← Chapters

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

အခန်း (၇၅၄) - ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းခြင်း (၂)

~ချီရွှင်က နင်ချီကို စူးရှစွာ အကြည့်ပို့လွှတ်လိုက်၏။ လောလောဆယ်တွင် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ နင်ချီကို အမြန်ဆုံး အနိုင်ယူ ဖြိုခွင်းရန်သာ ဖြစ်သည်။

အနည်းငယ် ဝေဝါးနေသော ချီရွှင်၏ ပုံရိပ်မှာ တဖြည်းဖြည်း ပီပြင် ထင်ရှားလာပြီးနောက်၊ နင်ချီထံသို့ လက်ဝါးတစ်ချက် အားကုန် ရိုက်ချလိုက်လေ၏။

သူ၏ လက်ဝါး ဆန့်ထွက်သွားသည်နှင့် တစ်ပြိုင်နက်၊ အားပြင်းသည့် မီးတောက်များက သူ၏ လက်ဝါးပြင်မှ ဟုန်းခနဲ တောက်လောင်လာ၏။ တဖြည်းဖြည်း ပိုမို ကြီးမားလာကာ၊ နင်ချီကို တိုက်ခိုက်ရန် ဧရာမ မီးလျှံငှက် လက်သည်းကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွားတော့သည်။

ချီရွှင် ထုတ်လွှတ်လိုက်သော ဤ မီးလျှံငှက် လက်သည်းကြီးမှာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း တစ်ခုလုံး၏ ပူးပေါင်း တိုက်ခိုက်မှုထက်ပင် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေး၏။

၎င်းက ကျယ်ပြန့်သော ကမ္ဘာ၏ စွမ်းအင်များကို ဆွဲယူ အသုံးပြုထားသဖြင့် ဟင်းလင်းပြင် တစ်ခုလုံး သိမ့်သိမ့်ခါအောင် တုန်လှုပ်သွားရသည်။ ကမ္ဘာကြီး တစ်ခုလုံး၏ စွမ်းအား သုံးပုံတစ်ပုံခန့်ကို ဤလက်သည်း တစ်ခုတည်းတွင် စုစည်းထားသကဲ့သို့ ခံစားလိုက်ရလေ၏။

ကျောချမ်းဖွယ် ကောင်းလှသော နတ်ဘုရား စွမ်းအားများ ထွက်ပေါ်လာသည်။ တိုက်ပွဲဝင်နေသူများမှာ အလွန်တရာ အလှမ်းဝေးသော နေရာတွင် ရှိနေသော်ငြားလည်း၊ ထိုဧရိယာ တစ်ဝိုက်တွင် ရုတ်တရက် ပေါ်ထွက်လာသော အရာအားလုံးကို အရည်ပျော်ကျသွားစေနိုင်မည့် အပူရှိန်ကို ရှင်းလင်းစွာ ခံစားလိုက်ကြရ၏။

၎င်း၏ တိုက်ခိုက်မှု အဟုန်မှာ ဟင်းလင်းပြင် ၏ အစွန်အဖျား နေရာများကိုပင် တွန့်လိမ် ကောက်ကွေးသွားစေလောက်အောင် ပြင်းထန်လှ၏။

ပို၍ ကြောက်စရာ ကောင်းသည်မှာ လူတိုင်းကို လှောင်အိမ်ထဲ ပိတ်မိနေပြီး လုံးဝ ရုန်းထွက်၍ မရနိုင်တော့သကဲ့သို့ ခံစားသွားရစေခြင်းပင် ဖြစ်သည်။

ဤကဲ့သို့သော ကြောက်မက်ဖွယ် လက်သည်း တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် နင်ချီက တည်ငြိမ်စွာဖြင့် လက်ဝါးတစ်ချက် ပြန်လည် ရိုက်ထုတ်ကာ တန်ပြန်လိုက်လေသည်။

နဂါးတစ်ကောင် အရွယ်အစားခန့် ကြီးမားသော ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး တစ်ခုက ခပ်လှမ်းလှမ်းမှနေ၍ တဟုန်ထိုး ပစ်ထွက်လာသည်ကို လူအများ..တွေ့လိုက်ရ၏။

၎င်း၏ မျက်နှာပြင်ပေါ်တွင် အရောင်ငါးမျိုး အလင်းတန်းများ တလက်လက် တောက်ပနေပြီး သေမျိုးလောကသို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါး၏ လက်လား ခန့်ညား ထည်ဝါလှ၏။

ထိုလက်ဝါးကြီး ပေါ်ထွက်လာသောအခါ ဟင်းလင်းပြင်မှာ လုံးဝ ယိမ်းယိုင်မသွားချေ။ မီးလျှံငှက် လက်သည်းကြီး၏ ပတ်လည်ရှိ တွန့်လိမ်နေသော ဟင်းလင်းပြင် မှာပင် နင်ချီ၏ ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး ကြောင့် ပြန်လည် ငြိမ်သက်သွားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချီရွှင်၏ မျက်ခွံများ အလိုအလျောက် တဖျတ်ဖျတ် လှုပ်ရှားသွားရ၏။

