အခန်း (၁၈၁-၁၈၃)
Vol. 6 Ch. 181-183
အခန်း ၁၈၁။ ရူးကြောင်ကြောင်တွေ လုပ်နေတာကို ရပ်လိုက်စမ်းပါ
“သီချင်းမဆိုနဲ့”
အားချိုး မျက်စိမှေးပြီး စကားတွေကို လေးလေးကန်ကန်နှင့် ပြောလိုက်သည်။
“ရှင်သီချင်းဆိုရင် ကျမအိပ်ချင်လာတယ်...”
“ဒါဆို ခဏလောက် အိပ်လိုက်လေ”
ကျုံးမင်းဝေက ပြန်ပြောသည်။
“မရဘူးလေ၊ ခဏနေရင် ပန်းထိုးရဦးမယ်”
အားချိုးက သန်းဝေရင်း တဝဲဝဲပြော၏။
“ပန်းကန်တွေလည်း မဆေးရသေးဘူး၊ ပြီးတော့ ဟင်းသီးဟင်းရွက်တွေ အချဉ်တည်ဖို့ မြေအိုးသွားဝယ်ရဦးမယ်...”
“ပန်းထိုးတာကို မွန်းလွဲပိုင်းမှ လုပ်လေ။ ပန်းကန်ဆေးတာ ကိုယ်လုပ်ပေးမယ်၊ ပြီးတော့ မင်းသက်သာမှ မြေအိုးတွေ သွားဝယ်ကြတာပေါ့”
ကျုံးမင်းဝေက သူ့ရဲ့ လက်ကြီးတွေနဲ့ အားချိုးရဲ့ နဖူးပေါ်က ဆံပင်စလေးတွေကို သပ်တင်ပေးသည်။ နူးညံ့တဲ့ ဆံပင်လေးတွေက ကျစ်ဆံမြီးလည်း ကျစ်လို့မရဘဲ တစ်နေကုန် နဖူးပေါ်မှာ လွင့်နေသည်။ ရှုပ်ပွပေမယ့် လှပနေခဲ့သည်။
ဟုတ်တယ်လေ၊ ဘယ်လောက်တောင် လှလိုက်သလဲနော်။
ကျုံးမင်းဝေက နူးညံ့တဲ့ အဝါရောင် ဆံပင်လေးတွေကို ပွတ်သပ်နေရင်း သူ့ရင်ထဲမှာ အရည်ပျော်သွားတော့မလိုပင်။
နေရောင်ခြည်က ပြတင်းပေါက်ကနေ ဖြတ်သန်းပြီး အခန်းထဲကို လင်းထိန်နွေးထွေးစေသည်။ အားချိုးပြောတာ မှန်သည်၊ တောင်ဘက်နံရံကို မှီပြီး အိပ်ရတာ တကယ်ကို သက်တောင့်သက်သာ ရှိပေသည်။
နေရောင်ခြည်နဲ့ ဒီလူသားရဲ့ ရင်ခွင်ထဲမှာ နစ်မြောနေတဲ့ အားချိုး မအိပ်ဘဲ မနေနိုင်တော့ ပေ။ သူမကိုယ်လေးကို လူးလှိမ့်ရင်း ကျုံးမင်းဝေရဲ့ ရင်ခွင်ထဲမှာ သက်တောင့်သက်သာ နေရာတစ်ခု ရှာတွေ့သွားပြီး အိပ်ပျော်သွားတော့သည်။
ကျုံးမင်းဝေက သူမကို ခြုံထည်လေးနဲ့ ညင်ညင်သာသာ ဖုံးပေးနေတုန်းမှာ မိန်းကလေးရဲ့ တိုးတိုးလေး ရေရွတ်သံကို ကြားလိုက်ရသည်ည်။
“ဘာဖြစ်လို့လဲ ကောင်မလေး”
ကျုံးမင်းဝေက အရမ်းအလုပ်များနေပေမယ့် ကိုင်းညွှတ်ပြီး တိုးတိုးလေး မေးလိုက်သည်။
သူ့ရဲ့ မိန်းကလေးငယ်လေးက မျက်လုံးလေး မှိတ်ထားပြီး ပါးလေးနှစ်ဖက်က ဖြူဖျော့နေကာ နှုတ်ခမ်းလေးတွေက နည်းနည်းခြောက်နေသည်။ သူမက လျှာလေးနဲ့ သပ်လိုက်ရင်း
နွေးထွေးတဲ့ ဆောင်းနေရောင်ခြည်အောက်မှာ ကျုံးမင်းဝေက သူ့ရင်ခွင်ထဲက မိန်းကလေးငယ်လေးကို ထပ်ကာထပ်ကာ ကြည့်နေမိသည်။
အားချိုး ကောင်းကောင်း အိပ်ပျော်သွားသည်။ သူမနိုးလာတော့ မွန်းတည့်ချိန် ကျော်သွားပြီပင်။ အားချိုး နိုးလာပေမယ့် ဒီအချိန်မှာ လှုပ်ရှားဖို့ လုံးဝ မဝံ့ရဲချေ။ သူမဘေးမှာ အိပ်ပျော်နေတဲ့ ယောက်ျားကို ကြည့်လိုက်မိသည်။
