← Chapters

အခန်း (၁၁၀၁-၁၁၀၂)

Vol. 74 Ch. 1101-1102

အခန်း (၁၁၀၁-၁၁၀၂)

Vol. 74 Ch. 1101-1102

Ch 1101

(ရင်းနီးကျွမ်းဝင်နေသောအသံ)

“နေမင်းကိုးသွယ်ဆယ်ဘွဲ့ရမသေမျိုးဘုရင် ဟုတ်လား”

လောထျန်း အနည်းငယ် ခေါင်းမော့ကြည့်လိုက်၏။

နာမည်ကြည့်ရသလောက် ထိုသူက ကျိလန်ဒေသ၏ ထိုဆယ်ဘွဲ့ရမသေမျိုးဘုရင် ဖြစ်တန်ရာသည်။

မြူခိုးအရှင်၏ မျက်နှာမှာလည်း ထိတ်လန့်ရိပ်တို့ ထင်ဟပ်နေသည်။

နေမင်းကိုးသွယ်ဘုရင်က အဘယ်ကြောင့် ပေါ်လာရပါသနည်း။

သူတို့ မိစ္ဆာနတ်ဘုရားနန်းတော်က အချိန်ကိုတွက်ချက်ပြီးမှ ဝူရန်စီရင်စုကို တိုက်ခိုက်ခဲ့တာပင်။.အခုလောက်ဆိုရင် နေမင်းကိုးသွယ်ဆယ်ဘွဲ့ရမသေမျိုးဘုရင်က တံခါးပိတ်ကျင့်ကြံမှုမှာပဲ ရှိနေသင့်သေး၏။

ဒါပေမဲ့ ဒီလူတကယ်ကြီး ပေါ်လာလိမ့်မည်လို့ ဘယ်သူ ထင်ခဲ့မိမှာလဲ။

အခုချိန်မှာ ရောက်လာတာက အနီရောင်နေလုံးတစ်ခုထဲပဲ ဆိုပေမဲ့..

ဒီအချက်ကပဲ နေမင်းကိုးသွယ်ဘုရင်က ကျိလန်ဒေသကို.စောင့်ကြည့်နေဆဲဆိုတာ သိသာစေပါသည်။

ထိုသူသာ မိစ္ဆာနတ်ဘုရားနန်းတော်၏ လုပ်ရပ်ကို သံသယဝင်သွားခဲ့ရင် အကုန်ပြီးဆုံးသွားလိမ့်မည်။

ဒါပေမဲ့ သူတို့ဘက်ကလည်း အစီအစဥ်ကို စတင်လိုက်ခဲ့ပြီ..

ဒါက လေးပေါ်တင်ကာချိန်ရွယ်ပြီးသော လေးမြှားတစ်ခုလိုမျိုး နောက်ပြန်ဆုတ်လို့ မရတော့ချေပြီ။

နေမင်းကိုးသွယ်ဘုရင် ရောက်လာခဲ့ရင်တောင်မှ တားနိုင်မှာ မဟုတ်ဘူး။

မြူခိုးအရှင်၁၏ မျက်လုံးထဲ စိတ်ပိုင်းဖြတ်မှု တစ်ချို့ ဝင်ရောက်လာပြီး ဦးညွတ်အရိုအသေပေးလိုက်တော့သည်။

“မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ မြူခိုးအရှင်၁ က နေမင်းကိုးသွယ်ဘုရင်ကို အရိုအသေပေးပါတယ်။ မသေမျိုးဘုရင် ဘာကြောင့်ရောက်လာသလဲ မေးလို့ရမလားဗျ”

ထိုအချိန်မှာပဲ နေလုံးနီဆီမှ အသံတစ်ခု ထွက်လာသည်။

“မိစ္ဆာနတ်ဘုရားနန်းတော်၊ ငါ ပြတ်ပြတ်သားသား ပြောခဲ့ဖူးမယ် ထင်တယ်။ ဝူရန်စီရင်စုကို ဖျက်ဆီးလို့ မရဘူး။ မင်းတို့ မိစ္ဆာနတ်ဘုရားနန်းတော်က ကောင်တွေ ကန့်သတ်ထားတာတွေ ဖယ်ပြီး ကိုယ့်နေရာကိုယ် ပြန်လိုက်ကြစမ်း။ ပြီးသွားတဲ့ကိစ္စတွေကို ငါပြန်မပြောဘူး”

နေမင်းကိုးသွယ်ဘုရင်၏ အသံက မဟာခေါင်းလောင်းကြီးတစ်ခုလို ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်နေသည်။

