အခန်း (၁၅၁-၁၅၃)
Vol. 5 Ch. 151-153
အပိုင်း ၁၅၁။ ရှင်က ကတ်တီတစ်ဝက်ဆို ကျွန်မက ရှစ်တေးလ်ပဲ
“ရှင်.. ရှင် အရင်က စားဖူးတာလား၊ကျွန်မက ကျွန်မလိုပဲ ရှင်လည်း အပြင်လောကကို ဘာမှ မမြင်ဖူးဘူးလို့ထင်နေတာ၊ ဟီးဟီး၊”
အားချိုး ရှက်စရာအ ဖြစ်အပျက်ကိုရင်ဆိုင်လိုက်ရ ပြီးနောက် ရွှေရောင်ဝက်သားတုံးကိုသာ အာရုံစိုက်လိုက်ကာ တူ ဖြင့် အသားကိုလှမ်းယူ၍ တမြုံ့မြုံ့ ဝါးရင်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
“ အရသာရှိတယ် တကယ်ကို အရသာရှိတယ်”
“ကိုယ်မှန်တယ်မဟုတ်လား”
ကျုံးမင်းဝေက ကျန်ရှိသော အသားတုံး၏ တစ်ဝက်ကို ပါးစပ်ထဲသို့ ထည့်ရင်း ပြုံးလျက် ပြောသည်။
အားချိုး ထိုသူ၏ ဖောင်းနေသော ပါးပြင်များကို ကြည့်ကာ သူမပါးတို့အနည်းငယ် နီရဲသွားခဲ့သည်။ အသားတုံးတစ်ပိုင်းကို သူမကိုက်ထားပြီးဖြစ်ကာ တံတွေးများဖြင့် စွန်းထင်းနေဆဲဖြစ်သည်။
ကျုံးမင်းဝေက သူမကိုက်ထားတာကို ဘယ်လိုစားနိုင်ရတာလဲ။
ဒါပေမယ့် ကျုံးမင်းဝေကတော့ ဒါကို ဂရုမစိုက်ဘူးဆိုတာ သိသာလှသည်။ အိုးထဲနှပ်ထားတဲ့အသားကို စားနေရင်းနဲ့ နောက်ထပ် ဝက်သားပြားပိုင်မုန့်ကို ယူလိုက်ပြီး တစ်ဝက်ကို အားချိုးထံ ပေးလိုက်ကာ ကိုယ်တိုင်လည်း စားလိုက်သည်။
“ဒါက အရသာရှိပြီး အသားတွေ အများကြီးပဲ”
အားချိုးရဲ့ ပါးပြင်တွေ တုန်နေပြီး သူ့စကားလုံးတွေက ဝိုးတဝါး ဖြစ်နေသည်။
“ရှင် များများစား၊ ကျွန်မ လေးယွမ်ဖိုးတောင်ဝယ်ခဲ့တာ၊ ကျွန်မက အများဆုံး တစ်စိတ်လောက်ပဲ စားနိုင်တာလေ”
ပြောရင်း ကျန်ရှိသည့် ဝက်သားချိုချဉ်တုံးကို ကျုံးမင်းဝေသို့ပေးလိုက်သည်။
“အစားအသောက်တွေ အများကြီး ဘာလို့ ဝယ်လာရတာလဲ”
ကျုံးမင်းဝေက ကိတ်မုန့်စားရင်း အားချိုးကို မေးလာသည်။
အားချိုးသည် သူ့အရသာခံအာရုံကို ဘယ်တော့မှ မဆုံးရှုံးစေဘဲ နေ့တိုင်း သူ့အတွက် ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ပေးသည်။ နှစ်ရက်သုံးရက်အတွင်း အသားတစ်နပ်ကို ပုံမှန် စားနိုင်နေသော်လည်း သူမသည် ဤမျှလောက် ချမ်းသာသူမဟုတ်။ ကျုံးမင်းဝေလည်း သဘာဝအလျောက် သိချင်သွားသည်။
အားချိုး ကျုံးမင်းဝေရဲ့ မေးခွန်းတွေကို လမ်းတွင် တွေးလာ ပြီးသားဖြစ်သည်။သူမ လိမ်သည်ဖြစ်စေ မလိမ်သည်ဖြစ်စေ ခေါင်းငုံ့ကာ မုန့်လုံးကိုကိုက်ရင်း နောက်ကျောမလုံဘဲ ပြောလိုက်သည်။
“ကျွန်မက ပန်းထိုးတတ်တော့ ရွာကလူတွေက သဘောကျ ကြတယ်လေ။ နှစ်တွေကြာြပီးမှ သူတို့သမီးကိုလက်ထပ်ပေးချင်တဲ့ မိသားစုတချို့က အဖွားချန်ကို တွေ့ခဲ့တာ။ ပြီးတော့ ကျွန်မကို ပန်းထိုးခွင့်ပေးခဲ့တယ်။ စပေါ်ငွေကိုလည်း အရင်ပေးချေပြီးသားဖြစ်နေတာ၊ အခုဆို ကျွန်မပန်းထိုးလုပ်ငန်းရဲ့ စျေးနှုန်းကလည်း တိုးလာြပီလေ၊ ဟဲဟဲ၊ စပေါ် ငွေကလည်း သုံးယွမ်ပဲဆိုတော့ ကျွန်မတို့ ပိုက်ဆံမ ပြတ်တော့ဘူးပေါ့!”
