အခန်း (၁၃၃-၁၃၅)
Vol. 5 Ch. 133-135
အခန်း ၁၃၃
“သူ့ကို ပြင်ဆင်ခိုင်းထားလိုက်။ ရက်အနည်းငယ်ကြာရင် ငါ အရှင်မင်းကြီးကို ပြောပြမယ်။ အဲဒီအခါကျရင် သူ ခရီးထွက်နိုင်ပြီ။”
မိဖုရားကြီးက ဖြည်းဖြည်းပြောကာ သူမ၏ လက်ထဲရှိ ကပ်ကြေးဖြင့် ထင်းပင်၏ အကိုင်းအထူတစ်ခုကို ကျွတ်ခနဲ ညှပ်ဖြတ်လိုက်သည်။
“ငါတို့ တစ်နှစ်လုံးလုံး ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီလို ဆက်သွားနေရင် သံသယဖြစ်စရာကောင်းလာလိမ့်မယ်။”
“ဟုတ်ကဲ့။ ဒီလိုဆိုရင်တော့ အကောင်းဆုံးပါပဲ။”
ပိချောင်က ချက်ချင်း မျက်နှာပွင့်သွားကာ ခဏရပ်ပြီး မျက်ဝန်းထဲ ဝမ်းနည်းမှုအနည်းငယ်ဖြင့် ဆက်ပြောသည်။
“ပထမမင်းသားက အသုံးမကျဘူးဆိုပေမယ့် နင်းဂုတမှာ သူ ဒုက္ခရောက်နေမှာတော့ ခွင့်မပြုနိုင်ဘူး။ ဟုတ်တယ်မဟုတ်လား။”
မိဖုရားကြီးက ဘာမှ မပြောဘဲ အလွန်ညှပ်ဖြတ်ထားသော ထင်းပင်ကို ကြည့်နေသည်။ ခဏကြာမှ ကပ်ကြေးကို ချထားကာ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး ပိချောင်အား ပြောလိုက်သည်။
“ရွှီအိမ်တော်ကို ပို့လိုက်။”
“ဟုတ်ကဲ့။ အမိန့်တော်အတိုင်းပါ။”
ပိချောင်က အလျင်စလို ဦးညွှတ်ကာ ထင်းပင်ကို ကိုင်ပြီး နောက်ဆုတ်ထွက်ခွာသွားသည်။
အားချိုးတစ်ယောက် ဒီရက်ပိုင်းအတွင်း စိတ်ထဲ မသက်မသာ ဖြစ်နေသည်။ ကျုံးမင်းဝေက သူမကို တိတ်တိတ်လေး ချောင်းကြည့်နေသလို ခံစားနေရသည်။ ဒါပေမယ့် ဘာမှတော့ မမေးရဲပေ။
သူမ ဘာမှ မမှားသည့်အပြင် ချောင်းကြည့်နေသည်ကို မိသွားခဲ့လျှင်တောင် ဘာမှ ထွေထွေထူးထူး ဖြစ်သွားမည် မဟုတ်ပေ။ ဤသည်ကို ချောင်းကြည့်သည်ဟုပင် ခေါ်လို့ မရပေ။ ထို့ကြောင့် အားချိုးသည် ပို၍တောင် ပြောစရာ စကားရှာမရတော့ပေ။ သူမစိတ်ထဲတွင် ကတိကအောင့်ဖြစ်နေသော်လည်း ကျုံးမင်းဝေကိုမူ တစ်စုံတစ်ရာ မေးမြန်းခဲ့ခြင်းမရှိခဲ့ပေ။
ဒီနေ့တွင် အားချိုးတစ်ယောက် ကျုံးမင်းဝေကို မေးဖို့ စိတ်ကူးတောင် မရှိတော့ပါချေ။ အဘယ်ကြောင့်ဆိုသော် သူမဗိုက်က ထပ်နာလေပြန်ပြီ။ လွန်ခဲ့သောလက ဖြစ်ဖူးသော အတွေ့အကြုံရှိထားပြီဖြစ်တာကြောင့် ဒီတစ်ကြိမ်တွင်ဖြင့် တောင်အောက်ရှိ ဆရာဝန်ထံ အပြေးမသွားတော့ဘဲ သည်းခံထားလိုက်သည်။
