← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 6 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 6 Ch. 187-189

အခန်း ၁၈၇။ မင်းက ကိုယ် နံတယ်လို့ ထင်နေတာပဲ

“ဘာလုပ်ခိုင်းတာလဲလို့ မေးနေတာ”

အားချိုး မျက်နှာရှုံ့မဲ့သွားသည်။ သူမဟာ ကျုံးမင်းဝေကို သူမဟာ ချော့ရလွယ်တယ်လို့ ထင်စေချင်တာ မဟုတ် ပေ။ ကျုံးမင်းဝေကို ကြာကြာ မှတ်မိစေချင်သည်။

“ဘာမှ မဟုတ်ပါဘူး၊ မင်းကို ခေါ်ကြည့်ချင်ရုံလေးပါ၊ ဟဲဟဲ”

ကျုံးမင်းဝေရဲ့ မျက်လုံးတွေ တောက်ပနေပြီး နည်းနည်းအူကြောင်ကြောင် ပြုံးလိုက်ပေမယ့် သူ အနည်းငယ် ရှက်နေတာတော့ သိသာသည်။ ဒီလိုမျိုး အမူအရာက အသက် ၁၇ နှစ် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ ပိုလိုက်ဖက်သည်။ အသက် ၃၀ ကျော် ယောက်ျားတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ ပေါ်လာတော့ နည်းနည်းတော့ ထူးဆန်းပေမယ့် အရမ်းလည်း ချစ်စရာကောင်းသည်။

“ဘာအော်နေတာလဲ”

အားချိုးရဲ့ အသံက တိုးတိုးလေးပင်၊ သူမ မျက်နှာက နီရဲနေပြီး ခုနက ရဲတင်းနေတဲ့ပုံစံဟာ ယောက်ျားရဲ့ တောက်ပတဲ့ ရယ်မောသံထဲမှာ ပျောက်ကွယ်သွားသည်။

“အော်ချင်ရုံတင် မကဘူး၊ နမ်းလည်း နမ်းချင်သေးတယ်...”

ကျုံးမင်းဝေဟာ လျှောကျနေသည့် မျက်ခုံးလေးတွေ ၊ မျက်ခွံပါးပါးလေးနှင့် တုန်ယင်နေသည့် မျက်တောင်လေးတွေကို ကြည့်ရင်း သူ့နှလုံးသားနဲ့ ခန္ဓာကိုယ်ဟာ လှုပ်ရှားချင်နေပြီ ဖြစ်သည်။ စကားပြောနေရင်းနဲ့ သူ့မျက်နှာဟာ တဖြည်းဖြည်း တိုးကပ်လာသည်။

“နောက်ထပ် မနမ်းနဲ့တော့၊ အနံ့မကောင်းဘူး၊ မျက်နှာလည်း မသစ်၊ သွားလည်း မတိုက်ဘဲ ဘယ်ကို နမ်းချင်နေတာလဲ”

အားချိုးက တိုးတိုးလေး ပြောပြီး သူမရဲ့ လက်နဲ့ ယောက်ျားရဲ့ ပါးစပ်ကို အုပ်လိုက်သည်။

“ကျွန်မ... ကျွန်မနံတယ်လို့”

ကျုံးမင်းဝေဟာ အနမ်းကို ဆက်လို့ မရတော့ဘဲ ရှက်ရွံ့စွာနဲ့ နောက်ဆုတ်သွားပြီး ခဏရပ်ကာ အားချိုးကို တိုးတိုးလေး မေးသည်။

“တကယ် နံနေတာလား”

တကယ်တော့ အားချိုးက သူ့ကို နံတယ်လို့ မထင် ပေ။ အားချိုးက သူမ ပါးစပ် နံမှာကို ကြောက်သော်လည်း ကျုံးမင်းဝေ နမ်းတာကိုတော့ ကြိုက်သည်။ သို့ပေမယ့် ဒီမနက်မှာတော့ သူမ အမြဲလိုလို ရှက်နေသည်။ ကျုံးမင်းဝေဆီက အနံ့မကောင်းတာကို သူမ ကြောက်ပြီး နောက်ဆိုရင် ကျုံးမင်းဝေ သူမကို ပြန်မနမ်းတော့မှာကိုလည်း ကြောက်သည်။ ဒါကြောင့် မနက်တိုင်း သူမဟာ ကျုံးမင်းဝေနဲ့ နီးနီးကပ်ကပ်နေတာကို အမြဲရှောင်သည်။ သို့ပေမယ့် ကျုံးမင်းဝေကတော့ အမြဲတမ်း အဆုံးမရှိ‌ပေ၊ သူမ မခံနိုင်တော့လို့သာ ပြောလိုက်ရသည်။

“...မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဘာလို့ ရှင့်ကို မကြိုက်ရမှာလဲ...”

