← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 6 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 6 Ch. 175-177

အခန်း ၁၇၅။ ခြောက်ခု ရှိလား

အားချိုး ခပ်သွက်သွက်နဲ့ ဖိနပ်ပြန်စီးဖို့ ပြန်လာခဲ့သည်။ ကုန်းလိုက်တာနဲ့ သူမရဲ့ ဆံပင်ရှည်တွေဟာ မြေပေါ်ကို ဝဲကျသွားပြီး ရှက်ရွံ့နေတဲ့ မိန်းကလေးရဲ့ မျက်နှာကို ဖုံးအုပ်သွားသည်။ သူမ လောလောလဲလဲနဲ့ ဖိနပ်စီးပြီးတာနဲ့ တုန်ယင်စွာနဲ့ အပြင်ကို ပြေးထွက်သွားတော့သည်။

ကျုံးမင်းဝေ ပြတင်းပေါက်နားမှာ လျှောက်သွားရင်း လက်နဲ့ မျက်နှာကို အုပ်ထားပြီး ကိုယ်လေး လိမ်ယှက်ကာ ခြံထဲ ဝင်သွားတဲ့ မိန်းကလေးကို ငေးကြည့်နေမိသည်။ အပြင်ဘက်မှာ လေက အရမ်းတိုက်ခတ်နေတာကြောင့် သူမရဲ့ ဆံပင်ရှည်တွေ လွင့်စင်နေပြီး ပတ္တမြားရောင် နားရွက်လေးနှစ်ဖက်ကလည်း အလွန်တောက်ပနေသည်။

ကျုံးမင်းဝေရဲ့ လက်ချောင်းထိပ်လေးတွေဟာ သူ့ရဲ့ နှုတ်ခမ်းပေါ်မှာ ဖွဖွလေး ရွေ့လျားနေပြီး နှုတ်ခမ်းမှာတော့ မိန်းကလေးရဲ့ မျက်ရည်အရသာ ခပ်စိမ့်စိမ့်လေး ကျန်နေသေးသည်။ ကျုံးမင်းဝေ ခုနက မြင်ကွင်းကို ပြန်တွေးရင်း အဲ့ဒီလို ပုံရိပ်လေးကို ပြုံးပြီး ကြည့်နေမိသည်။ မျက်ရည်တွေ ရွှဲနေတဲ့ မျက်နှာလေးနဲ့ သူမက သူ့နောက်ကို နတ်ဆိုးတစ်ကောင်လို လိုက်လာခဲ့ပြီး သူ့ရဲ့ အပြုအမူကို မထိန်းချုပ်နိုင်ခင်မှာတင် သူ သူမကို နမ်းလိုက်မိသည်။

သူနဲ့ အားချိုးဟာ ဒီလောက်ထိ ရင်းနှီးတဲ့မိသားစုဝင်တစ်ယောက်ဖြစ်လာမည်ဟု သူ တစ်ခါမှ မထင်ခဲ့ဖူးပေ။ တစ်ချက်က အားချိုးက ငယ်လွန်းသေးတာကြောင့်ဖြစ်ပြီး သူ တကယ် မလုပ်ရက်ချေ။ နောက်တစ်ချက်က သူ အားချိုးနဲ့ အတူ အိုမင်းရင့်ရော်သွားချင်ပေမယ့် သူမနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အမြဲတမ်း အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းခဲ့သည်။ မဟုတ်ရင် အားချိုးက သူမ ဒီကို ပြောင်းလာပြီး ခန်ပေါ်မှာ အိပ်ဖို့ ပြောတာကို သူ ငြင်းပယ်ခဲ့မှာ မဟုတ်ပေ။ ဒါပေမယ့် ဒီနေ့၊ ခုနလေးတင် သူ ထိန်းချုပ်မှု လွတ်သွားခဲ့သည်။

ကျုံးမင်းဝေ သူ့ရဲ့ စိတ်ဓာတ်ပျော့ညံ့မှုကို စိတ်ထဲကနေ ရှုံ့ချလိုက်ပြီး သူ့ရဲ့ နှုတ်ခမ်းကို ဆက်တိုက် ပွတ်နေမိသည်။ ခုနက ခံစားချက်က အရမ်း ရှုပ်ထွေးသည်။ အဲ့ဒီလို အထိအတွေ့ ခပ်ဖွဖွလေးသာ ဖြစ်ပေမယ့် ကျုံးမင်းဝေ သူ့ရဲ့ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲကနေ ထွက်တော့မလို ခံစားလိုက်ရသည်။ အဲ့ဒီလို ခံစားချက်မျိုးက အရင်က တစ်ခါမှ မကြုံဖူးပေ။ သူ အဲ့ဒီအကြောင်းကို မတွေးဖို့ သူ့ကိုယ်သူ သတိပေးပေမယ့် အဲ့ဒီ ခံစားချက်ကို ပြန်လည် ခံစားမိနေသည်။

