← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈) - ကျောက်တုံးကြွက်အုပ်

~"ဒီအပေါက်ငယ်လေးတွေက သူတို့ ကျောက်ရိုင်းတုံးတွေကို စားသောက်ရင်း ဝိညာဉ်ကျောက်စိမ်း သတ္တုကြောထဲမှာ လမ်းကြောင်းတွေ ဖန်တီးထားခဲ့လို့ ဖြစ်လာတာပါ"

"သူတို့ အရေအတွက်ကလည်း အများကြီးပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာ နည်းလမ်း မရှိဘူး။ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောက အရမ်း မာကျောလွန်းတော့ သူတို့ကို ရှင်းလင်းဖို့ ကျွန်တော်တို့မှာ နည်းလမ်း မရှိဘူး ဖြစ်နေတယ်"

ယွီမိသားစု၏ ခေါင်းဆောင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုကိစ္စကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။

ဝိညာဉ်ကျောက်စိမ်း ကြောများတွင် ကျောက်တုံးကြွက် မိစ္ဆာအုပ်စုများ ပေါ်လာတတ်သည်မှာ ပုံမှန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤသားရဲများသည် ဝိညာဉ်သတ္တုရိုင်းများကို စားသုံး၍ အသက်ရှင် နေထိုင်ကြသောကြောင့် ဖြစသည်။

ယေဘုယျအားဖြင့် ၎င်းသည် ပြဿနာကြီး တစ်ရပ် မဟုတ်ပေ။ ဝိညာဉ်သတ္တုရိုင်းများ၏ အောက်တွင် သူတို့ အချိန်အတော်ကြာအောင် စားသောက်နိုင်ရန် ကျောက်တုံးများ အမြောက်အမြား ရှိနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့၏ ဝိညာဉ်ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများကို ထိခိုက်လာမည် မဟုတ်ချေ။

ဥမင်လိုဏ်ခေါင်း၏ တစ်ဖက်တွင် ဝိညာဉ်ကျောက်စိမ်း ကျောက်ရိုင်းတုံးများကို တူးဖော်နေစဉ်၊ တူးဖော်ရေး လုပ်ငန်းခွင်၏ မြေပြင်ပေါ်တွင်မူ တူးဖော်ရရှိလာသော ကျောက်ရိုင်းတုံးကြီးများကို အပိုင်းပိုင်း ခွဲစိတ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသူများ ရှိနေ၏။

ကျောက်ရိုင်းတုံးများကို ပထမအဆင့် ဝိညာဉ်ကျောက်စိမ်း၊ ဒုတိယအဆင့် ဝိညာဉ်ကျောက်စိမ်း နှင့် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ဟူ၍ အဆင့်လိုက် ခွဲခြား သတ်မှတ်ထားကြ၏။

ယွီမိသားစု၏ ခေါင်းဆောင်က လူများကို ဦးဆောင်ကာ သတ္တုတွင်းထဲမှ ထွက်လာသည့် အခိုက်အတန့်မှာပင်၊ တူးဖော်ရေး လုပ်ငန်းခွင်ဆီမှ ရုတ်တရက် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာတော့သည်။

"အာ... ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာ... ဒီ ကျောက်ရိုင်းတုံးထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာ တစ်ပါး ဖြစ်တဲ့ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ပါနေတယ်ဟေ့"

'ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ်' ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ယွီမိသားစု၏ ခေါင်းဆောင်၊ ပထမ အကြီးအကဲ နှင့် အခြားသူများ၏ မျက်နှာသွင်ပြင်သည် အကြီးအကျယ် ပြောင်းလဲသွားတော့၏။

"ဝှစ်..ဝီ..ဝီ"

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ အားလုံးသည် အလင်းတန်းများ အဖြစ် အသွင်ပြောင်းသွားကြပြီး၊ ကျောက်ရိုင်းတုံးများကို ခွဲစိတ်နေသည့် တူးဖော်ရေး လုပ်ငန်းခွင် အတွင်းသို့ ရောက်ရှိသွားကြသည်။

အခြေခံတည်ဆောက်ခြင်း အဆင့် ရှိသော ဆံပင်ဖြူ အဘိုးအို တစ်ဦးသည် ရွှေရောင် အရည်စက် တစ်စက်ကို သူ၏ မန္တန်စွမ်းအားဖြင့် ထိန်းချုပ်ကာ လေထဲတွင် ရပ်တန့်ထားသည်ကို တွေ့လိုက်ရ၏။

ဖော်ပြ၍မရနိုင်အောင် ပြင်းထန်လှသော ရနံ့သင်းသင်း တစ်ခုသည် တူးဖော်ရေး လုပ်ငန်းခွင် တစ်ခုလုံးကို လွှမ်းခြုံထား၏။

ဤ ထူးခြားလှသော ရနံ့ကို ရှူရှိုက်မိသောအခါ၊ ယွီကျင်း ကဲ့သို့သော အတုအယောင် အမြုတေ အဆင့် အရှင်သခင် တစ်ပါး၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းသည်ပင် ရွှင်လန်းတက်ကြွသွားပြီး ဤစွမ်းအားကို မျိုချလိုသော ဆန္ဒများ ပြင်းပြလာသည့်နှယ် ခံစားလိုက်ရသည်။

ယွီကျင်း ၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး၊ စိတ်လှုပ်ရှားမှုနှင့် ဂနာမငြိမ်မှုများ ရောယှက်လာတော့၏။ သူသည် အသံကို ဖိနှိပ်ကာ ထိတ်လန့်တကြား ရေရွတ်မိသွား၏။

"မိသားစု ခေါင်းဆောင်ကြီး... ဒါက ကောင်းကင်ကိုတောင် တုန်လှုပ်စေနိုင်ပါတယ်"

"ဒါက ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ကို ထုတ်ပေးနိုင်တဲ့ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောပါပဲ"

ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် သည် ကောင်းကင်နှင့် မြေကြီး၏ ရတနာ တစ်ပါး ဖြစ်ပြီး လောကတွင် အလွန် ရှားပါးလှသည်။

ကျင့်ကြံသူ ကိုယ်တိုင် စားသုံးရန်အတွက် ဖြစ်စေ၊ အခြားသော ရည်ရွယ်ချက်များ အတွက် အသုံးပြုရန် ဖြစ်စေ၊ ၎င်း၏ တန်ဖိုးမှာ အလွန်တရာ ကြီးမားလှ၏။

