← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 6 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 6 Ch. 172-174

အခန်း ၁၇၂။ မင်း ကိုယ် သက်သာလာတာကို မယ်တော်ကြီး သိစေချင်တာ မဟုတ်ဘူးပေါ့

ဟုတ်သည်၊ ဒါက ထူးဆန်းသည်။ ရာထူးဂုဏ်ရှိန်တွေ များသလို အတိုက်အခံတွေ၊ အခက်အခဲတွေလည်း အများကြီးပင်။

သူ အမြဲတမ်း မကျေနပ်ခဲ့သလို လူတွေရဲ့ ခန့်မှန်းလို့မရတဲ့ အပြုအမူတွေကိုလည်း မုန်းတီးခဲ့သည်။ အဆုံးမရှိတဲ့ လေဓားတွေ၊ နှင်းဓားတွေကို မုန်းတီးခဲ့သည်။ သို့ပေမယ့် ရုတ်တရက် ပြန်လှည့်ကြည့်လိုက်တော့ သူ့လက်တွေမှာရော သွေးဘယ်လောက်များများ စွန်းထင်းခဲ့သနည်း။

ဒါကြောင့် ဒီနေ့မှာ သူ ကျေနပ်သင့်ပြီလား။

"ငါ နားလည်ပြီ"

"ကျွန်မ ပြန်လာပြီ"

အပြင်ကနေ အားချိုးရဲ့ အသံတိမ်တိမ်လေး ထွက်လာတာနဲ့ တင်းတင်းဆုပ်ထားတဲ့ လက်သီးဟာ ရုတ်တရက် ပြေလျော့သွားသည်။ ကျုံးမင်းဝေဟာ အရမ်းအလုပ်များနေတာကြောင့် သူ့ရဲ့ စိုနေတဲ့ လက်တွေကို အဝတ်အစားမှာ မဆင်မခြင် သုတ်လိုက်သည်။ သူ မရယ်ဘဲ မနေနိုင်တော့ ပေ။

အရင်တုန်းက သူ၌ ဒီလို ပြဿနာတွေ မရှိခဲ့ပေ။ ဒါပေမဲ့ အခု ကောင်မလေးနဲ့ အတူနေလာတာ ကြာတော့ သူ့တစ်ကိုယ်လုံးမှာ ပြဿနာတွေ ကူးစက်လာတာ အမှန်ပင်။ လက်ကို အဝတ်အစားမှာ သုတ်တာတင် မဟုတ်၊ တခါတလေ ထမင်းစားတဲ့အခါမှာတောင် တူရဲ့ အဖျားနဲ့ ခေါင်းကို ကုတ်တတ်လာသည်။ တကယ်ကို ရိုင်းစိုင်းပြီး စည်းကမ်းမဲ့တာပင်။ အကောင်းပြောရင် ပေါ့ပေါ့ပါးပါးနေတာဆိုပေမယ့် တည့်တည့်ပြောရင်တော့ ညစ်ပတ်တာဖြစ်သည်။ ဒါပေမဲ့ ကျုံးမင်းဝေက အဲ့ဒီလို စည်းကမ်းမဲ့ပေမယ့် ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုပိုပြီး သဘောကျလာသည်။

ဒါကြောင့် ကျေနပ်လိုက်တော့မည်။

နင်းဂုတမှာ ဘယ်တော့မှ ပြန်ကောင်းလာနိုင်တော့မှာ မဟုတ်တဲ့ လူမစွမ်းမသန်တစ်ယောက်အနေနဲ့ သူတို့ရဲ့ ကောင်မလေးကို စောင့်ရှောက်ပြီး လယ်ဧကအနည်းငယ်ကို ထွန်ယက်စိုက်ပျိုးရင်း နွေဦးမှာ ထွန်ယက်၊ ဆောင်းဦးမှာ ရိတ်သိမ်းရတာ ဘာမှားလို့လဲ။

"ကျုံးမင်းဝေ၊ ကျွန်မ အဘွားချန်ဆီကနေ အရွက်ချဉ်လေးတွေ ယူလာခဲ့တယ်။ သူတို့ အရင်လုပ်ထားတာလေ၊ အခုမှ စားလို့ရတော့တာ။ အဘွားချန်က ဝက်နံရိုးနဲ့ ပြုတ်စားရင် အရမ်းကောင်းတယ်တဲ့။ ဒီနေ့ ဝက်နံရိုးနဲ့ ပြုတ်စားကြရအောင်။ ရှင် စားလို့ကောင်းရင် ကျွန်မ ဟင်းချိုရွက်ချဉ်အိုးတွေ အများကြီး ထပ်ပြီး လုပ်ထားပေးမယ်။"

