← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အပိုင်း (၅၅)

‘ချက်ချင်း သေဒဏ်ပေးမယ် ဟုတ်လား။ ဒီထောင်ထဲမှာတင် ငါ ယွင်အောက်ထျန်းကို သတ်တော့မလို့လား။’

ယွင်ကျုံးဟဲ့သည် လက်နှစ်ဖက်ကို အမြန်မြှောက်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ကျုပ်... ကျုပ် အပြစ်ကို ဝန်ခံပါ့မယ်။ ကျင်းကျုံးယွဲ့ကို သစ္စာဖောက်ပါ့မယ်။ သခင်မနင်ချင်း ရှေ့မှာ အကုန် ဖွင့်ချပါ့မယ်။ အမှိုက်ပုံကို ကျင်းကျုံးယွဲ့ ခေါင်းပေါ် တင်ပေးပါ့မယ်။ ဒါဆိုရင် လေခွင်းမြို့ သေချာပေါက် ပျက်စီးသွားမှာပါ။ ကျုပ်က ကျင်ယီဝေ တတိယ တပ်မှူးချုပ်လေ။ ကျုပ်စကားက ပိုလေးနက်မှာပါ။”

စစ်သည်က အေးစက်စွာ ပြုံးလိုက်၏။ “မင်းက တော်တော် ဉာဏ်ကောင်းတဲ့လူပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျင်းကျုံးယွဲ့ကို သစ္စာဖောက်ပြီး စွပ်စွဲလိုက်ရင် ကျုပ် အသက်ရှင်ခွင့် ရမယ် မဟုတ်လား။”

စစ်သည်က ဖြေလိုက်၏။ “ဒါပေါ့။ အသက်ရှင်ခွင့် ရရုံတင် မကဘူး။ ငွေတွေ အများကြီးပါ ရအုံးမှာ...”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရာရှိ ဆက်လုပ်ခွင့် ရမလား။”

စစ်သည်၏ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် ရယ်မောက ပြောလိုက်၏။ “စဉ်းစားပေးလို့ ရပါတယ်။ ဒါပေမဲ့ ကောင်းကျိုးကြီးကြီး တစ်ခုတော့ လုပ်ရလိမ့်မယ်။ အခု မင်းကို သခင်မနင်ချင်းနဲ့ မဟာမိတ်အဖွဲ့က အရာရှိတွေဆီ ခေါ်သွားမယ်။ ဘယ်လို ပြောရမလဲ ဆိုတာ သိတယ် မဟုတ်လား။”

ယွင်ကျုံးဟဲ့က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ “သိပါတယ်။ သိပါတယ်။”

စစ်သည်က သတိပေးလိုက်၏။ “တစ်ခုပဲ မှတ်ထား။ မင်းခေါင်းကို လေးနဲ့ အမြဲတမ်း ချိန်ထားလိမ့်မယ်။ စကားတစ်လုံး မှားတာနဲ့ ချက်ချင်း သေမယ်။ အသက်ရှူချိန်တောင် ရမှာ မဟုတ်ဘူး။ နားလည်လား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နားလည်ပါပြီ။ ကျုပ်က ကြက်ကလေး တစ်ကောင်တောင် မသတ်နိုင်တဲ့လူပါ။ ကျုပ် ဘာပဲလုပ်လုပ် ခင်ဗျားတို့ သတ်ချင်ရင် သတ်လို့ ရနေတာပဲ။”

စစ်သည်က ယွင်ကျုံးဟဲ့ကို ထောင်ထဲမှ ခေါ်ထုတ်သွား၏။

ရဲတိုက် တစ်ခုလုံး လုံခြုံရေး တင်းကျပ်ထားပြီး နေရာတိုင်းတွင် စစ်သည်များ ရှိနေသည်။ အခြေအနေ ပိုမို တင်းမာလာပုံ ရသည်။

.................

နင်ချင်း၏ စာကြည့်ခန်းသို့ နောက်တစ်ကြိမ် ရောက်လာ၏။

အခန်းကို သန့်ရှင်းရေး လုပ်ထားပြီး ဖြစ်သည်။ အမွှေးနံ့သာများ ထွန်းထားသည်။

လိုက်ကာ အပြင်ဘက်တွင် အရာရှိအချို့ ထိုင်နေကြသည်။ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ပုံရ၏။

တံခါးဝတွင် အထူးစစ်သည် ၄ ဦး ရပ်စောင့်နေသည်။

အခန်းလယ်တွင် ဒဏ်ရာဗရပွနှင့် အမျိုးသမီး ၂ ဦး ဒူးထောက်နေ၏။

‘ဒါ ဖမ်းမိထားတဲ့ သူလျှိုတွေလား။’

ကုတင်ပေါ်တွင် နင်ချင်း ငြိမ်သက်စွာ ထိုင်နေသည်။

ယွင်ကျုံးဟဲ့ကို အခန်းထဲ တွန်းပို့လိုက်ကြ၏။

နင်ချွဲ့က စာအုပ်တစ်အုပ်ကို ယွင်ကျုံးဟဲ့ ရှေ့သို့ ပစ်ချလိုက်သည်။ လျှို့ဝှက် သင်္ကေတများဖြင့် ရေးသားထားသော စာအုပ်ဖြစ်သည်။

“ယွင်အောက်ထျန်း... ရှင့်ရှေ့မှာ ဒူးထောက်နေတဲ့ မိန်းမ ၂ ယောက်က သခင်မနားမှာ ပုန်းနေတဲ့ သူလျှိုတွေပဲ။ တစ်ယောက်က မီးဖိုချောင်က၊ တစ်ယောက်က သန့်ရှင်းရေးသမား။ ဒါ သူတို့ မှတ်တမ်းတင်ထားတဲ့ စာအုပ်ပဲ။”

နင်ချွဲ့က အေးစက်စွာ ပြောလိုက်၏။ “သခင်မကို အဆိပ်ခတ်တာ ဒီ ၂ ယောက်ပဲ ဖြစ်ရမယ်လို့ သံသယ ရှိတယ်။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေသည်။

နင်ချွဲ့က မေးလိုက်၏။ “ရှင်က ကျင်ယီဝေ တတိယ တပ်မှူးချုပ်ပဲ။ ဒီသင်္ကေတတွေကို နားလည်မှာပါ။ ပြောစမ်း။ ဒါ ဘာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဒါ... ဒါ လေခွင်းမြို့ သွေးနက်ဂိုဏ်းရဲ့ လျှို့ဝှက်ကုဒ်တွေပါ။ သခင်မရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားတာပါ။ ဥပမာ - မျက်နှာအရောင်၊ ဆံပင်ကျွတ်တာ၊ ရာသီလာတာ စသဖြင့်ပေါ့။”

