← Chapters

အခန်း (၆၄၇-၆၄၈)

Vol. 65 Ch. 647-648

အခန်း (၆၄၇-၆၄၈)

Vol. 65 Ch. 647-648

အခန်း (၆၄၇) ကျိန်စာသင့် လည်ဆွဲလား

​လုံချန်းသည် ဟင်းလင်းပြင် ဝင်ပေါက်ထဲသို့ ဝင်ရောက်ကာ စီစစ်ရေးမြို့တော်မှ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ထိုမြို့တွင် ခဏလောက် ထပ်နေပြီး မြို့အနှံ့ လည်ပတ်ကြည့်ရှုကာ ဈေးဝယ်ချင်ခဲ့သော်လည်း ဖြစ်ပျက်သွားသည့် အခြေအနေများကြောင့် သူ၏ အစီအစဉ်များ အနည်းငယ် ပျက်ပြားသွားခဲ့ရသည်။ သို့သော်လည်း ဤအရာမှာ သူ့အတွက်တော့ သိပ်ပြီး အနှောင့်အယှက် မဖြစ်လှပေ။

​သူ၏ အဓိကပန်းတိုင်မှာ ကျိရှန်းကို ရှာဖွေရန်သာ ဖြစ်သည်။ ဤနေရာတွင် နေထိုင်ရန်မှာ သူ၏ ရည်ရွယ်ချက် မဟုတ်ဘဲ တိုက်ကြီးအသစ်ကို လေ့လာရန်နှင့် အခြေအနေများအား သိရှိရန်သာ ဖြစ်သည်။ သူသည် မြို့၏ အရေးကြီးသော အစိတ်အပိုင်းများကိုပင် မမြင်ရသေးသလို အသစ်ရောက်လာသူများအား စစ်ဆေးသည့်နေရာကိုလည်း မရောက်ခဲ့ရသော်လည်း သူ ဂရုမစိုက်ပေ။

​သူသည် မည်သည့်နိုင်ငံကိုမျှ ဝင်ရောက်ပူးပေါင်းရန် စစ်ဆေးမှု ခံယူလိုစိတ် မရှိပေ။ သူ့တွင် ဤနိုင်ငံ၏ ဝင်ခွင့်လက်မှတ်လည်း မရှိရာ ရွေးချယ်ခံရဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ရွေးချယ်ခံရလျှင်တောင်မှ သူ သွားမည်မဟုတ်ပေ၊ အကြောင်းမှာ သူ လိုက်လံရှာဖွေနေသည့် ကျိရှန်းမှာ ဤမြို့တွင် မရှိသောကြောင့် ဖြစ်သည်။

​လူသူကင်းမဲ့သော နေရာတစ်နေရာ၏ အလယ်တွင် ဟင်းလင်းပြင် ပုံပျက်ယွင်းမှုတစ်ခု ဖြစ်ပေါ်လာပြီး အက်ကြောင်း တစ်ကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုအက်ကြောင်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး ဟင်းလင်းပြင် ဝင်ပေါက် တစ်ပေါက် ဖြစ်ပေါ်လာတော့သည်။

​လူတစ်ယောက်သည် ထိုဝင်ပေါက်ထဲမှ ထွက်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

​လုံချန်းသည် မြို့မှ လွတ်မြောက်လာပြီး စစ်ဆေးရေးမြို့သို့ သွားစဉ်က ဖြတ်သန်းခဲ့သည့် တောကန္တာရထဲသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။ သူ၏ ဟင်းလင်းပြင် ဖြတ်သန်းခြင်း စွမ်းရည်မှာ သူကိုယ်တိုင် မြင်တွေ့ဖူးသည့် နေရာများထဲမှ ကီလိုမီတာ ၄၀၀ ပတ်လည်အတွင်းကိုသာ သွားနိုင်ခြင်း ဖြစ်ရာ တခြားနေရာသစ်များကို မမြင်ဖူးသေးသဖြင့် ဤတောကန္တာရထဲသို့သာ ပြန်လာခဲ့ရခြင်း ဖြစ်သည်။

​လုံချန်းသည် သဲကန္တာရထဲတွင် ဆင်းသက်လိုက်သည်။

​"ဒီတစ်ခေါက် အတွေ့အကြုံကတော့ မဆိုးပါဘူး။ ဘုရင်ဓားရဲ့ စွမ်းအားသစ်တစ်ခုကို ငါ ဖွင့်လိုက်နိုင်သလိုပဲ။ အခုဆိုရင် အဲဒီဓားက ငါ့ရဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါကို သုံးပြီး သူ့ရဲ့အစွမ်းကို မြှင့်နိုင်သလို ရန်သူ့ရဲ့ ကာကွယ်ရေးကိုလည်း အားနည်းသွားစေနိုင်ပြီ။ သူတော်စင်ဘုရင်ရဲ့ ဓားလို့ မပြောရဘူး၊ သူ့အကြောင်း ပုံပြင်တွေထဲကလိုပဲ တကယ်ကို အံ့မခန်းပါပဲ။ ဒါပေမဲ့ ဒီလူတွေက သူ့ကို ဘာလို့ သူတော်စင် သတ်ဖြတ်သူလို့ ခေါ်ကြတာလဲဆိုတာ ငါ ခုထိ နားမလည်သေးဘူး" လုံချန်းက စစ်ဆေးရေးမြို့ ရှိရာဘက်သို့ လှည့်ကြည့်ရင်း ရေရွတ်လိုက်သည်။