အားချိုးဟာ ပျော်ရွှင်စွာနဲ့ ဟင်းချိုရွက်ချဉ်အိုးလေးတစ်လုံးကို ကျုံးမင်းဝေဆီ ပြဖို့ ယူလာခဲ့သည်။

အားချိုး စကားဆက်မပြောတော့ဘဲ အိပ်ရာအဆုံးမှာရှိတဲ့ အထုပ်ကြီး လေးထုပ်ကို တည့်တည့် စိုက်ကြည့်နေသည်။ သူ့မျက်နှာဟာ ခဏတာ ဖြူဆုတ်သွားပြီး မျက်နှာကို လှည့်ကာ ကျုံးမင်းဝေကို ကြည့်လိုက်သည်။

"ဘယ်သူ လာသွားတာလဲ"

"ဪ၊ မယ်တော်ကြီးက ကိုယ့်အတွက် ပစ္စည်းတွေ ယူလာခိုင်းလိုက်တာ"

ကျုံးမင်းဝေက ပေါ့ပေါ့ပါးပါး ပြောသည်။ အားချိုးရဲ့ မျက်နှာ ဖြူဆုတ်သွားတာကို မြင်တော့ သူမက မြို့တော်က တစ်ယောက်ယောက်ကို ဂရုစိုက်နေမှန်း သိလိုက်သည်။ ဒါကြောင့် ချက်ချင်း အားချိုးလက်ထဲက အိုးကို ယူလိုက်လေသည်။ ဟင်းချိုရွက်ချဉ်ကို စားပွဲငယ်ပေါ်မှာ ချထားလိုက်ပြီး သူမရဲ့ အေးစက်နေတဲ့ လက်ကို ကိုင်ကာ ညင်ညင်သာသာ ပြောလိုက်သည်။

"ဘာမှ မဖြစ်ဘူး၊ မယ်တော်ကြီးက ကိုယ့်ကို စိတ်ပူနေလို့ပါ။ သူ နင်းဂုတကို လူမလွှတ်ပြီး လာမကြည့်ရင် စိတ်ပူနေမှာလေ၊ ဘာမှ မဖြစ်ပါဘူး၊ တကယ်ကို မယ်တော်ကြီးရဲ့ လူပါ၊ ကိုယ်သူ့ကို ပြန်လွှတ်လိုက်ပြီးပြီ။"

"ဒါဆို... သူ ကျွန်မကို မြင်သွားလား"

အားချိုး နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သတိပြန်ဝင်လာဖို့ အတော်ကြာသွားသည်။ သူမ ကြောက်ကြောက်ရွံ့ရွံ့နဲ့ မေး၏။

"သူ... သူ ကျွန်မက သခင်မလေးသွမ့် မဟုတ်ဘူးဆိုတာ သိသွားပြီလား"

"မသိဘူး၊ သူ မင်းကို မမြင်လိုက်ဘူး"

ကျုံးမင်းဝေက အလျင်အမြန် ပြောပြီး အားချိုးကို သူ့ရှေ့မှာ ထိုင်ခိုင်းလိုက်သည်။ သူမလက်တွေကို ပွတ်သပ်ပေးပြီး ညင်ညင်သာသာ နှစ်သိမ့်လိုက်သည်။

"စိတ်မပူနဲ့၊ သူ သိသွားရင်တောင် ဘာမှ မပြောဘူး၊ စိတ်မပူနဲ့။"

"ဒါပေမဲ့... ဒါပေမဲ့..."

အားချိုးကတော့ ထိတ်လန့်တုန်လှုပ်နေတုန်းပင်။ သူမ မအီမသာနဲ့ ကျုံးမင်းဝေကို ကြည့်ပြီး

"ဒါပေမဲ့ သူက ရှင်နေကောင်းတယ်ဆိုတာ သိသွားမှာ သေချာတယ်၊ ပြီးတော့ သူ ပြန်ရောက်ရင် မယ်တော်ကြီးကို သေချာပေါက် သတင်းပို့မှာပဲ"

ကျုံးမင်းဝေ အံ့အားသင့်သွားသည်။

"မိန်းကလေး၊ မင်းက ကိုယ် နေကောင်းတယ်ဆိုတာကို မယ်တော်ကြီး သိစေချင်တာ မဟုတ်ဘူးပေါ့"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး..."

