အခန်း (၅၀၃-၅၀၄)
Vol. 26 Ch. 503-504
အပိုင်း(၅၀၃) တင်းယန်အပေါ် ရည်ရွယ်သည့် အဆိပ်ပြင်းသော အကြံအစည်
"စွန်းကောဝေ... မင်းကို ဘယ်ခွေးကောင်က အိပ်ခိုင်းထားလို့လဲ... အခုက ဘယ်အချိန်မှတ်နေလဲ... ကင်းလှည့်ရမယ့် အချိန်မှာ မင်းက အပျင်းထူပြီး အိပ်ရဲတယ်ပေါ့"
ဧဒင်ဥယျာဉ်၏ တိတ်ဆိတ်ငြိမ်သက်နေသော လမ်းသွယ်လေးဘေးမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
မြေပြင်ပေါ်တွင် အိပ်နေသော ရုပ်ဆိုးဆိုး လူမှာ ချက်ချင်း လန့်နိုးသွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။
လာသူကို မြင်လိုက်ရသောအခါ သူက "သေစမ်း" ဟု ချက်ချင်း ကျိန်ဆဲလိုက်လေသည်။
"သောက်ကျိုးနည်း... ဝမ်ဇီကျန့်... မင်း ငါ့ကို လန့်သေအောင် လုပ်နေတာလား"
ဝမ်ဇီကျန့်က ဟားဟားရယ်မောလိုက်ပြီး ဘယ်ညာကို လှည့်ကြည့်ကာ ဒီဘက်ကို မည်သူမှ သတိမထားမိသည်ကို မြင်သောအခါ သူလည်း ထိုင်ချလိုက်ရင်း "မင်းကတော့ နေရာရှာတတ်သားပဲ... ဒီမှာ လာပြီး အပျင်းထူနေတာကိုး" ဟု ပြောလိုက်သည်။
"ဟေ့ကောင်... ငါတို့ ဧဒင်ဥယျာဉ်မှာ ဘာအရေးကြီးကိစ္စတွေ များရှိလို့လဲ... ဒီလမ်းက တောင်ပေါ်ကို သွားတဲ့လမ်းလေ ဘယ်သူက လာမှာလဲ... ငါ မိုးလင်းတဲ့အထိ အိပ်နေရင်တောင် ဘယ်သူမှ လာမှာမဟုတ်ဘူးကွ" ဟု စွန်းကောဝေက ပြောလိုက်သည်။
ဝမ်ဇီကျန့်ကလည်း ပြုံးလိုက်ပြီး "မင်းကိုတော့ အားကျမိသား... ကင်းလှည့်ခေါင်းဆောင် ဖြစ်လာတော့ နေ့တိုင်း အိပ်နေရုံပဲ ဘာမှ လုပ်စရာမလိုဘူး... ငါကတော့ သနားစရာကောင်းတယ်... ကိုယ်တိုင် ကင်းလှည့်ရမယ့်အပြင် နေ့တိုင်း ပစ္စည်းတွေ သွားရှာနေရသေးတယ်"
စွန်းကောဝေက ထိုစကားကို ကြားသောအခါ တဟီးဟီးရယ်မောလိုက်ပြီး မိမိကိုယ်ကို ဂုဏ်ယူစွာဖြင့် "မင်းမှာသာ လှပတဲ့ အစ်မတစ်ယောက် ရှိရင် မင်းလည်း ဒီလို သက်သောင့်သက်သာ နေရမှာပါကွ" ဟု ပြောလိုက်သည်။
ဝမ်ဇီကျန့်၏ မျက်လုံးထဲတွင် ရွံရှာမှုတစ်ချက် လက်ကနဲ ဖြစ်သွားသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့်အမူအရာမှ မပြဘဲ "မင်းကတော့ ကံကောင်းပါတယ်ကွာ... အစက မင်းရဲ့ အစ်မအရင်းကို ကောင်းကင်တမန်တော်အဖွဲ့ဆီ သူတော်စင်မ အဖြစ် ပို့လိုက်တုန်းက ဘုရားသားတော်က သဘောကျသွားတော့ မင်းလည်း ချက်ချင်း နေရာရသွားတာပဲလေ" ဟု ရယ်မောကာ ပြောလိုက်သည်။
စွန်းကောဝေက ဟီးဟီးရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ငါ့အစ်မက ဘာပဲဖြစ်ဖြစ် မင်းသမီးတစ်ယောက်လေ... ခန္ဓာကိုယ် အချိုးအစားနဲ့ ရုပ်ရည်ကတော့ ပထမတန်းစား ဖြစ်မှာပေါ့... အရွေးခံရမယ်ဆိုတာကို ငါ စောစောကတည်းက ကြိုသိထားပြီးသားပါကွ" ဟု ပြောလိုက်သည်။
ဝမ်ဇီကျန့်က သူ၏ ဝင့်ကြွားနေသော ပုံစံကို ကြည့်ပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားကာ ရုတ်တရက် မျက်လုံးများ အရောင်လက်သွားပြီး "မင်းအစ်မက တကယ် လှပါတယ်... ဒါပေမဲ့ ဒီတလောတော့ မင်း နည်းနည်း သတိထားမှ ရမယ်... ဘုရားသားတော်က ဟို တင်းဆိုတဲ့ မိန်းကလေးအပေါ် တော်တော်လေး စိတ်ဝင်စားနေပုံရတယ်... အသစ်ရောက်လာတဲ့ သူကသာ ဘုရားသားတော်ရဲ့ ကုတင်ပေါ် ရောက်သွားရင် မင်းအစ်မတော့ အန္တရာယ်ရှိသွားနိုင်တယ်" ဟု ပြုံးကာ ပြောလိုက်သည်။
စွန်းကောဝေက ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာအနည်းငယ် ပျက်ယွင်းသွားပြီး မနေ့က မြင်ခဲ့ရသော တင်းဆိုသည့် မိန်းကလေးကို တွေးမိကာ အန္တရာယ်ရှိလာနိုင်သည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
သူက ထိုင်လိုက်ပြီး "အဲ့ဒီ တင်းဆိုတဲ့ ခွေးမက အရမ်းကို ရမ္မက်ဆန်ဆန် လှတာ... ရင်သားတွေကလည်း အကြီးကြီးပဲ... ယောက်ျားတွေကို မြူဆွယ်တတ်တဲ့ မိန်းမပျက်မျိုး ဖြစ်မှာ သေချာတယ်... မဖြစ်ဘူး... ငါ တစ်ခုခု စဉ်းစားမှ ရမယ်" ဟု ကျိန်ဆဲလိုက်သည်။
ဝမ်ဇီကျန့်က ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "တကယ်ကို ရမ္မက်ဆန်တာ... အဲ့ဒီ ရင်သားအစုံက ကြည့်နေရုံနဲ့တင် စားချင်စရာကြီး" ဟု ပြောလိုက်သည်။
"ကြည့်ရတာ ရေခဲတုံးလို အေးစက်စက် အလှပိုင်ရှင်မျိုးပဲ... အဲ့ဒီလို မိန်းမမျိုးကိုသာ သိမ်းပိုက်လိုက်နိုင်ရင် တကယ်ကို အောင်မြင်မှု ခံစားချက်ကြီး ရမှာ သေချာတယ်"
စွန်းကောဝေက မျက်နှာကို တင်းမာထားပြီး "သောက်ကျိုးနည်း... အဲ့တာ သက်သက်ဟန်ဆောင်နေတာ... သူက ဘုရားသားတော်ရဲ့ သိမ်းပိုက်တာကို ခံရပြီးလောက်ပြီ... ကုတင်ပေါ်မှာ ဘယ်လောက်တောင် ရမ္မက်ဆန်ဆန် အော်နေမလဲဆိုတာ ဘယ်သူသိမှာလဲ" ဟု ပြောလိုက်သည်။
"ဇီကျန့်... ငါတို့ ညီအစ်ကို နှစ်ယောက်ပေါင်းလာတာ နှစ်တွေတောင် မနည်းတော့ဘူး... ငါ အခြေအနေ ကောင်းရင် မင်းလည်း အကျိုးအမြတ်တွေ ရမှာပဲလေ... ငါ့ကို အကြံဉာဏ်လေး ပေးပါဦး... ဘာနည်းလမ်းများ ရှိနိုင်မလဲ"
ဝမ်ဇီကျန့်က ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွားပြီး "နည်းလမ်း မရှိတာတော့ မဟုတ်ဘူး... မင်း သတ္တိရှိမရှိ အပေါ်မှာပဲ မူတည်တယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
"ဘာနည်းလမ်းလဲ" စွန်းကောဝေက ချက်ချင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဝမ်ဇီကျန့်က တိုးတိုးလေး ပြောလိုက်သည်။ "ဒီ တင်းဆိုတဲ့ မိန်းကလေးကို ဘုရားသားတော်တို့ ကယ်လာခဲ့တယ်လို့ ငါ ကြားတယ်... ကယ်လာတုန်းက သူမက ဒဏ်ရာရနေပြီတဲ့... ဒဏ်ရာက တော်တော် ပြင်းထန်ပုံရတယ်"
"လောလောဆယ်တော့ သူက အစွမ်းတွေကို သိပ်အများကြီး သုံးလို့မရသေးဘူး ထင်တယ်... ဒါက လက်စတုန်းဖို့ အကောင်းဆုံး အချိန်ပဲ"