အားချိုးဟာ အလျင်အမြန် ရှင်းပြနေသည်။ သို့ပေမယ့် ကျုံးမင်းဝေက သူမဆီ မရှက်မကြောက် ချဉ်းကပ်လာတာကို မြင်တော့ အားချိုး ရှောင်ဖို့တောင် အချိန်မရတော့ ပေ။

ကျုံးမင်းဝေက အားချိုးကို စွပ်စွဲပြီး စိတ်ဆိုးတဲ့လေသံနဲ့ ပြောသည်။

“ကိုယ်က မင်းကို မုန်းတာ မဟုတ်ဘူး၊ မင်းကမှ ကိုယ့်ကို မုန်းနေတာ။ ကောင်းကောင်း မနေရင် ဆင်းဆင်းရဲရဲနေရမယ်လို့ မပြောခဲ့ဘူးလား ဒါပေမယ့် အခု စပြီး ကိုယ့်ကိုညိုငြင်နေပြီး မကြိုက်တော့ဘူး”

“အဲဒါက ရှင်ပြောတာလေ၊ ကျွန်မ ပြောတာမှ မဟုတ်တာ”

အားချိုးက တိုးတိုးလေး ရွတ်ရင်း ကျုံးမင်းဝေကို ကြည့်ပြီး နည်းနည်း ရှက်ရွံ့စွာနဲ့ ပြောသည်။

ထို စကားလုံးကြောင့် ကျုံးမင်းဝေဟာ ဒေါသတကြီး မျက်လုံးပြူးလုနီးပါး ဖြစ်သွားပြီး အားချိုးကို လျစ်လျူရှုလိုက်သည်။ သူ ရုတ်တရက် လှည့်၍ ခန်ပေါ် လှဲချလိုက်ပြီး မျက်နှာကျက်ကို ကြည့်ရင်း သက်ပြင်းချလိုက်၏။ အားချိုးဟာ ရှက်သွားပြီး သူ့ကို ချော့ဖို့ သွားချင်ပေမယ့် သူက ရုတ်တရက် မျက်လုံးမှိတ်လိုက်ရာ သူမကို လုံးဝ လျစ်လျူရှုနေတာ သိသာသည်။

“ဒီလောက် ယောက်ျားကြီးဖြစ်နေတာတောင် စိတ်က ဒီလောက် သေးငယ်နေရတယ်လို့”

နောက်တစ်စက္ကန့်မှာ ကျုံးမင်းဝေဟာ ခြင်ထောင်အား ဆွဲယူပြီး မျက်နှာကို အုပ်လိုက်ကာ ဘယ်သူ့ကိုမှ လုံးဝ ဂရုမစိုက်တော့ပေ။

အားချိုးဟာ ရယ်ရလည်း ရယ်မောလို့ မရ၊ ငိုရလည်း ငိုလို့ မရဖြစ်ပြီး ခြင်ထောင်အောက်က ကျုံးမင်းဝေရဲ့ နှာခေါင်းကို နှစ်ချက်လောက် ညှစ်လိုက်သည်။ ထို့နောက် အဝတ်အစားတွေ ဝတ်ပြီး ခန်ပေါ်တက်လိုက်သည်။ အပြင်ဘက်မှာ နေရောင်ခြည် တောက်ပနေပြီပင်၊ သူမ ချက်ပြုတ်မထားရင် မနေ့ကလိုပဲ မနက်စာနဲ့ နေ့လယ်စာကို တစ်ခါတည်း စားရလိမ့်မည်။

အားချိုးရဲ့ ခြေသံ တဖြည်းဖြည်း ဝေးသွားတာကို ကြားတော့ ခြင်ထောင်အောက်မှာ စိတ်ဆိုးနေတဲ့ ယောက်ျားဟာ လက်ကို ဆန့်တန်းပြီး ပါးစပ်နဲ့ နှာခေါင်းကို အုပ်လိုက်ကာ လေကို မှုတ်ထုတ်၍ ရှူရှိုက်ရင်း တိုးတိုးလေး ရွတ်လိုက်သည်။

မျက်နှာသစ်ပြီးတဲ့နောက် အားချိုးဟာ အသားတစ်တုံးကို ယူပြီး ပါးပါးလှီးလိုက်သည်။ ကြက်သွန်မြိတ်၊ ဂျင်းနဲ့ ငရုတ်ကောင်းလည်း ပါသည်။ မနေ့က လှိမ့်ထားတဲ့ ခေါက်ဆွဲတွေကို စားပွဲပေါ်ကနေ ယူပြီး ဒီနေ့အတွက် အိုးကပ်ခေါက်ဆွဲ လုပ်ဖို့ စီစဉ်လိုက်သည်။

