အခန်း (၁၇၈-၁၈၀)
Vol. 6 Ch. 178-180
အခန်း ၁၇၈။ မြှုပ်ထားသော ငွေ
“ဒီမှာ ထားလို့ မဖြစ်ဘူး လုံးဝ မဖြစ်ဘူး”
နောက်တစ်စက္ကန့်မှာ အားချိုးဟာ အရမ်းအလုပ်များသွားပြီး မျက်နှာအား လွှဲကာ သူ့ကို ညည်းညူလိုက်သည်။
“ဒီမှာ ထားလို့ကို မဖြစ်ဘူး”
“ဘာဖြစ်လို့လဲ”
ကျူံးမင်းဝေ နားမလည်နိုင်ပေ။
“ဒီမှာ ဘာလို့ ထားလို့မရတာလဲ”
“ဒီ ငွေသေတ္တာနှစ်လုံးကြောင့်နဲ့ ကျွန်မ ရက်ပေါင်းများစွာ ကောင်းကောင်း အိပ်မပျော်ခဲ့တာ ရှင် မသိဘူး၊ မျက်လုံးဖွင့်တာနဲ့ မြင်နေရပြီး မျက်လုံးမှိတ်လိုက်ရင်လည်း စဉ်းစားနေမိတယ်၊ စုစုပေါင်း ငွေပြား၅၀၀တဲ့။ ဒါကြောင့် လုံးဝ အိပ်မပျော်နိုင်ဘူး...”
အားချိုးက ကျူံးမင်းဝေကို ညည်းညူပြီး မျက်လုံးအဝိုင်းလေးတွေနဲ့ တလှည့်စီ မှိတ်ပြသည်။ ဘယ်လောက် သနားစရာကောင်းလဲ မပြောနဲ့တော့။
“ဒီမှာ ထားရင် ကျွန်မ တစ်သက်လုံး ကောင်းကောင်း အိပ်မရမှာ ကြောက်တယ်”
ကျူံးမင်းဝေက သူ့ရဲ့ သနားစရာ မျက်နှာလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်ပေမယ့် ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ လက်ကို ဆန့်တန်းပြီး သူ့ရဲ့ နုဖတ်ပြီး ချောမွတ်တဲ့ ပါးပြင်လေးကို ဆွဲညှစ်လိုက်သည်။
“မင်းက အသက်သိပ်မကြီးသေးပေမယ့် ငွေကို တော်တော် လိုချင်တဲ့သူပဲ”
“ကျွန်မ ငွေလိုချင်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မ ဆင်းရဲသားအဖြစ် မွေးဖွားလာတာလေ၊ မဟုတ်ရင် ဒီငွေသေတ္တာနှစ်လုံးနဲ့ ဒီလို အနှောင့်အယှက် မခံရဘူးပေါ့။ ကျွန်မဘဝက နေ့စဉ်သုံးကုန်လေးတွေနဲ့ သေးသေးလေးပဲ နေထိုင်ဖို့ သင့်တော်တယ်ဆိုတာ သိသာတယ်”
အားချိုးက နည်းနည်း စိတ်ဓာတ်ကျပြီး နည်းနည်းလည်း ဒေါသထွက်ကာ လက်ကို ဆန့်တန်းပြီး ကျူံးမင်းဝေရဲ့ လက်ကို ဖယ်ထုတ်လိုက်သည်။ သူမ မျက်လုံးနဲ့ စိုက်ကြည့်ပြီး ညည်းညူလိုက်သည်။
“ရှင်က ကျွန်မလို တန်ဖိုးမရှိတဲ့သူကို အထင်သေးမှာ သေချာတယ်”
“မင်းက ငွေကို မျက်စိနောက်တယ်လို့ ထင်ရင် မြှုပ်ထားလိုက်ရအောင်၊ ပြီးတော့ကိုယ်တို့မှာ အရင်ကတည်းက ငွေပြားငါးရာ မရှိခဲ့ဘူးလို့ ဟန်ဆောင်ကြတာပေါ့”
