← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 5 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 5 Ch. 157-159

အပိုင်း ၁၅၇။ ‌ခြေထောက်မွှေး

“အရှင်မင်းသားရဲ့ ခန္ဓာကိုယ်မှာ ဂုဏ်ကျက်သရေတွေရှိနေသေးတယ်၊ ဒါတောင်မှ အ ဖြူကို အမဲဆို ပြီးပြောချင်နေသေးတာလား၊ဘယ်လို‌တောင် ပလောင်းပလဲ‌ပြောနေတာလဲဆိုတာ ကြည့်စမ်းပါဦး...”

အားချိုးက ကျုံးမင်းဝေရဲ့ ခပ်တည်တည်အမူအရာကို မထီမဲ့မြင်ပြုပြီး လက်ကိုင်ပုဝါြဖင့်ထပ်ပြီး ပွတ်သပ်လိုက်ကာ သူမမျက်နှာကိုလည်း သန့်ရှင်းလိုက်သည်။

“ မနက်စာစားပြီးရင် ရေချိုးလို့ရအောင် ရေနွေးအိုးတည်ပေးမယ်၊အသစ်ဝယ်လာတဲ့ ရေချိုးကန်ကို သုံးကြည့်လေ”

သူမ ကျုံးမင်း‌ဝေ ကို ပြောလိုက်သည်။

အားချိုး အရင်ရက်တုန်းက ကြီးမားသော ဝယ်ယူမှုတစ်ခု ပြုလုပ်ခဲ့သည် ။ လာမယ့်ဆောင်းရာသီအကြောင်းတွေးရင်း အားချိုး အံကြိတ်ပြီး ရေချိုးကန်ကြီးတစ်လုံးဝယ်ခဲ့သည်။ ဆောင်းတွင်းရေချိုးရင် အအေးမိဖို့က လွယ်လွန်းသည်။ ကျုံးမင်းဝေက သေချာပေါက် အအေးမိလို့ မရ‌ပေ။ ထို့အပြင်၊ မကြာခဏ ရေနွေးပူဖြင့် ရေချိုးခြင်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကောင်းမွန်ကာ အားချိုးသည် ထိုကဲ့သို့သော ရေချိုးကန်ကို ငှားရမ်းရန်ကလည်း မဖြစ်နိုင်သော‌ကြောင့် အခွင့်ကောင်းရခိုက်တွင် ရေချိုးကန်ကို အမြန်ဝယ်ပြီး ပြန်လာခဲ့သည်။

မနက်စာစားပြီးနောက် အားချိုး သည် မီးဖိုဘေးတွင်ထိုင်ကာ ရေနွေးပွက်ပွက်ဆူ‌သည်ကို ‌စောင့်နေသည်။ ကျုံးမင်းဝေသည် အခန်းအတွင်းရှိ ရေချိုးကန်ကြီးအား တလှည့် မီးဖိုဘေးတွင် ထိုင်နေသော အားချိုးကို တလှည့်ကြည့်ရင်း စကားပြောရန် ချီတုံချတုံ ဖြစ်နေသည်။

သူ ရေမချိုးတာ တစ်နှစ်ခွဲကျော်ရှိပြီမို့ သဘာဝအတိုင်း ရေချိုးချင်ပေမယ့် သူ့လက်တွေကို လှုပ်ရှားနိုင်ချိန်မှစ၍ အားချိုးကို သူ့တစ်ကိုယ်လုံးကို မသန့်ရှင်းခိုင်းတော့ဘဲ အကြိမ်တိုင်း သူ့ဘာသာသူသာ သန့်ရှင်းရေးလုပ်လေ့ရှိသည်။ အားချိုး က ဘေးနားကနေ တချိန်လုံး သူတစ်ကိုယ်လုံးကို သုတ်နေသည်ကို ကြည့်နေဖို့က မဖြစ်နိုင်ပေမယ့် ဒီတစ်ခါ ရေချိုးကန်ထဲမှာ ရေချိုးချင်ရင် သူက လမ်းမလျှောက်နိုင်တော့တာ‌ကြောင့် အားချိုးက သူ့ကို ဘေးမှ ထောက်ကူထားရမှာ သေချာသည်။ဒါတင် မဟုတ်‌သေး၊ အားချိုးမပါရင် ဒီခါးထိနက်တဲ့ ရေချိုးကန်ကို သူ ဘယ်လိုကျော်ဖြတ်နိုင်မှာလဲ။

