အခန်း (၁၆၀-၁၆၂)
Vol. 5 Ch. 160-162
အပိုင်း ၁၆၀။ ခြေထောက်တွေ ကောင်းလာတာကို စောင့်ပါ...
“ဘာ ပျော်စရာရှိနေလို့လဲ”
အားချိုး ရှက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“မိန်းကလေး၊ မင်းကိုယ့်ကိုကြိုက်တာ ကိုယ်ဝမ်းသာရမှာပေါ့”
ကျုံးမင်းဝေသည် သူ့မျက်နှာကို သုတ်လိုက်ပြီး ထိုကဲ့သို့ နှိမ့်ချသော စကားများကို မပြောစဖူး ပြောလာသည်။
“ကျွန်မက ရှင့်ကို ဘာလို့ မထီမဲ့မြင်ပြုရမှာလဲ “
အားချိုးသည် ကျုံးမင်းဝေ ၏ မျက်လုံးများနှင့် မဆုံဝံ့။ အလွန်တုန်လှုပ်နေခဲ့သော သူမနှလုံးသားသည် ယခုအခါတွင် မြေပြင်ပေါ်သို့ လဲကျသွား ပြီ ဖြစ်ကာ သူမ၏လျှာသည် တဖန် စူးရှလာပြန်သည်။
“မနက်တုန်းက သဘောတူထားတယ် မဟုတ်လား။ မျှမျှတတလုပ် ကြရအောင် တစ်ယောက်က တခြားတစ်ယောက်ကို မကြိုက်လို့မရဘူးလေ”
“ဟုတ်တယ်၊ ကိုယ်တို့ စောစောစီးစီး သဘောတူညီမှုရပြီးပြီ”
ကျုံးမင်းဝေက ပြုံးပြီး ခေါင်းညိတ်ပြပေမယ့် အားချိုး ရဲ့မျက်နှာကို သူ့မျက်လုံးတွေက စိုက်ကြည့်နေဆဲ ဖြစ်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ရှက်စရာကိစ္စတစ်ခုထပ်ရှိနေမည်စိုး၍ နှုတ်ဆိတ်နေမိသည်။ သူ ဘာမှမပြောသေးပဲ အားချိုး ရဲ့ နောက်ကျောကို လက်နဲ့ ပုတ်လိုက်ပြီး တိုက်တွန်းလိုက်သည်။
ဒီတစ်ခါတော့ အားချိုး နောက်မဆုတ်တော့ဘဲ ကျုံးမင်းဝေ ရှေ့မှာ သူ့ရဲ့ ချည်ဘောင်းဘီရှည်ကို ဆွဲချွတ်လိုက်ပြီး အတွင်းပိုင်းကို ဖာထေးထားတဲ့ သူ့အောက်ခံဘောင်းဘီကို တချက်ကြည့်ကာ နီမြန်းနေတဲ့ မျက်နှာနဲ့ ရေချိုးကန်ထဲကို လှမ်းဝင်လိုက်သည်။
ကျုံးမင်းဝေ ပြောသည့်အတိုင်းပင် တကယ် သက်တောင့်သက်သာရှိလှသည်။ အားချိုးက အပူကို ရုတ်တရက်ထိလိုက်တာကြောင့် အော်လိုက်ကာ ရေချိုးကန်ထဲတွင် ထိုင်ချလိုက်ပြီး သက်ပြင်းချလာသည်။
ကျုံးမင်းဝေက သူမကို သက်တောင့်သက်သာကြည့်ရင်း ရယ်မောကာ အားချိုး ၏လက်ကို လှမ်းဆွဲလိုက်သည်။
အားချိုး မျက်လုံးများ အလျင်စလို ပြူးကျယ်သွားပြီး သူ့ဘေးနားက လူကိုသတိ ကြီးစွာကြည့်ရင်း
ကျုံးမင်းဝေ သူ့လက်ထဲမှာ လက်ကိုင်ပုဝါကို ကိုင်ထားပြီး
“မင်းကိုယ့်နောက်ကျောကို အမြဲသုတ်ပေးတယ်ဆိုပေမယ့် မင်း ကျောကို မသုတ်တာကြာပြီ ဟုတ်တယ်မလား”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မကိုယ့်ဟာကိုယ် သုတ်လို့ရတယ်”
အားချိုး က အလျင်အမြန် ခေါင်းခါပြီး နီရဲနေတဲ့ မျက်နှာနှင့်