​"နင် အံ့သြမနေပါနဲ့။ နင့်အတွက် သူရဲကောင်းဖြစ်တဲ့သူက တခြားတစ်ယောက်အတွက်တော့ လူဆိုးဖြစ်နေနိုင်တာပဲလေ။ သူရဲကောင်းတိုင်းဟာ သတ်ဖြတ်မှုတွေ လုပ်ရတယ်၊ သူတို့လက်မှာ သွေးစွန်းရစမြဲပဲ။ အထူးသဖြင့် ရန်သူတွေလက်ကနေ ကိုယ့်နယ်မြေကို ကာကွယ်တဲ့အခါမျိုးမှာပေါ့။ သူ ကာကွယ်ပေးတဲ့ လူတွေအတွက် သူက သူရဲကောင်း ဖြစ်ပေမဲ့ သူ သတ်လိုက်တဲ့လူတွေအတွက်တော့ သူက လူဆိုးပဲ။ အဲဒါက ရိုးရိုးလေးပါပဲ" ရွှင်းက လုံချန်းအနားတွင် ပေါ်လာပြီး ပြောလိုက်သည်။

​"ဒါပေမဲ့ သူတော်စင်ဘုရင် ရှန်းဝူက ဒီတိုက်ကြီးရဲ့ သူရဲကောင်းတင် မဟုတ်ဘူးလေ။ ငါ ကြားဖူးသလောက်ဆိုရင် သူက ဒီကမ္ဘာကြီးရဲ့ သူရဲကောင်း၊ လူသားမျိုးနွယ် တစ်ခုလုံးကို ကယ်တင်ခဲ့တဲ့သူ။ ဒါက တကယ်ကို ထူးဆန်းနေတယ်။ သူတော်စင်ဘုရင်နဲ့ ဒီတိုက်ကြီးက လူတွေကြားမှာ တစ်စုံတစ်ရာ ဆိုးဝါးတဲ့ သမိုင်းကြောင်း ရှိခဲ့ပုံရတယ်" လုံချန်းက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

​"အဲဒါလည်း ဖြစ်နိုင်တာပဲ" ရွှင်းက ပြန်ပြောသည်။

​"ထားလိုက်ပါတော့၊ မကြာခင် ငါ အဖြေသိရမှာပါ။ ကျိရှန်းလည်း ဒါကို သတိထားမိမှာပဲ၊ သူ့ဆီမှာ အဖြေရှိနိုင်တယ်" လုံချန်းက ပြောရင်း အောက်သို့ ငုံ့ကြည့်လိုက်သည်။

​"ငါ့ရဲ့ ဝိညာဉ်ဓားက အရင်လို ငါ့ကို သယ်နိုင်ပါဦးမလား မသိဘူး။ နည်းနည်းတော့ ထိခိုက်သွားပြီဆိုတော့" လုံချန်းက သူ၏ ရှေးဟောင်းလက်စွပ်ကို ကြည့်ရင်း ဝိညာဉ်ဓားကို ထုတ်ရမလား သို့မဟုတ် နေဝါးမျိုလင်းယုန် နှင့် ခရီးဆက်ရမလား စဉ်းစားနေမိသည်။

​သူသည် ရွှင်းထံမှ အဖြေကို စောင့်ရင်း လှည့်ကြည့်လိုက်စဉ် အကွာအဝေးတစ်ခုတွင် တစ်ခုခု တောက်ပနေသည်အား သတိပြုမိလိုက်သည်။ ၎င်းမှာ ထူးဆန်းသော ပုံစံများပါရှိသည့် လည်ဆွဲတစ်ကုံးနှင့် တူနေသည်။

​"ဝိညာဉ်ဓားက ကိုယ်ထည် ထိခိုက်သွားတာပါ။ အထဲက ဝိညာဉ်ကတော့ အကောင်းတိုင်း ရှိနေပါသေးတယ်။ နင် အဲဒါကို စိတ်မပူပါနဲ့၊ နင့်ကို ကောင်းကောင်း သယ်ဆောင်နိုင်ပါလိမ့်မယ်" ရွှင်းက ပြောလိုက်သော်လည်း လုံချန်းမှာ တခြားအရာတစ်ခုအား အာရုံရောက်နေသည်ကို သူမ သတိထားမိသွားသည်။