ကျုံးမင်းဝေက သူဟာတကယ် ကြောင်သူတော်ြဖစ်သည်ဟု ခံစား‌နေမိသည်။ မနက်အစောကြီးကတည်းက ကိုယ်လုံးတီးနဲ့တွေ့ခဲ့ရတာ ဖြစ် ပြီး သူဟာ အရွယ်‌ရောက် ပြီးသူလည်းဖြစ်တာကြောင့် ဒီအချိန်မှာ ရှက်‌နေသလို ခံစား‌ရသည်။

“ရပြီ”

ရေ‌နွေးကျိုပြီး အားချိုး သူ့လက်စတွေကို လှန်တင်ရင်း ထရပ်လိုက်သည်။ ထို့‌နောက် ရေကို ရောဖို့ အလျင်စလို မလုပ်ဘဲ အခန်းထဲက ထွက်သွားလေသည်။

‘ဒီကောင်မလေး ဘယ်သွားနေတာလဲ’

ကျုံးမင်းဝေ သည် ကြယ်သီးများပေါ်မှ သူ့လက်များကို တန့်ထားမိပြီး ခဏအ ကြာမှ တုံ့ဆိုင်းစွာဖြင့် ဖြုတ်လိုက်သည်။

“ဒါက သစ်ပိုးခြောက်တွေ.... “

အားချိုး က သူ့လက်ထဲက တောင်းသေးသေးလေး ကိုင်လာပြီး ကျုံးမင်းဝေကို ဝမ်းသာအားရ ပြောပေမယ့် ကုတင်ပေါ်ရှိ ကိုယ်လုံးတီးနဲ့ ယောက်ျားကို မြင်လိုက်သည်နှင့် ရုတ်တရက် တိတ်ဆိတ်သွားပြီး အသံလျှော့သွားကာ ခေါင်းကို လှည့်လိုက်သည်။ သူမ ရေချိုးကန်အနီးသို့ တရွေ့‌ရွေ့သွားကာ သစ်ပိုးခြောက်ကို လောင်းထည့်လိုက်ပြီး တိုးတိုးလေး ပြောပြသည်။

“ ရေချိုးရင် သစ်ပိုးခြောက်ထည့်ချိုးလို့ သမားတော်က ‌ပြောတယ်။ ချီစွမ်းအင်တိုး‌စေ ပြီး သွေးလှည့်ပတ်မှုကိုပို‌ကောင်းလာ‌စေတယ်တဲ့၊ စိုစွတ်မှုနဲ့ အအေးဓာတ်ကိုလည်း ဖယ်ရှားပေးတယ် ၊ အမ် ၊ တခြား‌ကောင်းကျိုးတွေကတော့ မေ့သွားလို့ ၊ဘာပဲ ဖြစ် ဖြစ် အဲ့ဒါက ကောင်းပါတယ် ၊ တောင်ခြေက‌နေ ယူလာ ပြီး သေချာဖြတ်၊‌သေချာသန့်ရှင်း၊ သေချာဆေးကြောြပီး အခြောက်ခံထားတာ မညစ်ပတ်ပါဘူး...”

“သန့်ရှင်းပြီး ထိရောက်မှုရှိမယ် ဆိုတာ သိပါတယ်”

ကျုံးမင်းဝေက ခေါင်းအရမ်းငုံ့ထားတာကြောင့် အားချိုးရဲ့ မျက်နှာကို မမြင်ရဘဲ အားချိုး ရဲ့ နီရဲနေတဲ့ နားရွက်လေးတွေကိုသာ ကြည့်နေလိုက်သည်။ သူ့ကိုယ်ထက်တွင် ဘာမှမကျန်တော့ပေ။