ကျုံးမင်းဝေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူက အားချိုးဘက်ကို မျက်နှာမူထားပြီး လက်တစ်ဖက်က အားချိုးရဲ့ လည်ပင်းနားမှာ ထားကာ နောက်တစ်ဖက်ကို အားချိုးရဲ့ ခါးထက်မှာ တင်ထားသည်။ ဒီလို ရင်းနှီးတဲ့ အနေအထားမျိုးက ဒါ ပထမဆုံး ဖြစ်ဖူးတာပင်။ အရင်ကလည်း အားချိုး ကျုံးမင်းဝေရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်ဖူးသည်။ သို့ပေမယ့် ဒီလို ရှက်စရာကောင်းတဲ့ အနေအထားမျိုးတော့ တစ်ခါမှ မကြုံဖူးပေ။ ကြည့်ပါဦး၊ သူမဟာ ကျုံးမင်းဝေရဲ့ လက်မောင်းတွေနဲ့ ဝိုင်းရံထားခံနေရတာ။
အားချိုး မျက်နှာ ရဲတက်လာတာကို မထိန်းနိုင်တော့ပေ။ သူမနဲ့ ကျုံးမင်းဝေ အရမ်းနီးကပ်နေပြီး ကျုံးမင်းဝေရဲ့ အသက်ရှူသံက သူမရဲ့ မျက်နှာပေါ်ကို လာထိနေသည်။ သူမ အရက်မူးနေသလို ခံစားနေရပြီး မျက်နှာတွေ နီရဲနေသည်။ နှလုံးခုန်နှုန်းလည်း မြန်နေပြီး၊ အသက်ရှူရ ခက်ခဲသည်။ တစ်ကိုယ်လုံး ချွေးတွေ စို့နေသည့်အပြင် စိတ်ထဲမှာလည်း တိမ်မြုပ်နေသည်။ ဒါ အရက်မူးတာ မဟုတ်ရင် ဘာဖြစ်မလဲ။
ဒါဆို သူမလို အရက်မူးနေတဲ့သူက... အရက်မူးပြီး ရူးကြောင်ကြောင်တွေ လုပ်လို့ရမလား။
အားချိုးရဲ့ လက်က ကျုံးမင်းဝေရဲ့ မျက်နှာကို ညင်ညင်သာသာ အုပ်ကိုင်လိုက်သည်။ သူမဟာ ဒီမျက်နှာကို တစ်နေကုန် မြင်နေရပေမယ့် ဘယ်တော့မှ အားမရ ပေ။ သူမ အမြဲတမ်း ဒီမျက်နှာကို ခိုးကြည့်နေခဲ့တာဖြစ်သည်။ အခု ကျုံးမင်းဝေနဲ့ သူမရဲ့ ဆက်ဆံရေးက ဒီမျက်နှာကို ပွင့်ပွင့်လင်းလင်း ကြည့်လို့ရနေပေမယ့် သူမ မဝံ့ရဲ ပေ။ သူမရဲ့ ကျွန်ဘဝမှာ နှစ်ပေါင်း ဆယ့်နှစ်နှစ်ကြာအောင် စွဲကပ်ခဲ့တဲ့ နိမ့်ကျစိတ်နဲ့ ကြောက်ရွံ့စိတ်တွေက သူမကို အမြဲတမ်း သတိဝီရိယရှိစေခဲ့သည်၊ အထူးသဖြင့် ကျုံးမင်းဝေရှေ့မှာပင်။
သို့ပေမယ့် ဒီအချိန်မှာ ကျုံးမင်းဝေ အိပ်ပျော်နေတော့ အားချိုး ပိုပြီး သတ္တိရှိလာသည်။
အားချိုးရဲ့ လက်ချောင်းလေးတွေက ကျုံးမင်းဝေရဲ့ မျက်ခုံးနှစ်ခုကြားမှာ ညင်ညင်သာသာ တင်လိုက်သည်။ အိပ်ပျော်နေတဲ့ ယောက်ျားရဲ့ မျက်ခုံးတွေက ပြေလျော့နေပေမယ့် အရေးအကြောင်း သေးသေးလေးတွေတော့ အနည်းငယ် ကျန်နေသေးသည်။ အားချိုးက ထိုအရေးအကြောင်းလေးတွေကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း နည်းနည်း စိတ်မကောင်း ဖြစ်သွားသည်။ အရင်တုန်းက ကျုံးမင်းဝေဟာ အမြဲတမ်း မျက်မှောင်ကြုတ်နေတတ်ပြီး အားချိုး အဲ့ဒါကို