← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 6 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 6 Ch. 196-198

အခန်း ၁၉၆။

“ ကျွန် တော့မှာလည်း ဒီအစီအစဉ်ရှိတယ်”

ကျုံးဇီဟန်က ခေါင်းညိတ်ပြီး လက်နဲ့ လက်ဖက်ရည်ခွက်ကို ပွတ်သပ်ရင်း ခေတ္တရပ်ကာ လေးနက်တဲ့အသံနဲ့ ပြောလိုက်သည်။

“မင်းကျန်းကို ဘုရင်အဖြစ် ချီးမြှောက်မယ်ဆိုရင် ကျုံးမင်းကောကိုလည်း ချန်ထားလို့ မရဘူး။ နောက်ဆုံးမှာ ကျုံးမင်းကောက အစ်ကိုပဲ”

“ဒါက သဘာဝကျပါတယ်”

မယ်တော်ကြီးက ခေါင်းညိတ်ပြီး ကျုံးဇီဟန်ကို ကြည့်လိုက်သည်။

“ဧကရာဇ်မင်းမြတ်က ကျုံးမင်းကောနဲ့ ကျုံးမင်းကျန်းတို့ကို ဘယ်လိုရာထူးတွေ ပေးဖို့ သင့်တော်တယ်လို့ ထင်ပါသလဲ”

“အမေကို ရိုးရိုးသားသား ပြောရရင် ကျွန်တော်က ကျုံးမင်းကောကို ကျုံးမင်းကျန်းနဲ့ တန်းတူ အဆင့်အတန်း ပေးချင်ခဲ့တာပါ။ ကျုံးမင်းကျန်းက မြင့်မြတ်တဲ့ ကိုယ်လုပ်တော်တစ်ပါးက မွေးဖွားလာပြီး ပိုပြီး ဂုဏ်သိက္ခာရှိတဲ့ အဆင့်အတန်း ရှိပေမယ့် ကျုံးမင်းကောက အသက်ကြီးပြီး အမြဲတမ်း ကိစ္စတွေကို သတိဝီရိယရှိရှိ လုပ်ဆောင်နေချိန်မှာ သူ့ရဲ့ညီငယ်က ဦးဆောင်တာကို ကျွန်တော် မခံနိုင်ဘူး”

“အခုမှ ကျုံးမင်းကျန်းအိမ်တော်က သတင်းကောင်း ရောက်လာတယ်။ အကယ်၍ ကျွန်တော်က သူ့အစ်ကိုကို အရင်အတိုင်းပဲ ပေးလိုက်ရင် လူတွေက ပိုပြီး ထင်ကြေးပေးလာမှာကို စိုးရိမ်တယ်”

“ဧကရာဇ်မင်းမြတ် ပြောတာ မှန်ပါတယ်။ ပညာရှိသူဆိုရင် ဒီတစ်ကြိမ် မင်းသားနှစ်ပါးရဲ့ ရာထူးတွေ မတူသင့်ဘူးဆိုတာ သိရမယ်။ အကယ်၍ ဧကရာဇ်မင်းမြတ်က သူတို့ကို တူညီတဲ့ ရာထူးတွေ ပေးလိုက်ရင် မသင့်တော်ဘူး”

“ဒါဆိုရင် မင်းက မင်းကျန်းကို ပထမအဆင့် မင်းသားအဖြစ်နဲ့ ကျုံးမင်းကောကို ဒုတိယမြို့စားအဖြစ် ခန့်အပ်သင့်တယ်”

“ဒါပေမယ့် အရမ်းရိုးသားပြီး တည်ငြိမ်တဲ့ ကျုံးမင်းကောလို ကလေးတစ်ယောက်အတွက် မတရားရာကျတယ် “

မယ်တော်ကြီးက လက်ဖက်ရည် တစ်ငုံသောက်ပြီး ရုတ်တရက် ကျုံးဇီဟန်ကို ကြည့်လိုက်သည်။

“ကျုံးမင်းကော လက်ထပ်တာ ခုနစ်နှစ်၊ ရှစ်နှစ်လောက် ရှိပြီလားလို့။ ဒါပေမယ့် ငါ့မှာ မြေးတစ်ယောက်မှ မရှိသေးဘူး။ ဧကရာဇ်မင်းမြတ် ထူးဆန်းတယ်လို့ ထင်လား”

