အခန်း (၆၃၇-၆၃၈)
Vol. 64 Ch. 637-638
အခန်း (၆၃၇) သက်သေပြဖို့ ကြိုးစားနေဆဲပဲ
"ဟက်... မင်းလည်း စောစောက ဒီလိုပဲ ပြောနေတာ မဟုတ်လား။ တခြားသူရဲ့ မိန်းကလေးတွေကို သိမ်းပိုက်ဖို့အကြောင်း မင်း တော်တော်လေး ပြောတတ်တာပဲနော်။ အခု ဒီနေရာမှာတင် မင်းညီမရဲ့ အဝတ်အစားတွေကို ငါ ဆွဲချွတ်လိုက်ရင် မင်း ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါ သိချင်မိသား။ လူအများကြီးရှေ့မှာ မင်းညီမကို ငါ သိမ်းပိုက်ပြီး ငါ့နာမည်ကို ခေါ်ပြီး ညည်းတွားအောင် လုပ်ပြရင် မင်းမျက်နှာ ဘယ်လိုဖြစ်သွားမလဲ ကြည့်ရတာ တော်တော် ပျော်စရာကောင်းမှာပဲ။ ဒါမျိုးကို မင်း ကြိုက်တာပဲ မဟုတ်လား။ အဲဒီလို လုပ်ပြရင် မင်းမျက်နှာမှာ အပြုံးကြီးတွေနဲ့ ကြည့်နေလိမ့်မယ်လို့ ငါ သေချာပေါက် ယုံကြည်တယ်" လုံချန်းက နတ်ဆိုးတစ်ကောင်လို ပြုံးလျက် ဆံပင်နက်နှင့် အမျိုးသားကို ပြောလိုက်သည်။
"မင်းလို လူယုတ်မာကများကွာ။ ငါ့ညီမကို တစ်ခုခု လုပ်ရဲရင် မင်း သေပြီလို့သာ မှတ်လိုက်တော့။ သူ့ကို အခုချက်ချင်း လွှတ်လိုက်၊ မဟုတ်ရင်..." ဆံပင်နက်နှင့် အမျိုးသားမှာ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသကဲ့သို့ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"မဟုတ်ရင် ဘာဖြစ်မှာလဲ။ မင်း ငါ့ကို ပထမဆုံးအကြိမ် ခြိမ်းခြောက်တုန်းက ဘာဖြစ်သွားလဲဆိုတာ မင်း သိတယ်မလား။ ဒါတွေ အားလုံးဖြစ်ပြီးတာတောင် မင်း ငါ့အကြောင်းကို တကယ် နားမလည်သေးဘူးလား။ ဒါမှမဟုတ် မင်းက သူများ လုပ်တာကို ထိုင်ကြည့်ရတာ ကြိုက်တဲ့ ကာမစိတ်ဖောက်ပြန်နေသူမို့ ငါ့ကို တမင်ဆွပေးနေတာလား" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။
သူသည် ရွှယ်၏လက်ကို လွှတ်လိုက်ပြီး ထိုလက်ဖြင့် နက်ပြာရောင်ဆံပင်နှင့် မိန်းကလေး၏ ပါးပြင်ကို ထိတွေ့လိုက်၏။
မိန်းကလေးမှာ ကြောက်လန့်တကြား မျက်လုံးများကို မှိတ်ထားလိုက်သည်။
"မင်းလို ကောင်" ဆံပင်နက်နှင့် အမျိုးသားမှာ လုံချန်းရှိရာသို့ ထပ်မံ ပြေးဝင်လာသော်လည်း လုံချန်းက သူ၏ ခန္ဓာကိုယ်ကို လွှဲလိုက်ပြီး လက်အား လှုပ်ရှားကာ မိန်းကလေး၏ ကျောပြင်ကို မြေပြင်နှင့် ရိုက်ချလိုက်သည်။ မြေပြင်တွင် ချိုင့်ခွက်လေးတစ်ခွက်ပင် ဖြစ်သွား၏။
ထိုအမျိုးသားမှာ ထိတ်လန့်တကြား ချက်ချင်း ရပ်တန့်သွားတော့သည်။