"မင်းလည်း သိတဲ့အတိုင်းပဲ ဘုရားသားတော်က သန့်ရှင်းမှုကို နည်းနည်း အစွဲအလမ်း ကြီးတယ်လေ... တကယ်လို့ မင်းသာ ဒီ တင်းဆိုတဲ့ မိန်းကလေးကို ဖမ်းပြီး လူအများရှေ့မှာ သူမရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင်... ဘုရားသားတော်က ဒီမိန်းမကို ဘယ်လောက်ပဲ သဘောကျနေပါစေ စိတ်ပျက်သွားမှာ သေချာတယ်"
စွန်းကောဝေ၏ မျက်လုံးများက ချက်ချင်း အရောင်လင်းသွားပြီး အကြည့်များ လှုပ်ရှားသွားကာ "မင်းပြောတဲ့ နည်းလမ်းကတော့ ဖြစ်နိုင်ခြေ ရှိတယ်... ဒါပေမဲ့ အဲ့ဒီ မိန်းမရဲ့ အနားမှာ အမြဲတမ်း စောင့်ကြည့်နေတဲ့ သူတွေ ရှိတယ်... အနားကပ်ဖို့တော့ သိပ်မလွယ်လောက်ဘူး"
"ဟီးဟီး... တခြားလူတွေ အနားကပ်ဖို့ မလွယ်ပေမယ့် မင်းအတွက်တော့ လွယ်နေတာပဲ မဟုတ်ဘူးလား"
"မေ့နေပြီလား... မင်းအစ်မက အဲ့ဒီလောက် မျက်နှာရနေတာ အဲ့ဒီ အစောင့်တွေက မင်းကို မျက်နှာမသာ မပေးဘဲ နေရဲပါ့မလား"
"နောက်ပြီးတော့ ဒီကိစ္စကို မင်း ကိုယ်တိုင် ဝင်ပါစရာ လိုလို့လား... မင်းရဲ့ အစ်မကို သွားခိုင်းလိုက်လေ... အဲ့ဒီ တင်းဆိုတဲ့ မိန်းမကို ဆေးနည်းနည်း ခတ်လိုက်... သူ ရမ္မက်ထန်လာတဲ့ အချိန်ကျရင် မင်းက လူတစ်ယောက်ကို အထဲဝင်ခိုင်းလိုက်... ဟီးဟီး... အဲ့ဒီအချိန်ကျမှ မင်းက ဘုရားသားတော်ကို ခေါ်လာပြီး ဖောက်ပြန်နေတာကို ဖမ်းပြလိုက်ရင် အားလုံး ပြီးပြည့်စုံသွားပြီပေါ့" ဟု ဝမ်ဇီကျန့်က ရယ်မောကာ ပြောလိုက်သည်။
ဤအဆိပ်ပြင်းသော အကြံအစည် ထွက်ပေါ်လာသည်နှင့် စွန်းကောဝေကို ချက်ချင်း စိတ်လှုပ်ရှားသွားစေတော့သည်။
"သောက်ကျိုးနည်း... မင်းကတော့ တကယ် နည်းလမ်းရှိတာပဲ... ငါ အခုပဲ သွားလုပ်လိုက်မယ်" စွန်းကောဝေက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ဝမ်ဇီကျန့်က သူ့ကို အလျင်အမြန် ဆွဲထားလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။ "သေချာ မှတ်ထားနော်... သူ့ကို စော်ကားဖို့အတွက် ညစ်ပတ်ပြီး ရုပ်ဆိုးတဲ့ ယောက်ျားမျိုးကို ရှာရမယ်... အကောင်းဆုံးကတော့ ဘုရားသားတော် မြင်သွားတဲ့အခါ ဒီမိန်းမကို လုံးဝ ရွံရှာသွားစေရမယ်... တွေးမိတာနဲ့ကို အော့အန်ချင်လာတဲ့အထိ ဖြစ်သွားစေရမယ်"
စွန်းကောဝေ၏ မျက်လုံးများက အနည်းငယ် အရောင်လင်းသွားပြီး ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။ "ဒါမှမဟုတ် သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကို တိုက်ရိုက် ရှာလိုက်ရင်ရော... ဘယ်လိုလဲ... ငါ မုန့်ယန်ကို သိတယ်... အဲ့ဒီကောင်ရဲ့ အစွမ်းက သန္ဓေပြောင်း သတ္တဝါတွေကို ထိန်းချုပ်နိုင်တယ်လေ... သူ့ကို မုန်ယိုနေတဲ့ သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကို ရှာခိုင်းပြီး အချိန်ကျရင် အဲ့ဒီ တင်းဆိုတဲ့ မိန်းမရဲ့ အခန်းထဲကို ထည့်ပေးလိုက်မယ်"
"အဲ့ဒီ မြင်ကွင်းကို ဘုရားသားတော် မြင်ပြီးသွားရင်... ဒီလို ခွေးမအပေါ် ဘာမှ စိတ်ကူးနိုင်မှာ မဟုတ်တော့ဘူး"
ဝမ်ဇီကျန့်က မနေနိုင်ဘဲ လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိပြီး စွန်းကောဝေကို လက်မထောင်ပြကာ "တော်တယ်... မင်းက တကယ် တော်တယ်" ဟု ပြောလိုက်သည်။
"ပြောနေရင်ကြာတယ်... ငါ အခုပဲ သွားလိုက်တော့မယ်"
ထိုသို့ပြောပြီးနောက် စွန်းကောဝေက ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
ဝမ်ဇီကျန့်က ထွက်သွားသော စွန်းကောဝေကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက မနေနိုင်ဘဲ အနည်းငယ် ကွေးတက်သွားလေသည်။
"ဟီးဟီး... ငတုံးကောင်"
သူက ခေါင်းခါလိုက်ပြီး လမ်းသွယ်လေးထဲမှ အလျင်အမြန် ထွက်ခွာကာ ဘုရားကျောင်းထဲသို့ ရောက်ရှိသွားခဲ့သည်။
ဘုရားကျောင်း၏ အတွင်းပိုင်း အပြင်အဆင်က အလွန် ဇိမ်ခံဆန်လှပြီး အပြင်ဘက်ရှိ ထိုသစ်သားအိမ်ငယ်လေးများကဲ့သို့ ရိုးရှင်းခေါင်းပါးနေခြင်း လုံးဝ မရှိပေ။
အောက်ထပ်တွင် ကြီးမားသော ဆုတောင်းခန်း ရှိပြီး ဒုတိယထပ်တွင်မှ အခန်းများစွာ တည်ရှိနေခြင်း ဖြစ်သည်။
ဝမ်ဇီကျန့်က ဘုရားကျောင်း တံခါးဝသို့ ရောက်ရှိလာသောအခါ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ တစ်ဦးက တံခါးဝတွင် ရပ်နေသည်။ သူ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး ထိုမျက်နှာဖုံးပေါ်တွင် အာရေဗျဂဏန်း (၇) ဟု ရေးသားထားလေသည်။
ဝမ်ဇီကျန့်က ထိုအနက်ရောင်ဝတ်ရုံရှင်ကို မြင်သောအခါ အလျင်အမြန်ပင် "နံပါတ် ၇ ကောင်းကင်တမန် သခင်... သခင် သင်ကြားပေးလိုက်တဲ့ အတိုင်းပါပဲ... အဲ့ဒီ စွန်းဆိုတဲ့ ကောင်က သွားပြီး လှုပ်ရှားနေပါပြီ" ဟု ပြောလိုက်သည်။
နံပါတ် ၇ အနက်ရောင်ဝတ်ရုံရှင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "အင်း... သွားတော့... မနက်ဖြန် သာသနာပြုအဖွဲ့ဆီ သွားပြီး သတင်းပို့လိုက်တော့"
ဝမ်ဇီကျန့်က ချက်ချင်း စိတ်လှုပ်ရှားသွားပြီး "ကျေးဇူးတင်ပါတယ် သခင်... ကျေးဇူးတင်ပါတယ် သခင်"
အနက်ရောင်ဝတ်ရုံရှင်က လက်ကာပြလိုက်ရာ ဝမ်ဇီကျန့်က ဘုရားကျောင်းထဲမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
အနက်ရောင်ဝတ်ရုံရှင်က လှည့်ကာ ဘုရားကျောင်းထဲသို့ ဝင်သွားပြီးနောက် ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ခဏအကြာတွင် အခန်းထဲမှ တဟီးဟီးရယ်မောသံများ ထွက်ပေါ်လာလေသည်။
"တင်းယန်... မင်း ငါ့လက်ထဲကနေ မလွတ်ပါဘူး"
အမှောင်ညထဲတွင် လင်းယွမ်တို့ သုံးယောက်၏ ပုံရိပ်များက အိမ်ခေါင်မိုးများပေါ်တွင် ခုန်ပျံသွားလာနေကြသည်။
လင်းယွမ်က စွမ်းအင်တိုင်းမျက်မှန်ကို တပ်ဆင်ထားပြီး ဤနေရာရှိ အစောင့်အင်အားစုများကို တစ်ခုချင်းစီ အကဲခတ်နေသည်။