အမုန်းဆုံးပင်။ ဒါပေမယ့် အဲဒီအချိန်တုန်းက အားချိုး ဘာမှ မပြောရဲတော့ အစားအသောက်တွေကို ပိုပြီး အရသာရှိအောင် ချက်ပြုတ်ပေးဖို့နဲ့ အိပ်ယာခင်းတွေကို ပိုပြီး မကြာခဏ လဲလှယ်ပေးဖို့ပဲ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူမဟာ ကျုံးမင်းဝေရဲ့ ဘဝကို တတ်နိုင်သမျှ သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ကျုံးမင်းဝေရဲ့ စိတ်သောကဟာ ဒီမှာ မဟုတ်ဘူးဆိုတာကိုလည်း သူမ သိနေတော့ ပိုပြီး ကူရာမဲ့ဖြစ်နေခဲ့သည်။
သို့ပေမယ့် နောက်ပိုင်းမှာ ကျုံးမင်းဝေ မျက်မှောင်ကြုတ်တာ တဖြည်းဖြည်း နည်းသွားပြီး သူ အများကြီး ရယ်မောလာသည်။ တကယ်တော့ သူ့ရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေက တကယ်ကို ကြည့်ကောင်းသည်။ ထက်မြက်တဲ့ မျက်ခုံးနဲ့ ကြယ်ရောင်လို တောက်ပတဲ့ မျက်လုံးတွေရှိကာ သူပြုံးလိုက်ရင် လင်းလက်တောက်ပသွားတာကြောင့် ပိုပြီး ပြုံးသင့်သည်။
အားချိုး စိတ်ထဲမှာ ပျော်ရွှင်လာတဲ့အခါ ပိုပြီး ကြိုးစားပြီး အလုပ်လုပ်သည်။ အရင်တုန်းက နန်းတော်မှာ အလုပ်လုပ်တုန်းက အမြဲတမ်း အလုပ်ပင်ပန်းတယ်လို့ ညည်းညူခဲ့ပေမယ့် အခုတော့ အလုပ်များလေ ပျော်ရွှင်လေပင်။ သူမ တစ်ယောက်တည်း မဟုတ်တော့ပေ။ ကျုံးမင်းဝေက လာမယ့်နှစ်မှာ သူမနဲ့အတူ တောင်အောက်ကို ဆင်းပြီး လယ်မြေ နည်းနည်း ထွန်ယက်မယ်၊ စိုက်ပျိုးမယ်၊ သူတို့ရဲ့ သေးငယ်တဲ့ ဘဝလေးကို တည်ဆောက်မယ်လို့ ပြောထားသည်။
အခန်း ၁၈၂။ ကျူံးမင်းဝေ၊ ရှင့် ရဲ့စကားကို တည်ပါ
ကျူံးမင်းဝေက သူမကို လက်ထပ်မယ်၊ ထို့နောက် သူ့အိမ်တံခါးကို ပွင့်ပွင့်လင်းလင်း ဝင်ခွင့်ပေးမယ်လို့လည်း ပြောခဲ့သေးသည်။
ဟေး ဟေး။
ကျူံးမင်းဝေဟာ စကားကို တည်သည်။ သူ သူမကို ပစ်ထားမှာ ကြောက်စရာမလိုပေ။
အားချိုးဟာ အရင်က ဘယ်တော့မှ အိမ်ထောင်ပြုဖြစ်မည်ဟု မထင်ခဲ့ပေ။ တကယ်ကို တစ်ခါမှ မတွေးခဲ့ဖူးခဲ့။ သို့ပေမယ့် အခု အားချိုး စဉ်းစားနေပြီဖြစ်သည်။ သူမ အရာရာကို ကောင်းကောင်းလုပ်ချင်သည်။ ကျူံးမင်းဝေကို ကောင်းကောင်း ဆက်ဆံချင်သည်။ ဒါတင်မက၊ သူမက အလှအပကိုလည်း မြတ်နိုးလာသည်။ အရင်ကဆိုရင် ခြေချောင်းပေါ်တဲ့ ဖိနပ်ကို ရဲရဲတင်းတင်း စီးပြီး လျှောက်သွားခဲ့သည်။ သို့ပေမယ့် အခုတော့ လက်ဝတ်ရတနာဆိုင်က ပန်းတွေကို မြင်တာနဲ့ လမ်းမလျှောက်နိုင်တော့ပေ။ ဆေးဆိုင်သွားပြီး အမာရွတ်ပျောက်ဆေး ရှိမရှိကိုလည်း မေးဖို့ စဉ်းစားဖြစ်သည်။ ကျူံးမင်းဝေက မရွံရှာပေမယ့် သူမကိုယ်တိုင်ကတော့ မကြိုက်ပေ။ ကျူံးမင်းဝေက သူမလည်ပင်းကို တမင်တကာ ထိထိကိုင်ကိုင် လုပ်တတ်သည်။ သူ ဘာမှ မပြောပေမယ့် သူမ စိတ်ထဲမှာတော့ ခံပြင်းနေမိသည်