နင်ချွဲ့က အတည်ပြုလိုက်၏။ “ဒါဆိုရင် ဒီ ၂ ယောက်က လေခွင်းမြို့က လွှတ်လိုက်တဲ့ သူလျှိုတွေ ဆိုတာ သေချာတာပေါ့။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ သူတို့က သွေးနက်ဂိုဏ်းရဲ့ သူလျှိုတွေပါ။”

နင်ချွဲ့၏ မျက်နှာထား ပြောင်းလဲသွား၏။ “ထင်တဲ့အတိုင်းပဲ။ ယွင်အောက်ထျန်း... ရှင် အသက်ရှင်ချင်ရင် အပြစ်ကို ဆေးကြောတဲ့ အနေနဲ့ အကုန်လုံး ဖွင့်ပြောပြရမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျုပ်တို့က အရင်ဆုံး လူလွှတ်ပြီး သခင်မကို အဆိပ်ခတ်ခိုင်း ပါတယ်။ ပြီးတော့မှ ကျုပ်က လာကယ်ပါတယ်။ ဒါမှ သခင်မက ကျေးဇူးတင်ပြီး အစီရင်ခံစာ ရေးတဲ့အခါ ကျုပ်တို့ဘက် ပါလာမှာပေါ့။ ပြီးတော့ အဆိပ်ခတ်တဲ့ အမှုကို ရှီးယွီမြို့က မော့မျိုးနွယ်စုအပေါ် လွှဲချလို့ ရမှာပါ။”

“တကယ့်ကို ယုတ်မာတဲ့ အကြံအစည်ပဲ။” နင်ချွဲ့က ပြောလိုက်၏။

ထို့နောက် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။ “ပြီးတော့ ရှင်ရေးတဲ့ သခင်ကြီးထိုက်အာ ကဗျာကလည်း ကြိုတင် ပြင်ဆင်ထားတာ မဟုတ်လား။ ချက်ချင်း ရေးတာ မဟုတ်ဘူး မလား။ တကယ်တော့ ရှင်ရေးတာတောင် မဟုတ်ဘူး မလား။”

ယွင်ကျုံးဟဲ့ ကြောင်အသွားသည်။ ‘ကျင်းကျုံးယွဲ့ကို သစ္စာဖောက်ခိုင်းရုံတင် မကဘူး။ ကျုပ်ရဲ့ ပါရမီရှင် ဂုဏ်ပုဒ်ကိုပါ ဖျက်ဆီးပစ်မလို့လား။’

“ယွင်အောက်ထျန်း... ဟုတ်လား၊ မဟုတ်လား ဖြေစမ်း။”

နင်ချွဲ့က မေးလိုက်၏။ “အသက်ရှင်ချင်ရင် အမှန်အတိုင်း ပြော...”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ အဲဒီကဗျာက ကျုပ် ရေးတာ မဟုတ်ပါဘူး။ အစက ရွတ်ပြတဲ့ ရိုင်းပျတဲ့ ကဗျာကအစ ကြိုတင် စီစဉ်ထားတာပါ။ သခင်ကြီးထိုက်အာ ကဗျာကလည်း ကျင်းကျုံးယွဲ့ရဲ့ ပညာရှင်တွေ ရေးပေးထားတာပါ။ သခင်မအတွက် သီးသန့် ရေးပေးထားတာပါ။ ကျုပ်က စာမတတ်ပါဘူး။ သူတောင်းစားပါ။”

အမှန်စင်စစ် ထိုကဗျာမှာ ယွင်ကျုံးဟဲ့ကိုယ်တိုင် ရေးသားခဲ့ခြင်းပင်။ တစ်မိနစ်မျှသော အချိန်အတွင်း သူ၏ဉာဏ်ကို အစွမ်းကုန်ကွန့်မြူးကာ ရေးဖွဲ့လိုက်ခြင်း ဖြစ်၏။

နင်ချွဲ့က ထပ်မေးလိုက်သည်။ “ဒါတွေ အားလုံးက သခင်မလေးကို အထင်ကြီးအောင် လုပ်ပြီး မျက်နှာရအောင် ကြံစည်တာ မဟုတ်လား။”

ယွင်ကျုံးဟဲ့က ဝန်ခံလိုက်၏။ “ဟုတ်ပါတယ်။”

နင်ချွဲ့ သခင်မဘက် လှည့်ပြီး ဦးညွှတ်လိုက်သည်။ “သခင်မလေး... အခု အမှန်တရား ပေါ်ပါပြီ။ လေခွင်းမြို့စား ကျင်းကျုံးယွဲ့က ယုတ်မာကောက်ကျစ်ပြီး သခင်မလေးကို ထောင်ချောက်ဆင်ခဲ့ပါတယ်။ သခင်မလေးရဲ့ စာပေ ချစ်မြတ်နိုးစိတ်ကို အခွင့်ကောင်းယူပြီး ပျားရည်ထောက်ချောက်နဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပါတယ်။”

ကုတင်ပေါ်တွင် ခြင်ထောင်ချထားသောကြောင့် နင်ချင်း၏ ပုံသဏ္ဌာန်ကို ဝေဝါးဝါးသာ မြင်ရ၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူမ၏ အသက်ရှူသံ မြန်လာသည်။ ဒေါသထွက်နေပုံ ရသည်။

နင်ချွဲ့က မေးလိုက်၏။ “သခင်မလေး... ဘယ်လို စီရင်မလဲ။”

ခဏကြာချိန်မှာတော့ နင်ချင်း၏ အသံထွက်လာသည်။ “အားလုံး ထွက်သွားကြ... ယွင်အောက်ထျန်းနဲ့ နင်ချွဲ့ပဲ နေခဲ့။”

အားလုံး ထွက်သွားကြ၏။

နင်ချင်းက မေးလိုက်သည်။ “ယွင်အောက်ထျန်း... ရှင် သေချာရဲ့လား။ အဲဒီကဗျာက ကြိုတင် ပြင်ဆင်ထားတာလား။ ရှင် ရေးတာ မဟုတ်ဘူးလား။”

ယွင်ကျုံးဟဲ့၏ နောက်ကျောဘက် မီတာ ၅၀ အကွာတွင် လေးသမားတစ်ဦးက မြားဖြင့် ချိန်ရွယ်ထား၏။

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ အားလုံးက ကြိုတင် စီစဉ်ထားတာပါ။ လေခွင်းမြို့ရဲ့ လှည့်ကွက်ပါ။”