စကားတစ်ခွန်းဆီတိုင်းမှာ ပါနေသော ဖိအားက လူတွေကို မနာခံဘဲမနေနိုင်အောင်.ပြုလုပ်နေ၏။

လဲ့ထျန်နှင့် တစ်ခြားသူတွေအားလုံး တုန်ယင်သွားကြသည်။

“ဒါ..နေမင်းကိုးသွယ်ဘုရင်က မိစ္ဆာနတ်ဘုရားနန်းတော်ကို တကယ်ကြီး ပြန်ဆုတ်ခိုင်းလိုက်တာလား”

“ကျုပ်တို့ ဝူရန်စီရင်စုက မဖျက်ဆီးခံရတော့ဘူးပေါ့”

“ကောင်းတယ်၊ ကောင်းတယ်”

သူတို့တွေအနေနဲ့ နေမင်းကိုးသွယ်ဘုရင်က အခုလိုမျိုး သူတို့ဘက်က တရားမျှတမှုရှာဖွေပေးမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ရဲခဲ့ပါချေ။

ဒါက သူတို့အတွက် အကောင်းဆုံးသော.သတင်းကောင်းပဲ။

သို့ပေမဲ့ တစ်ဖက်က မိစ္ဆာဂိုဏ်းသားတွေခဗျာ ထိုစကားကိုကြားပြီး မိုးကြိုးထိမှန်သွားသလို ခံစားလိုက်ရလေ၏။

“နေမင်းကိုးသွယ်ဘုရင်၊ ဒါဘာကိုပြောတာပါလဲ”

မိစ္ဆာဂိုဏ်းသားတစ်ယောက်က အနည်းငယ် အာခံချင်ဟန်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်၊ နေမင်းကိုးသွယ်ဘုရင်ကလည်း မိစ္ဆာမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပါရက်နဲ့ ဘာကြောင့်များ လူသားတွေအစား ပြောပေးနေရတာလဲ”

တစ်ခြားမိစ္ဆာ၏ ဒေါသတကြီး မေးခွန်းထုတ်သံလည်း ထွက်လာပြန်သည်။

“နေမင်းကိုးသွယ်ဘုရင်က မမျှတဘူး”

မိစ္ဆာဂိုဏ်းသားတွေ တစ်ယောက်ပြီးတစ်ယောက် မကျေနပ်ကြောင်း ပြောလာကြသည်။

ထိုအချိန်မှာ အနီရောင်နေလုံးဆီမှ အေးစက်သော နှာမှုတ်သံတစ်ခု ကြားလိုက်ရ၏။

ချက်ချင်းပဲ

ဘုန်း

မိစ္ဆာနတ်ဘုရားနန်းတော်၏ မိစ္ဆာဂိုဏ်းသားတွေပေါ်ကို ဖိအားလှိုင်းတစ်ခု ရုတ်ချည်းပြုတ်ကျလာလေသည်။

ဘုတ်

ထိုဖျော့တော့သော ဖိအားနှင့်ပင် မိစ္ဆာဂိုဏ်းသားတွေအကုန် မခံနိုင်စွာ ဒူးထောက်လိုက်ကြသည်။

တစ်ချို့အားနည်းသူများဆိုလျှင် နေရာမှာတင် သွေးအန်ပြီး လဲကျသွားတော့၏။

မြူခိုးအရှင်၁ အံ့သြစွာ ပြောလိုက်သည်။

“နေမင်းကိုးသွယ်ဘုရင်၊ ဒါဘာကိုဆိုလိုတာပါလဲ”

တစ်ဖက်ကလူက အေးစက်စွာ မဲ့လိုက်ရင်း.ပြန်ပြောလာခဲ့သည်။

“ဘာကိုဆိုလိုတာလဲ ဟုတ်လား။ မင်းတို့ မိစ္ဆာနတ်ဘုရားနန်းတော်က ဒီဘုရင်ရဲ့အမိန့်ကို ပွင့်ပွင့်လင်းလင်းကြီး ငြင်းဆန်ရဲတဲ့ သတ္တိရှိနေတယ်ပေါ့လေ။ ငါကလတစ်ချို့ တံခါးပိတ်ကျင့်ကြံလိုက်မိတာ။ ကျိလန်ဒေသတစ်ခုလုံးကို မိစ္ဆာနတ်ဘုရားနန်းတော်က ပိုင်သွားမှန်း မသိခဲ့ဘူးပဲ”