ကျုံးမင်းဝေက အတင်းအကြပ်မလုပ်တော့ဘဲ ခေါင်းငုံ့ပြီး သူ့လက်မောင်းကို ထပ်ခါထပ်ခါသုတ်ကာ လက်ကိုင်ပုဝါကို လွှင့်ပစ်လိုက်သည်။ ထို့နောက် ခေါင်းကို ဖြည်းညှင်းစွာမော့ကာ အပူငွေ့ကြောင့် ပါးပြင်တွေနီမြန်းနေတဲ့ အားချိုးကို ကြည့်ပြီး ရေထဲမှ လက်သီးကို ဖြည်းညှင်းစွာ ဆုပ်နယ်နေခဲ့သည်။
သူမသည် သက်တောင့်သက်သာရှိမှုကြောင့်သာမက အရှက်ရ ခြင်းကိုလည်းရှောင်ရှားရန် မျက်လုံးမှိတ်ထားခဲ့သည်။ သို့သော် ယခုအချိန်တွင် ကျုံးမင်းဝေ၏ လေးနက်သော မျက်နှာကို မြင်လိုက်ရသောအခါ သူမ နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
“ကောင်မလေး ကိုယ့် ခြေထောက်တွေ ပိုကောင်းလာတဲ့အခါ “
ကျုံးမင်းဝေက သူ့စကားတွေကို တစ်ခွန်းချင်း ကြားနေရသည်။
စိတ်လှုပ်ရှားမှုကြောင့် သူ့ နှလုံးခုန်သံတို့ တိတ်ဆိတ်သွားသည်။
အားချိုး၏ နောက်ကျောသည် ရုတ်တရက် မတ်သွားကာ ဆန့်ကျင်ဘက်ရှိ ကျုံးမင်းဝေ ကို ကြည့်လိုက်မိသည်။ အပူရှိန်ပြင်းပြင်းအောက်တွင် ထိုယောက်ျားက မျက်တောင်မခတ်တန်းစိုက် ကြည့်ကာ သူမထံမှ တစ်စုံတစ်ခုကို မျှော်လင့်ရင်း စိုးရိမ်စိတ်ဖြင့် ကြည့်နေလေသည်။
“မင်း အဆင်ပြေရဲ့လား”
အချိန်အတော်ကြာပြီးနောက် ကျုံးမင်းဝေသည် အားချိုး ထံမှ တုံ့ပြန်မှုမရသောအခါတွင် မနေနိုင်တော့ဘဲ ထပ်မေးလိုက်မိသည်။ သူ့နှလုံးသားက ပိုလို့တောင် ဗြောင်းဆန်သွားပြီး အားချိုး ပါးစပ်က ဟင့်အင်း ဆိုတဲ့ စကားလုံး ထွက်လာမှာကို ကြောက်သွားမိသည်။ သူအရမ်းစိုးရိမ်သွားကာ ဆက်ပြောလာသည်။
“... ကိုယ့် ခြေထောက်တွေ ပိုကောင်းလာမယ် ထင်တယ်။ အခု ကိုယ့်ပေါင်တွေက အရင်ကထက် ပိုသန်မာလာပေမယ့် ဒူးတွေက ခွန်အားအများကြီး မထုတ်နိုင်သေးဘူး။ ဒါပေမယ့် ကိုယ် ခြေထောက်တွေကို ကောင်းကောင်းလေ့ကျင့်ပြီး လာမယ့်နွေဦးရာသီမှာ မြေပြင်ပေါ် လမ်းလျောက်နိုင်အောင် ကြိုးစားမယ်။ တံမျက်စည်းလှည်း ၊ ထမင်းချက် ၊ ရေသယ် ၊ကိုယ် ဘာမဆို လုပ်နိုင်တယ်။ ဘယ်လိုလုပ်ရမှန်းမသိရင်လည်း ကိုယ် သင်ယူမယ်။ ဒါကို အရင်က တစ်ခါမှ မလုပ်ဖူးပေမယ့် ကောင်မလေး၊ကိုယ်က အမြဲတမ်း အရာရာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့တာ။ အခြားသူတွေ မြင်းစီးကျွမ်းကျင်ဖို့ အနည်းဆုံး တစ်နှစ်ခွဲကြာတယ်။ကိုယ်က တစ်လမပြည့်ခင်မှာ စီးတတ်ခဲ့တာဆိုတော့ အနာဂတ်မှာ စိုက်ပျိုးရေးလုပ်တဲ့အခါ တခြားသူတွေထက် ပိုကောင်းမှာ သေချာပါတယ်။ကိုယ်တို့ မင်း ကြိုက်တာကိုပဲ စိုက်မယ်၊မင်း မကြိုက်တာတွေကို မစိုက်ဘူး။ကောင်မလေး၊ ကိုယ် မင်းကို သေချာပေါက် ကောင်းမွန်တဲ့ ဘဝမှာ ရှင်သန်ရစေမယ်။ စုတ်ပြဲနေတဲ့ အဝတ်အစားတွေကိုလည်း ဖာထေးစရာ မလိုဘူး...”