“ယုတ်မာလိုက်တာ။ အရှက်မရှိလိုက်တာ။” နင်ချင်း တုန်ယင်စွာ ရေရွတ်လိုက်၏။

“သခင်မလေး... ဒီလို လူယုတ်မာတွေကြောင့် ကျန်းမာရေး မထိခိုက်ပါစေနဲ့။”

နင်ချွဲ့က ပြောလိုက်သည်။ “ဒီယွင်အောက်ထျန်းကို ဘယ်လို လုပ်မလဲ။”

“သူ့ကို ထမင်းဝအောင် ကျွေးလိုက်။ ပြီးရင် အနောက်ဘက် ထင်းမီးဖိုဆောင်ကို ခေါ်သွားပြီး သတ်လိုက်။ မင်းကိုယ်တိုင် လုပ်... ဘယ်သူမှ မသိစေနဲ့။ သူက ကျင်ယီဝေ အရာရှိ ဖြစ်နေတယ်။”

နင်ချင်းက ထပ်ပြောလိုက်၏။ “ထင်းမီးဖိုဆောင်ကို ခေါ်သွားပြီး သတ်နော်။ ဘယ်သူမှ မမြင်စေနဲ့။”

နင်ချွဲ့က ပြောလိုက်သည်။ “ကောင်းပါပြီ။”

ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်၏။ “မတရားဘူး။ မတရားဘူး။ သခင်မ... ဝန်ခံရင် အသက်ချမ်းသာပေးမယ် ပြောထားတယ်လေ။”

သို့သော်ငြား နောက်တစ်စက္ကန့်တွင် ပါးစပ်ပိတ်ခံလိုက်ရသည်။

“ကျွန်မ သွားစီစဉ်လိုက်ပါ့မယ်။” နင်ချွဲ့က ယွင်ကျုံးဟဲ့ကို ဆွဲခေါ်သွား၏။

.................

ယွင်ကျုံးဟဲ့သည် အခန်းငယ်လေး တစ်ခုထဲသို့ ရောက်သွားပြန်သည်။

သူ့ရှေ့တွင် ကြက်သား၊ ဘဲသား၊ ငါး၊ အသားဟင်းများနှင့် အရက်တစ်အိုး တည်ခင်းထား၏။

‘ဒါ နောက်ဆုံးညစာပေါ့။’

နင်ချွဲ့က ပြောလိုက်သည်။ “ကောင်းကောင်း စားထား။ စားပြီးရင် ခရီးထွက်ရတော့မယ်။ သခင် မှားရွေးမိတဲ့ ရှင့်အပြစ်ပဲ။”

ယွင်ကျုံးဟဲ့ တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။

သူ အရက်တစ်ခွက် ငှဲ့လိုက်သည်။ မျက်ရည်များ အရက်ခွက်ထဲ ကျသွားသည်။

သူ တကျိုက်တည်း မော့သောက်လိုက်၏။ စပ်ဖျင်းဖျင်း ခါးသက်သက် အရသာကို ခံစားလိုက်ရ၏။

တစ်ခွက်ပြီး တစ်ခွက် မရပ်မနား သောက်သည်။ အရက်ဝင်တော့ မျက်ရည်ကျလာ၏။ သူ အော်ဟစ် ငိုကြွေးလိုက်သည်။

“မတရားဘူး။ မတရားဘူး။ သခင်မကို တွေ့ချင်တယ်။ မတရားဘူး။”

“နင်ချွဲ့... ထွက်ခဲ့စမ်း။ ထွက်ခဲ့စမ်း။ ဝန်ခံရင် မသတ်ဘူး ဆို...”

.................

နာရီဝက်ခန့် ကြာချိန်မှာတော့ စစ်သည်များ ဝင်လာပြီး ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံးကို ရှာဖွေ၏။

ဘာပစ္စည်းမှ မကျန်အောင် သိမ်းဆည်းလိုက်ပြီးနောက် ဆွဲခေါ်သွားကြသည်။

“ကျုပ်ကို သတ်တော့မလို့လား။” ယွင်ကျုံးဟဲ့ ယိုင်နဲ့နဲ့ဖြင့် မေးလိုက်၏။

မည်သူမှ ပြန်မဖြေကြချေ။

ခြံဝင်းအပြင် ရောက်ချိန်မှာတော့ နင်ချွဲ့ စောင့်နေသည်ကို မြင်လိုက်ရသည်။

နင်ချွဲ့က ပြောလိုက်၏။ “လူကို ကျွန်မဆီ အပ်လိုက်...”

“ကောင်းပါပြီ။”

နင်ချွဲ့သည် ယွင်ကျုံးဟဲ့၏ လည်ပင်းကို ကိုင်ပြီး ကြက်ကလေး တစ်ကောင်လို ဆွဲခေါ်သွား၏။

မီတာ ၅၀ ခန့် လျှောက်ပြီးနောက် အနောက်ဘက် ထောင့်ကျသော နေရာတစ်ခုသို့ ရောက်သွားသည်။ ထင်းမီးဖိုဆောင် ဖြစ်ပြီး အတွင်းတွင် ရေနွေးအိုးကြီး တစ်လုံး တည်ထားသည်။

နင်ချင်းက သန့်ရှင်းရေး ကြိုက်သောကြောင့် ရေနွေး အမြဲ လိုသည်။ မီးဖိုကြီးထဲတွင် မီးများ တောက်လောင်နေ၏။

“သခင်မလေးက ဘာလို့ ဒီနေရာကို ရွေးလဲ သိလား။” နင်ချွဲ့က မေးလိုက်သည်။

ယွင်ကျုံးဟဲ့ ခေါင်းခါလိုက်၏။

နင်ချွဲ့က ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ အဆင်ပြေလို့လေ။ သတ်ပြီးတာနဲ့ အလောင်းကို မီးဖိုထဲ ပစ်ထည့်လိုက်ရုံပဲ။ ပြာဖြစ်သွားရင် ဘယ်သူမှ ရှာမတွေ့တော့ဘူး။”

ယွင်ကျုံးဟဲ့က မူးနေသည့် အသံဖြင့် မေးလိုက်၏။ “ခင်ဗျားတို့ ကတိပေးထားတယ်လေ။ ကျင်းကျုံးယွဲ့ကို သစ္စာဖောက်ရင် လွှတ်ပေးမယ် ဆို...”

