← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 5 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 5 Ch. 145-147

အပိုင်း ၁၄၅။ ကတိပေးတယ်။

“ကောင်မလေးက ကိုယ့်အတွက် နေ့တိုင်း သီချင်းဆို ပြနေတော့ ကိုယ်က သူ့ ဗိုက်ကို နေ့တိုင်းပွတ်ပေး‌ရမှာပေါ့”

ကျုံးမင်းဝေက အားချိုးရဲ့ စကားကို ဖြတ်ပြီး သူ့လက်ဝါးနဲ့ နောက်တစ်ကြိမ် ညင်သာစွာ ပွတ်သပ်ပေးနေသည်။

“ကောင်မလေး စိတ်ကျေနပ်တဲ့အထိ ကိုယ် မရပ်ဘူး”

“ရှင်က အရမ်းတော်တာပဲ”

အားချိုး မရယ်နိုင်‌တော့ဘဲ အပ်နဲ့ချည်ကို ကောက်ပြီး ပန်းတွေကို ဆက်ပြီး အလှဆင်ရင်း

“ညဉ့်နက်သန်းခေါင်မှာ ကောင်းကင်က ကြယ်တွေနဲ့ပြည့်နေပြီး လမင်း ကြီးဟာ ကောင်းကင်အလယ်မှာ တောက်ပစွာ လင်းလက်နေတယ်။ ဟုတ်ပြီ၊ စိတ်အားထက်သန်တဲ့ စုံတွဲတစ်တွဲက အတူထိုင်ရင်း တီတီတာတာပြောနေကြတယ်။ မန်ဒရင်းဘဲလေးတွေက ရေထဲမှာ ဆော့နေတယ်။အနေနီးစပ်နေ ကြတဲ့သူတွေကို လက်ဆွဲပြီး ငါ့ နှလုံးသားထဲမှာ ရှိနေတဲ့ အရာတွေအကြောင်း ပြောပါရစေ။ ငို‌နေတာကိုတော့ မရပ်တန့်နိုင်...”

“မင်းဘာလို့ သီချင်းမဆိုတာလဲ”

ကျုံးမင်းဝေ ကြားရ‌လောက်အောင် မကျယ်ပေမဲ့ အားချိုးက ရပ်တန့်လိုက်သည်။

“ကျွန်မသာ အများကြီးလုပ်ရင် ကျန်တဲ့သူတွေလည်း သီချင်းဆိုနိုင်‌တော့မှာ မဟုတ်ဘူး”

အားချိုးက အမှန်အတိုင်းပြော‌နေ ခြင်း ဖြစ်သည်။ ဒီသီချင်းကို သီဆိုသူက နန်းတွင်းမှ မိန်းမစိုးတစ်‌ယောက် ဖြစ်သည်။။ ထိုမိန်းမစိုး၏ သီဆိုသံကို အကြိမ်များစွာ နားထောင်ပြီးမှ သဘာဝကျကျ သီဆိုနိုင် ခြင်း ဖြစ်သည်။ သီချင်းကိုဆိုနိုင်ပေမယ့် နောက်ကွယ်မှ နောက်ခံအသံများကိုတော့ အားချိုး မသိချေ။

ကျုံးမင်းဝေ က သူ့စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ဘဲ ခေါင်းညိတ်လိုက်သည်။ ခေတ္တ ကြာပြီးနောက် ကျုံးမင်းဝေက

အားချိုး သည် သူ၏ပန်းထိုး‌နေသောလက်များကို ခေတ္တရပ်လိုက်ပြီး သက်ပြင်းကို တိုးတိုးလေးချရင်း ဆက်၍ ပန်းထိုးသည်။

“တလျန် နဲ့ သူမရဲ့ အစ်ကို‌ခြောက် ဘာဖြစ်သွားလဲ ကျွန်မ မသိဘူး”

ကျုံးမင်းဝေက တိုးတိုးလေးပြောပြီး သူ့လက်မောင်းများထဲမှလူကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း စောင်းမှီ၍ တိုးတိုးလေးပြောလာသည်။