ကျုံးမင်းဝေ စကားတို့က အလျင်စလို ဖြစ်နေပြီး အလွန် စိတ်လှုပ်ရှားကာ အဆုံးမှာ စကားလုံးတို့ကမောက်ကမ ဖြစ်သွားပြီး သူကိုယ်တိုင်ပင်နားမထောင်နိုင်တော့။ သူ့ပါးစပ်ကို မရပ်တန့်နိုင်ဘဲ စကားလုံးတို့ကို ဆက်ပြောနေမိသည်မှာ အားချိုးက စိတ်လှုပ်ရှားပြီး စိတ်ပျော့ပျောင်းလာလိမ့်မည် ဟု တထစ်ချ ယုံ ကြည်နေမိသလိုပင်။
အပိုင်း ၁၆၁။ မိန်းမဘယ်နှစ်ယောက် လက်ထပ်ခဲ့လဲ။
“မပြောနဲ့တော့”
အဆုံးမှာတော့ အားချိုး ကျုံးမင်းဝေကို နှောက်ယှက်ခဲ့သည်။ကျုံးမင်းဝေ၏ ဖွင့်ဟဝန်ခံ ခြင်းကို နားထောင် ပြီးနောက် သူမ၏ အသံသည် အပြောင်းအလဲ သိပ်မရှိသော်လည်း သူမ၏ မျက်တောင်များသည် ပြင်းထန်စွာ တုန်ခါနေသည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းငုံ့ပြီး တီးတိုးပြောသည်။
“ကျွန်မ... ရှင့်ရဲ့ တံခါးဝကို ဝင်ခဲ့ ပြီးပြီမဟုတ်လား”
အမှန်ပင်။ဒီနှစ် မေလရဲ့ ပထမဆုံးညမှာ သူမက အနီရောင် မင်္ဂလာဝတ်စုံ ဖြင့် သူ့တံခါးဝသို့ ဝင်ရောက်လာခဲ့ ပြီး ဖြစ်သည်။ တခြားသူရဲ့ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး အ ခြားတစ်စုံတစ်ယောက်၏ အမည်နာမကိုခံယူထားခဲ့ရုံသာ။
“အဲဒါကို ထည့်မတွက်ဘူး၊ ထည့်မတွက်ဘူး”
ကျုံးမင်းဝေက အားချိုး ရဲ့ မတက်မကျ လေသံကို ကြားလိုက်ရပေမယ့် သူ့နှလုံးသားက နာကျင်နေသည်။ သူက အားချိုး ရဲ့လက်ကို လှမ်းကိုင်လိုက်ပြီး နာကျင်နေတဲ့အသံဖြင့်
“ကိုယ် မင်းကို တရားဝင်ထုံးတမ်းနဲ့အညီလက်ထပ်ချင်တယ်၊ ကိုယ်မင်းကို ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခုမလုပ်ပေးနိုင်ဘူး၊ ငွေကြေးပုံအောနိုင်တဲ့မင်္ဂလာပွဲမျိုးလည်းမလုပ်ပေးနိုင်ဘူး၊ ရှစ်ယောက်ထမ်း ထမ်းစင်နဲ့လည်းမခေါ်ဆောင်နိုင်ဘူး၊ ကိုယ်လိုလူက ဒီဘဝမှာ အနာဂတ်မရှိတဲ့သူတစ်ယောက်ဆိုတာလည်းသိပါတယ်၊ဒါပေမယ့် ကောင်မလေး၊မင်းက ကိုယ့်အပိုင်ဆိုတာ တလောကလုံးကို သိစေချင်တယ်..”