နင်ချွဲ့က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။ “ရှင်က ၃ နှစ်သား ကလေးလား။ ဒီလောက် ရိုးတာလား။ သူများ ကတိပေးတိုင်း ယုံရလား။”

ယွင်ကျုံးကဲ့က မကျေမနပ်ဖြင့် အော်လိုက်၏။ “ခင်ဗျားတို့က ယုတ်မာတယ်။ ကတိမတည်ဘူး။”

နင်ချွဲ့က ပြောလိုက်သည်။ “ထမင်းဝအောင် ကျွေးပြီးမှ သတ်တာ ကျေးဇူးတင်သင့်တယ်။ ဒူးထောက်လိုက်... ကျွန်မ မြန်မြန် လုပ်ပေးမယ်။ တစ်ချက်တည်းနဲ့ ခေါင်းပြတ်သွားစေရမယ်။”

ယွင်ကျုံးဟဲ့က အလန့်တကြားဖြင့် ပြောလိုက်၏။ “မသတ်ပါနဲ့။ မသတ်ပါနဲ့။ ကျုပ် အသုံးဝင်ပါသေးတယ်။ မဟာမိတ်အဖွဲ့ ရှေ့မှာ ကျင်းကျုံးယွဲ့ကို သက်သေထွက်ဆိုပေးပါ့မယ်။ ပူးပေါင်းပါ့မယ်။ မသတ်ပါနဲ့။”

နင်ချွဲ့က ပြုံးကာ ပြောလိုက်သည်။ “အဲဒီလို လုပ်ရင် ပိုကောင်းတာတော့ မှန်တယ်။ ဒါပေမဲ့ သခင်မက သတ်ခိုင်းနေတော့ လုပ်ရမှာပဲ။ သခင်မက ဒါတွေ အကုန်လုံး ကျင်းကျုံးယွဲ့ရဲ့ လက်ချက်လို့ ယုံသွားရင် ပြီးတာပဲ။ တခြား လုပ်စရာ မလိုတော့ဘူး။”

ယွင်ကျုံးဟဲ့ ရုတ်တရက် သဘောပေါက်သွား၏။ “ကျုပ်... ကျုပ် သိပြီ။ သခင်မကို အဆိပ်ခတ်တာ လေခွင်းမြို့ သူလျှို မဟုတ်ဘူး။ ခင်ဗျား... ခင်ဗျားပဲ။ ခင်ဗျားက အဆိပ်ခတ်တာ။ ခင်ဗျားက သခင်မရဲ့ လူယုံလေ။ ခင်ဗျား လုပ်မှ အဆင်အပြေဆုံး ဖြစ်မှာ...”

နင်ချွဲ့ ကြောင်အသွားသည်။ “ရှင် မအဘူးပဲ။ ဒါပေမဲ့ ဝမ်းနည်းစရာက ရှင် ပြောပြစရာ လူမရှိတော့ဘူး။ ဒီနားမှာ ဘယ်သူမှ မရှိဘူး။ ရှင်အော်လည်း ဘယ်သူမှ မကြားဘူး။”

နင်ချွဲ့က ဓားကို ယွင်ကျုံးဟဲ့၏ လည်ပင်းပေါ် တင်လိုက်သည်။ အော်တာနှင့် လှီးပစ်မည့် သဘောပင်။

ယွင်ကျုံးဟဲ့က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ “ဘာလို့လဲ။ ဘာလို့လဲ။ ခင်ဗျားက သခင်မရဲ့ လူယုံလေ။ ဘာလို့ သစ္စာဖောက်တာလဲ။”

နင်ချွဲ့က ပြန်ဖြေလိုက်သည်။ “ဘာလို့လဲ ဟုတ်လား။ အချစ်ကြောင့် နေမှာပေါ့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ချိုရွှေမြို့ လက်ချက်လား။”

နင်ချွဲ့က ခေါင်းခါလိုက်သည်။ “သူတို့က ဒီလောက် မတန်ဘူး။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်ပြန်၏။ “ဒါဆို ရှီးယွီမြို့က မော့မျိုးနွယ်စုလား။”

နင်ချွဲ့က စိတ်မရှည်သလို ငေါက်ငမ်းလိုက်သည်။ “သေခါနီး ဘာတွေ သိချင်နေတာလဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟုတ်ဘူး။ သခင်မက ကျုပ်ကို လက်ခံတွေ့ဆုံမယ် ဆိုတာ ခင်ဗျား မသိခဲ့ဘူး။ ဒါ မတော်တဆ ဖြစ်သွားတာ။ ဒါကြောင့် ခင်ဗျား အဆိပ်ခတ်တာက တခြား အကြောင်းအရင်း ရှိရမယ်။

ပထမက လေခွင်းမြို့ကို စွပ်စွဲဖို့၊ ဒုတိယက သခင်မ သေလုမျောပါး ဖြစ်နေချိန်မှာ ရှီးယွီမြို့က လူတစ်ယောက် ရောက်လာပြီး ကယ်တင်ရှင် လုပ်ဖို့၊ ဒါမှ သခင်မက ကျေးဇူးတင်ပြီး သူတို့ဘက် ပါသွားမှာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ကျုပ် ရောက်လာပြီး ကယ်လိုက်တော့ ခင်ဗျားက အစီအစဉ် ပြောင်းပြီး ကျုပ်နဲ့ ကျင်းကျုံးယွဲ့ ခေါင်းပေါ် ပုံချလိုက်တာ။ လေခွင်းမြို့ကို သခင်မ မုန်းသွားအောင် လုပ်တာပဲ။”

“တော်တယ်။ တော်တယ်။”

နင်ချွဲ့က ချီးကျူးလိုက်၏။ “ရှင် ၈၀ ရာခိုင်နှုန်းလောက် မှန်တယ်။ ရှင်က တကယ်ပဲ သူတောင်းစားလား။ ဒါပေမဲ့ ဝမ်းနည်းစရာက နောက်ကျသွားပြီ။ ငရဲရောက်မှ ယမမင်းကို ရှင်းပြလိုက်တော့။”

နင်ချွဲ့ ဓားကို မြှောက်လိုက်သည်။ “ငြိမ်းချမ်းစွာ အနားယူပါတော့။ ကျွန်မကို မမုန်းနဲ့နော်။”

ဓားချက် ကျဆင်းလာ၏။

“သခင်မ နင်ချင်း.... ထွက်မလာသေးဘူးလား။” ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် “ရွှပ်... ရွှပ်... ရွှပ်...” သစ်တော်သီးပန်းမိုးရွာ အဆိပ်အပ်များ ပျံထွက်လာပြီး နင်ချွဲ့၏ ခန္ဓာကိုယ်ထဲသို့ အပ်များ စိုက်ဝင်သွား၏။