ဤနေရာရှိ အစောင့်များ၏ ပင်မ အရည်အသွေးများက မနိမ့်ကျသော်လည်း အများစုမှာ အမှတ် လေးဆယ် ဝန်းကျင်တွင်သာ ရှိနေကြသေးကြောင်း သူ တွေ့ရှိလိုက်ရသည်။
မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သည့် အဆင့်မြင့် အစွမ်းပိုင်ရှင်များ ပေါ်ထွက်လာခြင်း မရှိသေးပေ။
ယင်းက သူ့ကို တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားစေခဲ့သည်။
သူ မျှော်လင့်ထားသည့် အတိုင်းဆိုလျှင် ဤဟင်းလင်းပြင် ခေါက်ချိုးဖြစ်သွားပြီးနောက် သန္ဓေပြောင်းစွမ်းအင်များက ဝင်လာရုံသာရှိပြီး ထွက်မသွားနိုင်သဖြင့် ဤနေရာရှိ စွမ်းအင် သိပ်သည်းဆက အလွန် မြင့်မားနေစေခဲ့သည်။
ထို့ကြောင့်သာ အားကောင်းသော မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါများ မွေးဖွားလာနိုင်ပြီး ရှောင်မောင်းတောင်ကဲ့သို့ သိုလှောင်မှု မြင့်မားသည့် စွမ်းအင်ကျောက်တုံး သတ္တုတွင်းပင် ရှိနေသေးခြင်း ဖြစ်သည်။
ဤအခြေအနေအရဆိုလျှင် ဤနေရာရှိ လူများက တက်ကြွစွာ မကျင့်ကြံလျှင်တောင်မှ သန္ဓေပြောင်း ငါးများကို အဆက်မပြတ် စားသောက်နေရုံဖြင့် ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များက အလျင်အမြန် တိုးလာမည်ဖြစ်ပြီး အမှတ် ငါးဆယ်သို့ စောစောကတည်းက ရောက်ရှိနေသင့်ပေသည်။
ထိုအထဲမှ လူအချို့ဆိုလျှင် မျိုးရိုးဗီဇ အမွေအနှစ် မှတ်ဉာဏ်များကို နိုးထလာသင့်ပြီး မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါများကို သတိထားကာ အမဲလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်၍ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းသင့်ပေသည်။
သို့သော် လက်ရှိ မြင်တွေ့နေရသော ဧဒင်ဥယျာဉ်၏ အခြေအနေက သူ မျှော်မှန်းထားသည်နှင့် သိသိသာသာကို ကွာခြားနေပေသည်။
အကယ်၍ ဤလူများ၏ အစွမ်းအစ အခြေအနေကို စောစောကတည်းက သိထားပါက သူက ဘာကြောင့် ဤမျှ သတိကြီးစွာဖြင့် ခိုးဝင်နေရမည်နည်း၊ တိုက်ရိုက်သာ ဝင်သတ်လိုက်လျှင် ရနေပြီ ဖြစ်သည်။
သေချာသည်မှာ လင်းယွမ်၏ သတိကြီးသော စရိုက်အရ ထိုကဲ့သို့ ရမ်းကားစွာ လုပ်ဆောင်မည် မဟုတ်ပေ။
မကြာမီ သူတို့သုံးယောက်က ဘုရားကျောင်းဘက်သို့ ချဉ်းကပ်လာခဲ့ရာ ဘုရားကျောင်း၏ အပြင်နှင့် အတွင်း နှစ်ခုလုံးတွင် အစောင့်များ ရှိနေပုံရသည်။
လင်းယွမ်၏ အကြည့်က ကင်းလှည့်နေသော အစောင့်အချို့ကို ဖြတ်ကျော်သွားပြီးနောက် သူက မျက်ခုံးပင့်လိုက်သည်။
ဤကင်းလှည့်နေသော အစောင့်များက အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ဂဏန်းများ ရေးသားထားသော မျက်နှာဖုံးများကို တပ်ဆင်ထားကြကြောင်း သူ သတိပြုမိလိုက်သည်။
ဤအနက်ရောင်ဝတ်ရုံရှင်များ၏ ပင်မ အရည်အသွေး အမှတ်များက ၈၉ မှတ်အထိပင် မြင့်မားနေကြောင်း စွမ်းအင်တိုင်းမျက်မှန်က ပြသနေလေသည်။
ဤမြင်ကွင်းက လင်းယွမ်ကို ချက်ချင်းပင် လန့်ဖြန့်သွားစေတော့သည်။
"အရမ်းမြင့်မားတဲ့ ပင်မ အရည်အသွေးပဲ... ဒီအနက်ရောင်ဝတ်ရုံရှင်တွေက ဘယ်သူတွေလဲ"
ဤအနက်ရောင်ဝတ်ရုံရှင်များထဲမှ လူတိုင်းနီးပါး၏ ပင်မ အရည်အသွေးက ၈၉ မှတ် စီ ရှိနေကြကြောင်း သူ သတိပြုမိလိုက်သည်။
အကြမ်းဖျင်း လိုက်ကြည့်လိုက်ရာ ထိုကဲ့သို့သော အနက်ရောင်ဝတ်ရုံရှင်များက ခုနစ်ယောက်၊ ရှစ်ယောက်ခန့် အထိပင် ရှိနေလေသည်။
ယင်းက အနည်းငယ်တော့ ကြောက်စရာကောင်းနေပေပြီ။
လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားပြီး တိုးတိုးလေး မေးလိုက်သည်။ "ရှောင်ယွီ... ဒီလူတွေက ဘယ်သူတွေလဲ"
ကျိရှောင်ယွီက တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "သူတို့က ဝူယောင်ပန်းကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ ကောင်းကင်တမန် အစောင့်တပ်ဖွဲ့ပဲ"
လင်းယွမ်က အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။ ဝူယောင်ပန်းက ဘယ်လို စွမ်းရည်တွေများ ရှိနေလို့ ပင်မ အရည်အသွေး ၈၇ မှတ်အထိ ရှိနေသော အစွမ်းပိုင်ရှင်များကို သူ့အတွက် အလုပ်လုပ်ပေးရန် စေခိုင်းထားနိုင်ရသနည်း။
အကယ်၍ ခြိမ်းခြောက် အကျပ်ကိုင်မှု အပေါ်တွင်သာ မှီခိုနေရမည်ဆိုလျှင် ဤဝူယောင်ပန်း၏ ပင်မ အရည်အသွေးက မည်မျှအထိ မြင့်မားနေမည်နည်း။
လင်းယွမ်က စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်ကြောက်လန့်သွားပြီး အနည်းငယ်ပင် ယုံကြည်ရန် ခက်ခဲနေလေသည်။
မိမိတွင် စနစ် ရှိနေပြီး အမှတ် သန်းပေါင်းများစွာဖြင့် ရူးသွပ်စွာ အရည်အသွေးများ ပေါင်းထည့်ခဲ့သော်လည်း အမြင့်ဆုံးသော အရည်အသွေးတစ်ခုဖြစ်သည့် ခွန်အား အမှတ်က ၉၂ မှတ်သာ ရှိသေးသည်။
ဒီ ဝူယောင်ပန်းက ဘယ်လိုလုပ်ပြီး အဆင့်တက်ခဲ့တာလဲ။
သူ့လက်အောက်က ဒီလူတွေကရော ဘယ်လိုလုပ်ပြီး အဆင့်တက်ခဲ့ကြတာလဲ။
ဒါက ယုတ္တိ မရှိတာပဲ။
လင်းယွမ်က ကွမ်ဖူ ဘက်တွင် ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာလျှင်တောင်မှ သူက ထူးဆန်းနေမည် မဟုတ်ဟု ခံစားရသည်။
သို့သော် ဤဟင်းလင်းပြင် ခေါက်ချိုးနယ်မြေ အတွင်းတွင် အပြင်ဘက်နှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ သိသာထင်ရှားလှပြီး သန္ဓေပြောင်းစွမ်းအင် နည်းပညာ တိုးတက်မှု ဆိုသည်ကလည်း လုံးဝ မရှိပေ။
သူတို့ နေထိုင်သည့် ပတ်ဝန်းကျင်ကို ကြည့်လျှင် အစောပိုင်းက ထိုက်ယန်တောင် ခိုလှုံရေးစခန်းလိုပင် ရိုးရှင်းခေါင်းပါးနေဆဲ ဖြစ်သည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် သူတို့၏ စားဝတ်နေရေးကိုပင် ဖြေရှင်းရန် ခက်ခဲနေသင့်သည် မဟုတ်ပါလား၊ ဘယ်လိုလုပ်ပြီး သန္ဓေပြောင်းစွမ်းအင်ကို အဆင့်မြှင့်တင်ဖို့ အချိန်ရနိုင်မှာလဲ။