အားချိုးဟာ အပြင်မှာ ပြင်ဆင်နေတုန်း အခန်းထဲက အဝတ်အစား ဝတ်ဆင်နေတဲ့ တရှပ်ရှပ် အသံကို ကြားလိုက်ရသည်။ သူမ တံခါးကြားကနေ ချောင်းကြည့်လိုက်သည်။

ကျုံးမင်းဝေဟာ အချိန် အည်းငယ်အကြာတည်းက သူ့ဘာသာသူ အဝတ်အစား ဝတ်ဆင်နိုင်ခဲ့တာဖြစ်သည်။ အားချိုးက သူ ကောင်းကောင်း ဝတ်နိုင်မနိုင်ကို စိုးရိမ်တာ မဟုတ်ဘဲ တခြားအရာတွေကို စိုးရိမ်ခြင်းပင်။

ကျုံးမင်းဝေဟာ သူ့ရဲ့ အပေါ်ဝတ်ကို ယူပြီး ဝတ်လိုက်သည်။ ထို့နောက် မနေ့ညက အားချိုးက သူ့ခေါင်းအုံးအောက်မှာ ထားပေးခဲ့တဲ့ လျှော်ပြီးသား ခြေအိတ်တွေကို ယူလိုက်သည်။ ခြေဖနောင့်မှာ လင်းနို့ရုပ်လေးတွေ ပါနေတုန်းပင်။ ကျုံးမင်းဝေဟာ အသက်ဝင်လှတဲ့ လင်းနို့ရုပ်လေးတွေကို ကြည့်ပြီး မနေနိုင်မထိုင်နိုင် နှုတ်ခမ်းကို စုကာ ပြုံးလိုက်သည်။ အဲဒီအပြုံးမှာ နူးညံ့သိမ်မွေ့မှုနဲ့ နည်းနည်း အူကြောင်ကြောင်နိုင်မှုတွေ ရောပြွမ်းနေပြီး အားချိုးလည်း မနေနိုင်မထိုင်နိုင် အူကြောင်ကြောင် ပြုံးလိုက်မိသည်။ သူမဟာ ကျုံးမင်းဝေကို တကယ်ကို အရမ်းချစ်သည်။ မဟုတ်ရင် သူမဟာ ကျုံးမင်းဝေအတွက် ခြေအိတ် ဘယ်နှစ်ရံများ ထိုးပေးဖြစ်မလဲ၊ လင်းနို့ရုပ် ဘယ်နှစ်ကောင်များ ပန်းထိုးပေးဖြစ်မလဲ။

ခြေအိတ်တွေ ဝတ်ပြီးတဲ့နောက် ကျုံးမင်းဝေဟာ အိပ်ရာကို သန့်ရှင်းရေး လုပ်ဖို့ စတင်လိုက်သည်။ ခြင်ထောင်ကို သေသေသပ်သပ် ခေါက်ပြီး နံရံဘေးမှာ ထောင်ထားလိုက်သည်။ ထို့နောက် တံမြက်စည်းကို ယူပြီး သန့်ရှင်းရေး လုပ်လိုက်သည်။ ဟုတ်သည်၊ အခု သူက အားချိုးထက် ပိုကောင်းကောင်း ခေါက်တတ်နေပြီဖြစ်ပြီး ခန်ကိုလည်း အားချိုးထက် ပိုပြီး သန့်ရှင်းအောင် လုပ်နိုင်နေပြီပင်။ ခန်ကို သန့်ရှင်းရေး လုပ်ပြီးတဲ့နောက် ကျုံးမင်းဝေဟာ ဝတ်ရုံရဲ့ အောက်ပိုင်းကို ခါးပတ်ထဲ ထည့်လိုက်ပြီး ခန်ပေါ်ကနေ ဆင်းဖို့ တုတ်ကောက်ယူကာ အားယူပြီးဆင်းသည်။ အားချိုးရဲ့ အပေါ်ကို ကော့တက်နေတဲ့ နှုတ်ခမ်းထောင့်လေးတွေဟာ ဒီအချိန်မှာ ရုတ်တရက် တင်းမာသွားပြီး သူမရဲ့ နှလုံးသားဟာ ဒိန်းကနဲခုန်သွားသည်။

အခန်း ၁၈၈။ ခြေလှမ်းလေး တစ်လှမ်း

ကျူံးမင်းဝေဟာ တုတ်ကောက်ကို အားယူပြီး ထနေရသည်။ သူ့ကျောက အားချိုးဘက်ကို လှည့်ထားတော့ အားချိုးက သူ့မျက်နှာကို မမြင်ရ ပေ။ သို့ပေမယ့် သူ့လက်ကြီးတွေရဲ့ ကျောဘက်မှာ ထောင်ထနေတဲ့ သွေးကြောတွေကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ့တစ်ကိုယ်လုံးမှာ အားအင်တွေ ပြည့်နေတာ ထင်ရှားသည်။ အားချိုးက ဒါကို မမြင်ရတော့ စိတ်မချမ်းသာဖြစ်မိသည်။ သူမ မနေနိုင်တော့ဘဲ တံခါးကို တွန်းဖွင့်ပြီး ကျူံးမင်းဝေကို ကူညီချင်စိတ်နဲ့ ခြေတစ်လှမ်း တိုးလိုက်ပေမယ့် နောက်ဆုံးမှာတော့ သူမ ခြေကို ပြန်ရုပ်လိုက်သည်။

