← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 5 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 5 Ch. 142-144

အပိုင်း ၁၄၂။ သီချင်းလေး။

ကျုံးမင်းဝေ သည် မီးဖိုနားထိုင်ပြီး မီးထည့်နေကာ အိုးထဲတွင် တရုတ်ဆီးသီးလက်ဖက်ရည်က ဆူပွက်နေသည်။ လွန်ခဲ့သောရက်အနည်းငယ်က သူသည် အားချိုး အတွက် ဂျင်းနှင့်သကြားညိုလက်ဖက်ရည်ကို ပြုလုပ်‌ပေးခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်က သူ သူမအတွက်မွှေးကြိုင်သော ရနံ့ဖြင့် တရုတ်ဆီးသီးလက်ဖက်ရည်ကို စတင်လုပ်ခဲ့သည်။

“မက်မွန်ရွက်တွေက အမြင့်ကို ညွှန်ပြပြီး မိုးမခအရွက်တွေက ကောင်းကင်ကို ဖုံးလွှမ်းနေတယ်။ သူ့နေရာမှာရှိနေတဲ့ အဖိုးမင်က ငါ့အသံကို သေချာနားထောင်‌နေတယ်။ပုံ ပြင်လေးက ဆိုးဆေးအလုပ်ရုံတွေရှိတဲ့ဒေသရဲ့ ကျင်းရှီ ဆိုးဆေးအလုပ်ရုံ‌လေးက စခဲ့တယ်။ စုန့်လောင်စန်း ဆိုတဲ့လူတစ်ယောက်ရှိတယ်။ စုန့်လောင်စန်း အကြောင်းပြောရရင် သူတို့လင်မယားက ဘိန်းရောင်းတယ်။ သူတို့ဘဝမှာ သားသမီးမထွန်းကားခဲ့ပေမယ့် ချန်ကျန်းလို့ခေါ်တဲ့ သမီးလေးကို မွေးဖွားခဲ့တယ်...”

ကျုံးမင်းဝေ အားချိုး၏ တေးဆိုသံကို နားထောင်ပြီး အသံအတက်အကျကိုခန့်မှန်းကာ သူ့လက်ထဲမှ မီးညှိတုတ်ကို မြေပြင်ထက် ရိုက်ချရင်း တစ်ချက်ချင်း စည်းချက်လိုက်‌နေသည်။

သူ ဒီလိုသီချင်းလေးကို အရင်က တစ်ခါမှ မကြားခဲ့ဖူးပေ။ထိုသီချင်းက ရေပန်းစားပြီး ရိုးရိုးရှင်းရှင်းနဲ့ မဆန်းကြယ်သည့် ကွမ်ချိုးဇာတ်သဘင်၏ ကျက်သရေ မြင့်တဲ့ တေးသွားတွေကို ယှဉ်လို့မရပေမယ့် ကျုံးမင်းဝေ ကတော့အားချိုး သီဆို‌နေတဲ့ သီချင်းလေးဟာ အထူးလှပပြီး စကားလုံးတိုင်းကို နားထောင်လွယ်တယ်လို့ ထင်‌နေမိသည်။ အတိတ်က အဖြစ်အပျက်များပေါ်တွင် အချိန်ကို မဖြုန်း‌တော့ဘဲ ယခုတွင်တော့ သူက နားဝင်ချိုလှသည့် အားချိုး၏ ဆိုညည်းသံကိုသာ မျှော်လင့်နေ‌တော့သည်။

အိုးပွက်ပွက်ဆူလာသောအခါ ကျုံးမင်းဝေသည် အိုးအဖုံးကို ဖွင့်လိုက်ရာ အတွင်းမှ လေပူသည် သူ့မျက်နှာဆီသို့ ရုတ်တရက် ပြေးဝင်လာပြီး ပြင်းထန်သော တရုတ်ဆီးသီးရနံ့က သူ့မျက်နှာဆီသို့ တည့်တည့်တိုးဝင်လာသည်။ သူ့တစ်ကိုယ်လုံးတွင် မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နေပြီး အသက်ပြင်းပြင်းရှူ၍ အိုးထဲသို့ သကြားညိုပန်းကန်သေးတစ်လုံးစာ လောင်းထည့်၍ အိုးကို တစ်ဖန်ပြန်ဖုံးကာ မီးနည်းနည်းဖြင့် တည်ထားလိုက်သည်။

