← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 65 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 65 Ch. 641-642

အခန်း (၆၄၁) မကောင်းဆိုးဝါး

​'သူတော်စင် သတ်ဖြတ်သူ ရှန်းဝူ ဟုတ်လား။ ငါတို့ရဲ့ အကြီးမြတ်ဆုံး သူရဲကောင်းကြီး သူတော်စင်ဘုရင် ရှန်းဝူကို သူတို့က ဘာလို့ သူတော်စင် သတ်ဖြတ်သူလို့ ခေါ်နေကြတာလဲ' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။

​သူသိထားသည့် သမိုင်းကြောင်းများနှင့် သူဖတ်ခဲ့ရသော စာအုပ်များအရ သူတော်စင်ဘုရင်သည် ဤလောက၏ အကြီးမြတ်ဆုံး သူရဲကောင်း ဖြစ်သည်။ ကမ္ဘာကြီး အန္တရာယ်ကြုံနေရချိန်တွင် ပြင်ပက ကျူးကျော်သူများကို တိုက်ထုတ်ခဲ့သူမှာ သူတော်စင်ဘုရင် ရှန်းဝူ ဖြစ်သည်။ လူသားများ ဤကမ္ဘာတွင် နေရာရလာပြီး လွှမ်းမိုးနိုင်ခြင်းမှာ သူကြောင့် ဖြစ်သလို ငြိမ်းချမ်းရေးအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ သူသည် မည်သည့်အရာကိုမျှ မမှားခဲ့ပေ။ သူတော်စင်ဘုရင် ရှန်းဝူသာ မရှိခဲ့လျှင် ဤကမ္ဘာကြီးသည် သားရဲများနှင့် ကျူးကျော်သူများ၏ လက်အောက်တွင် လူသားများမှာ ကျွန်အဖြစ်သာ ရှင်သန်နေရမည် ဖြစ်သည်။

​သူသည် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသော သူတော်စင်တစ်ပါးပင် ဖြစ်၏။ ဤသည်ကိုပင် ဤနေရာမှ လူများက အဘယ်ကြောင့် သတ်ဖြတ်သူဟု ခေါ်နေကြသနည်း။ ထိုမေးခွန်းမှာ လုံချန်း၏ ခေါင်းထဲတွင် တဝဲလည်လည် ဖြစ်နေတော့သည်။

​"သူတော်စင် သတ်ဖြတ်သူ ရှန်းဝူရဲ့ ဓားလား။ ဒ... ဒီလူက ဘယ်သူလဲ" လုံချန်းနောက်ကို လိုက်နေကြသည့် အကြီးအကဲများသည် ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူလျော့သွားကြသည်။

​ဓားမှာ အနီရောင်အလင်းများ တောက်ပနေပြီး လုံချန်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့များကို ထုတ်လွှတ်နေသည်။

​မူရူးမျိုးနွယ်စုမှ ဆံပင်နက်နှင့် သခင်လေးမှာလည်း ဤမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားရသည်။ သူသည်လည်း ပုံပြင်များကို ဖတ်ဖူးသဖြင့် သူတော်စင် သတ်ဖြတ်သူ ရှန်းဝူအကြောင်းကို သိထားသည်။ လုံချန်း၏ ဓားမှာ သူတော်စင်ဘုရင် ရှန်းဝူ၏ ဓားပင် ဖြစ်၏။ ပုံပြင်များအရ ထိုဓားထွက်ပေါ်လာမှသာ ယခုကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်မျိုး ဖြစ်ပေါ်နိုင်သည်ဟု သိထားကြသည်။

​ကြည်လင်နေသော ကောင်းကင်ယံသည် ရုတ်တရက် မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားသည်။ တောက်ပသော နေ့ခင်းဘက်မှာ အမှောင်ထုအတွင်း ကျရောက်သွားပြီး လုံချန်း၏ ဓားမှ ထွက်ပေါ်လာသော အနီရောင် အရိပ်အယောင်များသာ မြင်တွေ့ရတော့သည်။

​"ဒီကောင်က သူတော်စင် သတ်ဖြတ်သူ ရှန်းဝူရဲ့ အမွေဆက်ခံသူ ဖြစ်ရမယ်။ သူ့ကို အရှင်မထားနိုင်ဘူး။ ဘယ်လိုနည်းနဲ့မဆို သတ်ပစ်ရမယ်" အကြီးအကဲများက ဆိုသည်။

​လုံချန်းကို စိတ်ဝင်စားနေသော နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးမှာလည်း လုံချန်းလက်ထဲက ဓားကို မြင်သောအခါ ထပ်မံ ကြောက်လန့်သွားပြန်သည်။

