← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 5 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 5 Ch. 139-141

အပိုင်း ၁၃၉။ ကျင်းဟွေ့

“ဟုတ်တယ်၊ ဟွေ့ချန် ဟာ မြင့်မြတ်တဲ့နှလုံးသားကို အပိုင်စားရထားပြီး၊ သူက ဧကရီမယ်တော်ြကီး ဘေးနားကလူတစ်ယောက်ဖြစ်လို့ ဧကရာဇ်က ဟွေ့ချန် ကိုတော့ အမြင် မမှားနိုင်ပါဘူး”

ကျောက်ရူဟိုင်က ပြောသည်။

တန့်ချင်းဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ သူ့စိတ်ထဲမှာ အရမ်းအံ့သြသွားသည်။

လွန်ခဲ့သောရက်အနည်းငယ်က ဂျင်ရိဝမ် သည် စီနင်းနန်းဆောင်ရှိ အ‌စေခံတစ်ဦးအား စုံစမ်းရန် အမိန့်ရခဲ့သည်။

ပထမတော့ ဒီလိုအသေးအဖွဲကိစ္စတွေကို သူဂရုမစိုက်တာကြောင့် သူ့လက်အောက်ငယ်သားတွေကိုသာ ခိုင်းစေခဲ့ပေမယ့် ကျုံးဇီဟန်က ဂျင်ရိဝမ်ကို နန်းတော်တွင်း၌သာ စုံစမ်းစစ်ဆေးဖို့ ပထမဆုံးအကြိမ် အမိန့်ပေးခဲ့တာ ဖြစ်သည်။ သူ ထိုအ‌ကြောင်းကို စိတ်ဝင်စားခဲ့တာ‌ကြောင့် ပေါ့ပေါ့ပါးပါး မေးခဲ့ပေမယ့် သူ့လက်အောက်ငယ်သားတွေရဲ့ အစီရင်ခံစာက သူ့ကို တကယ်ကို အံ့သြစေခဲ့သည်။

ထိုအမျိုးသမီး၏အမည်မှာ ကျင်း‌ဟွေ့ ဖြစ်ပြီး သူမ၏မိဘများသည် ရွှီမိသားစု၏ အစေခံများဖြစ်သည်။ ဤ ကျင်း‌ဟွေ့ သည် ကျားရှန် ပထမနှစ်၏ သတ္တမလ ခုနစ်ရက်နေ့ နေ့လည်ခင်းအချိန်တွင်မွေးဖွားခဲ့သည်။

ကျန်းရှန့်မိဖုရားကို သင်္ဂြိုဟ်သည့်အချိန်၌ ဖြစ်သည်။ ကျင်း‌ဟွေ့ သည် ကံမကောင်းသဖြင့် သူမမိဘများသည် ထိုနေရာ၌ပင် ကွပ်မျက်ရန် အမိန့်ပေးခံရကာ

ကလေးငယ်ကို မြစ်ထဲသို့ ပစ်ချ‌စေခဲ့သည်။ ဧကရီမယ်တော်ြကီးသည် သူမကို သနား၍ အသက်ကို ကယ်တင်ခဲ့ပြီး နောက်ပိုင်းတွင် ဝူတိုင်းတောင်သို့ စေလွှတ်ခဲ့သည်။ ဤအမျိုးသမီးသည် ငယ်စဉ်ကလေးဘဝကတည်းက ဗုဒ္ဓဘာသာအရိပ်အောက်တွင် ကြီးပြင်းခဲ့ပြီး ဧကရီမယ်တော်ြကီးအား ဝတ်ပြုရာတွင် ကူညီခဲ့သည်။ယခုနှစ်တွင် ဧကရီမယ်တော်ြကီးသည် ဆိုးရွားသော စိတ်အခြေအနေရှိ၍ နန်းတော်မှ ထွက်ခွာရန် အဆင်မပြေခဲ့ပေ။ဤသည်ကပင် ကျုံးဇီဟန်၏ အာရုံကိုဖမ်းစားလိုက် ခြင်း ဖြစ်သည် ။