သူ တကယ်ပဲ နောက်တစ်ခါ ထပ်နမ်းချင်နေသည်။

ကျုံးမင်းဝေ အတွေးတွေ တလွင့်လွင့် တွေးနေတုန်း အားချိုး မီးဖိုချောင်ထဲက အသားတွေ သယ်လာတာကို မြင်လိုက်တော့ သူ အပြစ်ရှိသလို ခံစားလိုက်ရပြီး အလျင်အမြန် မျက်နှာလွှဲလိုက်ကာ သူ့လျှာကို ကိုက်လိုက်မိသည်။

အားချိုး အသားတွေ သယ်ပြီး ဝင်လာတော့ ကျုံးမင်းဝေက နာကျင်တဲ့ မျက်နှာနဲ့ ပါးစပ်ကို အုပ်ထားတာကို မြင်လိုက်ရသည်။

အားချိုး သူမလက်ထဲက အသားတွေကို အလျင်အမြန် လွှတ်ချလိုက်ပြီး ခန်ပေါ်ကို တက်လာကာ မေးသည်။

“ဘာလို့ ပါးစပ်ကို အဲ့လောက်ထိ အုပ်ထားတာလဲ”

ကျုံးမင်းဝေ သူ့ရဲ့ ရှက်ရွံ့နေတဲ့ ပုံစံကို အားချိုးအား မမြင်စေချင်တာကြောင့်

“ဟစ်...ဟစ်...”

ဆိုပြီး အသံထွက်ကာ သူ့လက်တွေကို အားချိုးဘက်ကို ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။

“လေးမဟုတ်ဘူး၊ လေးမဟုတ်ဘူး”

“လေးမဟုတ်ဘူး ငါးမဟုတ်ဘူး”

အားချိုး နားမလည်တာကြောင့် ခေါင်းစောင်းပြီး သူ့ကို စနောက်လိုက်သည်။

“ရှင့်မှာ ခြောက်ခု ရှိတာလား”

ကျုံးမင်းဝေရဲ့ မျက်နှာ ချက်ချင်း နက်မှောင်သွားသည်။ အားချိုး နင်းဂုတမှာ ကြာကြာနေခဲ့တာကြောင့် အခုဆိုရင် ဒေသစကား တစ်ခွန်း နှစ်ခွန်းလောက်ကို တခါတရံ ပြောတတ်နေပြီဖြစ်သည်။ အဲ့ဒါကို ကြားရတော့ ကျုံးမင်းဝေ ခေါင်းကိုက်လာသည်။

ကျုံးမင်းဝေ တိတ်နေတာကို ကြည့်ပြီး အားချိုး စိတ်မရှည်တော့ ပေ။

“လေးတောင်းရင် လေးရမှာ မဟုတ်ဘူးလေ”

ကျုံးမင်းဝေ သူမရဲ့ ဘာမဟုတ်တဲ့ လေယူလေသိမ်းကို သေလောက်အောင် မုန်းမိသည်။

“ကောင်းကောင်း မပြောရင် မင်းကို ရိုက်မှာနော်”

အားချိုး သူ့ကို မျက်စောင်းထိုးပြီး ခါးကို လက်နှစ်ဖက်နဲ့ ထောက်ကာ ပိုပြီး ကြမ်းတမ်းတဲ့ ပုံစံနဲ့ ပြောလိုက်သည်။

“လေးယောက်မြောက် အဘိုးကြီးကို ရိုက်ဖို့ နောက်ကျသွားပြီ...”

“အဘိုးကြီး၊ ဘယ်အဘိုးကြီးလဲဘယ်အိမ်က အဘိုးကြီးလဲ ရှင်သူ့ကို သတ်ချင်တုန်းပဲလားဘယ်လို အမုန်းတွေလဲ”

အားချိုး မေးခွန်းတွေနဲ့ ပြည့်နေပြီး ကျုံးမင်းဝေရဲ့ စိတ်ဆင်းရဲနေတဲ့ မျက်နှာကို ကြည့်ကာ သူ့ရဲ့ ပါးစပ်ကို ဆွဲဖွင့်လိုက်သည်။

“ကျွန်မ ကြည့်ဦးမယ်၊ ရှင်က...”