“ရှင့်ကို လက်ထပ်ရင် နစ်နာတယ်လို့ ဘယ်လိုယူဆနိုင်မှာလဲ”
အားချိုးက ကျုံးမင်းဝေ စကားကိုဖြတ်လိုက်ပြီး သူမရှေ့တိုးသွားကာ ကျုံးမင်းဝေ ရှေ့သို့ ချဉ်းကပ်သွားသည်။ဤသည်ကား သူမရဲ့ ပထမဆုံးအကြိမ် ယောက်ျားတစ်ယောက်ရဲ့မျက်နှာကို ရဲရဲတင်းတင်း ဆုပ်ကိုင်ထားရင်း မျက်ရည်လဲ့နေသော မျက်ဝန်း ကြီး ကြီးတစ်စုံ ဖြင့် မျက်တောင်မခတ်တန်း စိုက်ကြည့်နေမိ ခြင်းပင်။
“အတိတ်မှာတုန်းက ကျွန်မ မှားယွင်းခဲ့တယ်လို့ ခံစားခဲ့ရသလို နှစ်ပေါင်းများစွာ မှားယွင်းနေခဲ့ဖူးပေမယ့် နင်းဂုတကို ရောက်ကတည်းက မမှားတော့ဘူးလို့ တွေးမိတဲ့အပြင် အကယ်၍ မှားခဲ့ရင်လည်း အဖိုးတန်တဲ့အမှားအယွင်းတစ်ခုလို့ တောင် မှတ်ယူထားခဲ့တာပါ၊”
“ကျုံးမင်းဝေ ၊ ကျွန်မ ဂုဏ်အသရေကိုမလိုချင်ဘူး၊ ရှင့်ကိုပဲ လိုချင်တယ်၊ ရှင့်ကို ကျွန်မနဲ့ အလုံးစုံ သက်ဆိုင်စေချင်တယ်”
“ မင်းအပိုင်ပါပဲ၊နေရာတိုင်းက အရာအားလုံးကို မင်းပိုင်တယ်”
သူ့မျက်လုံးတွေ အရမ်းရီဝေနေပေမယ့် ကျုံးမင်းဝေ က သူ့မျက်ရည်တွေကို ထိန်းလိုက်သည်။ သူက အားချိုး ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး သူ့နှလုံးသားတည်ရှိရာ ရင်အုံပေါ်မှာ ညင်သာစွာတင်လိုက်သည်။
အားချိုး သည် သူမလက်ဖဝါးအောက်တွင် ပြင်းထန်သော နှလုံးခုန်သံကို ခံစားလိုက်ရပြီး ရုတ်တရက် မျက်လုံးများ စိုစွတ်လာကာ စကားထပ်ပြောသောအခါတွင် သူမ ငိုမိလေသည်။
ကျုံးမင်းဝေက စကားမဆိုဘဲ အားချိုး သူ့ရဲ့ နှလုံးခုန်သံကို ပိုရှင်းရှင်းလင်းလင်း ခံစားနိုင်စေဖို့ဆုတ်ကိုင်ထားသည့်လက်ကို ပိုအားထည့်လိုက်သည်။အားချိုးရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး တိုးတိုးလေးပြောသည်။
အားချိုး ပြုံးပြီး သူမပါးပြင်ပေါ် သို့ မျက်ရည်များ စီးကျလာသည်။
ကျုံးမင်းဝေသည် ရုတ်တရက် သူ့လက်ကို ဆန့်လိုက်ပြီး အားချိုး ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ငိုကျွေးနေသော အားချိုးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ တစ်ချိန်တည်းမှာပင် ချိုမြိန်စွာ ဝမ်းနည်းနေမိသည်။ သူက အားချိုးရဲ့ ကျောကို အသာအယာပုတ်ပြီး ညင်သာစွာ ပြောသည်။
“ဝူး”
နောက်တစ်စက္ကန့်တွင် အားချိုးသည် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်ငိုကျွေးခဲ့သည်။ အစောပိုင်းက ထိုယောက်ျားကို ကြည့်ပြီး အရှက်သည်းနေတဲ့ ကောင်မလေးက အခုတော့ သူ့ လည်ပင်းကို တင်းတင်းကြပ်ကြပ် သိုင်းဖက်ပြီး ငိုကျွေးနေလေသည်။
