← Chapters

ဘိုင်ယွင်မြို့တော်၌ တွေ့ဆုံခြင်း

Vol. 20 Ch. 198

ဘိုင်ယွင်မြို့တော်၌ တွေ့ဆုံခြင်း

Vol. 20 Ch. 198

ဘိုင်ယွင်မြို့

ဘိုင်ယွင်တောင်တန်းများကြား၌ တည်ရှိသည့် ခမ်းနားထည်ဝါသော မြို့ကြီး၊

ဘိုင်ယွင်ဓားသူတော်စင်၏သား မဟာကျင့်ကြံသူ တာ့ရွှီတည်ဆောက်ခဲ့သော မြို့၊

နှစ်သိန်းချီတိုင် မကျဆုံး မပြိုလဲခဲ့သော မြို့၊

ဘိုင်ယွင်တောင်၏နောက်တွင် တည်ရှိကာ ဝမ်တောက်ကျောင်းတော်မှ ထောက်ပံ့ပေးထားသည် ထိုမြို့တော်ကြီးသည် ရွှမ်ထျန်းတိုက်ကြီးတွင် တည်ရှိသည့် သူတော်စင်တစ်ပိုင်းအင်အားစုများ၌ ဒုတိယအင်အားအကြီးဆုံး အင်အားစုဖြစ်၏။

ဘိုင်ယွင်မြို့အရှင်အဆက်ဆက်သည် ဝမ်တောက်ကျောင်းတော်၌ ပညာသင်ယူခဲ့သည်။ အချို့ဆို ဌာနဆယ်ခု၌ ဌာနမှူးများအဖြစ် ထမ်းရွက်ခဲ့သည်။ ထို့ကြောင့် မြို့တော်သည် ဝမ်တောက်ကျောင်းတော်၏ တိုက်ရိုက်လက်အောက်ခံပေ။

ဤလများအတွင်း ဘိုင်ယွင်မြို့သည် စည်းကားသိုက်မြိုက်နေ၏။

ကုန်းမြေအနှံ့အပြားမှ အင်အားစုများသည် ဆယ်စုနှစ်တစ်ကြိမ်ကျင်းပသည့် ဘိုင်ယွင်ဖလှယ်ရေးပွဲတော်သို့ လာရောက်ကြသည်။

အင်အားစုငယ်လေးများအတွက် ဘိုင်ယွင်မြို့ဖလှယ်ရေးပွဲဖိတ်စာသည် ကြီးမားသည့် ဂုဏ်ကျက်သရေတစ်ခုအလားပင်။

ဘိုင်ယွင်မြို့မြောက်ပိုင်း ကောင်းကင်ယံ၌

ရွှေတောင်ပံလင်းယုန်ကြီးတစ်ကောင်သည် ကောင်းကင်ယံမှ မြင့်မားစွာ ပျံသန်းနေပါသည်။ သူ့ကိုယ်လုံးကြီးသည် နေလုံးကြီးကိုပင် ပိတ်ဆို့နိုင်၏။

“ညီအစ်ကိုချူ၊ ကျုပ်တို့တွေ ဘိုင်ယွင်မြို့ လီသုံးဆယ်အကွာကို ရောက်လာပါပြီ။ မြို့ထဲကလူတွေ လာကြိုခိုင်းဖို့ လီတစ်ထောင်အသံလွှင့်ခြင်းကိုသုံးလိုက်ရမလား”

ရွှေတောင်ပံလင်းယုန်ဘုရင်က ကျောပေါ်က အကြီးအကဲပင်းနှင့် ချူဖုန်းကို ပြောလိုက်သည်။

“ကျုပ်တို့တွေ နီးနေပြီ”

ချူဖုန်း ဝမ်တောက်ကျောင်းတော်မှ ထွက်လာခါစပင်။ လက်ဖက်ရည်တစ်ခွက်စာပင် ဖျော်၍မပြီးနိုင်သည့်အချိန်တွင်းမှာ ဘိုင်ယွင်မြို့နယ်နိမိတ်သို့ ရောက်လာသည်။