အားချိုး၏ လက်သည် ရုတ်တရက် တုန်ခါသွားပြီး သူမလက်ချောင်းများ နာကျင်သွားကာ အနီရောင်တောက်တောက် သွေးပုတီးစေ့များ ထွက်လာသည်။ ဈေးကြီးတဲ့ပိုးထည်ကို သွေးတွေစွန်းထင်းသွားမှာ ကြောက်တာ‌ကြောင့် လက်ထဲမှ ချည်ထည်ကို အလျင်စလို လွှင့်ပစ်လိုက်သည်။ အဲဒါကို စစ်ကြည့်လိုက်ချိန်တွင် လက်ချောင်းထိပ်မှ အပူ‌ငွေ့ကို ခံစားလိုက်ရပြီး ကျုံးမင်းဝေ၏ ပါးစပ်ထဲကို စုပ်ယူ ခြင်း ခံလိုက်ရသည်။

အားချိုး ကျုံးမင်းဝေကို ကြည့်လိုက်မိ ပြီး သူမ လက်ညိုးက ထိုသူ၏နှုတ်ခမ်းနဲ့ လျှာတွေ ကြားတွင် နေရာယူထားသည်ကို မြင်သောအခါ အားချိုး သူမခန္ဓာကိုယ်မှ သွေးများအားလုံး ထို ပါးလျသောနေရာတွင် စုပုံသွားသည်ကို ခံစားလိုက်ရသည်။ ထို ယောက်ျား၏ နူးညံ့သော မျက်လုံးများကြောင့် သူမအံ့သြသွားကာ ခဏတာမျှ အမြင်အာရုံတို့ပျောက်ဆုံးသွားရသည်။

အားချိုး မည်သည့်စကားမျှ ဆက်မပြောနိုင်တော့ဘဲ ရင်မဆိုင်ရဲစွာ သူမမျက်နှာကို အဝေးသို့လှည့်လိုက်ချင်နေသည်။သို့သော် ပါးလျ‌သောအ‌ရေ ပြားနှင့် နူးညံ့သည့် မျက်နှာရှိသော မိန်းကလေးက ဒီအချိန်မှာ သူ့ရှေ့က ယောက်ျားကို တည့်တည့်စိုက်ကြည့်ရင်း အရှက်သည်း ပြီးရင်းသည်း နေတော့သည်။

အချိန်အတော်ကြာပြီးနောက် ကျုံးမင်းဝေ သည် လက်ညှိုးကို ထုတ်၍ ပဝါကိုယူ ပြီး ညင်သာစွာ သုတ်လိုက်ကာ ဂရုတစိုက်စစ်ဆေးရန် အာရုံစိုက်လိုက်သည်။ အပ်အဖျားသည် မမြင်နိုင်ရ‌လောက်အောင် သေးငယ်လွန်းသော‌ကြောင့် ဒဏ်ရာက လက်ချောင်း‌ပေါ်တွင် မ မြင်ရတော့ပေ။သူက မျက်မှောင်ကြုတ်ပြီး

အားချိုးက စကားမပြောဘဲ သူမလက်ချောင်းကို ပေါ့ပေါ့ပါးပါး သုတ်‌ပေးနေတာကိုပဲ ကြည့်‌နေလိုက်သည်။ နောက်ဆုံးတော့ လက်ညှိုးကို သန့်စင်စွာ သုတ်ပြီးသွားသည်။ကျုံးမင်းဝေက အားချိုး သူမ ဒဏ်ရာကို စည်းနှောင်ချင်သလားဟုမေးဖို့ ခေါင်းကို မော့လိုက်ပေမယ့် အားချိုးက အ‌ဖြေပေး ပြီးသား ဖြစ်နေလေသည်။အံ့အားသင့်သွားပြီး သူ့စကားများကို ပြန်ရုတ်သိမ်းကာ အားချိုး၏ ခါးကို ဖက်ထားလိုက်သည်။

အားချိုးသည် သူ့လည်ပင်းကို ဖက်ပြီး မငိုရန် ကြိုးစားသော်လည်း သူမ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားမိ ခြင်း ဖြင့်သာ အဆုံးသတ်သွားသည်။သူမ ဘာပြောရမှန်းမသိဘဲ ထပ်ခါတလဲလဲ ရေရွတ်နေရုံမှတပါး ဘာမှ မပြောနိုင်။ ဒီလူရဲ့နာမည်က ကျုံးမင်းဝေ၊ ကျုံးမင်းဝေ...

