← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 6 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 6 Ch. 169-171

အပိုင်း ၁၆၉။လက်အောက်ငယ်သားက နောက်ကျနေပါတယ်။

ပန်ယီ သည် တောင်ပေါ်တွင် တစ်နေကုန် နေခဲ့ရပြီး နောက်ဆုံးတွင် အားချိုး ထွက်သွားသောအခါမှ အထုပ်ကြီးလေးခုကို နံရံပေါ်မှ အလျင်အမြန် သယ်ဆောင်ကာ ခြံဝင်းငယ်လေးထဲသို့ ဝင်သွားခဲ့သည်။

“ဘယ်သူလဲ”

ကျူံးမင်းဝေ သည် အမြဲကောင်းမွန်သော အကြားအာရုံရှိပြီး ဤတောင်ပေါ်တွင်သူနှင့် အားချိုးဟူသည့် လူနှစ်ယောက်တည်းသာ ရှိသောကြောင့် ထူးဆန်းသော ခြေသံကို ကြားလိုက်ရသောအခါ ရုတ်တရက် နိုးထလာပြီး မြေပြင်ပေါ်မှ မီးစွဲ‌နေသောတုတ်ကို ကောက်ယူလိုက်သည်။ ကုတင်ကို ကျော်ဖြတ်ပြီး သူ့ခါးကို မဆန့်ခင်မှာပင် “ကျီ” ဆိုတဲ့ အသံတစ်ခုကြားလိုက်ရကာ တံခါးကို အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရသည်။

“အရှင်မင်းသား”

ကျူံးမင်းဝေ ကိုတွေ့လိုက်သောအခါ ပန်ယီ၏ မျက်လုံးများ ရုတ်တရက်နီရဲသွားသည်။ ယခင်က ကျောက်စိမ်းမျက်နှာနှင့် အရပ်ရှည်ရှည် ချောမောသော မျက်နှာရှိသော မင်းသားသည် ညစ်ပတ်သော မြေသားကုတင်ပေါ်တွင် ထိုင်နေသည်။ အခန်းတံခါးဝမှာ အိုးကြီးတစ်အိုးရှိ‌နေပြီး၊တံခါးတစ်ချပ်စာ မြင့်သော ထင်းပုံတစ်ပုံလည်းရှိနေကာ တော်ဝင်မိသားစုရဲ့ မြင့်မြတ်တဲ့မင်းသားက ဒီအပြာရောင်တစ်ဝက်အင်္ကျီကိုဝတ်ထားပြီး သူ့လက်ထဲမှာလည်း မီးညှပ်ကို ကိုင်ထားသည်။

“ပန်ယီ မင်းဘာလို့ဒီကိုရောက်နေတာလဲ။ မင်း တောင်ပိုင်းနယ်စပ်မှာ မဟုတ်ဘူးလား”

ကျူံးမင်းဝေလည်း ထိတ်လန့်သွားပြီး သူ့လက်ထဲက မီးညှပ်ကို လွှင့်ပစ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

“မယ်တော်ကြီးက မင်းကို လာခိုင်းတာလား”

“ဟုတ်ပါတယ်၊မယ်တော်ကြီးက ဒီငယ်သားကို နင်းဂုတကို စေလွှတ် ပြီး အရှင်မင်းသားဆီ လာရောက်ဖို့ အမိန့်ပေးခဲ့တာပါ”

ပန်ယီက အလျင်စလို အသက်ပြင်းပြင်းရှူကာ မျက်ရည်များကို ထိန်းလျက် ကြီးမားသောအထုပ်လေးထုပ်ကို မြေပြင်ပေါ်သို့ ချက်ချင်းချလိုက်ပြီး ဒူးနှစ်ဖက်ထောက်၍ ကျူံးမင်းဝေအား သုံးကြိမ်တိုင်တိုင် အရိုအသေ ပြုလိုက်သည်။ သူခေါင်းပြန်မော့လာသောအခါ ပန်ယီ ၏မျက်လုံးများက ပိုနီလာကာ

“အရှင်မင်းသား၊ ကျွန်တော်မျိုး နောက်ကျသွားပါတယ်၊ အရှင်မင်းသားကို အပြစ် ပြုမိပါတယ်...”