ကျူံးမင်းဝေဟာ ဒီခြေလှမ်းကို လှမ်းရမည်။ မတ်တတ်ရပ်နိုင်ရမည်။ ဟုတ်သည်၊ သူမဟာ ကျူံးမင်းဝေကို မရပ်နိုင်လည်း ဘယ်တော့မှ မုန်းမှာ မဟုတ်ပေ။ တစ်သက်လုံး သူ့ရဲ့ တောင်ဝှေးအဖြစ် ရပ်တည်ပေးဖို့လည်း ဆန္ဒရှိသည်။ ဒါပေမယ့် ကျူံးမင်းဝေကရော သဘောတူပါ့မည်လား။ တစ်သက်လုံး သူမရဲ့ အထောက်အပံ့ကို ခံယူချင်မည်လား။

ဒီလောက်မာနကြီးတဲ့သူတစ်ယောက်က ဘယ်လိုလုပ်ပြီး လက်ခံနိုင်မည်နည်း။ သူဟာ အားချိုးကို အဝေးပို့ထားပြီး ကျောပေးကာ တုတ်ကောက်ရဲ့ အကူအညီနဲ့ လမ်းလျှောက်လေ့ကျင့်နေခဲ့သည်။ ဒါမှ အားချိုး ဝင်လာပြီး သူ့ကို အနှောင့်အယှက် မပေးမှာပင်။

အားချိုးဟာ တုန်ယင်နေတဲ့ ခြေထောက်နှစ်ဖက်ကို ကြည့်နေသည်။ ခဏကြာတဲ့အထိ မတုန်မလှုပ် ရပ်နေပြီးမှ နောက်ဆုံးတော့ ခြေလှမ်းသေးသေးလေး တစ်လှမ်းကို လှမ်းလိုက်သည်။ သူမ ကြမ်းပြင်ပေါ်က အသားတွေကို ပြန်ဆေးကြောရင်း တခါတရံ လက်တွေကို မြှောက်ပြီး စိုစွတ်နေတဲ့ မျက်ဝန်းထောင့်တွေကို လက်နဲ့ သုတ်မိသည်။

အားချိုး ခေါက်ဆွဲနဲ့ ဝက်သားခြစ်တွေကို ယူလာတဲ့အချိန်မှာတော့ ကျူံးမင်းဝေဟာ မီးဖိုရှေ့မှာ ထိုင်ပြီး မီးမွှေးနေပြီ ဖြစ်သည်။

ကျူံးမင်းဝေက မီးဖိုထဲ ထင်းထည့်ရင်း အားချိုးကို ပြောလိုက်သည်။

အားချိုးက ခေါင်းညိတ်ပြီး ပန်းကန်ဗန်းကို မီးဖိုပေါ် တင်ရင်း ပြောသည်။

“စံပယ်ပန်းတွေ သောက်လို့ ကုန်တော့မယ်။ တောင်အောက်ဆင်းရင် ထပ်ဝယ်ရမယ်။ ရှင်ကရော စံပယ်ပန်းပဲ လိုချင်သေးလား။ ဒါမှမဟုတ် လက်ဖက်ခြောက်လား”

“ဆင်းရမှာပေါ့။ မဆင်းရင် ဈေးပိတ်သွားလိမ့်မယ်။ ဒီမှာ ဆောင်းက အရမ်းအေးပြီး ရက်အနည်းငယ်ဆို ဈေးထဲက ဆိုင်တွေ ပိတ်ပြီး အိမ်ပြန်ကြတော့မှာ။ နှစ်သစ်ကူး ရောက်မှ ပြန်ဖွင့်ကြမှာလို့ အဘွားချန်က ပြောတယ်။ အဲ့လိုဆို အသားတွေကို ဝယ်ထားပြီး ကျွန်မ သိမ်းထားရတော့မှာပေါ့”

ကျူံးမင်းဝေက သူမတစ်ယောက်တည်း အပြင်ထွက်တာကို မလိုလားဘူးဆိုတာ အားချိုး သိသည်။ သူမကိုယ်တိုင်လည်း မထွက်ချင်ပေ။ သို့ပေမယ့် သူမ တတ်နိုင်တဲ့အရာ မဟုတ်‌။ အားချိုးက ရေနွေးအိုးကို ယူပြီး အိုးထဲကို ရေနွေးထည့်လိုက်သည်။ ထို့နောက် သူမက

