← Chapters

မိစ္ဆာတစ်သောင်းနယ်မြေ၏ လက်တံများ

Vol. 30 Ch. 333

မိစ္ဆာတစ်သောင်းနယ်မြေ၏ လက်တံများ

Vol. 30 Ch. 333

သိုင်းစင်မြင့်ပေါ်တွင် ကျိယွမ်သည် လေထဲတွင် မတ်မတ်ရပ်နေပြီး မိမိကိုယ်ကိုယ် အလွန်ကျေနပ်နေသည်။

ဤသည်မှာ သူ၏ ပထမဆုံးသော အမျိုးသားအဆင့် သိုင်းပြိုင်ပွဲဖြစ်ပြီး သူ အနိုင်ရရှိခဲ့လေ၏။

ချန်ပီယံဖြစ်လာပြီးနောက် သူသည် လူသိများသော နာမည်ကျော်တစ်ဦး ဖြစ်လာတော့ပေတော့မည်။

သူသာ အလိုရှိပါက ကြော်ငြာများနှင့် စီးပွားရေးဆိုင်ရာ ဖျော်ဖြေပွဲများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာမည်ဖြစ်ကာ သူ၏ ဘဝလမ်းကြောင်းသည် သေချာပေါက် ပြောင်းလဲတော့မည်ဖြစ်သည်။

သို့သော်လည်း သူမှလွဲ၍ သိုင်းပြိုင်ပွဲကျင်းပရာနေရာတစ်ခုလုံးရှိ လူအားလုံးကတော့ ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေကြ၏။

"မီးတောက်တွေရော..."

"ကျန်းယန် ဘယ်ပျောက်သွားတာလဲ"

"သူက သွေးမြူအဖြစ် ပေါက်ကွဲသွားတာလေ"

"မဖြစ်နိုင်တာ.."

"ဒါ ငါသိတဲ့ သိုင်းပညာပဲလား..ဒါမှမဟုတ် အသစ်လား"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိယွမ်နှင့် ကျန်းယန်တို့၏ တိုက်ပွဲသည် လူတိုင်း၏ မျှော်လင့်ချက်ကို လုံးဝဆန့်ကျင်သွားခဲ့သည်။

အစပိုင်းတွင် ကျန်းယန်၏ အဝတ်အစားများ ပေါက်ပြဲသွားခြင်းမှာ ထူးဆန်းသော်လည်း ပရိသတ်လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေပါသေးသည်။

သို့သော် ထို့နောက်တွင် သူ၏ လက်သီးများတွင် မီးများထတောက်လာသည်ကတော့ အလွန်အကျူးဖြစ်သွားလေပြီ။

သူတို့ စင်ပေါ်ကို ဓာတုဗေဒနည်းပညာတစ်မျိုးမျိုးများ ယူလာကြတာလား။

ထို့နောက် လက်သီးတွင် မီးတောက်နေသော ကျန်းယန်အား ကျိယွမ်က သာမန်လက်သီးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်၏။

ထိုလကိသီးချက်ဖြင့် အထိုးခံလိုက်ရရုံ​နှင့် မီးတောက်နေသောကျန်းယန်မှာ တိုက်ရိုက်အမှုန့်ခြေခံလိုက်ရပြီး သွေးမြူအဖြစ် ဖွားခနဲပြောင်းလဲသွားသည်။

လက်သီးက ဘယ်လောက်ပြင်းပြင်း အလွန်ဆုံးရှိမှ နောက်ကိုလွင့်သွား​ရုံပေါ့။

နံရိုးတွေဘာတွေကျိုးပြီး သွေးအန် ။

ဘယ်လိုလုပ်ပြီး တစ်ချက်တည်းနဲ့အမှုန့်ဖြစ်သွားရတာလဲ ။

ဒါက ဘာကို ဆိုလိုတာလဲ။

လူအများမှာ ရှုပ်ထွေးမှုများ ၊ သံသယများ ၊ တုန်လှုပ်မှုများဖြင့် အဖြေရှာမရဖြစ်နေကြ၏။