တန့်ချင်းဖန် အရမ်းအံ့သြသွားသည်။ ဒီကမ္ဘာမှာ ဒီလိုတိုက်ဆိုင်မှုတစ်ခုရှိနေလေသည်။ တကယ့်ကို ထိတ်လန့်စရာပါပင်။ သို့ပေမယ့် ကျုံးဇီဟန်က သူမကို ကိုယ်လုပ်တော်ဖြစ်လာစေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ဒီကံမကောင်းတဲ့သူ၊ ကျုံးဇီဟန်ရဲ့ ဧကရီကျန်းရှန်းအပေါ် ချစ်ခင်မြတ်နိုးစိတ်က ကျင်း‌ဟွေ့ ဟု အမည်ရှိတဲ့ ဒီအမျိုးသမီးကို ကွပ်မျက်ဖို့ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။

ဤအချိန်တွင် သူသည် ကျင်း‌ဟွေ့ ကို သနားမိသွားသည်။ မီးအိမ်စိမ်းကိုကိုင်‌ဆောင်ကာ ရှေးဗုဒ္ဓဘုရားရှင်နှင့်သာ တစ်သက်လုံး တောင်ပေါ်တွင် နေခဲ့ရသည်။ဘယ်လိုပင် အထီးကျန်နေသည်ဆိုဆို သူမ ရှင်သန်နေနိုင်‌သေးသည်။ ဒီတောင်ပေါ်က‌နေ ဘာကြောင့် စိတ်ရှုပ်ခံပြီး ဆင်းလာရတာလဲ။

တန့်ချင်းဖန် သည် သူ့စိတ်ထဲ၌ ဤအရာကို တွေးနေမိချိန်တွင် ကျောက်ရူဟိုင် အသံကို ကြာလိုက်ရသည်။

ထိုမှပင် တန့်ချင်းဖန် သည် အသိစိတ်ပြန်ဝင်လာပြီး ရုတ်တရက် ခေါင်းကိုလှည့်ကြည့်လိုက်ရာ တော်ဝင်စာြကည့်‌ေဆာင်မှ သွယ်လျသောအမျိုးသမီးတစ်ဦး ထွက်လာသည်ကိုတွေ့လိုက်ရသည်။တန့်ချင်းဖန် သည် နန်းတော်ဖဲသား‌ပြောင်၊နှင်းပိုးဝတ်ရုံဖြင့် ထိုအမျိုးသမီးကိုကြည့်ကာ လျှို့ဝှက်စွာ အံ့သြသွားသည်။ အနှီအမျိုးသမီးကဲ့သို့ ဖြူစင်သန့်ရှင်းသော အမျိုးသမီးသည် ရှားရှားပါးပါးဖြစ်ပြီး ဟွေ့ချန်၏မျက်နှာကို မလွှဲမရှောင်သာကြည့်မိစေကာ ချက်ချင်းပင် မိုက်မဲရာကျသွားသည်။ ဒီလူရဲ့အသွင်အပြင်က...

ဟွေ့ချန် သည် တော်ဝင်စာကြည့်‌ဆောင်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့ပြီး သူမ၏ ပါးလွှာသော နှုတ်ခမ်းများသည် ဘာအမူအရာမှ မရှိဘဲ တင်းတင်း‌စေ့ထားသည်။

“စစ်သူကြီတန့်၊ ဧကရာဇ်အရှင်က သင့်ကို အထဲမှာ စောင့်နေပါတယ်။ “

“ဒီလက်အောက်ငယ်သားမှ ဧကရာဇ်အရှင်အား နှုတ်ဆက်ဂါဝရပြုပါတယ်။”

တန့်ချင်းဖန်က အမြန်ဝင်ပြီး ကျုံးဇီဟန် ကို ဦးညွှတ်လိုက်သည်။

ကျုံးဇီဟန်သည် လက်ဖက်ရည်ပန်းကန်ကို ပျင်းရိစွာ ကိုင်ထားရင်း တန့်ချင်းဖန်ကို ကြည့်ပြီး သူ့လက်ကို မြှောက်ကာ

တန့်ချင်းဖန်က ထပြီး ကျုံးဇီဟန်ကို လျောက်တင်လိုက်သည်။

“ကျွန်တော်မျိုး လျှောက်တင်စရာရှိပါတယ်၊ အရှင်မင်းကြီး၊ မနေ့ညက ဧကရီမယ်တော်ြကီး က ဘေကျင်းကနေ လူတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်၊အဲ့ဒီလူက နင်းဂုတကို သွားနေပုံရပါတယ်။”

“ဧကရာဇ်အရှင်၊ အဲ့ဒီလူက ညအချိန်မှာ ဆေးဝါးပစ္စည်း၂‌သေတ္တာ၊ ငွေတုံးငါးရာနှင့် ချည်ထည်များစွာပါတဲ့ လှည်းကြီးတစ်စီးကို ‌ဘေကျင်း‌ကနေ မောင်းနှင်လာခဲ့တာပါ။သူက နင်းဂုတ ဆီ သွားနေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ “

“နန်းတော်‌ဆေးဝါး‌ဆောင်က အအေးမိပျောက်လိမ်းဆေး တစ်သေတ္တာလည်း ပါပါတယ်။”

“အဲဒီလူက လှည်းလမ်း‌ပေါ်မှာ မောင်းနေတာ၊ သူက ဖြည်းဖြည်းချင်း သွားရမှာပဲ၊ ဒါ‌ကြောင့် တစ်ရက်အတွင်း အမီလိုက်နိုင်ပါတယ်”

ကျုံးဇီဟန် က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်ရင်း

“နင်းဂုတမှာ ဒီအချိန်ဆို အရမ်းအေးနေလိမ့်မယ်၊ ကိုယ်‌တော်သာ နင်းဂုတ ကို တစ်ခုခုမပို့ရင်၊ မယ်တော်ကြီးက နေ့ရောညပါ စိတ်ပူနေလိမ့်မယ်”

“မလိုပါဘူး၊ လှည်းထဲမှာ ပါတဲ့ပစ္စည်းတွေအ‌ကြောင်း ပြောလို့ပြီးနေပြီပဲ။ဘာလုပ်ဖို့ နောက်ယောင်ခံလိုက်မှာလဲ။”

“ နင်ဂုတဆီ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်တာ ဧကရီမယ်တော်ြကီးကိုယ်တိုင်လား။”

အပိုင်း ၁၄၀။ရှောင်အန်း

“မဟုတ်ပါဘူး၊ “

တန့်ချင်းဖန် ကအလျင်အ မြန်‌ဖြေလိုက်သည်။

“ ဧကရီမယ်တော်ကြီး က အဲဒီလူကို မဆင့်ခေါ်ခဲ့ပါဘူး၊ သူမက အထိန်းတော်ပိချောင် ကို နန်းတော်ထဲက ထွက်သွားခိုင်းပြီး ဆေးသေတ္တာနဲ့ငွေတွေကို အဲ့ဒီလူဆီ လွှဲပေးလိုက်တာပါ။ အဲ့လူ ငွေတုံး‌တွေ လက်ခံရရှိပြီးနောက်မှာ ကျွန်တော်မျိုးကိုယ်တိုင် ဝယ်ယူဖို့သွားခဲ့ပြီး လက်အောက်ငယ်သားတွေကိုလည်း တိတ်တဆိတ် စောင့်ကြည့်‌စေခဲ့ပါသေးတယ်”

“သဘောပေါက်ပြီ”

ကျုံးဇီဟန်က ခေါင်းညိတ်ပြကာ

“ဧကရီမယ်တော်ကြီးကိုယ်တိုင်က ဒီအခွင့်အရေးကို အမိအရ အသုံးချနေမှတော့ ကိုယ်တော်က ဘယ်နှယ့်လုပ် ထိန်းထား နိုင်မှာလဲ”

တန့်ချင်းဖန်သည် ကျုံးဇီဟန်၏ အမူအရာကိုကြည့်ကာ ခဏတုံ့ဆိုင်းနေပြီး

“ဧကရီမယ်တော်ကြီးက သူ့လူတွေကို နင်းဂုတကို ဆက်လက်စေလွှတ်နေ‌သေးရင်...”

“ရွှီမိသားစု မပါဝင်သရွေ့တော့ အဲဒါကို စိတ်မပူပါနဲ့။ နောက် ပြီး နင်းဂုတကို စောင့်ကြည့်နေဖို့ အစောင့်တွေမရှိသေးဘူးလား”

ကျုံးဇီဟန် သည် နံရံပေါ်ရှိ နှုတ်ခမ်းပါးလှပ်၍ ဖြူဉနေသော မိန်းကလေးပုံတူပန်းချီကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ ထို့နောက် ခေတ္တရပ်၍

“‌ပြောရရင် သူက ဧကရီမယ်တော်ကြီးရဲ့ အကြီးဆုံးမြေးတော် တစ်ယောက်ပဲလေ”

“ဟုတ်ကဲ့၊ ကျွန်တော်မျိုး နားလည်ပါပြီ“

တန့်ချင်းဖန် က အရိုအသေ ပြုကာ ပြောအပြီး တစ်ခုခုကို ရုတ်တရက် သတိရသွား၍ ကျုံးဇီဟန် ကို အပြုံးလေး ဖြင့် ပြောလိုက်၏။