နင်ချီ၏ တိုက်ခိုက်မှုများမှာ သူ့လောက် မကြမ်းတမ်းသော်ငြားလည်း ကြိုတင် ခန့်မှန်း၍ မရနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ ပါဝင်နေသည်လေ။

“ဝုန်း…”

ဟင်းလင်းပြင်ထဲတွင် ဧရာမ လက်သည်းကြီးနှင့် ဧရာမ လက်ဝါးကြီးတို့ ဝင်ရောက် ထိတိုက်မိသွားကြပြီး၊ မီးပွင့်လေးများအလား နေရာအနှံ့ လွင့်စဉ်သွားသော အဆုံးအစမဲ့ မီးပွားများကို ပေါက်ကွဲ ထွက်ပေါ်လာစေတော့သည်။

မီးလျှံငှက် လက်သည်းကြီး ထံမှ မီးတောက်များ ဟုန်းခနဲ တောက်လောင်လာပြီး၊ လက်ချောင်းများနှင့် လက်သည်းများ တစ်ခုစီတိုင်းက အရောင်ငါးမျိုး လက်ဝါးကြီး ထဲသို့ စိုက်ဝင်သွားကြလေ၏။

ပြင်းထန်လှသော အပူရှိန်က နင်ချီ၏ ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး ကို အရည်ပျော်ကျသွားစေတော့မည့်အလား ဖြစ်နေပြီး ၎င်းပေါ်တွင် အရည်ပျော်မည့် အရိပ်အယောင်များ အထင်အရှား ပေါ်လွင်နေတော့သည်။

ချီရွှင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွား၏။ သူ၏ တိုက်ခိုက်မှုက သေချာပေါက် အသာစီး ရနေပြီ ဖြစ်သည်။

သို့သော် နင်ချီက ဤအခြေအနေကို ကြိုတင် တွက်ဆထားပြီး ဖြစ်ပုံရ၏။

သူ၏ အရောင်ငါးမျိုး လက်ဝါးကြီး ထဲတွင် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအား အနည်းငယ်သာ ပါဝင်နေသည်။

သူသည် တစ်ပြား တစ်ချပ်ကိုပင် ဒေါ်လာ တစ်ရာအလား တန်ဖိုးထား အသုံးပြုကာ သူ၏ စွမ်းအားများကို အကန့်အသတ် အထိ တွန်းတင် အသုံးပြုနေခြင်းသာ။

ချီရွှင်သည် ဤနေရာရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင် အမြောက်အမြားကို ဆွဲယူ အသုံးပြုထားသဖြင့် သူ၏ မီးလျှံငှက် လက်သည်းကြီး ဖြင့် အရောင်ငါးမျိုး လက်ဝါးကြီး ကို ဆွဲဖြဲပစ်နိုင်ခြင်းမှာ အံ့သြစရာတော့ မဟုတ်ချေ။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ချီးမြှင့်ထားသော နယ်မြေစွမ်းအား မျှင်လေး တစ်ခုက နင်ချီ၏ ခန္ဓာကိုယ်ထဲမှ တစ်ဖန် ပြန်လည် ပေါက်ကွဲထွက်လာပြီး အရောင်ငါးမျိုး လက်ဝါးကြီး ထဲသို့ စီးဝင်သွားလေသည်။

အရောင်ငါးမျိုး လက်ဝါးကြီး ပေါ်ရှိ အရည်ပျော်မည့် အရိပ်အယောင်များမှာ ချက်ချင်းပင် ပြောင်းပြန် လှည့်သွားပြီး နောက်တစ်ကြိမ် လုံးဝ ဖျက်ဆီး၍ မရနိုင်အောင် ခိုင်မာသွားပြန်၏။

သို့သော် နင်ချီက ၎င်းကို ဆုပ်ကိုင်ထားသော မီးလျှံငှက် လက်သည်းကြီး များကို တွန်းထုတ်မပစ်ခဲ့ချေ။ ထိုအစား သူက သူ၏ လက်ဝါးကို လှောင်အိမ် တစ်ခုအဖြစ် အသွင်ပြောင်းလိုက်ပြီး လက်ချောင်း ငါးချောင်းကို ပူးကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အပြည့်အဝ ဖမ်းဆုပ်ထားလိုက်တော့သည်။

ချီရွှင်က နောက်ထပ် တိုက်ခိုက်မှုများ မထုတ်လွှတ်တော့ပေ။ သူသည် ဤတစ်ချက်တည်းဖြင့် အရာအားလုံးကို အဆုံးသတ်ရန် ရည်ရွယ်ထားပုံ ရ၏။

သူ၏ ကိုယ်တွင်းရှိ စွမ်းအားများက မီးလျှံငှက် လက်သည်းကြီး ထဲသို့ အဆက်မပြတ် စီးဝင်နေပြီး နင်ချီ၏ တိုက်ခိုက်မှုကို အပြည့်အဝ ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားသည်။

