည် သူမ၏ အင်္ကျီကြယ်သီးများကို ဖြုတ်ကာ ဘေးသို့ ပစ်လိုက်သည်။ နွေးထွေးမှုများမှာ ညှပ်ရိုးမှတစ်ဆင့် ဝမ်းဗိုက်အထိ ပျံ့နှံ့သွားသဖြင့် ကျန်းနျန်မှာ အသက်ရှူနှုန်း မြန်လာခဲ့သည်။ သူမ၏ လက်များမှာ ဘာလုပ်ရမှန်းမသိဖြစ်နေပြီး နောက်ဆုံးတွင် လုယွီ၏ ပခုံးပေါ်သို့ တင်ထားလိုက်မိသည်။ သူမသည် အကြည့်ကို နှိမ့်လိုက်ရာ သူမ၏ ဝမ်းဗိုက်နားရှိ အရိပ်အယောင်ကို မြင်လိုက်ရသည်။ ရှက်စိတ်နှင့် ရင်ခုန်သံများကြောင့် သူမ အသက်ရှူကျပ်သလို ဖြစ်နေမိသည်။

"နျန်နျန်..." လုယွီ တိုးတိုးလေး ခေါ်လိုက်သည်။

သူသည် သူမ၏လက်များကို ဆုပ်ကိုင်ကာ အခန်းထဲသို့ ပြန်လည် ပွေ့ချီသွားခဲ့သည်။

လုယွီ၏ မျက်လုံးထဲမှ ပြင်းထန်သော လွမ်းဆွတ်မှုများကြောင့် ကျန်းနျန်မှာ လန့်သွားခဲ့သည်။ သူ၏ လက်များမှာ သူမ၏ ပခုံးမှတစ်ဆင့် ခါးသို့ ရောက်ရှိသွားကာ စိုးရိမ်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။ "မင်း ပိန်သွားတယ်။"

ကျန်းနျန်၏ ရင်ထဲတွင် နူးညံ့သွားခဲ့ကာ လုယွီ၏ မျက်နှာကို သူမ၏ လက်များဖြင့် အုပ်ကိုင်လိုက်သည်။ "ရှင်လည်း ပိန်သွားတာပါပဲ။"

လုယွီ၏ ရာထူးတိုး စာရွက်စာတမ်းများ ရောက်လာခဲ့ပြီး သူ့အား နှစ်ပတ်ခန့် ခွင့်ပေးလိုက်သည်။

သူတို့၏ ပထမဆုံးအလုပ်မှာ နေရပ်သို့ ပြန်ရန်ဖြစ်ပြီး ပထမဆုံးအနေဖြင့် ပါမောက္ခ လင်ထံသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ထို့နောက် ဦးလေးရှု့အတွက် စက္ကူများ မီးရှို့ပေးခဲ့ကြသည်။ နောက်ဆုံးတွင် လုယွီသည် ကျန်းနျန်ကို သူ၏ ဖခင်ဂူဆီသို့ ခေါ်သွားခဲ့သည်။ သူတို့ အိမ်ပြန်ရောက်သောအခါ အဒေါ် ကျောက်မှာ သူမ၏ မြေးနှင့်အတူ ကျန်းနျန်ထံသို့ အလည်လာခဲ့သည်။

အဒေါ် ကျောက်က အကြောင်းအရာ အများအပြားကို ပြောပြခဲ့သည်။ သူတို့ ထွက်သွားပြီးနောက် ရွာထဲတွင် သူမနှင့် လုယွီအကြောင်း မည်သို့ အတင်းပြောကြသည်ကိုလည်း ပြောပြခဲ့သည်။

သို့သော် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထိုကောလာဟလများမှာ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ အားလုံးမှာ ကျန်းနျန်နှင့် လုယွီ ပြန်လာသည်ကို ဝမ်းသာနေကြပုံရသော်လည်း အချို့ကမူ ကွယ်ရာတွင် တိုးတိုးတိုးတိုး ပြောနေကြဆဲ ဖြစ်သည်။

ကျန်းနျန်က ထိုအရာများကို ဂရုမစိုက်သလို အခြားသူများက သူမကို မည်သို့ ထင်ကြမည်ကိုလည်း စိတ်မဝင်စားပေ။

အဒေါ် ကျောက် မေးလိုက်သည်။ "ဒီတစ်ခါ ဘယ်လောက်ကြာကြာ နေမှာလဲ။"

ကျန်းနျန် ပြန်ဖြေလိုက်သည်။ "နှစ်ရက်လောက်ပါပဲ။ မနက်ဖြန် ကျန်းမိသားစုဆီ သွားပြီး သူတို့ဆီက ရစရာရှိတဲ့ ပိုက်ဆံတွေကို သွားတောင်းမလို့။"

အဒေါ် ကျောက်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ "နင့်အမေရဲ့ မိသားစုမှာ တစ်ခုခု ဖြစ်ခဲ့တယ်၊ သူတို့ နင့်ဆီ စာမပို့ဘူးလား။"

ကျန်းနျန် အံ့ဩသွားခဲ့သည်။ "ဘာဖြစ်လို့လဲ။"

သူမ သိထားသည်မှာ လျန်ချင်းက ဒုက္ခကို မခံနိုင်ဘဲ ထွက်ပြေးသွားသည်ပင် ဖြစ်သည်။

ကျန်းနျန်က စိုးရိမ်ပူပန်မှုများ မပြသည်ကို မြင်သောအခါ အဒေါ် ကျောက်က ဆက်ပြောပြခဲ့သည်။ "ဒါက လွန်ခဲ့တဲ့ သုံးလက ဖြစ်ခဲ့တာ။ အိမ်နီးနားချင်း ရွာတွေအထိ သတင်းတွေ ပျံ့နေတာပဲ။ ချောင်လန်က တခြားယောက်ျားတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်လေ။ သူမက သူ့မိသားစုရဲ့ ပျင်းရိမှုကို စိတ်ကုန်သွားပြီး သူတို့ကို ဆက်မပြုစုချင်တော့ဘူးလို့ ပြောကြတာပဲ။ ကျန်းဟိုင်က လေဖြတ်သွားတဲ့အထိ အရမ်းဒေါသထွက်ပြီး ကွယ်လွန်သွားခဲ့တယ်။ အခုတော့ အဲဒီမိသားစုမှာ ကျန်းဖူနဲ့ သူ့သားပဲ ကျန်တော့တယ်။"