"ဒါ ရုပ်ရှင်မဟုတ်တာ သေချာလား"

" မျက်လှည့်တစ်မျိုးလား"

"လူတစ်ယောက်က ဘယ်လိုလုပ် သွေးမြူအဖြစ် ဖွားခနဲ ပြောင်းသွားနိုင်မှာလဲ"

"ဒါ သိပ္ပံနည်း လုံးဝမကျဘူး"

ပရိသတ်များသာမက သိုင်းပြိုင်ပွဲ ကျင်းပသူများပင် မှင်သက်နေကြသည်။

ထိပ်ပြောင်ပြောင်နှင့် အမှုဆောင်အရာရှိတစ်ဦးက ချက်ချင်း ထရပ်လိုက်ပြီး အရေးတကြီးအော်ဟစ်လိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းရပ်လိုက်"

သိုင်းပြိုင်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် သုံးမိနစ်ခန့်နောက်ကျပြီးမှ ပြသခြင်းဖြစ်၏။

မမျှော်လင့်ထားသော ဖြစ်ရပ်မျိုး ကြုံလာရပါက ပုံမှန်အားဖြင့် ထုတ်လွှင့်မှုကို ရပ်တန့်လေ့ရှိသည်။

သို့သော် ထိုအချိန်တွင် တည်ငြိမ်သော်လည်း အနည်းငယ်စိတ်ရှုပ်ထွေးသော အသံတစ်ခု ထွက်ပေါ်လာ၏။

"တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လုပ်ပါ။ စည်းမျဉ်းအတိုင်း လိုက်နာပါ။"

ထိုအသံကို ကြားလိုက်ရသောအခါ ထိပ်ပြောင်အရာရှိမှာ နားမလည်နိုင်ဖြစ်သွားပြီး စောဒကတတ်လိုက်၏။

"ဒီလိုဖြစ်ရပ်မျိုးက လူထုကို ထိတ်လန့်စေပြီး လူ့အဖွဲ့အစည်းအတွက် မလိုအပ်ဘဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်"

ထိပ်ပြောင်အရာရှိသည် မသေမျိုးကျင့်စဥ်များ ရှိနေသည်ကို သိရှိထားပြီးသားဖြစ်သည်။

လက်ရှိတွင် အထက်လူကြီးများသည် ဤကိစ္စကို လူထုထံ ကြေညာရန် အဆင်သင့်မဖြစ်သေးပေ။

သို့သော် သူ့ကို လုံးဝရှုပ်ထွေးစေသည်မှာ ကျိယွမ် ပြသခဲ့သည့်စွမ်းရည်ဖြစ်သည်။ ထိုလက်သီးစွမ်းရည်က သေချာပေါက် သိုင်းပညာအစစ်အမှန် ဖြစ်၏။

ဒါပေမဲ့ မသေမျိုးကျင့်စဥ်ကို သုံးနေသော ကျန်းယန်ကို သူက သိုင်းပညာဖြင့် ဘယ်လို အနိုင်ယူနိုင်ခဲ့သနည်း။

"ထိတ်လန့်မှုက အရေးမကြီးဘူး၊ စည်းမျဉ်းကသာ အဓိကပဲ။ စည်းမျဉ်းအတိုင်း လုပ်"

လူငယ်၏အသံက ပိုမိုပြတ်သားစွာ ပြောလိုက်သည်။

ထိုအရာကြောင့် ထိပ်ပြောင်အရာရှိမှာ အနည်းငယ်တော့ မကျေမနပ် ဖြစ်သွားခဲ့သည်။အရှိန်အဝါဖြင့် ရာထူးတက်လာသော လူငယ်များသည် သိုင်းပြိုင်ပွဲ၏ အကြီးအကဲအဖြစ် တာဝန်ယူရုံသာမက အမြော်အမြင်လည်း မရှိကြချေ။