တကယ့် တိုက်ပွဲကို စတင်ပြီးမှသာ ချီရွှင်သည် နင်ချီ၏ အစစ်အမှန် ရည်ရွယ်ချက်များကို မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်၏။

တစ်ဖက်လူ၏ ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး သည် နယ်မြေစွမ်းအား အများအပြားကို ထိန်းချုပ် မထားနိုင်ချေ။ ထို့ကြောင့် သူက အနိုင်ရရန်အတွက် သူ၏ စွမ်းအားများကို ဆက်လက် မြှင့်တင်နေရုံသာ လိုအပ်သည်။

မီးလျှံငှက် လက်သည်းကြီး ထံမှ မီးတောက်များ ပေါက်ကွဲထွက်လာပြီး၊ နင်ချီ၏ ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး ကို ရေလှိုင်းများအလား အပြည့်အဝ လွှမ်းခြုံ ဝါးမြိုသွားတော့၏။ သူ့ကို နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားစေတော့သည်။

သို့သော် ထိုအခိုက်အတန့်လေးမှာပင် ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး ပေါ်တွင် စီးဆင်းနေသော အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းများမှာ ရုတ်တရက် ပြောင်းလဲသွား၏။

အရောင်ငါးမျိုးသည် ဓာတ်ကြီးငါးပါး ဖြစ်သော သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေကြီး တို့ကို ကိုယ်စားပြုသည်။ ဓာတ်ကြီးငါးပါးက အရောင်ငါးမျိုး ဖြစ်သော ရွှေရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင် နှင့် အညိုရောင် တို့ကို ဖြစ်ပေါ်စေ၏။

ထိုအရောင်ငါးမျိုး အနက်မှ မီးကို ကိုယ်စားပြုသော အနီရောင်မှ လွဲ၍ ကျန်အရောင် လေးမျိုးမှာ အချင်းချင်း ရောယှက် ပေါင်းစပ်သွားကြတော့သည်။

မြေကြီးက သတ္တုကို ဖြစ်စေပြီး၊ အညိုရောင်က ရွှေရောင်ထဲသို့ ပေါင်းစပ်သွားသောအခါ ရွှေရောင်၏ ပြင်းအားမှာ ချက်ချင်းပင် နှစ်ဆကျော် တိုးလာ၏။

သတ္တုက ရေကို ဖြစ်စေပြီး၊ ရွှေရောင်က အပြာရောင်ထဲသို့ ပေါင်းစပ်သွားသောအခါ အပြာရောင်မှာ တစ်ဆခွဲခန့် တိုးလာပြန်လေသည်။

အခန်း (၇၅၅) - ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းခြင်း (၃)

~ဓာတ်ကြီးငါးပါး ၏ အပြန်အလှန် ဖြစ်တည်မှု သီအိုရီ အတိုင်း၊ ၎င်းတို့သည် အဆက်မပြတ် ပေါင်းစပ်သွားကြ၏။ နောက်ဆုံးတွင် သစ်သားကို မီးထဲသို့ ပစ်ထည့်လိုက်သောအခါ ဧရာမ ဓာတ်ကြီးငါးပါး လက်ဝါးကြီး သည် မီးလျှံငှက် ၏ လက်သည်းကြီးကဲ့သို့ပင် နီရဲသော အရောင်အဖြစ်သို့ လုံးလုံးလျားလျား အသွင်ပြောင်းသွားတော့သည်။

ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး ဟူသော နတ်ဘုရား စွမ်းရည် သည် မူလက မဟာ ဓာတ်ကြီးငါးပါး နတ်ဘုရား အလင်းတန်း ဟု ခေါ်သော မှော်နည်းစနစ် တစ်ခု ဖြစ်သော်လည်း၊ နင်ချီ၏ လက်ထဲတွင် အလွန်တရာ ပြောင်းလွယ်ပြင်လွယ် ရှိပြီး စွယ်စုံသုံးနိုင်သော နည်းစနစ် တစ်ခု ဖြစ်လာခဲ့လေပြီ။

ယခုအခါ ၎င်းကို ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး ဟု ခေါ်ဆို၍ မရနိုင်တော့ချေ။ ဧရာမ မီးတောက် လက်ဝါးကြီး ဟုသာ ခေါ်ဆိုသင့်၏။

ချီရွှင်သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် အဆပေါင်းများစွာ တိုးပွားလာသော ကြီးမားလှသည့် စွမ်းအားတစ်ခု သူ့ထံသို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာသည်ကို ခံစားလိုက်ရသည်။

ရှေ့သို့ တဟုန်ထိုး ဖိအားပေးနေသော သူ၏ မီးလျှံငှက် လက်သည်းကြီး များမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ ကိုယ်တိုင်လည်း နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရ၏။