ကျုံးမင်းဝေက ခေါင်းညိတ်လိုက်ပြီး လက်ဆန့်ကာ အားချိုးရဲ့ ပါးစပ်ထောင့်က အသားအပိုင်းအစလေးကို ယူ၍ သူ့ပါးစပ်ထဲကို ထည့်လိုက်ပြီး
“တခါတည်းတော့ အရမ်းကောင်းတာတွေ အများကြီး မဝယ်ပါနဲ့၊ စျေးကြီးတာတွေ မင်း စားမကုန်ရင် လွှင့်ပစ်လိုက်ရမှာပေါ့”
“ကျွန်မ ခဏခဏ မဝယ်ပါဘူး၊ ဒီနေ့က ပျော်သင့်တယ်မလား၊”
အားချိုး က သူမနှုတ်ခမ်းတွေကို လျက်လိုက်ရင်း အနည်းငယ်ရှက်သွားသည်။ယခု ကျုံးမင်းဝေနှင့် သူမတွေ့ရတာ နည်းပါးလာပြီး နောက်ပိုင်းတွင် သူမ အတွက်ပို၍ပို၍ ရှက်စရာကောင်းလာသည်။
အမဲသားမုန့်ကိုစားပြီးနောက် ကျုံးမင်းဝေသည် ဝက်နံရိုးငံပြာရည်ပန်းကန်ကို ယူဆောင်လာခဲ့သည်။ စုစုပေါင်းအရိုးကြီးနှစ်ချောင်းသာရှိသည်။ ကျုံးမင်းဝေ က အကြီးတစ်ခုကို ကောက်ယူပြီး အားချိုးကို ပေးလိုက်ပေမယ့် အားချိုးက ပန်းကန်ထဲက အသေးကို လှမ်းကိုင်လိုက်သည်။ ကျုံးမင်းဝေက ရယ်ချင်စိတ်ကို ဖုံးကွယ်လိုက်ရင်း ပန်းကန်လုံးကို ချလိုက်ပြီး အကြီးတစ်ခုကို သူမလက်ထဲသို့ ထည့်လိုက်သည်။
“ကိုယ်က အကြာကြီးထိုင်နေခဲ့တာ၊ ဗိုက်သိပ်မဆာတော့ဘူး၊ ဒီလောက်ကြီးတဲ့ အပိုင်းကို ဘယ်လိုစားကုန်မလဲ”
“ဝက်နံရိုးက ကြီးပေမယ့် အသားက သိပ်မများတာကို ဘာလို့မစားရတာလဲ”
အားချိုး မပျော်တော့ဘဲ ကျုံးမင်းဝေအား ပါးစပ်တွန့်ကာ ဆန္ဒပြလိုက်သည်။
“မင်းပဲ မြန်မြန်စားလိုက်ပါ၊ အေးသွားတဲ့အခါမှ စားနော် “
အားချိုးသည် အရိုးကြီးကြီးကို ကိုက်စားရုံမှတပါး ရွေးချယ်စရာမရှိပေ။ ကျုံးမင်းဝေ ရှေ့မှာ အရိုးကို ကိုက်ဖို့ သူမ အနည်းငယ် ရှက်နေမိ ပြီး သိပ်မသင့်တော်သလို ခံစားနေရသည်။
“ဒါဆိုလည်း အခုအရိုးအကြီးကိုစားလိုက်တော့မယ်နော်”
အားချိုးဟာ ဝမ်းသာအားရ အရိုးကို ကိုက်ခဲ့ရသည်မှာ အချိန်အတော် ကြာခဲ့ပြီဖြစ်သည်။ သူမသည် အသားကြိုက်သူဖြစ်သော်လည်း ငယ်စဉ်ကတည်းက အရိုးများကိုစားရန် အခွင့်အရေးမရှိခဲ့ပေ။ စားခဲ့ဖူးသည့် အကြိမ် အချို့မှာ ခိုးကြောင်ခိုးဝှက် သူမအတွက် ချန်ထားခံရသောကြောင့်ဖြစ်သည်။
အားချိုးက ကျုံးမင်းဝေကို အဆီပေနေတဲ့ ပါးစပ် ဖြင့်မေးလိုက်ရင်း ကျုံးမင်းဝေ၏ အဆီများပေကျံနေသော မုတ်ဆိတ်မွေးကို တွေ့သောအခါ မထိန်းနိုင်ဘဲ ရယ်မိတော့သည်။