ယွင်ကျုံးဟဲ့ ကိုလည်း အနည်းငယ် ထိမှန်သွားသည်။

ထို့နောက် ကြမ်းပြင်ပွင့်သွားပြီး ယွင်ကျုံးဟဲ့ လွင့်စင်သွား၏။

စက္ကန့်ပိုင်းအတွင်း နှစ်ယောက်လုံး ကြမ်းပြင်ပေါ် လဲကျသွားသည်။

ထင်းမီးဖိုဆောင်၏ ထောင့်တစ်နေရာမှ လျှို့ဝှက်တံခါး ပွင့်လာပြီး လူရိပ်များ ထွက်ပေါ်လာ၏။

ခေါင်းဆောင်မှာ မုဆိုးမ နင်ချင်း ဖြစ်သည်။

နင်ချွဲ့ လဲကျနေသော်လည်း မျက်လုံးများ ပြူးကျယ်နေပြီး မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်လို့နေလေ၏။

‘ငါ... ငါ အိပ်မက် မက်နေတာလား။ အိပ်မက်ဆိုး မက်နေတာလား။ မြန်မြန် နိုးထချင်လိုက်တာ။’

“သခင်မ နင်ချင်း... ကျုပ် တာဝန်ကျေပါတယ်နော်။ အမှန်တရား ပေါ်ပေါက်လာတာကို သခင်မ ကိုယ်တိုင် ကြားလိုက်ရပြီ မဟုတ်လား။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

.................

အပိုင်း (၅၆)

တစ်နာရီခန့် ကြာချိန်မှာတော့ ယွင်ကျုံးဟဲ့နှင့် နင်ချွဲ့ တို့၏ ခန္ဓာကိုယ်မှ ဆေးအရှိန် ပြယ်သွားလေ၏။

ယွင်ကျုံးဟဲ့သည် အံ့ဩနေမိသည်။ ‘ဒီကမ္ဘာမှာ ဒီလောက် အစွမ်းထက်တဲ့ မေ့ဆေး ရှိတာလား။ ငါ တီထွင်ထားတဲ့ မေ့ဆေးနဲ့ ယှဉ်လို့ ရနေတာပဲ။ ဒါ ဘယ်သူ လုပ်ထားတဲ့ ဆေးလဲ။’

သူတို့ ယခုအချိန်တွင် အခန်းထဲ ပြန်ရောက်နေပြီဖြစ်၏။

ယွင်ကျုံးဟဲ့နှင့် နင်ချွဲ့ကို ကုလားထိုင်တွင် ကြိုးတုပ်ထားသည်။ ဆေးအရှိန်က လုံးဝ မကုန်သေးသောကြောင့် ခန္ဓာကိုယ်များ ထုံကျင်နေဆဲပင်။

နင်ချင်းသည် ကုတင်ပေါ်တွင် ပြန်ထိုင်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူမ အလွန် အားနည်းနေသေး သောကြောင့် ဖြစ်သည်။

နင်ချွဲ့အတွက်တော့ အိပ်မက်ဆိုးတစ်ခု မက်နေသလိုပင်။

စောစောက နင်ချင်း ရုတ်တရက် ထွက်ပေါ်လာချိန်တွင် သူမ၏ ဦးနှောက်တစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ယခုမှ သတိပြန်ဝင်လာ၏။

“ဒါ... ဒါ ဘယ်လို ဖြစ်တာလဲ။” နင်ချွဲ့ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

နင်ချင်းက ဖြေလိုက်၏။ “ယွင်အောက်ထျန်းက ငါ့ကို ကုသပေးနေတုန်း ငါ့နားနား ကပ်ပြီး ပြောသွားတယ်။ မင်း ငါ့ကို သစ္စာဖောက်ပြီးပြီ။ အဆိပ်ခတ်တဲ့သူက မင်းပဲတဲ့။ ငါက မယုံဘူး။ ဒါကြောင့် သူက သက်သေပြပါ့မယ်လို့ ပြောတယ်။”

နင်ချင်း စကားရပ်လိုက်သည်။ ဤကိစ္စက သူမအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။

နင်ချွဲ့ ဆိုသည်မှာ သူမ အယုံကြည်ရဆုံး လူဖြစ်၏။ ဆယ်ကျော်သက် အရွယ်တည်းက အတူတူ နေလာခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၂၀ ရှိပြီဖြစ်၏။ သခင်နှင့် အစေခံ ဆိုပေမဲ့ ညီအစ်မအရင်းတွေလို ချစ်ခဲ့ကြသူများလည် ဖြစ်နေသည် မဟုတ်ပါလား။

နင်ချင်းက ဆက်ပြောလိုက်သည်။ “နောက်ဆုံးတော့ ငါ ကိုယ်တိုင် မြင်လိုက်ရပြီ။ တကယ့်ကို အရုပ်ဆိုး အကျည်းတန်တဲ့ မြင်ကွင်းပဲ။”

“သခင်မလေးတို့ ကြိုတင် တိုင်ပင်ထားတာလား။” နင်ချွဲ့က မေးလိုက်၏။

နင်ချင်းက ခေါင်းခါလိုက်သည်။ “တိုင်ပင်စရာ လိုသေးလို့လား။ ရှင်းနေတာပဲလေ။ ငါက သူ့ကို နောက်ဆုံး ထမင်းကျွေးပြီး သတ်ခိုင်းတယ်။ ထင်းမီးဖိုဆောင်မှာ သတ်ခိုင်းတယ်။ အလောင်းဖျောက်ခိုင်းတယ်။ ဒါတွေ အကုန်လုံးက ထင်းမီးဖိုဆောင်အောက်မှာ လျှို့ဝှက်ခန်း ရှိနေလို့ပဲ။ အဲဒီကနေ မင်းတို့ ပြောတာတွေကို ငါ နားထောင်လို့ ရအောင် စီစဉ်လိုက်တာပဲ။”

ယွင်ကျုံးဟဲ့နှင့် နင်ချင်းတို့ တိုင်ပင်ထားခြင်း မရှိပေ။ မျက်ရိပ်ပြခြင်းပင် မရှိခဲ့ချေ။ ဉာဏ်ကောင်းသူများ အချင်းချင်း ဆက်ဆံရသည်မှာ ဤမျှလောက်ပင် လွယ်ကူလှ၏။

နင်ချွဲ့က ပြောလိုက်သည်။ “သခင်မလေးက လှည့်စားတတ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး။ ဒါကြောင့် ကျွန်မ ထောင်ချောက်မိသွားတာ။”

“အရင်က မလုပ်တတ်တာ မဟုတ်ဘူး။ မလုပ်ချင်တာ။”

နင်ချင်းက ထပ်မေးလိုက်၏။ “မင်းနောက်က ကြိုးကိုင်တဲ့သူက ဘယ်သူလဲ။ မင်း ချစ်တယ်ဆိုတဲ့ ယောက်ျားက ဘယ်သူလဲ။ ဘာလို့ ငါ့ကို သစ္စာဖောက်တာလဲ။”