​လုံချန်းသည် ရွှင်း၏ စကားကို ကြားသော်လည်း ထိုလည်ဆွဲကို စိတ်ဝင်စားသွားသဖြင့် ပြန်မဖြေဖြစ်ပေ။ အဝေးက လှမ်းကြည့်နေရသော်လည်း ထိုအရာထံမှ ချီစွမ်းအင် အချို့ကို သူ ခံစားနေရသည်။

​ယခင်က သူ ဤနေရာကို ပျံသန်းဖြတ်ကျော်စဉ်က သတိမထားမိခဲ့သော်လည်း ယခု မြေပြင်ပေါ်တွင် ရပ်နေချိန်တွင်မူ မြေပြင်ပေါ်ရှိ ထိုလည်ဆွဲကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

​လုံချန်းသည် မျက်မှောင်ကြုတ်လျက် ထိုလည်ဆွဲရှိရာသို့ လျှောက်သွားလိုက်သည်။ ဤကဲ့သို့ နေရာမျိုးတွင် လည်ဆွဲတစ်ကုံးက ဘာလုပ်နေသနည်းဟု သူ တွေးတောနေမိသည်။ ၎င်းမှာ သာမန်လည်ဆွဲတစ်ခုနှင့် မတူဘဲ ရတနာလက်နက် တစ်ခုနှင့် တူနေသည်။

​လုံချန်းသည် ၎င်းအနားသို့ ရောက်သောအခါ စူးစမ်းစွာ ကြည့်လိုက်သည်။

​သူက ကောက်ယူရန် လက်ဖြင့် တို့လိုက်သည်နှင့်တစ်ပြိုင်နက် ထိုလည်ဆွဲမှာ တောက်ပလာပြီး ပျောက်ကွယ်သွားတော့သည်။

​"ဒါ ဘာဖြစ်တာလဲ" လုံချန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ လည်ဆွဲ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သူ ထိတ်လန့်နေစဉ်မှာပင် သူ၏ ခြေဖဝါးအောက်တွင် ကြီးမားသော ဝင်္ကပါ တစ်ခု ပေါ်လာပြီး တောက်ပလာတော့သည်။

​"ဒီဝင်္ကပါက... ဒါက..." လုံချန်းက ရေရွတ်ရင်း ပျောက်ကွယ်သွားတော့သည်။

​"... နေရာပြောင်း ဝင်္ကပါပဲ" သူ စကားကို အဆုံးသတ်လိုက်ချိန်တွင်မူ သူသည် နေရာသစ်တစ် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

​သူ၏ ပတ်ဝန်းကျင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

​သဲကန္တာရ၏ ကျယ်ပြောသော ပတ်ဝန်းကျင်နှင့် မတူဘဲ ဤနေရာမှာ ပိတ်လှောင်ထားသည့် နေရာတစ်ခုနှင့် တူသည်။

​လုံချန်းသည် လူသွားလမ်းရှည်ကြီး တစ်လမ်းထဲတွင် ရောက်နေခြင်း ဖြစ်သည်။ သူ၏ နောက်ကျောတွင် နံရံတစ်ချပ် ရှိနေပြီး ရှေ့သို့သွားရန် လမ်းတစ်လမ်းသာ ရှိတော့သည်။

​"တောက်... ငါ ဘယ်ကို ရောက်နေတာလဲ" လုံချန်းက ကျိန်ဆဲရင်း ရေရွတ်လိုက်သည်။

​"ငါလည်း မသိဘူး။ ဒီနေရာက ရှေးဟောင်းအပျက်အစီးတွေ ဖြစ်နိုင်သလို အသုံးမဝင်တဲ့ အဆောက်အအုံတစ်ခုလည်း ဖြစ်နိုင်တာပဲ။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ငါ နားလည်သလောက်ဆိုရင် အဲဒီလည်ဆွဲက ဟင်းလင်းပြင် ဝင်္ကပါ တစ်ခုကို ဖုံးကွယ်ထားတာပဲ။ အဲဒါက ဒီနေရာပြောင်း ဝင်္ကပါကို အလုပ်လုပ်စေတဲ့ သော့ချက် ဖြစ်ရမယ်။ အဲဒီဝင်္ကပါက နင့်ကို ဒီကို ပို့လိုက်တာပဲ" ရွှင်းက ရှင်းပြသည်။