“ကောင်မလေး၊ မင်းပြောတဲ့ အဲ့ဒီလို တင်းတင်းကျပ်ကျပ် နေထိုင်ရတဲ့ ဘဝလေးကို ကိုယ်လည်း ကြိုက်ပါတယ်။”
အားချိုး ပျော်သွားပြီး နည်းနည်း ရယ်ချင်လာပေမယ့် မျက်နှာကို မဖုံးနိုင်တော့ဘဲ နောက်ဆုံးတော့ မျက်လုံးကို လှန်လိုက်ပြီး ပါးပြင်မှာ ချိုင့်ဝင်သွားသည်။
“ဟုတ်ပြီ၊ ငွေကို မြှုပ်ကြစို့”
ကျူံးမင်းဝေက သူမရဲ့ အသားပေါ်က ပဲစေ့လောက်ရှိသည့် ချိုင့်ဝင်နေတဲ့ ပါးပြင်လေးကို ကြည့်ပြီး ခဏလောက် ပါးစပ်ခြောက်သွားတာကို မခံစားဘဲ မနေနိုင်တော့ပေ။ သူ အလျင်အမြန် မျက်လုံးလွှဲလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“အင်း၊ မြှုပ်လိုက်၊ ကိုယ်တို့ မလိုချင်တော့ဘူး။”
“ဘာလို့ မလိုချင်ရမှာလဲ ငွေတွေ အများကြီးလေ၊ ငွေပြားငါးရာ ကျွန်မတို့ တစ်သက်လုံး သုံးဖို့ လုံလောက်တယ်”
အားချိုးဟာ ကျူံးမင်းဝေရဲ့ လက်ကို အလုအယက် ဆွဲကိုင်ပြီး ဟိုဘက်ဒီဘက် လှုပ်ခါနေသည်။ သူမ စိတ်ကောင်းဝင်နေတာ ထင်ရှားပြီး ကျူံးမင်းဝေနောက်ကို တကောက်ကောက် လိုက်ကာ သူမရဲ့ ဘဝအစီအစဉ်အကြောင်း ပြောနေသည်။
“ကြည့်ပါဦး ကျူံးမင်းဝေ၊ ကျွန်မတို့ ငွေကို မြှုပ်ထားပြီး နှစ်လလောက်ကြာရင် တစ်ပြား ပြန်တူးမယ်၊ အဲဒါဆိုရင် ကျွန်မတို့ အသားစားပြီး ဟင်းချိုသောက်ဖို့ လုံလောက်ပြီ။ အခုဆိုရင် ဝက်သားတင် မကဘူး၊ သိုးသား၊ ကြက်သား၊ ယုန်သားလည်း စားလို့ရပြီ။ ဟေး၊ စားချင်သလောက် စားလို့ရတယ်နော်၊ ပြီးတော့ ရှင် ဝတ်ဖို့ ချည်ထည်အင်္ကျီအသစ် လုပ်ဖို့ လုံလောက်တယ်၊ အကောင်းဆုံး ချည်သားလည်း ထည့်လို့ရသေးတယ် ဟေးဟေး”
ကျူံးမင်းဝေက အားချိုးရဲ့ မျက်နှာပေါ်က တောက်ပတဲ့ အပြုံးကို ကြည့်လိုက်သည်။ သူ့လက်ကို ဆုပ်ကိုင်ပြီး လှုပ်ခါနေတဲ့ လက်ကလေးကို ကြည့်မိတော့ သူ့နှလုံးသားဟာ အရည်ပျော်လုနီးပါး ဖြစ်သွားရသည်။
ဒါက သူ့ရဲ့ ကလေးမလေး၊ ဒါက သူ ကောက်ယူရရှိခဲ့တဲ့ ရတနာလေးပင်။
“အဲ့ဒါကို နောက်နှစ် နွေဦးပေါက်မှ မြှုပ်လို့ရမှာ။ အခု မြေကြီးက မာပြီး အေးခဲနေပြီ”
အားချိုးက ကျူံးမင်းဝေရဲ့ ပေါင်ကို ညင်သာစွာ နှိပ်နယ်ပေးရင်း မျက်စိမှေးပြီး ပြုံးကာ ပြောလိုက်သည်။