ကျန်းနျန်သည် ကျန်းမိသားစုအတွက် စာနာစိတ် မရှိပေ။ သူတို့၏ အဆုံးသတ်မှာ သူတို့ဘာသာ လုပ်ခဲ့ခြင်းသာ ဖြစ်ပြီး သူမသည် ထိုပိုက်ဆံများကို ထပ်တောင်းရန်လည်း မရည်ရွယ်တော့ပေ။ ကျန်းဖူနှင့် သူ၏သား ဘယ်လိုနေထိုင်ကြမည်မှာ သူမ၏ ကိစ္စ မဟုတ်တော့ပေ။

ကျန်းနျန် ထွက်ခွာမည့်နေ့တွင် ပါမောက္ခ လင်အတွက် လက်ဆောင်အချို့ ယူသွားခဲ့သည်။ သူမနှင့် လုယွီတို့သည် ကောမိန်ကို တွေ့ရန်လည်း အထူးခရီးစဉ်တစ်ခု သွားခဲ့ကြသည်။ ကောမိန်၏ ရာထူးမှာ ယွမ်မြို့ကလောက် မမြင့်သော်လည်း လစာမှာ အဆင်ပြေသည်။ သူမသည် အလုပ်နှင့် မြေးထိန်းသည့်အလုပ်ကို မျှတအောင် လုပ်ကိုင်နေပြီး သူမ၏ ကလေးများမှာလည်း သူမအနားမှာပင် ရှိကြသည်။ ကောမိန်မှာ အရင်ကထက် ပို၍ ပြုံးနေသည်ကို ကျန်းနျန် သတိထားမိလိုက်သည်။

သူမအတွက်တော့ မိသားစုနှင့် နီးနီးကပ်ကပ် နေရခြင်းက အကောင်းဆုံးအရာ ဖြစ်ပေလိမ့်မည်။

သူမသည် တန့်ခယ်ကို အားကျသော်လည်း သူမ၏ ကိုယ်ပိုင်မိသားစုကို ပို၍ တန်ဖိုးထားခဲ့သည်။

ကောမိန်ကို တွေ့ပြီးနောက် ကျန်းနျန်သည် ပန်းထိုးဆိုင်သို့ သွားရောက်ကာ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့ကို သွားတွေ့ခဲ့သည်။ အတန်ကြာ စကားပြောပြီးနောက် သူမ ထွက်လာခဲ့သည်။ မထွက်ခွာမီ သူတို့သည် လုယွီ၏ စစ်တပ်မှ ရဲဘော်ဟောင်းများထံသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။

ကျူးကျွင်းနှင့် ကျန်းရှောင်တို့မှာ အဆင်ပြေနေကြပြီး ကျန်းရှောင်မှာလည်း နောက်ထပ် ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်။ သူမက ကျန်းနျန်အား ဘယ်တော့ ကလေးယူဖို့ စီစဉ်ထားလဲဟု မေးရာ ကျန်းနျန် ပြုံးပြီး ပြန်ဖြေခဲ့သည်။ "ဒီနှစ်ထဲမှာပေါ့။"

စစ်အခြေစိုက်စခန်းမှ ထွက်လာပြီးနောက် ဇနီးမောင်နှံနှစ်ဦးမှာ မြို့သို့ ကားဖြင့် သွားခဲ့ကြသည်။ ရထားဘူတာတွင် သူတို့သည် မမျှော်လင့်ဘဲ ရင်းနှီးသော မျက်နှာနှစ်ခုနှင့် ဆုံတွေ့ခဲ့ရသည်။

၎င်းတို့မှာ ဝူယိုရှန်နှင့် စွင်းယင်တို့ ဖြစ်ကြသည်။

သူတို့နှစ်ဦးမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကထက် ပို၍ နွမ်းနယ်နေပုံရပြီး သုံးနှစ်အရွယ် ကလေးတစ်ယောက်လည်း အတူပါလာခဲ့သည်။

ကျန်းနျန်သည် စွင်းယင်ကို ထပ်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမနှင့် ဆုံတွေ့လိုက်ရသောအခါ ကျန်းနျန်၏ ရင်ထဲတွင် ခံစားချက်များ ရောပြွမ်းသွားခဲ့သည်။ စွင်းယင်သည် ယခင်က လုယွီနှင့် ရထားပေါ်တွင် မတော်တဆ ဆုံတွေ့ခဲ့ဖူးသည်ကို ပြောခဲ့ဖူးသည်ကို သူမ သတိရလိုက်ပြီး စွင်းယင်သည်လည်း သူမကဲ့သို့ပင် အိပ်မက်များမှတစ်ဆင့် မှတ်ဉာဏ်အပိုင်းအစများကို ရရှိခဲ့လားဟု တွေးနေမိသည်။

ဝူယိုရှန်နှင့် စွင်းယင်တို့သည်လည်း လုယွီနှင့် ကျန်းနျန်တို့ကို သတိထားမိလိုက်ကြသည်။ စွင်းယင်၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ကာ လုယွီက ကျန်းနျန်၏လက်ကို ဆုပ်ကိုင်ပြီး သူတို့ဘေးမှ ဖြတ်လျှောက်သွားသည်ကို ငေးကြည့်နေမိသည်။ သူမသည် ခေါင်းကို ငုံ့လိုက်ပြီး ကလေး၏ အပြစ်ကင်းသော မျက်လုံးများကို ကြည့်ကာ ကလေးကို ပွေ့ချီလိုက်သည်။ ထို့နောက် ဝူယိုရှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကျွန်မ ဖက်ထုပ် စားချင်တယ်။"

ဝူယိုရှန်သည် စိတ်အေးသွားကာ ပြုံးလိုက်သည်။ "အိမ်ပြန်ကြစို့၊ အိမ်ရောက်ရင် ကိုယ် မင်းစားချင်တဲ့ ဖက်ထုပ်တွေ လုပ်ပေးမယ်။"

.......