"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ငါ သိတယ်၊ ဒါကြောင့် သူ့ကို ရိုက်ချလိုက်တုန်းက အားအများကြီး မသုံးခဲ့ဘူး။ သူ့ကို နာကျင်စေရုံပဲ၊ ဘေးကင်းအောင်တော့ ငါ ထိန်းထားပေးပါတယ်။ တကယ်လို့ မင်းက မရပ်သေးဘူးဆိုရင်တော့ နောက်တစ်ခါမှာ ဒီလောက် အားနည်းနည်းလေးပဲ သုံးမှာ မဟုတ်တော့ဘူး။ သူ့ဦးခေါင်းခွံကို သစ်သီးတစ်လုံးလို ကွဲအက်သွားတဲ့အထိ ငါ ပြင်းပြင်းထန်ထန် ရိုက်ချပစ်မယ်။ မင်း သံသယရှိတယ်ဆိုရင် ထပ်ပြီး စမ်းကြည့်နိုင်တယ်" လုံချန်းက မိန်းကလေးကို ပြန်မလိုက်ရင်း ပြုံးလျက် သတိပေးလိုက်သည်။
သူ၏လက်မှာ မိန်းကလေး၏ လည်ပင်းကနေ တစ်စက်မှ မခွာခဲ့ပေ။
"ကဲ... အခုတော့ လမ်းဖယ်ပေးကြ။ ဒီမြို့က ပျော်စရာကောင်းမယ်လို့ ငါ ထင်ခဲ့တာ၊ တကယ်တော့ လူမိုက်တွေက သူဌေးလိုလို ဘာလိုလိုနဲ့ လျှောက်သွားနေတဲ့ နောက်ထပ် အကျင့်ပျက်ခြစားတဲ့ မြို့တစ်မြို့ပဲ။ ငါ ဒီမှာ ဆက်မနေချင်တော့ဘူး" လုံချန်းက ရေရွတ်ရင်း ထွက်ခွာရန် ပြင်လိုက်သည်။
"နေဦး၊ ငါ့ညီမကို ထားခဲ့ပါ။ မင်းကို ငါ မတားဘူးလို့ ကတိပေးပါတယ်။ မင်းကို ထွက်သွားခွင့်ပြုမယ်၊ ဘယ်သူမှ လမ်းမှာ ပိတ်မှာ မဟုတ်ဘူး" ဆံပင်နက်နှင့် ကောင်လေးက မျက်မှောင်ကြုတ်လျက် လုံချန်းကို ပြောလိုက်သည်။
အကယ်၍ လုံချန်းက ထွက်သွားပြီးမှ ညီမဖြစ်သူကို သတ်လိုက်လျှင် သူ ဘာမှမတတ်နိုင်မှန်း သူ သိထားသည်။ ထို့ကြောင့် တစ်ခုခု မလုပ်မီ သူမကို လွှတ်ပေးစေချင်နေခြင်း ဖြစ်၏။
"မင်းက ငါ့ကို ကလေးလို့ တကယ် ထင်နေတာလား။ မင်း နားလည်မယ့် စကားလုံးတွေနဲ့ပဲ ငါ ပြောပြမယ်။ ငါက မင်းလို ငတုံး မဟုတ်ဘူး။ ငါ ဒီနေရာကနေ မထွက်သွားခင်အထိ ဒီမိန်းကလေးကို လွှတ်ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ငါ့ကို မတရား စွပ်စွဲပြီး ငါ့ဇနီးကို မကောင်းပြောခဲ့တဲ့ မင်းလို ငတုံး တစ်ယောက်ရဲ့ စကားကို ငါ ယုံမယ်လို့ မင်း တကယ် ထင်နေတာလား။ မင်းကိုယ်တိုင် ငါ့လက်ထဲ ရောက်မနေတာကိုပဲ ဝမ်းသာလိုက်ဦး၊ မဟုတ်ရင် မင်းကို ဓားစာခံအဖြစ်တောင် သုံးမှာ မဟုတ်ဘဲ မင်းလည်ပင်းကို တန်းပြီး ချိုးပစ်လိုက်မှာ" လုံချန်းက ဆံပင်နက်နှင့် အမျိုးသားကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
လုံချန်းသည် မိမိမှာ ရန်သူ့မြို့ထဲ ရောက်နေသည်ကို သိသော်လည်း သူ့တွင် ဟင်းလင်းပြင် ဖြတ်သန်းခြင်း အသုံးပြုခွင့် နှစ်ကြိမ် ကျန်ရှိနေသေးသည်။ အဆိုးဆုံး အခြေအနေနှင့် ကြုံလာလျှင် ရွှယ်ကို ခေါ်ပြီး ထွက်သွားရုံသာ ဖြစ်သော်လည်း ထိုသို့ မထွက်သွားမီ လူသတ်နိုင်သမျှ သတ်သွားရန် သူ ဆုံးဖြတ်ထားသည်။