အားချိုးဟာ အလျင်အမြန်နဲ့ ထိတ်လန့်တကြား ခေါင်းခါယမ်းနေပေမယ့် ကျုံးမင်းဝေက သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့ အပြစ်ရှိသလို ခေါင်းငုံ့သွားပြီး ခဏကြာတော့ ခေါင်းလေးကို ညင်ညင်သာသာ ညိတ်လိုက်သည်။

"ဘာလို့လဲ"

ကျုံးမင်းဝေက ညင်ညင်သာသာ မေးလိုက်သည်။

အားချိုးဟာ ခေါင်းကို အမြန်ခါယမ်းပြီး ကျုံးမင်းဝေကို ကျောပေးထားတုန်းပင်။ သူမရဲ့ ကျစ်ဆံမြီးနှစ်ဖက်ဟာ အဲ့ဒီလို ယိမ်းနွဲ့နေသည်။

အားချိုးရဲ့ ဆံပင်ကို အတော်ကြာကြာ ဖီးပေးပြီးတဲ့နောက်မှာ ကျုံးမင်းဝေဟာ နည်းနည်းချင်း နားလည်လာသည်။ ဒါပေမယ့် ဒီဆံပင်ကျစ်ပုံက အကောင်းဆုံးဖြစ်သည်။ လွန်ခဲ့တဲ့တစ်ခေါက်က အားချိုး တောင်ပေါ်က ဆင်းပြီး ဆံပင်စည်းကြိုးအသစ် ဝယ်လာသည်။

တောက်ပတဲ့ အဝါရောင် ပိုးသားကြိုးလေးပင်။ အဲ့ဒီလို လှပတဲ့ အရောင်မျိုးကနည်းသည်။ ဆောင်းတွင်းမှာဆို ပိုရောင်းရခက်သည်။ နှစ်ပေရှည်တဲ့ ပိုးသားကြိုးလေးက ဝမ် ၂၀ ပဲရှိသည်။ အားချိုး မနေနိုင်တော့ဘဲ ဝယ်လာခဲ့သည်။ ဒါပေမယ့် ဝယ်ပြီးတော့ နောင်တရသွားသည်။ ၎င်းက အရမ်းဆွဲဆောင်မှုရှိတယ်လို့ ခံစားရသည်။ ဒါကြောင့် အဲ့ဒီလို ခေါင်းအုံးအောက်မှာ အမြဲ သိမ်းထားပြီး နောက်တစ်ခေါက် ဈေးသွားရင် ပြန်လဲလို့ရမလား စဉ်းစားနေသည်။ ဒါပေမဲ့ ဒီနေ့ သူမရဲ့ အနီရောင် ဆံပင်စည်းကြိုး ပျောက်သွားတာကြောင့် ဒီအသစ်ကိုပဲ သုံးရတော့သည်။ ရှည်လျားတဲ့ တောက်ပတဲ့ အဝါရောင် ပိုးသားကြိုးလေးနဲ့ အားချိုးရဲ့ ဆံပင်ရှည်တွေကို ကျစ်လိုက်တော့ အရမ်းလှပေသည်။ မနက်မှာ ကျုံးမင်းဝေ ဆံပင်စည်းပေးတုန်းက ကောင်မလေး အရမ်းလှတယ်လို့ မပြောဘဲ မနေနိုင်ခဲ့ပေ။ အားချိုးဟာ အတွင်းထဲမှာ အတော်ကြာကြာ ပျော်နေခဲ့ပြီး အဲ့ဒီနောက် ဝမ် ၂၀ တန်တယ်လို့ တွေးမိသည်။

အခန်း ၁၇၃။ ကျွန်မက သံချေးပါ၊ ရှင်ကတော့ ရွှေပဲ။

“ခေါင်းမော့ထား”

ကျုံးမင်းဝေက အားချိုးရဲ့ မျက်နှာကို လက်နဲ့ ကိုင်လိုက်ပြီး သူ့ရဲ့ လက်ကြီးက အားချိုးရဲ့ မျက်နှာကို ထိမိတာနဲ့ ကျုံးမင်းဝေ လန့်သွားသည်။ မျက်နှာက စိုနေတာပင်။ ကျုံးမင်းဝေ လန့်ပြီး မေးလိုက်သည်။