၁၉၇၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ကျန်းနျန် ကလေးမွေးဖွားခဲ့သည်။

ကွမ်လု၊ ယွဲ့ချောင်နှင့် ရှု့ရွှယ်တို့ ကလေးမွေးသည်ကို မြင်တွေ့ခဲ့ဖူးသောကြောင့် ကျန်းနျန်သည် သူတို့၏ နာကျင်စွာ အော်ဟစ်သံများကြောင့် အလွန်အမင်း ကြောက်လန့်နေခဲ့သည်။ တံခါးအပြင်ဘက်တွင် လုယွီက သူမကို စဉ်ဆက်မပြတ် စကားပြောပေးရင်း အားပေးနေခြင်းသာ မရှိပါက ကျန်းနျန်မှာ နောက်ဆုံးမိနစ်တွင် နောက်ဆုတ်သွားမိပေလိမ့်မည်။

ထျန်မိုင်နှင့် ရှု့ရွှယ်တို့လည်း မွေးခန်းအပြင်ဘက်တွင် စောင့်နေကြသည်။ သူ၏ ဇနီးအတွက် လုယွီ၏ ပူပန်နေသော မျက်နှာကို ကြည့်ရင်း သူတို့ မရယ်ဘဲ မနေနိုင်ကြပေ။ အမြဲတမ်း တင်းမာပြီး အေးစက်တတ်သော လုယွီမှာ ကျန်းနျန်နှင့် ပတ်သက်လျှင် အလွန် နူးညံ့ပြီး ဂရုစိုက်တတ်သော ခင်ပွန်းတစ်ယောက်ဖြစ်သည်ကို မိသားစုအိမ်ရာရှိ လူအားလုံး သိကြသည်။

ကျန်းနျန်သည် သားလေးတစ်ယောက် မွေးဖွားခဲ့ပြီး လုယွီက နာမည်ကို ကြိုတင်ရွေးချယ်ထားပြီး ဖြစ်သည်… လုဖန်။

ဆရာဝန်က ကလေးကို အပြင်သို့ ထုတ်လာသောအခါ လုယွီသည် တစ်ချက်သာ ကြည့်လိုက်ပြီး မွေးခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့သည်။ ထျန်မိုင်သည် ကလေးကို ယူကာ ရှု့ရွှယ်နှင့်အတူ ပြုစုပေးခဲ့သည်။ ကျန်းနျန်မှာ ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေပြီး နဖူးပေါ်တွင် ချွေးစက်များဖြင့် ဖုံးလွှမ်းနေသည်။ လုယွီ ဝင်လာသည်ကို မြင်သောအခါ သူမက အားတင်းလျက် ပြုံးပြလိုက်သည်။

လုယွီသည် ကျန်းနျန်ကို ဖက်ရန် ကိုင်းညွတ်လိုက်ပြီး နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်သည်။ သူသည် သူမ၏ ပါးပြင်ကို ပွတ်သပ်ရင်း ရင်ထဲတွင် နာကျင်နေမိသည်။ "နျန်နျန်... ကိုယ်တို့ နောက်ထပ် ကလေးတွေ မယူတော့ဘူးနော်။"

ကျန်းနျန်၏ နာကျင်စွာ အော်ဟစ်သံကို ကြားရသည်မှာ သူ၏ နှလုံးသားကို ဓားဖြင့် အလှီးခံလိုက်ရသကဲ့သို့ပင်။ သူမ၏ နာကျင်မှုမှာ သူ၏ ရင်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ကျန်းနျန် ကန့်ကွက်လိုက်သည်။ "ဟင့်အင်း ကျွန်မ နောက်ထပ် ယူချင်သေးတယ်။"

"ကျွန်မ သမီးလေးတစ်ယောက်လည်း လိုချင်သေးတယ်။" သူမက ထပ်ပြောလိုက်ပြီး လုယွီကို ကြည့်ကာ သူမ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးလေးတစ်ခု ပေါ်လာတော့သည်။

~ပြီးပါပြီ~

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၂၂၆ (Extra )

၁၉၈၂ ခုနှစ်၏ ဆောင်းရာသီ၊ နှစ်သစ်ကူးနေ့တွင် ကျန်းနျန်သည် ကောမိန်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ကောမိန်မှာ ယခုအခါ ကွမ်းချန်တွင် ရှိနေပြီး တန့်ခယ်နှင့်အတူ အလုပ်တွဲလုပ်နေခြင်း ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ပေါ်ပေါက်လာကတည်းက ကောမိန်သည် တန့်ခယ်နှင့်အတူ စီးပွားရေးလောကထဲသို့ ဝင်ရောက်ရန် သူမ၏အလုပ်မှ စိတ်အားထက်သန်စွာ နုတ်ထွက်ခဲ့သည်။

သူမသည် ဤနေ့ရက်ကို အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ သူမ၏ မိသားစုက ပြန်စဉ်းစားရန် တိုက်တွန်းခဲ့သော်လည်း သူမ၏ ဆုံးဖြတ်ချက်မှာ ခိုင်မာလွန်းလှသည်။ သူမ၏ အသက်အရွယ်အရဆိုလျှင် အနားယူရန် နောက်ထပ် နှစ်အနည်းငယ်သာ စောင့်ရန် လိုအပ်သော်လည်း မည်သူ့၏ ငြင်းခုံမှုကိုမျှ သူမ အလေးမထားခဲ့ပေ။

သူမ၏ ဘဝတစ်လျှောက်လုံးကို ပုံသေကားချပ် လုပ်ငန်းခွင်ထဲတွင် ကုန်ဆုံးခဲ့ရပြီးနောက် သူမ၏ ရင်ထဲတွင် ပြင်းထန်သော တွန်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူမသည် တန့်ခယ်ကို အားကျမိပြီး ထိုကဲ့သို့သော လွတ်လပ်မှုနှင့် အောင်မြင်မှုကို ကိုယ်တိုင် ကိုယ်ကျ ခံစားကြည့်ချင်နေမိသည်။

ဖုန်းထဲတွင် ကောမိန်က တန့်ခယ်နှင့်အတူ အလုပ်လုပ်ရသည်မှာ မည်မျှ အဆင်ပြေကြောင်း ကျန်းနျန်ကို ပြောပြနေသည်။ အပြင်တွင် အလုပ်ကိစ္စများဖြင့် လှုပ်ရှားသွားလာနေရသဖြင့် အလုပ်ရှုပ်နေသော်လည်း သူမမှာ အလွန်ပင် ကျေနပ်ပီတိဖြစ်နေသည်။ အတန်ကြာ စကားပြောပြီးနောက် ကောမိန်က အဓိကအကြောင်းအရာကို မေးလိုက်သည်။ "ပန်းထိုးထည်လေး ဘယ်လိုလဲ၊ ပြီးပြီလား။"