ဤကဲ့သို့ ဖြစ်ရပ်မျိုးကို အပြင်သို့ မည်သို့ ပေါက်ကြားခွင့်ပြုနိုင်မည်နည်း။

စည်းမျဉ်းက အဓိက ဟုတ်လား။

အဓိပ္ပာယ်မရှိတာ။

စိတ်ထဲတွင် မကျေမနပ်ပြောနေသော်လည်း ထိပ်ပြောင်အရာရှိသည် ထပ်မံ ငြင်းခုံရန်တော့ မဝံ့ရဲတော့ပေ။

တစ်ချိန်တည်းမှာပင် အဘိုးကြီးတစ်ဦးသည် မျက်နှာပျက်ယွင်းနေပြီး တတွတ်တွတ်ရွတ်နေ၏။

"အားလုံး ပြီးသွားပြီ။ ကျန်းယန် သေသွားပြီ... ကျန်းမိသားစုက ငါတို့နောက်ကို လိုက်လာတော့မှာလား"

ယခင်က ကျိယွမ်သည် သိုင်းပညာတွင် ထူးကဲသော ပါရမီကို ပြသခဲ့ပြီး သိုင်းပညာ၏ အကန့်အသတ်ကိုပင် ချိုးဖျက်နိုင်လုနီးပါး ဖြစ်ခဲ့သည်။

အဘိုးကြီးသည် ကျိယွမ်ကို မျှော်လင့်ချက်ကြီးစွာ ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသဖြင့် ကျိယွမ်အပေါ် မကျေနပ်ချက်များ ရှိခဲ့၏။

နောက်ပိုင်းတွင် မသေမျိုးကျင့်စဥ်များအကြောင်းသိရှိပြီးနောက် သူ၏ အာရုံသည် ကျန်းယန်ထံသို့ လုံးဝ ရောက်ရှိသွားခဲ့သည်။

သိုင်းပညာအကန့်အသတ်ကို ချိုးဖျက်နိုင်ခြင်းက အံ့သြဖွယ်ကောင်းသော်လည်း မသေမျိုးလမ်းစဥ်နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

ထို့ကြောင့် သူသည် ကျန်းယန်နှင့် ပူးပေါင်းပြီး မသေမျိုးဖြစ်ရန် လမ်းစကို ရှာဖွေခဲ့၏။

ယခု ကျန်းယန်က ရုတ်တရက်သေဆုံးသွားပြီဖြစ်ရာ ကျန်းမိသားစုကို မည်သို့ ရှင်းပြရမည်နည်းအား သူ မသိတော့ပေ။

အဘိုးကြီးသည် ရုတ်တရက် ထရပ်လိုက်ပြီး ကျိယွမ်အားညွှန်ပြလိုက်သည်။

"ဆရာ၊ ဒီလူက ကျန်းယန်ကို စင်ပေါ်မှာ သတ်လိုက်တာ။ သူ့ကို ဖမ်းဆီးပြီး ကျန်းမိသားစုဆီ လွှဲပေးရမယ်"

သူ၏ အသံက သိသိသာသာတုန်တုန်ယင်ယင်နေ၏။ ကျန်းယန်သည် ကျန်းမိသားစုတွင် အရေးပါသူ တစ်ဦးဖြစ်သလို ကျန်းမိသားစုကိုယ်တိုင်ကလည်း အလွန်သြဇာကြီးမားသည်။

လူငယ်၏ အကြည့်မှာ စူးရှသွားပြီး ပြတ်သားစွာပြောလ်ုက်၏။

"စင်ပေါ်မှာတော့ အသက်နဲ့ သေခြင်းက ကံကြမ္မာအတိုင်းပဲ။ အားလုံးက စည်းမျဉ်းအတိုင်း လိုက်နာရမယ်။ ကျန်းယန် သေသွားတယ်... အခြားသူတွေလည်း သေဖူးတာပဲလေ။ ဒါက စင်မြင့်ရဲ့ စည်းမျဉ်းပဲ"