အားချိုး သူ့ရဲ့ လျှာထိပ်လေး နီရဲနေတာကို ကြည့်ပြီး ရုတ်တရက် ရယ်လိုက်သည်။

“ဟာ ဟား ဟား ရှင်နဲ့ တန်တယ် နောက်ကို မကောင်းတာတွေ လုပ်ရဲသေးလား ကြည့်ရမယ် ရှင်နဲ့ တန်တယ်”

ကျုံးမင်းဝေ “...”

အားချိုး သူ့ကို သုံးကြိမ်တိုင်

“ရှင်နဲ့ တန်ပြီ”

ဟု အော်ပြောပြီး ခန်အောက်ကို ဆင်းကာ သီချင်းလေး တညည်းညည်းနဲ့ ချက်ပြုတ်နေတော့သည်။

ကျားရှန် သုံးဆယ့်နှစ်ခုနှစ် အောက်တိုဘာလ ခြောက်ရက်။ မြို့တော်တွင်

ကိုယ်လုပ်တော်ကျောက်ဟာ ဒီရက်ပိုင်းအတွင်း စိတ်ချမ်းသာနေသည်။ စတုတ္ထမင်းသားရဲ့ ပညာရေး တိုးတက်လာပြီး ကျုံးဇီဟန်ရှေ့မှာ ချီးကျူးခံရတာတွေ များလာသည်။ တတိယမင်းသားရဲ့ နန်းတော်က သတင်းကောင်းတွေကြောင့် သူမ ပိုပြီး ပျော်ရွှင်နေသည်။

တကယ်တော့ သူမက တတိယမြောက် မိဖုရားနဲ့ တအန်းမိသားစုရဲ့ ချွေးမကို အစကတည်းက မကြိုက်ဘူး။ တအန်းမိသားစုမှာ မိခင်ရဲ့ ရာထူးနိမ့်တာကြောင့် သူတို့ရဲ့ ကျောက်မျိုးနွယ်နဲ့ မတန်လို့ မုန်းတာ မဟုတ်ပေ။ ပညာတတ်မျိုးနွယ်ဖြစ်ပြီး ဂုဏ်သရေရှိတဲ့ အိမ်ထောင်စုဖြစ်တာကြောင့် ရာထူးနိမ့်တာ မရှိ။ ကိုယ်လုပ်တော်ကျောက် မုန်းတာက အန်းမိသားစုရဲ့ လောဘမရှိတဲ့ စိတ်ဓာတ်ကိုပင်။

သူမ တတိယမင်းသားနဲ့ တအန်းမိသားစုရဲ့ သမီးကို စောစောစီးစီး လက်ဆက်ပေးခဲ့တာ ထင်ရှားသည်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာတင် သူတို့က အရှေ့နန်းတော်နဲ့ ထပ်လက်ဆက်ပေးခဲ့သည်။ ခေါင်းနှစ်လုံး ပေါက်တာ ထင်ရှားနေတာကြောင့် ကိုယ်လုပ်တော်ကျောက် သေချာပေါက် မုန်းမှာ မဟုတ်လော။

သဘာဝကျကျပင်။ နှစ်တွေကြာလာတာနဲ့အမျှ တအန်းမိသားစုနဲ့ တတိယမင်းသားတို့ဟာ ပြင်းထန်တဲ့ စကားများမှုတွေ ရှိခဲ့တာကို နန်းတော်တစ်ခုလုံး သိကြသည်။ ဒါပေမယ့် ကိုယ်လုပ်တော်ကျောက် ဘယ်တော့မှ မမေးမြန်းခဲ့ပေ။ သူမက သူမရဲ့ သားတော်ကို အန်းမိသားစုရဲ့ သမီးနဲ့ ကွာရှင်းစေချင်ပေမယ့် ဘုရင်မင်းမြတ်ရဲ့ အလိုတော်ကို ဘယ်လို လွန်ဆန်နိုင်မည်နည်း။ တအန်းနဲ့ ရှောင်အန်း နှစ်ဦးစလုံးဟာ အမိန့်တော်နဲ့ လက်ဆက်ခဲ့ကြတာကြောင့် တတိယမင်းသားက သူ့ရဲ့ ဇနီးကို ကွာရှင်းချင်ရင် ဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက်ကို ရယူရမှာ သဘာဝကျသည်။

All Chapters