“ဟုတ်တယ်၊ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း ဒီလို သံသယ ရှိနေပေမယ့် ကျွန်တော်က ကျုံးမင်းကောဆီကို ဆရာဝန်တော်တော်များများ စေလွှတ်ခဲ့ပြီး ဒုတိယမင်းသားနဲ့ သူ့ရဲ့ ကိုယ်လုပ်တော်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ခိုင်းခဲ့တယ်။ ဘာအဖြေမှ မရခဲ့ဘူး”

“ကျွန်တော့်မှာ သားတွေ သိပ်မများတာထားတော့ ကျွန်တော့်မြေးတွေက ပိုဆိုးနေတယ်၊ အခု ကျုံးမင်းကျန်းအိမ်တော်က မိန်းကလေးတစ်ယောက်ပဲရှိတော့တာ။ ကျုံးမင်းကျန်းရဲ့ ကိုယ်လုပ်တော် ဗိုက်ထဲမှာ မြေးတော်တစ်ယောက် ရောက်လာဖို့ မျှော်လင့်တယ်”

“ဧကရာဇ်မင်းမြတ် စိတ်မပူပါနဲ့။ နောက်ဆုံးမှာ သူမက ငယ်ရွယ်ပါသေးတယ်”

သူမ ကျုံးဇီဟန်ရဲ့ လက်ကို ပုတ်ရင်း ညင်ညင်သာသာ ပြောလိုက်သည်။

“ မင်းရုံက ဘယ်လောက်ရှိသေးလို့လဲ။ အမေက ကျွန်တော့်ကို စနောက်နေတာနဲ့ တူတယ်”

ကျုံးဇီဟန်က ပြုံးရင်း လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး တည်တည်ကြည်ကြည်နဲ့ ပြောလိုက်သည်။

“ကျွန်တော်က မင်းကျန်းကို မင်းသားရာထူး ပေးချင်တာ အမှန်ပဲ၊ ဒါပေမယ့် အဲဒီလိုလုပ်ရင် သေချာပေါက် မရနိုင်ဘူး”

ကျောက်မျိုးနွယ်မှာ မင်းသားတစ်ပါးရှိပြီးသားပင်။ ကျုံးမင်းကျန်းကလည်း ထုံတမ်းရေးရာဝန်ကြီး အန်းဇီရှန်နှင့် သားမက်တော်စပ်သည်။ ကျောက်မျိုးနွယ်နဲ့ အန်းမိသားစုတို့က သူ့ကို ထောက်ခံအားပေးနေတာကြောင့် မင်းသားရာထူးက သေချာသလောက် ဖြစ်နေပြီဖြစ်သည်။ အခုသာ ကျုံးမင်းကျန်း မင်းသားဖြစ်လာပါက နှစ်သစ်ကူးတွင် အိမ်ရှေ့စံခန့်အပ်ရန် တောင်းဆိုသံများ ညံလာလိမ့်မည်။ ကျုံးဇီဟန်က ဒီနှစ် အသက် ၅၀ ကျော်ထဲ ဝင်ကာစသာရှိသေးပြီး ကျန်းမာရေးလည်း ကောင်းမွန်သည်။ ဒါ့အပြင် သူက အရှေ့နန်းတော်ရဲ့ မင်းသားတစ်ပါးကိုလည်း ဖြုတ်ချထားပြီးတာကြောင့် အိမ်ရှေ့စံကို ခန့်အပ်ဖို့ အစီအစဉ် မရှိသေးပေ။ ဒါကြောင့် အရာရှိတွေအားလုံးက မင်းသားခန့်အပ်ဖို့ တောင်းဆိုနေတဲ့ အခြေအနေမျိုးမှာ သူ့ရဲ့အောင်မြင်မှုကို မြင်ရတာကို သူ သဘာဝကျကျ မပျော်ရွှင် ပေ။

မယ်တော်ကြီးက ကျုံးဇီဟန်ရဲ့ စိတ်ကို သဘာဝကျကျ နားလည်သည်။ သူမက လက်ဖက်ရည် တစ်ငုံသောက်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။