“ဒါထက်၊ ဧကရာဇ်အရှင်ကို သတင်းပို့စရာ နောက်ထပ်တစ်ခု ရှိပါသေးတယ်”

“မကောင်းတာတော့ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေက ထူးဆန်းတာတစ်ခုကို သိခဲ့ရလို့ပါ “

“အရင်တုန်းက ဧကရီမယ်တော်ကြီး က ဆောင်းဦးရာသီမှာ ရွှီ မိသားစုကို ကြွယ်ဝခြင်းကျောက်စိမ်း ဒါမှမဟုတ် စုတ်တံနဲ့ မှင်ကျောက်တွေကို ပေးအပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ဧကရီမယ်တော်ကြီး က ရွှီမိသားစုကို အိမ်တွင်းအလှစိုက် သတ္တုငါးပါးဘွန်စိုင်းပင် တစ်ပင်ကို ပေးခဲ့ပါတယ်။ဧကရီမယ်တော်ကြီး ကိုယ်တိုင် ဂရုတစိုက်ပျိုးထောင်ထားပြီး အရမ်းသပ်ရပ်လှပတယ်လို့သိရပါတယ်။”

ကျုံးဇီဟန်လည်း ထိုစကားကိုကြားသောအခါ ရယ်လိုက်မိသည်။

“ ရွှီချန်ကျင်းတစ်ယောက် ဒီသတင်းကြားပြီး စိတ်ဓာတ် ပိုကျလာမှာကိုပဲ ကိုယ်တော် စိုးရိမ်မိတယ်”

“ဧကရီမယ်တော်ကြီး လည်ချောင်း မ‌ခြောက်အောင် လက်ဖက်ရည်ကို သုံးဆောင်လိုက်ပါဦး”

ပိချောင်က လက်ဖက်ရည်ပန်းကန်လုံးနှင့် ဝင်လာပြီး ဧကရီမယ်တော်ကြီးမှာ ဗုဒ္ဓရှေ့တွင် ဒူးထောက်ကာ ဘုရားစာရွတ်နေသေးသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ လက်ဖက်ရည်ပန်းကန်လုံးလေးကို စားပွဲပေါ်တင်လိုက်သည်။ထို့နောက် ဧကရီမယ်တော်ကြီးကို မတ်တပ်ထရန် ကူညီလိုက်သည်။

“မယ်တော်ကြီး နာရီပြန် ငါးချက်တီးကတည်းက ဘုရားစာရွတ်ဆိုနေတာ အခုဆို ၂နာရီလောက်တောင် ကြာနေပါပြီ၊ မပင်ပန်းဘူးလား”

ဧကရီမယ်တော်ကြီးက ထ၍ ပျော့ပျောင်းသော ထိုင်ခုံပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ကာ ဖြည်းညှင်းစွာ မေးသည်။

မိဖုရားကြီးက သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်သောက်ရင်း

“ သွမ့်ရှီ ဆိုတာကို ငါမသိဘူး၊အဲ့ဒီ ကောင်မလေးက မင်းဝေကို ဘယ်လို ကောင်းကောင်း ဆက်ဆံနေရဲ့လားဆိုတာလည်း မသိဘူး”

ဒီစကားတွေကိုကြားတော့ ပိချောင် စိတ်ထဲမှာ အရမ်းလေးလံလာပြီး ခဏအကြာမှာတော့

“ဧကရီမယ်တော်ကြီး၊အရှင် စိတ်အေး‌အေးထားပါ၊ အနည်းဆုံးတော့ သွမ့်မိသားစုရဲ့သမီးက ချမ်းသာတဲ့ မိသားစုက ကြီးပြင်းလာတဲ့ မျိုးရိုးမြင့် မိန်းကလေးဖြစ်တဲ့အတွက် ပညာတတ်ပြီး ကျိုးကြောင်းဆင် ခြင်တတ်ပါတယ်”

“သူမက ချမ်းသာတဲ့မိသားစုက ကြီးပြင်းလာတဲ့ မျိုးရိုးမြင့်မိန်းကလေး ဖြစ်တာကြောင့်နဲ့တော့ ငါက စိတ်မအေးနိုင်ပါဘူး”

