အဆင့်အတန်းမြင့်သည့် ဂုဏ်သရေရှိမိသားစုမှ မိန်းကလေးမှာ သူမနှင့် စေ့စပ်ထားသည့် ကြော့ရှင်းခန့်ညားသော အိမ်ရှေ့စံမင်းသားက လေဖြတ်သွားသည့်အကြောင်း ကြားသိလိုက်ရပြီးနောက် ရွယ်တူများကြားအမြဲလို သာလွန်ချင်သည့် သူမ၏ စိတ်ကြောင့် အမှန်တရား၏ ထိုးနှက်ချက်ကို ခံနိုင်ရည်မရှိဘဲ မိမိကိုယ်ကို သတ်သေသွားသည်။ ရလဒ်အနေဖြင့် ရုပ်ဆိုးဆိုး အစေခံမလေးမှာ သူမကိုယ်စား အိမ်ရှေ့စံမင်းသားနှင့် မင်္ဂလာပွဲကို အထမြောက်လိုက်ရတော့သည်။ "ရှင်က လေဖြတ်တဲ့လူ၊ ကျွန်မက ရုပ်ဆိုးမ။ နှစ်ယောက်လုံးက တခြားသူတွေဆီကနေ မထီမဲ့မြင်ဆက်ဆံ ခံနေရတာပဲလေ။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေတာကို ရပ်လိုက်ကြတာပေါ့” သူတို့၏ ပထမဆုံးစတွေ့ဆုံခြင်းမှာ သူမက ဟိတ်ဟန်ထုတ်ပြီး ဟန်ဆောင်နေခဲ့သည်။ … "ကျေးဇူးပြုပြီး ရှေ့လျှောက်လည်း ကိုယ့်ကို သင်ပြပေးပါဦး" နှစ်အတော်ကြာပြီးနောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီးတဲ့ ထို ဒုက္ခတအိမ်ရှေ့စံက ဇာမဏီသရဖူကို သူမခေါင်းပေါ် ဆောင်းပေးရင်း ပြောလာသည်။ "သင်ပြရမယ်...ဘယ်လို သင်ပြပေးရမှာလဲ" ရုပ်ဆိုးမလေးက ပုံမှန် တွေ့ရခဲသည့် ရှက်သွေးဖြာနေဟန်လေးဖြင့် မေးလိုက်သည်။ “ကိုယ့်ကို ဒီလို သင်ပြပေးရမှာပေါ့…” သူ့မျက်နှာက နူးညံ့မှုတို့ လွှမ်းခြုံလျက် သူ့လက်ချောင်းတွေကတော့ သူမရဲ့ အတွင်းဝတ်ကလေးကို ဖြေချလိုက်သည်။