ထိုစကားကြောင့် မြူခိုးအရှင်၁ အနည်းငယ် မျက်နှာပျက်သွားသည်။

“နေမင်းကိုးသွယ်ဘုရင်၊ ဒီကိစ္စက ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားနန်းတော်ဘက်က တုံးအခဲ့တာပါ။ အပြစ်မမြင်ပါနဲ့.. ကျွန်တော် ဒီနေရာမှာပဲ တောင်းပန်ပါတယ်”

သူ ချက်ချင်းပဲ ခါးကိုင်းချလိုက်သည်။

သို့ပေမဲ့ ခါးပြန်မတ်ပြီးတာနဲ့ သူက တစ်ဆတ်ထဲ ပြောလိုက်လေသည်။

“ဒါပေမဲ့ နေမင်းကိုးသွယ်ဘုရင်ရဲ့ ပြန်ဆုတ်မိန့်ကို လက်မခံနိုင်မှာ စိုးရပါတယ်ဗျ”

“မင်း ဘာပြောတယ်ကွ”

နေမင်းကိုးသွယ်ဘုရင်၏ အသံက ပိုမိုအေးစက်လာသည်။

ချက်ချင်းပဲ မြူခိုးအရှင်၁အပေါ် လေးလံသော လူသတ်ဖိအားတွေ ကျဆင်းလာသည်။

သို့ပေမဲ့ မြူခိုးအရှင်၁က မကြောက်ရွံ့သွားပဲ ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားနန်းတော်နဲ့ ဝူရန်စီရင်စုကြားမှာ အမြဲတမ်း ကတောက်ကဆတွေ ရှိနေခဲ့တာပါ။ အခု သူတို့ဘက်က အရင်ရန်စခဲ့တာမဟုတ်ရင် ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားနန်းတော်က တိုက်ခိုက်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူးဗျ”

“ဒါ့အပြင် ကျွန်တော်တို့ဘက်က ကျိလန်ဒေသရဲ့ စည်းမျဥ်းနဲ့အညီ ကျိလန်ဖယ်ထုတ်ခြင်းပွဲကိုလည်း လုပ်ဆောင်ပြီးပါပြီ။ နေမင်းကိုးသွယ်ဘုရင်ရဲ့ စကားတစ်ခွန်းနဲ့ နောက်ပြန်ဆုတ်လို့ မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား”

မြူခိုးအရှင်၁က စည်းမျဥ်းဆိုသော စကားလုံးကို အသုံးပြု၍ နေမင်းကိုးသွယ်ဘုရင်ကို ချည်တုတ်ဖို့ကြိုးစားသည်။

ဒါပေမဲ့ နေမင်းကိုးသွယ်ဆယ်ဘွဲ့ရ မသေမျိုးဘုရင်က ခြောက်ကပ်စွာ ရယ်မောလိုက်လေသည်။

“ကတောက်ကဆ အခြေအနေ.. တရားမျှတမှုအတွက်.. ဟုတ်လား။ဟဟ၊ အဲ့ဒါသာ အမှန်ဆိုရင် ဒီ စတေးခံအစီအရင်တွေက ဘာတွေလဲ”

စတေးခံအစီအရင်တွေဆိုတဲ့ စကားလုံးကို ကြားသည်နှင့် မြူခိုးအရှင်၁ မျက်နှာကို မထိန်းနိုင်တော့ပေ။

တစ်ဖက်သူက အခုလောက် လျှင်မြန်စွာ သိသွားမည်ဟု မထင်ခဲ့သောကြောင့် သူ့မျက်လုံးထဲ အံ့သြရိပ်တစ်ချို့ စွန်းထင်းလာ၏။

ထိုစတေးခံအစီအရင်များသည် မိစ္ဆာနတ်ဘုရားနန်းတော်၏.အကြီးဆုံး လျှို့ဝှက်ချက် ဖြစ်လေသည်။

နေမင်းကိုးသွယ်ဘုရင်သာ သိသွားခဲ့ရင် ဒုက္ခများကုန်လိမ့်မည်။ ထို့ကြောင့် သူ.လုံးဝ ဝန်ခံလို့ မရပါချေ။

“နေမင်းကိုးသွယ်ဘုရင် ဘာပြောနေလဲ ကျွန်တော်မသိပါဘူး”

မြူခိုးအရှင်၁က မျက်လုံးများကျဥ်းမြှောင်းရင်း ဆိုလိုက်သည်။

နေမင်းကိုးသွယ်ဘုရင်က အေးစက်စွာ မဲ့လိုက်တော့သည်။

“အေး၊ ငါပြောတာကိုနားမလည်ရင် စောက်စကားအပိုတွေ တစ်ခွန်းမှ ဟဖို့ မကြိုးစားနဲ့။ ငါမင်းကို.နောက်ဆုံးအခွင့်အရေး ပေးမယ်။ ဒီနေရာက လစ်လိုက်တော့၊ မဟုတ်ရင် ငါမင်းကိုအခုပဲ သတ်ပစ်မယ်”