ဒီကောင်မလေးက သူ့ထက်တောင် ပိုက‌သောင်းကနင်းဖြစ်‌နေလေသည်။ နောက်ဆုံးတော့ သူကမှ ဒီကောင်မလေးကို အခွင့်ကောင်းယူခဲ့တဲ့သူပဲဆိုတော့ သူကသူတော်ကောင်းတစ်ယောက် ဖြစ်ပါဦးမလား။

သစ်ပိုးကို နေရာတကျ ထားလိုက်ပြီးနောက် အားချိုး သည် အိုးအတွင်းရှိ ရေနွေးကို သစ်သားအင်တုံထဲသို့ လောင်းချကာ ရေချိုးကန်ထဲသို့ တစ်ပုံးပြီးတစ်ပုံး လောင်းထည့်၍ ပုံးတစ်ဝက်စာကို ရေအေးဖြင့် ရောလိုက်သည်။ ထို့နောက် အားချိုး ရပ်တန့်၍ ရေကို ငုံ့စမ်းကြည့်ရာ အပူချိန်မှန်နေပြီဟု ခံစားမိသဖြင့် လက်ထဲမှ ခွက်ကိုချကာ ကျုံးမင်း‌ဝေကို မော့ ကြည့်လိုက်သည်။ကျုံးမင်း‌ဝေည် ဘောင်းဘီရှည်ကိုချွတ်ထားပြီးဖြစ်ကာ သူ့ကိုယ်ပေါ်တွင် အတွင်းဘောင်းဘီရှည်တစ်ထည်သာ ကျန်တော့ပြီး ဖြူဖွေးနေသည့် ‌ခြေတံရှည်များကို လှစ်ဟာ ပြထားသည်။

အခန်းထဲမှာ အကြာကြီးရှိနေရလို့လားမသိပေမယ့် ကျုံးမင်းဝေရဲ့ ခန္ဓာကိုယ်က အရမ်းဖြူဖပ်ဖြူရော်ဖြစ်ပြီး အရင် ဖျားနာတုန်းကအရောင်ကဲ့သို့ ဖြူဖျော့‌နေ ခြင်း မဟုတ်ပေမယ့် ကျန်းမာပြီး လှပဖြူစင်‌နေသည့်ပုံ‌ပေါ်နေသည်။ သူ့ခြေထောက်ပေါ်က အမွှေးအမျှင်တွေသည် အသားဖြူဖွေးနေတာကြောင့် အရမ်းသိသာထိရှား‌နေသည်။ အားချိုးက သူမပထမဆုံးရောက်တုန်းက ကျုံးမင်းဝေ ခြေထောက်မှာ အမွှေးမရှိဘူးဆိုတာကို သတိရလိုက်သည်။ လွန်ခဲ့တဲ့ လအနည်းငယ်က သူမ သူ့ကို ကောင်းကောင်းဂရုစိုက်နိုင်ခဲ့လို့လား မသိ။ ရိုးရိုးသားသားပြောရလျှင် ပထမ အမြင်မှာ အားချိုး လက်မခံနိုင်သေးပါ။ ခြုံပြောရလျှင် ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ပေါ်ရှိ ကုတင်အနာများ ပျောက်ကင်းသွားပြီးနောက်ပိုင်း ကျုံးမင်းဝေသည် မည်သည့်အခါမျှ ကိုယ်လုံးတီးမရှိခဲ့‌တော့ပေ။

‘‘ရှင်....ရှင့်ကိုယ်ပေါ်မှာ ဘာလို့ အဲ့လောက်တောင် အမွှေးတွေ များနေတာလဲ”

အားချိုး ရှက်ရှက်နှင့် တိုးတိုးလေး ‌ပြောလိုက်သည်။သူမ သေလောက်အောင် ရှက်ရွံ့နေသော်လည်း ထိုသူ၏ ‌ခြေထောက်များဆီသို့ အာရုံမစိုက်ဘဲ မနေနိုင်ပါပေ။