တစ်ခုခု မှားနေပြီ။
လင်းယွမ်က ပို၍ စောင့်ကြည့်လေလေ၊ ပို၍ ထူးဆန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။
"အရင်ဆုံး တင်းယန်ကို ရှာတွေ့အောင် လုပ်ရမယ်... ကျန်တာ နောက်မှ စဉ်းစား"
လင်းယွမ်က သူ၏ ရှုပ်ထွေးနေသော အတွေးများကို သိမ်းဆည်းလိုက်ပြီးနောက် နိချီနှင့် ကျိရှောင်ယွီကို ပြောလိုက်သည်။ "မင်းတို့ နှစ်ယောက် ဒီမှာပဲ နေခဲ့... ငါ တစ်ယောက်တည်း ဆင်းပြီး လူရှာလိုက်မယ်"
"ဆရာလင်း... ကျွန်တော် ဆရာနဲ့ အတူတူ လိုက်ခဲ့မယ်လေ" နိချီက အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "မလိုဘူး... လူများရင် သတိထားမိဖို့ လွယ်တယ်"
ကျိရှောင်ယွီက ပြောလိုက်သည်။ "ရှင် နောက်ဆုံးတန်းကို သွားကြည့်လိုက်... အဲ့ဒီမှာ ဝူယောင်ပန်းရဲ့ သူတော်စင်မ အဖွဲ့ ရှိတယ်... တကယ်တော့ အဲ့ဒါက သူ့ရဲ့ ကိုယ်လုပ်တော်တွေ နေတဲ့နေရာပဲ"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ တင်းယန်က ဘယ်လိုလုပ်ပြီး ဝူယောင်ပန်း၏ ကိုယ်လုပ်တော် အဆောင်ထဲမှာ ရှိနေနိုင်မည်နည်း။
သူက မျက်နှာကို ခပ်တည်တည်ထားကာ "မင်းတို့ ဒီနားမှာပဲစောင့်နေ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူ၏ ကိုယ်ဟန်က အလျင်အမြန် ထွက်ခွာသွားပြီးနောက် စိတ်စွမ်းအင်များကို ဖြန့်ကြက်ကာ တစ်ခန်းချင်းစီ စတင် စုံစမ်းတော့သည်။
ထိုအချိန်မှာပင် ဘုရားကျောင်းနှင့် မဝေးလှသော ကျောက်တုံးအိမ် တစ်လုံးအတွင်း၌ တင်းယန်က ကုတင်ပေါ်တွင် ထိုင်ကာ သူမ၏ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို လည်ပတ်နေစေသည်။
သူမက မျက်မှောင်ကို တင်းတင်းကြုတ်ထားပြီးနောက် ရုတ်တရက် မျက်နှာက နီရဲလာကာ နောက်တစ်စက္ကန့်တွင် ရင်ဘတ်နေရာမှ စွမ်းအင် အလင်းရောင်တစ်ချက် လက်သွားပြီး "ဝေါ့"
သူမက ချက်ချင်း ပါးစပ်ဟကာ သွေးတစ်လုတ် အန်ချလိုက်ပြီး မျက်နှာက ချက်ချင်း ဖြူဖျော့သွားတော့သည်။
"မရသေးဘူးပဲ"
သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပေါ်လွင်နေပြီး မျက်နှာက အလွန် ဆိုးရွားနေလေသည်။
ထိုအချိန်မှာပင် ကုတင်ခေါင်းရင်းရှိ အအေးဘူးခွံ တစ်ခုအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။ "မရသေးဘူးလား"
တင်းယန်က လေပြင်းပြင်း တစ်ချက် ရှိုက်သွင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ "မရဘူး... ဦးချိုတစ်ချောင်း စပါးအုံးမြွေရဲ့ စွမ်းအင်တွေက ငါ့ရင်ဘတ်ထဲမှာ စုပုံနေပြီးတော့ လုံးဝ ခွဲထုတ်လို့ မရဘူး ဖြစ်နေတယ်"
"ဦးလေးကျိုး... ရှင့်ဘက်ကရော ဘယ်လို အခြေအနေ ရှိလဲ"
အအေးဘူးခွံထဲမှ ကျိုးချင်းမင်၏ အသံ ထွက်ပေါ်လာလေသည်။ သူ၏ အသံက အားနည်းနေပြီး "သွေးအဆီအနှစ် ငါးပုံသုံးပုံလောက် ဆုံးရှုံးသွားတော့ ငါ အခု သွေးမြူခိုး အခြေအနေနဲ့ပဲ ရှင်သန်နိုင်တော့တယ်... ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းဖို့ နည်းလမ်း မရှိဘူး ဖြစ်နေတယ်" ဟု ပြောလိုက်သည်။
"ဒီလို အခြေအနေမျိုးနဲ့ဆို ငါ ချင်းဟွာကို သွားရှာလို့ ရမှာမဟုတ်ဘူး"
တင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး "အဲ့ဒီအချိန်တုန်းက လီချင်းဟွာကို ဝူယောင်ပန်း ခေါ်သွားတာ ရှင် တကယ် မြင်လိုက်တာလား" ဟု မေးလိုက်သည်။
"ဟုတ်တယ်... ချင်းဟွာ ဒီမှာ ရှိနေတယ်ဆိုတာ ငါ အသေအချာ ပြောရဲတယ်"
တင်းယန်က ပြောလိုက်သည်။ "ဒီလူ့ အကြံအစည်က အရမ်းနက်ရှိုင်းတယ်... ကျွန်မ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပေမယ့် လီချင်းဟွာရဲ့ သတင်းအစအနကို ရှာလို့မရဘူး... ဖြစ်နိုင်တာကတော့..."
သူမက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး လီချင်းဟွာအတွက် အသက်အန္တရာယ် ရှိနိုင်လောက်သည်ဟု ခံစားလိုက်ရသည်။
ကျိုးချင်းမင်ကမူ ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး... တကယ်လို့ ဝူယောင်ပန်းရဲ့ လူတွေကသာ ချင်းဟွာကို သတ်ချင်တယ်ဆိုရင် သူ့ကို ပြန်ခေါ်လာမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ချင်းဟွာ သေချာပေါက် အသက်ရှင်နေဦးမှာ... သူ တစ်နေရာရာမှာ အကျဉ်းချခံထားရတာ သေချာတယ်"
တင်းယန်က သက်ပြင်းချလိုက်ပြီး "ကျွန်မ နည်းလမ်း ထပ်စဉ်းစားကြည့်ပါဦးမယ်... ရှင့်ရဲ့ ဒဏ်ရာတွေက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သတ္တဝါရဲ့ သွေးအဆီအနှစ် လိုအပ်တယ်လေ... ဒါပေမဲ့ ဝူယောင်ပန်းက အရမ်း သတိထားတယ်... သွေးအဆီအနှစ် ကိစ္စကို ကျွန်မ စကားစလိုက်တာနဲ့ သူက အမြဲတမ်း စကားလွှဲသွားတတ်တယ်"
ကျိုးချင်းမင်က သက်ပြင်းချကာ ပြောလိုက်သည်။ "သူက မင်းအပေါ်ကို စိတ်ကူးရှိနေတာ သိသာတယ်... တင်းယန်... တကယ်လို့ အခွင့်အရေး ရမယ်ဆိုရင် မင်းဘာသာမင်း အရင် ထွက်သွားပါ... ထိုက်ယန်တောင်ကို ပြန်ပြီး ဆရာလင်းကို အကူအညီတောင်းဖို့ နည်းလမ်းရှာ... အခုက ဆရာလင်းပဲ ငါတို့ကို ကယ်တင်နိုင်မှာ"
တင်းယန်က ခါးသီးစွာ ပြုံးလိုက်သည်။ "ကျွန်မက ဘယ်လိုလုပ် ပြန်လို့ရမှာလဲ... လီချင်းဟွာကိုလည်း ရှာမတွေ့သလို ဒီဟင်းလင်းပြင် ခေါက်ချိုးနယ်မြေရဲ့ အဝင်အထွက်ပေါက်ကိုလည်း ကျွန်မ မသိဘူးလေ"
ကျိုးချင်းမင်က ပြောလိုက်သည်။ "ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေမှာ ဝင်ပေါက်ထွက်ပေါက် ရှိကိုရှိရမယ်... စိတ်ရှည်ရှည်ထားရင် အနှေးနဲ့အမြန် ရှာတွေ့မှာပါ"
တင်းယန်က သက်ပြင်းချလိုက်သည်။ "ရှမင်နဲ့ ဦးလေးကောတို့ အသက်ရှင်နေပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ"
"ဒေါက်... ဒေါက်... ဒေါက်..."
