← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃) နတ်ဘုရားသားတော် ရောက်လာပြီ... မင်းတို့က ဘာလို့ မြန်မြန် ထွက်မကြိုကြတာလဲ

သူမ၏အတွေးများ ဖရိုဖရဲ ဖြစ်နေစဉ်မှာပင် ယဉ်ကျေးသိမ်မွေ့ကာ ချစ်မြတ်နိုးစွာပြောဆိုသည့် အသံတစ်သံက သူမ၏နားထဲတွင် ပဲ့တင်ထပ်လာလေသည်။

"ချင်းချန်... သမီးက ဘာလို့ ဒီလောက်တောင် နေမကောင်းဖြစ်နေတဲ့ ပုံပေါက်နေရတာလဲ..."

ဤစကားကို ကြားသောအခါ လျှိုချင်းချန် က မသိစိတ်အရ မော့ကြည့်လိုက်သည်။

ယခုရောက်လာသူမှာ တခြားသူမဟုတ်ဘဲ သူမ၏ဖခင် ခရမ်းကောင်းကင်ဘုံဂိုဏ်းချုပ် လျှိုဝူယာပင်။

"ဂိုဏ်းချုပ် ကို ဂါရဝပြုပါတယ်..."

ခရမ်းကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲ များနှင့် တပည့်များအားလုံး တညီတညွတ်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"ဒီနေ့က ခရမ်းကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေ ထဲ ဝင်ရမယ့် နေ့လေ... သမီးက အချိန်အကြာကြီး စောင့်မျှော်နေခဲ့တာ မဟုတ်ဘူးလား..."

လျှိုဝူယာက သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများကို လျစ်လျူရှုကာ လက်လှမ်းပြီး လျှိုချင်းချန် ၏ခေါင်းကို ချစ်ခင်ယုယစွာ ပွတ်သပ်ပေးလိုက်၏။

"ဘာလို့ ဒီလောက်တောင် စိတ်မပျော်မရွှင် ဖြစ်နေရတာလဲ..."

ဤစကားများကို ကြားသောအခါ လျှိုချင်းချန် သည် အနည်းငယ် မနှစ်မြို့ဖြစ်သွားပြီး သူမဖခင်၏လက်ကို ချက်ချင်းဖယ်ရှားလိုက်သည်။

"အဖေ... သမီးက ကလေး မဟုတ်တော့ဘူးလေ... သမီးရဲ့ ခေါင်းကို အမြဲတမ်း လာမပွတ်ပါနဲ့..."

လျှိုဝူယာ မတုံ့ပြန်နိုင်မီ လျှိုချင်းချန် က ဆက်ပြောလိုက်သည်။

"အဖေ... ဖရိုဖရဲ မြင့်မြတ်နယ်မြေ မှာ တကယ်တမ်းကျ ဘာတွေဖြစ်ခဲ့လဲဆိုတာ သမီးကို ပြောပြနိုင်မလား..."

"အချိန်လေဟာနယ် တားမြစ်နယ်မြေက လူတွေက ဘယ်လိုလူမျိုးတွေလဲ... သူတို့က ဘာလုပ်ခဲ့ကြတာလဲ..."

သူမ ဤစကားကို ပြောလိုက်သည်နှင့် လျှိုဝူယာ ၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း တောင့်တင်းသွားပြီး သူ၏မျက်နှာအမူအရာ သဘာဝမကျ ဖြစ်သွားသည်။

ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ လက်ရှိ စွမ်းအားသည် ဆုတ်ယုတ်နေသော ဖရိုဖရဲ မြင့်မြတ်နယ်မြေထက် ပိုမိုအစွမ်းထက်သော်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ရှေ့တွင် အနည်းငယ် ပို၍ကြီးမားသော ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်ပေမည်။

ကောလာဟလများအရ မြောက်ဘက်ရွှမ် တာအိုနယ်မြေသို့ ဆင်းသက်လာသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူသည် ဒဏ္ဍာရီလာ အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏နတ်ဘုရားသားတော် ဖြစ်နိုင်ခြေ အလွန်များသည်။

လျှိုဝူယာက သူမကို ဖျောင့်ဖျရန် အကြောင်းပြချက်တစ်ခု ပေးတော့မည့် ဆဲဆဲမှာပင်..

"ဂိုဏ်း... ဂိုဏ်းချုပ်..."

ထိတ်လန့်ပြီး စိုးရိမ်ပူပန်နေသော အော်ဟစ်သံတစ်သံက အပြင်ဘက်မှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

အစောင့်အဖြစ် ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်ဦးသည် လျှိုဝူယာနှင့် မနီးမဝေးတွင် အလျင်အမြန် ဆင်းသက်လာပေ၏။ ထို့နောက် အလွန်အမင်း အံ့သြတုန်လှုပ်မှုကြောင့် သူ၏ ခန္ဓာကိုယ်သည် မတည်မငြိမ် ဖြစ်သွားပုံရပြီး လျှိုဝူယာ၏ရှေ့သို့ ကမန်းကတန်း ရောက်လာသည်။

ဤသည်ကို မြင်သောအခါ လျှိုဝူယာ က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဘာဖြစ်တာလဲ...မင်းက ငါ့တို့ ခရမ်းကောင်းကင်ဘုံဂိုဏ်း ရဲ့ တပည့်တစ်ယောက်လေ... ဘယ်လိုလုပ် ဒီလောက်တောင် ပျာယာခတ်နေရတာလဲ..."