ချီရွှင် ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားတော့သည်။

တစ်ဖက်တွင် ရှိနေသော နင်ချီမှာ ကျင့်ကြံခြင်း အဆင့်အတန်း အရရော၊ နယ်မြေစွမ်းအား ပမာဏ အရပါ သူ့ထက် နိမ့်ကျနေသော်ငြားလည်း၊ တာအို နည်းစနစ် များအပေါ် နင်ချီ၏ နားလည် သဘောပေါက်မှုမှာ သူ့ထက် များစွာ သာလွန်နေ၏။

နင်ချီ၏ နတ်ဘုရား အလင်းတန်း အသွင်ပြောင်းခြင်း နည်းစနစ် သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးပြီး၊ သူ၏ မှော်နည်းစနစ် စွမ်းအားကို ချက်ချင်းပင် အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်သဖြင့် သူ့ကို ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စေခြင်း ဖြစ်သည်။

သို့သော် ချီရွှင် တွင် မေးခွန်းတစ်ခု ကျန်ရှိနေသေးသည်။

နင်ချီက ဘာလို့ သူ့ကို ရင်ဆိုင်ဖို့ ရေကို အသုံးမပြုဘဲ မီးကို အသုံးပြုဖို့ ရွေးချယ်ခဲ့တာလဲ။

ရေနဲ့ မီးကို ငြိမ်းသတ်တာက ပိုကောင်းတယ် မဟုတ်ဘူးလား။

ထိုအတွေးက ချီရွှင်၏ ခေါင်းထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက်၊ သူက သူ၏ နယ်မြေစွမ်းအားကို အသက်သွင်းလိုက်ကာ သူ၏ နောက်ဆုတ်နေရမှုများကို ချက်ချင်း ရပ်တန့်လိုက်လေသည်။

သူ့မှာ စွမ်းအားတွေ ပိုများတာပဲ... နင်ချီရဲ့ ဖိနှိပ်မှုကို သူ မခံရသင့်ဘူးလေ။

သို့သော် နောက်တစ်စက္ကန့်တွင်... နောက်ဆုတ်နေရခြင်းမှ ရပ်တန့်သွားသော မီးလျှံငှက် လက်သည်းကြီး အနှံ့တွင် မီးတောက်များ ဟုန်းခနဲ တောက်လောင်လာတော့သည်။

နင်ချီ၏ ဧရာမ မီးတောက် လက်ဝါးကြီး အတွင်း၌ ကြောက်မက်ဖွယ် ဆွဲငင်အား တစ်ခု စုစည်း ပေါ်ထွက်လာပြီး၊ မီးလျှံငှက် ၏ နတ်ဘုရား လက်သည်းကြီး ထံမှ စွမ်းအားများကို အဆက်မပြတ် စုပ်ယူ ဝါးမြိုနေလေသည်။

မီးတောက် လက်ဝါးကြီး မှာ ပိုမို ကြီးမားလာပြီး မီးလျှံငှက် ၏ နတ်ဘုရား လက်သည်းကြီး များကို တဖြည်းဖြည်း လွှမ်းမိုးသွားတော့သည်။

ချီရွှင်၏ မျက်လုံးများမှာ အပြင်သို့ ပြုတ်ထွက်မတတ် ပြူးကျယ်သွားပြီး သူ မြင်တွေ့နေရသည့် အရာကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရလေသည်။

“ဝုန်း…”

ဧရာမ မီးတောက် လက်ဝါးကြီး က ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း ရိုက်ခတ်သွားပြီး မျက်စိတစ်မှိတ် အတွင်း မီးလျှံငှက် ၏ နတ်ဘုရား လက်သည်းကြီး ကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေကာ၊ ၎င်း၏ တဟုန်ထိုး ပြင်းထန်လှသော စွမ်းအားများက ချီရွှင် ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက် ရိုက်ခတ်သွားတော့သည်။

ချီရွှင် မှာ လက်ဝါးတစ်ချက်တည်းဖြင့် မြေကြီးထဲသို့ ရိုက်ချခံလိုက်ရပြီး၊ ကြယ်တံခွန် တစ်စင်းအလား မီးတောက် အမြီးတန်းကြီး တစ်ခုကို ချန်ရစ်ကာ အောက်ဘက်ရှိ ကမ္ဘာမြေကြီးကို မီးလောင်ကျွမ်းသွားစေတော့သည်။

တိုက်ပွဲ၏ အလှည့်အပြောင်းမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် ကျင့်ကြံသူ အဖွဲ့ သုံးဖွဲ့စလုံး စကားမဟနိုင်အောင် ဆွံ့အသွားကြရလေသည်။

မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများနှင့် ချီခယ်ချင်း ၏ ဖူယောင် နယ်မြေ စစ်တပ်ကြီးမှာ နင်ချီက သူ၏ ဧရာမ မီးတောက် လက်ဝါးကြီး ဖြင့် ချီရွှင် ၏ မီးလျှံငှက် နတ်ဘုရား လက်သည်းကြီး များကို မည်သို့မည်ပုံ လွှမ်းမိုး အနိုင်ယူသွားသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး အတွင်းရှိ လူအများစု ပင်လျှင် ထိုအချက်ကို နားမလည်နိုင်ကြချေ။