ကျန်းနျန် ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ပြီးခါနီးနေပါပြီ။"

ကောမိန် ပြောလိုက်သည်။ "နင်က အခုတော့ ငါတို့ကုမ္ပဏီရဲ့ ကြယ်ပွင့်ပဲ။ စီးပွားဖက် အများအပြားက နင့်ရဲ့ နာမည်ကျော်ကြားမှုကြောင့်ပဲ လာကြတာ။ တစ်နှစ်ကို တစ်ထည်ပဲ ထိုးပေးပေမယ့် အဲဒီတစ်ထည်က အရမ်းကို ရောင်းကောင်းပြီး ငါတို့ကုမ္ပဏီ နာမည်ကို အများကြီး မြှင့်တင်ပေးနိုင်ခဲ့တယ်။"

ကျန်းနျန် ရယ်မောလိုက်သည်။ "အစ်မနဲ့ အစ်မတန့်သာ မရှိရင် ကွမ်းချန်မှာ ကျွန်မကို ဘယ်သူ သိမှာလဲ။"

"ဒါနဲ့..." ကောမိန် စနောက်လိုက်သည်။ "ဒီနှစ် နှစ်သစ်ကူးဖို့ ကွမ်းချန်ကို လာဦးမလား။"

ကျန်းနျန် တဟားဟား ရယ်လိုက်သည်။ "ကျွန်မသာ ကွမ်းချန်ကို သွားရင် လုယွီက ကလေးချီပြီး ကျွန်မနောက်ကို တကောက်ကောက် လိုက်လာရလိမ့်မယ်။"

ကောမိန်မှာ ဖုန်းအခြားတစ်ဖက်မှ အားရပါးရ ရယ်မောလိုက်တော့သည်။ "လုယွီက နင့်အပေါ် ဒီလောက်အထိ တွယ်ကပ်တတ်မှန်း အရင်က သတိမထားမိလိုက်ဘူး။"

ကောမိန်နှင့် ဖုန်းပြောပြီးနောက် ကျန်းနျန်သည် ကုတ်အင်္ကျီကို ဝတ်ကာ လုဖန်ကို ကျောင်းသွားကြိုရန် ပြင်ဆင်လိုက်သည်။ အိမ်ရှေ့တံခါးဝသို့ ရောက်သည့်အချိန်မှာပင် ဆရာမက လုဖန်ကို ပြန်လိုက်ပို့နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှင့်အတူ ချန်ယွီဟွမ်နှင့် လိနနရှောင်တိတို့လည်း ပါလာခဲ့ကြသည်။ လိန်ရှောင်တိ၏ ဘယ်ဘက်မျက်လုံးမှာ လက်သီးဖြင့် အထိုးခံထားရသကဲ့သို့ ဖူးရောင်နေပြီး ချန်ယွီဟွမ်မှာမူ ဒေါသထွက်နေပုံရသည်။

"ဆရာမလျန် ဘာဖြစ်လို့လဲဟင်။"

ကျန်းနျန်က ကလေးသုံးယောက်လုံးကို ဝေ့ကြည့်လိုက်သည်။ ချန်ယွီဟွမ်သည် ကျန်းနျန်ကို မြင်သည်နှင့် အနားသို့ ပြေးလာကာ သူမ၏လက်ကို ကိုင်လျက် အလန့်တကြား အော်ပြောတော့သည်။ "မွေးစားအမေ၊ လုဖန်နဲ့ လိန်ရှောင်တိ ရန်ဖြစ်ကြတာ၊ တကယ်ကို အပြင်းအထန်ပဲ။"

လုဖန်မှာ မျက်နှာဆူပုပ်လျက် တစ်ခွန်းမျှ မဟပေ။ လိန်ရှောင်တိကမူ နှာခေါင်းရှုံ့ပြနေပြီး နှစ်ယောက်လုံးက အလျှော့ပေးမည့်ပုံ မပေါ်ကြချေ။

ဆရာမလျန် ပြောလိုက်သည်။ "ရဲဘော်ကျန်း လိန်ရှောင်တိရဲ့ မိဘတွေက အိမ်မှာ မရှိလို့ ဒါကို ပြောပြဖို့ ကျွန်မ လာခဲ့တာပါ။"

ဆရာမလျန် ပြောပြသည်ကို နားထောင်ပြီးမှ ကျန်းနျန်မှာ အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားတော့သည်။ လိန်ရှောင်တိက ချန်ယွီဟွမ်နှင့် ဆော့ချင်သော်လည်း ချန်ယွီဟွမ်က လုဖန်နောက်သို့သာ တကောက်ကောက် လိုက်နေခြင်းဖြစ်သည်။

၎င်းကို မကျေနပ်သော လိန်ရှောင်တိက လုဖန်သည် သူ၏ သူငယ်ချင်းကောင်းကို လုယူသွားသည်ဟု ခံစားရကာ လုဖန်နှင့် ရန်ဖြစ်ကြခြင်းပင်။ နှစ်ယောက်လုံးက အလျှော့မပေးကြဘဲ လုဖန်မှာ ငယ်သော်လည်း လုယွီ၏ လေ့ကျင့်ပေးမှုများကြောင့် တိုက်ခိုက်ရေးစွမ်းရည်မှာ မဆိုးလှပေ။ ထို့ကြောင့် လိန်ရှောင်တိမှာ အရေးမသာဘဲ မျက်လုံးဖူးရောင်ကာ အဆုံးသတ်သွားခဲ့ရသည်။

ထိုနေ့ညနေတွင် ယွဲ့ချောင်နှင့် သူမ၏ခင်ပွန်းတို့က လိန်ရှောင်ရှီးကို ခေါ်ကာ လိန်ရှောင်တိကို လာကြိုကြစဉ် ထိုအကြောင်းကို သိသွားကြသည်။ ဗိုလ်ကြီးလိန်သည် တင်းမာသော မျက်နှာထားဖြင့် လိန်ရှောင်တိ၏ ခေါင်းကို ပုတ်လိုက်ကာ ဆူပူသည်။ "မင်းက ဘာလို့ မိန်းကလေးတွေလို ကုတ်ဖဲ့ပြီး ရန်ဖြစ်နေရတာလဲ။ အဲဒါတောင် သူ့ကို ကောင်းကောင်း မကုတ်နိုင်ဘူးလား။"