အဘွားချန်က ဤကဲ့သို့နာကျင်မှုက နောက်လတိုင်း ဖြစ်လာလိမ့်မည်ဟု ပြောခဲ့ဖူးသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ် အားနည်းနေသည်ကြောင့်လား။ သို့မဟုတ် အခုမှ စဖြစ်တာကြောင့်လားတော့ မသိ။ နာကျင်ကိုက်ခဲမှုက ပုံမှန်မဟုတ်ပေ။ နှစ်လနီးပါးကြာပြီးမှ ထပ်ဖြစ်လာခြင်း ဖြစ်သည်။
အားချိုးသည် ညသန်းခေါင်ကျော်အချိန်တွင် ဗိုက်အောင့်သည့် နာကျင်မှုကြောင့် နိုးလာခဲ့သည်။ ထူးဆန်းစွာပင် ဤနာကျင်မှုသည် သူ့အတွက် ရင်းနှီးနေသော်လည်း ချွေးပြန်လာစေသည်အထိ ပြင်းထန်နာကျင်လာသည်။ သကြားလုံးနှင့် ဂျင်းရည်တစ်ခွက် ဖျော်သောက်လိုက်လျှင် သက်သာမည်ဟု သတိရသော်လည်း အိပ်နေသည့် ကျုံးမင်းဝေကို နှိုးမိမှာစိုးသဖြင့် ဗိုက်ကိုဖက်ထားရင်းသာ သည်းခံနေလိုက်သည်။
သို့သော် နာကျင်မှုက ပိုပိုဆိုးလာသဖြင့် ကုတင်ပေါ်တွင် ဖြည်းဖြည်း လူးလှိမ့်မိလိုက်သည်။ ဤသို့လုပ်လိုက်ခြင်းဖြင့် နာကျင်မှု လုံးဝပျောက်သွားသည်မဟုတ်သော်လည်း တည်တည်လှဲခြင်းထက်စာလျှင်တော့ သက်သောင့်သက်သာရှိသည်။
အားချိုးသည် အမှောင်ထဲတွင် သွားကို တင်းတင်းကြိတ်ကာ တသသ ရေရွတ်နေလိုက်သည်။
အခန်းတစ်ဖက်မှ ကျုံးမင်းဝေ၏ အိပ်ချင်မူးတူးအသံကို ကြားလိုက်ရသည်နှင့် အားချိုးသည် တုန်လှုပ်သွားသည်။
သူမသည် အလျင်စလို ဖြေလိုက်ကာ ဟန်ပန်မပျက် ပြုံးပြလိုက်သော်လည်း အသံထဲတွင် တုန်ရီမှုကိုတော့ ဖုံးကွယ်ထားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ကျုံးမင်းဝေသည် သူမအသံတွင် အိပ်ချင်မူးတူးသံ တစိုးတစဉ်းမျှ မပါသည်ကို သတိထားမိပြီး စိုးရိမ်သွားသည်။ သူသည် ကုတင်အစွန်းကို ကိုင်တွယ်ကာ ထထိုင်လိုက်ပြီး ပြောလိုက်သည်။
အားချိုးသည် ကျုံးမင်းဝေ၏ တိုးတိုးညည်းသံကြောင့် အိပ်ရာမှ ထလိုက်သည်။ ကျုံးမင်းဝေ ညအချိန် အပေါ့အပါး သွားလိုသည်ဟု ထင်မှတ်ကာ အချိန်မဆိုင်းတော့ဘဲ ဖိနပ်စီးကာ ကုတင်မှ ဆင်းလိုက်မိသည်။ ဗိုက်ထဲက နာကျင်မှုက အစကတည်းက ဆိုးရွားနေသော်လည်း လှဲနေစဉ်ကမူ အနည်းငယ်သက်သာနေခဲ့ သည်။ သို့သော် မြေပြင်ပေါ်သို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် ထိုးနာသကဲ့သို့ နာကျင်မှုက ပိုမိုပြင်းထန်လာခဲ့သည်။ အားချိုး၏ နှုတ်ခမ်းများ တုန်ရီလာပြီး ခြေထောက်နှစ်ဖက်လုံး ယိုင်နဲ့လာကာ ကျုံးမင်းဝေ၏ အိပ်ရာဘက်သို့ ဖြည်းဖြည်းချင်း လှမ်းသွားခဲ့သည်။