သူတို့၏ အမြင်တွင် ချီရွှင် မှာ အလွန်တရာ အစွမ်းထက်လှပြီး သူ၏ မီး တာအို မှာ နတ်ဘုရား သားရဲ များနှင့်ပင် ရင်ပေါင်တန်းနိုင်၏။ မီးလျှံငှက် သည် မီးကို ကိုယ်စားပြုသော နတ်ဘုရား သတ္တဝါ တစ်ကောင် ဖြစ်ပြီး၊ မီးကို ခြယ်လှယ်နိုင်စွမ်း ရှိသည့်အတွက် မီး တာအို တွင် ပြိုင်ဘက်ကင်း ဖြစ်သင့်သည် မဟုတ်ပါလော။

သို့သော် တိုက်ပွဲ၏ ရလဒ်မှာ လုံးဝ ပြောင်းပြန် ဖြစ်နေခဲ့ပြီး တကယ်ကို ကြိုတင် ခန့်မှန်း၍ မရနိုင်လောက်အောင်ပင် ဖြစ်၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်း မှ လူများသာလျှင် ဤမြင်ကွင်းကို လွမ်းဆွတ် တမ်းတစွာ ငေးကြည့်နေကြပြီး၊ အထူးသဖြင့် ဓားဘိုးဘေးကြီး ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ တလက်လက် တောက်ပနေလေသည်။

ဓားဘိုးဘေးကြီး က ယခင်က အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို ဓားနည်းစနစ် နှစ်မျိုး သင်ကြားပေးခဲ့ဖူးသည်။

ပထမ ဓားတစ်လက်က စည်းမျဉ်း အားလုံးကို ဖြိုခွင်းနိုင်ပြီး၊ ဒုတိယ ဓားတစ်လက်က ရန်သူ အားလုံးကို ထိန်းချုပ် ခြယ်လှယ်နိုင်စွမ်း ရှိ၏။

နင်ချီ က ယခုလေးတင် သူ သင်ကြားပေးခဲ့သော ဓားနည်းစနစ်ကို အသုံးပြုသွားခြင်း ဖြစ်သည်။ ၎င်းက အခြားသော မီးတောက်များ အားလုံးကို ထိန်းချုပ် ခြယ်လှယ်နိုင်သော်ငြားလည်း၊ ထိုနည်းစနစ်၏ ပုံသဏ္ဌာန်မှာ ဓားတစ်လက် မဟုတ်ဘဲ မီးလျှံငှက် ၏ မီးတောက်များကို ထိန်းချုပ်ရန် မီး လက်နက် တစ်ခုအဖြစ် အသွင်ပြောင်း အသုံးပြုသွားခြင်း ဖြစ်၏။

ထို့ကြောင့်ပင် ချီရွှင် အနေဖြင့် နင်ချီ၏ တန်ပြန် တိုက်ခိုက်မှုကို ခံလိုက်ရခြင်းပင်။

အကြောင်းမူကား နင်ချီ၏ မီး တိုက်ခိုက်မှုများအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ချီရွှင် ထက် များစွာ သာလွန်နေသောကြောင့်တည်း။ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် တိုက်ခိုက်မှု တစ်သောင်းကို ဖြိုခွင်းနိုင်သော သူ၏ စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ၊ ချီရွှင် ၏ တိုက်ခိုက်မှုများမှာ နင်ချီ၏ တန်ပြန် တိုက်ခိုက်မှုကိုသာ ခံရတော့မည် ဖြစ်၏။

နင်ချီ က ဟင်းလင်းပြင်ထဲတွင် မတ်မတ် ရပ်နေရင်း ယခုလေးတင် လွင့်စင် ပျောက်ကွယ်သွားသော ဧရာမ မီးတောက် လက်ဝါးကြီး ကို တစ်ချက် အကြည့်ပို့လွှတ်ကာ သက်ပြင်းချလိုက်လေသည်။

အောက်ဘက်မှ ချီရွှင် က မီးတောက်များကြားမှ ဟုန်းခနဲ ပျံတက်လာပြီး မျက်စိတစ်မှိတ် အတွင်း ကောင်းကင်ယံသို့ ပြန်လည် ရောက်ရှိလာတော့သည်။

သူသည် နင်ချီ ၏ လက်ဝါးရိုက်ချက်ကို ခံလိုက်ရသော်ငြားလည်း၊ ကျယ်ပြန့်သော ကမ္ဘာ ၏ ကမ္ဘာ့စွမ်းအားများ ကာကွယ်ပေးထားမှုကြောင့် လုံးဝ အထိအခိုက် မရှိခဲ့ချေ။

နင်ချီ ချက်ချင်း သဘောပေါက်သွားသည်။ ဤအရာက သူ၏ လူဝင်စား ခန္ဓာကိုယ် ၏ စွမ်းအားဖြင့် အများဆုံး လုပ်နိုင်သော အတိုင်းအတာပင် ဖြစ်၏။