နင်ချွဲ့ ပါးစပ်ပိတ်ထားသည်။

ဘေးမှ အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ဝင်ပြောလိုက်၏။ “အားချွဲ့... ရှင် ရူးနေတာလား။ ဒီအချိန်ရောက်မှ ဖုံးကွယ်ပေးနေသေးတာလား။ ရှင့်အသက် ၃၀ ကျော်နေပြီ။ အဲဒီလူက ရှင့်ကို တကယ် ချစ်တယ် ထင်လို့လား။ အသုံးချနေတာ။”

နင်ချင်း ကုတင်ပေါ်မှ ဆင်းလာသည်။ နင်ချွဲ့ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး ညင်သာစွာ မေးလိုက်သည်။ “အားချွဲ့... ငါတို့က ညီအစ်မတွေလိုပဲ။ မင်း ခဏတာ မှားယွင်းမိတာကို ငါ ခွင့်လွှတ်ပေးနိုင်ပါတယ်။ ပြောပါ။ အဲဒီလူက ဘယ်သူလဲ။”

နင်ချွဲ့ ခေါင်းငုံ့ထားသည်။ အချိန်အတော်ကြာမှ မော့ကြည့်ပြီး ပြောလိုက်၏။ “သခင်မလေး... ကျွန်မကို သတ်လိုက်ပါတော့။”

နင်ချင်းက ထပ်မေးလိုက်၏။ “မင်းယောက်ျားက ရှီးယွီမြို့က မော့မျိုးနွယ်စုလား။ ဒါမှမဟုတ် ထန်ထိုင်မျိုးနွယ်စုလား။”

နင်ချွဲ့ တိတ်ဆိတ်နေဆဲပင်။

“ကောင်းပြီ။ ငါ မမေးတော့ဘူး။”

နင်ချင်းက ပြောလိုက်သည်။ “နောက်ဆုံး မေးခွန်းတစ်ခုပဲ မေးမယ်။ ဘာလို့ ငါ့ကို သစ္စာဖောက်တာလဲ။ ငါ မင်းအပေါ် မကောင်းလို့လား။”

နင်ချွဲ့ တိတ်ဆိတ်နေ၏။

နင်ချင်းက စိတ်ပျက်သလို ပြောလိုက်သည်။ “အားချွဲ့... ဒါ မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ။”

နင်ချွဲ့ မျက်ရည်များ စီးကျလာ၏။ “သခင်မလေး... သခင်မလေးက အထက်တန်းလွှာလေ။ စည်းစိမ်ချမ်းသာ အကုန် ခံစားဖူးတယ်။ ဒါကြောင့် စည်းစိမ်တွေကို မက်မောစရာ မလိုတော့ဘူး။ အဝတ်အစားကောင်းကောင်း မလိုဘူး။ ရွှေငွေရတနာ မလိုဘူး။ ယောကျ်ားတောင် မလိုဘူး။ လူတွေကို ကယ်တင်ချင်တယ်။ ကူညီချင်တယ်။”

နင်ချင်းက အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ငါ အဲဒီလို လုပ်တာ မှားလို့လား။”

နင်ချွဲ့က ပြောလိုက်၏။ “သခင်မလေးက သူတော်စင် လုပ်ချင်ရင် လုပ်ပါ။ ကျွန်မ မလုပ်ချင်ဘူး။ သခင်မလေးရဲ့ ဂုဏ်သိက္ခာအတွက် ငွေတစ်ပြားမှ မယူဘဲ နေနိုင်ပေမဲ့၊ မိသားစုနဲ့ အဆက်အသွယ် ဖြတ်နိုင်ပေမဲ့၊ ယောကျ်ားကောင်းတွေကို ငြင်းပယ်နိုင်ပေမဲ့ ကျွန်မ မလုပ်နိုင်ဘူး။

ကျွန်မတို့ မလုပ်နိုင်ဘူး။ ကျွန်မတို့က ဆင်းရဲဒုက္ခ မခံချင်ဘူး။ စည်းစိမ်ချမ်းသာ လိုချင်တယ်။ ယောကျ်ား လိုချင်တယ်။ အဝတ်အစား လှလှ လိုချင်တယ်။ ရွှေငွေ လိုချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့က ဘာမှ မခံစားဖူးသေးလို့ပဲ။ ဒါပေမဲ့ ကျွန်မတို့ ဘာမှ မလုပ်ရဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ သူတော်စင် လုပ်ချင်တဲ့ သခင်မလေး တစ်ယောက် ရှိနေလို့လေ။”

နင်ချင်း မျက်နှာ ဖြူဖျော့သွားသည်။ သူမက နင်ချွဲ့၏ မျက်နှာကို ကိုင်လိုက်သည်။ “တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။”

နင်ချင်းက နူးညံ့စွာ ပြောလိုက်၏။ “ငါ မှားသွားတယ်။ မင်းတို့ရဲ့ ပျော်ရွှင်မှုကို ငါ ပိတ်ပင်ပိုင်ခွင့် မရှိပါဘူး။”

“ပေါက်ကရတွေ... ပေါက်ကရတွေ။”

ဘေးမှ အမျိုးသမီးကြီးက အော်ဟစ်လိုက်သည်။ “နင်ချွဲ့... ရှင်က မိဘမဲ့လေ။ သခင်မသာ မကယ်ခဲ့ရင် ရှင် ငတ်သေနေပြီ။ ဘာ စည်းစိမ်ချမ်းသာလဲ။”

နင်ချင်းက ဆက်ပြော၏။ “အားချွဲ့... ငါ မင်းကို မေးဖူးသားပဲ။ ဒီလို ဘဝမျိုး မနေချင်ရင် ငါ့ဆီက ထွက်သွားလို့ ရတယ်။ လက်ဖွဲ့တွေ ပေးပြီး ယောကျ်ားကောင်းကောင်းနဲ့ ပေးစားမယ်လို့ ပြောဖူးသားပဲ။”

နင်ချွဲ့က ပြောလိုက်သည်။ “အဲဒီလို လုပ်ရင် ကျွန်မက ကျေးဇူးကန်းရာ ကျမှာပေါ့။ ပြီးတော့ အဲဒီတုန်းက ငယ်သေးတော့ မသိခဲ့ဘူး။ တကယ် နေကြည့်မှ ခက်ခဲမှန်း သိတာ။ ပြီးတော့... သူက ကျွန်မကို အရမ်း ဆွဲဆောင်နိုင်လွန်းတယ်။”

