စာအုပ်များ ဝယ်ခြင်း
Vol. 4 Ch. 100
“အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဦးလေးချန်”
ချန်ချင်းရွှမ်သည် အလျင်အမြန် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်ပြီး ငွေအိတ်ထဲမှ နောက်ထပ် ငါးယွမ်ကို ထုတ်ယူ၍ ဦးလေးချန်အား ပေးရင်း ပြုံးပြကာ ပြောလိုက်သည်။
“ဦးလေးချန်။ အားချိုးအတွက် ကျွန်တော် ပေးလိုက်ပါမယ်”
“တစ်စ။ ဟုတ်တယ်နော်။ အဲ့လိုဆို သူမကို ငါးယွမ်ပဲ ကောက်လိုက်ပါ
ဦးလေးချန်သည် မျက်မှောင်ကြုတ်၍ အံ့အားသင့်သော မျက်နှာဖြင့် ပြောလိုက်လေသည်။
“ချင်းရွှမ်၊ အဲ့ဒီမိန်းကလေးနှင့် မင်း...”
“ဦးလေးချန်။ သိပ်ပြီး စိုးရိမ်မနေပါနဲ့။ အဲ့ဒီမိန်းကလေးက အခြားဒေသကပါ။ သူမက ဒီနှစ်မှ ကျွန်တော်တို့ နင်းဂုတဆီကို ရောက်လာတာ။ သူမက တအားငယ်သေးတယ်ဆိုတာကို ဦးလေးချန်လည်း မြင်တာပဲလေ။ သိပ် သနားစရာကောင်းတယ်။ အဘွားတောင်မှ သူမကို ဂရုစိုက်ပေးသေးတာပဲ။ ကျွန်တော်က ဘာလို့ သူမအတွက် မပေးရမှာလဲ”
“ဒီထိုးထည်ကိုပဲ ကြည့်လေ”
ချန်ချင်းရွှမ်က အလျင်အမြန် ပြောဆိုပြီး သူ၏ လက်ထဲမှ အထုပ်ကို ပုတ်၍ ဦးလေးချန်အား ရှင်းပြသည်။
“ဒါပေမဲ့ ဦးလေးချန်။ အားချိုးကို ကျွန်တော့် အကြောင်းကို မပြောပါနဲ့။ သူက တအား ခေါင်းမာတာ။ ကျွန်တော်က သူ့ကို ငွေငါးယွမ် ကူညီတာကိုသာ သိသွားရင် ကျွန်တော်ကူညီတာကို ငြင်းမှာ အသေအချာပဲ”
“ကောင်းပြီလေ။ ငါ လျို့ဝှက်ထားပါ့မယ်။ မင်းက ငယ်ငယ်တည်းက စိတ်နှလုံး နွေးထွေးတဲ့သူပဲ။ မင်း အဘွားစကားကို နားထောင်ပေါ့”
ဦးလေးချန်က ခေါင်းညိတ်၍ ပေါက်တူးကို ကိုင်ကာ နေအိမ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။
ချန်ချင်းရွှမ်က အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
အားချိုး ခုနတုန်းက ချန်ချင်းရွှမ်ကို ဘာပြောချင်နေတာလဲ။
သူမက ချန်ချင်းရွှမ်ထံမှ စာအုပ် အနည်းငယ် ငှားရမ်းလိုခဲ့ခြင်း ဖြစ်သည်။ ကျုံးမင်းဝေသည် တစ်နေကုန် အိမ်ထဲတွင်သာ နေထိုင်လျက် ရှိသည်။ မည်သို့မျှ ညည်းညူခြင်း တစ်စုံတစ်ရာ မရှိသော်လည်း ကျုံးမင်းဝေ ပျင်းရိနေမည်မှာ သေချာသည်။ ပြဇာတ် သို့မဟုတ် အခြား အရာများကို နားဆင်ခိုင်းမည်ဆိုလျှင်လည်း သူမမှာ ပြဇာတ်ကို နားမဆင်နိုင်သောကြောင့် စာအုပ်ဖတ်ခြင်းဖြင့် အချိန်ကုန်စေရန် နည်းလမ်းတစ်ခုကို စဉ်းစားမိလေသည်။
ချန်ချင်းရွှမ်းသည် ဆရာတစ်ဦးဖြစ်သောကြောင့် နေအိမ်တွင် စာအုပ်များ စုဆောင်းထားခြင်းမှာ သဘာဝကျစွာ မရှိမဖြစ် လိုအပ်လိမ့်မည်။ သို့သော် သူသည် သာမန်အချိန်များတွင် ဖတ်ရှုခြင်းနှင့် သင်ကြားရာတွင်လည်း အသုံးပြုရန် လိုအပ်နိုင်သည့်အတွက် အားချိုးမှာ ယခုလေးတင် ချန်ချင်းရွှမ်းထံမှ ငှားရမ်းရန် အားနာနေခြင်း ဖြစ်သည်။
ငှားရမ်းရန် အားနာနေသောကြောင့် ကျုံးမင်းဝေအတွက် စာအုပ်အနည်းငယ် ဝယ်ယူပေးခြင်းသည် ပိုမိုသင့်လျော်ပေလိမ့်မည်။ သူမတွင် စာအုပ်ဝယ်ရန် ငွေအလုံအလောက်မရှိသော်လည်း လွန်ခဲ့သော အချိန်အနည်းငယ်က လှုပ်ကုလားထိုင်အတွက် ငွေကြေးစုဆောင်းထားသည့်အပြင် ထိုးထည်အလုပ်ကိုလည်း ပြီးစီးထားပြီ ဖြစ်သည်။ နောက်ထပ် ငွေကြေးအနည်းငယ် ရရှိလာသောကြောင့် အားချိုးသည် ကျုံးမင်းဝေအတွက် စာအုပ်အချို့ ဝယ်ယူပေးချင်ခဲ့သည်။