ကျူံးမင်းဝေ က လှောင်ပြောင်ရင်း နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ပန်ယီ ရဲ့ ပုခုံးဆီ လက်ဆန့်ကာပြောလိုက်၏။

ပန်ယီ က အလျင်အမြန်ထပြီး ကုတင်ပေါ်တွင် အလျင်စလိုထိုင်၍ ကျူံးမင်းဝေ ၏လက်ကို ဆုပ်ကိုင်ရန် သူ့လက်ကိုဆန့်ကာ

“တောင်ပိုင်းနယ်စပ်မှာ မင်းသား ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ကြားခဲ့ရတယ်၊အဲ့ဒါက ဒီဘဝတစ်လျောက် ပြန်ထူထောင်ဖို့ ခက်ခဲသွားမှာကိုပဲ ကျွန်တော်မျိုးကြောက်မိတယ်။မင်းသား မြန်မြန်ပြန်ကောင်းလာဖို့ မမျှော်လင့်ထားပါဘူး၊ကောင်းကင်ဘုံရဲ့ ကောင်းချီးကိုခံရမှသာ ဖြစ်နိုင်လိမ့်မယ်၊ဒါက တကယ်ကို ဝမ်းနည်းစရာ ကောင်းလှတယ်။”

“ပြန်ကောင်းလာတာ ဖြစ် ဖြစ် မကောင်းလာတာ ဖြစ်ဖြစ် ဘာအရေးလဲ၊အခုထိ မြေပေါ်ကနေ မထနိုင်သေးဘူး”

ကျူံးမင်းဝေက မသိချင်ယောင်ဆောင်လျက် သူ့ခြေထောက်တွေကို ပွတ်သပ်ကာ တည်ငြိမ်နေသော မျက်နှာဖြင့် ပန်ယီအား ပြောလိုက်သည်။

“ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် ဒီခြေထောက်နှစ်ချောင်းက ခေါက်ဆွဲနဲ့ အမြဲတူ‌နေတယ်၊ငါ့ခွန်အားကို ငါအသုံးမချနိုင်ဘူး၊ အဲ့ဒီအချိန်က ဘိုးဘေးနန်းဆောင်မှာ နှိပ်စက်ခံခဲ့ရလို့လား‌တော့မသိဘူး”

“ဘိုးဘေးနန်းဆောင် ကလူတွေက မင်းသားအပေါ် ဒီလောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ဘယ်လိုသုံးဝံ့တာလဲ”

ပန်ယီ က ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသ‌ကြောင့် သူ့မျက်လုံးတွေက ပြူးထွက်လုမတတ် ဖြစ်လာသည်။

“ဘိုးဘေးနန်းဆောင်မှာ တော်ဝင်မိသားစုကို စည်းကမ်းလိုက်နာ‌စေနိုင်တဲ့ အင်အားတွေ အများကြီးရှိတယ်ဆိုရင်တောင် ပြစ်ဒဏ်က အစစ်အမှန်ဆိုရင် ချုပ်နှောင်ထားပြီး အပြစ်ကိုဆင် ခြင်စေရုံပါပဲ၊ ဒါပေမယ့် သူတို့က ဇာမဏီနဲ့ နဂါးရဲ့ သားမြေးတွေကို တကယ်တိုက်ခိုက်ဖို့ ဘယ်လိုသတ္တိရှိလာတာလဲ။”

“ဧကရာဇ်မင်းကြီးရဲ့ အမိန့်ကို ရရှိခဲ့ကြတယ်ဆိုတာ တွေ့နိုင်တာပဲ”

ပန်ယီ က မျက်မှောင်ကြုတ်လိုက်သည်။ သူ ကျူံးမင်းဝေ ၏ အေးဆေးတည်ငြိမ်သောအမူအရာကိုကြည့်ကာ ပြောရန်မဝံ့မရဲဖြစ်ကာ နောက်ဆုံးတွင် နှုတ်ဖွင့်ပြောခဲ့သည်။

“ဧကရာဇ်မင်းကြီးက မင်းသားကို အမြဲမကြိုက်မှန်း ကျွန်တော်မျိုးသိပါတယ်၊ ဒါပေမယ့် မယ်တော်ကြီးက အကြီးဆုံးမြေးကို ချစ်တာပဲ၊နောက် ပြီး အဲဒီအချိန်က နှစ်သစ်ကူးအကြိုပွဲနေ့၊ မယ်တော်ကြီးလည်း နန်းတော်ထဲမှာ ရှိနေခဲ့တယ်။ တကယ်ပဲ ဧကရာဇ်မင်းကြီးကသာ မင်းသားကို အပြစ်ပေးချင်ရင် မယ်တော်ကြီးကို အသိပေးမှာမဟုတ်ဘူး။ဒါ‌ကြောင့် လက်အောက်ငယ်သားတွေက ဒါဟာ ဧကရာဇ်မင်းကြီးရဲ့ အပြစ်မဟုတ်ဘူးလို့ ထင်နေကြတယ်”