“ပန်းထိုးတာကို ရပ် ပြီး လက်ဖက်ရည်ကို အရင်သောက်လိုက်ဦး”

ကျုံးမင်းဝေက ပြောပြီး အိုးအဖုံးကို တစ်ဖန်ပြန်ဟကာ လက်ဖက်ရည်ပန်းကန်လုံးကြီးထဲကို အပြည့်ထည့်၍ မီးဖိုပေါ်တင်လိုက်ရင်း အားချိုးအား ပူနေတုန်းမှာ သောက်ဖို့ တိုက်တွန်းလိုက်သည်။

အားချိုးက ပြတ်ပြတ်သားသား သဘောတူလိုက်ပြီး သူ့လက်ထဲမှ အပ်နဲ့ ချည်မျှင်တွေကို ချကာ ခုံပေါ်သို့တက်၍ တင်ပျဉ်ခွေထိုင်လျက် လက်နှစ်ဘက်လုံးမှာ လက်ဖက်ရည်ပူပူပန်းကန်ကို ကိုင်ကာ လေပူကို မှုတ်ရင်း သောက်လိုက်၏။

အားချိုး သည် တရုတ်ဆီးသီးလက်ဖက်ရည်ပန်းကန်လုံးကြီးကို ဖြည်းညှင်းစွာသောက်လိုက်ပြီး မျက်နှာတပြင်လုံးရှိ ချွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ရင်း ကျုံးမင်းဝေကို မေးလိုက်သည်။

“ကိုယ်က ယောက်ျား‌လေးလေ၊ ဘာလို့ တရုတ်ဆီးသီးလက်ဖက်ရည် သောက်ရမှာလဲ”

ကျုံးမင်းဝေက အားချိုး အတွက် ပန်းကန်တစ်လုံးဖြည့်ရင်း ပြောလိုက်သည်။

“ကျွန်မ မသောက်နိုင်တော့ဘူး ဗိုက်‌တောင်ဖောင်းနေ ပြီ”

အားချိုးက ရေရွတ်ရင်း ခေါင်းငုံ့ပြီး ဗိုက်ချပ်ချပ်ကို ပွတ်သပ်ကြည့်ကာ

“ ကြည့်လေ၊ထိုင်လို့‌တောင်မရတော့ဘူး ၊ဗိုက်က ဟင်းရည်တွေပြည့်နေတာ၊ လှုပ်လိုက်တာနဲ့ တုန်နေရောပဲ “

ကျုံးမင်းဝေ၏ မျက်လုံးများက သူမလက်များတည်ရှိရာ ဗိုက်ချပ်ချပ်ပေါ် ရောက်သွားကာ အသံတိုးတိုးဖြင့် မေးလာ၏။

အားချိုးသည် ချက်ချင်း ငြိမ်သွားကာ သူ့ဗိုက်ပေါ်ရှိ လက်နှစ်ဖက်ကို ညင်သာစွာ အကြိမ်အနည်းငယ် ပွတ်ပြီး ဖြည်းညင်းစွာ‌ပြောလိုက်သည်။

တကယ်တော့ ပျောက်တာကြာနေပြီဆိုပေမယ့် သူမ မနာ‌တော့ဘူးလို့ပြောရင် ကျုံးမင်းဝေက သူမရဲ့ဗိုက်ကို မပွတ်‌ပေးတော့မှာသေချာသည်။ အားချိုးက ဒီရက်ပိုင်း ကျုံးမင်းဝေက သူမရဲ့ ဗိုက်ကို ညင်သာစွာ ပွတ်သပ်နေတာကြောင့် အထူး သဘောကျနေပြီး နောက်ထပ် ရက်အနည်းငယ်လောက် ဇိမ်ခံဖို့ တွေးနေခဲ့သည်။