“ရှင့် မုတ်ဆိတ်မွှေးတွေကို ကျွန်မဖြတ်လိုက်မှထင်တယ်၊ မဟုတ်ရင် အဲ့ဒါက အဆီတွေနဲ့ ပြည့်နေပြီး ရှင့်မျက်နှာကို ဆေးဖို့ ခက်နေလိမ့်မယ်”
ကျုံးမင်းဝေသည် အားချိုး ၏ အဆီပေနေသော မျက်နှာကို ကြည့်ပြီး မရယ်မောကာ မနေနိုင်တော့ဘဲ
“ဟီးဟီး၊ဒါဆို ရှင်က ကတ်တီတစ်ဝက်၊ ကျွန်မက ရှစ်တေးလ် ၊ဆိုတော့ ကျွန်မက ရှင့်ထက် ပိုသာတယ် ဟီးဟီး”
အားချိုး သည် ပျော်ရွှင်စွာ စားသောက်ပြီးနောက် စိတ်ကောင်းဝင်နေသည်။ ထိုအချိန်တွင် သူမ၏ပါးပြင်ပေါ်တွင် ပဲပိစပ်အရွယ်အစားရှိ ပါးချိုင့်နှစ်ခုသည် ထင်းထင်းကြီး ရှိနေလေသည်။ သိပ်မကြာခင်မှာပဲ သူမ ရုတ်တရက် လန့်သွားသည်။
အပိုင်း ၁၅၂။ ရိုးတွင်းခြင်ဆီကို ရိုက်ထုတ်ခြင်း
“ဟုတ်တယ် မင်းက ကိုယ့်ထက်ပိုကောင်းတယ်”
ကျုံးမင်းဝေက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး သူ့လက်ထဲကအရိုးကြီးကို ချလိုက်ရင်း လက်ကိုသုတ်ဖို့ လက်ကိုင်ပုဝါကို ယူကာ ခုံထောင့်သို့ တွားသွားလိုက်သည်။
“ရှင်...အစ်...ဘာလုပ်ဖို့သွားတာလဲ”
အားချိုး အလျင်စလိုမေးလိုက်စဉ် ရုတ်တရက် ကြို့ထိုးသွားတာကြောင့် စိတ်တိုပြီး လက်ထဲမှအရိုးကို ချလိုက်သည်။
“ရှင် ဘာလိုချင်လို့လဲ၊ ကျွန်မ ရှင့်ကို ကူယူပေးမယ်”
“မဟုတ်ဘူး၊ မင်းရဲ့အရိုးတွေကိုပဲစားနေပါ”
ကျုံးမင်းဝေက ပြောရင်း အိုးအဖုံးကို မြှောက်လိုက်ရာ တရုတ်ဆီးသီးခြောက်၏ မွှေးပျံ့သောရနံ့က အခန်းထဲသို့ ပျံ့နှံသွားသည်။ ကျုံးမင်းဝေက သူ့လက်ထဲ၌ ပန်းကန်လုံးကြီးတစ်လုံးကို ကိုင်ကာ လိမ္မော်နီရောင် တရုတ်ဆီးသီးလက်ဖက်ရည်တို့ကို ဖြည့်လိုက်ပြီး အားချိုး ရှေ့မှာ ထားလိုက်သည်။
“မနင်စေနဲ့၊ လက်ဖက်ရည်သောက်”
“ရှင် ဘယ်တုန်းက အစ် လက်ဖက်ရည်တည်လိုက်တာလဲ”
အားချိုးသည် လက်ဖက်ရည်ပန်းကန်လုံးအား အံ့သြစွာကြည့်ကာ သူမမျက်နှာပေါ်တွင် မပျော်ရွှင်သောအမူအရာဖြင့်
“ ရှင် မီးဖိုချောင်ထဲ ကိုယ့်ဘာသာ ဝင်လုပ်နေ ပြန် ပြီလား အစ်”
“ဘာမှမဟုတ်ပါဘူး၊ မီးဖိုကအနည်းအကျဉ်းပဲလုပ်စရာရှိတာပါ၊ တုတ်ကောက်နဲ့ ထောက်ပြီး ဆင်းလိုက်တာ၊ မြန်မြန်သောက်လိုက်ဦး”