အားချိုး၏ အသံသည် အသက်ရှူမဝသလို တုန်လှုပ်နေပြီး နာကျင်မှုကြောင့် စကားလုံးများပင် ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ပေ။
သူမ၏ အသံကိုကြားရသည်နှင့် ကျုံးမင်းဝေသည် အလွန်စိုးရိမ်သွားသော်လည်း အမှောင်ထုကြောင့် ဘာမျှမြင်ရခြင်းမရှိသောကြောင့် ဘာမျှမလုပ်နိုင်ခဲ့ပေ။
“အိုး... ဟုတ်တာပေါ့။ မီးထွန်းရမှာကို။ ဘာလို့... ကျွန်မ မေ့သွားရတာပါလိမ့်။”
အားချိုးက ပြောရင်း နောက်ပြန်လှည့်ကာ စားပွဲပေါ်မှ မီးကျောက်နှင့် ဓားသွားကျားကို ကောက်ယူပြီး အိပ်ရာဘေးရှိ ဖယောင်းတိုင်ကို ထွန်းလိုက်သည်။
မှိန်ဖျော့နေသော ဖယောင်းတိုင်အလင်းရောင်အောက်တွင် အားချိုး၏ မျက်နှာတစ်ခုလုံး ချွေးများစိုနေပြီး နှုတ်ခမ်းထောင့်များတွင် မီးခိုးရောင်သမ်းနေသည်ကို မြင်ရသောအခါ ကျုံးမင်းဝေ၏ နှလုံးသား ရုတ်တရက် တဒိန်းဒိန်း တုန်လှုပ်သွားခဲ့သည်။ အမှန်စင်စစ် သူမ၏အသံကိုကြားရသည့်အချိန်ကတည်းက အားချိုး နေမကောင်းဖြစ်နေမည်ဟု သူခန့်မှန်းမိသော်လည်း ဤကဲ့သို့ ရုတ်တရက် မြင်လိုက်ရသည့်အခါ သူ၏စိတ်ထဲတွင် ထိတ်လန့်မှုနှင့်အတူ အံ့အားသင့်မှုတစ်ခု ဖြစ်သွားခဲ့သည်။ အားချိုးသည် သူမျှော်လင့်ထားသည်ထက် ပိုမိုကြံ့ခိုင်သူပင်။
အခန်း ၁၃၄
“ဘာ...ဘာမှမဖြစ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်။”
အားချိုးက ချွေးများကိုသုတ်လျက် ကျုံးမင်းဝေဘက်သို့ အတင်းပြုံးပြပြီး လက်နှစ်ဖက်ကို ဖြန့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“လာ...ကျွန်မကို ထူပေးပါဦး။”
“မင်း ဘာဖြစ်လို့လဲ။”
ကျုံးမင်းဝေက စိုးရိမ်တကြီး အော်လိုက်ကာ အားချိုးကို ဆွဲယူလိုက်ပြီး သူမ၏ ချွေးစိုနေသော မျက်နှာကို လက်ဖြင့် ထိလိုက်သည်။
“အားချိုး။ ပြောပြစမ်းပါ။ မင်း ဘာဖြစ်နေတာလဲ။ အောင့်ထားမနေနဲ့။ ပြောစကား နားထောင်စမ်းပါ။ ကဲ ဘာဖြစ်တာလဲပြော။”
“ကျုံးမင်းဝေ။ ကျွန်မ.... ကျွန်မ ဗိုက်နာနေတယ်”
အားချိုးက ကျုံးမင်းဝေ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်မိသည်နှင့် နှာခေါင်းထိပ်တွင် စူးခနဲဖြစ်သွားပြီး စကားထပ်ပြောလိုက်ချိန်တွင် မျက်ရည်များ ဖြေမဆည်နိုင်တော့ဘဲ ငိုသံပါလာတော့သည်။
“ကျွန်မ ဗိုက် တအားနာနေတယ်....”