“နောက်ပြီး မင်္ဂလာဝတ်စုံကလည်း သူများအတွက် ချုပ်ပြီးသားဆိုတော့ အဘွားချန်ဆီ ပို့ပေးရမယ်။ တစ်ခုခု အဆင်မပြေတာရှိရင် ပြင်ဖို့ အချိန်ရသေးတာပေါ့။ နောက်ထပ် ဆိုင်းငံ့လို့ မဖြစ်တော့ဘူး”

ကျူံးမင်းဝေက ခပ်တိုးတိုးလေး ပြောပြီး သူမ နဖူးနှင့် ပါးလျတဲ့ လက်မောင်းတွေကို ကြည့်လိုက်သည်။ ထို့နောက် ထပ်ပြော၏။

“အပြင်သွားရင် ကိုယ့်ရဲ့ လုံခြုံတဲ့ ဝတ်ရုံအကြီးကြီးကို ဝတ်သွား”

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အားချိုးဟာ ကျူံးမင်းဝေရဲ့ ဆောင်းဝတ်စုံတွေကို နေပူထဲမှာ လှန်းဖို့ ထုတ်ခဲ့သည်။ ထို့နောက် သေတ္တာထဲကနေ အနက်ရောင် မြေခွေးသားနဲ့ လုပ်ထားတဲ့ ဝတ်ရုံရှည်ကြီးတစ်ထည်ကို ထုတ်လိုက်မိသည်။ အဲ့ဒါက ချောမွတ်ပြီး လျှောနေတာပင်။ ထိလိုက်ရင်လည်း လျှောကျသွားသည်။ အားချိုးဟာ အဲ့ဒီလို ကောင်းတဲ့အရာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူမ လှန်လှောပြီး အကြာကြီး ကြည့်နေခဲ့သည်။

“အရမ်းကြီးတယ်၊ ကျွန်မအဝတ်အစားတွေ အကုန်လုံး ကြမ်းပြင်မှာ ဆွဲနေလိမ့်မယ်”

“နောက်ပြီး ကျွန်မမှာ အင်္ကျီအကြီးကြီး တစ်ထည်ရှိတယ်လေ၊ အအေးမမိနိုင်ပါဘူး”

“ရှည်တယ်လို့ ထင်ရင် ဖြတ်လိုက်ပေါ့။ မင်းရဲ့ အင်္ကျီက ဘယ်လောက်ကြာပြီလဲ။ နွေးမှာ မဟုတ်ဘူး”

အားချိုးက အဲ့ဒီလို ကောင်းတဲ့ ဝတ်ရုံကို ဖြတ်ဖို့ နှမြောသည်။ နောက်ပြီး ကျူံးမင်းဝေကလည်း နောင်မှာ ဝတ်ရဦးမှာပင်။ ကျူံးမင်းဝေ စိတ်ဆိုးမှာကို သူမ ကြောက်လို့ အလျင်အမြန် ပြောလိုက်သည်။

“မဝတ်ချင်တာတော့ မဟုတ်ပါဘူး၊ ရှင့်အဝတ်အစားတွေက အရမ်းကောင်းနေတာ။ သာမန်လူတွေ ဝတ်တဲ့ပုံစံ မဟုတ်ဘူး။ အဲ့ဒီ ဝတ်ရုံအကြောင်းပဲ ပြောရရင် ကျွန်မအဲ့ဒါကို ဝတ်ပြီး အပြင်ထွက်တာနဲ့ ဘယ်လောက်လူတွေ မြင်ကြမလဲ မသိဘူး”

“ဒါဆိုရင် ချည်ထည်အင်္ကျီအသစ် တစ်ထည် သွားဝယ်ပြီး ချည်ထည်ဖိနပ် နှစ်ရံနဲ့ ပြန်လာခဲ့”

အားချိုးက ကျူံးမင်းဝေအား အလျှော့မပေးရဲဘဲ ထပ်ခါထပ်ခါ သဘောတူလိုက်သည်။သူမ ဆေးကြောရင်း အိုးထဲသို့ ဝက်ဆီ တစ်ဇွန်း ခပ်ထည့်လိုက်ပြီး ကျူံးမင်းဝေကို ပြောသည်။

“ရှင့်အတွက်လည်း ချည်ထည်ဖိနပ်အသစ် တစ်ရံ ဝယ်ပေးရမယ်။ အခု ရှင့်မှာ ချည်ထည်ဖိနပ် တစ်ရံပဲ ရှိတော့တယ်။ အတွင်းထဲကလည်း ဝါဂွမ်းအဟောင်းတွေဆိုတော့ နွေးမှာ မဟုတ်ဘူး”

