← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 5 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 5 Ch. 136-138

အခန်း ၁၃၆။

“အဆင်ပြေပါတယ်။ မနာတော့ပါဘူး။”

အားချိုးက ထိုသို့ပြောရင်း စောင်ကို မထိန်းနိုင်ဘဲ ကန်ထုတ်လိုက်ကာ ထိတ်လန့်တကြားဖြင့် ကုတင်ပေါ်မှ ဆင်းပြီး နောက်သို့လှည့်မကြည့်တော့ဘဲ အခန်းအပြင်သို့ ပြေးထွက်သွားတော့သည်။

မနေ့ညက မှောင်မည်းကာ မီးရောင်မှိန်ပျပျအောက်တွင်မို့ သူမ ရှက်ရွံ့စိတ် မဖြစ်ခဲ့ပေ။ သို့သော် ယခုကဲ့သို့ နေရောင်ထိန်ထိန်အောက်တွင် ကျုံးမင်းဝေနှင့် တစ်ကုတင်တည်း အတူအိပ်စက်ခဲ့မိသည့် ရှက်ဖွယ်အဖြစ်ကိုမူ သူမ မရင်ဆိုင်ရဲတော့ချေ။

ဟမ်။

နေပါဦး၊ မနေ့ညက သူမ ဘယ်လို အိပ်ပျော်သွားတာလဲ။

ဘယ်အချိန် အိပ်ပျော်သွားတာပါလိမ့်။

သူမ အမှန်တကယ် မမှတ်မိတော့ချေ။ သို့ရာတွင် ကျုံးမင်းဝေ ဆိုပြခဲ့သော သီချင်းသံများ သာယာပုံ၊ ကျုံးမင်းဝေ၏ လက်များ နွေးထွေးလှပုံနှင့် သူ၏ ရင်ခွင်သည် အမှန်တကယ် သက်သောင့်သက်သာရှိခဲ့ပုံကိုမူ သူမ ကောင်းစွာ မှတ်မိနေခဲ့သည်။

အား....။

ရှက်လိုက်တာ။

အခန်းအပြင်ဘက်သို့ ရောက်မှ အားချိုးသည် ရုတ်တရက် ခြေစုံရပ်လိုက်သည်။ ထို့နောက် ခြေလှမ်းများကို နှေးလိုက်ကာ အနေရခက်သော အမူအရာဖြင့် ဘေးအခန်းဆီသို့ ဝင်သွားပြီး သစ်သားသေတ္တာကြီးထဲမှ ချည်ထည်စတစ်ခုကို ထုတ်ယူလိုက်လေသည်။

အားချိုး၏ မျက်နှာသည် နံနက်စောစောကတည်းက နီမြန်းလျက်ရှိရာမှ ယခု ထမင်းစားချိန်တွင် သူမ၏ ရှေ့မှ ချင်းနှင့် သကြားညိုရည် ပူပူတစ်ခွက်ကို မြင်လိုက်ရသောအခါ ပို၍ပင် နီရဲလာတော့သည်။

ကျုံးမင်းဝေက တိုက်တွန်းလိုက်သည်။ ယနေ့စားမည့် ခေါက်ဆွဲမှာ အားချိုး မနေ့ကတည်းက ပြုလုပ်အသင့်ထားသော ခေါက်ဆွဲဖြစ်သဖြင့် ရေနွေးဆူတွင် ထည့်ပြုတ်လိုက်ရုံသာ ဖြစ်သည်။ ခေါက်ဆွဲများ ကျက်သောအခါ ကျုံးမင်းဝေသည် အားချိုးအတွက် ချင်းနှင့် သကြားညိုရည် ပူပူတစ်ခွက်ကို ဖျော်ပေးထားခြင်း ဖြစ်သည်။

အားချိုးကမူ ထိုသို့ မထင်မိ။ ကျုံးမင်းဝေအား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အနေရခက်စွာ မျက်နှာလွှဲလိုက်ကာ စိတ်ထဲမှ တိုးတိုး ရေရွတ်နေမိလေသည်။