သူမ၏အခြေအနေကို မြင်လိုက်ရသည့်အခါ ကျုံးမင်းဝေ၏ နှလုံးသား နာကျင်သွားရသည်။ သူ အလျင်စလို အားချိုးကို ကုတင်ပေါ်ထိုင်စေပြီး ဖိုမသဘာဝ ခြားနားမှုကို လုံးဝဂရုမစိုက်တော့ဘဲ လက်ဖြင့် သူမ၏ဗိုက်ပေါ်တင်ကာ ဖြည်းဖြည်းချင်း ပွတ်ပေးလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီနားမှာ နာတာလား”
“အင်း... နာတယ်။”
အားချိုးက မချိမဆန့် ဖြေလိုက်သည်။ အမှန်မှာ သူမသည် ဤမျှအားနည်းလှသူတော့ မဟုတ်။ မည်သည့်ဒုက္ခကိုမဆို သည်းခံနိုင်သူဖြစ်သော်လည်း ကျုံးမင်းဝေရှေ့တွင်မူ မျက်ရည်များ ထိန်းမထားနိုင်တော့ချေ။
“လာ လာ ငါမင်းဗိုက်ကို ပွတ်ပေးမယ်။ ဒါမှ အအေး မမိမှာ။”
ကျုံးမင်းဝေသည် ကလေးများကို ချော့မော့ဖူးသည့် အတွေ့အကြုံ မရှိခဲ့သည့်အပြင် မည်သည့်အမျိုးသမီးတစ်ဦးကိုမှ ဤမျှ အလေးအနက် ဂရုစိုက်ဖူးခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူ၏ လက်များဖြင့် အားချိုး၏ ဝမ်းဗိုက်ကို ပွတ်သပ်ပေးနေသည့် လှုပ်ရှားမှုများသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။
အားချိုးတစ်ကိုယ်လုံး မူးဝေဝါးလာသလို ခံစားရသည်။ ဤမျှသော မူးဝေမှုသည် သူမကို တကယ်ပင် ဆွဲဆောင်ထားသည်။ သူမ၏ ခန္ဓာကိုယ်တစ်လုံးသည် ပို၍ ပို၍ ပေါ့လာသည်ဟု ခံစားနေရသည်။ တစ်ချိန်က ပိဿာထောင်ချိန်လောက်ထိ လေးလံခဲ့သော သူမ၏ ခန္ဓာကိုယ်သည် ယခုအခါ ကောင်းကင်ယံပေါ်ရှိ တိမ်စိုင်တစ်ခုလို ပေါ့ပါးနူးညံ့လျက် ရှိသည်။
ကျုံးမင်းဝေက မေးလိုက်သည်။ သူသည် တစ်ကြိမ်တစ်ခါမျှ သူများဝမ်းဗိုက်ကို မပွတ်ပေးဖူးသောကြောင့် ဤမေးခွန်းကို မေးရာတွင် မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေသည်။
“သက်တောင့်သက်သာရှိပါတယ်။ ရှင့်လက်တွေက အရမ်းနွေးတယ်။ အရမ်းကို သက်တောင့်သက်သာရှိတယ်။”