“ရှင်က ပဲစိုက်မယ်၊ ဥယျာဉ်ကို ပေါင်းသင်ပြီး ရေလောင်းမယ်၊ ကျွန်မက ငွေမြှုပ်ဖို့ တာဝန်ယူမယ်။ ဟေး၊ ရှင်မသိတဲ့ နေရာမှာ မြှုပ်ရမယ်။ နောင်မှာ ရှင် ကျွန်မကို အနိုင်ကျင့်ရဲရင် ကျွန်မ ထွက်သွားပြီး ငွေတွေကို အကုန် ယူသွားမယ်တစ်ပြားတောင် ရှင်အတွက် မချန်ထားဘူး ဟဲဟဲဟဲ”
“ဒါဆိုရင် ဒီ ငွေပြားငါးရာကို ပေးမယ်လေ၊ကိုယ် မင်းကို ဒီဘဝမှာ လိုချင်တယ်၊ မဟုတ်ရင် သိုးသား၊ ကြက်သား၊ ယုန်သားဆိုတာထားဦး၊ကိုယ် ရေတောင် သောက်စရာ ရှိမှာမဟုတ်ဘူး။”
ကျူံးမင်းဝေရဲ့ နှလုံးသားဟာ ဒီထက်ပို ချိုမြိန်ပြီး နွေးထွေးနိုင်စရာ မရှိတော့ ပေ။ သူ ဘာမှ မပြောဘဲ အားချိုးရဲ့ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးပြီး တင်းတင်းကျပ်ကျပ် ကျစ်ထားတဲ့ ဆံမြီးတွေကို ဖြည်ပေးလိုက်သည်။
ဒါပေမဲ့ ဘာဖြစ်လဲ သူ နောက်တစ်ခါ ပြန်ကျစ်ပေးနိုင်တာပဲ။
သူတို့မှာ ကောင်းမွန်တဲ့ နေ့ရက်တွေ အများကြီး ရှိနေသေးသည်ပင်။ သူ နေ့တိုင်း သူမကို ပြန်ကျစ်ပေးနိုင်သည်။
အခန်း ၁၇၉။ ကောင်မလေး၊ မင်း ဒါကို အသားကျရမယ်
“တကယ် အေးလိုက်တာ”
အိမ်ထဲက ထင်းတွေ ကုန်သွားတော့ အားချိုးက မီးဖိုချောင်မှ ထင်းတွေ သယ်ပြီး ညည်းညူသည်။ သူမ ဝင်လာတော့ အေးခဲပြီး တုန်နေသည်။
“မြို့တော်မှာ အောက်တိုဘာလတုန်းက အအေးဆုံးအချိန်ထက်တောင် ပိုအေးတယ်”
“လာပါဦး၊ နွေးအောင်လုပ်လိုက်”
ကျူံးမင်းဝေ စိတ်မကောင်းဖြစ်သွားပြီး အိုးထဲက ကြံသကာနဲ့ ဂျင်းပြုတ်ရည်နွေး တစ်ခွက်ကို ယူလာကာ အားချိုးရဲ့ ကိုယ်ပေါ်က ထင်းတွေကို ချပေးရင်း စိတ်မကောင်းစွာ ပြောလိုက်သည်။
“နောက်တစ်ခါ လျှော့သယ်၊ တစ်ခါတည်း အများကြီး မသယ်နဲ့”
“ရပါတယ်၊ ကျွန်မ မပင်ပန်းပါဘူး၊ ဒါဆို နောက်တစ်ခေါက် ထပ်သွားစရာ မလိုတော့ဘူး”
အားချိုးက ဖိနပ်ချွတ်ပြီး ခန်ပေါ်တက်လိုက်သည်။ ကျူံးမင်းဝေ စောင်ခြုံပေးနေတုန်း သူမက ကြံသကာနဲ့ ဂျင်းပြုတ်ရည်နွေးကို “ဂလု” ကနဲ တစ်ခါတည်း သောက်လိုက်သည်။
“ရှင်ဘာလို့ ဒီဂျင်းပြုတ်ရည်နွေးကို ထပ်တည်နေတာလဲ”