ဤ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် တစ်စက် ပေါ်ထွက်လာခြင်းက တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၏ တန်ဖိုးကို ရုတ်တရက် ဆယ်ဆ၊ သို့မဟုတ် အဆပေါင်း ဒါဇင်ချီ၍ပင် မြင့်တက်သွားစေသည်ဟု ဆိုနိုင်သည်။

သူတို့ တူးဖော်ရရှိထားသော ကျောက်တုံးများ အပြင်၊ ဝိညာဉ်ကျောက်စိမ်း အရိုင်းတုံးများကို ကံစမ်းမဲ ဖောက်သည့် ပုံစံမျိုးဖြင့်လည်း ရောင်းချလေ့ ရှိကြ၏။

တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောမှ ထွက်လာသော ကျောက်အရိုင်းတုံးများသည် တန်ဖိုးကြီးမားလှသော်လည်း၊ ၎င်းတို့ထဲတွင် ပထမအဆင့် နှင့် ဒုတိယအဆင့် ဝိညာဉ်ကျောက်စိမ်း များလည်း ပါဝင်နေတတ်၏။

မည်သည့် အဆင့်ရှိ ဝိညာဉ်ကျောက်စိမ်း ကို တူးဖော်ရရှိမည် ဆိုသည်မှာ ဝယ်ယူသူ၏ ကိုယ်ပိုင် အကဲဖြတ် နိုင်စွမ်းအပေါ်တွင်သာ မူတည်နေ၏။

ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ဟူသော ဆွဲဆောင်မှု တစ်ခုသာ ပါလာမည် ဆိုလျှင်၊ ဤ သတ္တုတွင်းမှ ကျောက်အရိုင်းတုံးများ၏ တန်ဖိုးသည် သေချာပေါက် ဆယ်ဆ၊ သို့မဟုတ် အဆပေါင်း ဒါဇင်ချီ၍ မြင့်တက်သွားမည်မှာ အသေအချာပင်။

ယွီ မိသားစု ကြီးပွားတော့မည်..။

ယွီ မိသားစု ခေါင်းဆောင်သည်လည်း ဤ ကြီးမားလှသော အံ့အားသင့်မှုကြီးကြောင့် အနည်းငယ် မှင်သက်သွားခဲ့ရ၏။ သူ သတိပြန်ဝင်လာသောအခါ မျက်လုံးထဲတွင် ထက်မြက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီး၊ အသံနိမ့်နိမ့်ဖြင့် အလျင်အမြန် အမိန့်ပေးလိုက်သည်။

"မြန်မြန်... တူးဖော်ရေး လုပ်ငန်းခွင် တစ်ခုလုံးကို ပိတ်ဆို့လိုက်စမ်း။ ဒီသတင်း လုံးဝ ပေါက်ကြားသွားလို့ မဖြစ်ဘူး"

သို့သော်ငြားလည်း ယွီ မိသားစု သည် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် တင်းကြပ်စွာ စောင့်ကြပ်နေခဲ့သော်လည်း၊

ရက်အနည်းငယ် အကြာတွင် ကောင်း မိသားစု နှင့် မန် မိသားစု တို့ နှစ်ခုစလုံးသည် ဤသတင်းကို သိရှိသွားခဲ့ကြ၏။

ဤ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောသည် မူလက ကောင်း မိသားစု တစ်ခုတည်းသာ ပိုင်ဆိုင်သော သူတို့၏ ဝိညာဉ်မြေ ဖြစ်ခဲ့ရာ၊ ဤသတင်းကို ကြားသိရသောအခါ ကောင်း မိသားစုသည် အကြီးအကျယ် အံ့အားသင့်ပြီး ဒေါသထွက်သွားကြတော့၏။

ယွီ မိသားစု နှင့် မန် မိသားစု တို့သည် အရှက်အကြောက် ကင်းမဲ့စွာဖြင့် ပူးပေါင်း လှုပ်ရှားခဲ့ကြပြီး ကြော၏ တစ်စိတ်တစ်ပိုင်းကို တူးဖော်ရန် ဖိအားပေး သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်၏။

ယခင်က ကောင်း မိသားစု အနေဖြင့် ယွီ မိသားစု နှင့် မန် မိသားစု တို့၏ ပူးပေါင်း အင်အားကို မယှဉ်ပြိုင်နိုင်ခဲ့သဖြင့် ထိုအခြေအနေကို လက်ခံခဲ့ရသည်။ သူတို့သည် ဤ ခါးသီးလှသော ဆေးလုံးကို အံကြိတ်ကာ မျိုချခဲ့ရပြီး ရင်ထဲတွင် အငြိုးတေးထားခဲ့ကြ၏။

သို့သော် ယခုအခါ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် အကြောင်းကို ကြားသိလိုက်ရသောအခါ ကောင်း မိသားစု သည် မိမိကိုယ်ကို ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။

လအနည်းငယ် အတွင်းမှာပင် ကောင်း မိသားစု၊ ယွီ မိသားစု နှင့် မန် မိသားစု တို့ကြားတွင် ပြင်းထန်သော တိုက်ပွဲ အချို့ ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၌ မိသားစု သုံးခုစလုံးမှ လူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြ၏။

ထိုအချိန်တွင် ယွီ မိသားစု နှင့် မန် မိသားစု တို့မှ လူများသည် မြေအောက် သတ္တုတွင်း၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း စတင် သတိပြုမိလာကြသည်။

တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောနှင့် မလှမ်းမကမ်းရှိ မြေအောက် အနက်ရှိုင်းဆုံး နေရာမှ ပုန်းကွယ်နေသော ဂူစံအိမ် တစ်ခု အတွင်းဝယ်၊

တာအိုရုပ်သေးသည် ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စု ပြန်လည် ပို့ဆောင်ပေးသော ကျောက်အရိုင်းတုံးများကို ပျော်ရွှင်စွာ ခွဲစိတ်နေ၏။ လွန်ခဲ့သော လအနည်းငယ် အတွင်း သူသည် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် နောက်ထပ် နှစ်စက်ကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