​"ဘာလို့ လူတိုင်းက ဒီလောက် ထိတ်လန့်နေကြတာလဲ။ ပြီးတော့ သူတော်စင်ဘုရင် ရှန်းဝူကို ဘာလို့ သူတော်စင် သတ်ဖြတ်သူလို့ ခေါ်နေကြတာလဲ" လုံချန်းက မိန်းကလေးကို နားမလည်နိုင်သလို မေးလိုက်သည်။

​မိန်းကလေးက လုံချန်းကို ပြန်ကြည့်လိုက်ပြီး သူ ဘာတွေပြောနေတာလဲဟု တွေးတောနေမိသည်။ သူပြောနေသည့် သူတော်စင်ဘုရင် ဆိုသည်က မည်သူနည်း။

​'နေဦး... သူက အဲဒီ သတ်ဖြတ်သူရဲ့ အမွေဆက်ခံသူဆိုမှတော့ သတ်ဖြတ်သူလို့ ခေါ်မှာ မဟုတ်ဘူးပေါ့။ အဲဒီ မကောင်းဆိုးဝါးကြီးကို သူတော်စင်ဘုရင်လို့ ခေါ်နေတာ နေမှာ' သူမက တွေးလိုက်သည်။

​"နင်က သူတော်စင် သတ်ဖြတ်သူ ရှန်းဝူ ဘာတွေလုပ်ခဲ့လဲဆိုတာ သိရဲ့သားနဲ့... ငါတို့က သူ့ကို ဘာလို့ အဲဒီလိုခေါ်လဲဆိုတာ မေးနေသေးတာလား" မိန်းကလေးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"သူ ဘာလုပ်ခဲ့လို့လဲ။ သူက လူသားတွေကို ကယ်တင်ခဲ့တာ မဟုတ်ဘူးလား။ မင်းတို့တွေ ရူးနေတာလား၊ ဒါမှမဟုတ် ငါတို့ ပြောနေတဲ့သူက တစ်ယောက်တည်း မဟုတ်လို့လား" လုံချန်းက သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။

​"ငါကတော့ အဲဒီဓားပိုင်ရှင်အကြောင်း ပြောနေတာ။ သူတော်စင် သတ်ဖြတ်သူ ရှန်းဝူ။ အဲဒီ မကောင်းဆိုးဝါးကြီး၊ သူက လူသတ်သမားပဲ။ သွားလေရာမှာ အရာအားလုံးကို ဖျက်ဆီးပစ်တဲ့ လူယုတ်မာပဲ။ နင်ကရော သူ့ရဲ့ အမွေဆက်ခံသူ မဟုတ်ဘူးလား" မိန်းကလေးက လုံချန်းကို မေးသည်။

​"ဟင့်အင်း... ငါက သူ့အမွေဆက်ခံသူ မဟုတ်ဘူး၊ ဒါပေမဲ့ ဖြစ်ချင်တာ။ သူတော်စင်ဘုရင်ကို မကောင်းပြောနေတဲ့ မင်းတို့အားလုံးကသာ ရူးနေတာ" လုံချန်းက ပြောရင်း မျက်လုံးလှန်ပြလိုက်သည်။

​သူသည် ဓားကို ကိုင်လျက် အကြီးအကဲများ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

​"ဘယ်လိုပဲဖြစ်ဖြစ်... ဒီဓားကို မထုတ်ခဲ့ရင်တောင် တိုက်ပွဲမရှိဘဲ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူးလေ။ ဒီအထင်မှားတာတွေက ငါ့ကို နည်းနည်းလေးမှ စိတ်မပူစေဘူး၊ ဘာလို့လဲဆိုတော့ ရလဒ်က အတူတူပဲ ဖြစ်မှာမို့လို့ပဲ" လုံချန်းက ခေါင်းယမ်းရင်း ဆိုသည်။

​"ငါ့အနေနဲ့ သတ်တာပဲဖြစ်ဖြစ်၊ သူတော်စင်ဘုရင် ရှန်းဝူရဲ့ အမွေဆက်ခံသူအနေနဲ့ သတ်တာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး" လုံချန်းက ရေရွတ်လိုက်ပြီး ပတ်ဝန်းကျင်က ကျင့်ကြံသူများကို အားပျော့သွားစေရန် သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါကို ပိုမို ထုတ်လွှတ်လိုက်သည်။

​သူတော်စင်ဘုရင်အပေါ် အဘယ်ကြောင့် ဇဝေဇဝါ ဖြစ်နေရသနည်းဆိုသည်ကို နောက်မှ ပြန်မေးမြန်းတော့မည်ဟု လုံချန်းက ဆုံးဖြတ်လိုက်သည်။