“ဘယ်စာအုပ်အကြောင်း ပြောပြမှာလဲ။ ပုစဉ်းရင်ကွဲ အချစ်ဇာတ်လမ်း ကောင်းလား။ ကျွန်မ အဖုံးပေါ်က ပန်းချီကားလေး တွေ့လိုက်တယ်၊ အရမ်းလှတာပဲ။ အသက်ဝင်နေတဲ့ ကျောက်ပုစဉ်းလေးရယ်။ နတ်ဘုံနတ်နန်းက တောင်တန်းရေတံခွန်တွေရယ်။ စာအုပ်ထဲမှာ နတ်သားနတ်သမီးတွေအကြောင်း ပြောတာလား။”

“ကျွန်မက ပုံပြင်နားထောင်ရတာ အကြိုက်ဆုံးပဲ။ ငယ်ငယ်တုန်းက အမေရှန်းကို ပုံပြင်ပြောပြဖို့ အမြဲ ပူဆာတယ်။ အဲ့လိုပူဆာတာတွေက အမေရှန်းကို သေလောက်အောင် စိတ်ညစ်စေခဲ့တာ။ နောက်တော့ ကျွန်မ ယန်ရှီးနန်းတော်ကို ရောက်သွားတယ်။ ယန်ရှီးနန်းတော်မှာ ပုံပြောတဲ့သူ ရှိတယ်လေ။ ဒါပေမဲ့ ကျွန်မလို ကြမ်းတမ်းတဲ့ နန်းတွင်းသူက ဘယ်လိုလုပ် ပုံပြင်နားထောင်ခွင့် ရမှာလဲ။ အဝေးကနေ သူများတွေ ပုံပြောတာကို လှမ်းကြည့်ရုံပဲ။ ခဏခဏ နားထောင်ရုံပဲ။ ပုံပြင်တစ်ပုဒ်လုံး ပြည့်ပြည့်စုံစုံ နားမထောင်ရတော့ တအားသိချင်တာပဲ အဆက်တွေကို။ ဘယ်လိုပြောရမလဲ။ ဗိုက်ဆာနေသလိုပဲပေါ့ ခံစားချက်က။”

ကျုံးမင်းဝေက ပြုံးလျက်ဆိုရင်း လက်လှမ်းကာ အားချိုး၏ နဖူးပေါ်တွင် ရှုပ်ယှက်ခတ်နေသော ဆံပင်များကို နားနောက်သို့ သပ်တင်ပေးလိုက်ပြီး ပြောလိုက်သည်။

“ဟုတ်တယ်လေ။ လျောင်ကျိုင်းပုံပြောရုံရဲ့ ထူးဆန်းတဲ့ ပုံပြင်တွေထဲက ရောင်ချယ်ရုပ်သွင် လေ။ ပုံပြောတဲ့သူ ပြောတာ အရမ်းကောင်းတာ။”

အားချိုးသည် စိတ်လှုပ်ရှားလွန်းသဖြင့် ခေါက်ဆွဲကိုပင် ဆက်မစားနိုင်တော့ဘဲ တူကို စားပွဲပေါ် တတောက်တောက်ခေါက်ရင်း ကျုံးမင်းဝေအား စိတ်အားထက်သန်စွာ ပြောနေလေသည်။

“ဒါပေမဲ့ ကျွန်မ အစပိုင်းပဲ ကြားလိုက်ရတယ်။ မိစ္ဆာမ အရေခွံခွာတဲ့ နေရာအထိပဲ ကြားလိုက်ရတာ။ ပြီးတော့ ကျွန်မ နန်းတော်က ထွက်လာခဲ့ရတော့ နောက်ဆက်တွဲကို ဘယ်တော့မှ မကြားလိုက်ရဘူး။ ဒါပေမဲ့ ကျွန်မက အဆက်ကို တအားသိချင်နေတာ။ နောက်တော့ ဘာဖြစ်သွားလဲ။ မိစ္ဆာမ အရေခွံခွာပြီးတော့ရော။ အဲ့ဒီလူကို စားလိုက်လား။ ဘယ်လို စားလိုက်တာလဲ။ သူ့နှလုံးနဲ့ အသည်းကို ထုတ်စားလိုက်တာလား။ ဒါမှမဟုတ် အပေါ်ကနေ အရေခွံခွာတာလား၊ လည်ပင်းကို ကိုက်လိုက်တာလား။”