“ချုံရန်နေ့မှာ အန်းမိသားစုက မိန်းကလေးက နန်းတော်ကို လာပြီး ဝမ်းနည်းကြောင်း လျှောက်ထားတယ်။ ဒီမိန်းကလေးကို ကြည့်ရတာ မိန်းမကောင်းလေး ဖြစ်နိုင်တယ်။ အရမ်းချစ်တတ်ပြီး တရားမျှတတဲ့ မိန်းကလေးပဲ”

“အန်းမိသားစုအိမ်မှာရှိတဲ့ ရှောင်အန်းလား”

“ဟုတ်တယ်၊ ရှောင်အန်းကို လုံလုံခြုံခြုံ မင်္ဂလာဆောင်ပေးဖို့ အရှင်မင်းကြီးက အမိန့်ပေးခဲ့တယ်လို့ ပြောကြတယ်”

“အန်းကျစ်က ကိုယ်တိုင် နန်းတော်ကို ခွင့်တောင်းဖို့ လာခဲ့တယ်လို့ ဆိုကြတယ်”

“ဟုတ်လား။ အဲဒီတုန်းက ကျွန်တော် အံ့အားသင့်သွားတယ်။ အန်းကျစ်က သူ့သမီးရဲ့ စွဲလမ်းမှုကို ဖြည့်ဆည်းပေးဖို့ ကျွန်တော့်ကို မင်္ဂလာဆောင်ခွင့်ပြုဖို့ ငိုယိုပြီး တောင်းဆိုခဲ့တယ်လေ”

ကျုံးဇီဟန်ကလည်း ပြောင်လှောင်ပြီး နှုတ်ခမ်းကို လှုပ်လိုက်ကာ လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း တစ်ချိန်တည်းမှာပဲ လမ်းကြောင်းကို ကောင်းကောင်း ဖြည့်ဆည်းပေးဖို့ ကြိုးစားလိုက်သည်။

“ရှောင်အန်းက အရမ်းစိတ်အားထက်သန်နေမှတော့ တရားမျှတတဲ့အတွက် သူ့ကို နင်းဂုတကို ပို့ပေးလိုက်ပါ”

မယ်တော်ကြီးက ဘာမှ မပြောဘဲ ခေါင်းငုံ့ပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေသည်။

ကျားရှန်မင်းဆက် ၃၂ နှစ်မြောက် နိုဝင်ဘာလ ၁၀ ရက်နေ့။

အားချိုး လွန်ခဲ့တဲ့လက ဝက်သားခြောက်တွေ လုပ်ခဲ့လေသည်။ ဒီနေ့ နေ့လယ် နေရောင်ကောင်းတုန်းမှာ တောင်ပေါ်ကနေ ဆင်းပြီး အဘွားချန်ရဲ့အိမ်ကို ပို့ပေးဖို့ သွားလိုက်သည်။

ကျီရှန်းကျောင်းကို ရောက်တော့ အားချိုးအတွက် တံခါးဖွင့်ပေးတာ အဘွားချန် မဟုတ်ဘဲ ချန်ချင်းရွှမ် ဖြစ်နေသည်။

“သခင်လေးချန်၊ အဘွားချန် အိမ်မှာ မရှိဘူးလား”

“သူ ရွာကို ပြန်သွားတယ်။ ဆွေမျိုးတွေအိမ်မှာ မင်္ဂလာပွဲရှိလို့ ကူညီဖို့ ပြန်သွားတာ”

“ဒီလောက် ကြီးမားတဲ့ လက်ဆောင်ကို ဘယ်လို လက်ခံရမလဲ။ ကျွန်တော့်မှာ အရည်အသွေးကောင်းတဲ့ လက်ဖက်ရည်အိုးတစ်လုံး ရှိတယ်။ ပြန်ယူသွားပြီး သောက်လိုက်ပါ”

အားချိုးက အလျင်အမြန် လက်ကို ဝှေ့ယမ်းရင်း နည်းနည်း ရှက်သွားပြီး ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က လက်ဖက်ရည်အသစ်တွေ ဝယ်ထားပြီးသားပါ။နောက်ထပ်လည်း ဝယ်ထားပါသေးတယ်”

အခန်း ၁၉၇။

အားချိုး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်ခဲ့တဲ့ စံပယ်ပန်းတွေကို တွေးမိတော့ နည်းနည်း ရှက်သွားသည်။