​လုံချန်းသည် တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေသလို တိုက်ပွဲအပြီးတွင် ထွက်ပြေးရန်လည်း ပြင်ဆင်ထားသည်။ သူသည် သူ၏ မျက်နှာအစစ်ကို ပြထားခြင်း မဟုတ်ဘဲ လှည့်စားခြင်း မျက်နှာဖုံး၏ အကူအညီဖြင့် မျက်နှာအတုကိုသာ ပြထားသဖြင့် ဘာကိုမျှ စိုးရိမ်ခြင်း မရှိပေ။ သူ ဤနေရာတွင် မည်မျှပင် ဖျက်ဆီးမှုများ ပြုလုပ်ပါစေ သူ၏ မူလလက္ခဏာမှာ လုံခြုံနေမည် ဖြစ်သည်။

​ထိုအရာ အားလုံးက သူ့ကို သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ပိုရစေရုံသာ ရှိလိမ့်မည်။ ထို့အပြင် သူ့တွင် ဟင်းလင်းပြင် ဖြတ်သန်းခြင်း အသုံးပြုခွင့် နှစ်ကြိမ် ကျန်သေးသည်။ သူသည် ဤနေရာမှ အလွယ်တကူ ထွက်ခွာနိုင်ပြီး ကီလိုမီတာ ရာနဲ့ချီဝေးသည့် နေရာတွင် ပေါ်လာနိုင်သည်။ သူ၏ စွမ်းရည်များကြောင့် သူသည် ဘေးကင်းမည်ဟု ယုံကြည်ထားသည်။

​လုံချန်းကို ထိတ်လန့်စွာ ကြည့်နေသည့် အကြီးအကဲများ၏ မျက်နှာတွင် မကြာမီမှာပင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာတော့သည်။

​သူတို့သည် လုံချန်းကို ယခုထက် ပို၍ သတ်ချင်နေကြပြီ ဖြစ်သည်။ သူတို့၏ မျက်နှာများတွင် အမုန်းတရားများ အထင်အရှား မြင်တွေ့နေရသည်။

​"အဲဒီ နတ်ဆိုးမျိုးစေ့၊ သူက သတ်ဖြတ်သူရဲ့ ကလေးပဲ။ ငါတို့လူမျိုးတွေရဲ့ သွေးတွေကို အများကြီး သောက်ခဲ့တဲ့ အဲဒီ မကောင်းဆိုးဝါးဓားကို သတ်ပြီး ပိတ်လှောင်ရမယ်။ အဲဒီကောင် သေရမယ်။ သူ့ကို ဒုတိယမြောက် သူတော်စင် သတ်ဖြတ်သူ ဖြစ်လာအောင် အကြီးမခံနိုင်ဘူး" ကောင်းကင်ဘုံ အဆင့် ၃ ကျင့်ကြံသူက ဆိုကာ လုံချန်းရှိရာသို့ ပြန်လည် ပျံသန်းလာတော့သည်။

​အခြား အကြီးအကဲများသည်လည်း သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ကာ လုံချန်းနောက်သို့ လိုက်လာကြတော့သည်။

​ကျိမာမျိုးနွယ်စု၏ ရထားလုံးသည်လည်း လုံချန်းကို ကယ်တင်ရန် ထိုဘက်သို့ ဦးတည်နေသည်။

​ရထားလုံးအတွင်းတွင် လုံချန်းကို မူရူးမျိုးနွယ်စု၏ လက်မှ ကယ်တင်လိုသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ ထိုသူသည် လုံချန်းကို ကယ်တင်ရန်အတွက် မူရူးမိသားစုအား ဆန့်ကျင်ရန် စဉ်းစားနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့က လုံချန်းဘက်က ရပ်တည်ပေးလျှင် မူရူးမျိုးနွယ်စုက တိုက်ခိုက်ဝံ့မည် မဟုတ်ဟု ထိုသူက ယုံကြည်ထားသည်။ အကြောင်းမှာ မျိုးနွယ်စုကြီး နှစ်ခုကြား စစ်ဖြစ်မည်ကို မည်သူမျှ မလိုလားသောကြောင့် ဖြစ်သည်။ သို့သော် လုံချန်းက သူတော်စင်ဘုရင် ရှန်းဝူ၏ ဓားကို ထုတ်လိုက်သောအခါ ထိုသူပင် ထိတ်လန့်သွားခဲ့ရသည်။

​လုံချန်းသည် သူတို့၏ အသက်ကို ကယ်ခဲ့သော သူရဲကောင်း ဖြစ်သဖြင့် ကယ်တင်ရန် စီစဉ်ခဲ့သော်လည်း သူ၏လက်ထဲက ဓားအား မြင်လိုက်ရသောအခါ ထိုသူ၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။

​"သတ်ဖြတ်သူရဲ့ ဓားလား" ထိုသူက ဖြူလျော့သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။