ကျုံးမင်းဝေ သည် အားချိုး၏ လူလည်ကျမှုကို နားမလည်ဘဲ ချက်ချင်း မျက်မှောင်ကြုတ်ကာ

“ဘာလို့ ရက်အများကြီး နာနေရတာလဲ။ မကောင်းသေးဘူးမလား သမားတော်နဲ့သွားပြရမယ်၊ ‌နေမကောင်းမဖြစ်စေနဲ့”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ သိပ်တော့မပြင်းထန်ပါဘူး၊ နည်းနည်းနာရုံပါပဲ”

“အဲဒါက လုံးဝ မပြင်းထန်ပါဘူး၊ ရက်အနည်းငယ်အတွင်း အဆင်ပြေသွားလိမ့်မယ်”

ကျုံးမင်းဝေ ပို၍စိုးရိမ်လာသည်။ တံခါးအပြင်ကိုတလှည့် အားချိုးကို တလှည့် ကြည့်ကာ သူက နှုတ်ခမ်းကို ကိုက်‌နေပြီး နောက်ဆုံးတော့ ပါးစပ်ကို ဖွင့်ကာ

“ ကောင်မလေး၊ မင်းဘာသာကိုယ် ဆရာဝန်သွားပြဖို့ တောင်ပေါ်က ဆင်းသွားလို့ရမလား? တောင့်ခံနိုင်ပါ့မလား”

အပိုင်း ၁၄၃။ရင်းနှီးမှုကို မကြိုက်သောကြောင်လေး။

“တကယ် အဆင်‌ပြေပါတယ်”

အားချိုးက ဘာပြောရမှန်းမသိဘဲ ကျုံးမင်းဝေ ရဲ့ စိုးရိမ်နေတဲ့ မျက်နှာကို မြင်လိုက်တာနဲ့ အချိန်အတော်ကြာအောင် သွားတွေကိုဖိကြိတ်ကာ နီရဲနေတဲ့ မျက်နှာဖြင့်

“ဗိုက်နာရုံ‌လေးပဲ မဟုတ်လား ၊ရှင် ကျွန်မအတွက် ပွတ်ပေးရင်ရ ပြီ၊ ကျွန်မ သမားတော်နဲ့ပြဖို့ လိုပါတယ်၊ ဒါပေမယ့် ရှင်က သမားတော်ထက် အများကြီး အသုံးဝင်တယ်၊ ကျွန်မ ဆေးခါး ကြီးတွေ မသောက်ချင်ဘူး၊ ရှင် ကျွန်မကို အဖော် ပြုပေးနေရင် ရ ပြီ...”

ထိုအခိုက်တွင်၊ ကျုံးမင်းဝေသည် နောက်ဆုံးတွင် ထိုမိန်းကလေးဆိုလိုချင်သော စကား၏ အဓိပ္ပါယ်ကို ကြားလိုက်ရပြီး မျက်မှောင်ကြုတ်နေသော မျက်ခုံးများက ရုတ်တရက် ပြေလျော့သွားကာ ခေါင်းခါကာ ပြုံးလျက်

“ ကောင်မလေး၊ မင်းက မင်းဗိုက်ကို ကိုယ့်ကို ပွတ်ပေး‌စေချင်‌နေတာမလား၊ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာပဲ ပြောလိုက်”

“ ပေါက်ကရ မပြောနဲ့ ၊ ဗိုက်ကို မပွတ်ခံချင်ပါဘူး ၊ ရှင်...ရှင်က အရမ်းညံ့တာပဲ... ကျွန်မဒီ တရုတ်ဆီးသီးလက်ဖက်ရည်ကို မသောက်‌တော့ဘူး”

ဒီလို ခြိမ်းခြောက်စကားတွေ ပြောလာတာနဲ့အမျှ အားချိုး၏ တင်းခံထားသော အမူအရာက အားနည်းလာသည်။ သူမသည် ရွှံ့နှင့်ရေစိုရွဲနေ၍ ခေါင်းငိုက်စိုက်ကျနေသော ခွေးကလေးကဲ့သို့ ခေါင်းငုံ့ကာ ခေါင်းငိုက်စိုက်ကျသွားသည်။