အဘိုးကြီးက လက်မခံသေးဘဲ ဆက်လက်ငြင်းခုံချင်နေသည်။

"ဒါပေမဲ့ ကျန်းမိသားစုကို ရှင်းပြချက် ပေးရမယ်လေ"

ထိပ်ပြောင်အရာရှိကလည်း အနည်းငယ်လှောင်ပြောင်သည့်လေသံဖြင့် ဝင်ထောက်၏။

"ကျန်းမိသားစုက ငါတို့ကို အပြစ်တင်ရင် ဆရာတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူးနော်"

ဤလူငယ်သည် နောက်ခံအင်အား အနည်းငယ်ရှိနိုင်သော်လည်း ကျန်းမိသားစုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ဟု သူတို့ ယူဆထားကြသည်။

လူငယ်၏ မျက်လုံးများက အေးစက်သွားပြီး သူတို့အားစူးရှစွာကြည့်၏။

"ခင်ဗျားတို့နှစ်ယောက် ထောင်ထဲမှာ ခဏလောက် အချိန်ယူပြီး စဉ်းစားဖို့ လိုနေပြီ ထင်တယ်။ ကျန်းမိသားစုအတွက်တော့ ငါကိုယ်တိုင် အကြောင်းကြားလိုက်မယ်၊ သူတို့ ရှင်းပြချက် တောင်းရဲသလားဆိုတာ ကြည့်ရသေးတာပေါ့"

သူ၏ စကားအဆုံးတွင် လက်နက်ကိုင် စစ်သားအချို့ ရောက်ရှိလာပြီး ထိပ်ပြောင်အရာရှိနှင့် လေရှည်နေသောအဘိုးကြီးကို သေနတ်ဖြင့် ချိန်ထားလိုက်သည်။

လူငယ်က သူ၏ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်၏။

"ကျန်းမင်ယွမ်၊ မင်းတို့ ကျန်းမိသားစုက ရှင်းပြချက် လိုချင်နေတယ်လို့ ကြားတယ်"

လူငယ်၏ လေသံမှာ အကြောင်းကြားသည်နှင့်မတူဘဲ ပြစ်တင်မောင်းမဲသည့် လေသံ ဖြစ်နေသည်။

"ငါက မင်းတို့ ကျန်းမိသားစုဆီက ရှင်းပြချက် လိုချင်နေတာ"

မနီးမဝေးတွင် ရှိနေသော ထိပ်ပြောင်အရာရှိနှင့် အဘိုးကြီး၏ မျက်နှာများမှာ ဖြူလျော်သွား၏။

အထူးသဖြင့် ဖုန်းထဲမှ ကျန်းမိသားစုအကြီးအကဲ ကျန်းမင်ယွမ်၏ ရိုကျိုးနေသော အသံကို ကြားလိုက်ရသောအခါ သူတို့ နှစ်ဦးလုံး အံ့အားသင့်ပြီး ဝေခွဲမရ ဖြစ်သွားကြသည်။

ကျန်းမိသားစုက ဆုံးရှုံးမှု ကြုံနေရတာတောင် ဘာကြောင့် ကျန်းအကြီးအကဲက ဒီလောက် ရိုကျိုးနေရတာလဲ။

ရုတ်တရက် သူတို့နှစ်ဦးသည် စင်ပေါ်မှ လူငယ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်။

ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၏။

ဒါက... ဖြစ်နိုင်ပါ့မလား...

...........