“လုပ်လိုက်လေ”

ရွှေတောင်ပံလင်းယုန်ဘုရင် စပ်ဖြီးဖြီး ပြုံးလိုက်သည်။

“ကျုပ် နီဗားနားရှင်သန်ခြင်းအဆင့်ကို ရောက်တော့ ဘိုးဘေးသွေးမျိုးဆက် ရွှေတောင်ပံဂဠုန်သွေးမျိုးဆက် နိုးလာခဲ့တယ်။ ပြီးတော့ နတ်ဘုရားစွမ်းရည် လီတစ်သောင်းငဠုန်ပျံသန်းခြင်းကို ရခဲ့တယ်။အဲ့တော့ မျက်စိတစ်မှိတ်အတွင်းမှာ လီတစ်ထောင်ကို အသာလေး ပျံနိုင်တယ်”

ချူဖုန်း သူ့ကို လက်မထောင်ပြလိုက်သည်။ “မအံ့ဩတော့ပါဘူး။ မင်းက ဥက ပေါက်ပေါက်ချင်း ကျောင်းအုပ်ကို မွေးစားအဖေလို့ခေါ်နိုင်တာကို”

ရွှေတောင်ပံလင်းယုန်ဘုရင် “...”

‘ခင်ဗျားက ဘာလို့ ကျုပ်ကို လှောင်နေတယ်လို့ ခံစားရတာလဲ’

ချူဖုန်း ရယ်မောသည်။ “ညီအစ်ကိုလင်းယုန်၊ အရမ်းကြီးအာရုံစိုက်ခံရအောင် မလုပ်နဲ့။ ပစ္စည်းကောင်းတွေကို ဈေးပေါပေါနဲ့ မရဘဲနေမယ်။ နှိမ့်နှိမ့်ချချလေး နေကြတာပေါ။ မင်း အရွယ်အစားကို သေးနိုင်လား။ အခုမင်းပုံစံက ဘိုင်ယွင်မြို့က ကလေးတွေကို အိပ်မက်ဆိုးမက်လာအောင် လုပ်ပစ်နိုင်တယ်”

သူတို့ သိလာသည်မှာ ဆယ်ရက်သာရှိသေးသော်လည်း ချူဖုန်း ထိုသူ့စိတ်ဓာတ်ကို နားလည်ထားသည်။ ထိုကောင်က မျက်နှာချိုသွေးရတာ ကြိုက်၏။ စိတ်ဝိညာဉ်အရက်သောက်ရသည်ကို နှစ်သက်၏။

ချူဖုန်း ထိုကောင်လေးကို ဝိုင်ကောင်းကောင်းနှင့် ဧည့်ခံလိုက်သည်နှင့် သူ့ရင်ဘတ်ကိုပုတ်ကာ သစ္စာရှိစွာ အမှုထမ်းမည်ဟု ကတိပေးလာသည်။ သို့သော် ဝိုင်ကို အဆက်မပြတ် တိုက်ရပေမည်။

ချူဖုန်း တုံ့ဆိုင်းမနေဘဲ ကတိတည်လိုက်သည်။ နီဗားနားရှင်သန်ခြင်းအဆင့်တစ်ယောက်ကို ဝိုင်ကောင်းကောင်းနှင့်လဲလှယ်ရသည်မှာ တန်ပါ၏။

ရွှေတောင်ပံလင်းယုန်ဘုရင်ကို စီးနင်းရန် သုံးနှစ်စာ ကျင့်ကြံခြင်းအရင်းအမြစ်များကို ပေးချေခဲ့ရသော်လည်း ထိုပမာဏမှာ သူ့အတွက်တော့ သုံးစွဲရန် အတော်လေး စဉ်းစားရသည့် ပမာဏပင်။