ကျုံးမင်းဝေ က သူမရဲ့ ရှက်ရွံ့တဲ့အကြည့်ကို မြင်တော့ ပြုံးပြီး မျက်လုံးတွေကို လှိမ့်လိုက်ရင်း မနေနိုင်ဘဲ သူ့လက်တွေကို အားချိုး ဆီကို ဆန့်ထုတ်လိုက်သည်။

“အိုး “

“ရှင့်ရဲ့ခြေထောက်တွေကို ဖြောင့်ထား၊ ကျွန်မ ပွတ်ပေးမယ်”

ကျုံးမင်းဝေရဲ့ ခြေထောက်တွေဟာ အရင်ကနဲ့ ယှဉ်ရင် တိုးတက်လာသည်။ ယခင်က မာကျော‌တောင့်ခဲ‌နေခဲ့သော ခြေထောက်နှစ်ချောင်းသည် ယခုအခါ အဆီ ပိုများလာပြီး ပျော့ပျောင်းလာသည်။ အရင်တုန်းက ရုပ်ဆိုးပြီး မွဲခြောက်နေတဲ့ အသားတွေနဲ့ မတူဘဲ စို‌ပြေနေတဲ့ အခု ခြေထောက်နှစ်ချောင်းက သာမန်လူတစ်ယောက်ရဲ့ ခြေထောက်တွေလို ပိုသန်မာလာြပီဖြစ်သည်။

“အဲ့ဒါက အားနည်းနေသေးပြီး အားမထုတ်နိုင်သေးဘူး”

“ အရင်က ရှင့်ကိုထိမိတဲ့အခါ နာကျင်မှုကို သည်းမခံနိုင်တော့လို့ အော်ဟစ်တတ်ပေမယ့် အခုတော့ ပိုကောင်းလာပါပြီ၊ကျွန်မ ဝမ်းသာလိုက်တာ၊ ဝမ်းနည်းမနေပါနဲ့၊ ဒါက ကောင်းမွန်တဲ့ တိုးတက်မှုပဲ မဟုတ်လား”

ကျုံးမင်းဝေသည် ပြတင်းပေါက် အပြင်ဘက်ရှိ သစ်ပင်မှ အကိုင်းအခက်များကို လှမ်းကြည့်ကာ တိုးတိုးလေးပြောသည်။

အားချိုးက သူ့ခြေထောက်တွေကို ပြောင်းနေတုန်း ‌ပြောသည်။

“ နင်းဂုတမှာ ဆောင်းရာသီက ရှည်လျားပေမယ့် စိတ်ကူးယဉ်လို့ မရနိုင်ဘူးလို့ ကျွန်မကြားတယ်။ ဆောင်းဦးရာသီပွဲတော် ပြီးရင် ဆောင်းရာသီစ ပြီပဲ”

ကျုံးမင်းဝေသည် အပြင်ဘက်မှ လေတိုးသံကို နားထောင်ရင်း ခဏတာ စိတ်တည်ငြိမ်သွားသည်။

သူ နင်းဂုတကို ရောက်တဲ့အချိန်က လေပြင်းများတိုက်‌နေခဲ့သည်။ ရာဇ၀တ်မှုတဲ့လား။ ရလဒ်အနေနဲ့ နင်းဂုတကို မရောက်ခင်မှာ သူ့တစ်ကိုယ်လုံး အေးခဲ နာကျင်ပြီး ကိုက်ခဲယားယံလာပေမယ့် ကုပ်တောင် မကုပ်နိုင်ဘဲ တကယ့်ကို နာကျင်ခဲ့ရသည်။

လမ်းပေါ်မှာ သုံးလလောက် ရုန်းကန်ပြီး နောက်ဆုံးတော့ ဒီလို ချောင်ကျနေတဲ့နေရာကို သူရောက်လာခဲ့သည်။ ကျုံးမင်းဝေသည် သူ့အသက်ကို ဤနေရာမှာ မြုပ်နှံလိုက်ရမည်ဟု တွေးထင်ခဲ့သော်လည်း မကြာမီ နွေဦး‌ရောက်လာကာ ဤမိန်းကလေးသည်လည်း ထိုနည်းလည်းကောင်းပင်။