“မင်းက တခြားလူလို့ ဆိုလိုတာလား။ မှန်တယ်၊ ငါက လူတွေမုန်းတီးဖို့ ပစ်မှတ်ပဲ၊ ဒီနှစ်တွေအတွင်း ငါ့ကို လူဘယ်နှစ်ယောက် မုန်းတီးနေမှန်းမသိဘူး”

ကျူံးမင်းဝေသည် သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ဆန့်ကာ ကုတင်ထိပ်ပေါ်သို့ တက်၍ မီးဖိုပေါ်မှ ပန်းကန်လုံးနှစ်လုံးကို ယူလိုက်သည်။ သူ အိုးအဖုံးကို ရုတ်လိုက်ပြီး အိုးထဲမှ လက်ဖက်ရည်ခွက်နှစ်ခွက်ကို ငှဲ့ယူကာ တစ်ခွက်ကို ပန်ယီအား ပေးလိုက်သည်။

ပန်ယီသည် ကျူံးမင်းဝေ ၏ သွက်လက်သော အမူအရာကို ကြည့်‌နေခဲ့ပြီး သူ့လက်ထဲက ကြွေပန်းကန်ကြမ်းကြီးကို ကြည့်လိုက်ကာ သူ့နှာခေါင်းက ရုတ်တရက် နာကျင်သွားသည်။

“ဒီကရေက အရသာရှိတယ်၊ဟုတ်တယ် မလား၊ မြို့တော်က ရေထက် ပိုချိုတယ်။”

ကျူံးမင်းဝေသည် သူလက်ဖက်ရည်သောက်နေသည်ကို ကြည့်ပြီး ကြွေပန်းကန်လုံးကြီးထဲမှ တစ်ငုံသောက်လိုက်သည်။ ပန်းကန်လုံးကြီးနဲ့ အနောက်‌ကျောဆီမှ မီးခိုးရောင်နံရံက လက်ဖက်ရည်သောက်နေတဲ့ လူငယ်တစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်ကို ပေါ်လွင်နေစေသည်။

အပိုင်း ၁၇၀။ အိမ်တစ်လုံးရှိတာက အရာအားလုံးရှိတာပဲ။

ပန်ယီ သည် ရေ၏ချိုမြိန်မှုကို မခံစားခဲ့ရသည့်အပြင် မြက်ပင်ပြာ တစ်ချို့ကို သောက်လိုက်ရသော်လည်း သူဘယ်လိုများ ညည်းတွားဝံ့ပါလိမ့်မည်နည်း။ သူက ကြွေပန်းကန်လုံးကြီးကို စားပွဲသေးသေးလေးပေါ်တင်ပြီး ကျုံးမင်းဝေ ကို တိုးတိတ်သောလေသံ ဖြင့်‌စကားဆိုလာသည်။

“အရှင်မင်းသား ကျွန်တော်မျိုး တောင်ပေါ်ကဆင်းပြီး မင်းသားရဲ့ခြေထောက်ကိုကြည့်ဖို့ သမားတော်ရှာလိုက်အုံးမယ်”

“မလိုပါဘူး”

ကျုံးမင်းဝေက ခေါင်းယမ်းကာ လက်ဖက်ရည်ခွက်ကိုချ၍ ပန်ယီ ကိုကြည့်သည်။

“ငါက ကိုယ်တဝက်သေ‌နေတဲ့ လေဖြတ်သူဖြစ်နေတုန်းပဲလို့ သူတို့ထင်ကြပါစေ”

ကျုံးမင်းဝေ၏ ဆိုလိုရင်းကို ပန်ယီ က သဘာဝကျကျ နားလည်သည်။ ကျုံးမင်းဝေ ၏ဒဏ်ရာများကိုကြည့်ရှုရန် သမားတော်တစ်ဦးကို ဖိတ်ကြားခြင်း သို့မဟုတ် ကျုံးမင်းဝေ ၏ဒဏ်ရာများကိုကြည့်ရှုရန် တောင်ပေါ်မှ ခေါ်ဆောင်ခြင်းတို့က ကျုံးမင်းဝေ ၏ကျန်းမာရေးကောင်းမွန်လာကြောင်းသတင်းကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။

“ဒါပေမယ့် အရှင်မင်းသား၊ မင်းသားရဲ့ခြေထောက်ဒဏ်ရာက ပြင်းထန်ပြီး ဒီလိုတရွတ်ဆွဲနေရတာ...ကြာရင် မကောင်း‌မှာကိုကျွန်‌တော်မျိုး ကြောက်မိတယ်”