ကျုံးမင်းဝေသည် ဤအကြောင်းအရာကို မပြောချင်သည်မှာ ထင်ရှားသည်။
အားချိုးက အလိုမကျဟန် မျက်မှောင်ကြုတ်လိုက်ပြီး
“မတော်လို့ လဲကျရင် ဘယ်လိုလုပ်မလဲ၊ အစ် မီးဖိုက အရမ်းမြင့်တာ၊ မြေပြင်ကလည် အရမ်းကြမ်းတယ်၊ ရှင့်ရဲ့အရိုးတွေက မြေပြင်ထက် ပိုမာနေလို့လား၊အစ်”
အားချိုး ကျုံးမင်းဝေရှေ့တွင် တစ်ကြိမ်လောက် မျက်နှာတည်ရန် ကြိုးစားခဲ့သော်လည်း ရပ်တန့်မသွားသည့် ကြို့ထိုးမှုကြောင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် သူမ ပိုဒေါသထွက်ကာ စိတ်ပျက်သွားတာကြောင့် ကြို့ထိုးတာက ပို၍ပင် ပြင်းထန်လာခဲ့သည်။
“ကောင်းပြီ၊ကောင်းပြီ၊ နောက်တစ်ခါ ကိုယ်တစ်ယောက်တည်း မီးဖိုထဲမဝင်တော့ဘူး ဟုတ် ပြီလား”
ကျုံးမင်းဝေ က လျစ်လျှူမရှုနိုင်တော့ဘဲ လက်ဖက်ရည်ကိုသာ မြန်မြန်သောက်လိုက်ပါဟု ကမန်းကတန်းတိုက်တွန်းလိုက်ရတော့သည်။
အားချိုးတစ်ယောက် လက်ဖက်ရည်ပန်းကန်လုံးကြီးတစ်လုံးကိုယူပြီး ပြောင်စင်အောင်သောက်ပြီး နောက်မှာတော့ ကြို့ထိုးတာရပ်သွားပေမယ့် ဆုံးရှုံးသွားတဲ့ သူမမျက်နှာကို ဘယ်တော့မှပြန်မရနိုင်တော့သလိုခံစားလိုက်ရသည်။ အားချိုးသည် ကျုံးမင်းဝေ မီးဖိုထဲ တိတ်တဆိတ်ဝင်တာကို မဟန့်တားနိုင်ခဲ့တာကြောင့် သူ့ကိုယ်သူ ဒေါသထွက်ကာ သူ့လက်ထဲရှိ အရိုးကြီးတွေကို အားပြင်းပြင်း ကိုက်ပစ်လိုက်သည်။
အရိုးကြီးများကိုစားပြီးနောက် အားချိုးသည် ဗိုက်ပြည့်နေပြီဖြစ်သော်လည်း နောက်ထပ် မြေအိုးနှပ်ဝက်သားဟင်းကို စားချင်ခဲ့သည်။သို့သော်လည်း သူမ မစားနိုင်တော့သဖြင့် ကျုံးမင်းဝေ အရိုး ကိုက်နေသည်ကိုသာ ထိုင်ကြည့်နေလိုက်သည်။
ကျုံးမင်းဝေက အားချိုး၏ မျက်ဝန်းများနှင့် ဆုံတွေ့စေရန် ရုတ်တရက် ခေါင်းမော့လိုက်သည်။
အားချိုး သူ့မျက်လုံးများကိုရှောင်လွှဲရန် အလုပ်များသွားသော်လည်း သူမ၏မျက်လုံးများသည် ခဏအကြာတွင် ကျုံးမင်းဝေ၏ခန္ဓာကိုယ်ပေါ်သို့ ထပ်မံရောက်ရှိသွားသည်။ အတိအကျပြောရလျှင် ကျုံးမင်းဝေ၏လက်ထဲရှိ အရိုးကြီးထံသို့ ဖြစ်သည်။
နင်းဂုတရှိ ဝက်နံရိုးငံပြာရည်ချက်သည် တော်ဝင်စားဖိုဆောင်မှ ပြုလုပ်သော အရိုးဟင်းလျာများနှင့် သဘာဝအလျောက် မယှဉ်နိုင်သော်လည်း အရသာမှာ အလွန်ကောင်းမွန်ပါသည်။ အားချိုးသည် ယခင်က နန်းတော်၌ စားခဲ့သော အရိုးဟင်းလျာများကို တွေးတောနေခဲ့ရင်း တံတွေးများ တိုးလာရပြန်သည်။