အခု သူမက ပိုပြီး ယဉ်ကျေးတဲ့ အလေ့အထတစ်ခု ရှိလာခဲ့သည်။ သူမက စံပယ်ပန်း နှစ်ပွင့်ကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်ကာ ဝါးစားလေ့ရှိသည်။ သူမက ကျုံးမင်းဝေ သူမအနားမှာ ရှိနေတာကို ကြိုက်ပေမယ့် သူမမျက်နှာက အရမ်းပိန်သည်။ ပြောရတာ တကယ် မကောင်းပေမယ့် ကျုံးမင်းဝေကတော့ သူ့နည်းသူ့ဟန်နဲ့ ခံစားနေတုန်းပင်။ သူက အားချိုး ဆီက စံပယ်ပန်းရနံ့ကို ရတာနဲ့ တစ်ပြိုင်နက် လာပြီး သူမကို နမ်းမှာ သေချာသည်။ ဒါဟာ လူနှစ်ယောက်ကြားက နားလည်စရာမလိုတဲ့ အရာတစ်ခု ဖြစ်လာခဲ့သည်။

“ဈေးထဲမှာ စံပယ်ပန်းရောင်းတဲ့သူတွေ ရှိလား”

ချန်ချင်းရွှမ်က နည်းနည်း အံ့အားသင့်သွားသည်။ သူက လက်ဖက်ရည် ထည့်ပြီး ယူလာပေး၏။

“ဟုတ်တယ်၊ ဈေးထဲမှာ လက်ဖက်ရည်ဆိုင်အသစ်တစ်ခု ရှိတယ်။ သူတို့က စံပယ်ပန်းနဲ့ လုံကျင်းဘီနဲ့ လုချွန်းကိုလည်း ရောင်းသေးတယ်”

အားချိုးက လက်ဖက်ရည်ရနံ့ကို ရှူရင်း အရမ်း အလုပ်များနေတဲ့ကြားက ပြောလိုက်သည်။

“အစစ်လား အတုလားတော့ မသိဘူး၊ ဒီမှာက ရေနွေးကြမ်းဟုတ်ရဲ့လားတောင် မသိတာဆိုတော့”

ချန်ချင်းရွှမ်က ပြုံးပြီး ပြောသည်။

“ကျွန်မ ကောင်းကောင်း မြည်းကြည့်မယ်။ ဟန်ကျိုးရဲ့ အထူးအစားအစာကို အရင်က တစ်ခါမှ မမြည်းဖူးဘူး”

အားချိုးက ပြုံးပြီး လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။ သနားစရာကောင်အောင် ရေနည်းနည်းသာ ထည့်နိုင်သည့် လက်ဖက်ရည်ခွက်လေးပင်။ အားချိုးက အရမ်းကြိုက်ပြီး သူမရှေ့မှာ ကပ်ကာ သေချာ ကြည့်နေသည်။

ချန်ချင်းရွှမ်က သူမ ကြည့်နေတာကို မြင်ပြီး မရယ်ဘဲ မနေနိုင် ပေ။ သူ ထိုင်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း အားချိုးကို ပြောသည်။

“သခင်လေးချန်၊ ဘယ်လို သစ်သီးမျိုး ကြိုက်လဲ။ ကျွန်မ ရှင့်အတွက်လည်း ဝယ်ပေးမယ်”

“ဒါဆိုရင် ကျွန်မ ရှင့်အတွက် မှင်၊ စက္ကူနဲ့ မှင်အိုး ဝယ်ပေးမယ်။ အခု အချိန်ကောင်းပဲလေ၊ ရှင် အသုံးပြုဖို့ အဆင်သင့်ပဲ”

အားချိုးက ပြောသည်။ သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လက်ဖက်ရည်ခွက်ကို ချ၍ ချန်ချင်းရွှမ်ကို မေးလိုက်၏။

“အဘွားရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်မနေနဲ့။ ဒေသဆိုင်ရာ စာမေးပွဲက နောက်နှစ် သြဂုတ်လအထိ စောင့်ရဦးမယ်။ ခြောက်လတောင် ကျန်သေးတယ်”

“အဲဒါ ကောင်းတာပေါ့။ ပြင်ဆင်ချိန် ပိုရတာ ပိုကောင်းတယ်...”