​"ဒါဆို ငါတို့ ဘယ်ရောက်နေမှန်း မသိဘူးပေါ့ ဟုတ်လား။ လူသူမရှိတဲ့ နေရာတစ်ခုရဲ့ အလယ်ခေါင်လည်း ဖြစ်နိုင်တာပဲ။ ငါ တောကန္တာရထဲကို ပြန်သွားနိုင်ပါဦးမလားတောင် မသိဘူး။ ငါ မြင်ဖူးတဲ့ နေရာတွေနဲ့ ကီလိုမီတာ ၄၀၀ ကျော်လွန်သွားပြီဆိုရင် ဟင်းလင်းပြင် ဖြတ်သန်းခြင်း စွမ်းရည်နဲ့ ဒီကနေ ထွက်လို့ ရမှာ မဟုတ်တော့ဘူး။ ဒီအသုံးမကျတဲ့ လည်ဆွဲ၊ ရတနာမှတ်လို့ ကောက်လိုက်မိတာ၊ တကယ်တော့ အသုံးမကျတဲ့ ကျိန်စာသင့်လည်ဆွဲပဲ" လုံချန်းက ဒေါသတကြီး ဆိုလိုက်သည်။

​"အဲဒါလည်း ဖြစ်နိုင်တာပဲ။ စမ်းကြည့်လိုက်လေ" ရွှင်းက အကြံပေးသည်။

​လုံချန်း၏ မျက်လုံးများမှာ ကြယ်ရောင်တောက်သော အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင် ဖြတ်သန်းခြင်း စွမ်းရည်ကို သုံးရန် ကြိုးစားသော်လည်း အလုပ်မဖြစ်ပေ။

​လုံချန်းသည် အသက်ပြင်းပြင်းရှူပြီး သက်ပြင်းချလိုက်သည်။

​"ဟုတ်တယ်... အလုပ်မလုပ်ဘူး။ ငါ မြင်ဖူးတဲ့ နေရာတွေရဲ့ အကွာအဝေး အပြင်ဘက်ကို ရောက်နေပြီပဲ။ ဒီနေရာကနေ ဟင်းလင်းပြင် ဖြတ်သန်းခြင်းနဲ့ ထွက်ဖို့ မဖြစ်နိုင်တော့ဘူး" သူက စိတ်ပျက်လက်ပျက် ဆိုလိုက်သည်။

​"ငါကလည်း အဲဒီ အသုံးမကျတဲ့ လည်ဆွဲကိုမှ သွားထိမိရတယ်လို့။ ကျိရှန်းဆီကိုပဲ တည့်တည့် သွားခဲ့သင့်တာ" လုံချန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်နေမိသည်။

​"စိတ်မပူပါနဲ့။ အဲဒီလည်ဆွဲက နင့်ကို ဒီကို ပို့လိုက်တယ်ဆိုရင် ဒီမှာ တစ်ခုခု ရှိလို့နေမှာပါ။ ရတနာတွေတောင် ရှိနိုင်ပါတယ်။ ပြီးတော့ ဒီနေရာမှာ ထွက်ပေါက်လည်း ရှိမှာပါ၊ မျှော်လင့်ချက် မပျက်ပါနဲ့ဦး" ရွှင်းက အားပေးလိုက်သည်။

​"အဲဒီလည်ဆွဲက ကျိန်စာသင့်လည်ဆွဲ ဖြစ်နေမယ့် အခြေအနေကိုရော နင် စဉ်းစားမိလား။ ဒီနေရာက ထွက်ပေါက်မရှိတဲ့ အကျဉ်းထောင်တစ်ခုလည်း ဖြစ်နေနိုင်တာပဲ။ တကယ်လို့သာ အဲဒီလို ဖြစ်နေရင်တော့ ငါ့မှာ ရှိသမျှ စွမ်းအားတွေနဲ့ ဒီနေရာကို အစအနမကျန် ဖျက်ဆီးပစ်မယ်" လုံချန်းက ဆိုလိုက်သည်။

​"ဒါက ရတနာတွေရှိတဲ့ ရှေးဟောင်းနေရာလား ဒါမှမဟုတ် တခြားအရာလားဆိုတာ တစ်နေရာလုံးကို ရှာကြည့်ပြီးမှ သိရမှာပါ။ အချိန်မဖြုန်းပါနဲ့တော့" ရွှင်းက ပြောသည်။

​"ငါတို့ အခု အချိန်ဖြုန်းနေမိပြီလေ။ တကယ်ဆို ငါတို့ သွားရမယ့် ခရီးကို ရောက်နေသင့်ပြီ၊ အခုတော့ ဒီအရာကို သွားထိမိလို့..." လုံချန်းက စိတ်ပျက်စွာ ပြောလိုက်သည်။

​"ထားလိုက်ပါတော့၊ နင်ပြောတာလည်း ဟုတ်ပါတယ်။ ဒီနေရာမှာ ဘာတွေ ရှိမလဲဆိုတာ ကြည့်ရသေးတာပေါ့" ထိုသို့ ဆိုကာ လူသွားလမ်းထဲသို့ စတင် ခြေလှမ်းလိုက်သည်။