သူမ၏ စကားသံပင် မဆုံးသေးမီ အပြင်ဘက်မှ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
တင်းယန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်ရှိ သွေးများကို အလျင်အမြန် ပြောင်စင်အောင် သုတ်လိုက်ပြီးမှ "ဘယ်သူလဲ" ဟု မေးလိုက်သည်။
"ညီမတင်း... ကျွန်မပါ... စွန်းဝေဝေ ပါ"
ဆက်ရန်...
အပိုင်း(၅၀၄) သူတော်စင်မ စွန်းဝေဝေ
"စွန်းဝေဝေလား"
တင်းယန်က ချက်ချင်းပင် ထူးဆန်းသော အမူအရာ ဖြစ်သွားခဲ့သည်။
ထိုစွန်းဝေဝေက ဧဒင်ဥယျာဉ် သူတော်စင်မအဖွဲ့မှ သူတော်စင်မတစ်ပါး ဖြစ်ပြီး အလွန်လှပကာ ကိုယ်လုံးကိုယ်ပေါက်လည်း အချိုးကျလှပေသည်။
လွန်ခဲ့သော နှစ်ရက်က သူမ ထိုမိန်းမကို မကြာခဏ မြင်တွေ့ခဲ့ရပြီး သူမ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုလျှင် ဤမိန်းမက ရာခိုင်နှုန်းပြည့် အပြစ်ကင်းဟန်ဆောင်တတ်သော မိန်းမယုတ်မျိုး ဖြစ်ကြောင်း သေချာလှသည်။
ဝူယောင်ပန်း သူမအနားသို့ ချဉ်းကပ်လာတိုင်း ဤမိန်းမက အမြဲတမ်း အချိန်ကိုက် ပေါ်လာတတ်သည်။
ဝူယောင်ပန်းနှင့် သူမ နှစ်ယောက်တည်း ရှိနေမည်ကို စိုးရိမ်နေပုံရသည်။
အမှန်အတိုင်း ပြောရလျှင် သူမက ထိုမိန်းမကို ကျေးဇူးတင်နေမိသည်။
ထိုသို့မှ မဟုတ်လျှင် ဝူယောင်ပန်းအား ရင်ဆိုင်ရသည်က တင်းယန်အတွက် တကယ်ကို ခေါင်းကိုက်စရာ ဖြစ်လာမည်မှာ အသေအချာပင်။
သို့သော် သူမ နားမလည်နိုင်သည်က ဤမိန်းမက သူမ ပေါ်လာမည်ကို အလွန် စိုးရိမ်နေသည်မှာ သေချာလျက်နှင့် ဘာကြောင့် သူမဆီကို တိတ်တဆိတ် လာရှာရသနည်းဆိုသည်ကိုပင်။
တင်းယန်၏ မျက်နှာအမူအရာက ပြောင်းလဲမသွားသော်လည်း ရင်ထဲတွင်တော့ သံသယအနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။
သူမက မတ်တတ်ရပ်ကာ တံခါးကို သွားဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်ချိန်တွင် အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲထားကာ အပြစ်ကင်းစင်ဟန် ရှိသော်လည်း ဆွဲဆောင်မှု အပြည့်ရှိနေသော စွန်းဝေဝေကို မြင်လိုက်ရသည်။
တင်းယန်က အေးစက်သော မျက်နှာထားဖြင့် "အမစွန်း... ဒီလောက် မိုးချုပ်နေမှ ဘာကိစ္စရှိလို့ လာရှာတာလဲ" ဟု မေးလိုက်သည်။
စွန်းဝေဝေက ပြုံးလိုက်ပြီး "ညီမတင်း... ဒီမှာ အမှောင်ကျနေတယ် ဆိုပေမဲ့ အပြင်ဘက် အချိန်နဲ့ တွက်ကြည့်ရင် အခုမှ ညနေ သုံးနာရီပဲ ရှိပါသေးတယ်... မိုးမချုပ်သေးပါဘူး" ဟု ပြောလိုက်သည်။
တင်းယန်က ကြောင်အသွားသည်။ သူမတွင် နာရီလည်း ပါမလာခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် အလင်းရောင် ကင်းမဲ့နေသော ဤနေရာတွင် အမြဲတမ်း ပိတ်လှောင်ခံထားရသဖြင့် အချိန်နှင့် ပတ်သက်သော အသိအာရုံများ ပျောက်ဆုံးသွားရန် လွယ်ကူလှသည်။
သူမက ဘာမှ ထပ်မပြောဘဲ စွန်းဝေဝေကို အေးစက်စွာသာ စိုက်ကြည့်နေလိုက်သည်။
စွန်းဝေဝေက ဒေါသထွက်မသွားဘဲ "ညီမတင်း... ကျွန်မ ရှင်နဲ့ သီးသန့် ပြောစရာလေးရှိလို့ပါ... အထဲဝင်လို့ အဆင်ပြေမလား" ဟု မေးလိုက်သည်။
တင်းယန်က ခေတ္တမျှ စဉ်းစားလိုက်သည်။ သူမ၏ အစွမ်းများ ပြန်မရသေးသော်လည်း အခြေခံ ခန္ဓာကိုယ်ကြံ့ခိုင်မှု ခွန်အားက ရှိနေသေးပြီး အခန်းထဲတွင် ကျိုးချင်းမင်ကလည်း ရှိနေသေးသဖြင့် ဤမိန်းမကို ကြောက်နေရန် မလိုပေ။
အရေးအကြီးဆုံးအချက်က အပြင်ဘက်တွင် ဧဒင်ဥယျာဉ်၏ သက်တော်စောင့်တပ်ဖွဲ့များ ရှိနေခြင်းပင် ဖြစ်သည်။
သူမ အသံတစ်ချက် ထွက်လိုက်သည်နှင့် ဝူယောင်ပန်း စေလွှတ်ထားသော သူမအား စောင့်ကြည့်နေသူများက ချက်ချင်း ပြေးဝင်လာကြလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။
ထို့ကြောင့် သူမက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ နေရာဖယ်ပေးပြီး စွန်းဝေဝေအား ဝင်လာရန် အချက်ပြလိုက်သည်။
ဤမိန်းမ ဘာလုပ်ချင်သလဲဆိုတာကို သူမ သိချင်နေမိသည်။
စွန်းဝေဝေက အခန်းထဲသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကာ "အရင်တုန်းက ကျွန်မ သူတော်စင်မ မဖြစ်ခင် အချိန်ကလည်း ဒီနေရာမှာ နေခဲ့ဖူးတယ်" ဟု ခံစားချက်ပါပါ ပြောလိုက်သည်။
"ညီမတင်း... ဒီနေရာက အစစအရာရာ ချို့တဲ့နေတယ်လို့ မထင်ပါနဲ့... တကယ်တော့ ဒီအခန်းက တခြား သစ်သားအိမ် အတော်များများထက် အများကြီး ပိုကောင်းပါတယ်... နေ့စဉ်သုံး ပစ္စည်းတွေ စုံလင်တဲ့အပြင် မွေ့ရာနဲ့ ဆိုဖာတွေတောင် ရှိသေးတယ်လေ"
"ဒီက သာမန်လူတွေဆိုရင် ဒီနေရာမှာ နေဖို့ဆိုတာ အင်မတန် ခဲယဉ်းလှပါတယ်"
တင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး "အမစွန်း... ရှင် တကယ် ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။