“ရှင် လိမ်တာ။ ရှင် လိမ်တာ။ ကျွန်မ မယုံဘူး၊ မယုံဘူး ၊မယုံဘူး၊ ရှင်က အလေးမထားတတ်တဲ့ ပညာတတ်ပဲ”
ကျုံးမင်းဝေသည် ကူကယ်ရာမဲ့ဖြစ်ပြီး ခေါင်းကိုက်လာကာ သူ့ရင်ခွင်ထဲမှ တုန်လှုပ်နေသောမိန်းကလေးကို ပိုတင်းတင်းကြပ်ကြပ်ဖက်ထားရင်း
“ မငိုပါနဲ့၊ မင်းငိုတာ ကိုယ့်နှလုံးသားကို ကြေကွဲစေတယ်”
အားချိုး တကယ်အငိုရပ်သွားပြီး ရုတ်တရက် အဝေးသို့ ခွာထွက်သွားသည်။ သူမက ကျုံးမင်းဝေကို မျက်ရည်စိုရွဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ
ကျုံးမင်းဝေက အားချိုး ကို မျက်လုံးထဲ မကြည့်ဝံ့ဘဲ သူမက သူ့အတိတ်အကြောင်း မေးမှာကို ကြောက်နေမိပေမယ့် ဤမိန်းကလေးကတော့ ဒီမေးခွန်းတွေကို အထူးတလည် အစဆွဲထုတ်နေသည်။
“မပြောနဲ့တော့”
အားချိုး မပျော်တော့ဘဲ ဒေါသပြေသွားစေရန် ခြေထောက် ဖြင့် ကန်ပစ်လိုက်သည်။
ကျုံးမင်းဝေ သည် အားချိုး၏ ဒေါသက ပို၍ ပြင်းထန်လာသည်ကို တွေ့ မြင်ရသောအခါ သူ၏ စိတ်နေစိတ်ထားမှာလည်း ပိုမို ပျော့ပျောင်းလာသည် ။
အားချိုး က သူ့ခြေထောက်ကို ကန်လိုက်တဲ့အခါမှာတော့ ဒေါသထွက်ရမည့်အစား အားချိုးရဲ့ခြေထောက်တွေ ထိခိုက်သွားမှာကို စိုးရိမ်နေခဲ့သည်။
“ဒါက ကိုယ်မပြောခင် မင်းစိတ်ဆိုးမှာမဟုတ်ဘူးလို့ အရင် ကတိပေး”
ကျုံးမင်းဝေက အားချိုး ကို တစ်ချက်လှမ်းကြည့်လိုက်ကာ အသံနိမ့်ဖြင့် ပြောသည်။ သူရဲဘောကြောင်နေသော အသက်သုံးဆယ့်နှစ်နှစ် အရွယ် အမျိုးသားတစ်ဦး၏ အသွင်အပြင်သည် ရယ်စရာကောင်းသည်။
“ကောင်းပြီ ကျွန်မ စိတ်မဆိုးဘူး”
အားချိုး အံကြိတ်ကာ ပြောရင်း ထိုလူ၏ တွန့်ဆုတ်မှုကို မြင်လျှင် ဒေါသပို၍ တိုးလာရသည်။
ကျုံးမင်းဝေက နောက်ထပ်စာကြောင်းတစ်ခု ထပ်တိုးသည်။
အားချိုး သူ့အတွေးတွေကိုဖောက် မြင်နေကာ ‘တကယ်လို့ ကျွန်မစိတ်ထဲမှာပဲ တိတ်တိတ်လေးဒေါသထွက်နေရင်ရော၊ရှင်သိနိုင်မှာမို့လို့လား”ဟု စိတ်ထဲတွင် တိတ်တဆိတ်တွေးလိုက်သည်။
အပိုင်း ၁၆၂။ ကိုယ် မင်းကို ကတိပေးတယ်။
“မင်းစိတ်ထဲမှာ ဘာတွေမတင်မကျဖြစ်နေလဲ ကိုယ်မသိဘူးလေ၊ ဒါကြောင့် ကိုယ်မင်းကိုချော့လို့မရဘူး “
ကျုံးမင်းဝေ အားချိုး၏ အတွေးတွေကို သိသိသာသာခန်မှန်းမိပြီး သူမလက်လေးကို မသိမသာ ဆုပ်ကိုင်လိုက်ကာ တိုးတိတ် ညင်သာစွာ ဆက်ပြောသည်။