အားချိုးက တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ မျက်နှာသည် ပူထူလာပြီး သတိရှိရှိဖြင့် ကျုံးမင်းဝေ၏ ရင်ခွင်ထဲသို့ ချင်းချင်းလှည့်ဝင်သွားသည်။ သူမကိုယ်သူမ အရှက်မရှိတော့သူတစ်ယောက်လို ထပ်မံခံစားရပြန်သည်။ သို့သော်လည်း သူမ ထိန်းမထားနိုင်ခဲ့ချေ။ ထို့အပြင် အလင်းရောင်ကလည်း မှိန်ဖျော့နေတာမို့ ကျုံးမင်းဝေက သူမ၏ ရှက်အမ်းအမ်း နီရဲနေသော မျက်နှာကို မမြင်နိုင်ဘူးမဟုတ်လား။
သူ့ရင်ခွင်ထဲက မိန်းကလေးသည် တစ်ချက်တစ်ချက် လှုပ်ရှားနေသည်။ သူမကို စိတ်ဆိုးမည်၊ ရွံရှာမည်ကို စိုးရိမ်သလို တစ်ခါရပ်သွား၊ တစ်ခါထပ်လှုပ်ရှားပြီး နောက်တစ်ကြိမ် သတိထားလှုပ်ရှားပြန်သည်။ ဤမျှလောက် သတိကြီးစွာနှင့် စမ်းသပ်လှုပ်ရှားနေမှုများကြောင့် ကျုံးမင်းဝေ၏ နှလုံးသားသည် နာကျင်လွန်းလှသည့်အတွက် ကွဲအက်တော့မည်အလားပင်။ သူသည် မိန်းကလေးကို တင်းတင်းကျပ်ကျပ် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူတို့နှစ်ဦးမှာ အနီးကပ်ထိကပ်လျက် ရှိနေပြီး နွေးထွေးသော ခန္ဓာကိုယ်နှစ်ခုကြားတွင် ပါးလွှာသော အဝတ်တစ်ထည်သာ ခြားနေသည်။
အားချိုးသည် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ယောက်ျားတစ်ဦး၏ ရင်ခွင်ထဲတွင် နာခံစွာ လှဲလျောင်းနေသည်။ သူမ၏ နားထဲတွင် ယောက်ျားတစ်ဦး၏ သန်မာပြီး စည်းချက်ညီညီ ခုန်နေသော နှလုံးခုန်သံများ ကြားနေရသည်။ သူမ၏ အသက်ရှူသံထဲတွင်လည်း ယောက်ျားတစ်ဦး၏ ရနံ့ကို ရရှိနေသည်။ သူမကို ဤမျှ တင်းကြပ်စွာ ဖက်ထားသည့်အတွက် သူမ မျောပါချင်လျှင်တောင် မျောပါမသွားနိုင်ချေ။ ဂရုစိုက်ခံရခြင်း၏ ခိုင်မာသော ခံစားမှုကို သူမ အမှန်တကယ်ပင် နှစ်သက်သည်။
“ဒီလောက် ဗိုက်ကောင်းတဲ့သူက ဘာလို့ နာနေရတာလဲ။”
ကျုံးမင်းဝေက မေးလိုက်သည်။ သူ၏ လက်သည် အားချိုး၏ ဝမ်းဗိုက်ပေါ်တွင် ရှေ့တိုးနောက်ငင် လှုပ်ရှားနေဆဲဖြစ်ပြီး ဖြည်းညင်းစွာ အဝိုင်းပုံစံ ပွတ်သပ်ပေးနေပြီး သူ၏ ဘဝတစ်လျှောက်လုံး၏ စိတ်ရှည်မှုနှင့် နူးညံ့မှုအားလုံးကို ထပ်ပေါင်း ပြုစုပေးနေလေသည်။