အပိုင်း ၁၅၈။ ကောင်မလေး၊ မင်းလည်း ဝင်လာ။

ပထမတော့ ကျုံးမင်းဝေ က ဒီမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိ‌ချေ။ ဒီမိန်းကလေးက သူ့ကို အမြဲ ခိုးကြောင်ခိုးဝှက် ကြည့်နေတာကို မြင်တော့ သူ့နှလုံးသားက စိမ်းသက်လာပြီး အဆင်မပြေသလို ခံစားလိုက်ရသဖြင့် အသံနက် ဖြင့် ပြောလိုက်သည်။

“ မျက်နှာကို လှည့်မကြည့်နဲ့”

“ရှင်... ရှင် အဲဒါကို ချွတ်ချင်သေးတာလား?”

အားချိုးသည် ကျုံးမင်းဝေ၏ အဓိပ္ပါယ်ကို နားလည်မှုလွဲသွားပြီး သိသိသာသာ ထိတ်လန့်သွားခဲ့သည်။ သူမ ရုတ်တရက် သူ့ကို မော့ကြည့်လိုက်မိချိန်တွင် သူမရဲ့ အနက်ရောင် မျက်ဆံတွေက ထိတ်လန့်မှု‌တွေနဲ့ ပြည့်နေပြီး သူမ၏ အရှက်သည်းမှုတွေကို ဖုံးကွယ်ထားလို့ မရတော့ဘဲ ဒေါသတကြီး အော်ဟစ်လာသည်။

“မ..မချွတ်ပါနဲ့၊ရေချိုးရင် ဘောင်းဘီကို ၀တ်ထား‌လေနော်..။ ဘောင်းဘီက ရေစိုနေ ပြီ.. ပြီးမှလျှော်ပေးမယ်လေ... ကျေးဇူးပြုပြီး မချွတ်ပါနဲ့...”

ဘယ်သူက ဘောင်းဘီကို ချွတ်ချင်‌နေလို့လဲ။

ကျုံးမင်းဝေ က ဒေါသထွက်သွားပေမယ့် အားချိုးရဲ့ အရှက်သည်းနေသည့် အသွင်အပြင်ကိုမြင်တော့ သူဘာမှ လေးလေးနက်နက် မပြောနိုင်‌တော့ဘူးလို့ ခံစားလိုက်ရတဲ့အတွက် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။

အားချိုး က သက်ပြင်းတစ်ချက်ချလိုက်ကာ ကျုံးမင်းဝေ ကို အလျင်အမြန်ကူညီရန် ရောက်ရှိလာပြီး ကျုံးမင်းဝေမှာ သူ့လက်နှစ်ဖက်ကို ဖွင့်ထားဆဲဖြစ်သည်။

သူမ နေ့တိုင်း ဒီလို အပြုအမူမျိုး လုပ်ရတာ အရမ်း ကျွမ်းကျင်ပေမယ့် ဤအချိန်တွင် ပုံမှန်နဲ့ မတူစွာ ကျုံးမင်းဝေကို လုံးဝ မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားခဲ့သည်။ ကျုံးမင်းဝေ ရဲ့ တောင့်တင်းခိုင်မာတဲ့ ရင်ဘတ်ကို မြင်လိုက်ရချိန်မှာတော့ မကြည့်မိစေရန် အဝေးသို့ မျက်စိလွှဲရင်း အလုပ်ရှုပ်နေတာ‌ကြောင့် သူမစကားထပ်ပြောချိန်တွင် ရှင်းလင်းစွာပင် မပြောနိုင်တော့‌ချေ။

“ ရှင်၊ရှင်၊ရှင်..‌ဖြည်းဖြည်း‌ပေါ့၊ကျွန်မတို့ အလျင်မလိုပါဘူး ၊ အေးဆေးပဲ လုပ်ရအောင်ပါ ...”