“ ဆေးရည်စိမ်တာကလည်း ကောင်းလာသင့်တယ်၊ အထဲက အအေးဓာတ်ကို ဖယ်ထုတ်နိုင်တယ်လို့ လူတွေက ပြောကြတာပဲ။ ကျွန်မပြောချင်တာက၊ ရှင့်ခြေထောက်တွေသာ အေးခဲမနေခဲ့ရင် ခြေထောက်တွေက ကောင်းနေပြီကို ဘာလို့ လမ်းဆက်မလျှောက်နိုင်ရတာလဲ။ ဒါပေမယ့် ဒါကလည်း ကောင်းပါတယ်၊ နောက်ဆုံးတော့ ကြွက်သားနဲ့အရိုးတွေက မကျိုးပဲ့နေသရွေ့ သေချာ အပူပေးထားမယ်ဆို ခြေသလုံးတွေက သဘာဝအတိုင်းကောင်းနေမှာပါ...”

ကျုံးမင်းဝေသည် မိန်းကလေး၏ တရစပ်‌ပြောဆိုမှုကို နားထောင်ပြီးနောက် သူ့နှလုံးသားသည် ချဉ်စူးသွားသည်။ သူက မကူညီနိုင်ဘဲ အားချိုးရဲ့ နောက်ကျောကို လက်နဲ့ အသာအယာ ပွတ်သပ်ရင်း ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

အားချိုးက ရှက်ပြီး ပုန်းနေပေမယ့် ကျုံးမင်းဝေရဲ့ လက်ကို ရုတ်ခါနီးမှာပဲ သူမက အလိုလိုက်ခံထားရသော ကြောင်တစ်ကောင်လို ဖြည်းဖြည်းချင်း ရှေ့ကို တိုးသွားသည်။

ကျုံးမင်းဝေက သူ့နှုတ်ခမ်း‌ထောင့်တွေ ကွေးနေတာကို မကူညီနိုင်တော့ဘဲ ဒီတစ်ခါတော့ သူ့လက်တွေက အားချိုး၏ ပါးပြင်ပေါ်ရောက်သွားကာ အားချိုးရဲ့ မျက်နှာကို ညင်ညင်သာသာ ပွတ်သပ်လိုက်ပြီး လက်ဖဝါးအရွယ် မျက်နှာ‌လေးကို ပန်းသီးနီလေးဖြစ်အောင် ဆွဲညှစ်လိုက်သည်။

အပိုင်း ၁၄၄။ ခိုးနားထောင်နေတဲ့လူ

“အပေါ်ကိုလာခဲ့”

ကျုံးမင်းဝေ က သူ့ခြေထောက်တွေကို အနှိပ်ခံပြီးနောက် ပေါင်ကို ပုတ်ပြီး အားချိုး ကို‌ပြောလိုက်သည်။

“မင်း ဗိုက်ကို ပွတ်ပေးမယ်။”

“မလာဘူး၊ ပန်းထိုးရဦးမှာ။ အရင် ရက်အနည်းငယ်က ကျွန်မ မလုပ်ခဲ့ရဘူး။ တော်တော်‌တောင်ကြာနေပြီ... “

အားချိုး တိုးတိုးလေး ညည်းညူလိုက်ပေမယ့် သူမက ကျုံးမင်းဝေ ရှေ့ကို တွားသွားရင်း ကျုံးမင်းဝေ ရဲ့ ခြေထောက်တွေကို မ မနိုင်တော့သလိုမျိုး သူ့ခြေထောက်ကြားထဲ ထိုင်ချလိုက်ပြီး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်‌လေးက အရုပ်လေးလို တွယ်ကပ်ကာ ကျုံးမင်းဝေကို မှီလိုက်သည်။ ထို့နောက် ကျုံးမင်းဝေ ရဲ့လက်ကို သူမ ဗိုက်ပေါ်တင်ရင်း တိုးတိုးလေး ‌ပြောသည်။

“အဲ့လိုဆိုမှတော့ ခဏလောက်လည်းရပါတယ်၊အချိန်ခဏလောက်ယူတာက ကျွန်မရဲ့ပန်းထိုးလုပ်ငန်းကို နှောင့်နှေး‌စေမှာ မဟုတ်ပါဘူး”