"နောက်ဆုံးတော့ ငါ ချန်ပီယံ ဖြစ်သွားပြီ။"

ဟိုတယ်တွင် ကျိယွမ်သည် သက်ပြင်းချကာ စိတ်အေးလက်အေးရှိနေ၏။

နောက်ဆုံးတွင် ဤဂိမ်း၏ မစ်ရှင်သည် တိုးတက်မှု ရှိလာခဲ့လေပြီ။

ကနေရီမလေးကျူးယန်သည် သူ၏အနီးတွင် ထိုင်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။

"သွေးပုလဲ...နင့်ရဲ့ အဲဒီ လက်သီးတစ်ချက်က သိုင်းပညာဆိုတာလား ၊ တကယ်ကို မိုက်တယ်"

သူမက ပြောရင်း ကျိယွမ်ကို ဗီဒီယိုထဲကပုံစံနှင့် နှိုင်းယှဉ်ကြည့်နေ၏။

"ငါတို့ အင်တာဗျူး မဖြေဘဲ ချက်ချင်းထွက်လာတာ ပြဿနာ ရှိမလား၊ ပြိုင်ပွဲကျင်းပရေးကော်မတီက ငါ့နောက်ကို လိုက်လာပြီး ချန်ပီယံဆုကို ပြန်သိမ်းရင် ဘယ်လိုလုပ်မလဲ"

ကျိယွမ်က စိုးရိမ်တကြီး ထမေးလိုက်သည်။

အနိုင်ရပြီးနောက် ချန်ပီယံသည် အင်တာဗျူးနှင့် မိန့်ခွန်းပြောရမည် ဖြစ်သည်။

သွေးဝတ်စုံ ဓားနတ်ဘုရားအနေဖြင့်ဆိုလျှင်တော့ ကျိယွမ်သည် အများကြီး ပြောနိုင်သော်လည်း ၎င်းမှာ မျက်နှာဖုံးနောက်ကွယ်မှသာ ဖြစ်သည်။

လက်တွေ့တွင်မူ သူသည် လူကြားသူကြား၌ စကားပြောသိပ်မကျွမ်းကျင်ချေ။

သူသည် ရန်သူများနှင့် ရင်ဆိုင်ရလျှင် စကားအများကြီး ပြောတတ်သူများကို မယှဉ်နိုင်သောအခါ အကြမ်းဖက်နည်းကိုသာ သုံးလေ့ရှိ၏။

"အဆင်ပြေမှာပါ"

ကျူးယန်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"ဘယ်သူကမှ နင့်ဆီက ချန်ပီယံဆုကို မသိမ်းနိုင်စေရဘူး၊ ငါကိုယ်တိုင် ပြန်ယူပေးမယ်"

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

ကျိယွမ်က စိတ်ချသွားပုံဖြင့် အညောင်းအညာ ဆန့်လိုက်သည်။

စွမ်းဆောင်ရည်ရှိသော ဇနီးလောင်းရှိခြင်းမှာ ပြဿနာ အများအပြားကို သက်သာစေ၏။

"သွေးပုလဲ...နင် ဒါတွေကို စိတ်ရှုပ်စရာလို့ ထင်ရင် ငါအခြား နည်းလမ်းတစ်ခု သုံးလို့ရတယ်... ဒီကမ္ဘာကလူတွေ နင့်ကို မသိစိတ်ကနေ လျစ်လျူရှုသွားအောင် လုပ်လို့ရတယ်။ နင်ရှိတာကိုတော့ သိနေကြမယ်၊ ဒါပေမဲ့ တချို့အခြေအနေတွေမှာ နင့်အကြောင်းကို သူတို့ ပြောမှာမဟုတ်တော့ဘူး။ လမ်းပေါ်မှာ နင့်ကို ခိုးရိုက်မယ့်သူလည်း ရှိမှာမဟုတ်တော့ဘူး"

ကျူးယန်က လှပစွာပြုံးလျှက် ပြောလ်ုက်သည်။

ကျိယွမ်က အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။

"ကောင်းသားပဲ။"

"ဒါပေမဲ့ နင့်ရဲ့ အမြုတေစွမ်းအားကို သုံးဖို့ လိုလိမ့်မယ်၊ မဟုတ်ရင် ငါတစ်ယောက်တည်း လုပ်ရတာ နည်းနည်း ကြာနိုင်တယ်"

"နင် အဆင်ပြေသလိုသာ လုပ်ပါ"

ကျိယွမ်က ကျူးယန်၏ခေါင်းလေးအားပုတ်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"အဲဒါဆို စပြီ.."