ကျုံးမင်းဝေ သည် အားချိုး ၏ ပုခုံးများကို ထောက်ကူထားရဆဲဖြစ်သည်။ အားချိုး၏ ပခုံးများသည် ပိန်လှီဆဲဖြစ်ပြီး ပိန်လွန်းသဖြင့် သူ့ကိုယ်ကို ထပ်၍ အားမမျှချင်တော့ပေ။ သူ့ခါးကို အတတ်နိုင်ဆုံး ဟန်ချက်ညီအောင် ထိန်းထားနိုင်ရန် ပြင်းပြင်းထန်ထန် အားစိုက်ထုတ်လိုက်သည်။ သူ့နောက်ကျောက ခွန်အားတွေ ပိုသန်မာလာတာကို သူကိုယ်တိုင် ခံစားနိုင်သည်။အရင်ကထက် အများကြီး သက်သာလာြပီး စကား‌ပြောတဲ့အခါ အသက်ရှုမဝသည့် ခံစားချက်မျိုး မရှိတော့‌ပေ။ သို့သော် သူလုံးဝမပျော်နိုင်သေးပေ။

အားချိုးက ကျုံးမင်းဝေရဲ့ခါးကို ပွေ့ဖက်ပြီး ရေချိုးကန်ဆီ ခြေလှမ်းပြီး ရွေ့သွားခဲ့သည်။

‘ဒါပေမယ့် မင်း ကိုယ့်ထက် အများကြီး ပိုအလုပ်လုပ်ခဲ့တာပဲ။ ရေခပ်၊ ထင်းခုတ်၊ အိမ်သန့်ရှင်းရေးလုပ်၊ ထမင်းချက်၊ ပန်းထိုးရတယ်။ စျေးဝယ်ထွက်ဖို့ တောင်‌အောက်ကို ခဏခဏဆင်းရတယ်’

ကျုံးမင်းဝေ စိတ်ထဲမှာ တွေးမိပေမယ့် ဘာမှပြန်မပြောလိုက်ချေ။ သူသည် အားချိုး၏ ဦးခေါင်းထိပ်ရှိ ဆံပင်ကို စိုက်ကြည့်ရင်း သူမ၏ သစ်အယ်သီးရောင်ဆံပင်တွင် ရောနှောနေသော မီးခိုးရောင် သစ်ပိုးအပိုင်းအစကို ကြည့်ကာ ရုတ်တရက် အားချိုး ပခုံးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

နောက်ဆုံးမှာ ကျုံးမင်းဝေကို ရေချိုးကန်ထဲမှာ ရေချိုးရန် ကူညီပြီး ပြီဆိုပေမယ့် အားချိုး က စိတ်ပူနေတုန်းပင်။

ရေပူတွေက ကျုံးမင်းဝေ ရဲ့ ရင်ဘတ်ပေါ် တိုက်ရိုက်စီးဆင်းသွားပြီး သူက သက်ပြင်းချရင်း ပြောသည်။

“ပြီးရင် ရေနွေးနည်းနည်းထပ်ထည့်ရမယ်၊ ရှင့်ခန္ဓာကိုယ်အတွက် ရေနွေးနဲ့ ရေချိုးပေးရမှာ၊”

အားချိုးက အိုးထဲက ရေ‌နွေးကို ခပ်ထည့်လိုက်ရာ အပူဟပ်ခံနေရသည့် ကျုံးမင်းဝေက ထအော်သည်။

နောက်ဆုံးတော့ အားချိုး ရပ်လိုက်ပြီး ထိုင်ဖို့ ထိုင်ခုံကို ရွှေ့လိုက်သည်။

“ဒီနေ့ အဆင်ပြေရင် နောက်လည်း များများ ရေချိုးတာက ပို‌ကောင်းမယ်ထင်တယ်။ အဲဒီနေ့က ရေချိုးကန်လေးဝယ်လိုက်တာ ဟီးဟီး တော်တော်ကောင်းတယ်၊ တစ်ပြားမှ ‌ဈေးမ ကြီးဘူး”

ကျုံးမင်းဝေသည် လေထဲတွင် သစ်ပိုး၏ခါးသက်သောအရသာကို ရှူရှိုက်ရင်း၊ အဖြူရောင်အခိုးအငွေ့များကြားမှတစ်ဆင့် သူချစ်ရသော ရုပ်ဆိုးဆိုးမိန်းကလေးကို ကြည့်လိုက်ရာ သူ့နှလုံးသားသည် ယုတ္တိမရှိလောက်အောင်ပင် အလွန် ပျော့ပျောင်းသွားသည်။သူ့ပခုံးပေါ်မှ အလုပ်ရှုပ်နေသော အားချိုး ၏လက်ကို ဆုပ်ကိုင်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး

“ ကောင်မလေး၊ မင်းလည်း ပူဖောင်းတွေ‌ဆော့ဖို့ ဝင်လာခဲ့လေ”

စကားထွက်လာသည်နှင့် တပြိုင်နက် သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားပြီး အားချိုးသည် ကျုံးမင်းဝေ၏လက်ကို ရိုက်ချလိုက်ကာ ဒေါသတကြီးထ၍ ကျုံးမင်းဝေ ကို စိုက်ကြည့်လျက်

“အောဟော သတ္တိရှိရင် ကျွန်မ ရှင့်ကို မရိုက်ရဲလား ရိုက်ရဲလား ကြည့် လိုက် လေ”

“မင်း မလုပ်နိုင်ပါဘူး အဟွန်း”

ကျုံးမင်းဝေ က အနည်းငယ် ပြုံးလိုက်ပြီး မိန်းကလေးရဲ့ လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ ညှစ်လိုက်ရင်း အရှက်မဲ့စွာ ဖြားယောင်းလိုက်သည်။

“ လာပါ ၊ တကယ် သက်တောင့်သက်သာ ရှိစေတယ်”

အပိုင်း ၁၅၉။ကိုယ် ပျော်ပါတယ်။

“ကျွန်မ... ရှင်နဲ့ အတူမချိုးချင်ပါဘူး။ ရေချိုးချင်ရင် ရေ‌နွေးအိုး ဘယ်လိုတည်ရမလဲ မသိတဲ့သူမို့လို့လား။”

အားချိုးက ပြင်းထန်စွာပြောလိုက်သော်လည်း သူမမျက်နှာသည် ရုတ်တရက် လည်တိုင်မှစ၍ နီရဲလာပြီး ကျုံးမင်းဝေ၏လက်ကို ခါယမ်းလိုက်သည်။ ယောက်ျားသားရဲ့ ခွန်အားက အရမ်းသန်မာတာ‌ကြောင့် သူမ မဖယ်ရှားနိုင်ခဲ့ချေ။အားချိုး၏ မျက်နှာသည် နီမြန်းလာပြီး သူမအသံက ပိုမြန်လာသည်။

“ လွှတ်လိုက်ပါ၊ ကျွန်မကိုကိုင်ထားပြီး ဘာလုပ်တာလဲ”

“ ပြဿနာမရှာနဲ့တော့၊အရင်ဝင်လာခဲ့”

ကျုံးမင်းဝေက အားချိုးကို ရေချိုးကန်ဘောင်ပေါ်သို့ ဆွဲတင်လိုက်ပြီး သူမကို လေးနက်စွာ ‌အာမခံသည်။

“ ကောင်မလေး ၊ ကိုယ် ဘာမှ မလုပ်ပါဘူး ၊ ရေချိုးရုံပါပဲ၊ကိုယ် မင်းကို မထိဘူး”

“ကျွန်မ ကိုယ့်ဘာသာ ရေချိုးမယ်၊ ရှင်နဲ့မချိုးဘူး... “

အားချိုး ငို‌‌ချင်လာကာ သူမ မရုန်းကန်နိုင်တော့ဘဲ ကျုံးမင်းဝေကို သနားစရာ‌ကောင်း‌အောင် တောင်းပန်တော့သည်။

“ကျွန်မကို ဆက်မဆွဲထားနဲ့ ၊ရှင်နဲ့အတူတူမချိုးချင်ပါဘူးဆို..”