နယ်မြေစွမ်းအားကို ထိန်းချုပ် ခြယ်လှယ်ထားသော ချီရွှင် ကို အနိုင်ယူရန်အတွက်၊ ၎င်းနှင့် ညီမျှသော တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအား ပမာဏကို အသုံးပြုရန် လိုအပ်၏။

ရုတ်တရက် နင်ချီ က လက်ကို မြှောက်ကာ ကောင်းကင်ယံသို့ မြင့်မားစွာ ညွှန်ပြလိုက်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဤနေရာ၏ ကောင်းကင်ယံ အထက်သို့ အရာတစ်ခု ကျရောက်သွားပြီး အဆုံးအစမဲ့သော အလင်းတန်းများကို ဖြာထွက်လာတော့သည်။

ထိုအရာမှာ ဤနေရာရှိ ဆုံမှတ်ပုလဲ ပင် ဖြစ်၏။ နင်ချီ သည် ၎င်းကို မဟာ မိစ္ဆာဘုရင်ကြီး ငါးပါးထံမှ ရရှိခဲ့သော်ငြားလည်း ကောင်းကင်ကြယ် အဖြစ်သို့ အသွင်ပြောင်းရန် အခွင့်အရေး မရခဲ့ချေ။

ယနေ့တွင်တော့ ကြယ်များ သူတို့၏ မှန်ကန်သော နေရာသို့ ပြန်လည် ရောက်ရှိသွားပြီး သူတို့၏ အလင်းတန်းများကို ဖြာကျစေကာ ချီရွှင် ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသော ဖိနှိပ် ချုပ်ချယ်မှု စွမ်းအားများကို ချက်ချင်းပင် ချေဖျက်ပစ်လိုက်လေပြီ။

ဖူယောင် နယ်မြေ စစ်တပ်ကြီးနှင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးမှာ သူတို့၏ ယခင် ကျင့်ကြံခြင်း အဆင့်အတန်းများကို ပြန်လည် ရရှိသွားကြ၏။

ချီရွှင် ကြောင့် ခွန်အားများ တိုးတက်လာခဲ့သော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှာမူ ပုံမှန် အနေအထားသို့ ပြန်လည် ဖိနှိပ် ချုပ်ချယ်ခံလိုက်ရတော့သည်။

ချီရွှင် က ကောင်းကင်ကြယ် ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ရာ သူ၏ မျက်နှာအမူအရာ အနည်းငယ် တွန့်လိမ်သွားရ၏။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူတို့ကို သတိပြုမိသွားပြီ ဖြစ်ကြောင်း သိရှိလိုက်လေသည်။

ယခင်က နင်ချီ တွင် သဘာဝ စွမ်းအင် အများအပြား မရှိခဲ့သဖြင့်၊ သူတို့ နှစ်ဦး ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက အနှေးနှင့် အမြန် သူ သေချာပေါက် အနိုင်ရလိမ့်မည်ဟု ချီရွှင် က ယုံကြည်ထားခဲ့သည်။

သို့သော် အခုတော့...

နင်ချီ က သူ့ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ပြီး တည်ကြည်လေးနက် စွာ ဆိုလိုက်၏။

"နယ်မြေအရှင်သခင် အဆင့် ရှိတဲ့ လူတစ်ယောက်နဲ့ တိုက်ရတာ ဒါ ပထမဆုံး အကြိမ်ပဲ။ မင်း နည်းနည်းလောက် ပိုပြီး တောင့်ခံထားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ကျောဘက်မှ အားပြင်းသည့် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ပစ်ထွက်သွားလေသည်။

မရေမတွက်နိုင်သော ဝိညာဉ်ချီ များနှင့် စည်းမျဉ်း စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာပြီး ထိုအလင်းတန်းထဲသို့ စီးဝင်သွားကာ၊ မျက်တောင်တစ်ခတ် အတွင်း တိမ်လွှာများအလား ကျယ်ဝန်းလှသော အတောင်ပံ နှစ်ဖက် အဖြစ် ဖွဲ့စည်းသွားတော့၏။

တစ်ခုက ခရမ်းရောင်။ နောက်တစ်ခုက အပြာရောင် ဖြစ်လေသည်။

ထို ခရမ်းနှင့် အပြာရောင် အတောင်ပံများမှာ နင်ချီ အချိန်အတော်ကြာ အသုံးမပြုဖြစ်ခဲ့သော လေနှင့် မိုးကြိုး အတောင်ပံ နတ်ဘုရား စွမ်းရည် ပင် ဖြစ်၏။

အခန်း (၇၅၆) - ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းခြင်း (၄)

~ပေါင်းစည်းခြင်း နယ်ပယ် သို့ ရောက်ရှိပြီးနောက်၊ ခန္ဓာကိုယ် သန့်စင်ခြင်း စည်းမျဉ်း နှင့်အတူ နင်ချီ သည် ဤနည်းစနစ်ကို ရုပ်ခန္ဓာ နတ်ဘုရား စွမ်းရည် အဖြစ် အသွင်ပြောင်းထားခဲ့ပြီး အချိန်မရွေး အသုံးပြုရန် အသင့်ပြင်ထားခဲ့လေသည်။