ကျုံးမင်းဝေ၏ နှုတ်ခမ်းထောင့်များက ပို၍ပင် တွန့်ချိုးသွားသည်။

အားချိုးသည် ကျုံးမင်းဝေ၏ မျက်နှာအမူအရာကိုကြည့်ကာ သူမ၏ စိတ်ပျက်မှုကို မဖုံးနိုင်မဖိနိုင်ဖြစ်သွားပြီး ပန်းကန်ကို ပြန်ကောက်ကိုင်၍ ခေါက်ဆွဲတစ်လုတ် စားလိုက်သည်။ ထို့နောက်မှ ကျုံးမင်းဝေအား နှစ်သိမ့်စကားဆိုလိုက်သည်။

“အို၊ ထားလိုက်ပါတော့။ မသိလည်း ကိစ္စမရှိပါဘူး။ စာအုပ်တွေ ဒီလောက်များတာ။ အကုန်လုံး ဘယ်သူက ဖတ်နိုင်မှာလဲ။ ရှင် သိချင်ရင် ကျွန်မ ပြောပြမယ်လေ။ ဒါပေမဲ့ အဆုံးထိတော့ မပြောတတ်ဘူး။ သရဲမ အရေခွံခွာတဲ့ နေရာအထိပဲ ပြောတတ်တယ်။ ပုံပြင်အစက ပြောတာတော့ ဝမ်ရှန်းဆိုတဲ့ လူတစ်ယောက် ညဘက် လမ်းမှာ မိန်းမလှလေးတစ်ယောက်နဲ့ တွေ့တယ်။ သူက သူမကို အရမ်း ဆွဲဆောင်မှုရှိတယ်လို့ ထင်လိုက်တာ။ ဒါပေမဲ့ သူ မသိလိုက်တာက အဲ့ဒီမိန်းကလေးက တကယ်တော့ မိစ္ဆာမ ပဲ။ လူသားယောင်ဆောင်ထားတာ။”

အခန်း ၁၃၇။

“ကိုယ် သိမချင်ဘူး။ ကိုယ် တကယ်ကို လုံးဝ မသိချင်ဘူး။”

ကျုံးမင်းဝေသည် အားချိုး၏ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။ သူက တစ္ဆေပုံပြင်တွေကို တကယ် စိတ်မဝင်စားပေ။ စိတ်မဝင်စားရုံသာမက အလွန် မုန်းသေးသည်။

“အို၊ ထားလိုက်ပါတော့။”

အားချိုးသည် အနည်းငယ် စိတ်ဓာတ်ကျသွားကာ ခေါက်ဆွဲကို နောက်ထပ်အနည်းငယ် စားလိုက်ပြီး ကျုံးမင်းဝေကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်နေသည်။

“တကယ်တော့ ပုံပြင်က တကယ်ကောင်းပါတယ်။ ရှင် နားမထောင်ဖူးသေးလို့ပါ။ ကြားဖူးရင် ကြိုက်သွားနိုင်တာပဲ။ အဲ့ဒီသရဲမက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ သူမကို ပန်းလိုလှတယ်လို့တော့ မထင်လိုက်နဲ့။ ဒါပေမဲ့ သူမ အရေခွံခွာဖို့ပဲ လိုတာ...”

“တော်ပြီ၊ တော်ပြီ။”

ကျုံးမင်းဝေ စကားဆက်မပြောနိုင်တော့ပေ။ သူက အားချိုး၏ စကားကို အလျင်စလို ဖြတ်လိုက်ပြီး ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

“ကိုယ် မင်း မကြားဖူးသေးတဲ့ ပုံပြင်အသစ်တွေ ပြောပြမယ်။ သေချာပေါက် ကောင်းမှာပါ။”

“ဟုတ်ပြီလေ။”

အားချိုးက ခေါင်းကို ဆက်တိုက်ညိတ်ပြရင်း ချဉ်ဖတ်တစ်ဖတ်ကို တူဖြင့်ညှပ်ယူလိုက်ကာ ကျုံးမင်းဝေကို စူးစမ်းစွာ မေးသည်။