ကျူံးမင်းဝေက ထင်းတွေကို ထပ်ထည့်ရင်း ပြောသည်။။

“နားလည်ပြီ၊ ကျွန်မတို့မိသားစုက အခု ငွေမရှားတော့ဘူး၊ရက်ရောတယ်”

အားချိုးက ကျူံးမင်းဝေကို ပြုံးပြပြီး ဝက်သားခြစ်တွေအား အိုးထဲသို့ ရေနဲ့အတူ ထည့်လိုက်သည်။

ထို့နောက် အပြင်ခန်းက စံပယ်ပန်းအိုးကို ယူဖို့ လှည့်လိုက်သည်။ အခန်းထဲကို ယူတော့မည့်အချိန်မှာ အားချိုး ခဏရပ်လိုက်ပြီး အိုးထဲက စံပယ်ပန်း နှစ်ပွင့်ကို ထုတ်ယူလိုက်သည်။ သူမ ပါးစပ်ထဲ ထည့်ပြီး ခဏလောက် ဝါးလိုက်ပြီးမှ ပြန်ထုတ်လိုက်သည်။ထို့နောက် အခန်းထဲ ဝင်သွားပြီး ကျူံးမင်းဝေအတွက် လက်ဖက်ရည် တစ်ခွက် ဖျော်ပေးလိုက်သည်။ ပြီးတော့ မျက်ရည်တွေ ဝဲနေတဲ့ မျက်လုံးတွေနဲ့ ကျူံးမင်းဝေ လက်ဖက်ရည် သောက်တာကို ကြည့်နေသည်။

ကျူံးမင်းဝေက လက်ဖက်ရည်ခွက်ကို မီးဖိုပေါ် တင်ပြီး အားချိုးကို ကြည့်လိုက်သည်။ ကောင်မလေးက ဘာတွေ တွေးနေမှန်း မသိပေ၊ သူမရဲ့ ပါးပြင်တွေက ရဲနေသည်‌။

“ဘယ်သူ... ဘယ်သူက ရှင့်ကို ကြည့်နေလို့လဲ ရှင် အရင်လို မချောတော့ဘူး”

“ဟုတ်တယ်၊ ကိုယ်က ချောရုံတင် မကဘူး၊ ပါးစပ်လည်း ဆိုးသေးတယ်”

ကျူံးမင်းဝေသည် မနက်က ဖြစ်ခဲ့တာကို ပြန်စဉ်းစားပြီး သူ့ရဲ့ နှမြောစိတ်က ပြန်ပေါ်လာသည်။

အခန်း ၁၈၉။ အခု စမ်းကြည့်ချင်လား

“ရှင်က ဘာလို့ ဒီလောက် အငြိုးထားတတ်တာလဲ ရှင် ယောက်ျားရောဟုတ် လား...”

အားချိုးက တိုးတိုးလေး ရွတ်ပြီး အိုးကို မြှောက်ကာ ဆူနေတဲ့ ဟင်းရည်ထဲ ခေါက်ဆွဲတွေ ထည့်လိုက်သည်။ ထို့နောက်အိုးကို ပြန်အုပ်ပြီး ကျုံးမင်းဝေဘက် လှည့်လိုက်သည်။ ကျုံးမင်းဝေက သူမကို ကျော်သွားနေပြီး အစပိုင်းမှာ သူမကို ဂရုမစိုက်ပေ။ သို့ပေမယ့် သူမက ကျုံးမင်းဝေကို အဲဒီလိုပဲ ဆက်တိုက် တိုးဝှေ့နေတော့ ကျုံးမင်းဝေ မျက်နှာက တင်းမာနေပေမယ့် သူ့နှလုံးသားကတော့ ဝမ်းသာအားရ ဖြစ်နေပြီဖြစ်သည်။ ဒါကြောင့် သူက နွေးနွေးထွေးထွေးနဲ့ အပြင်ကို ရွှေ့ပေးပြီး အားချိုးအတွက် နေရာလေးတစ်ခု ဖယ်ပေးလိုက်သည်။

“ကျုံးမင်းဝေ၊ ရှင် တကယ်... တကယ်ပဲ စံပယ်ပန်း ကြိုက်တာလား”

အားချိုးက သူမ ပခုံးနဲ့ ကျုံးမင်းဝေရဲ့ လက်မောင်းကို ပွတ်သပ်သည်။ သူမ သူ့ဆံထုံးကို ညင်ညင်သာသာ ဆွဲရင်း ဘာကြောင့်မှန်းမသိ မျက်နှာရဲလာသည်။

“အင်း၊ ကြိုက်တယ်”