“ကောင်မလေး၊ ဘာဖြစ်နေတာလဲ ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ငိုနေတာလဲ”

အားချိုး ဘာမှ မပြောဘဲ ခေါင်းကိုပဲ ခါယမ်းနေပြီး သူ့ရဲ့ လက်ကြီးနှစ်ဖက်ထဲမှာ မျက်နှာအပ်ပြီး ငိုတော့သည်။

“ကောင်မလေး၊ မငိုနဲ့”

ကျုံးမင်းဝေက အားချိုး ငိုတာကို အမုန်းဆုံးပင်။ ဒါပေမဲ့ ဒီကောင်မလေးရဲ့ မျက်ရည်တွေက အရမ်းများသည်။ ပျော်ရင်လည်း ငိုသလို ဝမ်းနည်းရင်လည်း ငိုသည်၊ မတရားခံရရင်လည်း ငို၏။ အဲ့ဒီလို ငိုတတ်တဲ့ မိန်းကလေးကို သူ တစ်ခါမှ မမြင်ဖူး ပေ။ ကျုံးမင်းဝေ တကယ်ပဲ သူမကို ဘယ်လို လုပ်ရမှန်း မသိတော့ပေ။ သူ့လက်ထဲမှာ ပျော့သွားမှာလည်း ကြောက်ပြီး သူ့ပါးစပ်ထဲမှာ အရည်ပျော်သွားမှာလည်း ကြောက်သည်။

နောက်ဆုံးတော့ အတော်ကြာကြာ ငိုပြီးမှ တဖြည်းဖြည်း တိတ်သွားသည်။ အားချိုး တရှုံ့ရှုံ့ ဖြစ်နေတော့ ကျုံးမင်းဝေ အလျင်အမြန် လက်ဖက်ရည် တစ်ခွက် ယူလာပြီး တိုက်လိုက်သည်။ ဒါပေမဲ့ အားချိုးက ခေါင်းခါကာ မသောက်ပေ။ ကျုံးမင်းဝေ နောက်ဆုံး မျက်နှာ မည်းသွားပြီး

“အမြန်သောက်၊ နောက်တစ်ခါ ခေါင်းမာရင် ကိုယ် ရိုက်မှာနော်”

အားချိုးက မျက်လုံးနီတွေနဲ့ သူ့ကို စိုက်ကြည့်ပေမယ့် နာခံစွာနဲ့ ရေတစ်ဝက်လောက် သောက်လိုက်သည်။ နောက်ဆုံးတော့ တရှုံ့ရှုံ့ ဖြစ်တာတွေ ရပ်သွားလေသည်။

“ဘာလို့ ငိုနေတာလဲ”

ကျုံးမင်းဝေက အားချိုးကို သူ့ရှေ့မှာ ထိုင်ခိုင်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်သည်။ တော်တော်လေး ဆုံးမတတ်တဲ့ သူဌေးတစ်ယောက်က ကလေးကို ဆူနေသလိုပင်။

“မင်း အမှန်အတိုင်း မပြောရဲရင်ကိုယ် ရိုက်မှာနော် တစ်ကယ်ပြောတာ”

“ကျွန်မ... ကျွန်မ ကိုယ့်ကိုယ်ကို အရမ်းဆိုးတယ်လို့ ထင်တယ်”

အားချိုး ခေါင်းငုံ့ပြီး ခြေချောင်းတွေကို စိုက်ကြည့်နေသည်။ ခဏရပ်ပြီးမှ တိုးတိုးလေး ထပ်ပြောသည်။

“ဆိုးတာတင် မဟုတ်ဘူး၊ ကျွန်မက ကိုယ့်အကျိုးပဲ ကြည့်တဲ့သူလည်း ဖြစ်နေတယ်”

ဒါ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။

ကျုံးမင်းဝေ မျက်မှောင်ကြုတ်ပြီး လက်ကို ဆန့်ထုတ်ကာ အားချိုးရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ “မင်း ဘာတွေ မှားနေလဲ ပြောစမ်း မင်း ဘယ်လိုလုပ် ကိုယ့်အကျိုးပဲ ကြည့်တဲ့သူ ဖြစ်ရတာလဲ သေချာ မသိရင် ကိုယ် မင်းကို ရိုက်ဦးမှာနော်”

“ကျွန်မ... ကျွန်မ သူများတွေ ရှင် နေကောင်းတယ်ဆိုတာ မသိစေချင်ဘူး၊ မယ်တော်ကြီးကိုတောင်...”