“သရဲမတွေ ပါလား။ နတ်သမီးတွေရော ပါလား။ သူတို့က လူသားစားတတ်လား။”

“ပေါ့ပေါ့ပါးပါး ပုံပြင်လေးတွေပဲ ပြောရအောင်ပါ၊ ဒီလောက် သွေးထွက်သံယိုတွေ မပါတာမျိုးပေါ့။ ဟုတ်ပြီလား။”

ကျုံးမင်းဝေသည် အစာမကြေ ရင်ပြည့်သလို သက်ပြင်းချလိုက်သည်။ သိချင်စိတ်တွေ ပြင်းပြတောင့်တနေသော အားချိုး၏ နက်မှောင်သော မျက်ဝန်းများကို ရင်ဆိုင်ရင်း သူသည် ပထမဆုံးအကြိမ်အဖြစ် သူတကယ် အသက်ကြီးပြီဟု ခံစားလိုက်ရသည်။ သုံးနှစ်တစ်ကြိမ် မျိုးဆက်ကွာဟမှု ရှိသည်ဟု ဆိုကြရာ သူနှင့် ဒီကောင်မလေးကြားက မျိုးဆက်ကွာဟမှုကတော့ ချောက်နက်ကြီးတစ်ခုပင်တည်း။

“အင်း၊ ဟုတ်ပြီလေ။ သွေးထွက်သံယိုတွေ နားမထောင်တော့ဘူး။ ရှင် ပြောသမျှ နားထောင်ပါ့မယ်။”

ကျုံးမင်းဝေသည် သက်ပြင်းချလိုက်ပြီး ခေါက်ဆွဲကို ဆက်၍ ညှပ်ယူစားသောက်နေသည်။

“ဒါနဲ့ နောက်တော့ ဘာဖြစ်သွားလဲ။”

အားချိုးသည် သူမ၏ ခေါင်းကို ကျုံးမင်းဝေ၏ ပေါင်ပေါ်တွင် မှေးထားပြီး ဆံပင်ရှည်များကို ချထားကာ ကျုံးမင်းဝေအား သူမအတွက် ဘီးကို ဖြီးခိုင်းလိုက်သည်။

“နောက်တော့ ဘာဖြစ်သွားလဲ။ ကျန်းရှန်း ပြန်လာခဲ့လား။”

“မလာဘူး။ ကျန်းရှန်းက နောက်ပိုင်းမှာ သစ္စာဖောက်ပြီး အလှမယ်လေး ယင်းယင်းကို စွန့်ပစ်ခဲ့တယ်။”

“တစ်နှစ်ကျော်ကြာတော့ ယင်းယင်းက တခြားတစ်ယောက်နဲ့ လက်ထပ်သွားပြီး ကျန်းရှန်းကလည်း နောက်တစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ ဇာတ်လမ်းက ဒီမှာပဲ ဆုံးသင့်တာ။ ဒါပေမဲ့ တစ်ခါမှာ အဲ့ဒီ ကျန်းရှန်းက အလှမယ်လေး ယင်းယင်းရဲ့ အိမ်ရှေ့က ဖြတ်သွားရင်း သူငယ်ချင်းအနေနဲ့ တွေ့ခွင့်တောင်းသေးတယ်။ ဒါပေမဲ့ အလှမယ်လေး ယင်းယင်းက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်။”

“အဲ့ဒီနောက်မှ သူက အနေရခက်စွာ ထွက်သွားခဲ့ပြီး သူတို့နှစ်ယောက်ကြားမှာ ဘယ်တုန်းကမှ ဘာမှမပတ်သက်ခဲ့တော့ဘူး။”

“ခံသင့်တယ်။ ဒီလို အမြဲတမ်း ရှုပ်ရှုပ်ယှက်ယှက်နိုင်ပြီး စွန့်ပစ်တတ်တဲ့ စာပေသမားယောင်ယောင် ဘာယောင်ယောင်။ တကယ် အရှက်မရှိဘူး။”