နေမင်းကိုးသွယ်ဘုရင်၏ လေသံထဲက လူသတ်ငွေ့များကို ဖုံးကွယ်မထားခဲ့ပါချေ။

တစ်ဖက်သူ၏ လူသတ်အရိပ်အငွေ့က မသေမျိုးဘုရင်နယ်ပယ်အဆင့်ကိုး ရှိသော အဆင့်မြင့်ကျင့်ကြံသူ မြူခိုးအရှင်၁ အတွက်ပင် ခုခံဖို့ မစွမ်းသာခဲ့ဘူး။

ခုခံဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ..

ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်ရဲ့ အစွမ်းက သာမာန်မသေမျိုးဘုရင်တစ်ယောက်နဲ့ တူညီမတဲ့လား..

သို့ပေမဲ့ မြူခိုးအရှင်၁က လက်မလျော့ချင်သေးပေ။

ထို့ကြောင့် နေမင်းကိုးသွယ်ဘုရင်၏ လူသတ်အရိပ်အငွေ့တွေကို တောင့်ခံရင်း အံကြိတ်ကာပြောလိုက်၏။

“ဒီကိစ္စက.. ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားရဲ့ ဆုံးဖြတ်ချက်ပါဗျ။ ကျွန်တော်သူ့ကို မဆက်သွယ်ပဲ မနေရဲပါဘူး”

သူသည် အပြစ်အားလုံးကို မိစ္ဆာနတ်ဘုရားအပေါ် လွှဲချလိုက်တော့သည်။

နေမင်းကိုးသွယ်ဘုရင်ဘက်က စာနာမှုတစ်ချို့ ပြပေးဖို့ပဲ မျှော်လင့်ရပါ၏။

သို့ပေမဲ့ နေမင်းကိုးသွယ်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။

“မင်းက သနားစရာကောင်ကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်နေတာလား။ ကောင်းပြီ၊ မိစ္ဆာနတ်ဘုရားကို ဒီခေါ်လိုက်စမ်းပါ။ ငါနဲ့တိုက်ရိုက်ပြောခိုင်းလိုက်။ အဲ့ကောင် ဆန့်ကျင်ရဲသလား ငါကြည့်မယ်”

နေမင်းကိုးသွယ်ဘုရင်၏ စကားကိုနားထောင်ပြီးမှ မြူခိုးအရှင်၁ က စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့၊ ဒါဆိုခဏစောင့်ပါဗျ”

ထိုအချိန်မှာပဲ တစ်ဖက်က လေ့လာနေသော လောထျန်းကို မြင်သွား၍ မြူခိုးအရှင်၁၏ လက်လှုပ်ရှားမှုက ပို၍ပင် မြန်ဆန်သွားတော့သည်။

ဘိ

ချက်ချင်းပဲ မြူခိုးအရှင်၁၏ ပတ်ပတ်လည်မှာ ထွင်းစာတစ်ချို့ ဝဲပျံလာကာ ပတ်ဝန်းကျင်ပင် ပြောင်းလဲမှုတစ်ချို့ ကြုံတွေ့လိုက်ရသလို လှုပ်ရှားသွား၏။

“ဆင့်ခေါ်သိုင်းပဲ.. သူ မိစ္ဆာနတ်ဘုရားကို ဒီနေရာကို ဆင့်ခေါ်မလို့လား”

လောထျန်းဘေးက ဝေ့လင်ယွီက ဖြူဖွေးသွားသော မျက်နှာနှင့် ပြောလိုက်တော့သည်။

လောထျန်း သူမကို ချက်ချင်း လှည့်ကြည့်လိုက်ကာ

“ဘာဖြစ်လို့လဲ”

ဝေ့လင်ယွီ၏ တစ်ကိုယ်လုံးက တုန်ယင်နေချေပြီ

“သခင်လေး မသိဘူး..အဲ့ဒီမိစ္ဆာနတ်ဘုရား နန်းတော်ရဲ့ မိစ္ဆာနတ်ဘုရားက ရက်စက်ကြမ်းကြုတ်ပြီး ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာတစ်ကောင်ပဲ။ ကျွန်မတို့ ဝူရန်စီရင်စုမှာ ကြောက်စရာကောင်းတဲ့ သူ့အကြောင်းကို ငယ်ငယ်တည်းက လူကြီးတွေက ပြောပြခဲ့ကြတယ်”