“အဲ့ဒီ မျိုးရိုးမြင့် မိန်းကလေးကလည်း လူသားတစ်ယောက်ပဲ မဟုတ်လား။ မင်းဝေရဲ့ နေ့စဉ်ဘ၀မှာ သူမက ဘယ်လိုဘယ်ပုံ ပြုစုပါ့မယ်လို့ မျှော်လင့်လို့ရနိုင်မလဲ။ မင်းဝေက အခုဆို ဒီလိုပုံစံတောင် ဖြစ်နေတာ၊ ပြောကြတာ သူမက သူမမျက်လုံးထက်တောင် ပို အမြင့်ကိုကြည့်တတ်တဲ့ မျိုးရိုးမြင့် မိန်းကလေးတဲ့၊ သာမာန်မိန်းမတွေထက်တောင် မင်းဝေ ကို အထင်သေးနေမှာမလား”

“အခုက သွမ့်မိသားစုက လုံးဝပြိုကွဲသွားပြီပဲ၊ သွမ့် မိသားစုရဲ့သမီးက ဒီလောက်မာနမကြီးရဲ‌လောက်‌တော့ပါဘူး၊ အကယ်၍ သူမသာ အကြီးဆုံးမင်းသားကို အနိုင်ကျင့်ဝံ့ရင် ပန်ယီက အခုအချိန်ထိ အရှင်မထားဘဲ အရင်ကတည်းက ရိုက်နှက်ဆုံးမတာ ဒါမှမဟုတ် အသက်ကိုနှုတ်ယူခဲ့မှာပါ၊ စိတ်ချထားပါ မယ်တော်ကြီး”

“နောက်ဆုံးမှာတော့ မင်းဝေကို ခစားဖို့ သင့်လျော်တဲ့သူတစ်ဦးဦး ရှိနေရမှာပဲ”

ဧကရီမယ်တော်ကြီးက ပြောလိုက်ပြီး ခဏမျှစဉ်းစားပြီးနောက်

“ ပိချောင် ၊ ရှောင်အန်းကိုတော့ အရင်တည်းက ငါကို အမြင်ကောင်းရှိတယ်”

ရှောင်အန်း၏ အမည်မှာ အန်းဟယ်လင် ဖြစ်ပြီး သူမသည် ထုံးတမ်းရေးရာဝန်ကြီး အန်းဇီရှန်၏ မယားငယ်ထံမှ သမီးဖြစ်သည်။ သူမမိခင်သည် မယားငယ်တစ်ဦး ဖြစ်သော်လည်း သူမသည် အန်းဇီရှန် ၏ အငယ်ဆုံးသမီးဖြစ်သည်။ ထို့ကြောင့် ရှောင်အန်း သည် မယားငယ်သမီးဖြစ်သော်လည်း သူမသည် ကိုယ်လုပ်တော်သမီးတစ်ဦးကဲ့သို့ နေထိုင်နိုင်သည်။

စန္ဒယားတီးခြင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ ကဗျာနှင့် ပန်းထိုးခြင်းတို့ကို တတ်ကျွမ်းသည့်အပြင် သူမသည် လှပသောအသွင်အပြင်ဖြင့် မွေးဖွားလာသည်။ အန်းဇီရှန် သည် ဤသမီးငယ်အား သူ၏ချစ်စွာမျက်ရှုအဖြစ် အမြဲမှတ်ယူထားသော်လည်း ဤရှောင်အန်းလေး၏ ကံမကောင်းစွာမွေးဖွားမှုကြောင့် သူ့နှလုံးသားကို ကြေကွဲသွားစေခဲ့သည်။

(T/N :သတ္တုငါးပါးဘွန်ဆိုင်းပင် သည် မင်္ဂလာရှိ ခြင်း နှင့် ကံကောင်းခြင်းကိုရည်ညွန်းသည်။တရုတ်ရိုးရာတွင် (သစ်သား၊ မီး၊ မြေ၊ သတ္တု၊ ရေ) ကို ကိုယ်စားပြုပြီး ညီညွတ်မှုကို ဆိုလိုသည်။)