“ဒုန်း ဒုန်း ဒုန်း”

အားချိုး စကားမဆုံးခင်မှာ အပြင်က တံခါးခေါက်သံကြောင့် စကားစပြတ်သွားသည်။ တံခါးသံက အပြင်ဘက်ကနေ ဆောင့်ခေါက်တာကြောင့် အခန်းတစ်ခုလုံး တံခါးရွက်သံတွေ ပြည့်နှက်သွားလေသည်။ ချန်ချင်းရွှမ်တင်မက၊ အားချိုးလည်း မျက်မှောင်ကြုတ်သွားသည်။ ဘယ်သူ ဒီလောက် ရိုင်းစိုင်းတာလဲဟု သူမ မပြောဘဲ မနေနိုင်ခဲ့ပေ။ တံခါးခေါက်သံက အမှန်တော့ ခေါင်းတလားရွက်ကို ရိုက်သံနဲ့ တူသည်။

ချန်ချင်းရွှမ် မျက်မှောင်ကြုတ်ပြီး တံခါးဖွင့်ဖို့ သွားလိုက်သည်။ တံခါးက အနည်းငယ်ပဲ ဟသွားပေမယ့် အပြင်က လူတွေက တိုက်ရိုက် တွန်းဖွင့်လိုက်သည်။ အားကောင်းလွန်းလို့ ချန်ချင်းရွှမ် နောက်ဆုတ် သုံးလေးလှမ်းမှ ရပ်နိုင်သည်။

ချန်ချင်းရွှမ်က မျက်နှာတင်းတင်းနဲ့ ခြေလှမ်းကျဲကျဲနဲ့ အခန်းထဲကို လျှောက်ဝင်သွားသည်။

အားချိုးက လာတဲ့သူက ကုန်းဝမ်ကျဲလို့ ထင်ခဲ့သည်။ မထင်မှတ်ဘဲ ကုန်းဝမ်မင် ဖြစ်နေသည်။ ကုန်းဝမ်မင်က ကုန်းဝမ်ကျဲထက် ပိုအေးစက်ပြီး နွေးထွေးတာမျိုး မရှိပေ။ သူက အမြဲတမ်း မျက်နှာမှာ အပြုံးမရှိတဲ့ လူတစ်ယောက်လိုပင်။ အားချိုးက ကုန်းဝမ်မင်ကို ကြောက်သည်။ သူမ ကုလားထိုင်ကနေ ထပြီး ကုန်းဝမ်မင်ဆီ အလျင်အမြန် ပြေးသွားကာ ဦးညွှတ်၍ အရိုအသေပြုလိုက်ပေမယ့် ဘာမှ မပြောရဲ ပေ။

“ချန်ရှူးချိုင်*ရဲ့ ဟန်ပန်က အရမ်းကြီးမားလို့ မြို့ဝန်ကိုတောင် မျက်နှာမပေးဘူးလို့ ကြားခဲ့တာ”

(ချန်ရှူးချိုင်-ချန်ချင်းရွှမ်ကို ပြောတာပါ)

ကုန်းဝမ်မင်က နံရံထောင့်မှာ ရပ်နေတဲ့ အားချိုးကို မျက်စောင်းထိုးကြည့်ပြီး နှုတ်ခမ်းကို အေးစက်စွာ ဆုပ်ကိုင်ကာ ချန်ချင်းရွှမ်ဆီ ပြန်လျှောက်သွားပြီး ပြောင်လှောင်လိုက်သည်။

“ဒါပေမယ့် ချန်ရှူးချိုင်ရဲ့ အရသာက တကယ် ထူးခြားနေတာပဲ။ တရားသူကြီးရဲ့ အမျိုးသမီးကို ထားခဲ့ပြီး ဒီလို ရုပ်ဆိုးတဲ့ မိန်းကလေးကို တွေးကြည့်တာ တကယ် နားမလည်နိုင်ဘူး”

“ကုန်းဝမ်မင် မဟုတ်မမှန်တွေ မပြောနဲ့”

ချန်ချင်းရွှမ် မျက်နှာဖြူဖျော့သွားပြီး ဒေါသကြောင့် မျက်လုံးတွေက ကုန်းဝမ်မင်ကို စိုက်ကြည့်ကာ မီးပွင့်တော့မလို ဖြစ်နေသည်။