ဝိညာဉ်ကျောက်စိမ်း ကြော၏ ငါးပုံတစ်ပုံခန့်ကို တူးဖော်ပြီးစီးခဲ့တော့၏။

တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် အားလုံးကို သန့်စင်ပြီးနောက်၊ သူ၏ အနီရောင် ရုပ်သေး ၏ စွမ်းအားနှင့် အဆင့်သည် ရွှေအမြုတေ အဆင့် (၈) နှင့် တန်းတူညီမျှသော အခြေအနေ၌ တည်ငြိမ်သွားခဲ့သည်။

ဤ ဝိညာဉ်ကျောက်စိမ်း ကြော မှ ကောင်းကင်နှင့် မြေကြီး၏ ရတနာ ဖြစ်သော ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် များကို ဆက်လက် ထုတ်ပေးနေသမျှ ကာလပတ်လုံး၊

သူ၏ အနီရောင် ရုပ်သေး အနေဖြင့် တတိယအဆင့် အဆင့်မြင့် အထွတ်အထိပ် အခြေအနေသို့ စွမ်းအားများ ပြန်လည် နာလန်ထူလာရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ဟု သူ ယုံကြည်နေမိသည်။

ထို့အပြင် မူလ ရုပ်သေးသည် စတုတ္ထအဆင့် အဆင့်နိမ့် အထွတ်အထိပ် တွင် ရှိခဲ့ဖူးသဖြင့်၊ ဤ တာအိုရုပ်သေး ဖြင့် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၏ တိုက်ကွက် တစ်ကွက်၊ နှစ်ကွက်ခန့်ကိုပင် သူ ခံနိုင်ရည် ရှိလာနိုင်ကောင်း ရှိလာနိုင်ပေလိမ့်မည်။

သာမန် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ့ကို 'ရွှေအမြုတေ အဆင့်တွင် ပြိုင်ဘက်ကင်း' ဟု သေချာပေါက် သတ်မှတ်ရပေလိမ့်မည်။

"ရောက်လုနီးပါး ဖြစ်နေပြီ။ နောက်ထပ် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် ဆယ်စက်၊ ဒါမှမဟုတ် ရှစ်စက်လောက်ပဲ လိုတော့တယ်"

တာအိုရုပ်သေးက မျှော်လင့်ချက် ကြီးစွာဖြင့် တီးတိုး ရေရွတ်လိုက်၏။

အကယ်၍ သူသာ ရွှေအမြုတေ အဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်လာမည့် စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်လာခဲ့မည် ဆိုလျှင်၊ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးကို မရန်စသရွေ့ ပတ်ဝန်းကျင် ကျင့်ကြံခြင်း လောကတွင် လွတ်လပ်စွာ လှုပ်ရှား သွားလာနိုင်ပေလိမ့်မည်။

အကယ်၍ သူသာ တာ့ယွဲ့ နယ်မြေသို့ ပြန်သွားမည် ဆိုလျှင်...

မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးပင်လျှင် သူ့ကို ရင်ဆိုင်ရန် အခက်တွေ့နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အာကာသ စွမ်းအားကို ထိန်းချုပ်နိုင်ဆဲ ဖြစ်သောကြောင့်ပင်။

အကယ်၍ သူသာ ထွက်ပြေးလိုပါက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး အနေဖြင့် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။

သို့သော် သူ အနေဖြင့် အခြားသူများအပေါ် အရေးယူ ဆောင်ရွက်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်၏..။

ဤတာအိုရုပ်သေး ကို မည်သူမှ တားဆီးနိုင်မှာ မဟုတ်ပေ။..

'ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့က ချဲ့ ရဲ့ ခေါင်းဆောင်... ငါ... တာအိုရုပ်သေး တာ့ယွဲ့ နယ်မြေကို ပြန်ရောက်တဲ့ အခိုက်အတန့်မှာ၊ မင်းက ပုရွက်ဆိတ် တစ်ကောင်သာသာပဲ ဆိုတာကို ငါ ပြသပေးမယ်'

'အဖိနှိပ်ခံရတဲ့ ခံစားချက်ကို မင်း မြည်းစမ်းကြည့်စေရမယ်'

တာအိုရုပ်သေး၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီးနောက် ပျောက်ကွယ်သွားသည်။

သို့သော် ရက်အနည်းငယ် ကြာပြီးနောက် တာအိုရုပ်သေး၏ မျက်နှာအမူအရာသည် ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားတော့၏။

သူသည် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော ရှိရာ အရပ်ဆီသို့ အကြည့်ပို့လွှတ်လိုက်သည်။

ယခုလေးတင် သူသည်…

တတိယ အဆင့်ဝိဉာဉ်ကြောမှ မြေကြော ပြောင်းလဲမှု တစ်ရပ်ကို အာရုံခံစားမိလိုက်၍ပင်။

အခန်း (၄၁၉) - ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ်

~မူလက တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောတွင် ကောင်း မိသားစု၊ ယွီ မိသားစု နှင့် မန် မိသားစု တို့ကြား ဖြစ်ပွားနေသော ပဋိပက္ခများကြောင့်၊ သတ္တုတွင်း အတွင်း၌ အခင်းအကျင်း အများအပြားကို ချထားခဲ့ကြ၏။

သို့သော်ငြားလည်း ထိုအခင်းအကျင်းများသည် ပြန့်ကျဲနေသော သဲပွင့်များပမာ ဖြစ်နေ၏။ အလွန်တရာ မာကျောလှသော ကြောများဆီသို့ မြေအောက်မှနေ၍ ထိုးဖောက် စားသောက် ဝင်ရောက်လာကြသော ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စု အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ဘဲ၊ သူတို့ အလိုရှိသလို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ပြုထားသည့်နှယ် ဖြစ်နေခဲ့သည်။

သို့သော် ယခုလေးတင် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၏ မြေကမ္ဘာ နယ်ပယ်တွင် ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။

တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တစ်ခုလုံးကို လွှမ်းခြုံကာ အလုံပိတ် နယ်မြေတစ်ခု ဖန်တီးလိုက်သည့်နှယ် ထင်မှတ်ရ၏။

ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော အောက်တွင် ပုန်းအောင်းနေသော ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စုကိုပင် သူ အာရုံခံ၍ မရတော့ခြင်းပင် ဖြစ်သည်။

ဤအရာကို မြေပြင်ပညာရှင် တစ်ဦးသာလျှင် စွမ်းဆောင်နိုင်ပေမည်။

အခင်းအကျင်း ပညာရှင် တစ်ဦးပင်လျှင် ဤသို့ မစွမ်းဆောင်နိုင်ချေ။ ထို့အပြင် ထိုသူသည် တတိယအဆင့် မြေပြင်ပညာရှင် တစ်ဦး ဖြစ်ရမည်မှာ အသေအချာပင်။