အတော်ကြာကြာမှ အားချိုး ပြန်ပြောသည်။ သူမ ခေါင်းကို ပိုပြီး ငုံ့ထားပြီး သူမရဲ့ ကျစ်ဆံမြီးက လျှောကျလာကာ ဘေးကို တွဲလောင်းကျနေသည်။ သူမအသံက ပိုပြီး တိုးသွားသည်။

“မယ်တော်ကြီးက ရှင့်ကို အရမ်း စိတ်ပူနေမှာ သိပါတယ်။ ဒါပေမဲ့ ကျွန်မက သူ မသိစေချင်ဘူး။ ရှင်က တစ်ပိုင်းတစ်စ သေနေတုန်းပဲလို့၊ တစ်သက်လုံး ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူးလို့ပဲ သူတို့ ထင်စေချင်တယ်...”

“ဘာလို့လဲ”

ကျုံးမင်းဝေရဲ့ အသံက အများကြီး ပျော့သွားသည်။ သူ တောက်ပနေတဲ့ ဆံပင်ကျစ်‌ လေးကို ကြည့်ပြီး ဘယ်လိုကြည့်ကြည့် သဘောကျမိသည်။ သူ အကျင့်ပါနေတဲ့အတိုင်း လက်ကို ဆန့်ထုတ်ပြီး ဆံပင်ကျစ်ရဲ့ အဖျားကို ကိုင်ကာ ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။

“သူ လာပြီး ရှင့် ကို ကျွန်မဆီကနေ လုယူသွားမှာ ကြောက်လို့... အား”

အဲ့ဒီနေရာမှာ အားချိုး နည်းနည်း စိတ်လှုပ်ရှားသွားပြီး ရုတ်တရက် ခေါင်းကို မော့ပြီး ကျုံးမင်းဝေကို ကြည့်လိုက်သည်။ အဲ့ဒီလို ရုတ်တရက် လုပ်လိုက်တာကြောင့် ကျုံးမင်းဝေ ဘာလုပ်ရမှန်း မသိတော့ဘဲ သူမဆံပင်ကျစ်ကိုပဲ ဆွဲထားမိသည်။ ထို့ကြောင့် အားချိုး ခေါင်းကို အုပ်ပြီး အော်လိုက်ရသည်။

“အာ့ နာတယ်၊ နာတယ်”

ကျုံးမင်းဝေ အလျင်အမြန် လက်လွှတ်ပြီး လှဲနေရာကနေ ထကာ သွားကြည့်လိုက်သည်။

“ဘာဖြစ်တာလဲ နာသွားတာလား”

“ဘယ်သူက ရှင့်ကို လူတွေရဲ့ ဆံပင် အမြဲ ဆွဲခိုင်းတာလဲ”

အားချိုး ခေါင်းကို အုပ်ပြီး မကျေမနပ်နဲ့ မျက်နှာရှုံ့မဲ့လိုက်သည်။

“ရှင်က အသက်သုံးဆယ်ကျော် လူကြီးတစ်ယောက်ဆိုပြီး ဘာမှ လုပ်စရာမရှိရင် လူတွေကို ဆွဲနေတယ်။ ရှင့်လို ဆံပင်ကျစ်ထားတဲ့ လူ ဘယ်သူ ရှိသေးလဲ”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ကိုယ် မှားသွားပြီ၊ မှားသွားပြီ။ လာပါ၊ ကိုယ် ပွတ်ပေးမယ်”

ကျုံးမင်းဝေ ရှက်လည်း ရှက်၊ စိတ်မကောင်းလည်း ဖြစ်သွားသည်။ လက်ကို ဆန့်ထုတ်ပြီး အားချိုးကို ဆွဲထူကာ စိတ်ဆိုးနေတဲ့ ကောင်မလေးကို သူ့ပေါင်ပေါ်မှာ လှဲစေလိုက်သည်။ ထို့နောက် ညင်ညင်သာသာနဲ့ ကျစ်ထားတဲ့ ဆံပင်ကို ဖြည်ပေးပြီး ကောင်မလေးရဲ့ ဦးရေပြားကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း မေးလိုက်သည်။