"ငါက ဘာလို့ မင်းကို ယုံရမှာလဲ။ မင်း ငါ့ညီမကို ဒဏ်ရာမပေးဘူးဆိုတာ ငါ ဘယ်လို အာမခံနိုင်မလဲ။ မင်း ထွက်သွားပြီးရင် ငါ့ညီမကို အနာအဆာမရှိ လွှတ်ပေးမယ်ဆိုတာ ငါ ဘယ်လို ယုံရမှာလဲ။ ကျေးဇူးပြုပြီး သူ့ကို ထားခဲ့ပါ၊ မင်းကို ငါ မတားပါဘူးလို့ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်" ဆံပင်နက်နှင့် အမျိုးသားက ထပ်မံ ပြောဆိုသော်လည်း လုံချန်းကတော့ ယုံကြည်ပုံ မရပေ။
"ငါက မင်းရဲ့ သူငယ်ချင်း မဟုတ်တဲ့အတွက် ငါ ဘာလုပ်မယ် ဆိုတာကို မင်း မယုံသင့်ဘူး။ ဒါပေမဲ့ မင်းမှာ ယုံကြည်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာလည်း မရှိဘူးလေ" လုံချန်းက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"တကယ်လို့ မင်း ငါ့ကို မယုံဘူးဆိုရင်တော့ မင်းမှာရှိတဲ့ နောက်ထပ် ရွေးချယ်စရာ တစ်ခုက ငါ့ကို တိုက်ခိုက်ဖို့ပဲ။ ဒါပေမဲ့ မင်း ငါ့ကို တိုက်ခိုက်မယ်ဆိုရင် အဲဒါက မင်းညီမရဲ့ သေချာပေါက် သေခြင်းတရားပဲဆိုတာ မှတ်ထားလိုက်။ အခု မင်း ဆုံးဖြတ်စရာပဲ ရှိတော့တယ်။ ငါ့ကို တိုက်ခိုက်ပြီး မင်းညီမ သေတာကို ကြည့်မလား၊ ဒါမှမဟုတ် ငါ့ကို လွှတ်ပေးတဲ့ စွန့်စားမှုကို လုပ်ပြီး ခဏနေရင် မင်းညီမ လွတ်လာမှာကို စောင့်မလား။ အဲဒါက မင်းရဲ့ သတ္တိပေါ်မှာပဲ မူတည်တယ်။ ဒီမြို့ရဲ့ အကောင်ကြီးတစ်ယောက်အနေနဲ့ မင်းရဲ့ သတ္တိကို ငါ သံသယ မဝင်သင့်ဘူး မဟုတ်လား" လုံချန်းက လှောင်ပြောင် ပြုံးလျက် မေးလိုက်သည်။
လုံချန်းသည် ဆံပင်နက်နှင့် အမျိုးသားကို စိုက်ကြည့်နေစဉ်မှာပင် ဝိညာဉ်အာရုံကို ဖြန့်ကြက်ထားသည်။ သူ ကြည့်မနေသည့် သူများအပါအဝင် လူတိုင်းကို လုံချန်းက စောင့်ကြည့်နေသည်ကို မည်သူမျှ မသိကြပေ။
နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးသည် အစောင့်တစ်ဦးကို အချက်ပြနေသည်ကို သူ၏ ဝိညာဉ်အာရုံမှတစ်ဆင့် မြင်တွေ့လိုက်ရသည်။ သူမ၏ ခိုးကြောင်ခိုးဝှက် အပြုအမူများကို မြင်လိုက်ရသည့်အခါ လုံချန်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။ သူမ၏ လည်ပင်းမှာ သူ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး မြေပြင်နှင့်လည်း အခုလေးတင် ရိုက်ချခံထားရသော်လည်း သူမမှာ ကြောက်ရွံ့မည့်အစား လုံချန်းကို ကလဲ့စားချေရန်သာ စဉ်းစားနေဆဲ ဖြစ်၏။