“အဆင်‌ပြေပါတယ်၊ ခဏလောက် ပွတ်‌ပေးရုံပါပဲ”

ကျုံးမင်းဝေ ခပ်ဖွဖွ ပြုံးလိုက်ပြီး အားချိုး၏ ဗိုက်သားချပ်ချပ်လေးကို သူ့ လက်ဝါး ကြီးနှင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။

ဒီမိန်းကလေးက အရမ်းပိန်လွန်းသည်။ အားချိုး၏ ဦးခေါင်းနောက်ဖက်ရှိ အရိုးက ကျုံးမင်းဝေ ရဲ့ရင်ဘတ်ကို ထောက်ကန်မိနေ ပြီး ကျုံးမင်းဝေ ကို နာကျင်‌စေသည်။ နည်းနည်းပိုထွားလာဖို့လား။

ဒါက သူ တရုတ်ဆီးသီးလက်ဖက်ရည်တစ်ပန်းကန်နဲ့ ပဲနီယာဂု ပန်းကန်တစ်ဝက်လောက်ကို သိမ်းထား‌ပေးရုံနဲ့ မရနိုင်ပေ။

ကျုံးမင်းဝေသည် အလွန်ဝမ်းနည်းနေပြီး စောင်ကို မှီကာ ထုပ်တန်းများကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိသည်။

‘ဒီခြေထောက်နှစ်ချောင်းက ဘယ်အချိန်မှ ပြန်ကောင်းမှာလဲ’

“တာလျန် မြို့ရဲ့ သန်းခေါင်ယံမှာ တွေ့ဖို့ ချိန်းလာတယ်။ငါက ရှက်လို့ ခေါင်းငုံ့ပြီး ဘာမှ မပြောခဲ့ဘူး။ နာရီ တစ်ချက်တီး‌သံ ကြားတော့ မိန်းကလေးရဲ့ မျက်ရည်‌တွေ တာကျိုးလာတယ်။ ဝမ်းနည်းစရာအကောင်းဆုံးကတော့ ဒုတိယအဖေနဲ့အမေက ငါ့ရဲ့ကျွန်လေးကို နှောင့်နှေးစေခဲ့တဲ့ ဘိန်းဆေးလိပ်ကို သောက်ရတာ ကြိုက်ကြတယ်။ လက်ထက် ခြင်းတဲ့လား။ ငယ်ရွယ် ခြင်းတွေ ကျော်လွန်သွားရင် ငယ်ရွယ်တဲ့လူကို ဘယ်မှာရှာတွေ့နိုင်မှာလဲ။နာရီ နှစ်ချက်တီးချိန်မှာ ရှောင်လျို့က နံရံပေါ်တက်နေတယ်။အိမ်တော်တစ်ခုလုံးဆူညံသွားပြီး အချစ်စိတ်မွှန်နေတဲ့ သမီးဖြစ်သူက တံခါးနှစ်ချပ်ကို အလျင်စလိုဖွင့်လိုက်ပြီး သူ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းလေးကို လှမ်းဆွဲလိုက်တယ်...”

အားချိုးသည် ခေါင်းငုံ့ကာ ပန်းထိုးခြင်းကိုဆက်လုပ်နေချိန်တွင် တေးသီချင်းကို ညည်းဆိုနေပြန်သည်။

ကျုံးမင်းဝေ အသိ ပြန်ဝင်လာပြီး သီချင်းရဲ့ ဆွဲဆောင်မှု‌နောက် ထပ်မံမျောပါသွားပေမယ့် အားချိုးရဲ့ အသံကပြန်ပြီး တိတ်ဆိတ်သွားတာကို ကြားလိုက်ရတော့ ကျုံးမင်းဝေ အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည် ။

အားချိုး ရုတ်တရက် သူမမျက်နှာကို လှည့်လိုက်ပြီး ကျုံးမင်းဝေကို ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။

ကျုံးမင်းဝေက သူမရဲ့ အံ့သြပြီး ရှက်နေတဲ့ မျက်နှာကို ကြည့်ပြီး နှာခေါင်းကို မနေနိုင်စွာ ညှစ်လိုက်လေသည်။