ဒါပေမယ့် ကျုံးမင်းဝေ က အားချိုး ရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိနေတာ‌ကြောင့် အားချိုးကို ဖက်ပြီး သူမနားထဲသို့ စကားတစ်ခွန်းကို တီးတိုးပြောလိုက်သည်။

အားချိုး သည် ရုတ်တရက် မျက်ရည်များကျလာကာ မျက်ရည်လုံးကြီးများက ပုလဲလုံးများကွဲထွက်လာသကဲ့သို့ ပုံပေါ်နေသည်။ သူမသည် ကြီးစွာသော နာကျည်းမှုကို ခံစားခဲ့ရသကဲ့သို့ ပြုံးကာ ငိုကြွေးခဲ့သည်”

“ရှင်တို့ စာသင်သားပညာရှင်‌တွေက အလွန်ထက်မြက်လှ‌ပါတယ်။ မယုံနိုင်စရာပဲ။ ကျန်းရှန် ၊ ချန်ရှီမိန် ၊ ဘယ်သူကမှ စကားမတည်ဘူး။ သူတို့အားလုံးက လူလိမ်တွေချည်းပဲ။ လူလိမ်‌တွေ။ ရှင်တို့က ရွံရှာစရာကောင်းတဲ့ ပညာတတ်တွေပဲ”

အခန်း ၁၄၆။ အဖွား ချန်

ကျုံးမင်းဝေ သူ့အူတွေစိမ်းသွားသလို အရမ်းနောင်တရသွားသည်။

အားချိုးအပေါ် သူဘယ်လို အ‌တွေးတွေ ရှိ‌နေတယ်ဆိုတာ ပြောပြခဲ့သည်။ တောင်ခြေက မနာလိုနေတဲ့ ပညာရှင်အရှုပ်ထုတ်ကို သတိထားနေပေမယ့် မတော်တဆ သူ့ကိုယ်သူပါ ဆွဲထည့်လိုက်မိသွားသည်ပင်။

“အဲ့တာဆို ဘယ်လိုမှယုံမှာလဲ။”

ကျုံးမင်းဝေသည် သူ့နှလုံးသားထဲမှ အလွန်ဝမ်းနည်းနေခဲ့သည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်အပေါ် သူ့နှလုံးသားထဲမှသစ္စာရှိမှုကို ပြသခဲ့သော်လည်း ထိုသူက မယုံ ကြည်သေးပေ။

သူ စိတ်မဆိုးဘဲနေနိုင်မှာလား။

“ရှင်...”

အားချိုးက အသက် ပြင်းပြင်းရှုကာ သက်ပြင်းရှိုက်လိုက် ပြီးနောက် အလွန်စိတ်ဒုက္ခရောက်နေတဲ့ ပုံစံနဲ့ ပြောလိုက်သည်။

“ကောင်မလေးရာ”

ကျုံးမင်းဝေက သူမကို မနိုင်သည့်ပုံ ဖြင့် ရယ်မောရင်း မျက်ရည်တွေကို သုတ်ဖို့ လက်ကိုင်ပုဝါကို ချက်ချင်းထုတ်လိုက်ပေမယ့် အားချိုး က သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဖက်လိုက်ပြီး ကျုံးမင်းဝေ လည်ပင်းမှာ မျက်နှာတစ်ပြင်လုံးကို တင်းတင်းကျပ်ကျပ် ဖွက်ထားလိုက်သည်။ကျုံးမင်းဝေ သူမစိတ် ကြိုက်လုပ်ခွင့်ပြုပြီး သူ့လက်တစ်ဖက် ဖြင့် ဖက်ထားလိုက်ကာ နောက်တစ်ဖက်က သူမ‌ကျော ပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးနေလိုက်သည်။

“ ကျွန်မ ရှင့်ကို မယုံရင် ရှင့်ကို ဘာလို့ စကားပြော‌နေရမှာလဲ။ ရှင့်ကိုရော နေ့တိုင်း တွယ်ကပ်ဖို့ ဘယ်လို ဆန္ဒရှိနေမှာလဲ။”

ချွဲနွဲ့နွဲ့ စကားလုံးတို့သည် ကျုံးမင်း‌ဝေ၏ နှလုံးသားကို သိမ်းပိုက်သွားသည်။သူသည် တိတ်တဆိတ် ပြုံးလိုက်ကာ ပျော်နေသော လူအို ကြီးတစ်ယောက်ကဲ့သို့ အားရပါးရ လက်ခုပ်တီးလိုက်သည်။