ကျုံးမင်းဝေက သူ့ဆံပင်အဖျားတွေအား ပေါ့ပေါ့ဆဆ ကုတ်ခြစ်နေတဲ့ လက်တွေကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောပြီး သူ့စိတ်ထဲမှာတော့

သူ တကယ် စံပယ်ပန်း ကို ကြိုက်သည်။ အပေါဆုံးနဲ့ အသက်သာဆုံး လက်ဖက်ရည်ကြမ်းပေမယ့် အဲ့ဒီမိန်းကလေး ဖျော်လိုက်တော့ အရမ်းအရသာရှိသွားတာပင်။ ဈေးကြီးတဲ့ ရွှေဖရုံသီး ပူအာရ် လက်ဖက်ရည်တောင် ယှဉ်လို့ မရ ပေ။

အားချိုးရဲ့ လက်ကိုင်က ပိုတင်းလာပေမယ့် သူမရဲ့ အသံက တဖြည်းဖြည်း တိုးသွားသည်။

“ဟင်”

ကျုံးမင်းဝေ ဘာကြောင့်မှန်းမသိ ခေါင်းလှည့်ပြီး အားချိုးကို ကြည့်လိုက်သည်။

အားချိုးရဲ့ မျက်နှာက ပို၍ နီရဲလာသည်။ ရှက်ရွံ့ပြီး ချစ်စရာကောင်းနေပေမယ့် နောက်ဆုံးမှာ ခေါင်းမော့ပြီး သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျုံးမင်းဝေကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေသည်။ ကျုံးမင်းဝေရဲ့ နှလုံးခုန်ရပ်သွားတဲ့အထိပင်။

အားချိုးက တိုးတိုးလေး အော်ပြီး မျက်လုံးမှိတ်ကာ ဖြည်းဖြည်းချင်း ကျုံးမင်းဝေဘက်ကို မှီလာသည်။

“ကလေးမလေး...”

ကျုံးမင်းဝေရဲ့ အသံ ပြောင်းသွားပြီး သူ တစ်ခုခု ပြောချင်ပုံရသည်။ သို့ပေမယ့် နောက်တစ်စက္ကန့်မှာ အဲဒီ အရောင်ဖျော့တဲ့ နှုတ်ခမ်းပါးလေးတွေကို အားချိုးက ပိတ်ဆို့လိုက်တော့ ကျုံးမင်းဝေရဲ့ ပါးစပ်ထဲ ချက်ချင်းဆိုသလို ပြင်းထန်တဲ့ စံပယ်ပန်း ရနံ့တွေ ပျံ့လွင့်သွားပြီး ပေါက်ကွဲသွားသည်။

သူ့လက်ထဲက မီးခြစ်တံဟာ ဘယ်အချိန်ကတည်းက ကြမ်းပြင်ပေါ် ပြုတ်ကျသွားမှန်း မသိတော့ပေ။ တောက်ပနေတဲ့ မီးလျှံတွေရှေ့မှာ ကျုံးမင်းဝေဟာ အားချိုးကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး အားချိုးကလည်း သူ့လက်တွေကို ကျုံးမင်းဝေရဲ့ လည်ပင်းကို ရစ်ပတ်ထားသည်။ နှစ်ယောက်သား ခွဲလို့မရအောင် နမ်းရှိုက်နေကြသည်။

ဒီနေ့ရဲ့ ပဲအိုးက ပျက်စီးသွားပြီး ခေါက်ဆွဲတွေက လုံးဝ ပျစ်ချွဲပြီး အလုံးလိုက် ဖြစ်သွားပေမယ့် ဘယ်သူမှ မညည်းညူကြပေ။ တူတွေလည်း အသုံးမဝင်တော့တာကြောင့် နှစ်ယောက်သား ဇွန်းနဲ့ ခေါက်ဆွဲဟင်းရည်ကို စားလိုက်ကြသည်။

ကျုံးမင်းဝေက ခေါက်ဆွဲဟင်းရည်ကို စားရင်း အားချိုးကို မရပ်မနား မှာနေသည်။

“တစ်ခုခု ဝယ်ပြီးရင် မြန်မြန် ပြန်လာခဲ့၊ အပြင်မှာ လျှောက်မသွားနဲ့၊ အေးတယ်၊ အေးခဲနေမယ် သတိထား”

“နားလည်ပြီ၊ ကျွန်မတစ်ယောက်တည်း အပြင်မှာ လျှောက်သွားပြီး ဘာလုပ်ရမှာလဲ”

အားချိုးက ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောရင်း ခေါက်ဆွဲဟင်းရည် တစ်ဇွန်း ခပ်စားပြီး ကျုံးမင်းဝေကို မေးသည်။

“နောက်ထပ် ဘာစားချင်သေးလဲကျွန်မ ဝယ်ခဲ့ပေးမယ်”