"ကောင်းကင်ကြီး ပြိုကျသွားလို့လား..."

အစောင့်သည် အသက်ရှူမဝဖြစ်နေပြီး သူ၏ အဆက်မပြတ် ဟောဟဲထိုးနေသော ရင်ဘတ်ကို မဖိနှိပ်နိုင်မီ အကြိမ်များစွာ တံတွေးမျိုချလိုက်ရသည်။

သူက အနည်းငယ် ထစ်ငေါ့နေသော အသံဖြင့် ပြောဆိုလိုက်သည်။

"စူးစမ်းထောက်လှမ်းရေး ဝင်္ကပါက ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကို သတင်းပို့ထားပါတယ်... ပုံမှန်မဟုတ်တဲ့ အစွမ်းထက် ချီတချို့က ကျွန်တော်တို့ရဲ့ နယ်မြေဆီကို ချဉ်းကပ်လာတယ်..."

"အဲ့ဒါက ရန်သူတွေရဲ့ကျူးကျော်မှု ဖြစ်နိုင်တယ်..."

"ဘာ... ဒါက..."

ဤစကားထွက်လာသည်နှင့် လျှိုဝူယာနှင့် အကြီးအကဲများသည် ဆက်လက်၍ တည်ငြိမ်နိုင်ခြင်းမရှိတော့ပေ။

စူးစမ်းထောက်လှမ်းရေး ဝင်္ကပါသည် သူတို့၏ နယ်မြေအတွင်းရှိ ပုံမှန်မဟုတ်သော အရာများကို ထောက်လှမ်းရန် သူတို့၏ခရမ်းကောင်းကင်ဘုံဂိုဏ်းက အသုံးပြုသော အထူး ဝင်္ကပါတစ်ခုပင်။

အကယ်၍ ခရမ်းကောင်းကင်ဘုံဂိုဏ်းမှ မဟုတ်သူ တစ်ဦးဦးက သူတို့၏နယ်မြေအတွင်းသို့ ဝင်ရောက်လာပါက ထိုအရာသည် ပုံမှန်မဟုတ်သော စွမ်းအားလှုပ်ခတ်မှုများကို ထုတ်လွှတ်ပေလိမ့်မည်။

လက်ရှိ မြောက်ဘက်ရွှမ်တာအိုနယ်မြေတွင် ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ စွမ်းအားသည် အကောင်းဆုံးများအင်အားစုများအနက် ပါဝင်သည်။

မည်သူက ဤမျှထိ မောက်မာပြီး အကြောင်းကြားခြင်းမရှိဘဲ ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ နယ်မြေထဲသို့ တိုက်ရိုက်ကျူးကျော်ဝင်ရောက်ဝံ့မည်နည်း...

ဤသည်က အမှန်တကယ်ကို ရဲတင်းလွန်းလှသည်။

"ဟမ့်... ဒီနေ့က ငါတို့ခရမ်းကောင်းကင်ဘုံဂိုဏ်း အတွက် နေ့ထူးနေ့မြတ်တစ်နေ့ပဲ... ဒါပေမယ့် ငါတို့ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးဖို့ လာတဲ့ ဒီလို မောက်မာတဲ့ အရူးတွေ ရှိနေသေးတယ်... သူတို့က တကယ်ကို သေချင်နေတာပဲ..."

အစွမ်းထက်သော အကြီးအကဲတစ်ဦးက ရှေ့ထွက်လာပြီး လျှိုဝူယာဆီသို့ လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်... ဒီမောက်မာတဲ့ လူယုတ်မာတွေကို ဖမ်းဖို့အတွက် လူတွေကို ဦးဆောင်သွားဖို့ ကျွန်တော် ဆန္ဒရှိပါတယ်..."

ဤ အကြီးအကဲသည် ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ အတွင်းစည်းအကြီးအကဲ

တစ်ယောက်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိနေလေပြီ။

ဤှသည်က ထိပ်တန်းအဆင့် မဟုတ်သော်လည်း သူသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများတွင် ထောက်တိုင်ကြီးတစ်ခု ဖြစ်နေဆဲပင်။

ထို့ပြင် ဤနေရာသည် သူတို့ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ နယ်မြေဖြစ်ပြီး ထိုနေရာသည် သူတို့ဂိုဏ်း၏ပိုင်နက်ပင်။

အကယ်၍ သူတော်စင်သခင်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး ဤနေရာသို့ လာလျှင်ပင် ထိုလူကို ဖမ်းဆီးနိုင်မည်ဟု သူ ယုံကြည်မှုရှိသည်။

လျှိုဝူယာက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် မင်းက ကျူးကျော်သူတွေကို ဖမ်းဆီးဖို့အတွက် လူတွေကို ဦးဆောင်ဖို့ တာဝန်ယူရမယ်..."