သူမက အစောင့်များအား ရွှယ်ကို တိုက်ခိုက်ရန် အချက်ပြနေသည်အား သူ မြင်လိုက်ရသည်။ သူက ဆံပင်နက်နှင့် ကောင်လေးဘက်ကို ကြည့်နေဆဲ ဖြစ်သဖြင့် သူ သူမအား စောင့်ကြည့်နေမှန်း သူမ မသိလိုက်ပေ။
အစောင့်များမှာ မိန်းကလေး၏ အချက်ပြမှုကို မြင်ပြီးနောက် ဖြည်းဖြည်းချင်း အနားသို့ တိုးလာကြသည်။
ဆံပင်နက်နှင့် အမျိုးသားသည်လည်း ထိုအခြေအနေကို မြင်လိုက်သဖြင့် လုံချန်း အာရုံလွဲသွားစေရန် စကားများကို ပို၍ ပြောလာတော့သည်။
အစောင့်များ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ဓားတစ်စင်းမှာ ဘယ်ကမှန်းမသိ ပေါ်လာပြီး လှုပ်ရှားလိုက်သော အစောင့်၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။
လုံချန်းသည် မိန်းကလေး၏ လည်ပင်းကို ပို၍ တင်းကျပ်စွာ ညှစ်လိုက်ရာ သူမမှာ အသက်ရှူရန် ရုန်းကန်လာရသည်။
"ငါ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလို့ ထင်တာပဲ၊ ဒါပေမဲ့ ငါ သတိမထားမိဘူးလို့ မင်းတို့ တကယ် ထင်နေတာလား။ ငါက မင်းတို့ မောင်နှမ နှစ်ယောက်လုံးလို ဦးနှောက် မကောင်းဘူးလို့ မပြောခဲ့ဘူးလား။ ဘာလို့ ငါ့ကို ဆက်ပြီး သက်သေပြဖို့ ကြိုးစားနေတာလဲ။ သေခြင်းတရားရဲ့ လက်ထဲ ရောက်နေတာတောင် မင်းတို့ရဲ့ အခြေအနေကို မင်းတို့ မသိသေးဘူးလား။ ငါ့ဇနီးကို ဓားစာခံလုပ်ပြီး လွတ်အောင်ပြေးဖို့ မင်းတို့ စဉ်းစားနေတုန်းပဲလား။ ငါ မင်းတို့ကို တကယ်ပဲ အလျှော့ပေးလွန်းနေလို့လား" လုံချန်းက အေးစက်ခက်ထန်သော လေသံဖြင့် ဆိုလိုက်သည်။
သူ၏ မျက်လုံးများထဲတွင် ဒေါသများ အထင်အရှား ပေါ်နေသဖြင့် မိန်းကလေးမှာ ကြောက်လန့်သွားတော့သည်။ သူမ၏ လည်ပင်းမှာ ပို၍ ပို၍ အညှစ်ခံနေရသဖြင့် ဘာမှ မခံစားနိုင်တော့ပေ။
"ရပ်လိုက်။ ငါ့ညီမကို ဒဏ်ရာရအောင် မလုပ်ပါနဲ့။ မင်းကို ထွက်သွားခွင့်ပေးမယ်" ဆံပင်နက်နှင့် အမျိုးသားက နောက်သို့ တစ်လှမ်းဆုတ်ရင်း လုံချန်းကို ပြောလိုက်သည်။
"ငါ့ညီမက နုနယ်သေးလို့ပါ။ သူ မှားသွားတာပါ။ ကျေးဇူးပြုပြီး သူ့ကို ဘာမှမလုပ်ပါနဲ့။ မင်း ဒီမြို့ကနေ လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရပါတယ်။ ငါ့ညီမကိုသာ ဘာမှမလုပ်ပါနဲ့။ မင်း မြို့အပြင်ဘက်မှာ ငါ့ညီမကို ဘေးကင်းကင်းနဲ့ လွှတ်ပေးခဲ့မယ်ဆိုရင် မင်းနောက်ကို လိုက်ရှာဖို့တောင် ငါ မကြိုးစားဘူးလို့ ကတိပေးတယ်" ထိုလူက လုံချန်းကို ပြောလိုက်သည်။
အခန်း (၆၃၈) တရားမျှတမှုအတွက် တိုက်ပွဲဝင်သူ
"မင်းသွားချင်တဲ့နေရာကို သွားနိုင်ပါတယ်၊ ငါ မင်းကို မတားတော့ဘူး" ဆံပင်နက်နှင့် အမျိုးသားက လုံချန်းကို ပြောလိုက်သည်။