‌

“နားလည်ပါပြီ။ ညီကိုက သိုးယောင်ဆောင်မဲ့ ဝံပုလွေလုပ်မယ်ပေါ့၊ ဟီးဟီး ကျုပ်လည်း လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က အဲ့လိုမျိုး လုပ်ရတာကို သဘောကျခဲ့တာ”

လင်းယုန် ရယ်မောသည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ ကံကာင်းထောက်မစွာ အနားတွင် မည်သူမှမရှိသည့်အတွက် ရုတ်ရုတ်သဲသဲ မဖြစ်သွားပေ။

ချူဖုန်း စောင့်ကြောင်ထိုင်ပြီး လင်းယုန်ကို ပြောသည်။ “ညီကို လင်းယုန် အများကြီးသိထားတာက အမြဲတမ်းတော့ မကောင်းဘူး”

အကြောင်းရင်းတချို့ကြောင့် ရွှေတောင်ပံလင်းယုန် ချူဖုန်းစောင့်ကြောင့် ထိုင်ချိန်တွင် ကျောထဲ စိမ့်ခနဲဖြစ်သွား၏။ သူ ချက်ချင်း ပုံမှန်လင်းယုန်တစ်ကောင် အရွယ်အစားသို့ ပြောင်းလဲလိုက်သည်။

“ညီအစ်ကိုချူပြောတာ မှန်ပါတယ်။ ကျုပ် နောက်ဆို တုံးအချင်ယောင်ဆောင်ပါ့မယ်”

ဖွီး

အကြီးအကဲပင်း ရယ်ချလိုက်တော့သည်။ ပုံမှန်အားဖြင့် မာနခေါင်ခိုက်နေသည့် လင်းယုန်ဘုရင် ယခုလို မျက်နှာချိုသွေးနေသည်မှာ ရယ်ရ၏။

“စီနီယာ၊ ဌာနမှူးက နောက်နေတာပါ၊ အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့”

ရွှေတောင်ပံလင်းယုန်ဘုရင် သူမကို လျစ်လျူရှုထားလိုက်သည်။ သူ့အတွေ့အကြုံအရ အမျိုးသမီးကျင့်ကြံသူတစ်ဦး ပိုလှလေ ပို၍အန္တရာယ်များလေပင်။ သူ ဝမ်တောက်ကျောင်းတော်သို့ ရောက်ခါစက အလှလေးများက သူ့ကိုစောင့်ရှောက်ပေးရန် လာဖူးသည်။ သို့သော် မည်သူမျှ နှစ်တစ်ရာမခံပေ။

ပုံမှန်မဟုတ်သည့်အမူအရာကို မြင်သော် ချူဖုန်းပြုံးသည်။ “ပင်းယန်ပြောတာမှန်တယ်။ ကျုပ်က နောက်နေတာ။ မြို့ကို ရောက်တုန်း အထောက်အထားတွေ ပြောင်းဖို့လိုတယ်”

အကြီးအကဲပင်းမေးသည်။ “ဌာနမှူးချူ ကျွန်မတို့ နာမည်အတုသုံးမှာလား”

“အင်း”

ချူဖုန်း ခေါင်းညိတ်သည်။ “အထဲရောက်ရင် ကျုပ်ကို ဌာနမှူးလို့ ထပ်ခေါ်နဲ့”

“ဒါဆို အစ်ကိုချူလို့ခေါ်ရမလား” အကြီးအကဲပင်း မသိစိတ်ဖြင့် မေးလိုက်သည်။ သူမ မူလက စီနီယာအစ်ကိုချူဟု ခေါ်ချင်သော်လည်း သူတို့ကြားက ကျင့်ကြံခြင်းအဆင့်က ကွာခြားလွန်းသည်။ ချူဖုန်း ခရမ်းရောင်မိန်းမ‌လှလေးများကို နှစ်သက်သည်အား တွေးမိ၍ မဝံ့မရဲ မေးလိုက်၏။