လိန်ရှောင်တိမှာ ချက်ချင်းပင် ငိုချလိုက်တော့သည်။

ဗိုလ်ကြီးလိန် - …

သူ့ကလေးနှစ်ယောက်မှာ မွေးကတည်းက မှားယွင်းသွားသလားပင် ထင်ရသည်။ လိန်ရှောင်ရှီးက ယောက်ျားလေးစိတ်ရှိပြီး လိန်ရှောင်တိကမူ အမြဲတမ်း ငိုယိုကာ မိန်းကလေးများကဲ့သို့ ရန်ဖြစ်တတ်သည်။

ယွဲ့ချောင်မှာ မရယ်ဘဲမနေနိုင်တော့ဘဲ ကျန်းနျန်နှင့် ခဏမျှ စကားပြောပြီးနောက် ကလေးများကို ခေါ်ကာ ပြန်သွားခဲ့သည်။

လူတိုင်းမှာ ဟောင်းနွမ်းသော မိသားစုအိမ်ရာမှ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ လုယွီ၏ မိသားစုမှာ ယခုအခါ သီးသန့် နှစ်ထပ်အိမ်လေးတစ်လုံးတွင် နေထိုင်ကြသည်။ တပ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော သူသည် လွန်ခဲ့သော ရက်အနည်းငယ်က အစည်းအဝေးများဖြင့် အလုပ်ရှုပ်နေကာ ညရှစ်နာရီအထိ အိမ်ပြန်မရောက်သေးပေ။

ကျန်းနျန်သည် ထမင်းစားပွဲတွင် ထိုင်ရင်း လုဖန်၏ ဖောင်းအိနေသော ပါးပြင်လေးကို ထိုးဆွကာ ရယ်မောလျက် မေးလိုက်သည်။ "လိန်ရှောင်တိရဲ့ မျက်လုံးကို ဖူးရောင်အောင် လုပ်ထားတာ၊ နင့်အဖေ ပြန်လာရင် ဘယ်လို ရှင်းပြမလဲ။"

လုဖန် - …

ကောင်လေးမှာ ခေါင်းငုံ့ကာ သူ၏ မျက်နှာပေါ်မှ နာကျင်နေသော ဒဏ်ရာကို ကိုင်ရင်း ကျန်းနျန်ကို ကြည့်လိုက်သည်။ "မေမေ မေမေ သားကို ကူညီရမယ်နော်။"

ကျန်းနျန် ရယ်မောလိုက်သည်။ "ငါက ဘယ်လို ကူညီရမှာလဲ။ လိန်ရှောင်တိကတော့ နင့်အဖေကို သေချာပေါက် တိုင်မှာပဲ။"

လုဖန် - …

သူက ခေါင်းငုံ့ထားရင်း ညည်းတွားခဲ့သည်။ "သူက တိုင်တန်းပြီး ငိုဖို့ပဲ သိတာ။ လိန်ရှောင်ရှီးလောက်တောင် မကြံ့ခိုင်ဘူး။"

ကျန်းနျန် - ....

သူမက လုဖန်၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ "နင့်အဖေက ကိုယ်ခံပညာ သင်ပေးထားတိုင်း တခြားသူတွေကို အနိုင်ကျင့်လို့ရတယ်လို့ မထင်နဲ့။ ကံကောင်းလို့ လိန်ရှောင်တိရဲ့ မျက်လုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာမရသွားတာ။ တကယ်လို့ တစ်ခုခု ကြီးကြီးမားမား ဖြစ်သွားရင် နင့်အဖေက နင့်ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ လိန်ရှောင်တိရဲ့ ဘဝသာ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။"

လုဖန်မှာ ဘာမျှ မပြောတော့ပေ။ အတန်ကြာသောအခါ အပြင်ဘက်မှ ဘရိတ်အုပ်သံကို ကြားလိုက်ရသဖြင့် သူသည် ပျာပျာသလဲ ဖြစ်သွားကာ ကျန်းနျန်၏ လက်ကို ဆွဲပြီး မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ "မေမေ မေမေ့သားကို ကယ်ပါဦး၊ မဟုတ်ရင် မေမေ့ယောက်ျားက သားကို သတ်လိမ့်မယ်။"

ငါးနှစ်သားလေး၏ သနားစဖွယ် အမူအရာကို ကျန်းနျန်မှာ မတွန်းလှန်နိုင်ခဲ့ပေ။

ခြေသံများ နီးကပ်လာသောအခါ ကျန်းနျန်က လုဖန်ကို ဆွဲလိုက်သည်။ "နင် အရင်ဆုံး အခန်းထဲ ပြန်နှင့်တော့၊ နင့်အဖေက ရန်ဖြစ်တဲ့အကြောင်း သိမသိ ငါ အရင် ကြည့်လိုက်ဦးမယ်။"

ထိုစကားကို ကြားသည်နှင့် လုဖန်မှာ အပေါ်ထပ်သို့ အပြေးအလွှား တက်သွားတော့သည်။

လုယွီ တံခါးဖွင့်လိုက်သောအခါ အပေါ်ထပ်သို့ အပြေးတက်သွားသော ပုံရိပ်လေးကို တွေ့လိုက်ရသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျန်းနျန် အခန်းထဲသို့ အပြေးအလွှား ဝင်သွားတတ်သည်နှင့် ဆင်တူလှသည်။

"လုယွီ။"

ကျန်းနျန်သည် အနားသို့ လျှောက်လာကာ လုယွီ၏ လက်မောင်းကို ချိတ်လျက် သူ့ကို မော့ကြည့်လိုက်သည်။ "အစည်းအဝေး ပြီးပြီလား။"

လုယွီသည် သူတို့၏ အကြံအစည်ကို ရိပ်မိသွားကာ သူ၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူကုတ်အင်္ကျီကို ချွတ်လိုက်သည့်အချိန်မှာပင် ကျန်းနျန် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ထမင်းအဆင်သင့်ဖြစ်ပြီ၊ မြန်မြန်စားလိုက်နော်။ ပြီးရင် ကျွန်မ ရှင့်ကို ပခုံးနှိပ်ပေးမယ်။ တစ်နေကုန်ဆိုတော့ ပင်ပန်းလာမှာပေါ့။"

လုယွီ မျက်ခုံးပင့်လိုက်သည်။ "ကောင်းပြီ။"