အားချိုးက ခွက်ကို ချပြီး ခေါင်းစောင်းကာ ကျူံးမင်းဝေကို မေးလိုက်သည်။ ကျူံးမင်းဝေ မဖြေခင်မှာ အားချိုး မျက်နှာ ရုတ်တရက် နီရဲသွားလေသည်။ သူ ဘာကို ဆိုလိုမှန်း ထင်ရှားစွာ နားလည်သွားသည်။ သူမ ကျူံးမင်းဝေကို ရှက်ရွံ့စွာ မေးလိုက်သည်။
“ဒါ... နောက်လလည်း ဒီလောက် မြန်မြန် ရောက်လာတာလား မဟုတ်သေးဘူးထင်တယ်”
“ရက်အနည်းငယ် ကြိုသောက်လိုက်ပါ၊ ဒါမှ မင်းအဆင်မပြေတဲ့အခါ ဗိုက်နာတယ်လို့ မညည်းညူရတော့မှာ”
ကျူံးမင်းဝေက ရှက်ရွံ့ခြင်း မရှိ ပေ။ သူ ပြောနေရင်း စောင်ထဲကို လက်ထည့်ပြီး အားချိုးရဲ့ ခြေထောက်တွေကို ဆွဲယူကာ ဘာမှ မပြောဘဲ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“မင်းရဲ့ ခြေထောက်တွေ ဘာလို့ အမြဲတမ်း ဒီလောက် အေးနေတာလဲ”
အားချိုး အရမ်းရှက်နေသည်။ အဲ့ဒီနေ့က ကျူံးမင်းဝေနဲ့ ရေချိုးကန်ထဲမှာ အတူ ရေချိုးပြီးကတည်းက အားချိုးဟာ ကျူံးမင်းဝေက သူမ အပေါ် ပိုပိုပြီး စည်းမဲ့ကမ်းမဲ့ ဖြစ်လာတာကို သတိထားမိသည်။ အချိန်တိုင်းလိုလို ထိကိုင်လာသည်။ ဟုတ်သည်၊ အားချိုးက ကျူံးမင်းဝေရဲ့ လက်တွေနဲ့ ခြေထောက်တွေကို မုန်းတီးတာတော့ မဟုတ်ပေ၊ ဆန့်ကျင်ဘက်အနေနဲ့ သူမ အရမ်းကြိုက်သည်။ ဒါပေမဲ့ သူမ ရှက်နေတာမိတာပင်။
ကျူံးမင်းဝေက ဟိုဘက်ဒီဘက် လှုပ်ရှားနေတဲ့ ခြေထောက်လေးနှစ်ဖက်ကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့ရဲ့ အပေါ်ဝတ်ရုံကို ချွတ်နေရင်း ခြေထောက်လေးနှစ်ဖက်ကို အတွင်းဘက်ကို တွန်းထည့်လိုက်သည်။ အဲ့ဒီ အေးစက်နေတဲ့ ခြေထောက်လေးတွေကို တတ်နိုင်သလောက် မြန်မြန် နွေးထွေးစေချင်သည်။ စဉ်းစားကြည့်ရင် ဒါက သူ အားချိုးအတွက် လုပ်ပေးနိုင်တဲ့ အနည်းငယ်သော ကိစ္စတွေထဲက တစ်ခုပင်။
အားချိုးရဲ့ မျက်လုံးတွေ နီရဲလာပြီး ခြေဖဝါးက နွေးထွေးမှုက သူမ နှလုံးသားကို ခြေထောက်ကနေတစ်ဆင့် နွေးထွေးလာစေသည်။ သူမ ခြေထောက်အောက်မှာ ကျူံးမင်းဝေရဲ့ ရင်ဘတ်ရှိပြီး သူမဟာ ယောက်ျားရဲ့ ရင်ဘတ်ရဲ့ နူးညံ့မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ အဲ့ဒီအောက်က နှလုံးခုန်သံဟာ တအား အသံကျယ်ပြီး အားကောင်းတာကြောင့် သူမခန္ဓာကိုယ်ထဲက အာရုံခံစားမှုအားလုံးကို လွှမ်းမိုးနေသည်။