“စိတ်မပူပါနဲ့၊ နောင်တစ်ချိန်မှာ ရှင့်အတွက် သီချင်းတစ်ပုဒ်လုံးကို ကျွန်မဆိုပြပါမယ်။”

အလုံအလောက်ငိုပြီးနောက် အားချိုးက သူ့ကိုထပ်မံဖိတ်‌ခေါ်ဖို့ ရှက်သွားပေမယ့် သူ့နှလုံးသား‌လေးက တကယ်ချိုမြိန်နေသည်။

အားချိုးက သူမလက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။

“ အဲ့ဒါက အကိုတော်‌ခြောက်နဲ့အမတော်တလျန် တို့ရဲ့ ဇာတ်လမ်းပဲ၊ နားထောင်ချင်လား။”

ကျုံးမင်းဝေက အပြုံးလေးနဲ့ ပြောပြီး မျက်နှာသုတ်ဖို့ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ကာ

“မင်းအဲ့တာကို မြန် မြန်သင်ယူ ပြီး ကိုယ့်ကို ဆို ပြမှာကို စောင့်နေမယ်။”

အားချိုးက ရယ်မောပြီး ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ကို ‌ခြေထောက် ဖြင့် ရစ်ပတ်ကာ သီဆိုလိုက်သည်။

အိမ်မှာ စားသောက်ပြီးတဲ့အခါ အားချိုး က ဝါးခြင်းတောင်းကို ကျောမှာလွယ်ရင်း တောင်အောက်ဆင်းသွားသည်။

တောင်ခြေရောက်တဲ့အခါ ခပ်လှမ်းလှမ်းက ခြံစည်းရိုးခတ်ထားတဲ့ ခြံထဲမှာ အဖွားချန် အလုပ်ရှုပ်နေတာကို တွေ့လိုက်ရသည်။ အားချိုးကလည်း လျှောက်လည်ရင်းအလုပ်ရှုပ်နေခဲ့တာ‌ပင်။

“အဖွား၊ ဂေါ်ဖီကောက်နေတာလား။ ကျွန်မလည်း ကူညီပေးမယ်လေ”

အားချိုးက ခြံတံခါးကို တွန်းဖွင့်ပြီး ဝါးတောင်းကို ကျောပေါ်တင်ပြီး ဝင်လိုက်သည်။

အဖွားချန်က ကမန်းကတန်းပြောပေမယ့် အားချိုး ချဉ်းကပ်လာတာကိုမြင်တော့ အဖွားချန်က သူမကို မတားတော့ဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ပြော၏။

“ ဒီဂေါ်ဖီထုပ်က အရမ်းနှုတ်ရလွယ်တယ်၊ အခုပဲ ချင်းရွှမ်က ကူညီဖို့ ဒီကိုရောက်လာလို့ အဖွားက သူ့ကို အခန်းထဲကို မောင်းထုတ်ထားလိုက်တာရယ်။”

အားချိုးက ပိတ်ထားတဲ့ တံခါးကို ကြည့်ရင်း အဖွားချန်ကို မေးလိုက်သည်။

အဖွားချန်က သူမ မျက်နှာမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အားချိုးကို‌ပြောလာသည်။

“နောက်နှစ် အစောပိုင်းမှာ ပြည်နယ်စာမေးပွဲ ဖြေတော့မှာလေ၊ စာမေးပွဲ အောင်နိုင်ဖို့ နေ့တိုင်း နေ့တိုင်းလည်း ကြိုးစားနေတာ”

အားချိုးသည် အဖွားချန်၏ နည်းလမ်းကို အတုယူကာ ဂေါ်ဖီထုပ်၏ ဘေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင် ပြီး အားကြိုးမာန်တက် လှုပ်ယမ်း၍ ဂေါ်ဖီထုပ်ကို သေသပ်စွာ နှုတ်ယူလိုက်သည် ။ သူမက ဂေါ်ဖီထုပ်ကို တစ်ဖက်တွင် တင်လိုက်ပြီး တစ်ဖက်တွင် သူက အဖွားချန်အား

“အစိုးရအရာရှိငယ် ဖြစ်လာရင် နောက်နှစ်မှာ စာမေးပွဲဖြေဖို့ ပေကျင်းကို သွားနိုင်မှာ၊ အဆင့်တစ်ပညာရှင်ဖြစ်ရင် အရာရှိအဖြစ် ချီး‌မြောက်ခံရလိမ့်မယ်”