ကျုံးမင်းဝေက အားချိုးကို ပြုံးပြသည်။ သူ့အပြုံးက နူးညံ့ပြီး တုန်ယင်နေသည်။

အားချိုး သူမရဲ့ ပန်းထိုးထားတဲ့ မင်္ဂလာဝတ်စုံနဲ့ တောင်အောက်ဆင်းလာတော့ ကျီရှန်းကျောင်းဟာ ရှုပ်ထွေးနေသည်။

အားချိုးက တံခါးမှာ ချည်ထားတဲ့ အရပ်ရှည်ရှည် အညိုရောင် မြင်းတစ်ကောင်ကို ကြည့်လိုက်သည်။ အားချိုးဟာ ကုန်းဝမ်ကျဲရဲ့ မြင်းနဲ့ တူနေတာကို မြင်တော့ ခဏလောက် ခြံစည်းရိုးရှေ့မှာ ရပ်လိုက်သည်။ အချိန်အတော်ကြာအောင် စောင့်နေပေမယ့် ကုန်းဝမ်ကျဲ ထွက်မလာ ပေ။ အားချိုး နည်းနည်း စိုးရိမ်လာသည်။ ကျုံးမင်းဝေက သူမကို စောစောသွား စောစောပြန်ဖို့ အကြိမ်ကြိမ် မှာထားခဲ့သည်။ ဒါကြောင့် အားချိုး ခြေလှမ်းကို အမြန်လှမ်းပြီး ခြံဝင်းထဲကို တက်သွားလိုက်သည်။

“ငါ မသွားဘူး အစောင့်ကုန်း၊ မင်း ငါ့ကို ထပ်ပြီး ဖိတ်နေစရာ မလိုတော့ဘူး”

အားချိုး တံခါးမှာ ရပ်ပြီး တံခါးခေါက်ဖို့ ပြင်နေတုန်း ချန်ချင်းရွှမ်ရဲ့ အသံကို အတွင်းက ကြားလိုက်ရသည်။ ချန်ချင်းရွှမ်ရဲ့ အသံကို ကြားရတာ သူ ဒေါသထွက်နေပုံရသည်။ အားချိုး နည်းနည်း နားမလည်နိုင်ဖြစ်သွားသည်။ ချန်ချင်းရွှမ်လို စိတ်ကောင်းရှိတဲ့သူတစ်ယောက်ကို ဘာအရာက ဒီလောက် ဒေါသထွက်အောင် လုပ်နိုင်ပါလိမ့်။

ချန်ချင်းရွှမ် အိမ်ထဲမှာ ဒေါသထွက်နေတော့ အားချိုး တံခါးခေါက်ဖို့ ခက်ခဲနေသည်။ သူမက ဈေးကို အရင်သွား၍ ပစ္စည်းတွေ ဝယ်ပြီးမှ အဝတ်အစားတွေ လာပို့မယ်လို့ တွေးလိုက်သည်။ ထိုအတွေးနှင့် သူမ လှည့်ထွက်တော့မယ့်အချိန်မှာ သူ့ရှေ့က တံခါးဟာ အတွင်းကနေ တွန်းဖွင့်ခံလိုက်ရသည်။

အားချိုး သူ့ရှေ့က လူကို ရှင်းရှင်းလင်းလင်း မြင်တော့ အလျင်အမြန် နှုတ်ဆက်လိုက်သည်။

ဒါပေမယ့် ကုန်းဝမ်ကျဲရဲ့ မျက်နှာက သိပ်မကောင်းတာ သိသာသည်။ သူ အားချိုးကို တစ်ချက်ကြည့်ပြီး ဘာမှ မပြောဘဲ အားချိုးရဲ့ ပခုံးကို ပွတ်သပ်ပြီး တန်းထွက်သွားသည်။

အားချိုး တံခါးမှာ ခဏလောက် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးမှာ ဝင်သွားလိုက်သည်။

အားချိုး ဝင်လာတာနဲ့ အဘွားချန် စားပွဲမှာ တောင့်တောင့်ကြီး ထိုင်နေတာကို တွေ့လိုက်ရသည်။

အားချိုး သူ့ရှေ့ ရောက်နေပြီပေမယ့် သူမ တုံ့ပြန်မလာပေ။ အားချိုး နည်းနည်း စိုးရိမ်သွားပြီး အဘွားချန်ဘေးမှာ ထိုင်ကာ တိုးတိုးလေး ထပ်မေးလိုက်သည်။

အဘွားချန် သတိပြန်ဝင်လာကာ ဆံပင်ကို သပ်တင်ရင်း အားချိုးကို ပြုံးပြီး မေးသည်။

“ငါ အရင်တစ်ခေါက် ပေးလိုက်တဲ့ ချဉ်ဖတ်တွေ စားလို့ အဆင်ပြေရဲ့လား”

All Chapters