သူသည် လှေကားထောင့်ဆီသို့ တစ်ချက်ကြည့်လိုက်ပြီး သူ၏ နူးညံ့သောအသံမှာ ရုတ်တရက် အေးစက်တည်ကြည်သွားခဲ့သည်။ "လုဖန် ဦးလေးဝမ် အပြင်မှာ ရှိတယ်။ သူ့ကို အဘိုးလင်အိမ်မှာ ဒီည သွားအိပ်ဖို့ လိုက်ပို့ခိုင်းလိုက်။"

ထောင့်လေးမှ လုဖန်၏ တိုးတိုးလေး ဖြေကြားသံ ထွက်ပေါ်လာသည်။ "ဟုတ်ကဲ့။"

ပုံရိပ်လေးတစ်ခုမှာ လှေကားမှ အပြေးအလွှား ဆင်းလာကာ အပြင်သို့ ထွက်သွားတော့သည်။ သူသည် ဦးလေးဝမ်၏ လက်ကို ဆွဲပြီး ပြောလိုက်သည်။ "ဦးလေးဝမ်... မြန်မြန်လုပ်ပါ။ မဟုတ်ရင် ကျွန်တော့်အဖေက ကျွန်တော့်ကို အရေခွံခွာလိမ့်မယ်။"

ဦးလေးဝမ် - …

တံခါးမှာ ဝုန်းခနဲ ပိတ်သွားခဲ့ပြီး ကျန်းနျန်မှာ မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း အခြေအနေမှာ ဤကဲ့သို့ ဖြစ်သွားသည့်အတွက် ခေတ္တမျှ ကြောင်သွားမိသည်။

လုယွီသည် ကျန်းနျန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ မော့ကြည့်လိုက်သောအခါ သူ၏ နက်မှောင်သော အကြည့်များထဲတွင် စီးမျောသွားခဲ့သည်။ ထိုယောက်ျား၏ စူးရှသော အကြည့်များမှာ သူမကို တဖြည်းဖြည်း လွှမ်းမိုးသွားသည့် ဒီရေလှိုင်းကဲ့သို့ပင်။ သူမ၏ လက်ချောင်းများကို ဆုပ်ကိုင်ထားသော သူ၏ လက်ဖဝါးကြီးမှာ လက်ကောက်ဝတ်ဆီသို့ တဖြည်းဖြည်း ရွှေ့သွားခဲ့သည်။ သူက နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။ "အရင် ထမင်းစားရအောင်။"

လက်ချင်း ဆုပ်ကိုင်ထားခြင်းသာ ဖြစ်သော်လည်း ကျန်းနျန်၏ ရင်မှာ ခုန်နေမိကာ မျက်နှာမှာလည်း ခပ်ရဲရဲ ဖြစ်သွားခဲ့သည်။

လုယွီ၏ ဘေးတွင် ထိုင်နေရင်း ကျန်းနျန်သည် လုဖန်နှင့် လိန်ရှောင်တိ ရန်ဖြစ်သည့်အကြောင်း သူ သိမသိကို စူးစမ်းရန် သူ၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်နေမိသည်။ လုယွီက ကျန်းနျန်၏ ပန်းကန်ထဲသို့ အသားအချို့ ထည့်ပေးလိုက်ကာ သူမ၏ဆံပင်ကို ဖွလျက် ပြောခဲ့သည်။ "စားတော့။"

လက်ထပ်ပြီး နှစ်အတော်ကြာခဲ့သော်လည်း ကျန်းနျန်သည် လုယွီကို တကယ်တမ်း နားမလည်နိုင်သေးပေ။ သူကိုယ်တိုင် ထုတ်မပြလျှင် သူ ဘာတွေးနေသည်ကို သူမ မည်သို့မျှ သိနိုင်မည် မဟုတ်ပေ။

ထမင်းစားပြီး ရေချိုးပြီးသည့်နောက်ပိုင်းမှသာ လုယွီ၏ အနိုင်ကျင့်မှုကြောင့် သူမ၏ အသက်ရှူသံများ တုန်ရီလာချိန်တွင် ကျန်းနျန် သတိပြန်ဝင်လာခဲ့သည်။

"ဒါကြောင့် ရှင် ဖန်ဖန်ကို အဘိုးလင်အိမ်ဆီ ပို့လိုက်တာပေါ့ ဟုတ်လား။"

လုယွီက သူမ၏ ဝမ်းဗိုက်ကို နမ်းလိုက်သည်။ "နျန်နျန်... မင်းက အခုမှ သိတာလား။"

ကျန်းနျန် - …

အစပိုင်းတွင် သူမသည် လုယွီက သူမ ဒေါသထွက်ပြီး လုဖန်ကို ရိုက်မှာစိုး၍ ပို့လိုက်သည်ဟု ထင်ခဲ့သော်လည်း သူက ဤကဲ့သို့ စိတ်ကူးရှိနေလိမ့်မည်ဟု သူမ မသိခဲ့ပေ။

ကျန်းနျန်သည် လုယွီ၏ လက်ချောင်းများကို ညှစ်လိုက်ကာ သူ တိုးကပ်လာသည်ကို ကြည့်လျက် ပြောလိုက်သည်။ "ဖန်ဖန်က တမင်လုပ်တာ မဟုတ်ပါဘူး။ ကလေးနှစ်ယောက်လုံးမှာ အပြစ်ရှိတာပါ။ ရှင် အဲဒီလောက်အထိ... အား။"

လုယွီသည် ပို၍ တိုးကပ်လာကာ ခေါင်းငုံ့၍ ကျန်းနျန်၏ နှုတ်ခမ်းကို မနာအောင် ကိုက်လိုက်သည်။ "ဖန်ဖန်ရဲ့ ကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကိုယ် သိပါတယ်။ မင်းက အမေကောင်းတစ်ယောက်အနေနဲ့ ရှိနေပေးပါ၊ ကိုယ်ကပဲ တင်းကျပ်တဲ့ အဖေ လုပ်ပါ့မယ်။"

ကျန်းနျန် - …

ကြည့်ရသည်မှာ သူမ၏ ကြိုးစားမှုက အလကား ဖြစ်သွားခဲ့ပြီပင်။

သူမ၏ သားလေးမှာ "ဆုံးမခြင်း" တစ်ခုခုနှင့် သေချာပေါက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

လုယွီက လုဖန်ကို မည်သို့ ဆုံးမမည်ကို ကျန်းနျန် မသိသော်လည်း နောက်ပိုင်းတွင် လုဖန်၏ တည်ကြည်နေသော မျက်နှာလေးကို မြင်ရတိုင်း သူမမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