“ဒီလိုစွမ်းရည်မျိုး ဘယ်ရှိမှာလဲ၊ သူ့ကို အရမ်းအောင်မြင်ဖို့ မမျှော်လင့်ပါဘူးကွယ်၊ ရွေးချယ်ခံရပါစေလို့ပဲ မျှော်လင့်တယ်”

“အဖွားပြောခဲ့သလိုပဲ နောက်နှစ် ပြည်နယ်စာမေးပွဲမှာ ချင်းရွှမ် အောင် မြင်သွားရင် သူ့ကို တရားသူကြီးရဲ့ တရားရုံးတော်မှာ ဆရာလုပ်ဖို့ ဖိတ်ခေါ်ကြမှာ။”

အားချိုးသည် ချန်ချင်းရွှမ်၏ မြင့်မြတ်သော ပုံစံကို တွေးတောရင်း မေးလိုက်မိသော်လည်း ချန်ချင်းရွှမ်သည် အခြားသူများအောက် နှိမ့်ချကာ ဆရာလုပ်မည့်သူဟု မထင်ခဲ့ပေ။

“သူက သဘောတူတယ်လည်းမ‌ပြောဘူး သဘောမတူဘူးလို့လည်း မပြောဘူး။ ဒီကလေးက တကယ်ကို ခေါင်းကိုက်စေတာပဲ။အိုက်ယား”

“အဖွားက အသက်ကြီးနေပြီ၊ ချင်းရွှမ်ကလွဲလို့ အဖွားမှာ ဆွေမျိုးလည်းမရှိဘူး။ အဖွားက နင်းဂုတမှာ သူ တည်ကြည်စွာ နေနိုင်ဖို့၊ စားနိုင်သောက်နိုင်တဲ့ အိမ်တော်သခင်ကြီးဖြစ်ဖို့၊ တစ်ခြားသူတွေရဲ့ လေးစားမှုကို ခံယူနိုင်ဖို့‌ဆုတောင်းခဲ့တာ။ သူ့စိတ်ထဲမှာ မလိုလားဘူးဆိုတာ အဖွားသိပြီး တစ်ကိုယ်ကောင်းဆန်မိတယ်ဆိုတာလည်းသိပါတယ်၊ ဒါပေမယ့် အဖွားက သူ အဖွားကို မထားသွားတာကိုပဲ လိုချင်တာပါကွယ်”

အခန်း ၁၄၇။

အဖွားချန် ဘာကိုဆိုလိုချင်တယ်ဆိုတာကို အားချိုးနားလည်သည်။အသက် ကြီးသောသူများသည် အထီးကျန်ရမှာကို ‌ကြောက်တတ် ကြသည်။အမေရှန်းလည်း တစ်ရက်လောက်မတွေ့လိုက်သည်နှင့် ဒေါသထွက်နေတတ်သည်။

ထိုအချိန်တွင် အားချိုးသည် အဖွားချန်၏လက်ကို ဆုပ်ကိုင်ထားပြီး ရိုးသားစွာပြောခဲ့သည်။

“ အဖွား ဆရာချန်က အဖွားကို တွယ်တာပါတယ်၊ နောက်ပိုင်း တစ်ခြားနေရာကိုသွားနေရင်တောင် အဖွားကို အိမ်မှာ ဘယ်တော့မှ တစ်ယောက်တည်း ထားခဲ့မှာမဟုတ်ပါဘူး၊အဖွား နင်းဂုတကို မစွန့်ခွာချင်ဘူးဆိုရင် အဖွားမှာ သမီးရှိသေးတာပဲ၊ အဖွားရဲ့ ဆွေမျိုးက ချန်သခင်လေး တစ်ယောက်တင်မဟုတ်ဘဲ သမီးလို ‌မြေးမလေး တစ်ယောက်လုံးလည်း ရှိသေးတယ်လေ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ အခု ငါ့မှာ မြေးမလေးတစ်ယောက် ရှိနေတာပဲ။”