ပန်ယီက စိုးရိမ်ကြီးစွာနဲ့ ခဏမျှ စကားစပျောက်သွားသည်။

“အဲ့ဒါက ဖြစ်နိုင်ပါ့မလား အရှင် ၊အရှင်က ဒီကုတင်ပေါ်မှာပဲ အကြောသေ‌နေပြီး မြေပေါ်ကနေ မထချင်ဘူးလား၊ အရှင်မင်းသားရဲ့ ခြေထောက်တွေ သွင်သွင်ကျိုးသွားလိမ့်မယ်”

“ကိစ္စမရှိပါဘူး၊ ငါ့ခြေထောက်တွေကို ငါကောင်းကောင်းသိတယ်”

ကျုံးမင်းဝေက သူ့ပေါင်တွေကို ညင်သာစွာ ပွတ်သပ်ရင်း လက်ကို ဝှေ့ယမ်းလျက် ဖြည်းညှင်းစွာပြောကာ ပန်ယီ ကို စကားအပိုမပြောဖို့ အချက်ပြလိုက်တာ‌ကြောင့် ပန်ယီ နှုတ်ဆိတ်နေဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

“မယ်တော်ကြီး နေကောင်းကျန်းမာရဲ့လား”

“အရှင်မင်းသား၊ မယ်တော်ကြီးက ဘေးကင်းပါတယ်၊ ဒါပေမယ့် မင်းသားအတွက်ကိုတော့ ကျွန်တော်မျိုး အရမ်းစိုးရိမ်‌နေရပါတယ်”

ပန်ယီ ခေတ္တရပ်လိုက်ပြီး

“ဒါပေမယ့် နောက်ဆုံးတော့ ဒါဟာ ဧကရာဇ်မင်းကြီး ချမှတ်ထားတဲ့ ဧကရာဇ် အမိန့်ဖြစ်ပြီး မယ်တော်ကြီးက အဲဒါကို မနာခံဘဲ မနေဝံ့တဲ့အတွက် နှောင့်နှေးနေတာ ကြာပါပြီ။ဒါ‌ကြောင့် အခုလိုအချိန်အတော်ကြာမှ ဒီငယ်သားကို နင်းဂုတဆီ လာခွင့်ပြုခဲ့တာပါ”

“ငါ စဉ်းစားမိပါတယ်”

ကျုံးမင်းဝေ က သူ့နှုတ်ခမ်းကို သရော်ဟန် တွန့်ကွေးလျက် ပြော၏

“ဒါပေမယ့် ဇူလိုင် ၇ ရက်မှာ သူ့ကံဆိုးမှုကို ဘယ်လို ကိုင်တွယ်ဝံ့တာလဲ။”

“မှန်ပါတယ်၊ ဧကရာဇ်မင်းကြီးက ဧကရီကျန်းရှန့် ရဲ့ အောက်မေ့ဖွယ်နေ့ကို အလေးအမြတ်ထားဆုံးပါပဲ”

ပန်ယီ ပေါ့ပေါ့လေးပြောပြီး

“မကြာသေးခင်က ကိုယ်လုပ်တော်ကျောက်က ဧကရီ ကျန်းရှန့်ရဲ့ ပူဇော်ခြင်းအခမ်းအနားအကြောင်း အများကြီးမေးတဲ့အတွက်ကြောင့်ပဲ...”

“ပန်ယီ၊ အဲဒါကို မပြောနဲ့”

ကျုံးမင်းဝေ က ပန်ယီ စကားကို ရုတ်တရက် ဖြတ်လိုက်ပြီး

“အခုချိန်ကစပြီး မင်း မြို့တော်က လူတွေအကြောင်း ငါ့ကို ပြောစရာ မလိုတော့ဘူး၊ ငါနဲ့ ဘာမှမဆိုင်ဘူး”

ပန်ယီ သည် ကျုံးမင်းဝေ၏ ငြိမ်သက်နေသော မျက်နှာကို ကြည့်ပြီး ခဏတာ နာကျင်ခံစားလိုက်ရပြီးနောက် အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။

“”အရှင်မင်းသားက သစ္စာဖောက်တွေရဲ့ လုပ်ကြံသတ် ဖြတ်ခြင်းကိုခံခဲ့ရပြီး အရှင့်ခန္ဓာကိုယ်ကလည်း ဒဏ်ရာရခဲ့တယ်။ဒါက ခဏတာ စိတ်ပျက်စရာ ဖြစ်နိုင်ပေမယ့် အနာဂတ်မှာ...”