သူသည် မိန်းကလေး၏ မျက်နှာမှာ ဖြူလျော့လာသည်ကို မြင်ရသဖြင့် လုံချန်းက သူ့ညီမကို သတ်လိုက်မည်အား တကယ်ပင် စိုးရိမ်နေခဲ့သည်။ နက်ပြာရောင်ဆံပင်နှင့် မိန်းကလေး၏ မျက်လုံးများမှာလည်း ခန္ဓာကိုယ်ထဲတွင် အောက်ဆီဂျင် ပိုမိုပြတ်လပ်လာသဖြင့် နီရဲလာတော့သည်။
လုံချန်းသည် ထိုအမျိုးသားဘက်သို့ ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ။ သူက လူအ,တစ်ယောက်မှန်း ငါသိပါတယ်၊ ဒါကြောင့် သူ့ရဲ့ ဒီအမှားတစ်ခုကို ငါ ခွင့်လွှတ်ပေးလိုက်မယ်။ မင်းရဲ့ အစောင့်တွေကို ဘေးဖယ်ခိုင်းလိုက်၊ ငါ့ကို ထွက်သွားခွင့်ပေးတော့"
"အားလုံးပဲ၊ နောက်ဆုတ်ကြစမ်း။ ဘယ်သူမှ သူ့လမ်းကို မပိတ်စေနဲ့" ဆံပင်နက်နှင့် ကောင်လေးက အစောင့်များကို အမိန့်ပေးလိုက်သည်။
ပျံဝဲနေသော ဓားတစ်စင်းက သူတို့၏ လုပ်ဖော်ကိုင်ဖက်ကို သတ်လိုက်သည်ကို မြင်ပြီး ကြောင်အမ်းနေကြသော အစောင့်များသည် အမိန့်ရသည်နှင့် တစ်စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ နောက်သို့ ဆုတ်ပေးလိုက်ကြသည်။
လုံချန်းသည် အစောင့်များကို အာရုံစိုက်ထားသော်လည်း အခြားလူတစ်ဦးကိုလည်း ထပ်မံ အာရုံစိုက်ထားသေးသည်။
ထိုသူမှာ အနည်းငယ်အကွာတွင် ရပ်နေသော အဘိုးအိုတစ်ဦး ဖြစ်၏။ ထိုသူမှာ ကောင်းကင်ဘုံအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး လုံချန်း ဤနေရာတွင် မြင်တွေ့သမျှထဲ၌ အသန်မာဆုံးသူ ဖြစ်သည်။ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်မှာ လုံချန်းကို ခြိမ်းခြောက်နိုင်လောက်သည်အထိ မမြင့်မားသော်လည်း ကြည့်ရသည်မှာ တော်တော်လေး အရှိန်အဝါရှိပုံရသည်။ လုံချန်းသည် ထိုသူ့ကို သတိထားနေပြီး တစ်စုံတစ်ရာ လှုပ်ရှားလာပါက ချက်ချင်း တုံ့ပြန်ရန် ပြင်ဆင်ထားသော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုအဘိုးအိုမှာ အရာအားလုံးကို ကြည့်နေသော်လည်း တစ်လက်မမျှပင် မလှုပ်ရှားခဲ့ပေ။ လုံချန်း သေချာပေါက် သိလိုက်ရသည့်အချက်မှာ ထိုအဘိုးအိုသည် ဆံပင်နက်နှင့် အမျိုးသား၏ ဘက်တော်သား မဟုတ်ခြင်းပင် ဖြစ်သည်။
လုံချန်းသည် ဤမြို့အကြောင်း သတင်းအချက်အလက်အချို့ကို စုဆောင်းထားပြီး ဖြစ်ရာ ဤမြို့၌ နိုင်ငံများစွာ၏ ဌာနခွဲများ ရှိနေသည်ကို သူ သိထားသည်။ မြို့ထဲတွင်လည်း အဓိက အင်အားစုကြီးအချို့ ရှိနေကြ၏။ ထိုအင်အားစုများသည် မြို့၏ အပိုင်းကဏ္ဍအသီးသီးကို ခွဲဝေအုပ်ချုပ်ထားကြသည်။ အစောင့်များက ဆံပင်နက်နှင့် အမျိုးသား၏ စကားကို နားထောင်နေကြသဖြင့် ထိုအမျိုးသား၏ မိသားစုမှာ ထိုအင်အားစုများထဲမှ တစ်ခုဖြစ်ရမည်ဖြစ်ပြီး လုံချန်း ရပ်နေသော မြို့၏ ဤအပိုင်းကို အုပ်ချုပ်နေခြင်း ဖြစ်ရမည်ဟု လုံချန်း ယူဆလိုက်သည်။