ကျူံးမင်းဝေက သူ့နှုတ်ခမ်းကို အားချိုးဆီ ဆွဲယူပြီး ညင်သာစွာ ပြုံးလိုက်သည်။
အားချိုးရဲ့ နှုတ်ခမ်းတွေ တုန်ယင်သွားပြီး သူမ ဘာမှ ထပ်မပြောတောပေ။ သူမ ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး ခြေထောက်တွေ မလှုပ်တော့ဘဲ ယောက်ျားရဲ့ ရင်ခွင်ထဲမှာ နာခံစွာ ထည့်ထားလိုက်သည်။
ခြေထောက်တွေ နွေးသွားပြီးနောက် ကျူံးမင်းဝေက အားချိုးရဲ့ ခြေထောက်တွေကို စောင်အောက် ပြန်ထည့်ပေးလိုက်ပြီး သူ့ရဲ့ အပေါ်ဝတ်ရုံကို ခါးပတ်ပြန်တပ်ရင်း အားချိုးကို မေးလိုက်သည်။
အားချိုးက တံတောင်နဲ့ ထောက်ပြီး ထထိုင်ရင်း ခန်ပေါ်က အပ်ချုပ်ခြင်းတောင်းကို ဆွဲယူကာ တောက်ပတဲ့ အဝါရောင် ပိုးချည်ကို ဆွဲထုတ်၍ ကျူံးမင်းဝေကို ပြောလိုက်သည်။
“’မင်္ဂလာ’ ဆိုတဲ့ စာလုံး ရှစ်လုံး ကျန်သေးတယ်။ အကုန်လုံး ထိုးပြီးပြီ”
“မိန်းကလေး အများအပြားက ဒီမင်္ဂလာဝတ်စုံကို ရဖို့ နှစ်ပေါင်းများစွာ ထိုးရတယ်လို့ ကြားဖူးတယ်၊ မင်း တစ်နေကုန် ထိုးနေတာကို ကိုယ် မမြင်ရပေမဲ့ ဒါတောင် ဒီလောက်ထိ မြန်နေသေးတယ်”
“ဟုတ်တယ်လေ၊ ကျွန်မလက်တွေက မြန်တယ်၊ မြန်ရုံတင် မကဘူး၊ ပန်းထိုးလည်း ကောင်းတယ်၊ ဟဲဟဲ”
အားချိုးက နည်းနည်း မာနထောင်ပြီး သူ့ခေါင်းပေါ်က အပ်ချည်အပ်ကို ပွတ်သပ်လိုက်ကာ ပန်းထိုးစလုပ်တော့သည်။
ရွှေရောင် ပိုးချည်ဟာ တောက်ပြောင်တဲ့ အနီရောင် ဖဲသားကို ဖောက်ထွက်သွားပြီး “မင်္ဂလာ” ဆိုတဲ့ စာလုံး စတင်ပေါ်လာသည်။
အားချိုးဟာ ပန်းထိုးအလုပ် စလုပ်ပြီဆိုရင် အမြဲတမ်း အရမ်းအာရုံစိုက်သည်။ သူမက ခေါင်းငုံ့ကာ အရမ်းမြန်မြန် ထိုးနေခဲ့သည်။ တစ်ချက်ပြီး တစ်ချက်။
ကျူံးမင်းဝေက သူမကို နောက်ထပ် အနှောင့်အယှက် မပေးတော့ဘဲ ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး အားချိုး ပန်းထိုးနေတာကို ကြည့်နေသည်။ ခုနက သူ့ခြေထောက်တွေကို ဆုပ်ကိုင်ထားတဲ့ လက်ကလေးတွေဟာ အခုတော့ သေးငယ်တဲ့ ပန်းထိုးအပ်တွေကို ကိုင်ပြီး လျင်မြန်စွာ ထိုးလိုက် ဆွဲလိုက် လုပ်နေသည်။ ခဏကြာတော့ “ဆယ်” ဆိုတဲ့ စာလုံးလေး ပေါ်လာပြီး “မင်္ဂလာ” ဆိုတဲ့ စာလုံးဟာ ပိုပိုပြီး ရှင်းလင်းလာသည်။