နှစ်သစ်ကူးအတွင်း လင်မုန့်ရှန်းသည် အိမ်သို့ လာရောက်ကာ လုယွီတို့ မိသားစု သုံးယောက်ကို နှစ်သစ်ကူး ဆင်နွှဲရန် သူတို့အိမ်သို့ ဖိတ်ကြားခဲ့သည်။

ပါမောက္ခ လင်သည် ၁၉၇၈ ခုနှစ်တွင် အပြစ်မရှိကြောင်း အတည်ပြုခံခဲ့ရသည်။

အတွင်းရေးမှူးကျူး၊ ကုရှစ်ကျိုး၊ လင်မုန့်ရှန်း၊ လုယွီနှင့် ကျန်းနျန်တို့သည် သူ့ကို သွားကြိုရန် ယွင်မြို့သို့ သွားခဲ့ကြသည်။

နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးနောက် ပါမောက္ခ လင်သည် သူ၏ ဆံပင်များ ဖြူသွားသည့် အချိန်မှသာ ဂုဏ်ယူစွာဖြင့် ခေါင်းမော့နိုင်ခဲ့သည်။ ထမင်းဝိုင်းတွင် ပါမောက္ခ လင်သည် အတော်လေး သောက်ခဲ့သလို အတွင်းရေးမှူးကျူးကလည်း အတူတူ သောက်ခဲ့သည်။ သူတို့သည် ငယ်စဉ်က အကြောင်းအရာများကို အစအဆုံး ပြန်လည်ပြောပြကာ အလွမ်းသယ်နေကြသည်။

နှစ်သစ်ကူးအကြိုညတွင် လုယွီသည် ကျန်းနျန်နှင့် လုဖန်ကို ပါမောက္ခ လင်၏ အိမ်သို့ ကားမောင်းပို့ခဲ့သည်။ သူတို့ ရောက်ပြီးသည်နှင့် မကြာမီမှာပင် ကုရှစ်ကျိုးလည်း ရောက်လာခဲ့သည်။

ပါမောက္ခ လင်၏ အိမ်တွင် ဝိုင်းဝန်းထိုင်ရန် စားပွဲဝိုင်းတစ်ခု ပြင်ဆင်ထားပြီး လူအများအပြား စုဝေးနေကြသဖြင့် အလွန်ပင် စည်ကားနေသည်။

ထမင်းဝိုင်းတွင် သူတို့သည် အတော်လေး စကားပြောဖြစ်ခဲ့ကြသည်။ လုဖန်သည် ကုရှစ်ကျိုး၏ ဘေးတွင် ထိုင်ကာ ကုရှစ်ကျိုးနှင့် ပါမောက္ခ လင်တို့ အတိတ်အကြောင်း ပြောနေသည်ကို နားထောင်ရင်း တစ်ခါတရံ မေးခွန်းအချို့ မေးတတ်သည်။

ကုရှစ်ကျိုးက လုဖန်၏ ခေါင်းကို ပုတ်ပေးလိုက်ကာ စားပွဲတစ်ဖက်ရှိ ကျန်းနျန်ကို လှမ်းကြည့်လိုက်သည်။ ကျန်းနျန်မှာ ခေါင်းငုံ့ပြီး စားနေကာ လုယွီက သူမ၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးနေသည်။ သူတို့ နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ ရှိနေကြသည်။

နှစ်သစ်ကူးအကြို ထမင်းစားပြီးနောက် ပါမောက္ခ လင်က လုယွီနှင့် ကုရှစ်ကျိုးတို့ကို စကားပြောနေစဉ် ကျန်းနျန်နှင့် လင်မုန့်ရှန်းတို့က စားပွဲကို သိမ်းဆည်းနေကြသည်။

မီးဖိုချောင်ထဲတွင် ပါမောက္ခ လင်က ကုရှစ်ကျိုး၏ အခြေအနေကို မေးနေသည်ကို ကြားနေရသည်။ "ရှစ်ကျိုး မင်းလည်း မငယ်တော့ဘူး။ အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ။"

ပါမောက္ခ လင်သည် အပြစ်မရှိကြောင်း အတည်ပြုခံရပြီး အိမ်ပြန်ရောက်ကတည်းက ကုရှစ်ကျိုးကို နှစ်တိုင်း ဤစကားကို ပြောခဲ့သော်လည်း ကုရှစ်ကျိုး၏ အဖြေမှာ ဘယ်သောအခါမျှ မပြောင်းလဲခဲ့ပေ။ "ကျွန်တော်ကတော့ အခုလို အခြေအနေက တော်တော်လေး အဆင်ပြေတယ်လို့ ထင်ပါတယ်။"

ပါမောက္ခ လင်သည် မီးဖိုချောင်ထဲမှ ထွက်လာသော လင်မုန့်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ ကုရှစ်ကျိုး၏ လက်ကို ပုတ်ပေးလိုက်သည်။ "မင်းက ကလေးမဟုတ်တော့ဘူး၊ အရေးကြီးတဲ့ အရာတွေအပေါ်မှာ ပိုပြီး အလေးအနက် ထားသင့်တယ်။"

ကုရှစ်ကျိုး ပြုံးလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်။"

လင်မုန့်ရှန်းသည် ဝရန်တာတွင် ရပ်ကာ အပြင်ဘက်မှ မီးရောင်များကို ကြည့်နေမိပြီး သူမ၏ စိတ်ထဲတွင် လေးလံရှုပ်ထွေးနေသည်။ နောက်ဘက်မှ ခြေသံကြားသဖြင့် သူမ လှည့်ကြည့်လိုက်ကာ ဟန်ဆောင်ပြုံးလိုက်သည်။ "ဖေဖေ။"

ပါမောက္ခ လင်သည် ဝရန်တာလက်ရန်းကို ကိုင်ထားရင်း အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "ရှန်းရှန်း သမီး ဘယ်လို ထင်လဲ။"

လင်မုန့်ရှန်းက သူမ၏ လက်ပိုက်ထားရင်း ပြောလိုက်သည်။"ကျွန်မ ဆက်ပြီး စောင့်ပါ့မယ်။"

တစ်နေ့တွင် ကုရှစ်ကျိုးက သူမကို သတိထားမိလာပြီး သူတို့၏ မောင်နှမကဲ့သို့ ရင်းနှီးမှုကို ချစ်သူဘဝအဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု သူမ ယုံကြည်နေသည်။