အဖွားချန် က ခေါင်းညိတ်ပြပြီး သူမရဲ့ စိုစွတ်နေတဲ့ မျက်လုံးထောင့်တွေကို အင်္ကျီလက်နဲ့ သုတ်ရင်း လှည့်ပတ် ကြည့်ပြီး ဂေါ်ဖီထုပ်ကို အလျင်စလိုကောက်လိုက်ကာ အကြောင်းအရာကို ပြောင်းလိုက်သည်။

“ ကောင်မလေး၊ မင်းမိသားစုက ဘယ်တော့ ဂေါ်ဖီချဉ်လုပ်မှာလဲ။”

“ဂေါ်ဖီချဉ် “

အားချိုး အံ့အားသင့်သွားကာ အဖွားချန် ဘာပြောနေမှန်း မသိဖြစ်နေသည်။

“အာ မေ့တတ်လိုက်တာ သမီးက တစ်ခြားတိုင်းပြည်ကလာတာဆိုတာ မေ့သွားတယ်။ ကောင်မလေး တစ်ခါမှ မစားဖူးဘူးလား။ ဒီတရုတ်ဂေါ်ဖီထုပ်နဲ့လုပ်ထားတဲ့ဟာလေ”

အဖွားချန်က သူ့လက်ထဲက တရုတ်ဂေါ်ဖီထုပ်ကို လက်ညှိုးထိုးပြပြီး အားချိုးကို ‌ပြောသည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ဟင်းသီးဟင်းရွက်‌တွေကို စုဆောင်းထားရမှာ‌ပေါ့။”

ကြက်ရုပ်ဆိုးလေးက ဆန်စေ့ကောက်သလို ခေါင်းညိတ်ကာ အဖွားချန်ကို အလျင်စလို မေးလိုက်သည်။

“အဖွား၊ ဒီ‌ဂေါ်ဖီချဉ်ကို ဘယ်လို လုပ်ရတာလဲ။ အဖွားအားတဲ့အချိန်မှာ သမီးကို သင်ပေးပါလားဟင်”

“အဖွား ဒီမနက်အစောကြီး တွေးမိတာ ဒီနှစ်တော့ ဂေါ်ဖီချဉ်ကို ပို‌ဖောက်လိုက်မယ်။ သမီးအဲ့ဒါကို ကိုယ်တိုင်လုပ်ဖို့မလိုပါဘူး။ အချဉ်ဖောက်ပြီးရင် သမီးအတွက် လှည်းရှာပေးဖို့ ချင်းရွှမ် ကို ‌ပြောလိုက် ပြီး တောင်ပေါ်ကို ပို့ခိုင်းလိုက်လို့ ရတာပဲ”

“မဟုတ်ဘူး၊ အဖွား မလုပ်ပါနဲ့၊ သမီးက အခုကစ ပြီး နင်းဂုတ မှာနေ‌တော့မှာ‌လေ၊ ဒါကို မတတ်ထားလိူ့ ဘယ်ရမလဲ။”

အားချိုး သည် သူ့လက်များကို အလျင်စလို ဝှေ့ယမ်းကာ အဖွားချန် ကို လေးလေးနက်နက် ပြုံးပြရင်း

“ သမီး ရက်နည်းနည်းနေလို့ တောင်ပေါ်ကဆင်းလာရင် အဖွား ဂေါ်ဖီချဉ်ကို လုပ်မယ်။ သမီး အဖွားကိုကူညီချင်ရင် လာကူလုပ်ပေါ့။ဟုတ် ပြီလား။”

အားချိုးက မတတ်နိုင်ဘဲ ကျေးဇူးတင်မိသည်။

အားချိုးနှင့် အဖွားချန်တို့ ဂေါ်ဖီကောက်နေစဉ် လမ်းပေါ်မှ မြင်းခွာသံများကြားလိုက်ရသည်။ သူတို့၏နေရာသည် အမြဲတမ်း တိတ်ဆိတ်နေတတ်ပြီး လူအနည်းငယ်သာ လာတတ်သောကြောင့် အားချိုး နှင့် အဖွားချန်သည် အတူတူ လမ်းကို မျှော်ကြည့်လိုက် ကြသည်။ချပ်ဝတ်တန်ဆာဝတ်ထားသော အရပ်ရှည်ရှည်လူတစ်ယောက်က မြင်းစီးကာ သူတို့ဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။ သူ အဲဒီလူကို ရှင်းရှင်းလင်းလင်းမမြင်ရသေးခင်မှာ အဖွားချန်က အရင် မှတ်မိသွားခဲ့သည်။

