သာမန်သမာရိုးကျ ဇာတ်အိမ်မျိုးကနေ ခွဲထွက်ပြီး ခိုင်မာတဲ့ ကျောရိုးပေါ်မှာ အခြေခံကျကျ တည်ဆောက်ထားတဲ့ ဆရာ Silent Pastry (ရှမ့်သခင်လေး မူရင်းစာရေးဆရာ) ရဲ့ ရှမ့်သခင်လေးပြီးနောက် ထပ်ရေးတဲ့ စာစဉ်တစ်ခု...။ စိတ်ကျန်းမာရေးဆေးရုံကြီး ဗုံးပေါက်ကွဲပြီးနောက် ဆေးရုံအုပ်ကြီး ယွင်ကျုံးဟဲ့က ကမ္ဘာတစ်ခုဆီသို့ ဝိညာဉ် ကူးပြောင်း ရောက်ရှိခဲ့ပါတယ်။ ဉာဏ်ကြီးရှင် စိတ်ဝေဒနာသည် (၂၉) ဦးရဲ့ ဝိညာဉ်တွေက သူ့ရဲ့ ဦးနှောက်ထဲကို ဝင်ရောက်ခဲ့ပြီး သူ့ကို ထူးခြားဆန်းပြားတဲ့ စွမ်းရည် (၂၉) မျိုး ရရှိစေခဲ့ပါတယ်။ သူက အင်ပါယာရဲ့ ထောက်လှမ်းရေးအဖွဲ့ကို ဝင်ရောက်ပြီး ရန်သူ့နိုင်ငံမှာ လျှို့ဝှက်သူလျှိုအဖြစ် သွားရောက် လုပ်ကိုင်ရတယ်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်မှာတော့ သူ့ကိုသာ မူရင်း ဟေးလုံထိုင်က ပြန်မခေါ်ရင် ရန်သူ့နိုင်ငံမှာ ဘုရင်တစ်ပါး ဖြစ်တော့မဲ့ အခြေအနေမျိုးထိ ရောက်ရှိခဲ့တယ်။ သောက်ကျိုးနည်း ယွင်ကျုံးဟဲ့ရဲ့ စွန့်စားခန်းတွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ဖတ်ရှုဖို့ ….. ။