တာအိုရုပ်သေးသည် မတ်တတ်ရပ်လိုက်၏။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများမှ အလင်းရောင် တစ်ချက် လက်သွားပြီး ဟင်းလင်းပြင်ကိုပင် ထိုးဖောက် မြင်နိုင်စွမ်း ရှိသည့်နှယ် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၏ မြေကမ္ဘာ နယ်ပယ်ဆီသို့ စူးစိုက်ကြည့်ကာ မြေပြင်ပညာရှင်၏ အခင်းအကျင်း အရှိန်အဝါကို အာရုံခံလိုက်၏။

ယခုအခါ သူကိုယ်တိုင်သည်လည်း တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောကို ချိတ်ပိတ်လိုက်သော မြေပြင်ပညာရှင်မှာ တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တစ်ဦး ဖြစ်ရမည်ဟု တာအိုရုပ်သေးက အလျင်အမြန်ပင် အတည်ပြုလိုက်တော့သည်။

တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောပေါ်ရှိ အခင်းအကျင်း၏ လှိုင်းဂယက် အတက်အကျ စွမ်းအားမှာ အလယ်အလတ် အဆင့်တွင်သာ ရှိ၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ တာအိုရုပ်သေးသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး သူ့ဘာသာ တီးတိုး ရေရွတ်လိုက်၏။

'ကြည့်ရတာ ငါ ခိုးဝင်ပြီး အကျိုးအမြတ် ခွဲယူဖို့ ဆိုတာ မဖြစ်နိုင်တော့တဲ့ ပုံပဲ'

သို့ဖြစ်ရာ ဤ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောကို သူ ကိုယ်တိုင် ကိုယ်ကျ သွားရောက် သိမ်းယူရတော့မည် ဖြစ်သည်။

"ဂျုန်း"

နောက်တစ်ခဏ၌ တာအိုရုပ်သေးသည် သူ၏ ပုန်းအောင်းရာ ဂူစံအိမ်မှ ထွက်ခွာလာပြီး မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့၏။ ထို့နောက် မလှမ်းမကမ်းရှိ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေတော့သည်။

ကုန်းယွဲ့ အင်မော်တယ် မြို့တော် အတွင်းရှိ အင်အားကြီး ကျင့်ကြံသူ မိသားစု သုံးစုစလုံးတွင် ရွှေအမြုတေ အဆင့် အရှင်သခင် ဘိုးဘေးကြီးများ အသီးသီး ရှိကြ၏။

ကောင်း မိသားစု၏ ဘိုးဘေးကြီးမှာ အင်အားအကြီးဆုံး ဖြစ်ပြီး ရွှေအမြုတေ အဆင့် (၅) ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

ယွီ မိသားစုမှာ ဒုတိယ နေရာတွင် ရှိပြီး ရွှေအမြုတေ အဆင့် (၄) ကျင့်ကြံသူ တစ်ဦး ပိုင်ဆိုင်ထားသည်။

မန် မိသားစုမှာမူ နောက်ဆုံး အဆင့်တွင် ရှိပြီး မကြာသေးမီကမှ ရွှေအမြုတေ အဆင့် (၂) သို့ တက်လှမ်းလာသော အရှင်သခင် တစ်ပါး ရှိ၏။ ထိုသူသည် အလွန် ပါရမီ ထူးကဲပြီး ရွှေအမြုတေ အဆင့် ကျင့်ကြံသူ သုံးဦးထဲတွင် အသက်အငယ်ဆုံး ဖြစ်သည်ဟု ဆိုကြ၏။

မူလက တာအိုရုပ်သေး အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် လှုပ်ရှားရန် အစီအစဉ် မရှိခဲ့ပေ။ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စုကိုသာ အသုံးပြု၍ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း များ သို့မဟုတ် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် များကို တိတ်တဆိတ် ယူဆောင်ခိုင်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သူ၏ ရည်မှန်းချက် အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက်၊ သူသည် တိတ်တဆိတ် ထွက်ခွာသွားပြီး သူ၏ ခရီးပန်းတိုင် ဖြစ်သော ပိုးစာပင် အင်မော်တယ် မြို့တော် ဆီသို့ ဆက်လက် ထွက်ခွာသွားရန် ဖြစ်၏။

သို့သော် ယခုအခါတွင်မူ... ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် မှာ လုံလောက်မှု မရှိသေးဘဲ၊ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၏ ငါးပုံတစ်ပုံခန့်ကိုသာ တူးဖော်ရသေးသည်။

ထို မိသားစုများသည် ကြောကို ချိတ်ပိတ်ရန် တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တစ်ဦးကို ဖိတ်ခေါ်လာခဲ့ကြ၏။

ဤသို့ အခြေအနေများ ပြောင်းလဲသွားမှုအပေါ် တာအိုရုပ်သေး အနေဖြင့် လုံးဝ ကျေနပ်မှု မရှိသည်မှာ သေချာလှသည်။

တာအိုရုပ်သေးသည် ခံစားချက် ကင်းမဲ့နေသော မျက်နှာထားဖြင့် ပေရာချီ အကွာသို့ လှမ်းတက်သွားရင်း ခပ်ပြတ်ပြတ် ကြွေးကြော်လိုက်၏။

“လွတ်လွတ်လပ်လပ် ယူခွင့်မရှိမှတော့... အတင်းအကြပ် လုယူရုံပဲ ရှိတော့တာပေါ့”

မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တည်ရှိရာ တောင်ကုန်း တောအုပ်များ၏ အောက်ခြေသို့ ရောက်ရှိနေခဲ့တော့၏။

ကျင့်ကြံခြင်း လောက ဆိုသည်မှာ အသန်စွမ်းဆုံးသူသာ အသက်ရှင်ကျန်ရစ်မည့် နေရာဖြစ်ပြီး၊ အရင်းအမြစ် တိုင်းသည် အသက်နှင့် ရင်း၍ လုယူ တိုက်ခိုက်ထိုက်သော အရာများ ဖြစ်၏။

အကယ်၍ သာမန် ပစ္စည်း တစ်ခုသာ ဆိုလျှင် တာအိုရုပ်သေး အနေဖြင့် လျစ်လျူရှုထားလိုက်နိုင်သည်။

သာမန် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တစ်ခုသာ ဖြစ်နေမည် ဆိုလျှင်တောင်မှ၊ တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင်က ကြောကို ချိတ်ပိတ်လိုက်ပြီးနောက် ဤနေရာရှိ ကျင့်ကြံသူများကို မထိတ်လန့်စေဘဲ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စုကို တိတ်တဆိတ် ရုပ်သိမ်းသွားနိုင်၏။ ပြဿနာများကို တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားမည် ဖြစ်၏။

သို့သော် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် အတွက်မူ... သူ သေချာပေါက် တိုက်ယူရမည်သာ ဖြစ်လေသည်..