စွန်းဝေဝေက သူမဘာသာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး တင်းယန်ကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး "ညီမတင်း... ညီမက တကယ်ကို လှတာပဲ... ခန္ဓာကိုယ် အချိုးအစားကလည်း ကျွန်မ မြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ အမိုက်ဆုံးပဲ" ဟု ပြောလိုက်သည်။
"ရှင့်လို ရေခဲလို အေးစက်စက် အလှပိုင်ရှင်က ဘယ်လို ယောက်ျားမျိုးကိုများ သဘောကျမလဲ မသိဘူးနော်"
တင်းယန်က အခန်းပေါက်ဝကို မှီရပ်နေပြီး အေးစက်သော အမူအရာဖြင့် ထိုအကျိုးမရှိသော အဓိပ္ပာယ်မဲ့ စကားများကို ဂရုမစိုက်ပေ။
စွန်းဝေဝေက သူမကို ဂရုမစိုက်သည်ကို မြင်သောအခါ မျက်လုံးထဲတွင် မကျေနပ်မှု အနည်းငယ် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်ပြုံးလိုက်ကာ "ရှင် ဘုရားသားတော်ကို သဘောကျလား" ဟု မေးလိုက်သည်။
တင်းယန်က သူမကို တစ်ချက် ကြည့်လိုက်ပြီး "ရှင် ပြောစရာ ရှိသေးလား... မရှိရင်လည်း ထွက်သွားပေးပါ... ကျွန်မ အိပ်ချင်နေပြီ" ဟု ပြောလိုက်သည်။
စွန်းဝေဝေက ထွက်မသွားဘဲ "ညီမတင်း... ရှင် ဒဏ်ရာရထားတယ်ဆိုတာ ကျွန်မ သိပါတယ်... ကျွန်မဆီမှာ ပြန်လည်ကုသရေး အမျိုးအစား သန္ဓေပြောင်း သတ္တဝါရဲ့ သွေးဆီအနှစ် ရှိတယ်... အဲဒါက ဒဏ်ရာတွေကို မြန်မြန် ပျောက်ကင်းစေနိုင်တယ်" ဟု ပြောလိုက်သည်။
"ဟင်"
တင်းယန်က ချက်ချင်းပင် စွန်းဝေဝေကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။
"ပြန်လည်ကုသရေး အမျိုးအစား သန္ဓေပြောင်း သတ္တဝါရဲ့ သွေးဆီအနှစ်လား"
စွန်းဝေဝေက ပြုံးလိုက်ပြီး "ဒီတောင်ပေါ်မှာ ဒဏ္ဍာရီထဲက နတ်မြင်းပျံနဲ့ အလွန်တူတဲ့ သန္ဓေပြောင်း သတ္တဝါ တစ်မျိုး ရှိတယ်" ဟု ပြောလိုက်သည်။
"အဲဒါကို ဘုရားသားတော်က ဘုရားသခင်ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ထားပြီး သူတို့ မျိုးပွားရှင်သန်ဖို့အတွက် သီးသန့် နေရာတစ်ခုကို ကန့်သတ်ပေးထားတယ်"
"တစ်ယောက်ယောက် ဒဏ်ရာရတဲ့အခါတိုင်း သူတို့ရဲ့ သွေးဆီအနှစ် နည်းနည်းလေး ရှိရုံနဲ့တင် ဒဏ်ရာတွေကို ပြန်ကောင်းစေနိုင်တဲ့ ဆေးရည်ကို ဖော်စပ်နိုင်တယ်"
တင်းယန်က စွန်းဝေဝေကို စိုက်ကြည့်လိုက်ပြီး တောက်ပသော မျက်လုံးများဖြင့် "ရှင် ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
တင်းယန်ကဲ့သို့ ဉာဏ်ကောင်းသူ တစ်ယောက်အနေဖြင့် တစ်ဖက်လူက ဤသို့သော အရာမျိုး ထုတ်ပေးလာသည်ဆိုကတည်းက တစ်ခုခုကို လိုချင်နေသည်မှာ သေချာကြောင်းကို အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း။
စွန်းဝေဝေက မျက်လွှာချလိုက်ရာ မျက်လုံးအောက်ခြေတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး "ညီမတင်းကို ဒီကနေ အမြန်ဆုံး ထွက်သွားပေးစေချင်တယ်... ဘုရားသားတော်ကို ဆက်ပြီး အနှောင့်အယှက် မပေးပါနဲ့" ဟု တီးတိုး ပြောလိုက်သည်။
"ဟင်... ဒါပဲလား" တင်းယန်က ကြောင်အသွားပြီး အနည်းငယ် မျှော်လင့်မထားသကဲ့သို့ ဖြစ်သွားသည်။
စွန်းဝေဝေက ခေါင်းမော့ကာ တင်းယန်ကို ကြည့်လိုက်ပြီး "ရှင် မလာခင်တုန်းက ဘုရားသားတော်က နေ့တိုင်းလိုလို ကျွန်မဆီ လာပြီး ဘုရားသခင်ကိုယ်စား ကျွန်မကို အချစ်တော်အဖြစ် ချီးမြှောက်ခဲ့တယ်" ဟု ပြောလိုက်သည်။
"ရှင် ရောက်လာကတည်းက သူ ကျွန်မဆီကို မလာတာ သုံးရက်ရှိနေပြီ"
တင်းယန်က ဆွံ့အသွားသည်။ ဝူယောင်ပန်းက သူမအပေါ် ဘယ်လို စိတ်ကူးမျိုး ရှိနေသလဲဆိုတာကို သူမက ဘယ်လိုလုပ်ပြီး မသိဘဲ နေမည်နည်း။
သို့သော် ဤစွန်းဝေဝေက ဤကိစ္စအတွက်နှင့် သဝန်တိုနေပြီး သူမကို ကိုယ်တိုင် ထွက်သွားစေရန်အတွက် ပြန်လည်ကုသခြင်း အမျိုးအစား သန္ဓေပြောင်း သတ္တဝါ၏ သွေးဆီအနှစ်ကိုပင် ထုတ်ပေးရဲသည်အထိ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒါက တကယ်ကိုပဲ...
သူမက ဒီမှာ မနေချင်ဘူး ဆိုတာကို အသာထားလိုက်ဦး သူမ ထွက်သွားချင်လျှင်တောင်မှ ဝူယောင်ပန်းက သဘောတူမည် မဟုတ်ပေ။
သို့ပေမဲ့... ဒီပြန်လည်ကုသခြင်း သွေးဆီအနှစ်က သူမရဲ့ ဒဏ်ရာတွေအတွက် အသုံးဝင်နိုင်ကောင်းပါရဲ့။
တစ်ဖက်လူကို အရင်ဆုံး သဘောတူလိုက်တာက ပိုကောင်းလိမ့်မည်။
တင်းယန်၏ မျက်လုံးများက တစ်ချက် လက်ကနဲ ဖြစ်သွားပြီး "တစ်ပုလင်းတည်းနဲ့တော့ မလောက်ဘူး" ဟု ပြောလိုက်သည်။
စွန်းဝေဝေက ကြောင်အသွားပြီး ချက်ချင်းပင် "ရှင် ဘယ်လောက် လိုချင်တာလဲ" ဟု မေးလိုက်သည်။
"ရှင့်ဆီမှာ ဘယ်လောက်ရှိလဲ"
"ဒါက... ကျွန်မဆီမှာလည်း အများကြီး မရှိဘူး... စုစုပေါင်း နှစ်ပုလင်းပဲ ရှိတယ်"
"ကောင်းပြီလေ... ဒါဆိုရင်လည်း နှစ်ပုလင်းပဲ ယူမယ်"
"ရှင် သဘောတူလိုက်တာလား"
"ဟက်... ကျွန်မက ရှင်တို့ဆီက လူမှ မဟုတ်တာ... ကျွန်မလည်း ဒီမှာ မနေချင်ပါဘူး" တင်းယန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