သို့သော် သူ၏စကားမဆုံးမီမှာပင် ဒီရေလှိုင်းတစ်ခုကဲ့သို့ နတ်ဘုရားအသံတစ်သံသည် တိမ်တိုက်များကို ဖြတ်သန်းကာ ပဲ့တင်ထပ်သွားပေ၏။ ထိုအသံသည် သူတို့၏ ဂိုဏ်း ကာကွယ်ရေးဝင်္ကပါကို ဖောက်ထွင်းကာ ခရမ်းကောင်းကင်ဘုံဂိုဏ်းမှ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူ၏ နှလုံးသားများကို တိုက်ရိုက်ရိုက်ခတ်သွားသည်။

"ငါ... အချိန်လေဟာနယ် တားမြစ်နယ်မြေက နတ်ဘုရားသားတော် ခုံးဝူတောက် ... မင်းတို့ရဲ့ ခရမ်းကောင်းကင်ဘုံဂိုဏ်းကို ငါ့ရဲ့ ရောက်ရှိလာမှု့နဲ့ ဂုဏ်ပြုလိုက်ပြီ..."

"မင်းတို့က... ဘာလို့ ငါ့ကို ဦးညွှတ်ပြီး ကြိုဆိုဖို့ မြန်မြန်ထွက်မလာကြတာလဲ..."

ဝုန်း...

ဤအသံသည် ကြည်လင်သော မိုးကောင်းကင်ယံမှ ကျဆင်းလာသော မိုးကြိုးတစ်စင်းကဲ့သို့ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး ခရမ်းကောင်းကင်ဘုံဂိုဏ်းမှ လူတိုင်း၏စိတ်များကို ချက်ချင်း ဗလာကျင်းသွားစေခဲ့သည်။

သူတို့၏ တွေဝေမိန်းမောနေမှုမှ ပြန်လည်သတိရလာပြီးနောက် လူတိုင်းသည် သူတို့၏ခေါင်းမှ ခြေဖျားအထိ ရေအေးတစ်ပန်းကန် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များ ငရဲချောက်ကမ်းပါးသို့ ကျရောက်သွားသည့်အလားပင်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ...

နတ်ဘုရားသားတော် ခုံးဝူတောက် ဖြစ်နေသလော...

ခရမ်းကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူ အများအပြား၏ မျက်နှာအမူအရာများ အားလုံး ကြီးမားစွာ ပြောင်းလဲသွားကြ၏။

ဝုန်း...

သူ ပြောခဲ့သော 'လူယုတ်မာ' ကို ဖမ်းဆီးရန် တက်ကြွစွာ လုပ်ဆောင်ချင်ခဲ့သော အကြီးအကဲ ၏ခြေထောက်များ အားပျော့သွားပြီး အလွန်အမင်း ဖြူဖျော့နေသော မျက်နှာဖြင့် မြေကြီးပေါ်သို့ လဲကျသွားလေသည်။

သူက ယခုလေးတင်... အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်ကို လူယုတ်မာဟု ခေါ်လိုက်မိသလော...

သူ ပို၍စဉ်းစားလေလေ သူ၏ခန္ဓာကိုယ်က ပို၍တုန်ယင်လာလေလေဖြစ်ပြီး သူ၏ဝိညာဉ်ပင် လွင့်စင်သွားလုမတတ် ဖြစ်သွားလေ၏။

ယခင်က ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ အထက်တွင် ဆင်းသက်လာခဲ့သော ဧကရာဇ် အမိန့်တော် ကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ယခု အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် အကြောင်းကို ကြားလိုက်ရသောအခါ ထိုအမိန့်တော်ကို သူ ဆင့်ခေါ်ခဲ့ခြင်းဖြစ်ရမည်ဟု တွေးမိသည်။

အကယ်၍ တစ်ဖက်လူသည် အစောပိုင်းက သူ မည်သို့ ဖော်ပြခဲ့သည်ကို သိသွားပါက သူသည် မြှုပ်နှံစရာ နေရာပင်မရှိဘဲ သေချာပေါက် သေဆုံးရပေလိမ့်မည်။

အလွန်အမင်းကြီးမားသော အကြောက်တရားအောက်တွင် ထိုအကြီးအကဲသည် မျက်ဖြူပင်လန်သွားပြီး သတိလစ်မေ့မျောသွားတော့သည်။

သို့သော် သူ၏သတိလစ်သွားမှုသည် လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ မဖြစ်စေခဲ့ချေ။

အကြောင်းအရင်းမှာ လူအမြောက်အများသည် သူနှင့် ထပ်တူနီးပါး ဖြစ်နေပြီး ဤအချိန်အခိုက်အတန့်တွင် သူတို့၏မျက်နှာများ အလွန်အမင်း ဖြူဖျော့နေသည်။ ဤသို့ဖြစ်ရခြင်းမှာ ကြီးမားသော အကြောက်တရားတစ်ခုက သူတို့၏နှလုံးသားများတွင် ဖြစ်ပေါ်လာသောကြောင့်ပင်။

ဤအကြီးအကဲ၏နောက်တွင် လူငယ်ကျင့်ကြံသူ အမြောက်အများသည် မြေပြင်ပေါ်သို့ ဘုန်းခနဲအသံနှင့်အတူ ဒူးထောက်ရက်သား လဲကျသွားကြတော့သည်။

လျှိုဝူယာက ယခင်က သတင်းပို့ခဲ့သော တပည့်ကို သူ၏ခြေထောက်ဖြင့် ကန်လိုက်သည်။

"တောက်... ခွေးကောင်..မင်းက တကယ်ကို မျက်ကန်းပဲ..."