ကျူံးမင်းဝေက သေးငယ်တဲ့ “မင်္ဂလာ” စာလုံးကို ကြည့်ပြီး သူ့နှလုံးခုန်နှုန်း မြန်သွားသည်။ သူ့ရဲ့ အကြည့်ဟာ မပေါ်သေးတဲ့ “မင်္ဂလာ” စာလုံးကနေ ဖြည်းဖြည်းချင်း အပေါ်ကို ရွေ့လျားသွားကာ အဲ့ဒီ ဖြူဖွေးတဲ့ လက်တွေကနေ အားချိုး ပခုံးပေါ် တင်ထားတဲ့ လက်ဆီကို ရောက်သွားသည်။ထို့နောက် ကျစ်ဆံမြီးတွေရှိတဲ့ လည်ပင်းပေါ်က နီညိုရောင် အမာရွတ်ဆီ ရောက်သွားပြီး နောက်ဆုံးတော့ အားချိုးရဲ့ ဖြူဖွေးပြီး နူးညံ့တဲ့ ဘေးတစောင်း မျက်နှာပေါ်မှာ ရပ်တန့်သွားခဲ့သည်။
အခန်း ၁၈၀။
မကြာသေးခင်က သက်သောင့်သက်သာ နေထိုင်ခဲ့လို့ ဖြစ်နိုင်သည်။ အားချိုးရဲ့ အသားအရေဟာ သူမ နင်းဂုတကို ပထမဆုံး ရောက်လာတုန်းကထက် အများကြီး ပိုနူးညံ့လာသည်။ ပထမတော့ ကြည့်လိုက်တာနဲ့ ကျန်းမာရေး မကောင်းတဲ့ အဝါရောင်သန်းတဲ့ အဖြူရောင်ဖြစ်ပေမဲ့ အခုတော့ ပန်းရောင်သန်းပြီး ကျန်းမာတဲ့ အဖြူရောင်ဖြစ်လာသည်။ အခွံခွာထားပြီး ပြုတ်ထားတဲ့ ကြက်ဥနဲ့ တကယ်တူသည်။
ကျူံးမင်းဝေဟာ အားချိုးရဲ့ ဘေးတစောင်း မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ သူကိုယ်တိုင်ပင် မသိနိုင်သော အကြည့်မျိုးနှင့် သူမကို စိုက်ကြည့်နေမိပြီး အခြားသူများတွေ့လျှင်ပင် သူ့မျက်လုံးထဲမှ လေးနက်သည့် ချစ်ခြင်းတရားကို အလွယ်တကူ ခံစားမိနိုင်သည်။ ထိုသူသည် အကြည့်တစ်ချက်နှင့်ပင် အခြားသူများအား ကြောက်ဒူးတုန်အောင် လုပ်နိုင်သော်လည်း အခုတော့ သူအကြည့်တွေက နူးညံ့မှုအပြည့်ရှိကာ တစ်စုံတစ်ဦးကို လွှမ်းမိုးနိုင်အောင် စေစားနေခဲ့သည်။
ဒါက သူ တစ်နေကုန် မြင်တွေ့နေရတဲ့သူပင်။ ပြီးတော့ သူမမှာ တိုင်းပြည်ကို လှုပ်ခတ်စေနိုင်တဲ့ မျက်နှာမျိုးလည်း မရှိခဲ့။ ဒါပေမဲ့ ဒါက သူ့ရဲ့ နှလုံးသားဖြစ်ပြီး၊ သူ့ဘဝမှာ ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်တဲ့ မျက်နှာလေးပင်။
ဒါပေမဲ့ ဒီအချိန်မှာ သူ့နှလုံးသားဟာ တခြားသူတွေအတွက် မင်္ဂလာဝတ်စုံတွေ လုပ်ပေးဖို့ အာရုံစိုက်နေသည်။ သူ တကယ်ကို စိတ်မချမ်းသာပေ။