​"ရပ်လိုက်တော့" ထိုသူက ရထားလုံးမောင်းသူကို လုံချန်းရှိရာသို့ ဆက်မသွားရန် တားလိုက်သည်။

​ယခင်ကဆိုလျှင် လုံချန်းကို ကယ်တင်ရန် လွယ်ကူသော်လည်း ယခု ဓားကို ထုတ်ပြလိုက်သောအခါ မဖြစ်နိုင်တော့မှန်း သူ သိလိုက်သည်။ ကျိမာမိသားစုကိုယ်တိုင်ပင် လုံချန်းကို သတ်ရန် မူရူးမိသားစုအား ကူညီကြပေလိမ့်မည်။

​သူတော်စင် သတ်ဖြတ်သူ၏ နာမည်မှာ အလွန် ကြောက်စရာကောင်းလှသည်။ ဤနေရာမှ လူတိုင်းက သူ့ကို မုန်းတီးကြသည်။ သူတော်စင် သတ်ဖြတ်သူ၏ အမွေဆက်ခံသူကို မည်သူမျှ ကူညီကြမည် မဟုတ်ပေ။

​"ငါ ဘာမှ မတတ်နိုင်တော့ဘူး။ ဒီလူကို ကယ်လို့ မရတော့ဘူး" ကျိမာမျိုးနွယ်စု ရထားလုံးအတွင်းမှ ပုဂ္ဂိုလ်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

​"ငါ သူ့ကို ကူညီမယ့်အစား ဒုက္ခပိုပေးလိုက်သလို ဖြစ်သွားပြီ။ ကျိမာမျိုးနွယ်စုက အကြီးအကဲတွေ မကြာခင် ရောက်လာတော့မယ်။ သူတို့က ကူညီမယ့်အစား သူ့ကို တိုက်ခိုက်ကြလိမ့်မယ်။ ဟူး... သူတော့ သေရတော့မှာပဲ" ထိုသူက မျက်လုံးများကို မှိတ်ကာ ဆိုလိုက်သည်။

​အကြီးအကဲများသည် လုံချန်း၏ ရှေ့တွင် မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

​မူရူးမျိုးနွယ်စု၏ သခင်လေးသည် ရထားလုံးအတွင်းမှ ထွက်လာပြီး ပြုံးစစဖြင့် ကြည့်နေသည်။ လုံချန်းက သတ်ဖြတ်သူ ဖြစ်နေသည့်အတွက် အံ့သြနေသော်လည်း လုံချန်း မကြာခင် သေရတော့မည်ဆိုသည့် အချက်ကို သူ ပို၍ စိတ်ဝင်စားနေသည်။

​"အဲဒီနတ်ဆိုးရဲ့ မျိုးစေ့က နောက်တစ်ခါ ပေါ်လာပြန်ပြီပေါ့။ ဒီလူသတ်ဓားက ဒီလောကထဲမှာ နောက်တစ်ကြိမ် ခေါင်းပြလာပြန်ပြီ။ စောင့်နေလိုက်၊ မင်းကို သတ်ပြီး ဒီဓားဆိုးကြီးကို ဘယ်တော့မှ အလင်းမမြင်ရတော့အောင် ပိတ်လှောင်ပစ်မယ်" အကြီးအကဲများက လုံချန်းကို ပြောလိုက်သည်။

​"မင်းတို့တွေက မင်းတို့ရဲ့ သခင်မလေး အသက်ကို တကယ်ပဲ မကယ်ချင်တော့ဘူးလား။ ငါ့ကို သတ်ဖို့ ကြိုးစားရင်းနဲ့ သူ့ကိုပါ သတ်ချင်နေတာလား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။

​"သတ်လိုက်လေ၊ သတ်လိုက်စမ်း။ မင်းကို လွှတ်ပေးလိုက်ရင်လည်း မင်းက သူ့ကို သတ်မှာပဲဆိုတာ ငါတို့ သိတယ်။ မင်းက အဲဒီ နတ်ဆိုးကြီးရဲ့ နောက်လိုက်ပဲ မဟုတ်လား။ မင်းကို လွှတ်ပေးလိုက်ရင်တောင် အပြင်ရောက်ရင် မင်း သူ့ကို သတ်မှာပဲ" မူရူးမျိုးနွယ်စုမှ အကြီးအကဲက လုံချန်းကို စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။

​"အဲဒါ မင်းတို့ ပေးချင်တဲ့ ဆင်ခြေလား။ ကောင်းပြီလေ... ငါကတော့ အပြင်ရောက်ရင် သူ့ကို အနာအဆာမရှိ လွှတ်ပေးဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ မင်းတို့က အဲဒီလို မဖြစ်စေချင်ဘူးဆိုရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူးပေါ့" လုံချန်းက ဘာကိုမျှ ကြောက်ရွံ့ခြင်း မရှိဘဲ အေးအေးလူလူပင် ပြန်ပြောလိုက်သည်။