လျှိုဝူယာသည် ဂိုဏ်းချုပ်တစ်ယောက်၏အမူအရာမျိုး လုံးဝ ဆုံးရှုံးသွားပြီး အစောင့်ကို ကျိန်ဆဲလိုက်၏။

"အချိန်လေဟာနယ် တားမြစ်နယ်မြေက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် မင်းက မမှတ်မိဘူးလား..."

"သူ့ကို ကျူးကျော်လာတဲ့ ရန်သူလို့တောင် မင်းက ခေါ်လိုက်သေးတယ်..."

"ငါ ပြန်ရောက်ရင် မင်းကို အရေခွံခွာပစ်မယ်..."

ဒေါသတကြီး ကြိမ်းမောင်းပြီးနောက် လျှိုဝူယာ သည်လည်း မနှောင့်နှေးရဲပေ။

သူသည် ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ ရာထူးမြင့် အကြီးအကဲများကို ဦးဆောင်ကာ ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ အပြင်ဘက်သို့ ကြီးကျယ်ခမ်းနားသော စုဖွဲ့မှုဖြင့် အပြေးအလွှား သွားရောက်ခဲ့သည်။

မြောက်ဘက်ရွှမ် တာအိုနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိများသည် ယခင်က ထို ဧကရာဇ် အမိန့်တော်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

အကယ်၍ တစ်ဖက်လူက နတ်ဘုရားသားတော် ကို မလေးမစား လုပ်သည်ဟု သူတို့၏ ခရမ်းကောင်းကင်ဘုံဂိုဏ်းကို စွပ်စွဲမည်ဆိုလျှင် သူတို့၏ခရမ်းကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးသည် နေရာတွင်ပင် ကောင်းကင်ဘုံသို့ တက်လှမ်းသွားပေလိမ့်မည်။

ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ ရာထူးမြင့် အကြီးအကဲများအားလုံး ထွက်သွားပြီးနောက်ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ ထိပ်တန်း ပါရမီရှင် အများအပြားသည် သူတို့၏တွေဝေမိန်းမောနေမှုမှ ပြန်လည်အသိဝင်လာကြသည်။

"အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော် ခုံးဝူတောက်လား..."

"လွန်ခဲ့တဲ့ သိပ်မကြာခင်အချိန်က ကောင်းကင်ဘုံတွေနဲ့ အင်္သချေနယ်ပယ်များကို အချိန်လေဟာနယ် တားမြစ်နယ်မြေက အထူးထုတ်ပြန်ကြေညာခဲ့တဲ့ တည်ရှိမှုလား..."

ပါရမီရှင်အများအပြား ဆွေးနွေးနေကြစဉ်တွင် လျှိုချင်းချန် သည်လည်း သူမ၏တွေဝေမိန်းမောနေမှုမှ လျင်မြန်စွာ ပြန်လည်၍အသိဝင်လာသည်။

"အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်... ခုံးဝူတောက် လား..."

သူမထံတွင် အမြဲတစေ နိမိတ်မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ရှိနေခဲ့သည်။

ယွင်ရှောင်၏သေဆုံးမှုသည် သူနှင့် ဆက်စပ်နေနိုင်ခြေ အလွန်များသည်။

လျှိုချင်းချန်သည် အံ့ကြိတ်ကာ ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ခရမ်းကောင်းကင်ဘုံဂိုဏ်း ၏အပြင်ဘက်သို့ အပြေးအလွှား သွားရောက်ခဲ့သည်။

ဤသည်ကို မြင်သောအခါ အကြောက်တရားထက် စူးစမ်းလိုစိတ် ပို၍ကြီးမားသော ခရမ်းကောင်းကင်ဘုံဂိုဏ်းမှ ပါရမီရှင် အများအပြားသည်လည်း သူတို့၏စူးစမ်းလိုစိတ်ကို မဖိနှိပ်နိုင်တော့ဘဲ ဂိုဏ်း၏အပြင်ဘက်သို့ အလားတူ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

နှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ကျင်းပသော ခရမ်းကောင်းကင်ဘုံ လျှို့ဝှက်နယ်မြေဖွင့်ပွဲ အခမ်းအနားနှင့် ပတ်သက်၍မူ...

ခရမ်းကောင်းကင်ဘုံဂိုဏ်းသည် ထိုအရာကို ကျင်းပရန် ရည်ရွယ်ချက် မရှိတော့ဘဲ ဆက်လက်ကျင်းပရန် သတ္တိလည်း ပို၍ပင် မရှိတော့ပေ။

အကယ်၍ ဤကိစ္စကြောင့် သူတို့က မရည်ရွယ်ဘဲ ခုံးဝူတောက်ကို စော်ကားမိမည်ဆိုလျှင် သူတို့သည် အမှန်တကယ်ကို ပြီးဆုံးသွားပေလိမ့်မည်။

............

အခန်း (၆၄) ရုပ်ခန္ဓာကိုယ်ရဲ့ တာအိုနားလည်သဘောပေါက်ခြင်း.. အိပ်မက်တွေကနေတစ်ဆင့် တာအိုထဲကို ဝင်ရောက်ခြင်း

ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ အပြင်ဘက်တွင်. ..

ဝုန်း...