“ရှင်သာ ခိုးနားထောင်နေမှန်းသိရင် ကျွန်မက ရှက်စရာကောင်းတဲ့သီချင်းကို မဆိုဘူး‌လေ”

အားချိုး ရေရွတ်ရင်း ကျုံးမင်းဝေ နှင့် စကားမပြောချင်တော့ဟန် ခေါင်းငုံ့ကာ ဆက်၍ ပန်းထိုး‌နေသော်လည်း သူမလက်များသည် ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ ထိုယောက်ျား၏ လက်ထဲတွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံလိုက်ရသည်။

“ရှင် ဘာလို့ဒီလိုဖြစ်‌နေတာလဲ၊ သူများက ရှင့်နဲ့ စကားမပြောချင်ဘူးဆိုတာ သိသာ‌နေတာကို”

အားချိုး ထိတ်လန့်သွားကာ မျက်ဝန်းထောင့်မှ မြင်နေရသော ကျုံးမင်းဝေကို တိတ်တဆိတ် စူးစိုက်ကြည့်ရင်း ကန့်ကွက်စကားဆိုခဲ့သည်။ ထိုယောက်ျား၏ တောက်ပသောမျက်လုံးများနှင့် ဆုံသည်နှင့် တပြိုင်နက် သူမမျက်နှာကို အလျင်စလို တဖက်သို့လှည့်ကာ တိုးတိုးလေးပြောလာသည်။

“ကောင်မလေးက သီချင်းဆိုကောင်းတယ်‌လေ၊ကိုယ်ကလည်း နားထောင်ရတာ ကြိုက်တာပေါ့”

ကျုံးမင်းဝေက အားချိုးရဲ့ ပုခုံးပေါ် သို့ သူ့မေးစေ့ကို တင်ရင်း ပြောလိုက်သည်။ သူတို့၏ မျက်နှာများသည် အလွန်နီးကပ်နေသဖြင့် သူသည် အားချိုး၏ မျက်နှာလေး အနည်းငယ် လှုပ်ရှားသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူစကားထပ်ပြောတဲ့အခါ ပုခုံးသားတို့တုန်ခါသွားပြီး ကျုံးမင်းဝေရဲ့ အသံက မညီမညာထွက်လာသည်။

“ ကောင်မလေး၊ မင်း ကိုယ့်အတွက် ထပ်ဆိုပေးနိုင်မလား”

“နားထောင်ရတာ အရမ်းကြိုက်တာလား”

အားချိုး က သူမကိုယ်သူမ မတုန်လှုပ်အောင်ထိန်းရင်း တိုးတိုးလေးဆိုလာသည်။ ကျုံးမင်းဝေက သူမနှင့် ဤမျှလောက် မနီးကပ်ဖူးပေ။ သူစကားပြောတဲ့အခါ သူ့နှုတ်ခမ်းတွေက သူမနားကို တို့ထိသွားသည်။ အားချိုး၏ နားများက လောင်ကျွမ်းသွား‌တော့မလိုပင်။

“နားထောင်ရတာ ကြိုက်တယ်၊တကယ်ကို သေလောက်အောင် သဘောကျတယ်”

ကျုံးမင်းဝေက အားချိုး၏ အမူအကျင့်ကို တုပကာ အားချိုး၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ရင်း ကလေးတစ်ယောက်လို ပြုမူနေသည်။

အားချိုး ဒါကို သည်းမခံနိုင်တော့ဘဲ ခေါင်းကို ငုံ့ထားလိုက်သည်။သူမ‌ခေါင်းကို ထပ်မနှိမ့်နိုင်တော့သည်အထိ ငုံ့ထားသော‌ကြောင့် စကား ပြန်ပြောသောအခါတွင် သူမအသံက တိုးညှင်းနေသည်။

“ရှင်ကြိုက်ရင် နေ့တိုင်း သီချင်းဆို‌ ပြမယ် ၊ ဒါပေမယ့် ကျွန်မက ဘာအကျိုးအမြတ်မှ မရှိရင် မဆိုဘူးနော်....”

All Chapters