သူမသည် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီး ဖြစ်ရာ နောက်ထပ် ခဏလောက် ထပ်စောင့်ရမည်ကို စိတ်မရှိတော့ပေ။

နှစ်သစ်ကူးပြီးနောက် လူတိုင်း ပြန်အလုပ်ရှုပ်လာကြပြန်သည်။

ကောမိန်မှာ ကွမ်းချန်သို့ အပြေးအလွှား သွားခဲ့ပြီး အထည်အလိပ်ကုမ္ပဏီအကြောင်း ကျန်းနျန်ကို ပြောပြကာ အားသည့်အချိန်တွင် လာခဲ့ရန် ဖိတ်ကြားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရာသီဥတုမှာ ပြောင်းလဲသွားခဲ့ပြီး ကျန်းနျန်မှာ ပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်သလို ခံစားနေရသည်။

အပြင်ဘက်တွင် နှင်းများ အပြင်းအထန် ကျဆင်းနေသည်။ ကျန်းနျန်သည် ပြတင်းပေါက်နားတွင် ရပ်ကာ ခြံထဲရှိ နှင်းများကို ကြည့်နေစဉ် သူမ၏ နောက်ကွယ်မှ ခြေသံကို ကြားလိုက်ရသည်။ နောက်တစ်ခဏတွင် လုယွီက သူမကို နောက်မှ သိုင်းဖက်လိုက်ကာ မေးကို သူမ၏ ပခုံးပေါ် တင်လျက် ပါးကို နမ်းလိုက်သည်။ "ရှု့ရွှယ်ဆီက ကြားတယ်၊ မင်း ဒီရက်ပိုင်း နေလို့ သိပ်မကောင်းဘူးဆို။"

ကျန်းနျန်က ပြုံးပြီး သူမ၏ အိတ်ကပ်ထဲမှ စာရွက်တစ်ခုကို ထုတ်ကာ သူ့အား ကမ်းပေးလိုက်သည်။

လုယွီက မျက်ခုံးပင့်လိုက်သည်။ သူသည် မကြည့်ဘဲနှင့်ပင် ၎င်းမှာ ဘာလဲဆိုသည်ကို သိနေသည်။ သူသည် ကျန်းနျန်၏ ဝမ်းဗိုက်ကို အသာအယာ ထိလိုက်ပြီး စိုးရိမ်စိတ်အပြည့်ဖြင့် ပြောလိုက်သည်။

"မင်း ကိုယ်ဝန်ရှိစပဲ ရှိသေးတယ်၊ အခုကတည်းက ဒုက္ခပေးနေပြီလား။" ထိုသို့ ဆိုကာ ကျန်းနျန်၏ ဗိုက်ကို အသာအယာ ပုတ်လိုက်သည်။ "မေမေ နေလို့မကောင်းအောင် လုပ်နေတာလား။ အပြင်ထွက်လာရင်တော့ ဖေဖေက မင်းကို ဆုံးမရလိမ့်မယ်။"

ကျန်းနျန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ "ကလေးကို အဲလို ခြိမ်းခြောက်နေတော့ ဘာထူးမှာလဲ။"

လုယွီလည်း တဟားဟား ရယ်မောလိုက်ပြီး ကျန်းနျန်ကို ဘာမျှ မပြောဘဲ ဖက်ထားခဲ့သည်။

အတန်ကြာသောအခါ သူ၏ နှုတ်ခမ်းများမှာ သူမ၏ ပါးသို့ ရောက်ရှိသွားပြီး သူ၏ မျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာနှင့် နူးညံ့မှုများ ပြည့်နှက်နေသည်။ "နျန်နျန်..."

ကျန်းနျန် မော့ကြည့်လိုက်သောအခါ လုယွီက သူမကို ပြင်းပြစွာ နမ်းရှိုက်လိုက်တော့သည်။

သူ၏ အနမ်းမှာ နူးညံ့ပြီး စွဲမက်စရာ ကောင်းလှကာ ခံစားချက်အပြည့်ဖြင့် ဂရုတစိုက် ရှိလှသည်။

ဧည့်ခန်းထဲတွင် ဖုန်းမြည်လာသဖြင့် လုဖန်မှာ လှေကားမှ အပြေးဆင်းလာကာ ဖက်ထားသော ဇနီးမောင်နှံကို လုံးဝ ဂရုမစိုက်ဘဲ ဖုန်းကိုင်လိုက်သည်။ သူသည် တစ်ဖက်မှ လူနှင့် ပျော်ရွှင်စွာ စကားပြောနေသည်။ ကျန်းနျန် လုဖန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဘယ်သူ ဖုန်းဆက်တာလဲ။"

လုဖန် ပြန်ဖြေလိုက်သည်။ "ဦးလေးစုန့် ဖုန်းဆက်တာ၊ ကျွန်တော် ဘာကြိုက်လဲလို့ မေးနေတယ်။ ရှင်းကျန်းကနေ တစ်ခုခု ဝယ်လာပေးမလို့တဲ့။"

"ကျန်းနျန်။"

လုယွီ၏ အသံက သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ကျန်းနျန် သူ့ကို မော့ကြည့်လိုက်သည်။ "ဟမ်။"

လုယွီ ပြောလိုက်သည်။ "ကိုယ် မင်းကို ချစ်တယ်။"

သူတို့ အတူတူ နေလာခဲ့သည့် ဆယ့်နှစ်နှစ်အတွင်း လုယွီ၏ နှုတ်ခမ်းမှ ဤကဲ့သို့ ချိုမြိန်သော စကားလုံးမျိုးကို ကျန်းနျန် ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင် ထိုစကားမှာ အတော်လေး နားထောင်လို့ ကောင်းလှသည်။

လုဖန်သည် စုန့်ပိုင်နှင့် စိတ်လှုပ်ရှားစွာ စကားပြောနေသည်ကို အခွင့်အရေးယူကာ ကျန်းနျန် ခြေဖျားထောက်လျက် လုယွီ၏ လည်ဇလုတ်လေးကို နမ်းလိုက်သည်။ ရုတ်တရက် ရီဝေသွားသော သူ၏ အကြည့်ကို ဆုံတွေ့လိုက်စဉ် သူမ ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်။"

~Extra End~

All Chapters