ကျုံးမင်းဝေသည် စကားတစ်ခွန်းမှ မပြောဘဲ လက်ထဲမှ အရိုးကြီးကို ကိုက်လိုက်ပြီး မီးဖိုပေါ်မှ ဓားကို ယူလိုက်သည်။
“ရှင် ဘာလိုချင်တာ... “
အားချိုး အံ့ဩသွားပြီး ကျုံးမင်းဝေက သူ့လက်ထဲက အရိုးကို ဓားနှောင့်နဲ့ ရိုက်တာကို ကြည့်နေလိုက်သည်။ အားချိုး ချက်ချင်းပင် သူ့ပါးစပ်ကိုပိတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့ထားသော်လည်း ပါးစပ်ထောင့်များက မကူညီနိုင်ဘဲ ကွေးညွှတ်သွားသည်။
ကျုံးမင်းဝေက ခြင်ဆီအ ပြည့်ပါသည့် ရိုက်ချိုးခံထားတဲ့ အရိုးကို အားချိုးထံသို့ ပေးလိုက်သည်။
ကျုံးမင်းဝေ က ဘာလို့ ဒီလောက်ကောင်းရတာလဲ။
သူမ ရိုးတွင်းခြင်ဆီ စားရတာ ကြိုက်တယ်လို့ ပြောခဲ့တာကို မှတ်မိနေသေးတယ်။
သူကဘယ်လောက်တောင်ကောင်းလိုက်သလဲ...
အားချိုးက အရိုးကိုကောက်ယူလိုက်ပေမယ့် ကျုံးမင်းဝေက သူမကို ခွင့်မပြုဘဲ
“ ဒီအတိုင်းစားလိုက်၊ လက်တွေ ညစ်ပတ်နေရင် အပြင်ထွက်ပြီး ပြန်ဆေးနေရမယ်”
“အိုး..”
အားချိုး ချက်ချင်းပင် နာခံစွာ မတ်တတ်ရပ်လိုက်ပြီး ကျုံးမင်းဝေ၏လက်ထဲမှ ရိုးတွင်းခြင်ဆီကို တိုက်ရိုက် စုပ်ယူလိုက်သည်။
ကျုံးမင်းဝေက နာခံတတ်တဲ့ကြောင်လေးတစ်ကောင်လို ရိုးတွင်းခြင်ဆီစားနေတဲ့ မိန်းကလေးငယ်လေးကို ကြည့်ပြီး သူ့နှလုံးသားက မတောင့်ခံနိုင်တော့ဘဲ နူးညံ့ပျော့ပျောင်းလာရသည်။
တစ်ချိန်က သူသည် ရာထူးကြီးသော မင်းသားတစ်ပါး ဖြစ်ခဲ့စဉ်တွင် သူ့ ပါးစပ်လှုပ်လိုက်သည်နှင့် ပုလဲ၊ မြနှင့် ပိုးထည်ကဲ့သို့ အလှလေးများသည် အနောက်ဆောင်ရှိ အခန်းတစ်ခုအတွင်းသို့ ပို့ဆောင်ထားခံရလိမ့်မည်ဖြစ်သည်။ သူ ထိုမိန်းမလှများအပေါ် ‘ဒါကတော့အချစ်ပဲ’ဟုဆိုနိုင်သည့် ခံစားချက်ရှိခဲ့သည်ဟု မခံစားခဲ့ရပေ။သူတို့သည် လက်ဆောင်ပစ္စည်း သက်သက်သာ။အရည်အသွေးမြင့်မြင်းတွေကို ဆုချခံရသလိုမျိုး၊ထိုသူတို့သည် နာခံမှုရှိပြီး သူ့ကို အနှောက်အယှက်မပေးသည့်အတွက်ကြောင့် ထိုလက်ဆောင်တွေကိုလည်း သူ နှမျောရကောင်းမှန်းမသိခဲ့။