အပိုင်း ၁၄၁။ ရှာရခက်တယ်

ရှောင်အန်း ဆယ့်ခြောက်နှစ်အရွယ်တွင်‌ အန်းရှန်းရှု နှင့် အန်းကတော် တို့နှင့်အတူ နှစ်သစ်ကူးပွဲ‌တော်သို့ တက်ရောက်ရန် နန်းတော်သို့ လိုက်ပါသွားခဲ့သည်။ ထိုစဉ်က အရှေ့နန်း‌ဆောင်ရှိ နှစ်ဆယ့်ခုနစ်နှစ်ရှိသော အိမ်ရှေ့မင်းသား ကျုံးမင်းဝေ နှင့် ချစ်မိသွား-ခဲ့သည်။ သို့သော် သူချစ်ရတဲ့ သမီးလေးကို တခြားသူရဲ့ ကိုယ်လုပ်တော်အဖြစ် အလျင်စလို ခွင့်ပြုနိုင်ပါ့မည်လား။

အထူးသဖြင့်၊ ထိုအချိန်တွင် သူ၏အကြီးဆုံးသမီး တအန်း သည် ကိုယ်လုပ်တော်ကျောက်မှ မွေးဖွားသော တတိယမင်းသားကျုံးမင်းကျန်း နှင့်လက်ထပ်ခဲ့ပြီးဖြစ်သောကြောင့် အရှေ့နန်းဆောင်မှလူ ကိုလက်ထပ်ရန် အကြောင်းမရှိပေ။

သို့သော် ရှောင်အန်း၏ သုံးရက်ကြာ အစာငတ်ခံဆန္ဒပြမှုပြီးနောက် အန်းဇီရှန်းသည် ဓားသွားကို ကိုက်ခဲ၍ ဤမ ပြုမူတတ်သောသမီးငယ်လေးကို ဧကရာဇ်ထံမှ လက်ထပ်ခွင့်တောင်းရန် နန်းတော်သို့ သွားခဲ့သည်။ ထို့ကြောင့် အရှေ့နန်း‌ဆောင်သည် ၀န်ကြီးဌာနအမတ်မင်းနှင့် လက်ထပ်ခဲ့သော်လည်း ကျုံးမင်းဝေ နှင့် အန်းဇီရှန်း အကြား ဆက်ဆံရေးမှာ ကွဲပြားခဲ့သည်။ ရှောင်အန်းသည် စည်းမျဥ်းစည်းကမ်းများမသိနားမလည်‌သဖြင့် လက်ထပ်ပြီးမကြာမီ ရင်းနှီးမှုမရခင်မှာပင် ကျုံးမင်းဝေက စိတ်ဆိုးသွားသောကြောင့် ရှောင်အန်း ၏အခန်းထဲကို နောက်တစ်ကြိမ် ‌ခြေမချတော့ပေ။

ရှောင်အန်း ၏ဘဝသည် မလွယ်ကူသလို တအန်း ၏ဘဝသည် ပို၍ပင် ဖရိုဖရဲဖြစ်နေသည်။ တတိယမင်းသားသည် အ‌ကြောင်းစုံကိုမသိဘဲ တအန်းသည် သူ၏အိမ်ထောင်ရေးတစ်ခုတည်း ဖြင့်မလုံမလောက်ဘဲ အရှေ့နန်း‌ဆောင်ပေါ်သို့တက်ချင်သေးသည် ဟူသောမခံချင်စိတ် ဖြင့် တအန်း၏ဘဝကိုပင် ဆုတ်ယုတ်‌စေလေသည်။ သူတို့ အတူဆက်မရှိနိုင်တော့ဘဲ ငယ်ရွယ်တဲ့ စုံတွဲဟာ တစ်နေ့လုံး ရန်ဖြစ်နေကြပြီး တတိယမင်းသားက တအန်းရဲ့အခန်းထဲကိုတောင် မ၀င်‌တော့ပေ။ထို့‌ကြောင့် တအန်း ရဲ့ မိသားစုဟာ နှစ်ပေါင်းများစွာ စည်းလုံးခဲ့ ကြသည့်နည်းတူ သူမ မိသားစုကို တအန်းက တိုင်ကြားခဲ့သည်။ အန်းဇီရှန် က ဒီသမီးနှစ်ယောက်‌ကြောင့် သူ့ဆံပင်တွေ ဖြူလာမှာကို အလွန်စိုးရိမ်ခဲ့ရသည်။