'ဟိုအဘိုးအိုက သူတို့ကို မကူညီဘူးဆိုတော့ သူက တခြားအစုအဖွဲ့က ဖြစ်ရမယ်' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ ထိုအဘိုးအိုမှာ အဖွဲ့အစည်း မတူညီသဖြင့် သို့မဟုတ် ဆံပင်နက်နှင့် အမျိုးသား၏ အုပ်စုကို မနှစ်သက်သဖြင့် ဝင်မကူညီခြင်း ဖြစ်မည်ဟု သူ ယုံကြည်လိုက်၏။
'ဒါမှမဟုတ် သူက ဒီမြို့ရဲ့ ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ဒီအတိုင်း ရောက်နေတဲ့ သာမန်လူတစ်ယောက်လည်း ဖြစ်နိုင်တာပဲ။ အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့' လုံချန်းက တွေးတောရင်း ထိုအဘိုးအိုဘက်သို့ ခိုးကြည့်လိုက်သည်။
'အင်အားကြီးတဲ့ ကျင့်ကြံသူတွေ ဒီကို ရောက်မလာခင် ငါ ထွက်သွားသင့်ပြီ' လုံချန်းက ရေရွတ်ရင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။
သူ၏ ဝိညာဉ်ဓားက ပျံဝဲလာပြီး သူ၏ ခြေထောက်အောက်တွင် ရပ်တန့်သွား၏။ လုံချန်းက ဓားပေါ်သို့ တက်လိုက်သည်။
"လာ" သူက ရွှယ်ကို သူ့ကို ဖက်ထားပြီး ဓားပေါ်တက်ရန် ပြောလိုက်သည်။
ရွှယ်သည်လည်း ဓားပေါ်သို့ တက်ကာ လုံချန်းကို တင်းကျပ်စွာ ဖက်ထားလိုက်၏။
"နှုတ်ဆက်ခဲ့ပါတယ် လူပုလေးရာ။ မြို့ပြင်ရောက်ရင် မင်းညီမကို ဘေးကင်းကင်းနဲ့ ငါ ထားခဲ့ပေးပါ့မယ်" လုံချန်းက ရေရွတ်ရင်း ထွက်ပေါက်ရှိရာသို့ စတင် ပျံသန်းသွားတော့သည်။
ဆံပင်နက်နှင့် အမျိုးသားမှာမူ ရုပ်ဆိုးလှသော မျက်နှာဖြင့် လုံချန်းကို ကြည့်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ခဲ့ပေ။
'အဲဒီလူယုတ်မာ ငါ့ညီမကို လွှတ်ပေးတာနဲ့ သူ့ကို ပြန်ရှာဖို့ ငါ သေချာပေါက် လုပ်မယ်။ သူကတော့ ရက်ရက်စက်စက် သေရတော့မှာပဲ။ သူ့ကို မသတ်ခင် သူ့ရှေ့မှာတင် သူ့မိန်းမကို ငါ သိမ်းပိုက်ပြမယ်။ အဲဒီကျရင် ငါ့ကို လာရှုပ်တဲ့ အကျိုးဆက်ကို သူ နားလည်သွားလိမ့်မယ်' ထိုအမျိုးသားက ပျံသန်းထွက်ခွာသွားသော လုံချန်း၏ ကျောပြင်ကို ကြည့်ရင်း တွေးနေတော့သည်။
"သခင်လေး... ကျွန်တော်တို့ မျိုးနွယ်စုကို အကြောင်းကြားသင့်တယ် မဟုတ်လားခင်ဗျာ" အစောင့်တစ်ဦးက ထိုအမျိုးသားအနားသို့ လျှောက်လာပြီး အကြံပေးလိုက်သည်။