အားချိုးသည် ဒေါသတကြီးဖြင့် သွားကြိတ်ကာ ပြောသည်။

“အရင်တုန်းက အလှမယ်လေး ယင်းယင်းကို စနောက်ခဲ့တာလည်း သူပဲ။ စကားလုံးတိုင်းက သူပြောခဲ့တာတွေချည်းပဲ။ အဲ့ဒီပါးစပ်က ပျားရည်ထက်တောင် ချိုပြီး အလှမယ်လေး ယင်းယင်းရဲ့ နှလုံးသားကို ရယူခဲ့တယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ အစပိုင်းမှာ အချစ်ကြီးချစ်ခဲ့တာ သူပဲ။ အဆုံးမှာ စွန့်လွှတ်ခဲ့တာလည်း သူပဲ။ သူ။ တကယ့် ဝံပုလွေနှလုံးသားနဲ့ ခွေးလိုလူ။ ဝက်တွေ၊ ခွေးတွေလောက်တောင် မကောင်းဘူး။ တောက်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီလို စာပေသမားယောင်တွေက အသည်းနှလုံးမရှိဆုံးပဲ။ စာနှစ်အုပ်လောက် ဖတ်ပြီးတာနဲ့ သူတို့ကိုယ်သူတို့ အထင်ကြီးနေကြတာ။ လူသားဆန်မှု၊ ဖြောင့်မတ်မှု၊ ကိုယ်ကျင့်တရားတွေ ပြည့်ဝနေသလို ဟန်ဆောင်နေပေမယ့် တကယ်တမ်းကျတော့ ယောကျာ်းပြည့်တန်ဆာ၊ မိန်းမဓားပြစိတ်တွေနဲ့ ပြည့်နေတာ။ အရမ်း မုန်းဖို့ကောင်းတယ်။”

“ယင်းယင်းလေးက သူ့အတွက် တန်လွန်းနေသေးတယ်။ ကျွန်မအလိုအရဆိုရင် သူ့ခြေထောက်တွေကို ရိုက်ချိုးပြီး သူ့လက်တွေကို သုံးမရအောင် လုပ်ပစ်ဖို့ လူတစ်ယောက် ရှာသင့်တယ်။ အဲ့ကျမှ နောက်နောင်မှာ အဲ့ဒီလို စောက်သုံးမကျတဲ့ ကဗျာတွေ၊ စာတွေကို ရေးပြီး လူတွေကို ထပ်မှိုင်းတိုက်နိုင်ဦးမလား ကြည့်ရသေးတာပေါ့။”

“ဟွန်း၊ သူ့အတွက် တကယ် တန်လွန်းနေသေးတာ။”

အားချိုးက နှာမှုတ်လိုက်ပြီး ခဏရပ်ကာ ကျုံးမင်းဝေအား တိုးတိုးလေး ရေရွတ်သည်။

“ဒီပုံပြင် မကောင်းဘူး။ ရှင့်ကို နောက်တစ်ပုဒ် ပြောပြခိုင်းပြီး ဒဏ်ပေးရမယ်။”

“ကောင်းပြီလေ၊ နောက်တစ်ပုဒ် ပြောပြတာပေါ့။”

ကျုံးမင်းဝေသည် စာပေသမားယောင်ကြောင့် ဒေါသဖြင့် မျက်နှာနီမြန်းနေသော ကောင်မလေးကို ကြည့်ရင်း နှုတ်ခမ်းကို မထိန်းနိုင်ဘဲ ကွေးညွတ်လိုက်မိကာ ညင်သာစွာ ဆိုသည်။

နာရီဝက်ခန့်အကြာ။

“အား။ လောကကြီးမှာ ချန်ရှီမိန်လို အရှက်မရှိတဲ့ လူစားမျိုး ရှိနိုင်ရသလား။”

ဆံပင်ဖရိုဖရဲဖြစ်နေသော အားချိုးသည် ဒေါသဖြင့် မျက်လုံးပြူးကာ ပါးနှစ်ဖက်ကို ဖောင်းကားထားသည်မှာ ဖောင်းနေသော ဖားပြုတ်ငယ်လေးတစ်ကောင်နှင့် တူနေသည်။