ယနေ့တွင်တော့ သူသည် သာမန်လူတစ်ဦးမျှသာဖြစ်ပြီး ဒုက္ခိတတစ်ယောက်ဖြစ်သော်လည်း သူ့တွင် ချစ်ရသူရှိသည်။ သူ့တွင် ပုလဲ၊ မြ၊ ပိုးထည် ဟူ၍ မရှိ။ သူချစ်ရသူကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ပူပူနွေးနွေး လက်ဖက်ရည်တစ်ခွက် ဒါမှမဟုတ် ခေါက်ထုတ်ပေးထားတဲ့ ရိုးတွင်းခြင်ဆီ အပြည့်ပါသည့် အရိုးကြီးတစ်ချောင်းသာ။
ဒါပေမယ့် ဒါတွေဟာ သူ့ဘဝတွင် ပထမဆုံးသော သူ့နှလုံးသားတစ်ခုလုံးပေးအပ်ထားခြင်းပင် ဖြစ်သည်။
သူက ဒါတွေကို ဈေးပေါြပီး စက်ဆုတ်ဖွယ်ရာကောင်းလှသည်ဟု ထင်နေခဲ့ပေမဲ့ ဒီမိန်းကလေးကတော့ ထိုအတွေးတွေကို လုံးဝမကြိုက်ပေ။
အပိုင်း ၁၅၃။ လျှို့ဝှက်သော ပျော်ရွှင်မှု
“စားချင်သေးလား”
ကျုံးမင်းဝေက အားချိုး ရိုးတွင်းခြင်ဆီကိုစားပြီးသည်နှင့် နောက်အရိုးတစ်ခုကို ညွှန်ပြရင်းမေးလိုက်သည်။
“အင်း စားချင်သေးတယ်”
အားချိုး၏ မျက်နှာမှာ အနည်းငယ်နီမြန်းနေပြီး မျက်တောင်များလည်း အနည်းငယ်လှုပ်ယမ်းနေသည်။
‘ဘာပဲဖြစ်ဖြစ် ရှင်လည်း လုပ်စရာမရှိဘူးဆိုတော့ ကျွန်မကို နောက်တစ်ခု ထပ်လုပ်ပေးလိုက်တာမကောင်းဘူးလား’
“ကောင်းပြီ၊ ခဏစောင့်”
ကျုံးမင်းဝေက တခြားအရိုး၏အစွန်းကို ဆွဲထုတ်ကာ ခြင်ဆီကို ခေါက်ထုတ်ပြီး အားချိုးကို ထပ်ပေးလိုက်သည်။
ဒီတစ်ခါတော့ ကျုံးမင်းဝေ ထပ်ပြောစရာမလိုအောင်င်အားချိုးက နာနာခံခံပဲ ရိုးတွင်းခြင်ဆီစားဖို့ သူမကိုယ်ကို ကိုင်းညွှတ် လိုက်သည်။
အားချိုး ရိုးတွင်းခြင်ဆီစားပြီးတာကို ကြည့်ပြီးတော့ ကျုံးမင်းဝေက လက်ကိုင်ပုဝါကိုယူလိုက်ပြီး သူမ နှုတ်ခမ်းထောင့်တွေကိုသုတ်ပေးရင်း ပါးချိုင့်လေးတွေကို တို့ထိကာ မကူညီနိုင်စွာ ပြုံးရင်း ပြောလိုက်သည်။
“အဲ့လောက်တောင်ပျော်သလား”
အားချိုး က တိုးတိုးပြောလိုက်ပေမယ့် သူမ စိတ်ထဲမှာတော့ အဲ့ဒါကို သိပ်အာရုံမစိုက်နေပေ။ ကျုံးမင်းဝေ က သူမကို ဂရုစိုက်တာကြောင့် သူမပျော်မိသည်။သူမ သူ့ကို ဂရုစိုက်သလိုမျိုး အခု သူမကို ဂရုတစိုက်လုပ်ပေးနေတာကြောင့် ပျော်နေခဲ့သည်။ကျုံးမင်းဝေက သူမကို အခုလို အရမ်းဂရုစိုက်လိမ့်မယ်လို့ သူမ မထင်ခဲ့မိတာကြောင့်လည်း ဖြစ်မည်။။ အခုသူမ သိသွားခဲ့ ပြီဖြစ်တာကြောင့် သူမ မပျော်ဘဲ မနေနိုင်ချေ။ သူမ ငိုချင်လုနီးပါးဖြစ်နေသော်လည်း ခေါင်းငုံ့ကာထိန်းထားရင်း သူမ နှလုံးသားထဲတွင် ထိုချိုမြိန်မှုတို့ကို တိတ်တဆိတ် အရသာခံနေသည်။