လေနှင့် မိုးကြိုးများ ဟိန်းဟောက် မြည်ဟည်းသွားပြီး ဤလောကတွင် အမြန်ဆုံးသော အရှိန်အဟုန်သို့ ရောက်ရှိသွားတော့၏။

လေနှင့် မိုးကြိုးများအလား မြန်ဆန်လှသော နင်ချီ၏ အတောင်ပံများက သူ၏ ကျောဘက်တွင် ဖြန့်ကျက်သွားရာ၊ လူအုပ်ကြီး အနေဖြင့် သူ့ကို လုံးဝ မမြင်နိုင်လုမတတ် ဖြစ်သွားတော့သည်။

ဟင်းလင်းပြင်၏ နေရာအနှံ့အပြားသို့ ချီရွှင် က အဆက်မပြတ် တိုက်ခိုက်နေသည်ကိုသာ သူတို့ မြင်တွေ့နေရလေသည်။ သူ တိုက်ခိုက်လိုက်တိုင်း ဟင်းလင်းပြင် ထဲတွင် မီးတောက်များ ဟုန်းခနဲ ပေါက်ကွဲ တောက်လောင်သွားတော့၏။

ချီရွှင် ၏ ပတ်လည်တွင် ခရမ်းရောင်နှင့် အပြာရောင် အလင်းတန်းများ တလက်လက် တောက်ပနေပြီး သူ၏ ရွေ့လျားမှုများမှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် တစ်လက်မခန့်သာ ရှိသော တာအို အလင်းစက်လေး များအလား ထင်မှတ်ရသည်။

မီးတောက်များ အားလုံးမှာ ခရမ်းနှင့် အပြာရောင် အလင်းစက်များ၏ ရိုက်ချိုး ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးနောက် ချီရွှင် မှာ ရုတ်တရက် ခါးကော့သွားကာ ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

သူ၏ ခန္ဓာကိုယ်မှာ နင်ချီ၏ တိုက်ခိုက်မှုကြောင့် ပေအနည်းငယ်ခန့် လွင့်စဉ်သွားပြီး၊ သူ သတိမဝင်လာခင်မှာပင် နင်ချီ၏ နောက်ထပ် တိုက်ခိုက်မှုများက ထပ်မံ ရောက်ရှိလာပြန်၏။

တစ်ခဏမျှ လူတိုင်းက ချီရွှင် တစ်ယောက် ဟင်းလင်းပြင် ထဲတွင် သဲအိတ် တစ်အိတ်အလား ဟိုဟိုဒီဒီ လွှဲပေါက် ကန်ကျောက်ခံနေရသည်ကိုသာ မြင်တွေ့နေရတော့သည်။

"ကျစ်... သောက်ကျိုးနည်း"

ချီရွှင် က ဒေါသတကြီး လွှတ်ခနဲ အော်ဟစ်လိုက်၏။

ဟင်းလင်းပြင် အတွင်း၌ ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင်များ ပိုမို စုစည်းလာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး စီးဝင်သွားတော့သည်။

ကမ္ဘာ့စွမ်းအားများဖြင့် အပြည့်အဝ ဖွဲ့စည်းထားသော အကာအကွယ်လွှာတစ်ခုက သူ၏ ပတ်လည်တွင် ထွက်ပေါ်လာ၏။ နောက်ဆုံးတွင်တော့ နင်ချီ၏ တိုက်ခိုက်မှုများကို ကာကွယ် တားဆီးနိုင်ခဲ့ကာ လေထဲတွင် အလွန် ခက်ခဲ ပင်ပန်းစွာဖြင့် ရပ်တန့်နိုင်ခဲ့လေသည်။

လူတိုင်းက.. နောက်တစ်ကြိမ် အကြည့်ပို့လွှတ်လိုက်သောအခါ၊ ချီရွှင် ၏ မီးတောက်များပမာ နီရဲတောက်ပနေသော ဝတ်ရုံကြီးမှာ ယခုအခါ စုတ်ပြတ်သတ်နေပြီး သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားရန်ပင် မလုံလောက်တော့ချေ။

ကံကောင်း၍၊ ချီရွှင်က ကမ္ဘာ့စွမ်းအားတွေကို ပိုပြီး ဆွဲယူ အသုံးပြုနိုင်ခဲ့၍ပင်။ သို့မဟုတ်ပါက နင်ချီသာ ဆက်လက် တိုက်ခိုက်နေမည် ဆိုလျှင် သူသည် လုံးဝ အဝတ်ဗလာဖြင့် လေထဲတွင် အရှက်ကွဲရတော့မည်မှာ သေချာလှ၏။

ချီရွှင် က သူ၏ ကိုယ်တွင်း စွမ်းအားများဖြင့် တာအို ဝတ်ရုံ ကို မျက်စိတစ်မှိတ် အတွင်း ပြန်လည် ပြုပြင်လိုက်ပြီးနောက် နင်ချီ ကို အကြည့်ပို့လွှတ်လိုက်သည်။