“ဝူရန်စီရင်စု.. မဟုတ်ဘူး ကျိလန်ဒေသရဲ့ ဘယ်လူသားအိမ်မှာမဆို မိစ္ဆာနတ်ဘုရားဆိုတဲ့ နာမည်ကို ကြားတာနဲ့ အဲ့ဒီအိမ်ရဲ့ ကလေးတိုင်း ကြောက်ပြီးငိုကြွေးကုန်ကြတယ်ရှင့်”

ဝေ့လင်ယွီတစ်ယောက် စကားပြောနေစဥ်မှာပဲ သူမ၏ ခန္ဓာကိုယ်ဟာ ကြောက်လန့်တကြား တုန်ယင်နေရှာသည်။

လောထျန်း မျက်တောင် တဖြတ်ဖြတ် ခတ်လိုက်ပါ၏။

“မိစ္ဆာနတ်ဘုရား.. ငါအဲ့နာမည်ကို ဘယ်မှာ ကြားဖူးနေပါလိမ့်” သူဘယ်လိုမှ စဥ်းစားမရခဲ့ချေ။

ထို့နောက် လောထျန်းက နေလုံးနီဘက်ကို မျက်နှာမူပြီး မျက်မှောင်ကြုတ်နှင့် တွေးလိုက်ပြန်၏။

“ပြီးဒီကောင့်အသံရောပဲ.. ငါဘယ်မှာ ကြားဖူးနေတာလဲ”

………

Ch 1102

(အုတ်ဂူ)

သို့သော် လောထျန်း ဘယ်လောက်စဥ်းစား၊ စဥ်းစား၊ အဖြေမထွက်ခဲ့ပေ။

ဟုတ်ပါသည်.. အသံကိုရင်းနီးနေလျှင်တောင်မှ ဒီလောကမှာ တူညီသောအသံနှင့် လူပေါင်းများစွာ ရှိသည်မလား။

လောထျန်း မြူခိုးအရှင်၁ကို လှည့်ကြည့်လိုက်သည်။ ထိုသူက လက်ရှိမှာ မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်နေဟန်ပဲ။

လောထျန်း မနှောက်ယှက်ချင်ပါပေ.. ထိုအစား မိစ္ဆာနတ်ဘုရားနှင့် တွေ့ရမည့်အတွက်ပင် ပျော်ရွှင်ပါသေး၏။

မိစ္ဆာနတ်ဘုရား ရောက်လာခဲ့လျှင် သူ့စိတ်ထဲက ပဟေဋ္ဌိတွေကို အဖြေရှာနိုင်သွားမည်။

အကယ်၍ သူနှင့်မိစ္ဆာနတ်ဘုရားက ဘယ်တုန်းကမှ မသိကျွမ်းခဲ့ဘဲ သာမာန် ဆင်တူသော အသံတစ်ခုသာဆိုလျှင်တောင်၊ မိစ္ဆာနတ်ဘုရားကို သတ်လိုက်ခြင်းက ဝူရန်စီရင်စုအတွက် အကျိုးမယုတ်ပေ။

ထို့ကြောင့် မြူခိုးအရှင်၁ ကို လောထျန်း စိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်သည်။

ဝေ့လင်ယွီတို့ အုပ်စုကတော့ ဖြူဖွေးနေသော မျက်နှာများဖြင့် အသက်ကို မရှုဝံ့ကြပေ။

မြူခိုးအရှင်၁၏ အဆက်မပြတ်လုပ်ဆောင်မှုကြောင့် သူ့အနောက်က လေထုက ပြင်းထန်စွာ တုန်လှုပ်လာ၏။

ဘုန်း

တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံးပါ တုန်ယင်လာခဲ့သည်။

“ပြန်ဆုတ်”

အဝေးမှာရှိနေသော လဲ့ထျန်တို့အုပ်စုက အချင်းချင်း အကြည့်ဖလှယ်ပြီးသည်နှင့် တစ်ယောက်ကိုတစ်ယောက် ဖေးကူရင်း လောထျန်းအနောက်ကို သွားလိုက်ကြသည်။

ဒီအချိန်မှာ လောထျန်းဘေးမှာ ရှိနေခြင်းက အလုံခြုံဆုံးပဲ။

“သခင်လေးလဲ့ထျန်၊ အဲ့ဒီမြူခိုးအရှင်၁ က ဘာလုပ်နေတာလဲ။ သူက မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်မလို့ဆို.. လူတစ်ယောက်ကို ဆင့်ခေါ်တာ ဒီလိုရှည်ရှည်ဝေးဝေးတွေ လုပ်ဖို့လိုလို့လား”