သွယ်လျတဲ့ လက်ချောင်းလေးတွေဟာ မျက်ခုံးကြားကနေ ယောက်ျားရဲ့ မြင့်မားတဲ့ နှာတံဆီ လျှောဆင်းသွားသည်။ အားချိုးဟာ ယောက်ျားရဲ့ နှာတံရိုးကို ထပ်ခါထပ်ခါ ထိကိုင်ကြည့်နေသည်။ သူ့နှာတံက ဘာလို့ ဒီလောက် ဖြောင့်နေတာလဲ။ ပြီးတော့ ဘာလို့ ဒီလောက် လှနေတာလဲ။
အားချိုးက ဘယ်လိုမှ ဖုံးကွယ်မထားသည့် ကျေနပ်အားရမှုဖြင့် မိန်းမဆန်တဲ့ အမူအရာနှင့် ရယ်လိုက်သည်။
အားချိုးရဲ့ မျက်လုံးတွေဟာ ကျုံးမင်းဝေရဲ့ နှုတ်ခမ်းဆီ ရောက်သွားခဲ့သည်။ ပုံမှန်အားဖြင့် အရောင်ဖျော့တော့ပြီး ပါးလျတဲ့ သူ့နှုတ်ခမ်းတွေဟာ အခန်းထဲက အပူကြောင့် တစ်ခါတလေ နီရဲပြီး ခြောက်သွေ့နေပုံရသည်။ အားချိုးဟာ ကျုံးမင်းဝေရဲ့ နှုတ်ခမ်းကို တည့်တည့် စိုက်ကြည့်နေသည်။ ကြည့်ပြီးတော့ သူမ ခေါင်းကို ပြန်လှည့်လိုက်သည်။
အခုသူမက ကိုယ့်ကိုကိုယ် မကျေနပ်ဖြစ်ပြီး ကာမစိတ်ထကြွနေတဲ့ မိန်းမတစ်ယောက်လိုမျိုးဖြစ်နေသည်။ သို့ပေမယ့် ခဏကြာတော့ သူမ အားမလိုအားမရနဲ့ ခေါင်းကို ပြန်လှည့်လာပြီး တုန်ယင်နေတဲ့ လက်ချောင်းလေးတွေကို ယောက်ျားရဲ့ နှုတ်ခမ်းပေါ် တင်လိုက်သည်။ သူမ မရွှေ့ရဲပေ။ အားပျော့ပျော့လေးနှင့်သာ တင်ထားခဲ့သည်။ ဘာကိုမှ မထိမိပေမယ့်လည်း သူ့မျက်နှာက ပိုပြီး နီရဲလာခဲ့သည်။
အားချိုး ရှက်ရွံ့စွာ နှုတ်ခမ်းကို စူလိုက်သည်။ နောက်ဆုံးတော့ သူမ လက်ချောင်းလေးတွေကို ဖြည်းဖြည်းချင်း ရွှေ့လိုက်ပြီး တစ်ဖက်ကနေ တစ်ဖက်ကို လျှောတိုက်ကြည့်သည်။ ထို့နောက် သူ့အောက်နှုတ်ခမ်းကနေ အပေါ်နှုတ်ခမ်းကို ထိတွေ့ကြည့်သည်။ နောက်ဆုံးမှာတော့ သူမ လက်ချောင်းထိပ်လေးတွေဟာ အပေါ်နှုတ်ခမ်းရဲ့ အလယ်မှာ ရပ်သွားပြီး အနည်းငယ် ထိုးထွက်နေသည်။ ဖြည်းဖြည်းချင်း ပွတ်သပ်ကြည့်ရင်းနဲ့ ဘယ်လိုဖြစ်သွားမှန်းမသိ သူမလက်ချောင်းတွေဟာ ကျုံးမင်းဝေရဲ့ ပါးစပ်ထဲကို ရောက်သွားသည်။
ကျူံးမင်းဝေ ဘာမှ ပြန်မဖြေ ပေ။ ဖြေနိုင်လည်း မဖြေနိုင်ခဲ့။ သူ အခုထိ အားချိုးရဲ့ စနောက်နေတဲ့ လက်ချောင်းလေးကို ကိုက်ထားတုန်းပင်။ သူက ရှက်ရွံ့ပြီး နီရဲနေတဲ့ အားချိုးရဲ့ မျက်နှာကို မျက်စောင်းလေးထိုးပြီး ကြည့်နေသည်။ အားချိုးရဲ့ ရှင်းပြချက်ကို စောင့်နေတဲ့ပုံပင်။
“ဘာမှ မဟုတ်ပါဘူး။ ရှင့်မျက်နှာပေါ်မှာ ခုနက ခြင်တွေ လာကိုက်နေလို့ ကျွန်မ ရိုက်ထုတ်လိုက်တာ...”