“ မင်းက တစ်ယောက်တည်း အတွေးလွန် ပြီး စိတ်မကောင်းဖြစ်နေတာ ကိုယ်သာမင်းကို မချော့ရင် မင်း ပိုတောင် စိတ်မသက်မသာခံစားရမှာ သေချာတယ်၊ကောင်မလေး ဒေါသမထွက်ပါဘူးလို့ ကတိပေးပါ”
အားချိုး၏ စိတ်နှလုံး ပျော့ပျောင်းလာပြီး ခက်ထန်တင်းမာသော စကားတို့ကို ရပ်လိုက်ပြီး စကားဆို၏။
“ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်မစိတ်မဆိုးပါဘူး၊ ကျွန်မကိုသာ ပြောပါ”
“အိုး..အဲဒါဆို ကိုယ်ပြောမယ်”
ကျုံးမင်းဝေက စိတ်လှုပ်ရှားစွာနဲ့ နှုတ်ခမ်းကို ပွတ်လိုက်ပြီး မိန်းကလေးမျက်နှာကို တစ်ချက် ခိုးကြည့်လိုက်ကာ အားချိုးရဲ့ လက်ကို ပိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
“ အိမ်ရှေ့မိဖုရားနဲ့ ကြင်ယာတော်အပါ ၃ယောက် ရှိတယ် ...... သူတို့ သုံးယောက်ပဲ...”
အားချိုးက သူ့ကို အေးစက်စွာ ကြည့်နေသည်။
ကျုံးမင်းဝေသည် ပို၍ပင် စကားထစ်လာပြီး စကားအခွန်းတိုင်းသည် အပြစ်မကင်းသော စိတ်နှင့် ပြည့်နေသည်။
“မရှိတော့ပါဘူး တကယ်မရှိတော့ဘူး “
ကျုံးမင်းဝေသည် သူ၏သစ္စာစောင့်သိမှုကို ဖော်ပြရန် အလုပ်များနေသည်။
“သူတို့နဲ့တင် တကယ် အများကြီးဖြစ်နေပါ ပြီ တခြားဘယ်သူမှ မရှိတော့ပါဘူး”
“ရှင်ပြောခဲ့တဲ့စကားအရ လူနည်းသေးတယ်ထင်နေတာလား”
အားချိုးက သူ့ကို စိုက်ကြည့်နေသည်။
“ကိုယ် ဘယ်လိုလုပ်ထင်ရဲမှာလဲ “
ကျုံးမင်းဝေက တိုးတိုးလေးပြောပြီး မိန်းကလေးရဲ့လက်လေးကို ညင်သာစွာ လှုပ်ခါရင်း သနားစရာကောင်းအောင် ပြောလာသည်။
“မင်း ခုနတုန်းက စိတ်ဆိုးမှာမဟုတ်ဘူးဆိုလို့ ပြောလိုက်တာပါ...”
“ဟမ့် ကျွန်မဒေါသထွက်နေတာလို့ ရှင့်ဘယ်မျက်လုံးက မြင်နေတာလဲ”
အားချိုးသည် ကျုံးမင်းဝေ၏ လက်ကို ရုတ်တရက် ခါချလိုက်ပြီး ရေချိုးကန်ထဲမှ ကျော်ထွက်ခါနီးတွင် ကျုံးမင်းဝေက ရုတ်တရက် သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူမ သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ
အားချိုးက ထပ် ပြီး နှာမှုတ်လိုက်ပေမယ့် သူမ အရင်ကလောက် ဒေါသမထွက်တော့ပေ။ သူမ နောက်သို့ အနည်းငယ် စောင်းငဲ့ကာ ကျုံးမင်းဝေ၏ လက်နှစ်ဖက်ကို ပြန်ဆွဲ၍ သူမ၏ နက်မှောင်သော မျက်လုံးများဖြင့် လှည့်ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။
“သူတို့အားလုံး အရမ်းလှ ကြတယ် မဟုတ်လား”
“ရုပ်ချောသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်အတွက် အရေးမကြီးပါဘူး”
ကျုံးမင်းဝေက အလေးအနက်ပြောပြီး အားချိုးရဲ့ ပုခုံးပေါ် မေးစေ့ကို တင်လိုက်သည်။