“ကျစ် ကျစ်၊ ချန်ရှူးချိုင်ရဲ့ စိတ်တိုတာက တကယ် မသေးဘူး”

ကုန်းဝမ်မင်က မျက်ခုံးပင့်ပြီး ရုတ်တရက် လက်တစ်ဖက်နဲ့ ချန်ချင်းရွှမ်ရဲ့ အင်္ကျီကို ဆွဲကိုင်ကာ ကိုင်းညွှတ်ပြီး အေးစက်စွာ ပြောသည်။

“ငါ ကုန်းဝမ်မင်ရဲ့ စိတ်ထားကလည်း မကောင်းဘူး၊ ချန်ရှူးချိုင် မင်းက ငါတို့ညီအစ်ကိုကို အကြိမ်ပေါင်းများစွာ လာရအောင် လုပ်နေတာပဲ၊ ငါတို့ကို အဲဒီလို အလွယ်တကူ လျှောချလို့ ရမယ်လို့ ထင်နေတာလား”

“ပြောစရာရှိရင် ပြော၊ လက်မပါနဲ့”

အားချိုးက တားဆီးဖို့ အရမ်း အလုပ်များနေပေမယ့် ဘယ်သူ့ကိုမှ ဆွဲရဲပေ။ အခု သူမက

ဟုသာ ပြောနိုင်သည်။

ကုန်းဝမ်မင်က အားချိုးကို အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်သည်။

အခန်း ၁၉၈။

အားချိုးက အရမ်းကြောက်လန့်သွားတာကြောင့် ဘာစကားမှ မပြောနိုင်တော့ပေ။

“မိန်းခလေး၊ ဒီမှာ မိန်းခလေးအတွက် ဘာအလုပ်မှ မရှိဘူး။ အရင် ပြန်လိုက်ဦး”

ချန်ချင်းရွှမ်က မျက်မှောင်ကြုတ်ပြီး အားချိုးကို ပြောလိုက်သည်။

“ဒါပေမယ့်၊ ရှင်...”

အားချိုးက ကုန်းဝမ်မင်နဲ့ ချန်ချင်းရွှမ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

“သွားစမ်း မင်းက ဘာဂရုစိုက်နေတာလဲ”

“သွားပါ မိန်းခလေးကိစ္စ မဟုတ်ဘူး”

ကုန်းဝမ်မင်နဲ့ ချန်ချင်းရွှမ်တို့က အားချိုးကို တစ်ပြိုင်နက် အော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်မှာ အားချိုးက အလျင်ဟလို ပြေးထွက်သွားတော့သည်။

“မြို့ဝန်မှာ ပိုက်ဆံ အရမ်းရှိတာပဲကို။ သခင်လေးချန်က ဘာလို့ လက်မခံနိုင်တာလဲ”

အိမ်ပြန်ရောက်တော့ အားချိုးက နားမလည်နိုင်ပေ။ သူမက ကျုံးမင်းဝေကို ပြောသည်။

“ဟိုရွှေရောင်လူက ကောင်းတယ်ဆိုတာ မင်း ဘယ်လိုသိလဲ”

ကျုံးမင်းဝေက လေတိုက်လို့ ဖရိုဖရဲဖြစ်နေတဲ့ အားချိုးရဲ့ ဆံပင်ကို သပ်ပေးရင်း ပြောသည်။

အားချိုးက ခေါင်းလှည့်ပြီး ကျုံးမင်းဝေကို ပြုံးပြကာ ဆက်ပြောသည်။

“အစောင့်ကုန်းကလည်း ပြောတယ် မြို့ဝန်ရဲ့ သခင်မလေးက သွမ့်ရူလန်နဲ့ တူတယ်တဲ့၊ ဒါကြောင့် သူမက အလှဘုရင်မ ဖြစ်မှာပဲ”

“ဒါပဲပေါ့”

ကျုံးမင်းဝေက အားချိုးရဲ့ ဆံပင်ကို ကျစ်ဆံမြီး ကျစ်ပေးရင်း ပြောသည်။

အားချိုးရဲ့ မျက်လုံးဖြူတွေက ပိုကျယ်သွားသည်။

“သခင်မလေးသွမ့်ရဲ့ ရုပ်ရည်က ရှင့်ပါးစပ်ထဲမှာ ဒါပဲတဲ့ လား။ သူက ရိုးရိုး လှတဲ့ မိန်းကလေးပဲမဟုတ်ဘူး”