အားချိုးဟာ ပိုပြီး တုန်တုန်ယင်ယင် ဖြစ်သွားသည်။ ပါးစပ်ပဲ အားပျော့သွားတာ မဟုတ်၊ ဦးနှောက်ပါ အားပျော့သွားသည်။ အခု ဆောင်းတွင်းဆိုတာကိုတောင် မေ့သွားခဲ့သည်။
ကျူံးမင်းဝေဟာ သူမကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး ချက်ချင်းပဲ လက်ချောင်းလေးကို လွှတ်ကာ ပြုံးပြုံးလေးနဲ့ သူမကို ကြည့်လိုက်သည်။
“ဪ နင်းဂုတက ခြင်တွေက တကယ် ပါးပါးနပ်နပ်နဲ့ အရှက်လည်း မသိဘူးပဲ။ လူတွေရဲ့ ပါးစပ်ကိုပဲ ရွေးကိုက်တာကိုး...ဟုတ်တယ်၊ ကိုယ့်မိန်းမက တော်တော် ကျွမ်းကျင်တာပဲ”
အားချိုး တကယ်ပဲ မြေကြီးထဲ အပေါက်ရှာပြီး ဝင်ချင်ပေမယ့် အပေါက်ကို ရှာမတွေ့တော့ သူမ တင်ပါးကို ကပ်ပြီး စောင်အောက်ကို တိုးဝင်သွားရသည်။
ကျူံးမင်းဝေဟာ စောင်ထဲ တိုးဝင်သွားတဲ့ သူမကို ကြည့်နေသည်။ အစပိုင်းမှာတော့ သူမ ဘာလုပ်ချင်လဲဆိုတာ သူ မသိ ။ အားချိုးက စောင်ထဲ ရောက်သွားမှ သူမ လက်ကို ဆန့်တန်းပြီး စောင်ကို တင်းတင်းကြပ်ကြပ် ဆွဲခြုံလိုက်လေသည်။ အဲ့ဒီတော့မှ သူ သဘောပေါက်သွားပြီး ကျူံးမင်းဝေ ပြန်ရယ်မိသည်။ ဖောင်းကားနေတဲ့ စောင်ကို လက်နဲ့ ပွတ်သပ်ရင်း ပြုံးပြီး ပြောလိုက်သည်။
“ဟင် ခြင်လေးက စောင်ထဲမှာ အောင်းတော့မလို့လား... အိုး”
“ကောင်မလေး ဒီနေ့ ကိုယ် ဘယ်လို စီရင်မယ်ဆိုတာ စောင့်ကြည့် “
ကျူံးမင်းဝေဟာ အားချိုးကို လန့်အောင် လုပ်ချင်တာနဲ့ စောင်ကို ရုတ်တရက် လှန်လိုက်ပြီး အားချိုးရဲ့ အာမေဋိတ်သံကြားထဲမှာ သူကိုယ်တိုင်လည်း စောင်ထဲ ဝင်သွားလိုက်သည်။
စောင်ခြုံလိုက်တာနဲ့ ကျူံးမင်းဝေ နည်းနည်း နောင်တရသွားသည်။ သူနဲ့ အားချိုးက အရမ်းနီးကပ်နေပြီး အားချိုးရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက သူ့တစ်ကိုယ်လုံးကို ယားယံစေသည်။ ထို့အပြင် သူ အသက်ရှူလိုက်တိုင်း အားချိုးရဲ့ အနံ့ကို ရနိုင်သည်။ အဲ့ဒါက နေရောင်ခြည်ရဲ့ နွေးထွေးမှုနှင့် မီးဖိုချောင်က မွှေးရနံ့မျိုး မဟုတ်သော်လည်း သူ့ကို ဆွဲဆောင်နိုင်သည့် အခြားဘာနဲ့မှ မတူသော အနံ့လေးတွေ ရောစပ်ထားတဲ့ အားချိုးရဲ့ ကိုယ်ပိုင်အနံ့လေးပင်။ ကျူံးမင်းဝေ လုံးဝ အသက်ပြင်းပြင်း မရှူရဲ ပေ။ သို့ပေမယ့် အဲ့ဒီလို လုပ်လိုက်တော့ သူ့အသက်ရှူသံက နည်းနည်း တိုလာတာကို ရှောင်လွှဲလို့ မရတော့။ ပြီးတော့ အားချိုးရဲ့ မျက်နှာက တစ်ဆင့် သူ့မျက်နှာဆီသို့ လွှတ်ထုတ်လိုက်တဲ့ အသက်ရှူသံကလည်း ပိုပူလာတာကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ကျူံးမင်းဝေဟာ အနေရခက်တဲ့ အခြေအနေကို ဖျောက်ဖျက်ချင်တာကြောင့် မသက်မသာ ပြောလိုက်သည်။ ပြောနေရင်းနဲ့ စောင်ကို ဆွဲဖို့ ကြိုးစားရင်း အပြစ်ရှိတဲ့သူလို ရယ်လိုက်သည်။