သူ ခြေထောက်တွေကို ပွတ်နေရင်း နောက်နှစ် မြန်မြန်ရောက်ဖို့ စောင့်နေသည်။ နွေဦး စတာနဲ့ သူ သက်သာလာလိမ့်မည်။ သူ တောင်အောက်ကို ဆင်းပြီး သူ့နှလုံးသားအတွက် အကောင်းဆုံး ပိုးသားနဲ့ ဖဲသားတွေကို ဝယ်မည်။ ပြီးတော့ အကောင်းဆုံး ပန်းထိုးဆရာကို သူ့နှလုံးသားအတွက် သီးသန့် ဖီးနစ်သရဖူကို လုပ်ခိုင်းမည်။
ဒါပေမဲ့ ဒီမိန်းကလေးက တခြားသူတွေရဲ့ ပန်းထိုးလက်ရာကို အထင်သေးနိုင်သည်။ သူမ ကိုယ်တိုင် ထိုးမယ်လို့ အတင်းအကျပ် ပြောနေမှာ သေချာလောက်သည်။
အဲ့ဒါက ကိစ္စမရှိချေ၊ အချိန်တန်ရင် သူမကို ထိုးခိုင်းလိုက်မည်၊ သူမ ကြိုက်တဲ့ ပန်းတွေကို ထိုးခိုင်းမည်ဖြစ်ပြီး သူမ လုပ်ချင်တဲ့အရာရာကိုလည်း လုပ်ခိုင်လိုက်မည်။
စဉ်းစားနေရင်း ကျူံးမင်းဝေဟာ သူ့နှုတ်ခမ်းကို မထိန်းနိုင်ဘဲ ဆွဲလိုက်မိသည်။ အားချိုးဟာ “မင်္ဂလာ” ဆိုတဲ့ စာလုံးရဲ့ တစ်ဝက်ကို ထိုးပြီးသား ဖြစ်နေတာကို သူ မြင်လိုက်ရသည်။ “မင်္ဂလာ” စကားလုံး ဟာ လက်သည်းခွံလောက်သာ ရှိသည်။ တစ်ဝက်ပဲ ထိုးရသေးပေမဲ့ အင်မတန် လက်ရာမြောက်ပြီး လှပသည်။ ကျူံးမင်းဝေတင် မက၊ အားချိုးကိုယ်တိုင်လည်း အရမ်းကျေနပ်သည်။ သူမရဲ့ နာကျင်နေတဲ့ ခါးကို ဆန့်လိုက်ချိန် ကျူံးမင်းဝေက နောက်ထပ် ကြံသကာနဲ့ ဂျင်းပြုတ်ရည်နွေး တစ်ခွက်ကို ယူလာပေးခဲ့သည်။
“ခုနကမှ သောက်ပြီးတာ မဟုတ်ဘူးလား ဘာလို့ ထပ်သောက်ရမှာလဲ”
အားချိုးက နည်းနည်း စိတ်မချမ်းသာသလို ညည်းညူသည်။ သူမ စွန်ပလွံရည်နွေး သောက်ရတာကို ကြိုက်တာ မှန်ပေမဲ့ အမြဲတမ်း သောက်နေရမှာကိုတော့ သည်မခံနိုင်ပေ။
“မင်း အဲ့ဒါကို သောက်ရမယ်လေ”
ကျူံးမင်းဝေက သူမကို တိုက်တွန်းပြီး သည်းခံစွာ ချော့မြှူသည်။
“တကယ် စကားများလိုက်တာ၊ အရာရာကို ဂရုစိုက်နေတာပဲ။ တခါတလေကျရင် ရှင်က ကျွန်မရဲ့ အဖေနဲ့ တူတယ်လို့ အမြဲတမ်း ခံစားရတယ်”
အားချိုးက တိုးတိုးလေး ညည်းညူသည်။ နောက်ဆုံးတော့ သူမဟာ နာခံစွာဖြင့် ကြံသကာနဲ့ စွန်ပလွံရည်နွေးကို သောက်ဖို့ သွားပေမဲ့ အကုန်တော့ မသောက်လိုက်ပေ။ ကျန်တဲ့ ကြံသကာနဲ့ ဂျင်းပြုတ်ရည်နွေး တစ်ဝက်ကို ကျူံးမင်းဝေဆီ ပေးပြီး သူ့ကို တောက်လျှောက် ညည်းညူနေသည်။