လဲ့ထျန်တို့ အုပ်စုအတွင်းမှ လူတစ်ယောက်က ထမေးလာခဲ့သည်။

မြူခိုးအရှင်၁က လူတစ်ယောက်ကို ဆင့်ခေါ်ဖို့ရန်အတွက် ကြီးမားသော လေဟာနယ်ကို ဖန်တီးရန်ကြိုးစားနေ၏။ ဒါက ဘယ်လိုပဲကြည့်ကြည့်၊ လူတစ်ယောက်ထဲကို ဆင့်ခေါ်ဖို့နှင့် မတူညီပါချေ။

“ဖြစ်နိုင်တာ သူက နေမင်းကိုးသွယ်ဘုရင်ကို ချွေးသိပ်ပြီး မိစ္ဆာနတ်ဘုရားနန်းတော်တစ်ခုလုံးကို ဆင့်ခေါ်ပြီးမှ ပုန်ကန်ဖို့ကြံစည်နေတာ များလား” လဲ့ထျန် ခဏတာ စဥ်းစားပြီး ပြောလာသည်။

ဒါကတစ်ခုတည်းသော ဖြေရှင်းချက်ပင်..

ကျန်တဲ့သူတွေလည်း ထောက်ခံစွာ ခေါင်းညိတ်လိုက်ကြသည်။

သို့သော် လောထျန်းက မျက်မှောင်ကြုတ်နှင့် ခေါင်းယမ်းပြလိုက်၏။

“မဟုတ်ဘူး၊ သူတကယ်ပဲ လူတစ်ယောက်ထဲကို ဆင့်ခေါ်ဖို့ ကြိုးစားနေတာ”

“ဟမ်”

လဲ့ထျန်တို့ မှင်သက်သွားတော့သည်။

တစ်ယောက်ထဲကိုဟုတ်လား..

တစ်ယောက်ထဲအတွက် ဒီလောက်ထိအလုပ်ရှုတ်ခံဖို့ လိုတယ်လား..

လောထျန်း၏စကားကို သူတို့ လက်မခံချင်ကြသော်လည်း မငြင်းရဲကြပေ။

လောထျန်း၏ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သော တိုက်ကွက်ကြီးများကို မျက်မြင်တွေ့ထားရသည်ပဲမလား။

ထိုအချိန်မှာ မြူခိုးအရှင်၁က နောက်ဆုံးသော ဆင့်ခေါ်မှုအစီအရင်ကို ပြီးမြှောက်သွားခဲ့သည်။ အစကနေအဆုံးအထိ သူ.အသက်ရှုချိန် တစ်ရာမျှ အချိန်ကို ယူထားရ၏။ ဆင့်ခေါ်မှုက သူ့ကို တစ်နည်းနည်းနဲ့ မောပန်းစေဟန်ပင်။ မြူခိုးအရှင်၁၏ ပုံစံက ဆီကုန်သွားသော ဂျက်ကားကြီးလို ဖွတ်ချက်ဖွတ်ချက်နဲ့ ဟိုက်နေလေပြီ။

သို့သော် မြူခိုးအရှင်၁၏ မျက်နှာထက်မှာ ဖုံးမရသော အပြုံးတစ်ခုရှိနေသည်။

“ထွက်ခဲ့”

သူက လက်နှစ်ဖက်ကို ဖိချရင်းပြောလိုက်သည်။

ဝုန်း

မြူခိုးအရှင်၁၏ ပတ်ပတ်လည်က ထွင်းစာတွေက အချင်းချင်းချိတ်ဆတ် သွားကာ အစီအရင်တစ်ခု အသက်ဝင်လာသည်။

ဝုန်း

ချက်ချင်းပဲ ပတ်ဝန်ကျင်၏ လေထုက ရှုတ်ထွေးသွားသည်.. အကုန်လုံး၏ အမြင်အာရုံတွေ ဝေဝါးပြီး စက္ကန့်အနည်းငယ် အကြာမှာ အလွန်ကြီးမားခံ့ထည်သော ဧရာမ အဆောက်အဦးကြီးတစ်ခုကို မြင်လိုက်ကြရ၏။

ထိုအဆောက်အဦးက ချက်ချင်းပဲ တိုက်ပွဲကွင်းပြင်ပေါ် ပြုတ်ကျလာလေရာ၊ ကွင်းပြင်ကြီးတစ်ခုလုံး မခံနိုင်စွာ တုန်ယင်လာသည်။