ကျန်းမင်းဝေက ပန်းကန်လုံးရဲ့အနားစွန်းကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း ပန်ယီ ကိုကြည့်ကာ ပြောသည်။

“မင်းပြန်သွားပြီး ငါကလုံးဝ အသုံးမဝင်တော့တဲ့အပြင် အနာဂတ်မရှိ‌တော့ဘူးဆိုတာ မယ်တော်ြကီးကို ပြန်ပြောလိုက်ပါ၊ငါသူမကို စိတ်ချလက်ချ နေ‌စေချင်ပြီး လက်လျော့လိုက်စေချင်တယ်၊ မင်းကတော့နောင်တစ်ချိန်မှာ နင်းဂုတကို မလာပါနဲ့”

“အရှင်မင်းသား”

ပန်ယီ အံ့သြလွန်းလို့ မျက်လုံးတွေပြူးကျယ်သွားကာ ကျုံးမင်းဝေ ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး

“အရှင်မင်းသား၊ ကျွန်တော် ငယ်ငယ်လေးကတည်းက မင်းသားနောက်ကို လိုက်ခဲ့တာ နှစ်ဆယ့်ငါးနှစ်ရှိပါပြီ၊အရှက်မင်းသား၊ ဒီနှစ်တွေတစ်လျှောက်လုံး မင်းသားအတွက်ပဲ ကျွန်တော်နေထိုင်လာခဲ့တာပါ၊ မင်းသားရဲ့ လက်အောက်ငယ်သားဖြစ်ခွင့်ကို တားလို့မရဘူး”

“ဟုတ်တယ် ငါမင်းကိုမလိုချင်တော့ဘူး”

ကျုံးမင်းဝေက ပန်ယီ ရဲ့ မျက်လုံးထောင့်က မျက်ရည်တွေကို ညင်သာစွာ သုတ်လိုက်ပြီး

“ပန်ယီ၊ ငါက အရှေ့နန်း‌ဆောင်ရဲ့ မင်းသားဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက မင်းလို သစ္စာရှိပြီး ခံနိုင်ရည်ရှိတဲ့ လူယုံကို ငါလိုတယ်၊ ဒါပေမယ့် အခု ငါက တောင်‌ပေါ်ရွာက လယ်သမားတစ်‌ယောက်ဖြစ်နေပြီ၊ မင်းလိုလက်အောက်ငယ်သား‌တွေ မလိုတော့ဘူး”

“အရှင်မင်းသား၊ မင်းသားလိုအပ်ပါတယ်! ဒီလက်အောက်ငယ်သားက မင်းသားအတွက် ရေ‌နွေးတည်ပြီး ချက်ပြုတ်‌ပေးနိုင်တယ်။သန့်ရှင်းရေးလည်းလုပ်နိုင် ပြီး မင်းသားအတွက် အဝတ်လည်းလျှော်ပေးနိုင်ပါတယ်။”

ပန်ယီသည် ကျုံးမင်းဝေ ရှေ့သို့ လျင်မြန်စွာ တွားသွားကာ ကျုံးမင်းဝေ ၏လက်များကို သူ့လက်ကြမ်းများဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက်

“အရှင်မင်းသား၊ ကျွန်‌တော်မျိုးက အရှင့်ရဲ့လက်အောက်ငယ်သားပါ၊ ကျွန်တော်မျိုးက ဘာမဆို သင်ယူတတ်မြောက်နိုင်ပါတယ်!ဒီလက်အောက်ငယ်သားက တစ်သက်တာလုံး အရှင့်နောက်သို့လိုက်လိုစိတ်ရှိတာ‌ကြောင့် ကျေးဇူးပြုပြီး ကျွန်‌တော်မျိုးကို မစွန့်လွှတ်လိုက်ပါနဲ့။ အခုဆို ကျွန်တော်မျိုးမှာ အရှင်မင်းသားတစ်ယောက်ပဲ ရှိပါတော့တယ်၊...ကျေးဇူးပြု ပြီး သနားတော်မူပါ”

“မဟုတ်ဘူး၊ မင်းမှာ အများကြီးရှိနိုင်တယ်”

ကျုံးမင်းဝေက ပန်ယီ ရဲ့လက်ကို ရက်စက်စွာ ဖယ်ရှားလိုက်ပြီး လေးနက်စွာ‌စကားဆိုလာ၏။

“တောင်ပိုင်းနယ်စပ်စခန်းကို ပြန်သွားပါ ၊မင်းက ပဉ္စမအဆင့် ခြေလျင်တပ်စစ်သူ ကြီး ဖြစ်နေတုန်းဘဲ၊ ဒါပေမယ့် အခု ငါ့မှာ ဘာမှ မရှိဘူးဆိုတော့ မင်းကို ဆွဲချမိသွားလိမ့်မယ်။