“တော်ပြီ။ မပြောနဲ့တော့။”

နင်ချင်း တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ရပ်လိုက်သည်။ သို့သော်ငြား မူးဝေသွားသောကြောင့် အမျိုးသမီးကြီးက တွဲထားပေးရ၏။

နင်ချင်းက အားယူကာ ပြောလိုက်၏။ “အားချွဲ့... မင်းကို ဆင်းရဲဒုက္ခ ခံခိုင်းမိတာ ငါ့အပြစ်ပါ။ ဒါကြောင့် မင်း တခြား ယောက်ျားအတွက် ငါ့ကို သစ္စာဖောက်တာကို ငါ ခွင့်လွှတ်တယ်။ ဒါပေမဲ့ မင်း ငါ့ကို အဆိပ်ခတ်တာကတော့ မှားတယ်။ ငါက မင်းရဲ့ သခင်မလေ။ မင်းရဲ့ အသက်သခင်လေ။ ဒါကြောင့် နင် ငါ့ကို တောင်းပန်လိုက်။ ဒါဆိုရင် ငါ မင်းကို လွှတ်ပေးမယ်။”

“သခင်မလေး...” အမျိုးသမီးကြီးက တားလိုက်သည်။

နင်ချင်း လက်ကာပြလိုက်၏။ “အထိန်းတော်ကြီး... ကျွန်မ ဆုံးဖြတ်ပြီးပြီ။”

ဤအမျိုးသမီးကြီးက နင်ချင်း၏ အထိန်းတော် ဖြစ်သည်။

နင်ချင်းက ထပ်ပြောလိုက်၏။ “အားချွဲ့... ငါ့ကို တောင်းပန်လိုက်။ ပြီးရင် ထွက်သွားတော့။ မင်းချစ်တဲ့ ယောက်ျားဆီ သွားတော့။ နောက်နောင် ငါနဲ့ မပတ်သက်နဲ့တော့။”

နင်ချွဲ့ နင်ချင်းကို ကြည့်လိုက်သည်။ ပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “မတောင်းပန်နိုင်ဘူး။ သတ်ချင်သတ်လိုက်။”

‘ဒီမိန်းမ ရူးနေတာလား။ သစ္စာဖောက်တာ စည်းစိမ်ချမ်းသာ လိုချင်လို့ ဆို... အခု တောင်းပန်လိုက်ရင် အသက်ရှင်ခွင့် ရမယ်လေ။ ဘာလို့ မတောင်းပန်တာလဲ။’

ယွင်ကျုံးဟဲ့ မိန်းမတွေကို ကောင်းကောင်း နားလည်သည်။

တချို့လူများက အပြင်မှာ သူရဲဘောကြောင်သော်လည်း အိမ်ထဲရောက်လျှင် ခက်ထန်မာကြောတတ်၏။ အပြင်မှာ ခွေးလို အနိုင်ကျင့်ခံရသော်ငြား အိမ်ပြန်ရောက်ရင် မိဘကို တောင်းပန်ဖို့ ဝန်လေးတတ်ကြ၏။

ရင်းနှီးသည့် လူများအပေါ် ရက်စက်တတ်ခြင်းမှာ လူတချို့၏ သဘာဝပင်။ ကွာရှင်းလျှင် ကွာရှင်းလိုက်မည်။ လုံးဝ အရှုံးမပေးဘူး ဆိုသည့် လူများလည်းဖြစ်သည်။

“ကောင်းပြီ။”

နင်ချင်း ကုတင်ပေါ် ပြန်ထိုင်လိုက်ကာ လက်ဝှေ့ယမ်းလိုက်၏။ “ခေါ်သွားလိုက်။ ထင်းမီးဖိုဆောင်ကိုပဲ ခေါ်သွား။”

“ကောင်းပါပြီ။” အထိန်းတော်ကြီးက နင်ချွဲ့ကို ဆွဲမပြီး ထွက်သွားလေသည်။

.................

ထင်းမီးဖိုဆောင်တွင် မီးများ တောက်လောင်နေဆဲ ရှိနေတုန်းပင်။

“အာချွဲ့... ရှင် ရူးနေတာလား။ သခင်မကို တောင်းပန်လိုက်ရုံနဲ့ ဘာဖြစ်သွားမှာမို့လို့လဲ။ အသက်ရှင်ရတာ မကောင်းဘူးလား။” အထိန်းတော်ကြီးက မေးလိုက်သည်။

“တစ်အချက်က... ကျွန်မ မတောင်းပန်ချင်ဘူး။ နှစ်အချက်က... တာဝန်မပြီးမြောက်လို့ သူ့ကို ပြန်တွေ့ဖို့ မျက်နှာမရှိဘူး။ နင်ချင်းရဲ့ လူယုံ မဟုတ်တော့ရင် ကျွန်မက သူ့အတွက် တန်ဖိုးမရှိတော့ဘူး။ အသက် ၃၀ ကျော်နေပြီ။ အလှအပနဲ့ သူ့ကို ဆွဲဆောင်နိုင်မှာတဲ့လား။” နင်ချွဲ့က ခါးသီးစွာ ပြုံးလိုက်၏။

ဤမိန်းမက ရိုးသည်လား၊ ဉာဏ်များသည်လား မပြောတတ်တော့ချေ။

“အဲဒီယောက်ျားက ဘယ်သူလဲ။ ပြောစမ်း။” အထိန်းတော်ကြီးက မေးလိုက်သည်။

“အမေကြီး... မမေးပါနဲ့တော့။ မပြောပါဘူး။ ကျွန်မ မေးချင်တာ တစ်ခုပဲ ရှိတယ်။ အမေကြီးကော မနစ်နာဘူးလား။ သခင်မလေးကို ဒီလောက် ပြုစုခဲ့တာ ဘာရလိုက်လဲ။ သူကတော့ နာမည်ကြီးသွားတယ်။ ကျွန်မတို့က ဘာရလဲ။” နင်ချွဲ့က ပြန်မေးလိုက်၏။

အထိန်းတော်ကြီး ဒေါသထွက်သွားသည်။ “ကျွန်မက ရှင့်လို မဟုတ်ဘူး။ ကျွန်မက အသက်ကြီးပြီ။ သခင်မလေးကို ကျွန်မရဲ့ သမီးအရင်းလို သဘောထားတာ။ သူ ပျော်ရင် ကျွန်မ ပျော်တယ်။”

နင်ချွဲ့က လှောင်ပြောင်လိုက်၏။ “ဟား... ဟား... ဟန်ဆောင်နေတာ။ သခင်မလေးလို စာပေသမားမျိုးနဲ့ ဘယ်သူက ရင်းနှီးနိုင်မှာလဲ။”