ချူဖုန်း သူမကို တားဆီးလိုက်သည်။ “ကျုပ်ကို အဲ့လိုမခေါ်နဲ့၊ တစ်မျိုးကြီးပဲ၊ သခင်လေးချူလို့ပဲခေါ် “

“နားလည်ပါပြီ”

အကြီးအကဲပင်း ခေါင်းညိတ်သည်။ “ဒါဆို သခင်လေးချူ ကျွန်မကို ဘယ်လိုခေါ်မလဲ”

ချူဖုန်း သူမကို တစ်ချက်ကြည့်ပြီး စဉ်းစားလိုက်၏။

“မဒမ်လို့ခေါ်ရအောင်လည်း သူက မလက်ထပ်ရသေးဘူး။ မိန်းမငယ်လေးလို့ခေါ်ရအောင်လည်း မသင့်တော်ဘူး။ ဆရာမလို့ခေါ်ရအောင်လည်း ကြောင်တောင်တောင်နဲ့”

ခဏကြာပြီးနောက် သူပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို နတ်မိမယ်ပင်းလို့ခေါ်မယ်။ အစ်ကိုလင်းယုန်ကိုတော့ ဒီတိုင်းပဲ ဆက်ခေါ်မယ်။ အဆင်ပြေတယ်မလား”

ရွှေတောင်ပံလင်းယုန်ဘုရင်က ပြော၏။ “ညီအစ်ကိုချူ ခင်ဗျား စိတ်မရှိဘူးမလား”

“ဟားဟား”

ချူဖုန်း ရယ်မောပြီး ပခုံးပေါ်လက်တင်လိုက်သည်။ “ကျုပ် ခင်ဗျားကို ဒီည ဉာဏ်အလင်းပွင့် ဝိုင်တိုက်မယ်”

“အမ်”

လင်ယုန်၏မျက်လုံးများ တောက်ပသွားသည်။ “ညီအစ်ကိုချူ တကယ်ပြောတာလား။ ကျုပ် ခုနစကားကို ပြန်ရုတ်သိမ်းတယ်။ ခင်ဗျား ပြောတာ အကုန်မှန်တယ်”

ချူဖုန်း ရယ်မော၏။ “ ကျောင်းအုပ်ကြီးရဲ့ မွေးစားသားဆိုတဲ့အတိုင်းပဲ”

ရွှေတောင်ပံလင်းယုန်ဘုရင် “...”

သုံးယောက်သား ဘိုငိယွင်မြို့သို့ သွားကြတော့သည်။

ဘိုင်ယွင်မြို့အပြင်ဘက်တွင်

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် သူတို့ရှေ့က မဟာမြို့တော်ကို ကြည့်နေသည်။ ထို့နောက် လေဟုန်မြင်းကိုစီးကာ ဂိတ်ပေါက်ကို ဖြတ်သွား၏။

သူတို့သွားရာ လမ်းတစ်လောက်တွင် ဖုန်မှုန့်များကျန်ခဲ့၏။

ဘာဖြစ်တာပါလိမ့်။ ထိုအမျိုးသားက ဝတုတ်တုုတ်လေးဖြစ်သော်လည်း ဘေးတွင်အလှလေးနှစ်ယောက်ရှိပါ၏။

အမျိုးသားက ကြည့်ရှူနေသူများကို လျစ်လျူထားပြီး ဘေးက မျိုးရိုးမြင့်ပုံစံပေါက်နေသည့် မိန်းကလေးဘက်သို့ လှည့်ကာ ပြောသညိ။

“သခင်မလေးနန်ကုန်း၊ ဘိုင်ယွင်ဖလှယ်ရေးပွဲတော်က အတော်လေးစည်းကားတာပဲ။ ဝမ်တောက်ကျောင်းတော် ပြိုင်ပွဲထက်တောင် လူစည်တယ်”