အကယ်၍ သူသာ အောင်ပွဲခံနိုင်ခဲ့ပါက၊ ဤ ရုပ်သေး ကိုယ်ခန္ဓာ၏ စွမ်းရည်ကို စတုတ္ထအဆင့် အဆင့်နိမ့် အထွတ်အထိပ် ရုပ်သေး တစ်ရုပ် အဖြစ်သို့ ပြန်လည် ရောက်ရှိအောင် စွမ်းဆောင်နိုင်ပေလိမ့်မည်။ ဤအခွင့်အရေးကို လုံးဝ လက်လွှတ်ခံ၍ မဖြစ်ချေ..။

"ဂျုန်း"

နောက်တစ်ခဏ၌ တာအိုရုပ်သေး၏ ပုံရိပ်သည် ချိတ်ပိတ်ထားသော တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော ၏ အပြင်ဘက်တွင် ထွက်ပေါ်လာတော့သည်။

တာအိုရုပ်သေး ထံမှ စွမ်းအားများနှင့် အရှိန်အဝါများ ရုန်းကြွလာသည်နှင့်အမျှ၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်း နှင့် တန်းတူညီမျှသော ဝိညာဉ်ဖိအားကြီး တစ်ခုသည် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တစ်ခုလုံးကို ကိုင်လှုပ်လိုက်ပြီး မြေကြီးကိုပင် တုန်ခါသွားစေခဲ့၏။

တစ်ချိန်တည်းမှာပင် သူ၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင်တွင် တွန့်လိမ်မှုများ ထွက်ပေါ်လာတော့၏။

တာအိုရုပ်သေးသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး၊ တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တည်ဆောက်ထားသော ဧရာမ အခင်းအကျင်းကြီး ကို လျစ်လျူရှုကာ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော အတွင်းသို့ ဇွတ်တရွတ် ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။

တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော အတွင်းဝယ်၊ ကောင်း မိသားစု၊ ယွီ မိသားစု နှင့် မန် မိသားစု တို့၏ ခေါင်းဆောင်များနှင့် အကြီးအကဲ အချို့ ပါဝင်သော လူအုပ်ကြီး တစ်စုသည် ဆံပင်ဖြူဖြူနှင့် 'အဘွားအို' တစ်ဦး အား အဖော်ပြုလျက် သတ္တုတွင်း အထက်တွင် လမ်းလျှောက်နေကြ၏။

ကောင်း မိသားစု၏ မိသားစု ခေါင်းဆောင် ဖြစ်သူ ကောင်းကျုံးရှန်း သည် ထို 'အဘွားအို' ကို ကြည့်ကာ ရိုသေလေးစားမှု အပြည့်ပါသော လေသံဖြင့် မေးမြန်းလိုက်သည်။

“စီနီယာ လင်း... ဒီ ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အောက်က ကြွက်ပြဿနာက အခြေအနေ ဆိုးဝါးလား ခင်ဗျာ”

'အဘွားအို' သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူမ လမ်းလျှောက်နေစဉ်အတွင်း သူမ၏ ထံမှ ထူးဆန်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေပြီး၊ ခြေအောက်ရှိ ဝိညာဉ်ကြော၏ မြေကမ္ဘာ နယ်ပယ်ထဲသို့ စိမ့်ဝင်သွားကာ မြေအောက်ရှိ အရာအားလုံးကို အာရုံခံနေ၏။

အချိန်အတော် ကြာပြီးနောက်မှသာ သူမက ဖြေကြားလိုက်သည်။

“ဆိုးဝါးတယ်”

“ငါ ထင်ထားတာထက် အများကြီး ပိုပြီး ဆိုးဝါးနေတယ်။ ဒီ ကြွက်မိစ္ဆာ အုပ်စုက အရေအတွက် တစ်ထောင်ကျော်လောက် ရှိပြီး၊ အကုန်လုံးက အတော်လေး အင်အား ကောင်းကြတယ်။ ဒုတိယအဆင့် ကြွက်မိစ္ဆာ အကောင် ငါးဆယ်ကျော်တောင် ပါသေးတယ်”

“မင်းတို့သာ ငါ့ကို ဒီနေရာ ဖိတ်မလာခဲ့ဘူး ဆိုရင်... သူတို့တွေ ဝိညာဉ်ကြော ရဲ့ အောက်ခြေကို နီးပါးလောက် ဟာလာဟင်းလင်း ဖြစ်အောင် စားပစ်ခဲ့ပြီ ဆိုတာ ငါ ယုံနိုင်စရာ အကြောင်းတောင် မရှိဘူး”

“အနည်းဆုံးတော့ ကြောရဲ့ ငါးပုံတစ်ပုံ ဒါမှမဟုတ် လေးပုံတစ်ပုံ လောက်က သူတို့ အစားခံလိုက်ရပြီ”

“ဘာ...”

ထိုစကားကို ကြားလိုက်ရသောအခါ ကောင်း မိသားစု၊ ယွီ မိသားစု နှင့် မန် မိသားစု တို့၏ ခေါင်းဆောင်များ၏ မျက်နှာသွင်ပြင်သည် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူတို့၏ မျက်နှာများ မှုန်ကုပ်သွားပြီး ဒေါသနှင့် နာကျင်မှုများကြောင့် ရင်ထဲတွင် သွေးစက်စက် ကျနေသည့်နှယ် ခံစားလိုက်ကြရ၏။

တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော ၏ လေးပုံတစ်ပုံ အစားခံလိုက်ရသည်တဲ့လား..