ကျုံးမင်းဝေက ပြုံးပြီး အားချိုးရဲ့ ဖောင်းကားတဲ့ နှုတ်ခမ်းတွေကို ငုံ့နမ်းလိုက်သည်။ သူက ပြုံး၍

“တော်ပါ၊ လျှောက်ပြောနေတာတော်တော့၊ တော်တော် စကားတတ်လာတယ်”

အားချိုးက မယုံပေမယ့် အရမ်း ပျော်နေသည်။ သူမက နောက်ဆုတ်ပြီး ကျုံးမင်းဝေရဲ့ ရင်ခွင်ထဲမှာ လုံးဝ ငြိမ့်ဝင်သွားကာ သူ့ကို မလှုပ်ခိုင်းဘဲ မေးလိုက်သည်။

“ရှင် အရင်က သေချာပေါက် အလှအပနဲ့ ရင်းနှီးခဲ့မှာပဲ။ ဒါကြောင့် သခင်မလေးသွမ့်ရဲ့ အလှကို ရှင် မအံ့သြမလား”

ကျုံးမင်းဝေက နည်းနည်း တည်တည်ဖြစ်သွားသည်။ သူက သူမရဲ့ ကျစ်ဆံမြီးတွေကို ဆက်ကျစ်ပြီး

“ကိုယ်က လူကြီးလူကောင်းပဲ။ ကိုယ် အရမ်း အလုပ်များနေခဲ့တာ ခြေထောက်မှာ ဖုန်တောင်မကပ်နိုင်ဘူး။ ဘယ်မှာ အဲ့လိုမိန်းမလှတွေရဲ့ မျက်နှာကို အမြဲ စိုက်ကြည့်နိုင်မှာလဲ”

“ဒါပေမယ့် ရှင်က အလှအပတွေ အများကြီး မြင်ဖူးတယ်လေ”

အားချိုးက နည်းနည်း ပျော်ရွှင်လာပေမယ့် သူမက ကျုံးမင်းဝေရဲ့ ခြေထောက်ကို ဆိတ်ပြီး တီးတိုး ပြောလိုက်သည်။

“ရှင့်အိမ်မှာ ရွေးချယ်လိုက်တဲ့ ဘယ်မိန်းကလေးမဆို ကျွန်မထက် အများကြီး ပိုလှမှာကို ကြောက်တယ်”

ကောင်မလေးက ငယ်ရွယ်ပေမယ့် မနာလိုတတ်တဲ့ စိတ်ကတော့ အသေးအဖွဲလေး မဟုတ်ပေ။

ကျုံးမင်းဝေက နှုတ်ခမ်းကို မထိန်းနိုင်ဘဲ ပြုံးလိုက်သည်။ သူက အခုအချိန်မှာ ဘာမှ မပြောပေ။ သူ အဝါရောင် ပိုးသားကို ယူပြီး ကျစ်ဆံမြီးရဲ့ အဆုံးမှာ လှပတဲ့ ကြိုးကွင်းတစ်ခု ချည်လိုက်သည်။ အခု ကျုံးမင်းဝေက ဒီအလုပ်နဲ့ ပိုပြီး သက်တောင့်သက်သာ ရှိလာသည်။ သူက ကြိုးကွင်း အမျိုးအစား အတော်များများ ချည်နိုင်သည်။

“ဘာလို့ ဘာမှ မပြောတာလဲ”

အားချိုးက မျက်ခုံးနဲ့ မျက်လုံးတွေကို လျှော့ချလိုက်ပေမယ့် ကျုံးမင်းဝေရဲ့ အဖြေကို မရခဲ့ပေ။ သူမ နည်းနည်း စိတ်ဓာတ်ကျသွားသည်။

“အမှန်အတိုင်း ပြောရမှာ ကြောက်နေတာလား၊ ကျွန်မ မပျော်မှာစိုးလို့လား။ စိတ်မပူပါနဲ့၊ ကျွန်မက ရက်ရောတယ်၊ ဒါကြောင့် အရင်ကိစ္စတွေကို စိတ်မဝင်စားဘူး...”