နောက်ပိုင်းမှာ၊ ရွှီမိသားစုက မင်းကို ယုံကြည်စိတ်ချလာလိမ့်မယ်။ နှစ်နှစ်အတွင်းတွင် မင်းက ဒုတိယအဆင့်စစ်သူကြီးတစ်ဦး ဖြစ်လာနိုင်တယ်။ဒါပေမယ့် ပန်ယီ နယ်စပ်က အရမ်းကောင်းတယ်၊ နောင်ပိုင်း မြို့တော်ကို မပြန်ပါနဲ့။ မြို့တော်ရဲ့ ရေက နက်တယ်၊ဒါ‌ကြောင့် ထပ် ပြီး လွယ်လွယ်မပတ်သက်တော့နဲ့၊တောင်ပိုင်းနယ်စပ်မှာ ဇနီးတစ်‌ယောက်ကို လက်ထပ်ပြီး ကလေးယူလိုက်၊ မင်းမှာ မိသားစုရှိလာတဲ့အခါ အရာအားလုံး ရှိလာလိမ့်မယ်။”

အခန်း ၁၇၁။ ဆန္ဒရှိလား

“ဒါပေမဲ့ မင်းသား”

ပန်ယီတစ်ယောက် ငိုယိုပြီး ပြောလိုက်သည်။

အသက် ၃၀ ကျော်အရွယ် လူကြီးတစ်ယောက်ရဲ့ ငိုနေတဲ့ပုံက ကြည့်ရတာ တကယ်ကို မကောင်းချေ။

“ကျွန်တော်မျိုး ဒီဘဝမှာ အိမ်ထောင်ပြုပြီး သားသမီးရဖို့ မတောင့်တပါဘူး။ ကျွန်တော်မျိုးရဲ့ တစ်ဘဝလုံးဟာ မင်းသားနောက်ကိုပဲ လိုက်ပါဖို့ ဆန္ဒရှိပါတယ်။ မင်းသား ကျွန်တော်မျိုးကို ဘေးမှာပဲ ခွင့်ပြုပါ။ သနားတဲ့အနေနဲ့ပဲ သဘောထားပေးပါ”

“မဖြစ်ဘူး။”

ကျုံးမင်းဝေရဲ့ မျက်နှာဟာ ရုတ်တရက် တင်းမာသွားပြီး နှလုံးနာကျင်နေတဲ့ ပန်ယီကို မျက်နှာလွှဲလိုက်သည်။

“မင်း ဒီမှာ ဆက်နေရင် ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး။ မယ်တော်ကြီးက သူ့မြေးကို သတိရလို့ လူလွှတ်လိုက်တာက သဘာဝကျတယ်။ ဒါပေမဲ့ အဲ့ဒီလူက ဒီမှာပဲ ဆက်နေပြီး ပြန်မသွားရင် ဘယ်လိုလုပ်မလဲ။ ရွှီမိသားစုရဲ့ဩဇာက နင်းဂု အထိ ရောက်နေတာလား၊ ဒါမှမဟုတ် နန်းချခံထားရတဲ့ ငါ့မှာ အဆိပ်အတောက်တွေ ကျန်နေခဲ့တာလား ထင်ကုန်လိမ့်မယ်။ ပန်ယီ၊ မင်း ငါ့ကို မလေးစားတာလား။ ငါ ခံစားနေရတာ မလုံလောက်သေးလို့လား။ ငါ့ကို ဒီ့ထက် ဆိုးစေချင်နေတာလား”

“မင်းသား”

ပန်ယီဟာ ရုတ်တရက် ငိုတာကို ရပ်လိုက်ပြီး သူ့ရဲ့ မျက်လုံးနီတွေနဲ့ ကျုံးမင်းဝေကို တည့်တည့်ကြည့်လိုက်သည်။ ထို့နောက် မျက်နှာကို ပြင်းပြင်းထန်ထန် သုတ်လိုက်ပြီး ခန်က ဆင်းကာ မြေကြီးပေါ်မှာ ဒူးထောက်၍ ကျုံးမင်းဝေကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။ အရပ်ရှည်တဲ့သူမို့ ပြန်ပြောတဲ့အခါ အသံက တည်ငြိမ်သွားပေမဲ့ အက်ကွဲနေတုန်းပင်။

“ခုနက ကျွန်တော်မျိုး ရိုင်းပျစွာ လျှောက်တင်မိတာကို ခွင့်လွှတ်ပါ မင်းသား”