အခန်း (၆၄၂) ရန်သူကို ချစ်မိခြင်း

​"ကြည့်ရတာ မင်းပြောတာ မှန်ပုံပဲ။ ဒီလူတွေက မင်းကို ကယ်ဖို့ လာကြတာ မဟုတ်ဘူး။ သူတို့က မင်းအသက်ထက် ငါ့ကို သတ်ဖို့ကိုပဲ ပိုစိတ်ဝင်စားနေကြတာ" လုံချန်းက မိန်းကလေးကို ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။

​"အဲဒါက နင် အဲဒီဓားကို မထုတ်ခင်ကလေ။ အခုတော့ နင်က သူတော်စင် သတ်ဖြတ်သူ ရှန်းဝူရဲ့ အမွေဆက်ခံသူဆိုတာ သိသွားကြပြီဆိုတော့ နင့်လက်ထဲမှာ ငါ့အစ်ကိုတွေ ရှိနေရင်တောင် သူတို့ ဂရုစိုက်မှာ မဟုတ်တော့ဘူး။ နင့်ကို ဘယ်လိုနည်းနဲ့မဆို သတ်ကြမှာပဲ။ ဒါတင်မကဘူး... တခြားမိသားစုတွေ သိသွားရင်လည်း နင့်ခေါင်းကို လာဖြတ်ကြလိမ့်မယ်။ အခု စည်းဝိုင်းကလည်း အလုပ်လုပ်နေပြီဆိုတော့ နင် ထွက်ပြေးလို့ မရတော့ဘူး။ နင့်အတွက် အားလုံး ပြီးသွားပြီ" နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးက လုံချန်းကို ပြောလိုက်သည်။

​"ဒါကို မင်းက အန္တရာယ်ရှိတယ်လို့ ခေါ်တာလား" လုံချန်းက ပြုံးရင်း မေးလိုက်သည်။ "မင်း မသိသေးလို့ပါ။ ငါ ဒါထက် အဆပေါင်းများစွာ ပိုဆိုးတဲ့ အခြေအနေတွေကိုတောင် ကြုံဖူးတယ်" သူက ဘာကိုမျှ ဂရုမစိုက်သည့် မျက်နှာဖြင့် ဆိုလိုက်သည်။

​"နတ်ဆိုးမျိုးစေ့၊ မင်းကတော့ အဲဒီ ကျိန်စာသင့်ဓားနဲ့အတူ ပေါ်လာပြီပေါ့။ မင်းခြေထောက်နဲ့မင်း သေတွင်းထဲ လာတိုးတာဆိုတော့ အသတ်ခံဖို့သာ ပြင်ထားပေတော့" ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူက ဆိုကာ လုံချန်းရှိရာသို့ လက်ညှိုးထိုးလိုက်သည်။

​ရွှေရောင် အလင်းစက်လေး တစ်စက်မှာ သူ၏ လက်ညှိုးမှ ထွက်ပေါ်လာပြီး လုံချန်းရှိရာသို့ ပျံသန်းလာသည်။ လုံချန်းကတော့ ထိုအလင်းစက်မှာ သူ့ဆီ တည့်တည့်လာနေခြင်း မဟုတ်ဘဲ သူ၏ ခေါင်းပေါ်သို့ ဦးတည်နေသည်ကို မြင်သဖြင့် မလှုပ်မယှက်ပင် နေလိုက်သည်။

​လုံချန်းက သူတို့ မည်သို့ ထောင်ချောက်ဆင်ထားသနည်းဆိုသည်ကို သိချင်သလို သူတို့၏ ယုံကြည်ချက်ကို ရိုက်ချိုးပစ်ချင်သဖြင့် ဘာမှ မလုပ်ဘဲ စောင့်ကြည့်နေခြင်း ဖြစ်သည်။ လောလောဆယ်တွင် သူသည် မည်သည့် အန္တရာယ်ကိုမျှ ခံစားရခြင်း မရှိသေးပေ။

​ထိုအလင်းစက်မှာ သူ၏ ခေါင်းပေါ်သို့ ရောက်သောအခါ အလင်းစက်လေးများစွာအဖြစ် ကွဲထွက်သွားပြီး လုံချန်းနှင့် မိန်းကလေးကို ပိတ်လှောင်ထားသည့် ရွှေရောင်အကျဉ်းထောင် တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