ဆံပင်နက်နှင့် အမျိုးသားက ထိုအစောင့်ကို ဒေါသတကြီး ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အားပါပါဖြင့် ပါးရိုက်လိုက်သည်။
အစောင့်မှာ အညှာအတာမဲ့ ရိုက်နှက်ခံလိုက်ရသဖြင့် မီတာ ၅၀ ခန့်အကွာသို့ လွင့်ကျသွားတော့သည်။ သူ၏ ပါးမှာ ဖူးရောင်သွားပြီး သွားအချို့ပင် ကျိုးသွားခဲ့၏။
"မင်းလို ကောင်ကများ။ ငါ ဘာလုပ်သင့်တယ်ဆိုတာကို မင်းက လာသင်ပေးနေတာလား။ သွားစမ်း... လစ်လိုက်တော့" ထိုအမျိုးသားက အော်ဟစ် ဆဲဆိုလိုက်သည်။
'ငါ့မိသားစုကို အကြောင်းကြားပြီးသားပါ။ အကြီးအကဲတွေ မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ အဲဒီကျရင်တော့ အဲဒီကောင် ဘယ်ကို ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။ ငါ့ညီမကို ဒဏ်ရာရစေမယ့် ဘာကိုမှ ငါ မလုပ်ရဲတာက အဲဒီမိန်းမကို ဂရုစိုက်လို့ မဟုတ်ဘူး၊ မေတ္တာရှိတဲ့ သခင်လေးတစ်ယောက်အဖြစ် ငါ့ရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းချင်လို့ပဲ။ ငါ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်မယ့် ဘာကိုမှ ငါ အဖြစ်မခံနိုင်ဘူး၊ အဲဒီလိုသာ ဖြစ်ရင် ငါ့အဖေက ငါ့ကို နောက်မျိုးနွယ်စု ခေါင်းဆောင်အဖြစ် ခန့်မှာ မဟုတ်တော့ဘူး။ ငါ အဲဒီလို အဖြစ်မခံနိုင်ဘူး။ အဲဒီမိန်းကလေးက ငါ့ဝမ်းကွဲ ညီမလေးပဲ ဖြစ်နေရင်တောင် ငါ့ဂုဏ်သိက္ခာကို ထိခိုက်မယ့် စွန့်စားမှုမျိုး ငါ မလုပ်နိုင်ဘူး' ထိုအမျိုးသားက လုံချန်း ပျံထွက်သွားသည်ကို ကြည့်ရင်း တွေးနေ၏။
'ဒါပေမဲ့ အကြီးအကဲတွေ အကြောင်းကိုတော့ ငါ သိတယ်။ သူတို့ကတော့ မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေကို သေချာပေါက် လိုက်နာပြီး အဲဒီမိန်းမကို ဂရုမစိုက်ဘဲ ဟိုကောင့်ကို သတ်ပစ်ကြလိမ့်မယ်။ မျိုးနွယ်စုထဲမှာ ငါတို့လို ယောက်ျားတွေက ပိုအရေးကြီးတယ်လေ။ အဲဒီမိန်းမမှာ ဂုဏ်သိက္ခာလည်း မရှိသလို ရာထူးလည်း မရှိဘူး။ သူတို့က သူ့အသက်ကို ဂရုစိုက်မှာ မဟုတ်ဘူး။ တကယ်လို့ ငါ့ညီလေးသာ ပြန်ပေးဆွဲခံရတာဆိုရင် တစ်မျိုးပေါ့၊ အဲဒီမိန်းမအတွက်တော့ သူတို့ တစ်ချက်ကလေးတောင် လှည့်ကြည့်မှာ မဟုတ်ဘူး။ အဲဒီကောင်တော့ သေပြီသာ မှတ်လိုက်တော့' ထိုလူက တွေးရင်း မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
မိန်းကလေးတစ်ဦး အပြင်ဘက်ကို ပြတင်းပေါက်ကနေ လှမ်းကြည့်နေစဉ် ရထားလုံးတစ်စီးမှာ မြို့ထဲသို့ ဖြတ်သန်း မောင်းနှင်နေသည်။