ဈေးအတွင်း၌ စာအုပ်ဆိုင်များ အမြောက်အမြား မရှိပေ။ စုစုပေါင်း နှစ်ဆိုင်သာ ရှိသည်။ လမ်း၏ အရှေ့ဘက်တွင် တစ်ဆိုင်နှင့် လမ်း၏ အနောက်ဘက်တွင် တစ်ဆိုင် ဖြစ်သည်။ လမ်း၏ အနောက်ဘက်အစွန်ရှိ စာအုပ်ဆိုင်သို့ သူမ သွားရောက်ခဲ့သည်။ စာအုပ်ဆိုင်သည် ကြီးကြီးမားမား မဟုတ်ဘဲ ဆိုင်းဘုတ်ပင် မရှိရှာပေ။ အတွင်းပိုင်းသည် မှောင်မိုက်နေပြီး မီးရောင်လည်း မရှိ။ အခန်းအတွင်း၌ မှိုနံ့သဲ့သဲ့လည်း ရနေလေသည်။ အားချိုးသည် အထဲသို့ မဝင်ရဲပေ။ ထို့ကြောင့် တံခါးဝ၌ အချိန်အတော်ကြာ တွေဝေနေပြီးနောက် ခိုင်မာသော စိတ်ဖြင့် စာအုပ်ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့လိုက်သည်။
ဆိုင်ရှင်သည် စားပွဲပေါ်၌ လှဲလျောင်း၍ ဖရဲစေ့ စားရင်း အားချိုးကို အပေါ်အောက် ကြည့်ရှုကာ ပြုံးရွှင်စွာ မေးမြန်းလာသည်။
အားချိုးသည် အတွင်းပိုင်းရှိ စာအုပ်စင်များကို ကြည့်ရှု၍ အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
“အဲ့ဒါက မင်း ဘယ်လို စာအုပ်မျိုး ဝယ်ချင်တာလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”
ဆိုင်ရှင်၏ မျက်လုံးများသည် ပြုံးရွှင်စွာ ကွေးညွတ်သွားသည်။
“ကျွန်မက စာမဖတ်တတ်တော့ သိပ်ပြီး စာပေဗဟုသုတ မကြွယ်ဝဘူး”
အားချိုးသည် အလျင်အမြန် ပြောကြားပြီး ခေတ္တမျှ ရပ်တန့်ကာ အနည်းငယ် မျက်နှာရဲသွားပါသည်။
“ဒီလို ကောင်းတဲ့စာအုပ်တွေဆိုရင်တော့ ကျွန်တော်တို့ဆိုင်မှာ ပိုများတာပေါ့” ။
ဆိုင်ရှင်သည် ပိုမို တောက်ပစွာ ပြုံးရွှင်လာပြီး အလုပ်များနေသည်းကြားထဲ လက်ထဲမှ နေကြာစေ့များကို လွှင့်ပစ်လိုက်ကာ စားပွဲနောက်မှ ထွက်လာပြီး အားချိုးအား အတွင်းပိုင်းသို့ ပြုံးပြုံးရွှင်ရွှင် ခေါ်ဆောင်သွား၍ ရယ်မောလိုက်သည်။
အားချိုးသည် မည်သို့ပင် ကြည့်စေကာမူ ဆိုင်ရှင်၏ အပြုံးသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။
သို့သော် မည်သည့်အရာ မှားယွင်းနေသည်ကို မပြောနိုင်သော်လည်း ဆိုင်ရှင်က သူမအား ကလေးမလေးဟု ပြောင်းလဲခေါ်ဝေါ်သည်ကို ကြားလိုက်ရသောအခါ အားချိုး၏ မျက်နှာသည် ပို၍ပင် နီမြန်းလာတော့သည်။
သူမသည် ရှက်ရွံ့၍ ဣန္ဒြေဆယ်လိုက်သော်လည်း စိတ်ထဲမှ ကြည်နူးမှုကို မထိန်းထားနိုင်ပေ။
အားချိုးက ခေါင်းညိတ်ပြီး ဆိုင်ရှင်နောက်သို့ လိုက်သွားလိုက်သည်။
“ကြည့်ပါလား။ ကလေးမလေး။ ဒီစာအုပ်တွေက တကယ်ကိုကောင်းတာ။ ကျွန်တော် မလိမ်ပါဘူး။ ဒီစာအုပ်ကို မဖတ်ချင်တဲ့ ယောက်ျားဆိုတာ မရှိဘူး”
ဆိုင်ရှင်က အားချိုးကို လက်ဖဝါးလောက်သာရှိသည့် အခန်းထဲသို့ ခေါ်သွားလေသည်။ ထို့နောက် ကုတင်အောက်မှ သစ်သားပုံးကြီးတစ်လုံးကို ဆွဲထုတ်ပြီး အထဲမှ စာအုပ် တစ်ဒါဇင်လောက်ကို ထုတ်လိုက်ကာ အားချိုးကို လျှို့ဝှက်ပြီး ကျေနပ်သည့် အပြုံးနှင့် ပြုံးပြလိုက်သည်။