အားချိုးက တိုးတိုးလေး ပြောပြလိုက်သည်။ ဤစကားကို ပြောလိုက်သည်နှင့် အားချိုးတစ်ယောက် ရှက်သွားသည်။ ထို့ကြောင့် သူမ၏ မျက်နှာကို ရုတ်တရက် ကျုံးမင်းဝေ၏ ရင်ခွင်ထဲသို့ နစ်မြုပ်သွားစေပြီး သူ၏ ရင်ဘတ်ကို ဖြည်းဖြည်းချင်း ဖိကပ်ထားလိုက်သည်။ ခဏကြာပြီးမှ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ကာ တိုးညင်းစွာ ပြောလိုက်သည်။
“အဘွားချန်က ပြောဖူးတယ်။ တချို့မိန်းကလေးတွေက အစပိုင်းမှာပဲ နာတတ်တယ်တဲ့။ နောက်ပိုင်းဆို… နည်းနည်းခံစားရပြီးရင် နောက်ဆက်တွဲအနေနဲ့ နာတာမျိုး မရှိတော့ဘူးတဲ့”
ကျုံးမင်းဝေ၏ နှလုံးသားသည် နာကျင်လိုက် နူးညံ့လိုက် ခံစားနေရပြီး သူ၏ လက်များသည် ပို၍ ဖြည်းညင်းလာသည်။
“ငါ မင်းကို နေ့တိုင်း ပွတ်ပေးမယ်လေ။ ဒါဆို နောက်ထပ် မနာတော့ဘူး”
“နေ့တိုင်းတော့ မလိုပါဘူး။ နေ့တိုင်း နာနေတာမှ မဟုတ်တာ။ တစ်လမှာ ရက်ပိုင်းလောက်ပဲ…”
အားချိုးတစ်ယောက် အနည်းငယ် ရှက်သွားပြီး ယောက်ျားတစ်ဦး၏ ရင်ခွင်ထဲတွင် ထပ်မံပွတ်သပ်နေမိသည်။ သို့သော် ခဏရပ်တန့်လိုက်ပြီးမှ အနည်းငယ် ရှက်အမ်းအမ်းဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ရှင် အားတယ်ဆိုရင်တော့ ကျွန်မကို ပွတ်ပေးလို့ ရပါတယ်”
အခန်း ၁၃၅
“ကိုယ် အားနေတာပဲ၊ ဘယ်နေ့မဆို အားတယ်”
ကျုံးမင်းဝေမှာ သူ့နှုတ်ခမ်းကို မထိန်းနိုင်ဘဲ ကွေးညွတ်လိုက်မိသည်။ ဒီကောင်မလေး သူ့ကို ကလေးတစ်ယောက်လို ချွဲနွဲ့နေပါလားဟု စိတ်ထဲကတွေးလိုက်သည်။
“ဟီး”
အားချိုးက ရှက်ကိုးရှက်ကန်းနှင့် ဂုဏ်ယူသောဟန် ရောယှက်ကာ ပြုံးလိုက်သည်။
“ကျုံးမင်းဝေ ရှင် ဘာလို့ ဒီလောက် သဘောကောင်းနေရတာလဲ။”
“ယုံချင်ယုံ မယုံချင်နေ။ ကိုယ်က ဒီထက်ပိုကောင်းအောင် လုပ်ပေးနိုင်သေးတယ် သိလား။”
ကျုံးမင်းဝေက ပြုံးပြီးပြောသည်။
“ပိုကောင်းအောင် လုပ်လို့ရသေးတယ် ဟုတ်လား။”
အားချိုးက သူ့ကို စပ်စုသော အကြည့်ဖြင့် မော့ကြည့်ရင်း မေးသည်။
“ဘယ်လိုမျိုး ပိုကောင်းအောင် လုပ်မှာလဲ။”