​"ဒါနဲ့ ငါတို့မှာ အချိန်တွေ အများကြီး ရှိနေပြီဆိုတော့... ဟို ဓားကို ပြန်သွန်းလုပ်တဲ့ အကြောင်း ဆက်ပြောပြပါဦး။ ဝိညာဉ်ဓားကို ပိုကောင်းအောင် ပိုပြီး အစွမ်းထက်တဲ့ ဓားနဲ့ ဘယ်လို ပြန်သွန်းလုပ်ရမှာလဲ" လုံချန်းက ရွှင်းကို မေးလိုက်သည်။

​"နင်က မြေကမ္ဘာအဆင့် ပန်းပဲပညာရှင် ဆိုရင်တော့ လုပ်ငန်းစဉ်က ရိုးရှင်းပါတယ်။ ဒါပေမဲ့ နင်က အဲဒီလို မဟုတ်ဘူးဆိုတော့ နင်ကိုယ်တိုင် လုပ်နိုင်မယ် မထင်ဘူး။ နင့်အနေနဲ့ ယုံကြည်ရတဲ့ မြေကမ္ဘာအဆင့် ပန်းပဲပညာရှင် တစ်ယောက်ကို ရှာရမယ်။ ပြီးရင် ထိခိုက်နေတဲ့ ဝိညာဉ်ဓားနဲ့ အဆင့်မြင့်တဲ့ ဓားတစ်လက်ကို ပေးပြီး ပြန်သွန်းလုပ်ခိုင်းရမှာပါ။ တခြား လိုအပ်တဲ့ ပစ္စည်းအချို့လည်း ရှိဦးမယ်၊ အဲဒါတွေကိုတော့ ပန်းပဲပညာရှင်က ပြောပြပါလိမ့်မယ်" ရွှင်းက ရှင်းပြသည်။

​"တကယ်လို့ ငါက အခြေခံပစ္စည်းအဖြစ် သုံးမယ့်ဓားကို ကောင်းကင်ဘုံအဆင့် ဓား ဖြစ်စေချင်ရင်ရော။ မြေကမ္ဘာအဆင့် လက်နက်သွန်းလုပ်သူက ငါ့ဓားရဲ့ ဝိညာဉ်ကို မထိခိုက်စေဘဲ ဒါကို လုပ်ပေးနိုင်မလား" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"သူတို့ မလုပ်နိုင်ဘူး။ တကယ်လို့ နင်က ကောင်းကင်ဘုံအဆင့် ဓားကို အခြေခံအဖြစ် သုံးချင်တယ်ဆိုရင် ကောင်းကင်ဘုံအဆင့် ပန်းပဲပညာရှင်ကို ရှာရလိမ့်မယ်။ အဲဒီလို သွန်းလုပ်ပြီးရင် ရလာမယ့်ဓားကလည်း ကောင်းကင်ဘုံအဆင့် ဖြစ်သွားမှာမို့လို့ပါ။ ဒါပေမဲ့ နင် သေချာ ရှာကြည့်မယ်ဆိုရင်တော့ ဒါကို လုပ်နိုင်တဲ့ ထူးချွန်တဲ့ မြေကမ္ဘာအဆင့် အထွက်အထိပ် ပန်းပဲပညာရှင်မျိုး တွေ့နိုင်ကောင်းပါရဲ့" ရွှင်းက လုံချန်းကို ပြန်လည် ဖြေကြားလိုက်သည်။

အခန်း (၆၄၈) သေဆုံးသွားတဲ့ ဝိညာဉ်လား

​လုံချန်းသည် ရွှင်း၏ စကားကို ကြားသောအခါ သက်ပြင်းချလိုက်မိသည်။

​"ပန်းပဲပညာရှင်တစ်ယောက်ကို ရှာဖို့တင် ခက်နေတာ၊ ကောင်းကင်ဘုံအဆင့် ပန်းပဲပညာရှင်ဆိုတာ ပိုတောင် ခက်ဦးမယ်။ တကယ်လို့ ရှာတွေ့ခဲ့ရင်တောင် သူတို့က ငါ့ရဲ့ ဝိညာဉ်ဓားကို မက်မောပြီး လုယူဖို့ မကြိုးစားဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ဒါကြောင့် မြေကမ္ဘာအဆင့် ပန်းပဲပညာရှင်ဆီပဲ သွားတာ ပိုကောင်းလိမ့်မယ်။ သူတို့က ငါ့ထက် ပိုအားနည်းတော့ တစ်မျိုးတော့ စိတ်ချရတာပေါ့" လုံချန်းက ရေရွတ်ရင်း အဆိုးထဲက အကောင်းကို ရှာလိုက်သည်။

​"ငါ အဆင်သင့်ဖြစ်တဲ့အခါမှ ဒီဓားကို ထပ်ပြီး အဆင့်မြှင့်လို့ ရတာပဲဥစ္စာ" သူက ဆက်ပြောလိုက်သည်။