အားချိုး ကျုံးမင်းဝေရဲ့ ပေါင်ပေါ်မှာ လှဲနေရင်း သူမ မတရားခံရဘူးလို့ ခံစားလိုက်ရသည်။ သို့ပေမယ့် သူမရင်ထဲမှာတော့ ဟာတာတာကြီး ကျန်နေတုန်းပင်။ ကျုံးမင်းဝေက သူအပေါ် အရမ်းကောင်းပေးသည်၊ ဒါပေမယ့် သူမက ဘာလို့ ဒီလောက် ဆိုးရွားနေရတာလဲ။

“ကောင်မလေး၊ မင်းဆံပင်တွေ အရမ်းရှည်လာတာပဲ၊ ခါးလောက်နီးပါး ရောက်နေပြီ”

ကျုံးမင်းဝေက လက်တစ်ဖက်နဲ့ အားချိုးရဲ့ ဦးရေပြားကို ပွတ်သပ်ပေးရင်း နောက်လက်တစ်ဖက်နဲ့ အားချိုးရဲ့ နူးညံ့ပြီး ချောမွတ်တဲ့ ဆံပင်တွေကို ညင်ညင်သာသာ ပွတ်သပ်ပေးနေသည်။

“မင်းဆံပင်တွေကို စုစည်းပြီး ထုံးဖွဲ့လိုက်ရင် အရမ်းလှမှာပဲ”

“ကျုံးမင်းဝေ၊ ရှင် ကျွန်မကို ဒီလောက် မကောင်းပါနဲ့”

“ကျွန်မ ရှင်နဲ့ မထိုက်တန်ပါဘူး၊ ကျွန်မ တကယ် မကောင်းဘူး၊ လုံးဝ မကောင်းဘူး...”

“တစ်ဝက်သားပဲလေးတဲ့ ဘယ်သူ့ကိုမှ မုန်းတီးမှာ မဟုတ်ဘူးလို့ ကိုယ်တို့ သဘောတူထားတယ် မဟုတ်လား”

“ဒါက သံချေးတစ်ဝက်သားနဲ့ ရွှေရှစ်ကျပ်သားကို နှိုင်းယှဉ်နေတာပဲ”

အားချိုး တိုးတိုးလေး ရေရွတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

“ကျွန်မက သံချေးဆိုပေမယ့်၊ ရှင်ကတော့ ရွှေလေ”

အခန်း ၁၇၄။ အနမ်း

ကျုံးမင်းဝေဟာ ရယ်သံကို မထိန်းနိုင်ဘဲ ခေါင်းက ဆံပင်တစ်ဆုပ်ကို ဆွဲယူပြီး နှာခေါင်းရှေ့မှာ အားရပါးရ ရှူလိုက်သည်။ အားချိုး ချက်ချင်း မျက်နှာရဲသွားပြီး လက်ကို ဆွဲထုတ်ကာ ကျုံးမင်းဝေရဲ့လက်ကို အလျင်အမြန် ပုတ်ထုတ်လိုက်ရင်း မျက်လုံးပြူး၍ သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ရှင် အခုလေးတင်ပဲ မှတ်ဉာဏ်ကောင်းတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ လူ့ဆံပင်ကို ထပ်ပြီး ဆွဲနေပြန်ပြီ တော်ရောပေါ့”

“ကောင်မလေးက ကိုယ့်ကိုယ်ကို သံချေးလို့ ခေါ်တာ မဟုတ်ဘူးလား။ ဒါဆို သံချေးနံ့ ရှိမရှိ ကိုယ်ရှူကြည့်ရမှာပေါ့”

ကျုံးမင်းဝေက နှုတ်ခမ်းကို စူကာ ပြုံးလိုက်ရင်း အားချိုးရဲ့ နှာခေါင်းထိပ်ကို ဆွဲညှစ်လိုက်ပြီး မေးသည်။

“ဒါပေမဲ့ ဒီလောက် အကြီးကြီးတဲ့ သံဘူးမှာ ဘာလို့ သံချေးနည်းနည်းလေးတောင် မရှိတာလဲ။ ဆန့်ကျင်ဘက်အနေနဲ့ ငရုတ်သီးနံ့ ရနေတယ် ငရုတ်သီးဘူးလေးများလား”

“ဟေ့၊ ရှင်လျှောက်ပြောနေတာ ကျွန်မ သံဘူး၊ မဟုတ်ဘူး သံဘူးဖြစ်ရင်တောင် စံပယ်ပန်းအတွက် သံဘူးပဲ”