“ဗိုက်နာရင် လောင်ရှုံကို ရှာ။ လောင်ရှုံ အိမ်မှာမရှိရင်၊ ဆန်းပါးကိုရှာ။”
ကျုံးမင်းဝေက အားချိုး၏ ဗိုက်ကို ပွတ်သပ်ပေးနေရင်း ညင်သာစွာ သီချင်း ရွတ်ဆိုနေသည်။
“ဆန်းပါးက အိမ်မှာ ဓားသွေးရင်း ကလေးကို ကြောက်အောင်ခြောက်နေ....။ ဗိုက်က နာသေးလား။ မနာတော့ဘူး မလား။”
“ဟယ်၊ ဒါက ဘာကြီးလဲ။”
အားချိုးသည် သူရွတ်ဆိုနေသည်ကို နားစွင့်ရင်း မျက်လုံးလေးဝိုင်းကာ ပြုံးနေမိသည်။ ဤသို့သော အရပ်သုံး ကလေးချော့တေးမျိုး ကျုံးမင်းဝေ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခြင်းသည် လုံးဝ အံမဝင်ခွင်မကျ ဖြစ်လှသည်။ ထို့ကြောင့် အားချိုး ဒီလောက်ထိ ရယ်မိသည်မှာ မဆန်းပေ။ သို့သော် ရုတ်တရက် အားချိုး မျက်မှောင်ကြုတ်လိုက်ပြီး မရယ်ရဲတော့ပေ။ ရယ်လိုက်သည့်အတွက် ဗိုက်က ပို၍ နာကျင်လာပြန်သည်။ သို့တိုင် သူမ၏ မျက်ခုံးနှင့် မျက်ဝန်းတို့မှာမူ လခြမ်းသဖွယ် ကွေးညွှတ်နေဆဲပင်။ အခြားသူများ၏ အမြင်တွင် ရုပ်ဆိုးသည်ဟု သတ်မှတ်ခံရသော အားချိုးလေး၏ ဤအမူအရာလေးသည် အလွန်အမင်း ဆွဲဆောင်မှုရှိနေခဲ့သည်။
“ကိုယ် ငယ်ငယ်တုန်းက ဗိုက်နာရင် အမေက ကိုယ့်ဗိုက်ကို ပွတ်ပေးရင်း ဒီသီချင်းကို ဆိုပြတတ်တယ်လေ။”
ကျုံးမင်းဝေက ပြုံးလိုက်ကာ ရှက်ရွံ့သည့်ဟန် မပြပေ။ ထို့နောက် သူက ဆက်၍ ပြောသည်။
“သူက ဒီလို အရပ်သီချင်းတွေ အများကြီး တတ်တယ်။ နေ့တိုင်း ကိုယ့်နားနားကပ်ပြီး ဆိုပြနေတာပဲ။ ဒီကလေးချော့တေးလေးက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာ။ အဲ့ဒီတုန်းကတော့ သူဆိုတာ နားငြီးလွန်းလို့ အရမ်းဆူတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ကိုယ်မှတ်မိနေတဲ့ တစ်ခုတည်းသော သီချင်းက ဒါပဲ။”
“ကျွန်မကို နောက်တစ်ခေါက် ဆိုပြပါဦး။”
အားချိုးက သူ့ရင်ခွင်ထဲ၌ လှုပ်ရွရင်း ပြောသည်။
“ဗိုက်နာရင်၊ လောင်ရှုံကို ရှာ။ လောင်ရှုံ အိမ်မှာမရှိရင်၊ ဆန်းပါးကိုရှာ။ ဆန်းပါးက အိမ်မှာ ဓားသွေးနေ...”