​လုံချန်းသည် မှောင်မည်းနေသော လူသွားလမ်းရှည်ကြီးထဲတွင် လျှောက်လှမ်းနေပြီး ရွှင်းကလည်း သူ့ဘေးတွင် ဝဲပျံလိုက်ပါလာသည်။ ရုတ်တရက် ရွှင်း၏ မျက်နှာရိပ်မျက်နှာကဲမှာ ပို၍ တည်ကြည်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

​"နေဦး... ဒီမှာ တစ်ခုခု မှားနေပြီ" ရွှင်းက ပြောလိုက်ပြီး ရပ်တန့်သွားသည်။

​လုံချန်းသည်လည်း သူမစကားကြောင့် ချက်ချင်း ရပ်လိုက်ပြီး သူမ ဘာဆက်ပြောမလဲဆိုတာကို စောင့်ကြည့်နေမိသည်။

​"ရှေ့က ကြမ်းပြင်ကို သေချာ ကြည့်စမ်းပါဦး" သူမက လုံချန်းကို သတိထားရန် အချက်ပေးလိုက်သည်။

​လုံချန်းသည်လည်း သူမ ဘာကို သတိထားမိသွားသလဲဆိုတာကို သိချင်သဖြင့် ရှေ့က ကြမ်းပြင်ကို သေချာ အာရုံစိုက်ကြည့်လိုက်သည်။ ခဏအကြာတွင်မူ လုံချန်း၏ မျက်နှာတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။

​"နင်ပြောတာ မှန်တယ်၊ ရှေ့က ကြမ်းပြင်က တစ်မျိုး ဖြစ်နေတယ်။ အခုထိ လျှောက်လာတဲ့ ကြမ်းပြင်က ညီညာနေပေမဲ့ ရှေ့က ကြမ်းပြင်ကတော့ မညီမညာ ဖြစ်နေတယ်။ မြေပြင်ထက် နည်းနည်း ကြွနေတဲ့ နေရာတွေ အများကြီးပဲ။ အဲဒါတွေက ထောင်ချောက်တွေ ဖြစ်နိုင်တယ်" လုံချန်းက ဆိုလိုက်သည်။

​"ဟုတ်တယ်၊ ရှေ့မှာ ထောင်ချောက်တွေ သေချာပေါက် ရှိနေတယ်။ ငါ သိသလောက်ဆိုရင် ဒီလို ထောင်ချောက်မျိုးတွေ အများကြီး ရှိတတ်တယ်။ အဲဒီ မညီမညာ ဖြစ်နေတဲ့ နေရာတွေကို နင်းမိတာနဲ့ ထောင်ချောက်က အလုပ်လုပ်ပြီး နင် အန္တရာယ်ဖြစ်သွားလိမ့်မယ်" ရွှင်းက ပြောသည်။

​"အဲဒါက ဖြစ်နိုင်ပေမဲ့ ငါ့စိတ်ထဲ တစ်မျိုးပဲ။ ဘယ်သူက ဒီလို ထောင်ချောက်မျိုးကို လုပ်ပါ့မလဲ။ ဘာလို့ ဒီလောက် သိသာအောင် လုပ်ထားရတာလဲ။ သူတို့အနေနဲ့ ကြမ်းပြင်ကို ညီအောင် လုပ်ထားရင် ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ။ ထောင်ချောက်အတွက် ကြမ်းပြင်ကို မညီမညာ လုပ်ထားဖို့ မလိုဘူး မဟုတ်လား" လုံချန်းက စဉ်းစားတွေးတောနေသည့် လေသံဖြင့် ဆိုလိုက်သည်။

​"နေဦး... နင် ပြောချင်တာက..." ရွှင်း၏ မျက်နှာတွင်လည်း နားလည်သွားသည့် အမူအရာ ပေါ်လာသည်။

​"အေး... ဒါက ထောင်ချောက် ဖြစ်နိုင်ပေမဲ့ နင်ထင်သလို ထောင်ချောက်မျိုး မဟုတ်လောက်ဘူး။ သူတို့က တမင်တကာ သိသာအောင် လုပ်ထားတာပဲ။ ဝင်လာတဲ့လူတွေရဲ့ ဉာဏ်စမ်းကို စမ်းသပ်တာလည်း ဖြစ်နိုင်တယ်။ ငါ ထင်တာကတော့ အဲဒီ ကြွတက်နေတဲ့ နေရာတွေကမှ တကယ့် အန္တရာယ်ကင်းတဲ့ နေရာတွေ ဖြစ်ပြီး ထောင်ချောက်ကို အလုပ်မလုပ်စေတာ ဖြစ်လိမ့်မယ်။ လူတွေ သံသယဖြစ်ဆုံး သိသာနေတဲ့ နေရာကမှ ဘေးကင်းပြီး၊ ဘေးကင်းပုံရတဲ့ ညီညာတဲ့ နေရာကမှ တကယ့် အန္တရာယ်ရှိတဲ့ နေရာ ဖြစ်နေမှာ" လုံချန်းက ပြုံးရင်း ပြောလိုက်သည်။