ဟင်းလင်းပြင် တုန်ယင်သွားပြီး မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။

တောက်ပသော အလင်းတန်းများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ ကာကွယ်ရေး ဝင်္ကပါ အပြင်ဘက်တွင် ဆင်းသက်လာသည်။

သူတို့ ဆင်းသက်လာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် ကြီးမားသော ကာကွယ်ရေးဝင်္ကပါတစ်ခုလုံးကိုပင် သက်ရောက်မှု ရှိစေပြီး အချိန်မရွေး ပြိုကျသွားနိုင်သည့်အလား ဟိန်းဟောက်ကာ တုန်ခါသွားစေခဲ့သည်။

ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ အစောင့်အများအပြားသည် ယခင်က အသံကို ကြားခဲ့ပြီးဖြစ်ကာ သူတို့၏လက်နက်များကို အလျင်အမြန် ချထားပြီး ခုံးဝူတောက်ရှိရာဘက်သို့ နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကြ၏။

"ဂါရဝပြုပါတယ်... နတ်ဘုရားသားတော် ဝူတောက်ကို ဂါရဝပြုပါတယ်..."

သူတို့၏အသံများ အဆုံးသတ်သွားသည်နှင့် တပြိုင်နက် တောက်ပသော အလင်းတန်း အနည်းငယ်သည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ခုံးဝူတောက်နှင့်မနီးမဝေးတွင် တိုက်ရိုက်ဆင်းသက်လာသည်။

လျှိုဝူယာသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများ၏ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော ခုံးဝူတောက်ကို ချက်ချင်းနီးပါး သတိပြုမိသည်။

ခုံးဝူတောက်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ထူးကဲပြီး လောကီနှင့်ကင်းကွာကာ အာဏာရှင်ဆန်သော အဆင့်မြင့်လူတစ်ဦး၏ အရှိန်အဝါကို မြင်လိုက်ရသဖြင့် ထိုလူငယ်၏အထောက်အထားကို သူ ခန့်မှန်းမိလိုက်သည်။

လျှိုဝူယာနှင့် ခရမ်းကောင်းကင်ဘုံဂိုဏ်းမှ ရာထူးမြင့် အကြီးအကဲများသည် ရိုင်းစိုင်းစွာ မနေရဲဘဲ နှုတ်ဆက်သည့်အနေဖြင့် လက်နှစ်ဖက်ကို အလျင်အမြန် ပူးဆုပ်လိုက်ကြသည်။

"ခရမ်းကောင်းကင်ဘုံဂိုဏ်းချုပ် လျှိုဝူယာက ခရမ်းကောင်းကင်ဘုံဂိုဏ်းရဲ့ ရာထူးမြင့် အကြီးအကဲတွေကို ဦးဆောင်ပြီး နတ်ဘုရားသားတော်ဝူတောက်ရဲ့ ရောက်ရှိလာမှုကို အထူးကြိုဆိုပါတယ်..."

"နတ်ဘုရားသားတော်ဝူတောက် ဒီနေရာကို ရောက်လာမယ်ဆိုတာ ကျွန်တော်တို့ ကြိုမသိခဲ့ပါဘူး... တကယ်လို့ ပေါ့ဆမှု တစ်ခုခု ရှိခဲ့ရင် ကျေးဇူးပြုပြီးတော့ နတ်ဘုရားသားတော် ဝူတောက်က ခွင့်လွှတ်ပေးပါ..."

ကောလာဟလများအရ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်သည် သွေးဆူလွယ်သော ပုဂ္ဂိုလ်တစ်ဦးပင်။

ယခုချိန်၌ သူ ရောက်ရှိလာပြီဖြစ်ရာ သူတို့၏ ခရမ်းကောင်းကင်ဘုံဂိုဏ်းသည် သူ့ကို ကြိုဆိုရန် ကြိုတင်၍ထွက်မလာခဲ့မိချေ။ ဤကိစ္စက လျှိုဝူယာကို အနည်းငယ် စိုးရိမ်ပူပန်စေခဲ့သည်မှာ သေချာပေါက်ပင်။

ကြိုတင်အသိပေးခြင်းမရှိဘဲ လာရောက်လည်ပတ်ခဲ့သူမှာ ခုံးဝူတောက် ဖြစ်သော်လည်း၊ သူ စောဒကမတက်ဝံ့သလို တစ်ဖက်လူနှင့် ယဉ်ကျေးမှုအကြောင်း ပြောဆိုရန်လည်း အရည်အချင်း မပြည့်မီပေ။

မည်သို့ပင်ဆိုစေကာမူ ယဉ်ကျေးမှု သည် တူညီသော စွမ်းအားအပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပေ၏။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အမြင်တွင် သူတို့၏ခရမ်းကောင်းကင်ဘုံဂိုဏ်းသည် အလွန်အမင်း အားနည်းသော ဂိုဏ်းတစ်ဂိုဏ်းမျှသာ ဖြစ်ပေမည်။

တိမ်များအထက်တွင် ရပ်တည်နေသော ခုံးဝူတောက်ကဲ့သို့ တည်ရှိမှုတစ်ခုကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။

တစ်ဖက်လူသည် သူတို့ကို ယဉ်ကျေးမှု ပြသရန် မလိုအပ်သလို ပြသရန်လည်း အကြောင်းအရင်း မရှိပေ။

တစ်ချိန်တည်းမှာပင် ခရမ်းကောင်းကင်ဘုံဂိုဏ်း မှပါရမီရှင်အများအပြားသည် သူတို့၏ စူးစမ်းလိုစိတ်ကို ဖုံးကွယ်မထားနိုင်ဘဲ ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ ရာထူးမြင့် အကြီးအကဲများ၏နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ကြသည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့သည်လည်း ဂိုဏ်းတံခါး၏နောက်တွင် ပုန်းကွယ်နေပြီး ခုံးဝူတောက်ရှိရာဘက်သို့ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။

အဝေးကြီးမှပင် တစ်ဖက်လူထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို အာရုံခံမိသဖြင့် ပါရမီရှင် အများအပြား၏နှလုံးသားများ ကဆုန်စိုင်းမခုန်ပေါက်ဘဲ မနေနိုင်ခဲ့ပေ။

"အဲ့ဒီ မိုးပြာနဂါးပေါ်မှာ မတ်တတ်ရပ်နေတာက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်... ခုံးဝူတောက်လား..."