အထိန်းတော်ကြီးက ဓားဆွဲထုတ်လိုက်သည်။ “ကျွန်မ ရှင့်ကို ပို့ပေးမယ်။”

“မလိုပါဘူး။ ကိုယ့်ဘာသာ သွားမယ်။”

နင်ချွဲ့ မီးဖိုထဲသို့ ခုန်ချရန် ပြင်လိုက်သည်။ သို့သော်ငြား ခြေထောက်များ ပျော့ခွေသွား၏။

“ကျွန်မ... မလုပ်ရဲတော့ဘူး။ ကူညီပါအုံး။”

“သစ္စာဖောက်... သေလိုက်တော့။” အထိန်းတော်ကြီးက ဓားဖြင့် နင်ချွဲ့၏ နှလုံးကို ထိုးစိုက်လိုက်သည်။

သစ္စာဖောက် မိန်းမ သေဆုံးသွားခဲ့သည်။ မျက်လုံးမမှိတ်ဘဲ သေသွားရခြင်းပင်။

.................

စာကြည့်ခန်းထဲတွင် ယွင်ကျုံးဟဲ့က နင်ချင်းကို ဆေးစစ်ပေးနေသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အသက်အန္တရာယ် မရှိတော့ပါဘူး။ ဒါပေမဲ့ အဆိပ်တွေ ကျန်နေသေးတယ်။ ဆေးသောက်ရင် ၁ လ၊ ၂ လ လောက်ဆို ပျောက်သွားမှာပါ။ ရာသီလာရင် ဗိုက်နာတာက အဆိပ်မိတာနဲ့ မဆိုင်ပါဘူး။ ဟော်မုန်း မညီမျှလို့ပါ။ အားဆေး ဖော်ပေးမယ်။ သောက်ရင် သက်သာမယ့်အပြင် အသားအရေပါ လှလာလိမ့်မယ်။ ဆံပင်ကျွတ်တာက အဓိကပဲ။ ဒါက သခင်မ စိတ်အညစ်ဆုံးကိစ္စ မဟုတ်လား။”

နင်ချင်း ခေါင်းညိတ်လိုက်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မဆိုးပါဘူး။ ကျွတ်တာ ရှိသလို ပြန်ပေါက်တာလည်း ရှိပါတယ်။ နည်းနည်း ပါးသွားပေမဲ့ အလှမပျက်ပါဘူး။ ဒါပေမဲ့ နောက်ထပ် တစ်နှစ်လောက် ဆက်ကျွတ်ရင်တော့ အန္တရာယ် ရှိတယ်။”

နင်ချင်းက ပြောလိုက်သည်။ “ဒါဆိုရင်တော့ ရိတ်ပစ်ပြီး သီလရှင် ဝတ်လိုက်တော့မယ်။”

စိတ်ကြီးလွန်းသူပင်။ သူမဆံပင်က တကယ်တော့ ထူထဲပြီး လှပနေဆဲဖြစ်သည်။ သူမကိုယ်တိုင်က မနက်တိုင်း ကျွတ်ကျလာသည့် ဆံပင်များကို ကြည့်ပြီး စိတ်ပူနေခြင်းသာ ဖြစ်၏။

“အဆိပ်မိတာနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမဲ့ အဓိက က အာဟာရ မပြည့်ဝတာနဲ့ နေရောင် မရတာကြောင့်ပါ။”

ယွင်ကျုံးဟဲ့က မှန်ကန်စွာ သုံးသပ်ပြလိုက်သည်။ ဟော်မုန်း၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဇင့်ဓာတ်များ လိုအပ်နေသည်။

“ဆေးဖော်ပေးပါ့မယ်။ လအနည်းငယ် သောက်ရင် သက်သာသွားပါလိမ့်မယ်။”

ယွင်ကျုံးဟဲ့ စကားတွေ အများကြီး ပြောနေသော်လည်း နင်ချင်းက ငြိမ်သက်နေ၏။

သူမကို ကြည့်ရှုရသည်မှာ ရုပ်တုလေး တစ်ခုလို လှပနေသည်။ သို့သော်ငြား တစ်ခုခု ပြောချင်နေပုံ ရသည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မ... ပြောစရာ ရှိရင် ပြောပါ။”

နင်ချင်းက မေးလိုက်သည်။ “မေးခွန်းတစ်ခု မေးချင်လို့...”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။ “မေးပါ။”

နင်ချင်းက ချီတုံချတုံဖြင့် မေးလိုက်သည်။ “ရှင် တိုက်လိုက်တဲ့ အရည်က... တကယ်ပဲ။ ရှင့်ရဲ့...”

သူမမေးချင်နေသည်မှာ ကလေးသေးလား ဟူ၍ပင်။

ယွင်ကျုံးဟဲ့ ခဏ စဉ်းစားလိုက်သည်။ ‘ဟမ်... အန်ဆေးလေ။ တရုတ်ရှေးခေတ်တုန်းကဆို မစင်ရည်နဲ့တောင် အန်ခိုင်းကြတာ။’

နင်ချင်း တုန်ယင်စွာဖြင့် တောင်းဆိုလိုက်၏။ “မဟုတ်ဘူးလို့ပဲ ပြောလိုက်ပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟုတ်ပါဘူး။”

နင်ချင်း သက်ပြင်းချလိုက်၏။ “တော်သေးတာပေါ့။”

နင်ချင်းက စိတ်သက်သာရသွားသည့် လေသံဖြင့် ပြောလိုက်သည်။ “ယွင်အောက်ထျန်း... ရှင်က ကျွန်မ အသက်ကို ကယ်ခဲ့တယ်။ သစ္စာဖောက်ကို ဖော်ထုတ်ပေးခဲ့တယ်။ ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ ရှင် ဘာလိုချင်လဲ။ ကျွန်မ ပေးနိုင်တာ မှန်သမျှ တောင်းပါ။”

နောက်ဆုံးတော့ လိုရင်း ရောက်ပြီဖြစ်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ထွက်ပြီလား။”

ဤအစီရင်ခံစာက လေခွင်းမြို့၏ ကံကြမ္မာကို ဆုံးဖြတ်မှာဖြစ်၏။ ထိုအရာက ယွင်ကျုံးဟဲ့၏ တာဝန်လည်း ဖြစ်နေလေ၏။

နင်ချင်းက ခေါင်းညိတ်လိုက်သည်။ “ထွက်ပါပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကြည့်လို့ ရမလား။”

နင်ချင်းက သဘောတူလိုက်သည်။ “ရတာပေါ့။”

.................

All Chapters