ကံကောင်း၍ လဲ့ထျန်တို့အုပ်စုက ထိုအဆောက်အဦးကိုမြင်တာနှင့် မျက်နှာပျက်သွားကြပြီး ထွက်ပြေးဖို့ အသင့်ပြင်ထားကြလို့ပင်။ မဟုတ်ပါက အဆောက်အဦး၏ လေးလံသောဖိအားကြောင့် သူတို့တွေ အဆောက်အဦးအောက်မှာ ပြားကပ်သွားဖို့ လုံလောက်သည်လေ။

“ဒီလောက်..အကြီးကြီးကို ဆင့်ခေါ်ခဲ့တယ်။ ဒါကြောင့်သူအများကြီး အစီအရင်ချနေရတာကိုး” လူတစ်ယောက်က အံ့သြစွာပြောလိုက်သည်။

“ဒါပေမဲ့ဘာလို့ ဒါကြီးလဲ။ သူက မိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်တာမဟုတ်ဘူးလား”

လဲ့ထျန်က အဆောက်အဦးကို မျက်လုံးများ ကျဥ်းမြှောင်းပြီး သေချာစွာ စစ်ဆေးပြီးမှ ရုတ်တရက် ထအော်လိုက်လေ၏။

“နေအုံး.. ကြည့်လိုက်၊ ဒီအဆောက်အဦးက အုတ်ဂူတစ်လုံးနဲ့ မတူဘူးလား”

“ဘာ၊ အုတ်ဂူဟုတ်လား”

အကုန်လုံး လန့်ဖြန့်ပြီး လှည့်ကြည့်လိုက်ချိန်မှသာ ထိုကြီးမားသော အဆောက်အဦးက တကယ်ကို အုတ်ဂူတစ်လုံးပုံစံဖြစ်နေမှန်း သတိထားမိ လိုက်ကြသည်။

အကုန်လုံး.အံ့သြသွားလေသည်။

“ဘာဖြစ်နေတာလဲ.. သူမိစ္ဆာနတ်ဘုရားကို ဆင့်ခေါ်တဲ့ဟာကို.ဘာကိစ္စ အုတ်ဂူတစ်လုံး ထွက်လာရတာလဲ”

“မိစ္ဆာနတ်ဘုရားက သေပြီးအုတ်ဂူထဲ ရောက်နေတာလား။ ဒီကောင်က နေမင်းကိုးသွယ်ဘုရင်ကို ရင်ဆိုင်ဖို့အတွက်နဲ့ မသာတစ်ကောင်ကို သွားခေါ်ထားတာလားဟ”

အကုန်လုံး ရှုတ်ထွေးနေကြသော်လည်း

မြူခိုးအရှင်၁၏ မျက်လုံးက အုတ်ဂူကြီးကို ကြည့်နေရင်း ပျော်ရွှင်မှုတွေ မဖုံးနိုင်စွာ ဝင်ရောက်လာသည့်အပြင် ယုံကြည်ချက်လည်း မြင့်တက်လာဟန် ရှိသည်။

သူက ခေါင်းမော့ပြီး အပေါ်က နေလုံးနီကို အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“နေမင်းကိုးသွယ်ဘုရင်၊ ကျွန်တော် မိစ္ဆာနတ်ဘုရားကို.ဆင့်ခေါ်ပြီးပါပြီ။ ခင်ဗျား နောင်တမရဖို့ပဲ မျှော်လင့်တယ်”

သူက ပေါ်တင်ကို.စိန်ခေါ်လိုက်၏။

သို့သော် နေမင်းကိုးသွယ်ဘုရင်က ဒေါသထွက်ဟန်မပြဘဲ တိတ်ဆိတ်စွာဖြင့် အုတ်ဂူကြီးကို လေ့လာနေခဲ့သည်။

ထိုအချိန်မှာ.မြူခိုးအရှင်၁က လောထျန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“မျိုးမစစ်ကောင်၊ မင်းကငါတို့မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ မသေမျိုးဘုရင်တွေကို သတ်ဖြတ်ခဲ့တယ်။ ဒီနေ့ပဲ စာရင်းရှင်းကြတာပေါ့”

ပြီးတာနှင့် သူက ချက်ချင်းပဲ ဒူးတစ်ဖက်ထောက်ချကာ အုတ်ဂူကြီးကို လှမ်းအော်ဟစ်လိုက်ပြန်သည်။

“မိစ္ဆာနတ်ဘုရား တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့အတွက် လေးစားစွာ ကြိုဆိုပါတယ်ဗျ”