“ချင်ရှန်းလျန်က သူ့ကို ဘယ်လောက် ကောင်းခဲ့သလဲ။ သူမ ဘဝတစ်ခုလုံး သူ့အတွက် ပေးဆပ်ခဲ့တာ။ သူ့မိဘတွေကို ပြုစုလုပ်ကျွေး၊ သူ့အတွက် ကလေးတွေ မွေးမြူပေးခဲ့တာ။ သူ့သမီးပျိုဘဝရဲ့ အကောင်းဆုံးနှစ်တွေကို သူ့အတွက် မြှုပ်နှံခဲ့တာ။ ဒါပေမဲ့ သူက ဘာလုပ်ခဲ့လဲ။ တခြားသူတွေဆီ သွားတယ်။ စာနည်းနည်း ပိုတတ်တာနဲ့ စိတ်ကြီးဝင်သွားတာ။ မြို့တော်ကို ရောက်ပြီး ပထမဆုရပြီးနောက်မှာ လူကနေ တစ္ဆေလို ဖြစ်သွားတော့တာပဲ။ မိဘတွေလည်း မရှိတော့ဘူး၊ ကလေးတွေလည်း မရှိတော့ဘူး၊ တခြားလူ ချင်ရှန်းလျန်လည်း မရှိတော့ဘူး။ သူမကို သတ်ဖို့တောင် ကြိုးစားသေးတယ်။ ဒီလောက် ဆိုးရွားတဲ့လူ ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။ တိရစ္ဆာန်လောက်တောင် မကောင်းဘူး။ ဟို ကျန်းရှန်းထက်တောင် ပိုပြီး တိရစ္ဆာန်ဆန်တယ်။ ငှက်။ တိရစ္ဆာန်။”

အခန်း ၁၃၈။ ညည်းညူခြင်း။

“ဟုတ်တယ်၊ ဒီ ချန်ရှီမိန်က ငှက် ဒါမှမဟုတ် သားရဲလောက်တောင် မကောင်းဘူး။ နောက်ပိုင်းမှာ သူက အခြားတစ်နေရာမှာ ခေါင်းဖြတ်ခံရတယ်၊သူကအဲ့တာနဲ့ ထိုက်တန်တယ်၊”

ကျုံးမင်းဝေက အလျင်အမြန် သံယောင်လိုက်ကာ အားချိုးအား ပေါင်ပေါ်သို့ ဆွဲတင်လိုက်ပြီး ဆံပင်များကို ပွတ်သပ်ကြည့်ရင်း ပြုံးကာ ‌ပြောသည်။

“ဇာတ်လမ်းကိုသာ သေချာနားထောင်ရင် မင်း ပိုဒေါသထွက်ရလိမ့်မယ် “

“ဒါပေမယ့် ရှင်ပြောခဲ့တဲ့ ဇာတ်လမ်းတွေက တကယ့်ကို စိတ်တိုစရာပါပဲ၊ အထူးသဖြင့် ဒီ ချန်ရှီမိန်...”

အားချိုးက အေးစက်စက် နှာမှုတ်လိုက်ကာ

“ ကျွန်မ သူ့ကို တွေ့ရင် သေချာပေါက် တံတွေးနဲ့ထွေးပစ်မယ်”

“ကိုယ်က ဇာတ်လမ်းကို ကောင်းကောင်းမပြောပြတာ မဟုတ်ဘူး၊အဲ့ဒါ‌ကိုက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရည်အသွေးတွေ ဖြစ်နေတာ”

“ကောင်မလေး၊ ဇာတ်လမ်းအားလုံးရဲ့ ဇာတ်ကောင် ကိုးဆယ့်ကိုးယောက်လောက်က သားရဲလောက်‌တောင် မထက်မြတ်တဲ့လူဖြစ်နေတာလေ ၊ကိုယ်ရှောင်ချင်ရင်တောင် ရှောင်လွှဲ၍မရနိုင်ဘူး”

“ဟမ့် ဒါဆို ရှင့်ရဲ့ပုံပြင်တွေကို ကျွန်မနားမထောင်တော့ဘူး၊ အဲဒီချဉ်တူး‌နေတဲ့ပညာရှင်တွေကို ကျွန်မအရမ်းမုန်းတယ်”