ကျုံးမင်းဝေက သူ့ကို ပြန်မကြည့်ဘဲ ခေါင်းကို တစ်ဖက်ကို လှည့်လိုက်ပြီး မီးဖိုပေါ်က တက်လာတဲ့ အခိုးအငွေ့တွေကို မျက်မှောင်ကြုတ်ပြီး ကြည့်‌နေသည်။ သူ ဘာတွေ တွေးနေလဲ မသိနိုင်ပေ။ ခဏကြာတော့ မျက်လုံးတွေကို မှိတ်လိုက်သည်။

ကျုံးမင်းဝေ ဖွင့်မပြောခင်မှာပဲ ပန်ယီရဲ့ တောင့်တင်းနေတဲ့ ကျောပြင်ဟာ တဖြည်းဖြည်း ညွတ်ကျသွားသည်။ သူ တိတ်တဆိတ် ထရပ်လိုက်ပြီး ကြမ်းပြင်ကနေ အထုပ်အနည်းငယ်ကို ယူလာကာ ခန်ရဲ့ အဆုံးမှာ တစ်ခုပြီးတစ်ခု ချထားလိုက်သည်။ ထို့နောက် ကျုံးမင်းဝေရဲ့ ကျောပြင်ကို လှည့်ပြီး

“မင်းသား၊ ဒီမှာ အိပ်ရာခင်းနှစ်ထည်၊ ခြေဖဝါးအေးပြီး အက်ကွဲတာအတွက် ဆေး၊ ဆေးဖက်ဝင်ပစ္စည်း အထုပ်ကြီး နှစ်ထုပ်နဲ့ ငွေအသပြာ ငါးရာ ပါလာပါတယ်။ ဒီတစ်ခေါက် အလျင်စလိုလာခဲ့တာမို့ ပစ္စည်းတွေ အကုန် မပါလာဘူး။ နောက်တစ်ခေါက်လာရင် ကျွန်တော်မျိုး ပိုပြီး ယူလာခဲ့ပါ့မယ်။”

ကျုံးမင်းဝေက ဘာမှ ပြန်မပြောသလို ပန်ယီကလည်း ဘာမှ ထပ်မပြောတော့ပေ။ သူ ခန်ရှေ့မှာ ခဏလောက် ရပ်နေပြီး ကျုံးမင်းဝေရဲ့ ကျောပြင်ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။

“မင်းသားဂရုစိုက်တော်မူပါ။ ကျွန်တော်မျိုး အခု ပြန်ပါတော့မယ်။”

စကားဆုံးတာနဲ့ ပန်ယီဟာ အခန်းထဲက လှမ်းထွက်သွားပေမယ့် တံခါးဝမှာ ပြန်ရပ်လိုက်သည်။ သူ ခေါင်းကို လှည့်ပြီး အိပ်ရာခင်းကို မှီကာ မျက်လုံးမှိတ် အနားယူနေတဲ့ ကျုံးမင်းဝေကို ကြည့်လိုက်သည်။ သူ့ရဲ့ နှုတ်ခမ်းတွေ တုန်ယင်နေပြီး ပြောရခက်တဲ့ စကားတစ်ခွန်းရှိနေပုံရသည်။ ခဏလောက် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးမှာ သူမေးလိုက်သည်။

“မင်းသား တကယ်ပဲ ကျေနပ်တော်မူပြီလား နှစ်ပေါင်းများစွာ ကြိုးစားစီမံခဲ့တဲ့ အရာတွေ အဆုံးသတ်သွားတာကို တကယ်ပဲ ကြည့်နေနိုင်တော့မှာလားနှစ်တွေ အများကြီး မင်းသား ဘယ်လောက်တောင် ခံစားခဲ့ရလဲ။ မတရား စွပ်စွဲခံခဲ့ရတာတွေကို သွေးနဲ့ ပြန်လည်ပေးဆပ်ဖို့ စိတ်ကူးမရှိတော့ဘူးလား မင်းသား ခွင့်လွှတ်ပါ... ဒါမင်းသားနေရမယ့် နေရာ မဟုတ်ပါဘူး... ဒါ မင်းသားရွေးချယ်သင့်တဲ့ လမ်းကြောင်း မဟုတ်ပါဘူး မင်းသားတကယ်ပဲ ကျေနပ်နိုင်မှာလား”

သူ့ရဲ့အမေးကို ဘယ်သူကမှ ပြန်ဖြေမှာ မဟုတ်ဘူးဆိုတာ ပန်ယီ သိပုံရသည်။ စကားပြောပြီးတော့ တံခါးကို တွန်းဖွင့်ပြီး ထွက်သွားသည်။