​ကျင့်ကြံသူများသည် လုံချန်းကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုကြပေ။ သူတို့၏ အစီအစဉ်မှာ လုံချန်းကို အရှင်ဖမ်းပြီး မျိုးနွယ်စုခေါင်းဆောင်ထံ ခေါ်သွားရန် ဖြစ်သည်။ ထိုသို့ဆိုလျှင် မျိုးနွယ်စုခေါင်းဆောင်က လုံချန်းကို လူအများရှေ့တွင် သတ်ဖြတ်ပြခြင်းဖြင့် မကောင်းဆိုးဝါး ရှန်းဝူ၏ အမွေဆက်ခံသူကို သတ်နိုင်သူဟု နာမည်ကျော်ကြားကာ အာဏာနှင့် ဂုဏ်သတင်း ပိုမို ရရှိနိုင်မည် ဖြစ်သည်။

​လုံချန်းသည် မိမိပတ်လည်တွင် အကျဉ်းထောင် ဖြစ်ပေါ်လာသည်ကို မြင်ကတည်းက သူတို့၏ အကြံအစည်အား ရိပ်မိလိုက်သည်။

​"ငါထင်တာ မင်းမှားနေပုံပဲ။ သူတို့က ငါ့ကို ချက်ချင်း သတ်ချင်နေတာ မဟုတ်ဘူး" လုံချန်းက မိန်းကလေးကို ကြည့်ကာ ပြုံးစစဖြင့် ဆိုလိုက်သည်။ "အနည်းဆုံးတော့ အခုလောလောဆယ်အထိပေါ့"

​သူသည် ကျင့်ကြံသူများ သူ၏ အနီးအနားသို့ ရောက်လာသည်အထိ မလှုပ်မယှက် စောင့်နေလိုက်သည်။ အကြောင်းမှာ သူတို့က သူ၏ နေရာရွှေ့ပြောင်းခြင်း အကွာအဝေး အပြင်ဘက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းနှင့် အပြတ်ရှင်းချင်သည်။ ရန်သူများက သူ၏ ဓားကို သတိထားနေသဖြင့် အကျဉ်းထောင်ဖြင့် ပိတ်လှောင်ထားခြင်း ဖြစ်သော်လည်း လုံချန်းတွင် တခြားအစီအစဉ်များ ရှိနေသည်ကိုတော့ သူတို့ ရိပ်မိကြမည် မဟုတ်ပေ။

​အသတ်ရ အလွယ်ဆုံး ရန်သူမှာ သင်၏ အစွမ်းအစအမှန်ကို မသိဘဲ ပေါ့ဆနေသည့် ရန်သူပင် ဖြစ်သည်။ ထိုကျင့်ကြံသူများသည် လုံချန်းတွင် နေရာပြောင်းခြင်း စွမ်းရည်ရှိသည်ကို မသိကြပေ။ သူသာ အကွက်ချ တိုက်ခိုက်နိုင်လျှင် အဆင့် ၃ ကျင့်ကြံသူကို အလစ်အငိုက် တစ်ချက်တည်းဖြင့် သတ်နိုင်မည် ဖြစ်သည်။

​ထိုအင်အားကြီးသူကို သတ်ပြီးလျှင် ကျန်သည့်သူများကို ရှင်းထုတ်ရန်မှာ ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။ အမှောင် ယဇ်ပဏ္ဏာနှင့် စစ်ပလွေတို့ကို မသုံးဘဲ သူ သတိထားရမည့်သူမှာ ထိုတစ်ယောက်တည်းသာ ရှိသည်။

​"ဟက်... ငါကတော့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေဆက်ခံသူဆိုလို့ တကယ့် အစွမ်းထက်တဲ့သူ ထင်နေတာ၊ တကယ်တော့ ကလေးတစ်ယောက်ပဲကိုး။ ငါ့ရဲ့ စွမ်းရည်ထဲကနေတောင် ထွက်ပြေးဖို့ မကြိုးစားနိုင်ဘူး။ ဒီလောက် စွမ်းရည်မရှိတဲ့ ကောင်လေးကတော့ သိပ်ကြာကြာ အသက်ရှင်မှာ မဟုတ်ဘူး။ နှမြောဖို့ ကောင်းလိုက်တာ၊ သတ်ဖြတ်သူရဲ့ ဓားက ဘာလို့ ဒီလောက် ကြောက်တတ်တဲ့ ကလေးကိုမှ အမွေဆက်ခံသူအဖြစ် ရွေးချယ်လိုက်ရတာလဲ မသိဘူး" အဆင့် ၃ ကျင့်ကြံသူက ဆိုကာ လုံချန်းရှိရာသို့ လျှောက်လာသည်။

​လုံချန်း အလွယ်တကူ အဖမ်းခံလိုက်သည်ကို မြင်သဖြင့် သူသည် လုံချန်းကို အထင်သေးသွားခြင်း ဖြစ်သည်။ ကျင့်ကြံသူအားလုံးကလည်း လုံချန်းကို မာနကြီးသည့် ကောင်လေးတစ်ယောက်မှလွဲ၍ ဘာအရည်အချင်းမှ မရှိသူဟု ထင်မှတ်နေကြသည်။