“ဒီကမ္ဘာမှာ လှပတဲ့ မျက်နှာတွေ ထောင်နဲ့သောင်းနဲ့ချီ ရှိတယ်”

ကျုံးမင်းဝေက ညင်ညင်သာသာ ပြောပြီး မနာလိုတတ်တဲ့ ကောင်မလေးကို လှည့်လိုက်ကာ သူမရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို ကြည့်ရင်း ပြောသည်။

“ဒါပေမယ့် ကိုယ့်ကို နှလုံးနာကျင်စေနိုင်တဲ့ ဝိညာဉ်က ကိုယ့်ရှေ့မှာ ရှိနေတဲ့ မင်းတစ်ယောက်တည်းပဲ”

ဒေါသထွက်နေတဲ့ မျက်နှာက ချက်ချင်း ဒေါသတွေ လျော့သွားပြီး တင်းမာနေတဲ့ နှုတ်ခမ်းတွေက နည်းနည်းလေး ကွေးတက်လာသည်။ နောက်ဆုံးတော့ သူမ မထိန်းနိုင်တော့ ပေ။ အားချိုးက ရှက်ရွံ့စွာ ပြုံးပြီး

“ဘယ်ကနေ အဲ့တာတွေ သင်ခဲ့တာလဲ၊ အဲ့လိုကြီး ပြောနေတာ မရှက်ဘူးလား”

ကျုံးမင်းဝေက အားချိုးရဲ့ မျက်နှာကို ကိုင်ရင်း ပြောသည်။

“မလုပ်နဲ့...”

အားချိုးက ပါးစပ်ဖွင့်လိုက်တဲ့အခါ ရှက်သွားသည်။ သူက မျက်လုံးတွေကို မှိတ်တုတ်မှိတ်တုတ် လုပ်ပြီး ကျုံးမင်းဝေရဲ့ စနောက်ချင်နေတဲ့ မျက်လုံးတွေကို မကြည့်ရဲပေ။ တစ်ချိန်တည်းမှာပဲ သူမက တီးတိုး ပြောလိုက်သည်။

ကျုံးမင်းဝေက တိုးတိုးလေး မေးလိုက်သည်။ သူက အားချိုးရဲ့ နဖူးကို သူ့နဖူးနဲ့ ထိပြီး နှာခေါင်းကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။

“ဘာကို အရသာခံရမှာလဲ”

အရမ်း နီးကပ်နေတာကြောင့် သူတို့ရဲ့ နှာခေါင်းတွေ ထိသွားသည်။ အားချိုးရဲ့ ဦးနှောက်က ပျော့ပျောင်းသွားပြီး မသိစိတ်က ယောက်ျားရဲ့ လည်ပင်းကို သိုင်းဖက်လိုက်လေသည်။

ယောက်ျားက ဒီလိုပြောရင်း အားချိုးရဲ့ နှုတ်ခမ်းတွေကို ဖုံးအုပ်လိုက်သည်။ အားချိုးက ယောက်ျားရဲ့ နူးညံ့မှုကို ခံယူဖို့ ခေါင်းမော့လိုက်ပြီး လည်ပင်းကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ကျုံးမင်းဝေက ခန်းပေါ်မှာ ထိုင်ရင်း အားချိုးက ခန်းပေါ်မှာ ဒူးထောက်ကာ သူ့ခြေထောက်တွေအား နှိပ်နယ်ပေးတာကို ကြည့်နေသည်။ အခုမှ ချည်ထားတဲ့ ကျစ်ဆံမြီးတွေက အားချိုးရဲ့ လှုပ်ရှားမှုနဲ့အတူ ညင်ညင်သာသာ လှုပ်ရှားနေသည်။ ကျုံးမင်းဝေက ရှည်လျားပြီး လှုပ်ခတ်နေတဲ့ ကျစ်ဆံမြီးတွေကို ကြည့်မိသည်။ သူ့မျက်လုံးတွေက နူးညံ့မှုတွေ ပြည့်နေသည်။ သူက လက်ကို ဆန့်တန်းပြီး အားချိုးရဲ့ ခေါင်းကို ပွတ်သပ်လိုက်သည်။

“အရင်ကဆို အသက်ရှူမှန်မှန် မရှူတတ်ဘူး။ အကြာကြီး နမ်းပြီးရင် မျက်လုံးတွေ ပြူးသွားတာ”

All Chapters