ထိုရထားလုံးသည် လုံချန်း အခုလေးတင် ထွက်ခွာသွားခဲ့သည့် နေရာသို့ ရောက်ရှိလာ၏။
ထိုနေရာတွင် ရပ်ကာ လုံချန်းကို ကြည့်နေသော အဘိုးအိုသည် ရထားလုံးအား မြင်သည်နှင့် ချက်ချင်းပင် ထိုဘက်သို့ ပျံသန်းသွားလိုက်သည်။
သူသည် ရထားလုံးရှေ့တွင် ရပ်တန့်လိုက်၏။
ရထားလုံး၏ တံဆိပ်မှာ ရပ်တန့်သွားပြီး တံခါး ပွင့်လာသည်။
"ဘာလို့ အကာအကွယ်ပေါ်မှာ ခြစ်ရာတွေ ထင်နေတာလဲ။ တစ်စုံတစ်ယောက်က ရထားလုံးကို တိုက်ခိုက်ရဲတာလား" အဘိုးအိုက တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဟုတ်တယ်... လမ်းမှာ ဓားပြအချို့က ကျွန်မတို့ကို တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘေးကင်းပါတယ်" အတွင်းဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ဓားပြတွေက မင်းတို့ကို တိုက်ခိုက်ရဲတာလား။ ငါတို့မျိုးနွယ်စုရဲ့ နာမည်ကို သူတို့ မေ့နေကြပြီလား။ သူတို့က ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်တောင် အင်အားကြီးတယ် ထင်နေကြတာလား။ ငါ အခုပဲ မျိုးနွယ်စု အစောင့်တွေကို ခေါ်ပြီး သူတို့ကို ကိုယ်တိုင် သွားသတ်ပစ်မယ်" အဘိုးအိုက သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းလျက် အလေးအနက် ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ အဲဒီဓားပြတွေ အားလုံး သေကုန်ကြပါပြီ။ လမ်းမှာ တစ်စုံတစ်ယောက်က ကျွန်မတို့ကို ကူညီပေးပြီး ဓားပြတွေကို သတ်လိုက်တာပါ" ရထားလုံးထဲမှ လူက ပြန်ပြောသည်။
"ဘယ်သူလဲ။ မင်းတို့ ဘာလို့ သူ့ကို ခေါ်မလာခဲ့တာလဲ။ သူက ငါတို့ရဲ့ ကယ်တင်ရှင်ပဲလေ။ ငါတို့ သူ့ကို သေချာ ကျေးဇူးတင်ဖို့ လိုအပ်တယ်" ရထားလုံးထဲတွင် လူအသစ် မပါလာသည်ကို မြင်ရသဖြင့် အဘိုးအိုက နားမလည်နိုင်ဘဲ မေးလိုက်သည်။
ရထားလုံးထဲမှ လူက သက်ပြင်းချလိုက်၏။
"အဲဒီလူက အဲဒီမှာ မရပ်ခဲ့ဘူး။ ကျွန်မတို့ကို ကူညီပြီးတာနဲ့ ချက်ချင်း ပျံထွက်သွားခဲ့တာ။ ကျွန်မတို့ သူ့ကို မြင်လိုက်ရပေမဲ့ သူ ကျွန်မတို့ကို မြင်မယ်လို့တော့ မထင်ဘူး။ သူက ကျွန်မတို့ကို ကူညီပေးပြီး ဆုလာဘ် တစ်စုံတစ်ရာကိုတောင် မစောင့်ဘဲ ထွက်သွားတာပါ" ရထားလုံးထဲတွင် ထိုင်နေသော လူက ပြန်လည် ဖြေကြားလိုက်သည်။
"ကြည့်ရတာတော့ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ရမယ်။ သူက ဘာဆုလာဘ်ကိုမှ မျှော်လင့်မနေဘဲ မင်းတို့ကို ကူညီပေးခဲ့တာပဲ။ အဲဒီလိုလူမျိုးနဲ့ ငါ တကယ် တွေ့ဆုံချင်မိသား" အဘိုးအိုက ပြုံးလျက် ပြောလိုက်တော့သည်။