ထိုသို့ပြောပြီးနောက် သူမ၏ မျက်လုံးလေးများက နီရဲတောက်ပလာသည်။

ချက်ချင်းဆိုသလိုပင် ချင်းယွမ်ရှိလူများမှာ ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားသလို ခံစားလိုက်ရ၏။

လူအများအပြားသည် ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး နေနှစ်စင်းကို မြင်လိုက်ရသော်လည်း ဘာမှမဖြစ်သလိုပင် မျက်နှာလွှဲသွားကြသည်။

"အားလုံး ပြီးပြီ"

ကျူးယန်က ပျော်ရွှင်စွာလက်ခုပ်တီးလိုက်ပြီး ကျိယွမ်၏လက်မောင်းကို ခိုလိုက်၏။

"ဒါက ငါတို့ ဂိမ်းကစားတာကို မထိခိုက်စေဘူး၊ မလိုလားအပ်တဲ့သူတွေနဲ့ သတင်းထောက်တွေကိုပဲ လျှော့ချပေးမှာပါ"

...........

ကြယ်စင်များ၏ကောင်းကင်ယံ အထက်တွင်ဖြစ်သည်။

အစစ်အမှန်နှင့် အနည်းငယ်သာကွာခြားသော မှောင်မည်းနေသည့်ဟင်းလင်းပြင်ကြီး တစ်ခုရှိ၏။

အေးစက်သော စစ်သင်္ဘောကြီးများ ဖြတ်သန်းနေပြီး စူးစမ်းလေ့လာရေး ယာဉ်ငယ်များစွာမှာလည်း စစ်သင်္ဘောကြီးများမှ ထွက်ခွာသွားလိုက်၊ ပြန်ဝင်လာလိုက် ဖြစ်နေသည်။

၎င်းတို့မှာ ကန်ရှင်းဂြိုဟ်မှ နောက်ဆုံးပေါ် စူးစမ်းလေ့လာရေးယာဉ်များဖြစ်ပြီး ကုံရှင်းဂြိုဟ်၏ အချက်အလက်များကို စုဆောင်းရန် ရည်ရွယ်လျှက်လှုပ်ရှားလျှက်ရှိသည်။

စစ်သင်္ဘောကပ္ပတိန်သည် စူးစမ်းလေ့လာရေး ရလဒ်များကို စောင့်ကြည့်နေပြီး ကုံရှင်းကို နယ်ချဲ့ရန် အမြဲ ကြံစည်နေသူဖြစ်၏။

မကြာသေးမီကပင် ကုံရှင်းဂြိုဟ်ရှိ မိုးကောင်းကင်မျက်လုံး ၁၃ ခုတိတိ ဖျက်ဆီးခံလိုက်ရကြောင်း သူ သိရှိခဲ့ရသည်။

၄င်းမှာ သူတို့ကန်ရှင်းဂြိုဟ်အတွက် အခွင့်အရေးကောင်းပင် မဟုတ်ပါလား။

ကန်ရှင်းသည် နည်းပညာပိုင်းတွင် သာလွန်သော်လည်း ကုံရှင်းတွင် ရှေးဟောင်းယဉ်ကျေးမှု၏ အမွေအနှစ်များ ရှိနေသဖြင့် ခုခံနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။