ထိုသုံးယောက် ဝမ်ပေါင်လဲ့တို့အုပ်စုပေ။ လွန်ခဲ့သည့် လအနည်းငယ်က နန်ကုန်းယွီသည် သူတို့ကို ဖလှယ်ရေးပွဲတော်သို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

နန်ကုန်းယွီ ပြုံးသည်။ “သာမန်ပါပဲ။ ကျောင်းတော်ပြိုင်ပွဲက နာမည်ကြီးပေမဲ့ အပြင်လူတွေ ဝင်ဖို့မလွယ်ဘူးလေ။ ဒါပေမဲ့ ဘိုင်ယွင်ဖလှယ်ရေးပွဲကျတော့ မတူဘူး။ သူတော်စင်တစ်ပိုင်းအဆင့်အင်အားစုတိုင်း တက်ရောက်နိုင်တယ်။ ကျွန်မတို့ ကျောင်းတော်ကတောင် ကျွမ်းကျင်သူတွေ စေလွှတ်တာပဲ။ ဒါက ထိပ်တန်းအဆင့် ပွဲတစ်ခုဆိုတော့ ဘယ်လိုရှားပါးရတနာတွေ မြင်ရမလဲ မသိဘူး”

“ကြည့်ရတာ အစားကောင်း သောက်ကောင်းတွေလည်း ရှိမယ်ထင်တယ်”

ထိုစဉ် ဝမ်ပေါင်လဲ့ မျက်လုံးများ ပျော်ရွှင်မှု‌ကြောင့် ကျဉ်းမြောင်းသွားသည်။ သူတို့သုံးဦးသား မြို့ထဲသို့ ရောက်ပြီး နာရီဝက်အကြာ၊

ကောင်းကင်ဇာစ်မြစ်အဆင့် နတ်ဆိုးကျားတစ်ကောင် မြို့ဂိတ်တံခါးသို့ ‌ပြေးဝင်လာသည်။ ကျား၏ကျောပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တင်ဆောင်ထားသည်။

ကျားဖြတ်သန်းသွားတော့ မြေကြီးပင် တုန်ခါသွားသည်။ ဂိတ်စောင့်များသည် ထိုမြင်ကွင်းကို ကြည့်ရင်း ချွေးစေးများ ပြန်လာကြသည်။

ကျား၏ကျောပေါ်တွင် ချောင်ရို့ချိန်သည် ဂိတ်စောင့်ကို ကြည့်ကာ မေးသည်။ “မြို့ဝင်ခွင့်က ဘယ်လောက်လဲ”

အစောင့်တစ်ယောက်က လျင်မြန်စွာ ပြန်ဖြေသည်။ “အရှင် ပေးစရာမလိုပါဘူး”

ချောင်ရို့ချန် ပြုံးဖြီးသွား၏။ “ကောင်းတာပေါ့၊ ဒါဆို ငါအားမနာတော့ဘူး။ တစ်ယောက်ယောက်မေးရင် ငါက ချောင်ရို့ချန်ဆိုတာ ပြောလိုက်။ သူတို့ ယဲ့အိမ်တော်ကနေ ဝင်ကြေးလာတောင်နိုင်တယ်”

အစောင့် “...”

‘မြိုအရှင်အိမ်တော်မလား’

‘ မြိုအရှင်အိမ်တော်ကိုသွားပြီး ဝင်ကြေးတောင်းရအောင် ကျုပ်ကို ရူးနေတယ်များထင်လား’

လူတိုင်းက ကျားပေါ်က လူနှစ်ဦးကို ကြည့်နေကြသည်။

ထို့နောက် လူတစ်ယောက်က ထိတ်လန့်တကြား ထအော်သည်။ “သူက ဝမ်တောက်ကျောင်းတော်က ချောင်ရို့ချန်ပဲ”

All Chapters