“ဒီနေ့ အဘွားချန်နဲ့အတူ ငရုတ်ကောင်းစိမ်းလုပ်နည်း သင်ယူခဲ့တယ်။ ငရုတ်သီးတွေ အများကြီးပါတော့ ကျွန်မကိုယ်မှာ ငရုတ်သီးနံ့တွေ ရှိမှာပေါ့”

“အဲ့ဒီ ငရုတ်ကောင်းစိမ်းက စားလို့ကောင်းလား”

ကျုံးမင်းဝေက မျှော်လင့်တကြီးနဲ့ မေးလိုက်သည်။ သူအရင်တုန်းက အစပ်ကို သိပ်မစားပေမယ့် အခု အားချိုးရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် အစပ်တင်မက အချိုပါ စားတတ်လာသည်။ လွန်ခဲ့တဲ့ တစ်နှစ်ကဆိုရင် ဒါကို သူ စိတ်ကူးတောင် မယဉ်နိုင်ခဲ့ ပေ။

“ဘယ်လိုနေလဲဆိုတာ ရက်နည်းနည်းလောက် စောင့်ကြည့်ရဦးမယ်၊ ဒါပေမဲ့ ဆောင်းတွင်းမှာ အိုးနဲ့ချက်ထားတဲ့ ငရုတ်ကောင်းစိမ်းက အကောင်းဆုံးလို့ ကြားဖူးတယ် ဟဲဟဲ”

အားချိုးက သူ့ကို မျက်စိမှိတ်ပြလိုက်ပြီး လှည့်လိုက်တာနဲ့ ယောက်ျားရဲ့ ခိုင်မာတဲ့ ခါးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်သည်။ သူမရဲ့ မျက်နှာတစ်ခုလုံး ယောက်ျားရဲ့ ခါးမှာ မြှုပ်သွားပြီး ကားသံတွေကလည်း အသံတိုးတိုးနဲ့ ထွက်လာသည်။

“ကျုံးမင်းဝေ၊ ကျွန်မတို့ ဒီလိုပဲ ဆက်နေသွားလို့ ရမလား ရှင်က ကျွန်မနဲ့ တူတဲ့လူ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်၊ ဒါကြောင့် ရှင့်ကို ကျွန်မ မှားယွင်းစေခဲ့တာ သေချာတယ် ဒါပေမဲ့... ဒါပေမဲ့ ကျုံးမင်းဝေ၊ ဒီတစ်ခါတော့ ကျွန်မကို ကိုယ်ကျိုးရှာခွင့်ပေးပါနော် တခြားသူတွေက ဘယ်နေရာမှာမဆို တစ်သက်တာ နေထိုင်နိုင်ပေမဲ့ ကျုံးမင်းဝေ ရှင်သိပါတယ်၊ ရှင်နဲ့ ကျွန်မက နင်းဂုတ မှာပဲ တစ်သက်တာ အတူရှိနိုင်တာ...”

အပူရှိန်ဟာ အဝတ်အစားတွေကို ဖြတ်သန်းပြီး ကျုံးမင်းဝေရဲ့ ခါးသားအထိ ပျံ့နှံ့သွားတာကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ နောက်တစ်စက္ကန့်မှာ သူက လက်ကိုဆန့်ပြီး ကလေးဆိုးလေးလို ချွဲတတ်တဲ့ မိန်းကလေးငယ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

“ကောင်မလေး၊ ကိုယ်မြို့တော်ဆီ ပြန်သွားမှာကို ကြောက်နေတာလား”

ကျုံးမင်းဝေက အားချိုးရဲ့ ပုခုံးပေါ် မေးစေ့တင်ပြီး ညင်ညင်သာသာ မေးလိုက်သည်။

အားချိုးက မဖြေပေမဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူမအသံကို ကြားလိုက်ရတော့ ကျုံးမင်းဝေ ထပ်ပြီး စကားတုံ့သွာသည်။

“ဒီနင်းဂုတ မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလို့ ကျွန်မ ရင်ဘတ်ကို ကော့ပြီး ပြောရဲတယ်၊ ဒါပေမဲ့ ကျုံးမင်းဝေ၊ အကယ်၍ အကယ်၍ ရှင် မြို့တော်ကို ပြန်သွားခဲ့ရင်...”