“ကျုံးမင်းဝေ ၊ အခုကစပြီး ...ရှင် ကျွန်မအတွက် အ မြဲတမ်း အရိုးတွေကို ခေါက်ထုတ်ပေးနေမှာလား”
ခဏအကြာတွင် အားချိုးထံမှ အသံထွက်လာကာ ကျုံးမင်းဝေကို ကြည့်ရန် ရုတ်တရက် ခေါင်းထောင်လာပြီး သူမ၏ နက်စွေးနေသော မျက်လုံးများက မျှော်လင့်ချက်တို့ ဖြင့် ပြည့် နေသည်။
“အင်း ကိုယ် တသက်လုံး မင်းအတွက် ခေါက်ပေးမယ်။”
ကျုံးမင်းဝေက တိုးတိုးလေးပြောပြီး အားချိုးရဲ့လက်ကို ဆုပ်ကိုင်ကာ
အားချိုးက ယောက်ျားတစ်ယောက်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ခံထားတဲ့ လက်ကို ကြည့်လိုက်ရင်း သူမနှလုံးသားတွေ ပေါက်ကွဲလုနီးပါးဖြစ်နေပြီဟု ခံစားနေရသည်။
“အဲ့ဒါက အရမ်းအရသာရှိတာ ၊ဘယ်လိုလုပ်... စားရတာ ငြီးငွေ့ရမှာလဲ.”
ကျုံးမင်းဝေ ဘာမှ မပြောဘဲ အားချိုးရဲ့ လက်ကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ အားချိုး ၏လက်သည်သွယ်လျကာ ဖြူဝင်းလျက် အမှန်တကယ်ပင် အလွန်လှပသည်။ သူမက ချင်ကို ကောင်းကောင်း တီးနိုင်ပေမယ့် အားချိုးရဲ့လက်တွေက အရမ်းကြမ်းပြီး အထူးသဖြင့် အရွယ်အစားအမျိုးမျိုးဖြင့် အသားမာတက်နေတဲ့ လက်ဖဝါးတွေက ငယ်စဉ်ကတည်းက ဓားကိုင်နေတဲ့ ကျုံးမင်းဝေရဲ့လက်တွေထက် ပိုကြမ်းတမ်းသည်။ ကျုံးမင်းဝေ က သူမရဲ့ လက်ဖဝါးပေါ်ရှိ အသားမာများကို ညင်သာစွာ ပွတ်သပ်ပေးရင်း ရင်ထဲမှ နာကျင်နေသည်။
မနက်စောစော ခြံထဲမှာ ထင်းခုတ်နေတဲ့ အရွယ်မရောက်သေးသည့် ကြမ်းတမ်းသော လက်တစ်စုံ။ ကျုံးမင်းဝေသည် ကုတင်ပေါ်တွင် လှဲနေပြီး အပြင်မှ ထင်းခုတ်သံကို နားထောင်နေခဲ့သည်ကို ပြန် မြင်ယောင်ရင်း ပုဆိန်က သူ့နှလုံးသားကို ထိမှန်သွားသည်ဟု ခံစားလိုက်ရသည်။
ကျုံးမင်းဝေက သူမကို ထိလိုက်သည်နှင့် အားချိုး ရှက်သွေးဖြာပြီး နှလုံးသားတို့ တုန်ခါသွားသည်။ ကျုံးမင်းဝေ နဲ့ နောက်တစ်ကြိမ် အတူရှိနေရင် ရူးသွားလိမ့်မယ် လို့ သူမ ခံစားလိုက်ရတာကြောင့် လက်ကို ထိတ်လန့်တကြား ဆွဲထုတ်လိုက်ကာ ဖိနပ်ကို သပ်သပ်ရပ်ရပ် စီးလိုက်ပြီး လင်ဗန်းကို လှမ်းယူလိုက်သည် ။