ပန်ယီရဲ့ ခြေသံတွေ လုံးဝ ပျောက်သွားမှ မျက်လုံးမှိတ်ထားတဲ့ လူက မျက်လုံးဖွင့်လာသည်။ သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးတွေဟာ သူ့ရှေ့က လိပ်ခွေနေတဲ့ အဖြူရောင် အခိုးအငွေ့တွေကို မခတ်မသုန် စိုက်ကြည့်နေသည်။ သူ လက်ကို ဆန့်ထုတ်ပြီး ပူနွေးတဲ့ လေကို ခံစားလိုက်သည်။ တက်နေတဲ့ အဖြူရောင် အခိုးအငွေ့တွေဟာ သူ့ရဲ့ လက်ချောင်းထိပ်တွေကြားထဲ လျှောက်သွားပြီး နောက်ဆုံးမှာ အေးစိမ့်ပြီး စိုစွတ်တဲ့ ရေအလွှာအဖြစ် ပြောင်းလဲသွားသည်။ တဖြည်းဖြည်းနဲ့ အဲ့ဒီ စိုစွတ်နေတဲ့ လက်ဟာ ရုတ်တရက် ဆုပ်ကိုင်လိုက်လေသည်။

သူ့ကြောင့် နှစ်ပေါင်း ဆယ်ကျော် စစ်တပ်မှာ အမှုထမ်းခဲ့ကြတဲ့ လက်အောက်ငယ်သားတွေ ဘယ်လောက်များလဲ။ ပန်ယီလို လူငယ်တစ်ယောက်ကနေ အိမ်ထောင်မပြုရဲတဲ့ အသက်လတ်ပိုင်းအရွယ်အထိ။ ဘယ်လောက်များတဲ့ ဓားရေး၊ လှံရေးတွေ၊ ဘယ်လောက်များတဲ့ အန္တရာယ်တွေ ကြုံခဲ့ကြပေမဲ့ ဘယ်တုန်းကမှ နောင်တမရခဲ့တဲ့သူတွေ။ အမြဲတမ်း သူ့အတွက်ပဲ။

တကယ်ပဲ ကျေနပ်နိုင်မှာလား။

နှစ်သစ်ကူးညမှာ မီးလောင်မှုတစ်ခုကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့သည်။ အဲ့ဒီ ကံမကောင်းတဲ့ မိန်းကလေးသာ သူ့ကို ဆွဲထုတ်မသွားခဲ့ရင် သူ အဲ့ဒီမီးထဲမှာ သေသွားခဲ့လောက်သည်။

နောက်ထပ် နှစ်သစ်ကူးညတစ်ခုမှာ အရက်တစ်ခွက်ကြောင့် သူ့ရဲ့ စိတ်တွေ မှောက်မှားသွားခဲ့ သည်။ ဒါပေမဲ့ ခံ့ညားထည်ဝါတဲ့ အရှေ့နန်းတော်ရဲ့ မင်းသားဟာ တော်ဝင်တရားရုံးရှေ့မှာဓား တွေ ဝှေ့ယမ်းခဲ့ပြီး ကျန်းရှန့်မိဖုရားရဲ့ ကျောက်စာတိုင်ကိုတောင် ဖြိုချခဲ့သည်။ အခုတော့ သူဟာ နင်းဂုတ မှာ တစ်ပိုင်းတစ်စ သေနေတဲ့ လေဖြတ်နေတဲ့ လူနာတစ်ယောက် ဖြစ်နေပြီပင်။

နှစ်တွေ အများကြီးအတွင်းမှာ သူ ဘယ်လောက်များတဲ့ ချောင်းမြောင်းမှုတွေ၊ လှည့်ကွက်တွေကို ခံခဲ့ရလဲ၊ သူ့ကိုယ်တိုင်တောင် ဓားသွားထိပ်ပေါ် ဘယ်နှစ်ခါ လျှောက်ခဲ့လဲဆိုတာ မရေတွက်နိုင်တော့ ပေ။ သူ မွေးဖွားလာတဲ့နေ့ကတည်းက သူ့အဖေက သာမန်အဖေ မဟုတ်ခဲ့သလို သူ့အဘွားကလည်း သာမန်အဘွား မဟုတ်ဘူးဆိုတာကို ရေးမှတ်ထားပြီးသားဖြစ်သည်။ ဒီဘဝမှာ သူ သာမန်လူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာလည်း သေချာနေပြီပင်။

All Chapters