"အစီရင်ခံပါတယ် ကပ္ပတိန်..ကုံရှင်းပေါ်မှာ ကြယ်ခုနစ်ပွင့် မိသားစုတွေကြား ပြည်တွင်းစစ် ဖြစ်ပွားပြီး မူမိသားစုကို အခြားမိသားစုတွေက တိုက်ခိုက်ချေမှုန်းလိုက်ပါတယ်"

စစ်သည်တစ်ဦးက အစီရင်ခံသည်။

"ပြည်တွင်းစစ် ဟုတ်လား"

ထိုသတင်းက ကပ္ပတိန်ကို အံ့အားသင့်သွားစေသည်။

ပြည်တွင်းစစ်ကြောင့် ကောင်းကင်မျက်လုံးတွေ ပျက်စီးသွားတာလား။

ထိုအခိုက် သူ၏စစ်သင်္ဘောအတွင်းတွင် ရုတ်တရက် လေပြင်းများ တိုက်ခတ်လာ၏။

ထို့နောက် မိစ္ဆာတစ်သောင်းနယ်မြေမှ ဦးချိုလေးချောင်းပါသော ထူးဆန်းသည့်လူတစ်ဦး သင်္ဘောအတွင်း၌ပေါ်လာသည်။

"ဘယ်လောက်တောင် အရသာရှိတဲ့ ကမ္ဘာလဲ။ ငါ့ဘိုးဘေးတွေရဲ့ သွေးနံ့ကို ခံစားနေရတယ်"

ထိုလူထူးဆန်းက ကုံရှင်ဂြိုဟ်အား တက်မက်စွာကြည့်ရင်း မှတ်ချက်ချ၏ ။

ထိုလူမှာ မိစ္ဆာမျိုးနွယ်စုမှဖြစ်ပြီး အလွန်အစွမ်းထက်သူလည်း ဖြစ်သည်။

"ကုံရှင်းမှာ ဘာဖဲချပ်တွေပဲ ရှိရှိ၊ ငါတို့ မိစ္ဆာနယ်မြေရဲ့ လက်အောက်ကို ရောက်လာရမယ်။ ငါတို့ ဘိုးဘေးတွေရဲ့ သွေးကိုရရင် ငါတို့နယ်မြေက ပြန်ပြီး ကြီးကျယ်လာမှာ အသေအချာပဲ"

ဂျိုလေးချောင်းရှိသူက အံကြိတ်လျှက်

ကြုံးဝါးလိုက်သည်။

............

တစ်ချိန်တည်းမှာပင် ထျန်းယွဲ့မြို့၌

ကျိယွမ်သည် ကျူးယန်၏ လက်ကို ဆွဲပြီး အိမ်သို့ ပြန်ရောက်လာ၏။

အိမ်တံခါးပွင့်သွားသောအခါ စက်ရုပ် ဇီရိုးဝမ်းက တာဝန်ကျေစွာနှုတ်ဆက်သည်။

"အိမ်မှပြန်လည်ကြိုဆိုပါတယ် သခင်နဲ့ သခင်မ"

ကျူးယန်သည် အိမ်ထဲသို့ ကြည့်လိုက်သောအခါ "မင်္ဂလာ" စာလုံးများဖြင့် အလှဆင်ထားသည်ကို တွေ့ရသဖြင့် အလွန်စိတ်လှုပ်ရှားသွား၏။

"သခင်၊ ကျွန်မ ပြက္ခဒိန်ကို စစ်ဆေးကြည့်ပြီးပြီ။ မနက်ဖြန်က မင်္ဂလာဆောင်ဖို့ အလွန်ကောင်းတဲ့ နေ့ရက်ပါပဲ"

စက်ရုပ်၏ စကားကိုကြားသောအခါ ကျူးယန်၏ မျက်နှာလေးမှာ နီရဲသွားတော့သည်။

ကျိယွမ်က သူမအား စပ်ဖြီးဖြီးကြီး လှည့်ကြည့်၏။

"ဘာကြည့်တာလဲ ...နင်နော် .."

-------------

All Chapters