စောင်ကို ဆွဲလိုက်မှ အလင်းရောင် အနည်းငယ် ရောက်လာပေမယ့် ရုတ်တရက် လက်သေးသေးလေးတစ်ဖက်က ကျူံးမင်းဝေရဲ့ လက်ကြီးကို ဆုပ်ကိုင်လိုက်ပြီး အလင်းရောင် ပြန်ပျောက်သွားပြန်သည်။ ကျူံးမင်းဝေရဲ့ နှလုံးသားဟာ တင်းကျပ်သွားပြီး အမှောင်ထဲမှာ အားချိုးရဲ့ အသံကို ကြားလိုက်ရသည်။ အဲ့ဒါက ခြင်အုံသံလိုမျိုးသာ ထွက်နေပေမယ့် သူ့နားထဲကို နွေဦးရဲ့ မိုးကြိုးပစ်သံလိုမျိုး ကျယ်လောင်စွာ ဝင်လာခဲ့သည်။
“ကျူံးမင်းဝေ၊ ဘာ... ဘာကို ဆိုလိုတာလဲ... ယင်နဲ့ယန်ရဲ့ သဟဇာတဖြစ်မှုဆိုတာ”
အားချိုး ဘာလို့ ရုတ်တရက် အဲ့ဒီအကြောင်းကို တွေးမိလဲဆိုတာ မသိ ပေ။ သို့ပေမယ့် အဲ့ဒီအချိန်မှာ သူမနဲ့ ကျူံးမင်းဝေဟာ မှောင်မိုက်ပြီး နွေးထွေးတဲ့ အိပ်ရာထဲမှာ လှဲနေကြပြီး ဒီမေးခွန်းက ရုတ်တရက် ပေါ်လာခဲ့သည်။ အဲ့ဒါက ကောင်းတဲ့ စကားလုံး မဟုတ်ဘူးဆိုတာ သူမသိသည်။ ဒါကြောင့် သူများတွေကို မမေးနိုင်ပေ။ ကျူံးမင်းဝေကိုသာ မေးနိုင်သည်။ ပြီးတော့ ဒီလို မှောင်မိုက်တဲ့ အချိန်မျိုးမှာပဲ သူမ ရဲရဲတင်းတင်း ပါးစပ်ဖွင့်နိုင်သည်။
ကျူံးမင်းဝေရဲ့ နှလုံးခုန်သံဟာ ရုတ်တရက် ရပ်တန့်သွားပြီး သူ့ဦးနှောက်ဟာ ခဏတာ မှောင်မိုက်သွားသည်။ ထို့နောက် အားချိုး ဆုပ်ကိုင်ထားတဲ့ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ချွေးစေးတွေ ရွှဲနေတဲ့ သူ့လက်နှစ်ဖက်နှင့် အားချိုးရဲ့ မျက်နှာကို စမ်းကိုင်လိုက်သည်။ နှစ်ယောက်သား ပိုနီးကပ်လာတာနဲ့အမျှ ဘယ်သူမှ စကားမပြော ပေ။ အားချိုးလည်း မပြော ပေ။ သူ့လက်အောက်က အားချိုးရဲ့ တုန်ယင်နေမှုကို သူ ခံစားမိသည်။ တဖြည်းဖြည်းနှင့် သူ့နှလုံးခုန်သံဟာ အဲ့ဒီတုန်ယင်မှုနဲ့ တူညီလာသည်။ ထို့နောက် သူ ကိုင်းညွှတ်ပြီး စိုးရိမ်စိတ်နဲ့ တုန်ယင်နေတဲ့ မိန်းကလေးရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်လေသည်။
အခန်း ၁၈၃။ နမ်းခြင်းဖြင့် သေဆုံးရလည်း ကိစ္စမရှိ
ဒါဟာ အားချိုးရဲ့ ပထမဆုံး အနမ်းဖြစ်သလို ကျူံးမင်းဝေရဲ့လည်း ပထမဆုံး အနမ်းဖြစ်သည်။
ဟုတ်သည်၊ အဲ့ဒါက တကယ်ကို ကျူံးမင်းဝေရဲ့ ပထမဆုံး အနမ်းပင်။
ကျူံးမင်းဝေဟာ မိန်းမတွေရဲ့ တံတွေးကို မကြိုက်ပေ။ သူ သဘာဝကျကျ သိထားတာက အနမ်းဆိုတာ ယောက်ျားနဲ့ မိန်းမ အများစုအတွက် ပုံမှန်ကိစ္စတစ်ခုဆိုတာပင်။ သို့ပေမယ့် သူ လက်မခံနိုင်ပေ။ သူများ ထိထားတဲ့ ဖန်ခွက်ကိုတောင် သူ မထိရဲ၊ ထို့ကြောင့် ဒီလို ရင်းနှီးတဲ့ အထိအတွေ့ဆို ပိုဆိုးခဲ့သည်။ သူ မယားတွေ အများကြီး ယူခဲ့ပေမယ့် ဘယ်သူ့ကိုမှ မနမ်းဖူးပေ။ သူ့ရာထူးနဲ့ဆို ဘယ်မျက်ကန်းမလေးကမှ သူ့ကို နမ်းနိုင်ဖို့ အသက်အား စတေးဝံ့မှာ မဟုတ်ပေ။ ထို့ကြောင့် ဒါဟာ တကယ်ကို သူ့ရဲ့ ပထမဆုံး အနမ်းဖြစ်ခဲ့သည်။ ဒုတိယတန်းအနမ်းတောင် မဟုတ် ပေ။
သူ ဘာလို့ အားချိုးအတွက် ထူးထူးခြားခြား လုပ်မိမှန်း မသိပေ။ သူ သူမကို အချိန်အတော်ကြာကတည်းက နမ်းချင်နေခဲ့သည်။ သူမ ပါးစပ်ထောင့်မှာ မုန့်မှုန့်လေးတွေနဲ့ မုန့်ဖုတ်စားနေတာကို မြင်ချိန်က၊ သူမ ညိုညိုမည်းမည်း သကြားနဲ့ ဂျင်းပြုတ်ရည်ကို မသောက်ချင်ဘဲ ညည်းညူနေတာကို မြင်ချိန်က၊ သူမ ငိုပြီး သူ့ရင်ခွင်ထဲကို လဲကျသွားတဲ့ အချိန်၊ သူမရဲ့ အဖြူရောင် သွားလေးတွေနဲ့ သူမရဲ့ နီရဲတဲ့ နှုတ်ခမ်းတွေကို ကိုက်နေတဲ့ အချိန်... ဆေးလိပ်ငွေ့တွေနဲ့ လည်ချောင်းနာပြီး တော်တော်ကြာ ချောင်းဆိုးနေတဲ့ အချိန်တောင် သူ သူမကို နမ်းချင်ခဲ့သည်။ အရမ်းထူးခြားသည်။