​လုံချန်းက သူတို့ နီးကပ်လာသည်ကို ပြုံးကြည့်နေသည်။

​သူသည် မလိုအပ်ဘဲ ဘာမှမလုပ်သလို ကြောက်လန့်နေဟန်လည်း မဆောင်ပေ။ သူတို့က သူ့ကို အရည်အချင်းမရှိသော ကောင်လေးဟု ထင်နေခြင်းမှာ သူတို့အတွက် နောက်ဆုံးအမှား ဖြစ်သွားစေရန် လုံချန်းက စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

​"ဟူး... နင်တော့ အဖမ်းခံလိုက်ရပြီ။ နင့်အနေနဲ့ ငါ့ကို ဒဏ်ရာပေးပြီး သူတို့ကို ခြိမ်းခြောက်တာမျိုး ဒါမှမဟုတ် ကလဲ့စားချေတဲ့အနေနဲ့ ငါ့ကို သတ်တာမျိုး မလုပ်ချင်ဘူးလား။ အခု လုပ်လို့ရနေပြီလေ" မိန်းကလေးက လုံချန်းကို ကြည့်ကာ မေးလိုက်သည်။

​သူမသည် သူမ၏ ဓားစာခံဘဝမှာ ပြီးဆုံးသွားပြီဟု ယူဆထားသည်။ လုံချန်းအတွက် သူမက အသုံးမဝင်တော့သဖြင့် သူမကို သတ်သင့်နေပြီဟု ထင်နေခြင်း ဖြစ်သည်။ သူတော်စင် သတ်ဖြတ်သူ ရှန်းဝူ၏ အမွေဆက်ခံသူဆိုလျှင် လူသတ်ခြင်းကို ဝါသနာပါမည်ဟု သူမ တွေးထားသည်။ သို့သော် လုံချန်းက သူမကို အကျဉ်းထောင်ထဲတွင်ပင် ဘာကြောင့် ဒဏ်ရာမပေးသနည်းဆိုသည်ကို သူမ ဇဝေဇဝါ ဖြစ်နေရသည်။

​သူမသည် လုံချန်း၏ ခန့်ညားသော မျက်နှာကို ကြည့်ရင်း အဖြေကို စောင့်နေသည်။ သူမ မသိသည်မှာ သူမ မြင်နေရသည့် မျက်နှာမှာ လုံချန်း၏ မျက်နှာအစစ် မဟုတ်ဘဲ မျက်နှာဖုံးကြောင့် မြင်နေရသည့် မျက်နှာအတုသာ ဖြစ်သည်။ လုံချန်း၏ မျက်နှာအစစ်မှာ ယခုထက်ပင် ပို၍ ဆွဲဆောင်မှု ရှိသည်ကို သူမ မသိနိုင်ပေ။

​လုံချန်းက သူမကို ကြည့်ပြီး ပြုံးလိုက်သည်။

​"ငါ မင်းကို မသတ်ပါဘူး။ မင်းက အသုံးမကျတဲ့ ကလေးတစ်ယောက်ပဲလေ။ မင်း ငါ့ကို ပြဿနာအချို့ ပေးခဲ့တာ မှန်ပေမဲ့ ငါ တကယ်မုန်းတာက မင်းရဲ့ အစ်ကိုကိုပါ။ ဟက်... အဲဒီကောင်လည်း ဒီကို လာနေပြီပဲ။ ပျော်စရာကြီး" လုံချန်းက ဆိုလိုက်သည်။

​"နင်... ငါ့ကို တကယ် မသတ်ဘူးလား" မိန်းကလေးက မေးသည်။

​"အင်း... မင်းက တကယ့် အရူးမလေးပဲ။ အနည်းဆုံးတော့ မင်းက ငါ့ကို ထောင်ချောက်ဆင်မယ့်အစား ထွက်ပြေးဖို့ ပြောခဲ့သေးတာပဲ။ မင်းက ဒီပြဿနာတွေအားလုံးကို စခဲ့တဲ့ အရူးမလေး ဆိုပေမဲ့ တစ်ခုခုကြောင့် ငါ မင်းကို မသတ်ချင်ဘူး" လုံချန်းက ခေါင်းယမ်းရင်း ပြောလိုက်သည်။