အားချိုးက ဆက်မပြောတော့ပေမယ့် ကျုံးမင်းဝေ မသိတဲ့အရာတစ်ခု ရှိနေပြီး ချက်ချင်းပဲ သူက အားချိုးကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

“မဟုတ်ဘူး ကောင်မလေး၊ ဘယ်နေရာမှာပဲ ရှိနေပါစေ၊ ကိုယ် ကျုံးမင်းဝေက မင်းကို အမြဲတမ်း အကြွေးတင်နေမှာပါ၊ ကိုယ်ကသာ မင်းနဲ့ ထိုက်တန်တဲ့သူပါ။ မင်းနဲ့ မထိုက်တန်ဘူးဆိုတာ မရှိဘူး ကောင်မလေး၊ သေချာနားထောင်၊ အရင် အနှစ်သုံးဆယ်လုံး ကိုယ်ဘာမှ လုပ်စရာမရှိခဲ့ဘူး၊ ဒါပေမဲ့ အသက်သုံးဆယ့်နှစ်နှစ်ကစပြီး ကိုယ့် ဘဝဟာ မင်းအတွက်ပဲ”

အားချိုးက သူ့ပုခုံးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ထောက်ပြီး မျက်နှာကို မော့ကာ မျက်ရည်တွေ ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကျုံးမင်းဝေကို မခတ်မသုန် စိုက်ကြည့်နေသည်။

“အမှန်အတိုင်းပြောရရင်”

ကျုံးမင်းဝေက ခေါင်းညိတ်ပြီး အလျင်အမြန် ပြောလိုက်သည်။

“ကိုယ် ပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ ချဉ်ဖတ်သမားလို အနံ့အသက် မရှိဘူး။ ကိုယ် ဘယ်တော့မှ မိန်းကလေးတစ်ယောက်ကို လိမ်ပြောရဲမှာ မဟုတ်ဘူး”

နောက်တစ်စက္ကန့်မှာ အားချိုးဟာ မျက်ရည်တွေနဲ့ ရယ်မောလိုက်သည်။ မျက်ရည်တွေဟာ သူမမျက်နှာပေါ်မှာ လိမ့်ဆင်းလာရင်း ပြုံးလိုက်တဲ့ အပြုံးဟာ ပဲစေ့လောက်ကြီးပြီး မျက်ရည်တွေနဲ့ ပြည့်နေသည်။

ကျုံးမင်းဝေသည် ရေလဲ့နေတဲ့ မျက်လုံးအိမ်လေးကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက နက်မှောင်တောက်ပပြီး ကြောက်စရာကောင်းနေသည်။ ထို့နောက် သူ ချက်ချင်း ကိုင်းညွှတ်ပြီး ရေလဲ့နေတဲ့ မျက်လုံးအိမ်လေးကို နမ်းလိုက်လေသည်။

အားချိုး အံ့အားသင့်သွားပြီး ကျုံးမင်းဝေရဲ့ နှုတ်ခမ်းတွေ ခွာသွားတဲ့အချိန်မှာတောင် သူမ ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်းလေး ကြည့်နေတုန်းပင်။ သူမ ကျုံးမင်းဝေကို တွေတွေဝေဝေနဲ့ ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေပြီး အဲ့ဒီလို မျက်လုံးတွေကြောင့် ကျုံးမင်းဝေဟာ စိတ်မချမ်းသာဖြစ်သွားသည်။

ကျုံးမင်းဝေက မျက်နှာသုတ်ပဝါကို ယူပြီး အားချိုးရဲ့ မျက်ရည်တွေကို ညင်ညင်သာသာ သုတ်ပေးလိုက်သည်။ မျက်နှာသုတ်ပဝါဟာ မျက်လုံးအိမ်လေးဆီ လျှောကျသွားတဲ့အခါ အားချိုး သတိပြန်ဝင်လာပြီး ကျုံးမင်းဝေရဲ့ မျက်လုံးနဲ့ တည့်တည့်တိုးသွားသည်။ ရုတ်တရက် သူမ ကျုံးမင်းဝေရဲ့ လက်ကို ပုတ်ထုတ်လိုက်သည်။

အားချိုး ကျုံးမင်းဝေကို မကြည့်တော့ဘဲ လန့်ဖျပ်ပြီး ခန်ပေါ်က ခုန်ဆင်းကာ အလျင်အမြန် ထွက်သွားတော့သည်။

ကျုံးမင်းဝေက နောက်ကနေ အကူအညီမဲ့စွာ ပြောလိုက်သည်။

All Chapters