“ဒီလိုအေးတဲ့နေ့မျိုးမှာ အပြင်မှာ ရေချိုးချင်လို့လား။ ကိုယ့်ကို ရှောင်ဖို့ မင်း အအေးမိခံမလို့လား။ကောင်မလေး၊ ကိုယ်မင်းကိုမထိဘူးလို့ပြောတယ်‌လေ။ ကိုယ်မင်းကိုကောင်းကောင်းရေချိုးစေချင်တယ်၊ မင်းအဆင်မပြေရင် မင်းအဝတ်အစားဝတ်ထား။မင်းကိုကိုယ်တကယ်မထိဘူး။ ဒီ‌ရေချိုးကန်ကကြီးတယ်၊ ကိုယ်တို့သာ တစ်ဖက်စီဆို မထိဘူး”

“မထိဘူးလို့ ဘယ်သူပြောလဲ။ ရှင့်ခြေထောက်တွေက အရမ်းရှည်တယ်၊ မဆန့်ထုတ်ဘဲနဲ့တောင်မှ အစွန်းကို‌ရောက်‌နေတာ”

အားချိုး ဆန့်ကျင်‌ပြောလိုက်သော်လည်း သူမ၏ နှလုံးသားသည် ‌ကြောက်လန့်ခြင်းမရှိတော့ပေ။ ကျုံးမင်းဝေ၏ စကားကြောင့် သူမ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဟုတ်သည်။ နောက်ပိုင်းဆို အပြင်မှာ အရမ်းအေးလိမ့်မည်။သူမ မခံနိုင်‌ပေ။ အခန်းထဲမှာပဲ ရေချိုးလို့ရလိမ့်မည်။ ကျုံးမင်းဝေ ကိုရှောင်လွှဲရန်နည်းလမ်းမရှိပါက ကျုံးမင်းဝေနှင့် တလှည့်စီ သို့မဟုတ် အမှောင်ထဲတွင် ရေချိုးနိုင်မည် ဖြစ်သော်လည်း နောက်ဆုံးတွင် သူမတို့သည် တစ်ခန်းတည်းတွင်ရှိနေဆဲဖြစ်သည်။

သူမ ထိုအ‌ကြောင်းတွေးမိရုံဖြင့် နှလုံးခုန်သံများ မြန်ဆန်လာရသည်။သူမနှလုံးသည် လည်ချောင်းဝထိ ခုန်လှုပ်နေကာ ကျုံးမင်းဝေ ထိုနှလုံးခုန်သံကို ကြားမည်ကို အမြဲကြောက်နေခဲ့ရသည်။ ထို့အ‌ကြောင်းတို့ကြောင့် သူမသည် ခြေဖျားထောက်ကာလျောက်သွားနေစဉ် ရေအင်တုံကို မတော်တဆ ထိမိကာ အိပ်ယာကိုစိုစေမိသွားသ ဖြင့် တစ်ညလုံး ခြေ‌ထောက်များ ကွေးကောက်နေခဲ့ရဖူးသည်။ အခန်းထောင့်တွင် ကိုယ့်ကိုယ်ကို နစ်မြုပ်ရင်း အသက်ရှုကြပ်ကာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

“ ဒီတစ်ခါ ရေချိုးလိုက်ရင် မင်းခန္ဓာကိုယ်ကို ဆယ်ကြိမ်လောက် ထပ်ချိုးစရာ မလိုတော့ဘူး”

အားချိုးသည် ရေနွေးငွေ့တို့လျံထွက်နေသော ရေချိုးကန်ကြောင့် ပို၍ တုံဆိုင်းသွားကာ မေးလာသည်။

“ရတယ် ရတယ် ကြည့်လေ နေရာက ဘယ်လောက်ကြီးလိုက်သလဲ”

ကျုံးမင်းဝေက ရေထဲမှ မော့ကြည့်ရင်း အလုပ်များနေသည်။

“ လူနှစ်ယောက်မကဘူး ၊သုံးယောက်‌လောက်တောင် ဝင်ဆံ့တယ်”

“ဒါ ဖြင့် ရှင်နဲ့ရေချိုးဖို့ မြန်မြန်ထပြီး လူနှစ်ယောက်သွားရှာ‌လေ။ “

အားချိုးက မပျော်မရွှင်ဖြစ်ပြီး နှုတ်ခမ်းစူနေပေမယ့် သူမ လည်ပင်းမှ ကြယ်သီးကို ဖြုတ်လိုက်သည်။