​သူသည် တစ်ခုခုကို သိရှိသွားပြီဟု ခံစားလိုက်ရသည်။

​"အဲဒါလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ တခြား အခြေအနေတစ်ခုကော ရှိနိုင်မလား။ နင် အခု တွေးနေတာက သူတို့က ဉာဏ်ကောင်းတဲ့ လူတွေကို တွေးစေချင်တဲ့ အရာမျိုး ဖြစ်နေပြီး နင်က အဲဒီလို တွေးပြီး သိသာလွန်းတဲ့ ထောင်ချောက်တွေကို တမင် နင်းမိအောင် လုပ်ထားတာလည်း ဖြစ်နိုင်တာပဲ။ သူတို့က နင့်ကို လှောင်နေတာလည်း ဖြစ်နိုင်တယ်။ ဉာဏ်ကောင်းပါတယ်ဆိုတဲ့ လူတွေကို ဒီလို ရိုးစင်းလွန်းတဲ့ ထောင်ချောက်တွေနဲ့ သတ်ရတာလောက် ဘယ်အရာက ပိုကောင်းဦးမှာလဲ" ရွှင်းက နောက်ထပ် အခြေအနေတစ်ခုကို ပြောပြလိုက်သည်။

​သူမ၏ စကားကြောင့် လုံချန်းမှာ မျက်နှာပျက်သွားသည်။ သူ ဤအခြေအနေကို မစဉ်းစားမိခဲ့ပေ။ အခုတော့ သူ ပြန်ပြီး ဇဝေဇဝါ ဖြစ်သွားရပြန်ပြီ။ သိသာနေသော ထောင်ချောက်က တကယ့် ထောင်ချောက်လော သို့မဟုတ် အန္တရာယ်ကင်းသော နေရာသည်လော။

​"စဉ်းစားကြည့်ရင်တော့ အကုန်လုံးက ထောင်ချောက်လည်း ဖြစ်နိုင်သလို၊ အကုန်လုံးက အန္တရာယ်ကင်းပြီး ဝင်လာတဲ့လူတွေကို ရယ်စရာလုပ်ဖို့ ဖန်တီးထားတာလည်း ဖြစ်နိုင်တာပဲ" လုံချန်းက ခါးသက်သက် ပြုံးရင်း ဆိုလိုက်သည်။ ဤကဲ့သို့သော အတွေးများက သူ့ကို ခေါင်းခြောက်စေသည်။

​"ထားလိုက်ပါတော့၊ လမ်းလျှောက်နေမယ့်အစား ပျံသွားလိုက်တာ ပိုကောင်းမယ်" လုံချန်းက ထိုအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး ပုံမှန်မဟုတ်သော နည်းလမ်းကို သုံးရန် ဆုံးဖြတ်လိုက်သည်။ သူ လမ်းလျှောက်မည် မဟုတ်ဘဲ ဝိညာဉ်ဓားကို စီးပြီး ပျံသွားမည် ဖြစ်သည်။

​လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဓားကို ထုတ်လိုက်သည်။ ဓားတွင် ဓားရိုး မရှိတော့သော်လည်း အတွင်းက ဝိညာဉ်ကတော့ အကောင်းတိုင်း ရှိနေသေးသည်။ ၎င်းမှာ ကောင်းကောင်း ပျံသန်းနိုင်စွမ်း ရှိသေးရာ လုံချန်းက ၎င်းကို သုံးရန် ပြင်လိုက်သော်လည်း ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်ပျက်သွားသည်။

​ဝိညာဉ်ဓားမှာ ရှေးဟောင်းလက်စွပ်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ၎င်းမှာ ပျံသန်းနိုင်ခြင်း မရှိတော့ပေ။ လုံချန်းသည် ဓားနှင့် သူကြားရှိ မည်သည့် ဆက်နွှယ်မှုကိုမျှ ခံစား၍ မရတော့ပေ။

​လုံချန်းမှာ အလွန် စိုးရိမ်သွားပြီး ရွှင်းကို ကြည့်လိုက်သည်။

​"ငါ ဓားနဲ့ ဘာဆက်နွှယ်မှုမှ ခံစားလို့ မရတော့ဘူး။ အဲဒီ အဆိပ်ကြောင့်လား။ နင်က ဓားထဲက ဝိညာဉ် မထိခိုက်ဘူး ဆို။ အခု ဘာလို့ ငါ ဘာမှ ခံစားလို့ မရတော့တာလဲ။ ဘာဖြစ်တာလဲ" လုံချန်းက ရွှင်းကို မေးလိုက်သည်။