ကျုံးမင်းဝေ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သော် ကောင်မလေးက ရေတွင်းဆီသို့ အလန့်တ ကြား ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သူမသည် ပန်းကန်များကို လင်ဗန်းပေါ်မှ ပစ်ချလိုက် ပြီး ရေပုံးတစ်ပုံးကိုဆွဲယူကာ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ ပုံးထဲက ရေအေးကို လှမ်းကိုင်လိုက်ပြီး သူမ မျက်နှာပေါ်သို့ ပက်ဖြန်းလိုက်ချိန်တွင် သူမမျက်နှာသည် ပို၍ နီရဲနေပြီဖြစ်သည်။
ကျုံးမင်းဝေသည် သူမ၏နီစွေးနေသောမျက်နှာထက်တွင် မေးစေ့မှ လည်ပင်းအထိနေရာယူထားသည့် အမာရွတ် ကိုစိုက်ကြည့်ရင်း သူမ၏ နက်စွေးနေသော မျက်ဝန်းနက်များထဲမှအပြုံးတို့ကို မြင်လိုက်ရသောအခါ မျက်နှာမလွှဲနိုင်လောက်အောင် သိသိသာသာပင် ၎င်းတို့ကို စွဲလမ်းစွာ စိုက်ကြည့်နေမိသည်။ အားချိုး ရုတ်တရက် သူမပါးစပ်ကို ကာလိုက် ပြီး မျက်ဝန်းထောင့်မှ လခြမ်းကွေးလေးများ ပေါ်သည်အထိ ပြုံးသွားသည် ။
သူမ ပျော်ရွှင်ဖို့က ဘာကြောင့် အဲ့လောက်လွယ်နေတာလဲ။
ကျုံးမင်းဝေ မျက်လွှာချလိုက်ပြီး ခေါင်းကို အနည်းငယ်ခါယမ်း၍ ထိုမိန်းကလေး၏ ပျော်ရွှင်မှုလျှို့ဝှက်ချက်ကို မခိုးယူရန် ဆုံးဖြတ်ကာ မျက်နှာလွှဲလိုက် ပြီး သူ့အနောက်မှ ပစ္စည်းနှစ်ခုကို ထုတ်လိုက်သည်။ဤသည်ကား အနက်ရောင်ကျောက်က်တုံးတွေဖြစ်ပြီး ကျောက်တုံးပေါ်ရှိ အမှတ်အသားများသည် ထင်ရှားပြီး အချိန်ကြာြမင့်စွာ တည်ရှိနေခဲ့ကြောင်းကို သိမြင်နိုင်သည်။
ဒါတွေကို ခြံထဲမှ ကျုံးမင်းဝေ ကောက်ယူခဲ့ခြင်းဖြစ်သည်။ပထမဆုံးအ ကြိမ် အားချိုးသူ့ကို ခြံဝင်းထဲမှာ နေပူစာလှုံဖို့ ကူညီခဲ့တုန်းက အားချိုးသည် ရေတွင်းနားမှာ အဝတ်လျှော်နေခဲ့တာကို သူ ထိုင်ကြည့်နေခဲ့သည်။ အားချိုး၏အဝတ်အစားများသည် လည်ပင်းမှ နောက်ကျောအထိ ဖြောင့်င့်စင်းနေခဲ့သည်။ အားချိုး၏လည်ပင်းသည် အလွန်လှပသော်လည်း ၎င်းတွင် အကျည်းတန်သော အမာရွတ်တစ်ခုရှိနေပြီး သိသိသာသာ အမြင်ကို ဖမ်းစားနိုင်စေသည် ။ ကျုံးမင်းဝေက အားချိုး ရဲ့လည်ပင်းကို မျက်တောင်မခတ်တမ်း အချိန်အကြာ ကြီး ငေးကြည့်နေခဲ့သည်။