အမှန်ပင်၊ သူ ဒီလိုလုပ်ချင်နေတာ ကြာခဲ့ပြီဖြစ်သည်။ လူအများစုလိုပဲ ယောက်ျားနဲ့ မိန်းမကြားမှာ ပုံမှန်ဖြစ်ပေမယ့် သူ့အတွက် တစ်ခါမှ မကြုံဖူးတဲ့ ဒီအရာကို လုပ်ချင်နေခဲ့သည်။
သူ လိုချင်တာကို ရသွားတဲ့ ယောက်ျားဟာ အချိန်အတော်ကြာ နမ်းရှိုက်ပြီး နောက်ဆုံး အားချိုးကို လွှတ်ပေးဖို့ ဆန္ဒရှိလာတဲ့အခါ သူ့အသံက တော်တော်လေး အက်ရှနေခဲ့သည်။ သူ အလှတရားကို နားလည်သွားပြီဆိုတာ ထင်ရှားသည်။ သူ အသက်ရှူသံ ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ့နဖူးကို အားချိုးရဲ့ ချွေးစိုနေတဲ့ နဖူးနဲ့ ဖိကပ်ထားရင်း ညင်ညင်သာသာ ခေါ်နေသည်။ အားချိုးရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ သူ သူမကို နောက်တစ်ခါ ထပ်နမ်းဖို့ ကိုင်းညွှတ်လိုက်သည်။
ဒီလိုမျိုး အရသာကို မခံစားဖူးတဲ့သူတွေက ဘယ်လိုနေလဲဆိုတာ မသိကြ ပေ။ တစ်ခါ အရသာခံလိုက်ရရင် အရမ်းစွဲသွားတတ်သည်။ ဒါဟာ ကျူံးမင်းဝေအတွက်ရော အားချိုးအတွက်ပါ အတူတူပဲဖြစ်သည်။
တစ်နေကုန်လုံး နှစ်ယောက်သား အခန်းထဲက မထွက်ခဲ့ကြပေ။ သူတို့ ခန်ပေါ်မှာပဲ နေပြီး တိုးတိုးလေး စကားပြောနေကြသည်။ စကားနည်းနည်း ပြောပြီးတိုင်း တစ်ယောက်ကို တစ်ယောက် နမ်းရှိုက်ကြသည်။ အားချိုးက ရှက်တတ်ပြီး စောင်ထဲက ဘယ်တော့မှ မထွက် ပေ။ ဒါကြောင့် ကျူံးမင်းဝေနဲ့ သူမ အတူတူ ပူးကပ်နေကြသည်။ စောင်က အရမ်းပူတော့ ကျူံးမင်းဝေ သူ့ရဲ့ အပေါ်ဝတ်ရုံကို သုံးခါတောင် ချွတ်ပြီး လွှင့်ပစ်လိုက်သည်။ ပြီးတော့ တစ်ကိုယ်လုံး ပူပြီး ချွေးတွေ ရွှဲနေတဲ့ အားချိုးကို ပြေးဖက်လိုက်လေသည်။ ကျူံးမင်းဝေ သူမရဲ့ ခေါင်းနောက်စေ့ကို သူ့လက်နဲ့ ကိုင်ထားပြီး ထိလိုက်တာနဲ့ ချွေးတွေ စိုလာသည်။ ကျူံးမင်းဝေဟာ အားချိုးကို နမ်းရှိုက်ရင်း အက်ရှသံနဲ့ ပြောလိုက်သည်။
အားချိုးက တိုးတိုးလေး ပြန်ဖြေပြီး သူမရဲ့ လည်ပင်းကို အလျင်အမြန် ကြယ်သီးဖြုတ်လိုက်သည်။ သူမ အောက်မှာ အတွင်းခံ အင်္ကျီကို ဝတ်ထားတုန်းပင်။ ပုံမှန်အားဖြင့် ကျူံးမင်းဝေရှေ့မှာ အတွင်းခံ အင်္ကျီဝတ်ရတာကို သူမ အသားကျနေပြီမို့ အနေရခက်တယ်လို့ မခံစားရ ပေ။ သို့ပေမယ့် သူမ ကြယ်သီးတစ်လုံးတောင် အဆုံးထိ မဖြုတ်ရသေးခင် ကျူံးမင်းဝေရဲ့ လက်ရောက်လာပြီး ဆက်ဖြုတ်ခွင့် မပြုတော့ ပေ။ အားချိုးက ဘာဖြစ်တာလဲလို့ မေးတော့မယ့်အချိန်မှာ ကျူံးမင်းဝေက အက်ရှသံနဲ့ ပြောလိုက်သည်။
ကျူံးမင်းဝေရဲ့ အသံက ပိုပြီး အက်ရှလာသည်။ နည်းနည်းလေး သနားစရာလည်း ကောင်းနေသည်။
“ကိုယ် ပြန်ကောင်းလာရင် မင်းကို နောက်တစ်ခါ ထပ်ထိမယ်...”