သောက်ကျိုးနည်း.. ဤအရာက သူတို့၏ အသားကို လှီးဖြတ်နေသည်နှင့် အတူတူပင် ဖြစ်လေသည်..။

အလွန်တရာ ရုပ်ဆိုး အကျည်းတန်နေသော အမူအရာဖြင့် ကောင်းကျုံးရှန်း သည် အဘွားအိုအား မေးမြန်းလိုက်၏။

“စီနီယာ လင်း... ဒီ ကြွက်မိစ္ဆာ တွေကို ရှင်းလင်းပစ်ဖို့ နည်းလမ်းများ ရှိမလား ခင်ဗျာ။ စီနီယာသာ လုပ်ပေးနိုင်မယ် ဆိုရင် ကျွန်တော်တို့ မိသားစု သုံးစု ပေါင်းပြီး အခကြေးငွေ ထပ်ဆောင်း ပေးပါ့မယ်”

ထိုစကားကို ကြားသောအခါ အဘွားအို၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး တုံ့ပြန်လိုက်သည်။

“ရတာပေါ့... ငါ တခြား ဘာမှ မလိုချင်ဘူး။ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် နှစ်စက်ပဲ လိုချင်တယ်”

ထို တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ မိသားစု ခေါင်းဆောင် သုံးဦးစလုံး၏ မျက်ခုံးများ တွန့်ကွေးသွားကြသည်။

သို့သော် သူတို့၏ ခြေအောက်ရှိ အလွန် ဆိုးဝါးနေသော ကြွက်ပြဿနာကို တွေးကြည့်လိုက်ပါက... အကယ်၍သာ ရှင်းလင်း မပစ်နိုင်လျှင် ဤ ဝိညာဉ်ကျောက်စိမ်း ကြောကြီးသည် အချိန်တို အတွင်းမှာပင် အသုံးမဝင်သော အရာတစ်ခု ဖြစ်သွားပေတော့မည်။

အခန်း (၄၂၀) -ဉာဏ်ကောင်းတယ်

~ကောင်းကျုံးရှန်း နှင့် သူ၏ အဖော်များသည် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်၊ ပြတ်သားစွာ ခေါင်းညိတ်လိုက်ကြပြီး... ပြန်လည် ဖြေကြားလိုက်ကြ၏။

"သဘောတူပါတယ် ခင်ဗျာ"

ထိုအခါ အဘွားအို၏ မျက်လုံးများ အောက်ခြေတွင် ဝမ်းသာပီတိ ဖြစ်မှုများ ပွင့်လန်းလာတော့၏။ သူမ၏ နာမည်ရင်းမှာ လင်းရှူ ဖြစ်ပြီး ကုန်းယွဲ့ အင်မော်တယ် မြို့တော်မှ ဆင်းသက်လာသော တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် သူမသည် မြေပြင်ပညာရှင် တစ်ဦး၏ အမွေအနှစ်များကို ရရှိခဲ့ပြီး၊ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် လက်ရှိ အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းပါ။ ထို့အပြင် ရွှေအမြုတေ အဆင့် (၃) သို့ပင် တက်လှမ်းနိုင်ခဲ့ပြီး တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တစ်ဦး ဖြစ်လာခဲ့သည်။

'ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် နှစ်စက်ဆိုရင် ငါ့ရဲ့ သက်တမ်း တချို့ကို ပြန်လည် ဖြည့်တင်းဖို့ လုံလောက်ပြီ။ အချိန်နည်းနည်းလောက်သာ ဝယ်လို့ရခဲ့မယ် ဆိုရင် ငါ သေချာပေါက် ရွှေအမြုတေ အဆင့် (၄) ကို ချိုးဖျက် ဝင်ရောက်နိုင်မှာပဲ'

'အဆင့် တစ်ဆင့် ထိုးဖောက်သွားနိုင်တာနဲ့ ငါ့ရဲ့ သက်တမ်းက ထပ်ပြီး ရှည်လာလိမ့်မယ်။ ပြီးရင် ရှေ့ဆက်ဖို့ အခွင့်အရေးတွေလည်း သေချာပေါက် ရှိလာမှာပဲ'

မျှော်လင့်ချက်များစွာဖြင့် လင်းရှူ ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု အချို့ကို ခံစားလိုက်ရသည်။

ဒါပေါ့လေ။

ရွှေအမြုတေ အဆင့် နှင့် တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တစ်ဦး ဖြစ်သော်ငြားလည်း၊ သူမသည် ကုန်းယွဲ့ အင်မော်တယ် မြို့တော်ရှိ အင်အားကြီး ကျင့်ကြံသူ မိသားစုကြီး သုံးခု၏ ရှေ့မှောက်တွင် အလွန်အကျွံ တောင်းဆိုရန် မဝံ့ရဲခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤ အင်အားကြီး ကျင့်ကြံသူ မိသားစုကြီး သုံးခုသည် အလွယ်တကူ ရန်စ၍ရသော သူများ မဟုတ်သောကြောင့် ဖြစ်၏။ အထူးသဖြင့် သူတို့ ပူးပေါင်း လုပ်ဆောင်လာကြပါက၊ သူမကို ကုန်းယွဲ့ အင်မော်တယ် မြို့တော်မှ လုံးဝ မောင်းထုတ်ပစ်နိုင်သည်။

ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် နှစ်စက် တောင်းဆိုခြင်းက သေးငယ်သော တန်ဖိုး တစ်ခုတော့ မဟုတ်ချေ။

လင်းရှူ သည် မျက်နှာကို တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

"အဲ့ဒီလိုဆိုမှတော့... ဧရာမ အခင်းအကျင်းကြီးကို ငါ စတင် တည်ဆောက်လိုက်တော့မယ်။ မြေကမ္ဘာ ကြော အခင်းအကျင်း ကို အသက်သွင်းလိုက်တာနဲ့ ကြွက်မိစ္ဆာ တွေ အကုန်လုံး အပြင်ထွက်လာအောင် အတင်းအကြပ် တွန်းအားပေးပြီး ရှင်းလင်းပစ်လို့ ရသွားလိမ့်မယ်"

ကောင်းကျုံးရှန်း အပါအဝင် လူအချို့သည် လင်းရှူ အား ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်ကြသည်။။

ထိုအခိုက်အတန့်ဝယ်၊

လင်းရှူ အပါအဝင် ထိုနေရာရှိ လူအားလုံး၏ မျက်နှာသွင်ပြင်များသည် အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။

“ဝုန်း…”

လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေမည့် အရှိန်အဝါကြီး တစ်ခုသည် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ၏ အပြင်ဘက်မှ ရုန်းကြွလာတော့၏။ ထိတ်လန့်ဖွယ်ရာ ဝိညာဉ်ဖိအားကြီး ထွက်ပေါ်လာပြီး၊ ချက်ချင်းပင် အပြင်ဘက်ရှိ လေထုနှင့် ကောင်းကင်ယံကို လှုပ်ခတ်သွားစေ၏။

ဤ ကြီးမားလှသော စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း တစ်ခုလုံးသည် စတင် တုန်ခါလာတော့သည်။

လင်းရှူ ၏ ရင်ထဲတွင် အကြောက်တရားများ ဝင်ရောက်လာပြီး သူမ၏ မျက်နှာသည် ဖြူဖျော့သွား၏။ သူမက အလန့်တကြား အော်ဟစ်လိုက်သည်။

"မဟုတ်သေးဘူး... ဒါက ရွှေအမြုတေ အဆင့် နှောင်းပိုင်း..."

“‌ဝရော”

လင်းရှူ စကားမဆုံးခင်မှာပင် လူတိုင်း၏ အထက်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာတော့၏။

ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သည့်နှယ်ပင်။

နောက်တစ်ခဏဝယ်၊

လူတိုင်း၏ အထက် ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အောက်ဘက်ရှိ အရာအားလုံးကို အပေါ်စီးမှ ကြည့်နေသည်။

ရွှေအမြုတေ အဆင့် (၈) နှင့် တန်းတူညီမျှသော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားနှင့် ဝိညာဉ်ဖိအားသည် ယခုအခါ ဧရာမ ဝိညာဉ်တောင်ကြီး တစ်လုံးပမာ လူတိုင်း၏ ရင်ဘတ်ကို ဖိနှိပ်ထားရာ၊ အသက်ရှူရပင် ခက်ခဲလာပြီး အသက်ရှူကျပ်မတတ် ခံစားလာကြရ၏။

ရွှေအမြုတေ အဆင့် (၃) မြေပြင်ပညာရှင် တစ်ဦး ဖြစ်သော လင်းရှူ ပင်လျှင် ဤ ဖိနှိပ်မှု စွမ်းအားအောက်တွင် သူမ၏ မျက်နှာသွင်ပြင်များ ပြောင်းလဲသွားပြီး၊ သူမ၏ ခန္ဓာကိုယ်သည် အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရန် တွန်းအားပေး ခံလိုက်ရသည်။

ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ၏ အစွန်အဖျားသို့ ဆုတ်ခွာသွားပြီး၊ ထို ကြောက်မက်ဖွယ် ဝိညာဉ်ဖိအားကို တွန်းလှန်ရန်အတွက် မြေကမ္ဘာ ကြော အခင်းအကျင်း ၏ စွမ်းအားကို အသုံးပြုနိုင်ချိန် ရောက်မှသာ လင်းရှူ သည် အနည်းငယ် သက်သာရာ ရသွားတော့၏။

ထိတ်လန့်တကြား မော့ကြည့်လိုက်သောအခါ၊ လင်းရှူ သည် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ၏ အထက်တွင် ပေါ်လာသော ဆံပင်ဖြူ အဘိုးအို တစ်ဦးကို မြင်လိုက်ရသည်။

ထိုအခိုက်အတန့်၌ ဤ အရှင်သခင်ကြီးသည် လူတိုင်းကို အပေါ်စီးမှ ကြည့်နေ၏။ လင်းရှူ သည် အထက်မှနေ၍ သူမအပေါ် ဖြတ်ဆင်းလာသော အေးစက်သည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရ၏။

လင်းရှူ သည် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး အကြိမ်ကြိမ် တောင်းပန်လိုက်တော့သည်။

"စီနီယာ... ကျွန်မက မိသားစုကြီး သုံးခု ဖိတ်ခေါ်လို့ ဒီ ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်းကို ကာကွယ်ဖို့ မြေကမ္ဘာ ကြော အခင်းအကျင်း လာတည်ဆောက်ပေးရုံ သက်သက်ပါ။ အခု အခင်းအကျင်း တည်ဆောက်ပြီးပြီ ဆိုတော့ ကျွန်မရဲ့ တာဝန် ပြီးဆုံးသွားပါပြီ။ စီနီယာ့ အလုပ်တွေကို မနှောင့်ယှက်တော့ပါဘူးရှင်"

လင်းရှူ သည် ထွက်ပြေးလိုသော်လည်း နောက်တစ်ခဏ၌ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် သူမအပေါ်သို့ ကျရောက်လာပြီး ပိတ်ဆို့လိုက်လေရာ၊ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ကြက်သီးမွေးညင်ှးများ ထသွားကာ တစ်ချက်လေးမျှပင် မလှုပ်ရဲတော့ချေ။

ထိုစဉ်၊ တာအိုရုပ်သေး၏ အသံသည် ခပ်ဝါးဝါး ထွက်ပေါ်လာ၏။

"မင်း... ဒီမှာ နေခဲ့"

"ဒီနေရာမှာ အခင်းအကျင်း လာတည်ဆောက်ပေးတယ် ဆိုမှတော့... ခဏတဖြုတ်တော့ နေသွားဦးပေါ့"

အောက်ဘက်တွင်၊

ကောင်းကျုံးရှန်း နှင့် အခြားသူများ အားလုံးသည် တာအိုရုပ်သေး၏ ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်ဖိအားကြောင့် တုန်လှုပ်နေကြပြီး၊ အတုအယောင် အမြုတေ အဆင့် ကျင့်ကြံသူများပင်လျှင် ဤအချိန်၌ ဆက်လက် တောင့်ခံမထားနိုင်တော့ချေ။ ဖိအားအောက်တွင် မြေကြီးပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်နေကြပြီး အံကြိတ်ကာ မနည်း တောင့်ခံထားရ၏။

ကောင်းကျုံးရှန်း သည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရန် အံကြိတ်လိုက်သည်။ ထို့နောက် ကောင်းကင်ယံရှိ တာအိုရုပ်သေးကို မော့ကြည့်ကာ ခါးသီးသော မျက်နှာထားဖြင့် မေးလိုက်၏။

"အရှင်... လူကြီးမင်း က ဘယ်သူများလဲ ခင်ဗျာ"