ဒါပေမယ့် ရှောင်အန်း အရှေ့နန်း‌ဆောင်မှာ ပထမဆုံးလက်ထပ်တုန်းက ကျုံးမင်းဝေ ရဲ့ မျက်နှာသာပေးမှုကို ခံခဲ့ရသည်။ သူမသည် သွက်လက်၊ လှပပြီး ကဗျာရေးတတ်သူဖြစ်သည်။ ဒီလိုမိန်းမမျိုးကို ဘယ်လိုမှ မနှစ်သက်ဘဲ မနေနိုင်‌ချေ။ မျက်နှာသာပေးခံရဖို့က မလွဲမသွေပါပင်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမဟာ သူမရဲ့ မိဘတွေရဲ့ အလိုလိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရတဲ့ မျိုးရိုးမြင့် မိန်းကလေးတစ်ယောက်သာဖြစ်‌နေသည်။ ကျုံးမင်းဝေ ၏ ချစ်ခြင်းမေတ္တာကို အားကိုးပြီး သူမသည် စည်းကမ်းများကို မလွဲမသွေ ချိုးဖျက်မိသွားမည်ဖြစ်သည်။

အန်းဟယ်လင်သည် စာကြည့်ခန်းထဲသို့ တစ်ကြိမ်ဝင်ရောက်ပြီးနောက် ကျုံးမင်းဝေက သူမအခန်းထဲကို ဘယ်တော့မှ ထပ်မဝင်တော့‌ပေ။ အန်းဟယ်လင်သည် ခဏတာ ငိုယိုပြီး ပြဿနာရှာနေခဲ့‌သော်လည်း အိမ်ရှေ့ မင်းသမီးတင်း သည် အနောက်‌ဆောင်တွင် အုပ်ထိန်းသူဖြစ်သောကြောင့် သဘာဝအတိုင်း သူမ ပြဿနာရှာနေတာကို သည်းမခံနိုင်တော့ပေ။ မင်းသမီးတင်းက သူ့ကို ဝေးလံခေါင်သီတဲ့နေရာမှ ခြံဝင်းတစ်ခုဆီသို့ ရွှေ့ခိုင်းပြီးနောက် နောက်ဆုံးမှာတော့ သူမဟာ ရိုးသားလာခဲ့သည်။

ဤအဖြစ်အပျက်ပြီးနောက်၊ အန်းဇီရှန်း သည် ကျုံးမင်းဝေ အပေါ် မကျေမနပ် ဖြစ်ကာ အညှိုးထားခဲ့သည်။ နှစ်အ‌စတွင် အရှေ့နန်းဆောင်တွင် မတော်တ‌ဆမှု ဖြစ်ပွားခဲ့ပြီး အိမ်ရှေ့မင်းသား ရာထူးမှ လျော့ချခံရပြီးနောက် ကံကောင်းထောက်မစွာ ဧကရာဇ်မင်းသည် အရှေ့နန်း‌ဆောင်ရှိ အနောက်ဆောင်မှ အမျိုးသမီးအားလုံးကို သက်ညှာပေးခဲ့သည်။ အန်းက‌တော်က အညိုးအတေးကို ရုတ်သိမ်းခဲ့ပေမယ့် အမတ်မင်းအန်းကတော့ ကျုံးမင်းဝေ ကို ဘယ်တော့မှ မမေ့‌ချေ။ အန်းဇီရှန်း သည် ဤတစ်ကြိမ်တွင် သူ၏နှလုံးသားကို မပျော့ပျောင်းခဲ့ပေ။

ရှောင်အန်းသည် တစ်နှစ်ခွဲကျော် သော့ပိတ်ခံထားရပြီး ယခုနှစ် ဇူလိုင် ၇ ရက်အထိ သူမ အိမ်မှ ထွက်ခွာခွင့်မရှိတော့ပေ။ သူမသည် ဧကရီကျန်းရှန့်၏ ပူဇော်ပွဲ၌ ပါဝင်ရန် အန်းက‌တော်နှင့်အတူ နန်းတော်ထဲသို့ လိုက်သွားခဲ့သည်။ အန်းက‌တော်၏ စေတနာကို အခွင့်ကောင်းယူပြီး သူမသည် တရားဆောင်သို့ ပြေးသွားကာ ဧကရီမယ်တော်ြကီးအား ငိုယိုတောင်းပန်၍ နင်းဂုတသို့ ပို့ပေးရန်တောင်းပန်ခဲ့သည်။သူမက ကျုံးမင်းဝေသည် လေဖြတ်သည်ဖြစ်စေ မသန်မစွမ်းဖြစ်နေပါစေ၊ သူမသည် နင်းဂုတကို တစ်သက်လုံး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးမည်ဟု ဧကရီမယ်တော်ကြီးကို တောင်းပန်ခဲ့သည်။