အားချိုး က ရေရွတ်ရင်း ခေတ္တရပ်လိုက်ပြီး ကျုံးမင်းဝေ ကို ရုတ်တရက်မေးလာသည်။

“ဒီကမ္ဘာမှာ လူပေါင်း ထောင်သောင်းချီရှိပြီး မတူကွဲပြားတဲ့ စိတ်နေစိတ်ထား ထောင်ပေါင်းများစွာ ရှိနေတာ သဘာဝပဲ၊ ဆိုတော့ ထုံးစံအတိုင်း လူဆိုးတွေလည်းရှိတယ်။ မဟုတ်ရင် ထောင်ထဲမှာ သစ္စာမဲ့ပြီး ရက်စက်တဲ့သူတွေ ဘာလို့ ပြည့်နေမလဲ”

ကျုံးမင်းဝေက ဖြည်းညှင်းစွာပြောသည်။ သူက ခဏရပ်ပြီး ဆက်ပြောသည်။

“ သစ္စာဖောက်တွေနဲ့ လူဆိုးတွေကို ဖမ်းဆီးထောင်ချနိုင်ပေမယ့် သူတို့ထက် ပိုကြောက်စရာကောင်းတာက ကျန်းရှန်း လိုမျိုး သူ စိတ်မရှည်တဲ့အခါ ဆူပူကြိမ်းမောင်းတတ်တဲ့ ရက်စက်တဲ့သူတွေပဲ၊၊ ဒါမှမဟုတ် ချန်ရှီမိန် ၊ ပေါင်ကုန်းသာမရှိဘူးဆိုရင် သူက ပုံမှန်အတိုင်း သားမက်နဲ့အတူ ရှိနေလိမ့်မယ် လို့မင်း မတွေးမိဘူးလား?”

“ အဲဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပညာရှင်တွေက တခြားသူတွေထက် သာလွန်တယ်လို့ ထင်ခဲ့ဖူးပေမယ့် အခုတော့ ပညာရှင်တွေကြားမှာ တကယ်ကို လူ့အမှိုက်တွေ အများကြီးရှိပုံရပြီး သူတို့အားလုံးက တိရစ္ဆာန်တွေထက်တောင် ယုတ်ညံ့ကြတယ်။ အဲဒါက အမှိုက်လိုမျိုးပဲ”

“ဟုတ်တယ်၊ အထူးသဖြင့် စွမ်းရှို့ချိုက်၊ စိတ်ဝင်စားစရာဇာတ်လမ်းတွေ အများကြီးပဲ၊ ကောင်မလေး၊ နောင်တစ်ချိန်မှာ စွမ်းရှို့ချိုက်လိုမျိုး နဲ့တွေ့ရင် မင်းရှောင်သွားရမယ်‌နော်၊ တတ်နိုင်သမျှ ဝေးဝေးမှာနေရမယ်၊ဒါကို မှတ်ထား”

ကျုံးမင်းဝေ သည် ဤဇာတ်လမ်းနှစ်ပုဒ်၏ အဓိက အယူအဆကို လျင်မြန်စွာ ကောက်ချက်ချခဲ့သည်။

ကျုံးမင်းဝေ သည် သူ့လက်ထဲမှ ခေါင်းဖြီးကို ရုတ်တရက် လွှင့်ပစ်လိုက်ပြီး ခေါင်မိုးထုတ်တန်းကို ဒေါသတကြီးမော့ ကြည့်လိုက်သည်။

အားချိုး က ခေါင်းကို မော့ကာ ကျုံးမင်းဝေ ရဲ့ အင်္ကျီကို လှမ်းဆွဲပြီး

ကျုံးမင်းဝေသည် အားချိုး နှင့် လုံးဝ စကားမပြောချင်တော့ဘဲ သူ့နှာခေါင်းမှ နှာမှုတ်သံသာထွက်လာသည်။