စွန်းဝေဝေက ချက်ချင်းပင် ရင်ထဲ၌ အလွန် ဝမ်းသာသွားပြီး ရင်ခွင်ထဲမှ ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်ကာ "ဒါက နတ်မြင်းပျံရဲ့ သွေးဆီအနှစ်ပဲ... ရှင် ကတိတည်ရမယ်နော်" ဟု ပြောလိုက်သည်။
တင်းယန်က ချက်ချင်း လျှောက်သွားကာ ပုလင်းကို ယူလိုက်ပြီး နှာခေါင်းဝတွင် အနည်းငယ် ရှူရှိုက်ကြည့်လိုက်ရာ ပြင်းထန်သော သွေးနံ့ကို ရရှိလိုက်သည်။
တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ ပွက်ပွက်ဆူလာပြီး သန္ဓေပြောင်းစွမ်းအင်များပင် အနည်းငယ် ပိုမို တက်ကြွလာသလို ခံစားလိုက်ရသည်။
"တကယ်ပဲ ပြန်လည်ကုသခြင်း အမျိုးအစား သွေးဆီအနှစ်ပဲ"
တင်းယန်၏ ရင်ထဲတွင် အလွန် ဝမ်းသာသွားခဲ့သည်။
သူမက စွန်းဝေဝေကို စကားအနည်းငယ်ဖြင့် ဟန်လုပ်ပြောဆိုလိုက်ပြီးနောက် ချက်ချင်းပင် အပြင်သို့ နှင်လွှတ်လိုက်သည်။
တံခါးအပြင်သို့ ရောက်သည်နှင့် စွန်းဝေဝေ၏ မျက်လုံးများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး တင်းကြပ်စွာ ပိတ်ထားသော ကျောက်အိမ်၏ တံခါးကို အေးစက်စွာ ကြည့်လိုက်သည်။
လမ်းထောင့်သို့ ကွေ့လိုက်သည်နှင့် ထောင့်ချိုးနေရာမှ စွန်းကောဝေက ချက်ချင်း ခုန်ထွက်လာပြီး "အစ်မ... အခြေအနေ ဘယ်လိုလဲ" ဟု တီးတိုး မေးလိုက်သည်။
"သူ့ကို ပေးလိုက်ပြီ"
"သူ တကယ် ယူလိုက်တာလား... အစ်မ ဘယ်လိုများ လုပ်လိုက်တာလဲ" စွန်းကောဝေက အလွန် အံ့အားသင့်သွားသည်။
စွန်းဝေဝေက ပြုံးလိုက်ပြီး "ဒီတိုင်း သွားပေးရင် အရူးတောင် သံသယ ဝင်မှာပေါ့... သူ ငါ့ကို ယုံအောင်လို့ ငါက လိုချင်တာ တစ်ခုခုတော့ တောင်းဆိုရမှာပေါ့" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း သူမက သူမ၏ အစီအစဉ်ကို အတိုချုပ် ပြောပြလိုက်သည်။
စွန်းကောဝေက လက်မထောင်ပြလိုက်ပြီး "မိုက်တယ်... အစ်မက တကယ် တော်တာပဲ" ဟု ပြောလိုက်သည်။
စွန်းဝေဝေက "အခု ဆေးအာနိသင် ပြလာမယ့်အချိန်ကို စောင့်ရုံပဲ... နင့်ဘက်ကရော အားလုံး ပြင်ဆင်ပြီးပြီလား" ဟု မေးလိုက်သည်။
စွန်းကောဝေက ချက်ချင်းပင် တဟီးဟီး ရယ်မောလိုက်ပြီး လမ်းဘေးရှိ သစ်ပင်ကြီးအောက်သို့ လက်ညှိုးထိုးပြလိုက်သည်။
သစ်ပင်ကြီးအောက်တွင် လူတစ်ဝက်ခန့် အရပ်ရှိပြီး အလွန် ရက်စက်ကြမ်းကြုတ်ဟန်ရှိသော သန္ဓေပြောင်း ခွေးတစ်ကောင်ကို ချည်နှောင်ထားသည်ကို မြင်လိုက်ရသည်။
စွန်းဝေဝေက ကြောင်အသွားပြီး "ဘာလို့ ခွေးတစ်ကောင် ဖြစ်နေတာလဲ" ဟု မေးလိုက်သည်။
စွန်းကောဝေက တီးတိုးရယ်မောလိုက်ပြီး "အစ်မ... ခွေးက လူထက် ပိုရွံစရာကောင်းတယ် မဟုတ်လား... ဘုရားသားတော်က ဒီတင်းဆိုတဲ့ မိန်းမ ခွေးနဲ့... ဟီးဟီး... သူ ဘယ်လိုလုပ် သည်းခံနိုင်တော့မလဲ... ဒီတင်းဆိုတဲ့ မိန်းမကို အဲဒီနေရာမှာတင် သတ်ပစ်လိမ့်မယ်လို့ မထင်ဘူးလား" ဟု ပြောလိုက်သည်။
စွန်းဝေဝေက ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်ကာ "ခွေးကောင်လေး... နင့်အကြံက တော်တော် ယုတ်မာတာပဲ... ဒီလောက် အဆိပ်ပြင်းတဲ့ နည်းလမ်းကိုတောင် နင်က စဉ်းစားနိုင်သေးတယ်ပေါ့" ဟု ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးလုံး ရယ်မောလိုက်ကြပြီး စွန်းဝေဝေက ထွက်မသွားဘဲ ဆေးအာနိသင် ပြလာမည့် အချိန်ကို အနီးအနားတွင် စောင့်ဆိုင်းနေလိုက်သည်။
ထိုအချိန်တွင် အခန်းထဲ၌ တင်းယန်က ပုလင်းကို ကိုင်ကာ အချိန်အတန်ကြာ သေချာစွာ စစ်ဆေးနေသော်လည်း အရမ်းကာရော မသောက်ရဲပေ။
ထိုအချိန်၌ သံဘူးခွံထဲမှ ကျိုးချင်းမင်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်း စိတ်မချရင် ငါ့ကို အရင် သုံးခိုင်းလိုက်လေ"
"ငါ့ဒဏ်ရာတွေက အရမ်းပြင်းထန်နေပြီ... ဆက်ပြီး အချိန်ဆွဲနေရင် တကယ် တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"
တင်းယန်က ထိုစကားကို ကြားသောအခါ စဉ်းစားလိုက်ပြီး "ဒီသွေးဆီအနှစ်မှာ တစ်ခုခု ပြဿနာ ရှိနေရင်ရော" ဟု မေးလိုက်သည်။
ကျိုးချင်းမင်က သက်ပြင်းချလိုက်ပြီး "ပြဿနာရှိနေရင်တောင် ငါ သတိလစ်ပြီး သွေးမြူခိုးတွေအဖြစ် လုံးဝ ပြောင်းလဲသွားတာထက်တော့ ပိုကောင်းမှာပါ" ဟု ပြောလိုက်သည်။
တင်းယန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး "ကောင်းပြီလေ... တကယ်လို့ တစ်ခုခု ပြဿနာ ရှိခဲ့ရင် ကျွန်မ စွန်းဝေဝေကို သတ်ပြီး ဧဒင်ဥယျာဉ် တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်" ဟု ပြောလိုက်သည်။
ကျိုးချင်းမင်က "စိတ်ချပါ... အခုအခြေအနေက အဆိပ်ဖြစ်နေရင်တောင် ငါ လက်ခံမှာပဲ... သွေးဆီအနှစ်ကိုသာ အထဲ လောင်းထည့်ပေးလိုက်" ဟု ပြောလိုက်သည်။
တင်းယန်က တုံ့ဆိုင်းမနေဘဲ သံဘူးခွံရှေ့သို့ ချက်ချင်း လျှောက်သွားကာ လက်ထဲရှိ ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး သံဘူးခွံထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်သည်။
ဂလု... ဂလု...