အနောက်က မိစ္ဆာဂိုဏ်းသားတွေလည်း ချက်ချင်းဒူးထောက်ပြီး အော်ဟစ်လိုက်ကြသည်။

ထိုအချိန်တွင်

ဘုန်း

အုတ်ဂူအနက်ပိုင်းမှ မိုးခြိမ်းသံလိုမျိုး.အသံကျယ်ကြီးတစ်ခု ဟိန်းထွက်လာခဲ့သည်။

“ဟမ်..ဘာသံ..ဘာသံကြီးလဲ”

လောထျန်းအနောက်က ဝူရန်စီရင်စုသားတွေရဲ့ မျက်နှာက တော်တော်လေး ကြည့်ရဆိုးလာပြီပင်။

ထိုအသံတစ်ခုထဲနှင့်တင် သူတို့၏.အရိုးထဲထိ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေခဲ့၏။

သူတို့၏ဆိုးရွားသော သေဆုံးမှုကို မျက်စိတမှိတ်အတွင်း ကြုံတွေ့ရတော့မလို ခံစားလိုက်ရသည်။

ဘယ်လိုတောင်ကြောက်ဖို့ ကောင်းတဲ့အစွမ်းလဲ။

ဝုန်း

ထိုအချိန်မှာ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြီး အုတ်ဂူကြီးက ပြိုကျသွားတော့သည်။

“ဟမ်၊ ဘာတွေဖြစ်နေတာလဲ”

အကုန်လုံး အံ့သြရပြန်သည်။

မြူခိုးအရှင်၁ ပင် မျက်နှာကိုမထိန်းနိုင်ခဲ့ပေ။

အုတ်ဂူက အဘယ်ကြောင့် ပြိုကျသွားရသနည်း။

မိစ္ဆာနတ်ဘုရား အဆင့်တက်တာ မအောင်မြင်ခဲ့လို့လား။

သူတို့တွေ ရှုတ်ထွေးနေကြစဥ်မှာပဲ

ဝုန်း

ပြိုကျသွားသော အုတ်ဂူအလည်တည့်တည့်ကနေ ချင်းချင်းတောက် နီရဲနေသော အလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာကာ ကောင်းကင်ယံကို ထိုးဖောက်လိုက်သည်။

အနီရောင်အလင်းတန်း၏ အောက်ခြေမှာ သွေးလွှမ်းနေသော ခေါင်းတလားတစ်ခု ရှိနေသည်.. မရေမတွက်နိုင်သော ဝိညာဥ်များက ခေါင်းတလားကို ဝန်းရံရင်း ခြောက်ခြားစရာကောင်းအောင် အော်ဟစ်နေကြ၏။

ခေါင်းတလား ထွက်ပေါ်လာသည်နှင့် အဆောက်အဦး၏ လက်ကျန်အစိတ်အပိုင်းများက လုံးဝ ပြိုကျသွားကာ တစစီပျံ့ကျဲသွားသည်။

သို့ပေမဲ့ ဘယ်သူကမှ ထိုအရာတွေကို ဂရုမစိုက်နိုင်ပေ သူတို့အကြည့်က အရှေ့က ခေါင်းတလားအပေါ်မှာပဲ ကပ်ညှိနေ၏။

ထိုအချိန်မှာပဲ..

ဘုန်း

ခေါင်းတလားထဲမှ အသံတစ်ခု ထွက်လာပြန်သည့်အတွက် အကုန်လုံး မသက်မသာခံစားလိုက်ရသည်။

ဒါက ခေါင်းတလားအတွင်းကလူက အပြင်ထွက်ဖို့ ခေါက်နေခြင်းဖြစ်ကြောင်း အကုန်လုံးသဘောပေါက်လိုက်ကြ၏။

ဘုန်း

နောက်ထပ် ကျယ်လောင်သော အသံတစ်ခု အပြီးမှာ သွေးလွှမ်းနေသော ခေါင်းတလားက အပေါက်ဖြစ်သွားပြီး အနီရောင်လက်တစ်ဖက် ဆန့်ဆန့်ကြီး ထွက်လာခဲ့သည်။

ထိုလက်ကြီးကြောင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးစည်းမျဥ်းများပင် လှုပ်ခတ်ကုန်သည်။

ဘုန်း

ထိုလက်ကြီးက ခေါင်းတလားကို ပြန်ရိုက်ချလိုက်တာမို့ ခေါင်းတလားတစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။

ထိုသို့ဖြင့် အထဲကပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရ၏။

All Chapters