တစ်နေ့တာလုံး စိတ်ရှည်ရှည်နဲ့ ပုံပြင်တွေပြောရင်း သူ့ ပါးစပ်တွေတောင် ခြောက်‌သွေ့သွားပေမယ့် အဆုံးမှာတော့ စကားလုံးတွေ ဖြုန်းတီးမိနေပြီး မျှော်လင့်ထားတဲ့ အကျိုးသက်ရောက်မှု လုံးဝမရရှိခဲ့‌ချေ။ကျုံးမင်းဝေတစ်ယောက် တကယ်ကို စိတ်ဆိုးသွားသည်။

တန့်ချင်းဖန် နန်းတော်ထဲဝင်သွားတဲ့အခါ ကျုံးဇီဟန် က နေ့လယ်စာစားနေတဲ့ အချိန် ဖြစ်နေသည်။ တန့်ချင်းဖန်ဝင်သွားမည့်ဆဲဆဲတွင် တော်ဝင်စာ ကြည့်‌ဆောင်အပြင်ဘက်မှာပဲ ကျောက်ရူဟိုင် တားတာကိုခံလိုက်ရသည်။ဒါကပထမဆုံးအကြိမ် ဖြစ်တာ‌ကြောင့် တန့်ချင်းဖန် နည်းနည်းတော့ စပ်စုချင်မိသွားသည်။

“သက်တော်ရှည်ဧကရာဇ်မင်း အခေါ်တော်ရှိထားတာ ဘယ်သူများလဲ”

တန့်ချင်းဖန် က ကျောက်ရူဟိုင်ကို မေးလိုက်သည်။ သူက ကျုံးဇီဟန်ရဲ့ ထိပ်တန်းလူယုံဖြစ်ပြီး သူ့အဆင့်အတန်းက အရမ်းထူးခြားတဲ့အတွက် တန့်ချင်းဖန်ဟာ တံခါးမှာ ပိတ်ဆို့ခံရတာမျိုး တစ်ခါမှ မကြုံ‌တွေ့ဖူး‌ပေ။

ကိုယ်လုပ်တော်တွေကသာလျှင် တော်ဝင်စာကြည့်ဆောင်ကို ဝင်ထွက်နိုင်ကာ ဂုဏ်အသရေ စည်းစိမ်ချမ်းသာများကို တွေ့မြင်ခွင့်ရသူများဖြစ်သည်။သို့သော် ကျင်းယီ အစောင့်တပ်မှူး ဖြစ်သူ တန့်ချင်းဖန်မှာတော့ ကိုယ်လုပ်တော်ဟွေ့ အကြောင်း တစ်ခါမျှ မကြားဖူးခဲ့ပေ။

“သက်တော်ရှည်ဧကရာဇ်မင်းက လွန်ခဲ့သည့်သုံးရက်ခန့်ကမှ အမိန့်တော်ထုတ်ခဲ့တာသောကြောင့် စစ်သူ ကြီးတိုင် ဒီအကြောင်းကိုသိရဖို့ နောက်ကျသွားတာပါ”

ကျောက်ရူဟိုင်က ဖြည်းညင်းစွာ‌ပြောလိုက်ပြီး တန့်ချင်းဖန်၏ ဆွံ့အနေသောအသွင်အပြင်ကိုမြင်လျှင် ခေတ္တရပ်ကာ ပြုံးလျက်၊

“ဟွေ့ချန်က ကံကောင်းပါတယ်၊ အရင်က ဧကရီမယ်‌တော်ကြီးကို ခစားခဲ့ရတာ၊အခုတော့ ဘုရင်မင်းမြတ်ကို အခစားဝင်နိုင်ပြီလေ သူ့လိုသာမန်အမျိုးသမီးက ဒီလို ကောင်းချီးတွေကို ခံစားရတဲ့သူမျိုး ဘယ်မှာထပ်ရှိနိုင်မှာလဲ”

တန့်ချင်းဖန် လန့်သွားပြီး ရုတ်တရက် သဘောပေါက်သွားကာ ကျောက်ရူဟိုင် အား အသံတိုးတိုးဖြင့် ပြောသည်။

“ သက်‌တော်ရှည်မင်းကြီးက နန်းတွင်းကိုယ်လုပ်‌တော်တစ်ဦးကို အမြဲတမ်းအတွက် တိုက်ရိုက်သတ်မှတ်လိုက်တာလား”

All Chapters