ကျုံးမင်းဝေက သူ့ရဲ့သစ္စာစောင့်သိမှုကို ဖော်ပြဖို့ အရမ်းအာရုံစိုက်နေသည်။

အားချိုး၏ နှလုံးသားသည် သကြားစားရသကဲ့သို့ ချိုမြိန်‌နေသော်လည်း သူမမျက်နှာက ရှုံ့တွနေပြီး လေးလံသော ဆောင်းကုတ်အင်္ကျီကို ချွတ်ကာ လရောင်ကဲ့သို့အဖြူရောင်အင်္ကျီကို ပေါ်လွင်စေလိုက်သည်။အင်္ကျီက အလွန်ကျယ်ကာ ပေါင်လယ်အထိ ရှည်လျားသောကြောင့် အားချိုးသည် အလွန်ရုပ်ဆိုးပုံ‌ပေါ်နေသည်။ ကျုံးမင်းဝေသည် ပါးလွှာသည့်တိုင် ဖာထေးထားသည့် အင်္ကျီ ကိုမြင်သောအခါ အံ့အားသင့်သွားသည်။ ကျုံးမင်းဝေ အံ့အားသင့်ရုံသာမက အားချိုး လည်း ထိတ်လန့်သွားလေသည်။

ကျုံးမင်းဝေက လေးနက်သောအသံဖြင့် အင်္ကျီ၏အရှေ့ဘက်တွင် တစောင်းထိုးထားသော ရွှေချည်ဖြင့် ချယ်လှယ်ထားသော တိမ်တိုက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

“ကျွန်မ... ဒီအင်္ကျီကို ရှင်မဝတ်တော့ဘူးဆိုတာ တွေ့လို့ ကျွန်မက... “

အားချိုး မျက်နှာပင် ဘယ်မှာထားရမှန်းတောင် မသိတော့‌‌အောင် ရှက် ပြီးရင်းရှက်နေရသည်။

“ဒီအင်္ကျီက အရမ်းကောင်းတယ်၊ ပိုးသားနဲ့ လုပ်ထား ပြီး ရွှေချည်‌တွေလည်း ကျန်နေတုန်းပဲ၊ ကျွန်မတကယ်ကို အ‌လေအလွင့်မထားနိုင်ဘူး ဒါ‌ကြောင့် ကျွန်မ...”

အားချိုး ဆက်မ‌ပြောနိုင်တော့ပေ။ဒါက အရမ်းရှက်စရာကောင်းသည်။ထို အဝတ်အစားများက ကွက်တိချုပ်ထားသည့်အ၀တ်အစားတွေ ဆိုပေမယ့် သူမ ကျန်တဲ့အဝတ်အစားတွေကိုလည်း ကောက် ပြီးဝတ်လေ့ရှိ ပြီး အခုတော့ တခြားသူက ဖမ်းမိသွားသည်။ အားချိုး ရှက်လွန်းလို့ စိုးရိမ်ပြီး ငိုနေမိသည်။သူမ ဒီအင်္ကျီဝတ်ထားတာ အလွန် ကြာခဲ့ ပြီ ဖြစ်ကာ မူလပိုင်ရှင်က ကျုံးမင်းဝေ ဆိုတာကို မေ့နေမိသည်။ တနည်းအား ဖြင့် အနှီယောက်ျား ကြီးရဲ့ဟာဆိုတာကို လုံးဝမေ့နေမိ ခြင်းပင်။

“အဆင်ပြေပါတယ်”

ကျုံးမင်းဝေက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အားချိုး ကို သူ့ရှေ့ကို ဆွဲ‌ခေါ်လိုက်သည်။ သူက အားချိုး ရဲ့ လက်နှစ်ဖက်လုံးကို ကိုင်ထားပြီး အားချိုး ကို မော့ကြည့်လိုက်ကာ

“ကောင်မလေး၊မင်း ကိုယ့်အဝတ်အစားတွေဝတ်ထားတာ‌လို့ ကိုယ်‌ပျော်ပါတယ်”

All Chapters