“ကိုယ်မင်းကိုပဲ မြင်တာပါ၊ ကိုယ်က မင်းတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်ချင်တာ”
“ရှင်... ဒီညစ်ပတ်တဲ့ စကားလုံးကို ဘယ်မှာ သင်ခဲ့တာလဲ”
အားချိုးက အရှက်သည်းကာ သူမ ခေါင်းကို ငုံ့ထားလိုက်သည်။
“ရှင်အရင်က လူတော်တော်များများကို ပြောဖူးခဲ့တဲ့ပုံပဲ”
ကျုံးမင်းဝေ ညင်သာစွာပြောပြီး ခေါင်းကို အနည်းငယ်မော့ကာ အားချိုး လည်ပင်းပေါ်ရှိ အနီရင့်ရောင်အမာရွတ်အပေါ်၌ သူ့ မျက်နှာကို ဖိလိုက်သည်။
နွေးထွေးသည့် အရာက အမာရွတ်ပေါ်တွင် ထိကပ်နေပြီး အမြင်မတင့်တယ်စွာ သိသာထင်ရှားနေသော အမာရွတ်ကို အ ကြိမ် ကြိမ် ပွတ်တိုက်နေရာ အားချိုး တကိုယ်လုံး တုန်ခါသွားသည်။သူမ မကြည့်ဝံ့ဘဲ ကျုံးမင်းဝေကို သူမလက်ဖြင့် တွန်းလိုက်ကာ ရှက်ရွံ့တုန်လှုပ်စွာ ဆိုလာသည်။
“ရှင်၊ရှင် အဲ့လိုမလုပ်နဲ့၊ရှင် ကျွန်မကို မထိဘူးလို့ ပြောထားတယ်လေ”
ကျုံးမင်းဝေက အလျင်စလို ရပ်တန့်လိုက်ပြီး သူ့အသံက တုန်ယင်နေကာ နှစ်ချက်ခန့်အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ပုံမှန်ပြန်ဖြစ်သွားသည်။
“ကိုယ် စိတ်ပြောင်းသွားမှာမဟုတ်ဘူးလို့ ကတိပေးပါတယ်”
အားချိုး၏ နှလုံးအိမ်တွင် သာယာနေသော်လည်း သူမ ဆုံးရှုံမှု အနည်းငယ်ကို ခံစားလိုက်ရသည်။ တကယ်တော့ ကျုံးမင်းဝေ နဲ့ ရင်းနှီးရတာကို သူမ လုံးဝ မမုန်းပါပေ။ သူမသည် အနည်းငယ်ကြောက်နေသော်လည်း ပိုပျော်နေမိသည်။ဟုတ်သည်။သူမပျော်သည်။ သူမသည် ကျုံးမင်းဝေ နှင့် နီးစပ်မှုကို နှစ်သက်သည်။လိမ်ညာရတာ ပင်ပန်းနေ ပြီပင်။ အခုအချိန်တွင် သူမ ငိုလုမတတ် ကြောက်နေပေမယ့် ကျုံးမင်းဝေသာ မရပ်ရင် ကျုံးမင်းဝေကို လုံးဝ တွန်းထုတ်မိမည်မဟုတ်ပေ...။
ကျုံးမင်းဝေကို ဘယ်သူလုပ်လိုက်တာလဲ။
ကျုံးမင်းဝေက သူမကို ရုပ်ဆိုးတယ်လို့ မထင်အောင် ဘယ်သူက ပြောလိုက်တာလဲ။
အားချိုးရဲ့ အတွေးတွေကို သူ သတိထားမိတာကြောင့် ကျုံးမင်းဝေ အားချိုးကို သူ့ရင်ခွင်ထဲ ပြန်ပွေ့ဖက်လိုက်ပြီး အားချိုးရဲ့ နားရွက်နားကို ကပ်ကာ ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။
“ကောင်မလေး၊ ကိုယ့်ခြေထောက်တွေ ပိုကောင်းလာတဲ့အခါမှ ကိုယ် မင်းကို ထပ်ထိမယ်။ မင်းက ကိုယ့်ရဲ့ ဇနီးအစစ်အမှန် ဖြစ်လာစေရမယ်...”
နောက်တစ်စက္ကန့်တွင် အားချိုး၏ ခြေထောက်သည် ကျုံးမင်းဝေ၏ ခြေသလုံးကြွက်သားပေါ်သို့ တက်လာတော့သည်။