​"စိတ်မပူပါနဲ့၊ ဒါက စိုးရိမ်စရာ မဟုတ်ပါဘူး။ ဓားထဲက ဝိညာဉ်က အကောင်းတိုင်း ရှိပါသေးတယ်။ အပြင်မှာရှိနေတဲ့ အခြေအနေနဲ့ ဘာမှ မကွာခြားပါဘူး" ရွှင်းက ပြန်ပြောသည်။

​"ဒါဆို ဘာလို့ အခုလို ဖြစ်နေရတာလဲ" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးသည်။

​"ဒီဓားကို ဝန်းရံထားတဲ့ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခုကို ငါ ခံစားနေရတယ်၊ အဲဒါက ဒီဂူသင်္ချိုင်းဆီက လာတာပဲ။ ဒီဂူသင်္ချိုင်းက ရတနာလက်နက်တွေ အသုံးပြုမှုကို ကန့်သတ်ထားတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် နင် ဓားကို အာရုံခံလို့ မရသလို သုံးလို့လည်း မရတာ ဖြစ်လိမ့်မယ်" ရွှင်းက ရှင်းပြသည်။

​"အဲဒါ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ တခြား ရတနာတွေကို သုံးလို့ ရနေတုန်းပဲလေ။ ရှေးဟောင်းလက်စွပ်နဲ့ ကမ္ဘာတု လက်စွပ်တွေက အကောင်းတိုင်းပဲ။ ငါ အဲဒါတွေနဲ့ ဆက်နွှယ်နေတာကို ခံစားလို့ ရတုန်းပဲ၊ ဒါပေမဲ့ ဝိညာဉ်ဓားကတော့ လုံးဝ သေဆုံးသွားသလို ဖြစ်နေတယ်" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​"နင့်ရဲ့ သာမန်ရတနာတွေကို ကမ္ဘာတုလက်စွပ်နဲ့ ဘယ်လိုလုပ် သွားနှိုင်းယှဉ်လို့ ရမှာလဲ။ ကမ္ဘာတု လက်စွပ်ဆိုတာ အင်မော်တယ်ကမ္ဘာရဲ့ အဖိုးတန်ပစ္စည်းတစ်ခုပဲ။ အဲဒီမှာတောင် ရှာဖို့ မလွယ်တဲ့ အရာမျိုးလေ။ ဒီဂူသင်္ချိုင်းလေးက အဲဒီလက်စွပ်ကို ထိခိုက်နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး" ရွှင်းက ရှင်းပြလာသည်။

​"ရှေးဟောင်းလက်စွပ်အကြောင်းဆိုရင်တော့ ငါ ထပ်ပြောဖို့ လိုဦးမလား။ အဲဒါက ငါ့ရဲ့ ရှေးဟောင်းသခင်ကြီး ဖန်တီးခဲ့တဲ့ အရာပဲ။ ဒီဂူသင်္ချိုင်း ဒါမှမဟုတ် ဝင်္ကပါတွေတင် မကဘူး၊ အင်မော်တယ် ဧကရာဇ်တောင်မှ အဲဒီလက်စွပ် အလုပ်လုပ်တာကို တားဆီးနိုင်မှာ မဟုတ်ဘူး" သူမက ဆက်ပြောသည်။

​"ဒါဆို နင်ပြောချင်တာက ဒီနေရာက အဆင့်နိမ့်တဲ့ ရတနာတွေကိုပဲ ထိခိုက်စေတာပေါ့ ဟုတ်လား" လုံချန်းက မေးသည်။

​"ဟုတ်တယ်၊ ဝိညာဉ်ဓားက ဒီကမ္ဘာမှာတော့ ရှားပါးပစ္စည်း ဖြစ်နိုင်ပေမဲ အင်မော်တယ် ကမ္ဘာမှာတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ အရာမျိုးပါပဲ" ရွှင်းက ပြန်ဖြေလိုက်သည်။

​လုံချန်းသည် သူမ စကားကို ယုံသော်လည်း ကိုယ်တိုင် စမ်းသပ်ကြည့်ချင်သေးသည်။ သူ ခိုးယူလာခဲ့သည့် ရတနာများစွာ ရှိနေသဖြင့် အချို့ကို ထုတ်ပြီး သုံးရန် ကြိုးစားကြည့်သော်လည်း အလုပ်မဖြစ်ပေ။

​ရွှင်း ခန့်မှန်းထားသည့်အတိုင်း ရတနာလက်နက်များမှာ အလုပ်မလုပ်တော့ပေ။ သို့သော် ဘုရင်ဓားကတော့ အလုပ်လုပ်နေဆဲ ဖြစ်သည်။ အခုအချိန်မှာ လုံချန်း အသုံးပြုနိုင်သည့် အရာ သုံးခုသာ ကျန်တော့သည်။ ဘုရင်ဓား၊ ကမ္ဘာတုလက်စွပ် နှင့် ရှေးဟောင်း လက်စွပ်တို့ပင် ဖြစ်သည်။

All Chapters