အားချိုးက ကျုံးမင်းဝေ၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး ခေါင်းလေးစောင်းကာ ကျုံးမင်းဝေကို မေးသည်။
ကျုံးမင်းဝေ စကားမပြောနိုင်မီ အားချိုးက သူမဘာသာ တိုးတိုး ရေရွတ်နေမိသည်။ ထို့နောက် လက်လှမ်းကာ လည်ပင်းမှ နီညိုရောင်အမာရွတ်ကို တို့ထိလိုက်ရင်း တီးတိုးဆိုပြန်သည်။
ကျုံးမင်းဝေသည် ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ နာကျင်လွန်းသဖြင့် အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်သွားသည်။ သူက အားချိုး၏ ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး အားချိုးကို မျက်တောင်မခတ် စူးစိုက်ကြည့်ကာ ပြတ်သားလေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
“မင်းက ဒီကမ္ဘာပေါ်မှာ အလှဆုံးကောင်မလေးပဲ။ ဘယ်သူမှ မင်းနဲ့ ယှဉ်လို့မရဘူး။”
အားချိုးက သူ့ကို ခေတ္တမျှ ကြောင်ငေးကြည့်နေမိပြီးနောက် ရုတ်တရက် ပြုံးလိုက်လေသည်။ ထို့နောက် မျက်နှာလွှဲကာ ကျုံးမင်းဝေ၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး တိုးဖွဖွ ဆိုလိုက်သည်။
“ဒါပေမဲ့ ဒီလောက်ဆိုရင်ကို လုံလောက်ပါပြီ”
သူမအဖို့မူ ဤကမ္ဘာလောကတွင် လူဟူ၍ နှစ်မျိုးသာရှိသည်။ တစ်မျိုးမှာ ကျုံးမင်းဝေဖြစ်ပြီး အခြားတစ်မျိုးမှာ ကျုံးမင်းဝေမဟုတ်သူများ ဖြစ်ကြသည်။ ပထမလူသည် သူမ၏ အသက်ထက်ပင် အရေးပါပြီး ဒုတိယလူများကိုမူ သူမ လုံးဝအလေးမမူခဲ့ချေ။
လည်ပင်းနားမှ နွေးထွေးမှုကို ခံစားမိရင်း ကျုံးမင်းဝေသည် ရင်ခွင်ထဲမှ အားချိုးလေးကို ရုတ်ချည်းပင် ပို၍ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်မိသည်။
အသက်သုံးဆယ့်နှစ်နှစ်အရွယ်ရှိပြီဖြစ်သော ကျုံးမင်းဝေသည် အလွန်တရာ နူးညံ့သောအမူအရာဖြင့် ရင်ခွင်ထဲမှ ကောင်မလေးအား ထိုကလေးချော့တေးကို အကြိမ်ကြိမ် ထပ်ကာ ဆိုပြနေခဲ့သည်။
“ဗိုက်နာရင်၊ လောင်ရှုံကို ရှာ။ လောင်ရှုံ အိမ်မှာမရှိရင်၊ ဆန်းပါးကို ရှာ။ ဆန်းပါးက အိမ်မှာ ဓားသွေးနေ၊ ကလေးကို ကြောက်အောင်ခြောက်...”
ဤတစ်ရေးတစ်မောအိပ်စက်ခြင်းသည် အမှန်တကယ်ပင် ချိုမြိန်ကာ သက်သောင့်သက်သာ ရှိလှပေသည်။ သူမ သမ်းဝေလိုက်ရင်း အိပ်ချင်မူးတူးမျက်ဝန်းများကို ပွတ်သပ်လိုက်စဉ်မှာပင် သူမ၏ မျက်နှာနှင့် ထိလုမတတ်အကွာအဝေး၌ ကျုံးမင်းဝေ၏ မျက်နှာကို ရုတ်တရက် တွေ့လိုက်ရသည်။ သူမ ရုတ်ချည်း ထိတ်လန့်သွားကာ သမ်းဝေထားသော ပါးစပ်ကိုပင် ပြန်မစိနိုင်တော့ဘဲ ကျုံးမင်းဝေအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိတော့သည်။ အတန်ကြာမှ တုန်ယင်သော အသံဖြင့် ဆိုလိုက်သည်။
“ဒါ၊ ဒါ၊ ဒါ...”
“ဗိုက်နာတာ သက်သာသွားပြီလား။ နာနေသေးလား။”
အားချိုး၏ ထိတ်လန့်တကြားဖြစ်နေမှုနှင့် ဆန့်ကျင်စွာပင် ကျုံးမင်းဝေ၏ ပုံမှာ အေးဆေးတည်ငြိမ်လှသည်။