ဧကရီမယ်တော်ကြီး သည် ကျုံးမင်းဝေ အတွက် အမြဲတမ်း စိတ်ပူနေပြီး ရှောင်အန်းမှ ထိုသို့ ငိုယိုပြီး တောင်းပန်နေသောအခါ သူမ ဘယ်လိုမှ မသနားဘဲ မနေနိုင်တော့ပါ။သူမမှာ ယခင်က ဤရှောင်အန်းလေးသည် မတည်မငြိမ်ဖြစ်နေသည်ဟု တွေးခဲ့ဖူးသော်လည်း ယခုအချိန်တွင် သူမသည် ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းတရားကို တန်ဖိုးထားသော မိန်းမကောင်းတစ်ဦးဖြစ်ကြောင်းကိုလည်း ခံစားခဲ့ရသည်။

ဤအချိန်တွင် ဧကရီမယ်တော်ကြီးသည် အန်းဟယ်လင်အ‌ကြောင်း ရုတ်တရက်ပြောခဲ့ပြီး ပိချောင်လည်း ခေါင်းတညိမ့်ညိမ့် ဖြင့်

“ဟုတ်တယ်၊ ရှောင်အန်းက တကယ်ကောင်းတယ်။ ပထမမင်းသားက အာဏာဆုံးရှုံးပြီးနောက် အနောက်ဆောင်မှာ သူ့မိန်းမနဲ့ မောင်းမမိဿံတွေနဲ့ ပေါင်းသင်းရမှာကို ကြောက်တဲ့အတွက် အလျင်စလို လိုက်လာခဲ့တယ်။ အကြီးဆုံးမင်းသားကသာ ဆက်ဆံရေးကို လျစ်လျှူရှုထားသူဖြစ် ပြီး သူမက အကြီးဆုံးမင်းသားအတွက် ရိုးသားသူဖြစ်တယ်။ သူမရဲ့ ရိုးသားမှုကိုလည်း မျက်မြင်တွေ့နိုင်တယ်”

ဧကရီမယ်တော်ကြီးသည် ပြတင်းပေါက်အပြင်ဘက်ရှိ အသီးများလှိုင်နေသော သလဲသီးပင်ကို စိုက်ကြည့်ရင်း သက်ပြင်းချမိသည်။

“အဲ့ဒီ ရှောင်အန်းရဲ့မိသားစုက ပထမမင်းသားကို အစေခံဖို့ နင်းဂုတဆီ ဆန္ဒရှိစွာ လိုက်ပါလိုတာအမှန်ဆိုရင် သူမကို ဘာကြောင့် မကူညီခဲ့တာလဲ”

ပိချောင် က အလျင်စလိုပြောသည်။

“ ပထမမင်းသားက သူ့အတွက်အစေခံဖို့ သင့်တော်တဲ့သူရှိပါတယ်၊ ဧကရီမယ်တော်ကြီး အရှင်ပိုပြီး စိတ်အေးသက်သာနေပါ”

“ဘယ်မှာ ဒီလောက်လွယ်မှာလဲ။ ရာနဲ့ချီတဲ့ ငွေတုံးတွေနဲ့ ချည်ထည်အနည်းငယ် ပို့ရတာဟာ ခက်ခဲကောင်းခက်ခဲလိမ့်မယ်၊ ဒါပေမယ့် အသက်ရှင်နေတဲ့သူကို အထီးကျန်ဆန်ခွင့်မပေးသင့်ဘူး”

ဧကရီမယ်တော်ကြီးသည် ခေါင်းယမ်းကာ လက်ဖက်ရည်သောက်ရင်း ဖြည်းညှင်းစွာပြောသည်။

“ ခဏစောင့် ကြည့်ရအောင်ပါ”

“ဟုတ်ကဲ့”

.

.

သြဂုတ်လ ၂၈ရက်၊ ၃၂ ကြိမ်မြောက် ကျားရှန်နှစ်

နင်းဂုတ။

အားချိုး၏ ခန္ဓာကိုယ်သည် လွန်ခဲ့သော နှစ်ရက်က ရာသီစက်ဝန်းကပြီးဆုံးခဲ့ပြီး နာကျင်မှုကို မခံစားရတော့‌ချေ။ ယခုအချိန်တွင် သူမသည် ထိုင်ခုံ ပေါ်တွင် ထိုင်ကာ တေးသွားအချို့ကို ညည်းဆိုရင်း ပန်းထိုးခြင်းအလုပ်ကို လုပ်နေသည်။

All Chapters