ပုလင်းထဲရှိ သွေးဆီအနှစ်အားလုံး လောင်းထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးချင်းမင်၏ အသံ ထွက်ပေါ်လာသည်။ "အရမ်းကို သိပ်သည်းလွန်းတဲ့ ကုသရေး စွမ်းအင်တွေပဲ... သွေးဆီအနှစ်တွေကို တကယ်ပဲ အတိုင်းအတာ တစ်ခုအထိ ပြန်ကောင်းစေနိုင်တယ်"
ကျိုးချင်းမင်၏ အသံတွင် အံ့သြဝမ်းသာမှုများ ပါဝင်နေပြီး ထို့နောက် "ငါ ဒီသွေးဆီအနှစ်တွေကို စိတ်ရောကိုယ်ပါ အာရုံစိုက်ပြီး အပြည့်အဝ စုပ်ယူလိုက်ဦးမယ်" ဟု ပြောလိုက်သည်။
တင်းယန်က ချက်ချင်းပင် "သိပြီ... ကျွန်မ ရှင့်အတွက် စောင့်ကြည့်ပေးထားမယ်" ဟု ပြောလိုက်သည်။
"ကျေးဇူးပဲ"
သံဘူးခွံအတွင်းမှ စွမ်းအင်များ စုပ်ယူနေသော လေဝဲလှိုင်းများ ချက်ချင်း ထွက်ပေါ်လာသည်။
စွမ်းအင် အမြောက်အမြားက သံဘူးခွံဆီသို့ စီးဆင်းသွားပြီး ကျိုးချင်းမင်က ထိုသွေးဆီအနှစ်များကို လျင်မြန်စွာ သန့်စင်စုပ်ယူလိုက်သည်။
ထိုအချိန်တွင် လင်းယွမ်က ဘုရားကျောင်း တစ်ခုလုံးကို အနှံ့ရှာဖွေခဲ့သော်လည်း တင်းယန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
သို့သော် သူ၏ စိတ်စွမ်းအင်ဖြင့် စုံစမ်းထောက်လှမ်းမှုအောက်တွင် ဘုရားကျောင်း မြေအောက်၌ နေရာလွတ်တစ်ခု ရှိနေပုံရကြောင်းကို ထက်မြက်စွာ သိရှိလိုက်ရသည်။
သို့သော် ကျီရှောင်ယွီ၏ ပြောပြချက်အရ ဝူယောင်ပန်း၏ တင်းယန်အပေါ် ဆက်ဆံရေးကို ပြန်စဉ်းစားကြည့်လျှင် တင်းယန်အား မြေအောက်ခန်းတွင် ထားရှိရန် မဖြစ်နိုင်ကြောင်း သုံးသပ်မိသည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး မြေအောက်ခန်းကို ယာယီ မစူးစမ်းတော့ဘဲ ဘုရားကျောင်း ပတ်ဝန်းကျင် တစ်လျှောက်တွင် စတင် ရှာဖွေလိုက်သည်။
ဘုရားကျောင်း အမိုးပေါ်သို့ ပြန်ရောက်သည်နှင့် ခန္ဓာကိုယ်ကို သေးငယ်အောင် ပြုလုပ်ထားသော နိချီက "ဆရာလင်း... ဒီမှာ ထူးခြားမှု တစ်ခုခု ရှိနေတယ်" ဟု အော်ပြောလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း ပြေးသွားလိုက်ရာ နိချီနှင့် ကျီရှောင်ယွီတို့က ဘုရားကျောင်း အပေါ်ဘက်ရှိ လက်ဝါးကပ်တိုင် နောက်ကွယ်တွင် မှောက်ခုံနေလျက် မနီးမဝေးရှိ လမ်းဘေးသို့ လက်ညှိုးထိုးပြနေသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က လှမ်းကြည့်လိုက်ရာ လမ်းဘေးတွင် ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရပ်နေပြီး ထိုယောကျ်ား၏ ရုပ်ရည်က အလွန် ရုပ်ဆိုးကာ မိန်းမကတော့ ဆွဲဆောင်မှုရှိပြီး လှပနေသည်ကို မြင်လိုက်ရသည်။
ထိုယောကျ်ားနှင့် မိန်းမအနီးရှိ သစ်ပင်ကြီးအောက်တွင် သန္ဓေပြောင်း ခွေးတစ်ကောင်ကိုလည်း ချည်နှောင်ထားသေးသည်။
"ဆရာလင်း... ဒီယောကျ်ားနဲ့ မိန်းမက အဲဒီနေရာမှာ ရပ်နေတာ ငါးမိနစ်လောက် ရှိနေပြီ... ထွက်လည်း မသွားကြဘူး... တစ်ခုခုများ ရိပ်မိသွားတာ မဟုတ်ဘူးလား" နိချီက တီးတိုး မေးလိုက်သည်။
ကျီရှောင်ယွီက "မဖြစ်နိုင်ဘူး... ငါတို့ကိုသာ တွေ့သွားရင် ဘာလို့ လူလာမဖမ်းဘဲ နေမှာလဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က သူတို့နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ ဤလူနှစ်ယောက်၏ ပစ်မှတ်က အလွန် သိသာထင်ရှားနေပြီး လမ်းဘေးတွင် ရပ်နေသော်လည်း ကင်းလှည့်နေသူများက သူတို့ကို မမြင်သကဲ့သို့ ပြုမူနေကြသည်။
ဆိုလိုသည်မှာ ဤလူနှစ်ယောက်၏ နောက်ခံ အဆင့်အတန်းက သာမန် မဟုတ်ကြောင်း ပြသနေသည်။
သူက "ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ" ဟု တီးတိုး မေးလိုက်သည်။
ကျီရှောင်ယွီက "အဲဒီမိန်းမ နာမည်က စွန်းဝေဝေတဲ့... သူတော်စင်မအဖွဲ့ထဲကပဲ" ဟု ပြောလိုက်သည်။
"သူတော်စင်မအဖွဲ့လား"
"ဟက်... သူတော်စင်မအဖွဲ့လို့သာ ပြောတာ တကယ်တော့ ဝူယောင်ပန်းဆိုတဲ့ တိရစ္ဆာန်ကောင်ရဲ့ ကိုယ်လုပ်တော်အဖွဲ့ပဲ... ဒီမိန်းမက သူတော်စင်မအဖွဲ့ထဲမှာ ဝူယောင်ပန်းရဲ့ အချစ်တော် မိန်းမပဲ" ကျီရှောင်ယွီက ဤမိန်းမအကြောင်းကို ကောင်းကောင်း သိနေပုံရသည်။
"ဝူယောင်ပန်းရဲ့ အချစ်တော် မိန်းမလား"
လင်းယွမ်၏ ရင်ထဲတွင် ချက်ချင်း လှုပ်ရှားသွားသည်။ ဝူယောင်ပန်း၏ အချစ်တော် မိန်းမသာ ဖြစ်မည်ဆိုလျှင် ဝူယောင်ပန်းအပေါ် အလွန် ဂရုစိုက်မည်မှာ သေချာလှသည်။
ကျီရှောင်ယွီ၏ ပြောပြချက်အရ ဝူယောင်ပန်း၏ တင်းယန်အပေါ် ဆက်ဆံရေးက သာမန် မဟုတ်ပုံရရာ ဤစွန်းဝေဝေကလည်း တင်းယန်ကို သတိထားမိသင့်ပေသည်။
ဤနေရာအထိ တွေးမိသောအခါ လင်းယွမ်၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားပြီး "မင်းတို့ ဒီမှာ ငါ့ကို စောင့်နေကြ" ဟု ချက်ချင်း ပြောလိုက်သည်။
"ဝှစ်"
သူ၏ ခန္ဓာကိုယ်က တစ်ချက် လက်ကနဲ ဖြစ်သွားပြီး နောက်တစ်စက္ကန့်တွင်တော့ မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကျီရှောင်ယွီနှင့် နိချီတို့ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ မျက်နှာချင်းဆိုင် လမ်းဘေးတွင် စကားပြောကာ ရယ်မောနေသော စွန်းမောင်နှမ နှစ်ယောက်က ချက်ချင်းပင် နောက်စေ့မှ နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီးနောက် မျက်လုံးများ ပြာဝေသွားကာ သတိလစ်သွားကြသည်။
လင်းယွမ်က သူတို့နှစ်ဦးကို လက်နှစ်ဖက်ဖြင့် ဆွဲမလိုက်သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်က အလွန် သေးငယ်နေသောကြောင့် သူတို့နှစ်ဦးကို မြှောက်ကာ သစ်တောထဲသို့ ဝင်ရောက်သွားလိုက်သည်။
သစ်တောထဲသို့ ရောက်သည်နှင့် လင်းယွမ်က သန္ဓေပြောင်းစွမ်းအင်ကို အသက်သွင်းလိုက်ရာ နိချီ၏ အစွမ်း ထိန်းချုပ်မှုမှ ချက်ချင်း ရုန်းထွက်နိုင်သွားပြီး ခန္ဓာကိုယ်က သာမန်လူ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူက စွန်းကောဝေကို တိုက်ရိုက် သတိရလာအောင် လုပ်လိုက်သည်။
စွန်းကောဝေက မျက်လုံးကို ဝေဝေဝါးဝါးဖြင့် ဖွင့်ကြည့်လိုက်ရာ လင်းယွမ်ကဲ့သို့ လူစိမ်းတစ်ယောက်ကို မြင်လိုက်ရသောအခါ ချက်ချင်း ကြောင်အသွားပြီး ပါးစပ်ဖွင့်ကာ အော်ဟစ်ရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် လည်ချောင်းက ချက်ချင်း အသက်ရှူကျပ်သွားပြီး လင်းယွမ်၏ စိတ်စွမ်းအင်က သူ၏ လည်ချောင်းကို တိုက်ရိုက် ညှစ်ထားလိုက်သည်။
"အော်ရဲရင် မင်းရဲ့ လည်ပင်းကို ချိုးပစ်မယ်"
စွန်းကောဝေက ကြောက်လန့်တကြားဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
"ငါ မေးတာကို ဖြေ... စကားတစ်ခွန်း ပိုပြောတာနဲ့ မင်းရဲ့ အရိုးတစ်ချောင်းကို ချိုးပစ်မယ်"
ဆက်ရန်...