ထိုအခါမှ အားချိုးသည် လာ‌နေသောလူမှာ ကုန်းဝမ်ကျဲ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ လန့်သွားသဖြင့် အဖွားချန်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။

“ အဖွား၊ သူ့ကို မှတ်မိတာလား။”

“သိတာပေါ့၊အရင်တစ်ခါ တရားသူကြီးက ဆောင်းဦးရာသီကဗျာပွဲတော်မှာ ချင်းရွှမ်ကို လာဖို့ဖိတ်ခေါ်တုန်းက ဒီအစောင့်ကိုပဲ လွှတ်ဖူးတယ်လေ။ခုလည်း ချင်းရွှမ်ကို ခေါ်ဖို့ တစ်ခုခု ရှိ‌လို့ ဖြစ်မယ်။”

အဖွားချန် က သူမရဲ့ ဆံပင်တွေကို လက်နဲ့ ပြင်ဆင်ပွတ်သပ်‌‌နေရင်း ပြောသည်။

အားချိုးက အဖွားချန်ကို ထရန် ကူညီ‌လိုက်သည်။

အားချိုးနှင့် အဖွားချန်က မတ်တတ်ထရပ်လိုက်ချိန်တွင် ကုန်းဝမ်ကျဲ၏မြင်းက ခြံစည်းရိုးခတ်ထားသောခြံရှေ့၌ ရပ်သွားသည်။ သူက လက်သီးတွေကို တင်းတင်းဆုပ်ကာ အရိုအသေ ပြုရင်း

“ အဖွားချန် ကျွန်တော် အဖွားကို ထပ်ပြီး နှောင့်ယှက် ရ ပြန် ပြီ”

“ကိုယ်ရံတော်ကုန်းက ငါတို့ ချင်းရွှမ်ကို ရှာဖို့လာခဲ့တာလား။ “

“ချင်းရွှမ်က အထဲမှာ ရှိတယ်၊ မင်း တိုက်ရိုက်ဝင်သွားလို့ရပါတယ်။”

“ကောင်းပါပြီ ၊ဒါဆို ကျွန်တော်အရင်ဆုံး ဝင်သွားလိုက်မယ်”

ကုန်းဝမ်ကျဲက ပြုံးကာ ပြောလိုက်ပြီး သူတို့နောက်က ပြန့်ကျဲနေတဲ့ ဂေါ်ဖီထုပ်ခင်းကို တချက် ကြည့်လိုက်ကာ

“အဖွားချန် ၊ ကျွန်တော် ထွက်လာတဲ့အခါ အဖွားကို ဂေါ်ဖီထုပ် နှုတ်ကူပေးပါ့မယ်”

“ ဘာလဲ။ မလိုပါဘူး။ မလိုပါဘူး။ မင်းအရမ်းအလုပ်များနေချိန်မှာ ဒီဂေါ်ဖီခင်းထဲ မင်းရဲ့အချိန်တွေကို ဘာလို့ဖြုန်းတီးမလဲကွယ်။”

အဖွားချန် က ကုန်းဝမ်ကျဲရဲ့ လက်မောင်းကို အပြုံးနဲ့ ပုတ်လိုက်ပြီး‌ပြောလိုက်သည်။ အဖွားချန်က ကုန်းဝမ်ကျဲကို သဘောကျတာ သိသာလှသည်။ သူနဲ့ စကားအများ ကြီး ပြောခဲ့သည်။

“သွားပါ”

“ဟုတ်ကဲ့၊ ကျွန်တော်အရင်ဝင်လိုက်ပါမယ်”

ကုန်းဝမ်ကျဲက ခေါင်းညိတ်ပြပြီး အထဲသို့ လမ်းလျှောက်လာရင်း အားချိုး‌ဘေးမှ ကျော်သွားမည့်အချိန် သူ့အသံကို နှိမ့်ချ၍

“ငါထွက်မလာမချင်း စောင့်နေပါ၊ ငါမင်းကို ‌ပြောစရာရှိတယ်။”

“အာ”

အားချိုးလန့်သွားပြီး ကုန်းဝမ်ကျဲက သူမဆီက ဘာလိုချင်လို့လဲ လို့ မေးတော့မည့်အချိန်မှာတော့ ကုန်းဝမ်ကျဲက ကျော်သွားပြီ ဖြစ်သည်။

All Chapters