​သူ ဆင်ခြေအမျိုးမျိုး ပေးနေသော်လည်း အမှန်တကယ် သူမကို မသတ်ရသည့် အကြောင်းရင်းမှာ သူမ၏ မျက်နှာမှာ သူ ကြိုက်ခဲ့ဖူးသည့် ရွှေနိုင်ငံမှ တတိယမင်းသမီး ယွဲ့ဖေးနှင့် အစစ်အမှန် တူနေသောကြောင့် ဖြစ်သည်။ သူမနှင့် တူသော သူ၏ လည်ပင်းကို သူ မချိုးရက်ပေ။ ထို့အပြင် ထိုမိန်းကလေးမှာလည်း နောက်ဆုံးအချိန်တွင် သူ၏ ဘေးကင်းမှုအတွက် စိုးရိမ်ပြခဲ့သည် မဟုတ်လော။

​လုံချန်းက အမှန်တရားကို တစ်စိတ်တစ်ပိုင်းသာ ပြောခဲ့သော်လည်း မိန်းကလေးကတော့ လုံချန်း၏ တည်ကြည်သော မျက်နှာကို ကြည့်ပြီး ယုံကြည်သွားခဲ့သည်။

​သူမ၏ နှလုံးသားမှာ တစ်စုံတစ်ခုကြောင့် စတင် ခုန်မြန်လာသည်။ လုံချန်း၏ သတ္တိအား မြင်ပြီး သူမသည် စတင် စိတ်ဝင်စားနေခဲ့သော်လည်း သူက သတ်ဖြတ်သူ၏ အမွေဆက်ခံသူဆိုသည်ကို သိလိုက်ရချိန်တွင် ကြောက်စိတ်က ဖုံးလွှမ်းသွားခဲ့သည်။ သို့သော် ယခု လုံချန်းက သူမကို မသတ်ဘဲ ဂရုစိုက်ပြလိုက်သောအခါ လုံချန်းမှာ လူဆိုးမဟုတ်ဟု သူမ ယူဆလိုက်သည်။

​သူမ၏ စိတ်ဝင်စားမှုက ကြောက်စိတ်ကို ပြန်လည် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာမှာ နီမြန်းလာပြီး လုံချန်းကို စတင် ချစ်မိသွားတော့သည်။

​"မင်း သွားလို့ရပြီ။ မင်း ဒီနေ့ အသက်ရှင်လိမ့်မယ်၊ ဒါပေမဲ့ မင်းရဲ့ အစ်ကိုနဲ့ တခြားသူတွေအတွက်တော့ ငါ အာမမခံနိုင်ဘူး" လုံချန်းက အကြီးအကဲများ သူ၏ အနားသို့ ရောက်လာချိန်တွင် မိန်းကလေးကို လွှတ်ပေးလိုက်သည်။

​မိန်းကလေးမှာ လွတ်မြောက်သွားသော်လည်း လုံချန်းကို စတင် ယုံကြည်စပြုလာသည်။ သူမသည် လုံချန်းကို ပို၍ စွဲလမ်းလာပြီး တခြား မည်သည့်ယောကျ်ားအပေါ်မှာမှ မခံစားဖူးသည့် ဆွဲဆောင်မှုကို ခံစားနေရသည်။ လုံချန်း သေဆုံးသွားသည်ကို သူမ မမြင်လိုတော့ပေ။ လုံချန်းကို လွတ်မြောက်စေချင်ပြီး သူမကိုပါ ခေါ်သွားစေချင်နေသည်။ သူမ၏ နှလုံးသားထဲမှ စိတ်ကူးယဉ်မှုလေးမှာ လုံချန်းကို ရူးရူးမူးမူး ချစ်မိသွားသည့် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

​သူမသည် လုံချန်းကို ချစ်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

​"နင်... စိတ်မပူပါနဲ့။ သူတို့ နင့်ကို အိမ်ခေါ်သွားပြီးရင် ငါ နင့်ကို လွတ်အောင် ကူညီပေးပါ့မယ်။ မကြောက်ပါနဲ့နော်။ နင် လွတ်မြောက်စေရမယ်။ သူတို့ နင့်ကို ချက်ချင်း မသတ်ဘူးဆိုရင် ငါ့မှာ အချိန်ရှိပါတယ်။ နင့်ကို ကယ်ဖို့ ငါ တတ်နိုင်သမျှ အကုန်လုပ်ပါ့မယ်" မိန်းကလေးက လုံချန်းကို တိုးတိုးလေး ပြောလိုက်သည်။

​လုံချန်းတစ်ယောက်သာ သူမပြောသည်ကို ကြားလိုက်ရသည်။ သူကတော့ မိန်းကလေး တကယ် ရူးသွားပြီလောဟု နားမလည်နိုင်သလို ကြည့်လိုက်မိသည်။

​"မလိုပါဘူး။ ငါ ဘယ်လို ထွက်သွားရမလဲဆိုတာ သိပြီးသားပါ" လုံချန်းက အေးအေးလူလူပင် ပြန်ပြောလိုက်သည်။

All Chapters