နင်ချီ၏ လေနှင့် မိုးကြိုး အတောင်ပံ များ လုံးဝ ရုပ်သိမ်းသွားပြီး၊ နေရာရွှေ့ပြောင်းလာသည့်အလား ချီရွှင် ဖန်တီးထားသော အကာအကွယ်လွှာကို လက်သီးတစ်လုံး တအား ထိုးသွင်းလိုက်လေ၏။

ချီရွှင် က အေးစက်စက် လှောင်ရယ်လိုက်သည်။

သူ၏ အကာအကွယ်လွှာမှာ ကမ္ဘာ့စွမ်းအားများဖြင့် အပြည့်အဝ ဖွဲ့စည်းထားခြင်း ဖြစ်ရာ အလွန်တရာ ထူထဲ ခိုင်မာလှပြီး တိုက်ခိုက်မှု စွမ်းအားများကို ပြန့်ကျဲသွားစေနိုင်စွမ်း ရှိ၏။ နင်ချီ အနေဖြင့် ၎င်းကို ချိုးဖျက်ရန် ဘယ်လိုလုပ် လွယ်ကူနိုင်ပါမည်နည်း။

အကယ်၍ နင်ချီသာ အမှန်တကယ် အစွမ်းထက်နေမည် ဆိုပါက... ချီရွှင် အနေဖြင့် ဤ အကာအကွယ်လွှာကို မည်သို့လုပ်၍ ထိန်းသိမ်းထားနိုင်မည်နည်း။ ယခင်က နင်ချီ၏ တိုက်ခိုက်မှုများကို သူ ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်ခဲ့မည်နည်း။

သူ ထင်ထားသည့် အတိုင်းပင်၊ နင်ချီ၏ လက်သီးချက်က အကာအကွယ်လွှာကို ဝင်ရောက် ရိုက်ခတ်သွားသောအခါ အကာအကွယ်လွှာမှာ တုန်ခါသွား၏။ အပြင်ဘက်သို့ အားလှိုင်းများ ထွက်ပေါ်လာသော်ငြားလည်း၊ နောက်ဆုံးတွင်တော့ အကာအကွယ်လွှာကို မချိုးဖျက်နိုင်ခဲ့ချေ။

နင်ချီ၏ လက်သီးက အကာအကွယ်လွှာပေါ်တွင် ရပ်တန့်နေပြီး နောက်ထပ် တိုက်ခိုက်မည့် အရိပ်အယောင် မပြတော့ချေ။

ချီရွှင် က စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ အကြည့်က နင်ချီ၏ လက်သီးဆီသို့ ရုတ်တရက် ရောက်ရှိသွားတော့သည်။

နင်ချီ၏ လက်သီး မျက်နှာပြင်ပေါ်တွင် မှေးမှိန်သော အရာ တစ်ခု။ ၎င်းမှာ အလုံးပုံသဏ္ဌာန် ရှိသော အရာ တစ်ခု ဖြစ်ပုံ ရလေသည်။

"ဒုက္ခပဲ"

ချီရွှင် ၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။

သူသည် နင်ချီ နှင့် တိုက်ခိုက်ခဲ့သည်မှာ အချိန်တိုလေးသာ ရှိသေးသော်ငြားလည်း၊ နင်ချီ၏ လှုပ်ရှားမှုတိုင်းတွင် ပိုမို နက်နဲသော အဓိပ္ပာယ်များ ရှိနေကြောင်းကို သူ ရိပ်မိထားပြီး ဖြစ်လေသည်။

နင်ချီ၏ လက်ထဲရှိ ထို အလုံးပုံသဏ္ဌာန် အရာသည် သေချာပေါက် ကောင်းသော အရာ တစ်ခု မဟုတ်နိုင်ချေ။

နင်ချီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားပြီး သူ၏ ခေါင်းပေါ်ရှိ ကြယ်ရောင်စုံ ကောင်းကင်ယံကို လျင်မြန်စွာ အကြည့်ပို့လွှတ်လိုက်၏။

ကြယ်အလင်းတန်းများက သူ့အပေါ်သို့ ဖြာကျနေပြီး သဘာဝကျကျပင် သူ့အပေါ်သို့လည်း ကျရောက်နေလေသည်။

"တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ကမ္ဘာ့အရှင်သခင်... ခင်ဗျားက ကျွန်တော့်ကို ကမ္ဘာ့စွမ်းအားတွေ ငှားမပေးသေးဘူးလား။ အကယ်လို့ ခင်ဗျား မငှားပေးဘူး ဆိုရင်တော့ ကျွန်တော်က ကျွန်တော့်ရဲ့ စစ်တပ် နှစ်ခုလုံးကို ဦးဆောင်ပြီး ဒီ အကြီးစား ဆုံမှတ် ကြီးကို စွန့်လွှတ်လိုက်ရတော့မှာပဲ"

All Chapters