ဒါဟာ အားချိုး ယောက်ျားတစ်ယောက် ဒီလိုပြောတာကို ဒုတိယအကြိမ် ကြားဖူးတာဖြစ်သည်။ ပထမအကြိမ် ကြားတုန်းကတော့ သူမရဲ့ နှလုံးသားဟာ တောက်လောင်နေတုန်းပင်။ သို့ပေမယ့် ဒီတစ်ခါမှာတော့ ရှက်ရွံ့တာအပြင် သူမရဲ့ နှလုံးသားထဲမှာ နည်းနည်းလေး မျှော်လင့်ချက်တွေ ရှိလာသည်။ သို့ပေမယ့် သူမက ပါးပါးလေးနဲ့ အသားနုတဲ့သူမို့ ဟန်ဆောင်ပြီး ကျူံးမင်းဝေကို နည်းနည်း ဆူပူတော့မယ့်အချိန်မှာ ကျူံးမင်းဝေက သူမရဲ့ မေးစေ့ကို ဆွဲညှစ်၍ ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။ စကားလုံးတွေအားလုံး ကျူံးမင်းဝေရဲ့ အစာအိမ်ထဲကို ရောက်သွားခဲ့သည်။ ဤလူဆိုး၊ အားချိုးဟာ သူ သူမကို နမ်းပြီး သတ်တော့မယ်လို့ ခံစားလိုက်ရသည်။ သို့ပေမယ့်...
နမ်းခြင်းဖြင့် သေဆုံးရလည်း ကိစ္စမရှိ။
စီးနင်းနန်းဆောင်။
ညဘက် ပန်ယီ ရောက်လာချိန်မှာ နားတော့မယ့် မယ်တော်ကြီးဟာ အလုပ်ရှုပ်သွားပြီး အပြင်ဝတ်ရုံကို ပြန်ဝတ်ကာ အိပ်ခန်းက ထွက်လာခဲ့သည်။
ပန်ယီဟာ ခရီးပန်းမှုနဲ့ ဖုန်တွေပေကျံနေပြီး သူ့ရဲ့ လက်ဖက်ရည်တစ်ခွက် မကုန်ခင်မှာ ထရပ်ပြီး မယ်တော်ကြီးကို အလျင်အမြန် ဦးညွှတ်လိုက်သည်။
“မယ်တော်ကြီးကို လျှောက်တင်လိုပါတယ်၊ အရှင်မင်းသားရဲ့ ကျန်းမာရေးက တကယ်ကို မကောင်းပါဘူး။ သို့ပေမယ့် ကံကောင်းထောက်မစွာ အသက်အန္တရာယ်တော့ မရှိပါဘူး”
မယ်တော်ကြီး သက်ပြင်းချပြီး ထိုင်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ပန်ယီကို မေးသည်။
“ဘာဖြစ်တာလဲ တကယ်ပဲ လုံးဝ လေဖြတ်သွားတာလား”
“ဟုတ်ပါတယ်၊ အရှင်မင်းသားရဲ့ ခန္ဓာကိုယ်က... လုံးဝ အသုံးမဝင်တော့ပါဘူး။ နောက်နောင် ထရပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်”
ပန်ယီ ဒီစကားကို ပြောတော့ တုံ့ဆိုင်းသွားသည်။ သို့ပေမယ့် အဲ့ဒီနေ့က နင်းဂုတ မှာ ကျူံးမင်းဝေ ပြောခဲ့တဲ့ စကားတွေကို တွေးမိတော့ သူ မရပ်တည်နိုင်တော့ ပေ။ နောက်ဆုံးတော့ သူ မယ်တော်ကြီးကို လိမ်ပြောခဲ့တာဖြစ်သည်။
ကျူံးမင်းဝေက မယ်တော်ကြီးကို စိတ်သက်သာရာရစေချင်ပြီး သူ့ကို လက်လျှော့စေချင်တယ်ဟု ပြောခဲ့သည်။ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ ကျူံးမင်းဝေ တစ်သက်လုံး နင်းဂုတရဲ့ တောအုပ်ထဲမှာ နေသွားတာကို သူ မလိုလားပေမယ့် သူဟာ နောက်ဆုံးတော့ ကျူံးမင်းဝေရဲ့ ယုံကြည်ရတဲ့သူတစ်ယောက်ပင်။ ဒါကြောင့် သဘာဝကျကျ ကျူံးမင်းဝေရဲ့ အမိန့်ကို မနာခံမှာ မဟုတ်ပေ။