"သူက ဘယ်ကျင့်ကြံဆင့်နယ်ပယ်မှာ ရှိနေတာလဲ... ဒီလောက်အဝေးကြီးကနေတောင် သူ ထုတ်လွှတ်လိုက်တဲ့ အရှိန်အဝါက ဘာလို့ ငါ့ရဲ့နှလုံးသားကို ဒီလောက်မြန်မြန် ခုန်စေရတာလဲ..."

"ခုံးဝူတောက်က အရင်က ဖရိုဖရဲ မြင့်မြတ်နယ်မြေမှာ ရှိနေတာ မဟုတ်ဘူးလား... ဘာလို့ သူက အခု ငါတို့ရဲ့ ခရမ်းကောင်းကင်ဘုံဂိုဏ်း ကို လာရတာလဲ... သူ ဘာလုပ်ချင်လို့လဲ..."

ခရမ်းကောင်းကင်ဘုံဂိုဏ်း၏ ပါရမီရှင် အများအပြားသည် အနည်းငယ် သက်သောင့်သက်သာ မရှိဖြစ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ယခင်က ဖရိုဖရဲ မြင့်မြတ်နယ်မြေအထက်တွင် ခုံးဝူတောက် ဆင့်ခေါ်ခဲ့သော ဧကရာဇ်အမိန့်တော်ကို မြောက်ဘက်ရွှမ်တာအိုနယ်မြေရှိ သက်ရှိအားလုံး မြင်တွေ့ခဲ့ရသည်။

ထို့ပြင် ချက်ချင်းဆိုသလိုပင် ဖရိုဖရဲ မြင့်မြတ်နယ်မြေသည် အကြောင်းအရင်း မသိရဘဲ ခုံးဝူတောက်ထံ အညံ့ခံကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုချိန်၌ တစ်ဖက်လူသည် ကြိုတင်အသိပေးခြင်းမရှိဘဲ သူတို့၏ခရမ်းကောင်းကင်ဘုံဂိုဏ်း သို့ ရုတ်တရက် ရောက်ရှိလာခဲ့လေပြီ။

ဖြစ်နိုင်သည်မှာ သူသည်လည်း အင်အားကို အသုံးပြုချင်ပြီး ဖရိုဖရဲ မြင့်မြတ်နယ်မြေကဲ့သို့ အညံ့ခံရန် သူတို့ကို အတင်းအကြပ် ဖိအားပေးလိုခြင်း ဖြစ်သလော...

ပါရမီရှင်အများအပြား ဆွေးနွေးနေကြစဉ်တွင်...

လူအုပ်ထဲတွင် လျှိုချင်းချန်သည် နှုတ်ခမ်းကိုက်ထားပြီး သူမ၏မျက်လုံးများ တောက်ပနေကာ အဝေးရှိ ခုံးဝူတောက်ကို စူးစိုက်၍ကြည့်နေသည်။

အဝေးကြီး၌ ရှိနေသော်လည်း သူ့ထံမှနေ၍ ရင်းနှီးသော အရှိန်အဝါတစ်ခုကို သူမ ခံစားနေရဆဲပင်။

ဤသည်မှာ သူမ သဘောကျရသော ယွင်ရှောင် ၏အရှိန်အဝါပင်။

တစ်ချိန်တည်းမှာပင် အလွန်နိမိတ်မကောင်းသော ကြိုတင်ခံစားမှုတစ်ခုက သူမ၏ နှလုံးသားထဲတွင် ပေါက်ဖွားလာသည်။

ယွင်ရှောင်သည် ခုံးဝူတောက်၏အဆိပ်ပြင်းသော လက်များဖြင့် ကံမကောင်း အကြောင်းမလှစွာ အဆုံးသတ်သွားနိုင်ခြေ အလွန်များပေ၏။

ဤအချိန်အခိုက်အတန့်တွင် လျှိုဝူယာက ခုံးဝူတောက်ကိုကြည့်ပြီး ရိုသေလေးစားစွာဖြင့် နောက်တစ်ကြိမ် မေးမြန်းလိုက်သည်။

"နတ်ဘုရားသားတော် ဝူတောက်... ငါတို့ရဲ့ ခရမ်းကောင်းကင်ဘုံဂိုဏ်းကို အရှသ် ရောက်ရှိလာတာက ငါတို့ရဲ့ဂိုဏ်းက အရှင်အတွက် လုပ်ပေးနိုင်တာ တစ်ခုခုများ ရှိလို့လား..."

ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ခုံးဝူတောက်ကဲ့သို့ အရေးပါသောပုဂ္ဂိုလ်များ သူ၏ ခရမ်းကောင်းကင်ဘုံဂိုဏ်းသို့ ရောက်လာခြင်းမှာ အကြောင်းအရင်းတစ်ခု ရှိမည်ကို လျှိုဝူယာက သဘာဝကျကျ သိထားသည်။

ဤစကားကို ကြားသောအခါ ခုံးဝူတောက် ရပ်တန့်သွားပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ဒါက ကိစ္စကြီးတော့ မဟုတ်ပါဘူး...ငါ ဒီကို လာတာက လျှိုချင်းချန် ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ကို ရှာဖို့ပဲ..."

ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အနေခက်စွာ ပြုံးနေသော လျှိုဝူယာသည် ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။

လျှိုချင်းချန်ဟု ဆိုသလော...

ဤသည်မှာ သူ၏သမီး မဟုတ်လော...

ခုံးဝူတောက်သည် သူ၏သမီးနှင့် မည်သည့်ကိစ္စရှိသနည်း...

လျှိုချင်းချန်ကို ဤနှစ်များတစ်လျှောက် သူက သေချာစွာ ကာကွယ်ပေးထားခဲ့ပြီး ကျိုးပဲ့သွားမည်ကို စိုးရိမ်၍ လက်ဝါးပေါ် တင်ထားကာ အရည်ပျော်သွားမည်ကို စိုးရိမ်၍ ပါးစပ်ထဲ ငုံထားခဲ့ခြင်းဖြစ်သည်။

သူမသည် မြောက်ဘက်ရွှမ် တာအိုနယ်မြေမှ ဘယ်သောအခါမှ မထွက်ခွာဖူးသဖြင့် ခုံးဝူတောက်သည် သူ့သမီး၏အမည်ကို မည်သို့ သိရှိနေရသနည်း။

အကြောင်းပြချက်တစ်ခု စဉ်းစားရန် အချိန်မရလိုက်မီမှာပင်...

ကြည်လင်ပြီး အေးစက်သော အသံတစ်သံက ကောင်းကင်ယံမှ အရင်ဆုံး ထွက်ပေါ်လာသည်။

"နတ်ဘုရားသားတော်ဝူတောက်က ချင်းချန်ရဲ့ နာမည်ကို သိနေတာက ကျွန်မ တကယ်ကို ကံကောင်းတာပဲ..."

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ပေါ်လာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... စနစ်က သူကို သခင် အတွက် မှတ်သားထားပြီးပါပြီ... ကျေးဇူးပြုပြီး စစ်ဆေးပေးပါ...]

ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်တန်းသည် ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ခုံးဝူတောက်၏ရှေ့တွင် အလျင်အမြန် ဆင်းသက်လိုက်၏။

သူမ၏နံဘေးပတ်လည်ရှိ ကြီးမားသော အလင်းဝန်း ပျောက်ကွယ်သွားသည်နှင့်အမျှ အတွင်းရှိ ကျော့ရှင်းသောပုံရိပ် ဖြည်းညှင်းစွာ ပေါ်လွင်ထင်ရှားလာသည်။

ထိုအမျိုးသမီးသည် ဝတ်စုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏အသားအရေသည် ခဲနေသော အဆီများကဲ့သို့ လှပပြီး ဆွဲဆောင်မှုရှိကာ မြို့ကို ဖြိုဖျက်နိုင်လောက်အောင် လှပသောဟု အဓိပ္ပါယ်ရသည့် ချင်းချန်ဟူသောအမည်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီသည်။

"ချင်းချန်... သမီးက ဘယ်လိုလုပ်..."

သူ၏သမီး ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်သောအခါ လျှိုဝူယာသည်လည်း အနည်းငယ် ပြာယာခတ်သွားသည်။

သူသည် အခြေအနေကိုပင် နားမလည်သေးသော်လည်း သူ၏သမီးသည် မည်သို့ အလျင်အမြန် ထွက်ပေါ်လာရသနည်း။

အကယ်၍ ခုံးဝူတောက်က သူ၏သမီးကို သဘောကျသွားပါက ဖခင်တစ်ယောက်အနေဖြင့် သူသည် မည်သို့သော ရွေးချယ်မှုမျိုး လုပ်ရမည်နည်း။

သူမဖခင်၏ စဉ်းစာတွေးတောနေများနှင့် နှိုင်းယှဉ်လျှင်....

ယခုအချိန်၌ ခုံးဝူတောက်၏ရှေ့တွင် မတ်တတ်ရပ်နေသော လျှိုချင်းချန်သည် သူမကို တုန်ယင်သွားစေသော မမြင်ရသည့် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

သို့သော် သူမသည် သူမ၏နှလုံးသားထဲရှိ စိတ်ခံစားမှုများကို အတတ်နိုင်ဆုံး ဖိနှိပ်ရန် ကြိုးစားခဲ့ပြီး သူမ၏မျက်နှာသွင်ပြင်များက ခုံးဝူတောက်အပေါ် မည်သည့် အကြောက်တရားမျှ မပြသခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမကိုယ်တိုင်ကိုယ်ကျ အတည်ပြုရန် လိုအပ်သည့် အလွန်အရေးကြီးသော ကိစ္စတစ်ခု သူမထံတွင် ရှိနေသည်။

သူမ သဘောကျရသောသူဖြစ်ကာ သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်သော ယွင်ရှောင်သည် ခုံးဝူတောက်၏ အဆိပ်ပြင်းသော လက်များဖြင့် အမှန်တကယ်ပင် သေဆုံးသွားခဲ့သလော...