"ဒါက ကျွန်တော်တို့ ကုန်းယွဲ့ အင်မော်တယ် မြို့တော် က အင်အားကြီး ကျင့်ကြံသူ မိသားစု သုံးခု ပိုင်ဆိုင်တဲ့ ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ပါ။ လူကြီးမင်းရဲ့ လေးစားထိုက်တဲ့ အဆင့်အတန်း အရဆိုရင် ဒီ သတ္တုတွင်း သေးသေးလေးကို စိတ်ဝင်စားစရာ မလိုပါဘူး ခင်ဗျာ"

တာအိုရုပ်သေးသည် ဂရုမစိုက်သည့် ပုံစံဖြင့် အင်အားကြီး မိသားစု သုံးခုမှ လူများကို အပေါ်စီးမှ ကြည့်ကာ ပြောလိုက်သည်။

"စကားများနေတာ တော်လောက်ပြီ။ အခု မင်းတို့ မိသားစုတွေက ဘိုးဘေးကြီး တွေကို သွားခေါ်လိုက်တော့"

"ငါ့ရှေ့မှာ သူတို့ ပြဿနာ ရှာရဲ၊ မရှာရဲ ဆိုတာ ကြည့်ကြသေးတာပေါ့"

ယွီ မိသားစု ၏ ခေါင်းဆောင် မျက်နှာထား တင်းမာသွားပြီး အထက်ရှိ တာအိုရုပ်သေးကို ကြည့်ကာ မေးလိုက်၏။

"လူကြီးမင်း... ကျွန်တော်တို့ မိသားစုကြီး သုံးခုရဲ့ ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်း ကို အတင်းအကြပ် လုယူဖို့ ကြံရွယ်နေတာလား"

သူ၏ စကား အဆုံးမှာပင်၊

"ဂျုန်း"

ကောင်းကင်ယံတွင် တာအိုရုပ်သေးက အမှုမဲ့အမှတ်မဲ့ပင် လက်ဝှေ့ယမ်းလိုက်၏။

မှန်းဆ၍မရနိုင်လောက်အောင် အစွမ်းထက်လှသော စွမ်းအားကြီး တစ်ခုသည် ယွီ မိသားစု ၏ ခေါင်းဆောင်ကို ချက်ချင်းပင် လွင့်ထွက်သွားစေတော့၏။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အရိုးများ ကျိုးပဲ့ကုန်ပြီး၊ အရေပြားများ တွန့်လိမ် ကွဲအက်ကုန်ကာ သွေးသံရဲရဲ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ဒုန်း…”

ယွီ မိသားစု ၏ ခေါင်းဆောင်သည် ပေရာချီ ဝေးကွာသော မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ ဝိညာဉ်သတ္တုတွင်း ပတ်ဝန်းကျင် တစ်ဝိုက်ကို တုန်ခါသွားစေခဲ့သည်။

သူ၏ စွမ်းအားများ အကြီးအကျယ် ကျဆင်းသွားပြီး၊ ပြင်းထန်သော ဒဏ်ရာများ ရရှိကာ သေလုမြောပါး ဖြစ်နေတော့၏။

တာအိုရုပ်သေးသည် ဂရုမစိုက်သည့် ပုံစံဖြင့်...

"လူဆိုတာ ကိုယ့်အဆင့် ကိုယ် သိရတယ်။ မင်းတို့ ယွီ မိသားစု မှာ ရွှေအမြုတေ အဆင့် (၄) ဘိုးဘေးကြီး တစ်ပါး ရှိနေတာက၊ ကုန်းယွဲ့ အင်မော်တယ် မြို့တော် မှာ မင်းတို့ ယွီ မိသားစု ကို ဩဇာလွှမ်းမိုးပြီး ပြိုင်ဘက်ကင်း ဖြစ်စေကောင်း ဖြစ်စေလိမ့်မယ်"

"ဒါပေမဲ့..."

"မင်းတို့ ဘိုးဘေးကြီး ငါ့ရှေ့ ရောက်လာရင်တောင်၊ အဓိပ္ပာယ် မရှိတဲ့ စကား တစ်ခွန်းမှ ထွက်ရဲမှာ မဟုတ်ဘူး"

"မင်းက အရမ်းကို မောက်မာလွန်းနေတယ်"

အောက်ဘက်ရှိ ယွီ မိသားစုဝင် များ အားလုံးသည် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကြတော့၏။ သူတို့၏ မိသားစု ခေါင်းဆောင်သည် တာအိုရုပ်သေး၏ လက်တစ်ချက် ဝှေ့ယမ်းမှုအောက်တွင် ပြင်းထန်စွာ ဒဏ်ရာရပြီး လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ၊ လူတိုင်းသည် မုန်းတီးမှုရော၊ ကြောက်ရွံ့မှုပါ ရောယှက်ကာ စကားတစ်ခွန်းမျှပင် မဟရဲတော့ချေ။

"မိသားစု ခေါင်းဆောင်ကြီး.."

အခြားတစ်ဖက်တွင်မူ၊

ကောင်းကျုံးရှန်း အပါအဝင် ကောင်း မိသားစု နှင့် မန် မိသားစု တို့မှ လူများသည် ဒေါသထွက်နေမှုများ တဖြည်းဖြည်း လျော့ကျသွားပြီး အသိတရား ပြန်လည် ဝင်ရောက်လာကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် မွေးရာပါ ကြောက်ရွံ့မှုများ ထွက်ပေါ်လာတော့သည်။

ကောင်းကျုံးရှန်း ၏ မျက်နှာသွင်ပြင် အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် သူသည် ခေါင်းငုံ့ကာ ပြောလိုက်၏။

"စီနီယာ က ဒီသတ္တုတွင်းကို အလိုရှိတယ် ဆိုမှတော့... ကျွန်တော်တို့ ကောင်း မိသားစု အနေနဲ့ သဘာဝကျကျပဲ ကန့်ကွက်စရာ မရှိပါဘူး ခင်ဗျာ"

"စီနီယာ... ကျွန်တော်တို့ ကောင်း မိသားစု ကတော့ နောက်ဆုတ်ဖို့ ရွေးချယ်လိုက်ပါပြီ"

တာအိုရုပ်သေးက သူ့ကို ကျေနပ်အားရစွာ ကြည့်လိုက်ပြီး...

မြှောက်ပင့် ပြောဆိုလိုက်သည်။

"မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ"

All Chapters