“တော်ပြီ၊ ကျွန်မ တကယ် မသောက်နိုင်တော့ဘူး၊ ညစာတောင် မစားနိုင်တော့ဘူး”
“နားလည်ပြီ”
ကျူံးမင်းဝေက ပြုံးပြီး ခေါင်းငုံ့ကာ ချိုမြိန်ပြီး အီဆိမ့်တဲ့ စွန်ပလွံရည်နွေး တစ်ဝက်ကို သောက်လိုက်သည်။
ကျားရှန်နှစ် ၃၂၊ အောက်တိုဘာလ ဆယ်ရက်နေ့၊ နင်းဂုတ
ဒီရက်ပိုင်း ကြံသကာနဲ့ စွန်ပလွံရည်နွေးတွေ သောက်ခဲ့ပေမယ့် ဒီတစ်ခါလည်း အားချိုးရဲ့ ဗိုက်က နာနေတုန်းပင်။ အားချိုးဟာ မွန်းတည့်ကတည်းက ညည်းညူနေရသည်။ ယောက်ျားက သူ့ဗိုက်ကို ပွတ်ပေးနေခဲ့သည်။
အခန်းထဲရှိ ခန်ပေါ်မှာ မီးဖိုထားပေမယ့် လုံးဝကြီး မအေးတာတော့ မဟုတ်ပေ။
“ကျွန်မ မသောက်ချင်တော့ဘူး၊ အခု ကျွန်မရဲ့ အသက်ရှူသံက ဂျင်းနံ့လို ဖြစ်နေပြီ”
အားချိုး မပျော်ပေ၊ သူမ ညည်းညူပြီး ယောက်ျားရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ သူ့ရဲ့ ခါးကို လက်နဲ့ ရစ်ပတ်ထားသည်။ သူမက ချွဲနွဲ့တဲ့ နို့စို့ကလေးလေးလို ပြောသည်။
ဒီစကားက အမှန်ပင်။ ဒီတစ်ခါ အားချိုးရဲ့ ဗိုက်က နာနေတုန်းပဲဆိုပေမယ့် နည်းနည်းပဲ နာတာဖြစ်သည်။ တကယ်တော့ သူမသာ နည်းနည်းလေး သည်းခံလိုက်ရင် သက်သာသွားမှာပင်။ ဒါပေမယ့် သူမ ကျူံးမင်းဝေကို မပြောချင် ပေ။ ထို့ကြောင့် အရင်ကလို တိုးတိုးလေး ညည်းညူဟန်ဆောင်နေခဲ့သည်။ လတိုင်း ဒီရက်အနည်းငယ်မှာ ကျူံးမင်းဝေနဲ့ ဒီလောက် နီးနီးကပ်ကပ်နေရတာကို သူ စောင့်မျှော်နေတယ်ဆိုတာ ကျူံးမင်းဝေအား မသိစေချင်ပေ။
ကျူံးမင်းဝေက အားချိုးဟာ ကလေးဆိုးလေးလို လုပ်နေမှန်း သိတော့ သူ စိတ်မပူတော့ဘဲ အားချိုးရဲ့ ဗိုက်ကို ပွတ်ပေးနေသည်။ မကြားသေခင်ကမှ အားချိုး၏ ကိုယ်ပေါ်တွင် အသားများတတ်လာခဲ့သည်။ အရင်က ပိန်ချုံးနေခဲ့သော်လည်း အခုတော့ ကျူံးမင်းဝေဟာ သူမ အဝတ်အစားတွေကနေ တစ်ဆင့် နူးညံ့မှုကို ခံစားနိုင်ပြီဖြစ်သည်။
“ဗိုက်နာရင် လောင်ရှုန်းကို ရှာ။ လောင်ရှုန်းအိမ်မှာ မရှိရင် စန်ဘ ကို ရှာ။ စန်ဘ က အိမ်မှာ ဓားသွေးနေတော့ ကလေးကို ဂရုစိုက်ဖို့ကြောက်တယ်။ နာလား မနာတော့ဘူး...”