ခုံးဝူတောက်က သူမ၏ စူးစမ်းသော အကြည့်ကို သိပ်ဂရုမစိုက်ခဲ့ချေ။

ထိုအစား သူမ၏ခေါင်းပေါ်ရှိ အချက်အလက်ဇယားကို သူ စစ်ဆေးလိုက်၏။

[အမည်: လျှိုချင်းချန်]

[ကိုယ်ပိုင်အမှတ်အသား: ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး...ခရမ်းကောင်းကင်ဘုံဂိုဏ်းချုပ် ရဲ့ သမီး]

[နယ်ပယ်: တာအိုနန်းတော်နယ်ပယ် အဆင့်ရှစ်]

[ရုပ်ခန္ဓာကိုယ်: တာအိုဥာဏ်အလင်းပွင့်ခြင်း သူတော်စင်ရုပ်ခန္ဓာကိုယ် (မျိုးဗီဇပြောင်းလဲခြင်း) · ကဏဦးအဆင့် (တာအိုဥာဏ်အလင်းပွင့်ခြင်း သူတော်စင်ရုပ်ခန္ဓာကိုယ် မှာ တစ်သန်းမှာ တစ်ယောက်သာ ရှိတဲ့ နတ်ဘုရားစွမ်းရည် ကို အောင်မြင်စွာ နိုးထနိုင်ခဲ့တယ်: တာအိုဥာဏ်အလင်းပွင့်ခြင်း အိပ်မက်)]

[ကျင့်စဉ်: ခရမ်းကောင်းကင်ဘုံ နှလုံးသားကျမ်းစာ မဟာနက်နဲသိမ်မွေ့ ဓားနည်းစနစ် နက်နဲသိမ်မွေ့ အပျိုစင် မြင့်မြတ်ကျင့်စဉ်...]

[ကောင်းကင်အမိန့်တော်အမှတ်: ၇၀၀၀]

[ရရှိနိုင်သော မဟာတာအို အပိုင်းအစများ: ဓားမဟာတာအို အပိုင်းအစ ရေမဟာတာအို အပိုင်းအစ ပုံရိပ်ယောင်အိပ်မက် မဟာတာအို အပိုင်းအစ...]

မျိုးဗီဇပြောင်းလဲထားသော တာအိုဥာဏ်အလင်းပွင့်ခြင်း သူတော်စင်ရုပ်ခန္ဓာကိုယ် ဖြစ်နေသလော...

ထို့အပြင် ဤသည်က ထူးခြားသော တာအိုဥာဏ်အလင်းပွင့်ခြင်းအိပ်မက် နတ်ဘုရားစွမ်းရည် ကိုပင် နိုးထစေခဲ့သလော...

ခုံးဝူတောက်သည် ဤတာအိုဥာဏ်အလင်းပွင့်ခြင်း သူတော်စင်ရုပ်ခန္ဓာကိုယ်ဟုခေါ်သော အရာအကြောင်း အနည်းငယ် သိရှိထားသည်။

ရှေးဟောင်းမှတ်တမ်းများအရ တာအိုဥာဏ်အလင်းပွင့်ခြင်း သူတော်စင်ရုပ်ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအို ကို နားလည်သဘောပေါက်ရန် ရည်ရွယ်ချက်ဖြင့် မွေးဖွားလာခြင်းပင်။ ဤရုပ်ခန္ဓာကိုယ်ကို နိုးထလာသူများသည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုနှင့် ပို၍ရှင်းလင်းစွာ ဆက်သွယ်နိုင်ပေမည်။

တာအိုဥာဏ်အလင်းပွင့်ခြင်း သူတော်စင်ရုပ်ခန္ဓာကိုယ်သည် ထိုအရာကို ပိုင်ဆိုင်သူအား အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ စွမ်းအားကို ပေးစွမ်းနိုင်သည့် ဖရိုဖရဲရုပ်ခန္ဓာကိုယ်လောက် အစွမ်းမထက်သော်လည်း...

သို့သော် ထိုအရာသည် ကံကောင်းသော နတ်ဘုရားစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားပြီး ထိုအရာမှာ ဤတာအိုဥာဏ်အလင်းပွင့်ခြင်း အိပ်မက်ဟု ခေါ်ဆိုသော အရာပင်။

တာအိုဥာဏ်အလင်းပွင့်ခြင်းအိပ်မက်...

တာအိုဥာဏ်အလင်းပွင့်ခြင်း သူတော်စင်ရုပ်ခန္ဓာကိုယ်ကို နိုးထလာသော ကျင့်ကြံသူများသည် ဉာဏ်အလင်းပွင့်ခြင်းဖြင့် ကျင့်ကြံနေစဉ်တွင် တာအိုဥာဏ်အလင်းပွင့်ခြင်း အိပ်မက် နယ်ပယ်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေးတချို့ရှိသည်။

အကယ်၍ သူတို့ ကံကောင်းမည်ဆိုလျှင် ဤ အိပ်မက်နယ်ပယ်တွင် ဧကရာဇ်၏လမ်းညွှန်မှုကို ရရှိရန်ပင် အခွင့်အရေး ရှိပေ၏။

All Chapters