← Chapters

အခန်း (၇၈၃-၇၈၄)

Vol. 66 Ch. 783-784

အခန်း (၇၈၃-၇၈၄)

Vol. 66 Ch. 783-784

အပိုင်း (၇၈၃)

ပထမဆုံး အနေဖြင့် အမတ်ကြီး ကျိန့်ချွဲသည် တကယ့်ကို မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူ တစ်ဦး ဖြစ်သည်မှာ သေချာ၏။ သူက ယွင်ကျုံးဟဲ့ကို ဤမျှ ရူးသွပ်စွာ တိုက်ခိုက်ရသည့် အကြောင်းရင်း နှစ်ခု ရှိသည်။

ပထမဦးစွာ သူသည် အရှေ့ဘက်လောကဟောင်းမှ အရာအားလုံးကို ရန်လိုသည်။ ယွင်ကျုံးဟဲ့က အရှေ့ဘက် လောကမှ လာသူဖြစ်ရာ သူကိုယ်တိုင်ကပင် ယွင်ကျုံးဟဲ့အပေါ် ဘက်လိုက်မှုများ ရှိနေပြီး ဤသူသည် ကောက်ကျစ်စဉ်းလဲသူ ဖြစ်ကာ အာဏာလုရန် လာသည်ဟု သေချာပေါက် ထင်မြင်နေ၏။

ဒုတိယ အနေဖြင့် စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦးက သူ့ကို အလွန် သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြောပြခဲ့ဖူးသည်။

ယွင်ကျုံးဟဲ့သည် အရင်က တာ့ရှန်း မိစ္ဆာနိုင်ငံ အမှောင် မိစ္ဆာဘုရင်၏ သူလျှို ဖြစ်ခဲ့ဖူးသောကြောင့် ယခုလည်း ရန်သူ၏ သူလျှို ဖြစ်နေနိုင်ပြီး အင်ပါယာ အစိုးရကို ဖြုတ်ချရန် လာရောက်ခြင်း ဖြစ်နိုင်သည်ဟု ပြောပြခဲ့ဖူး၏။

ဤအကြောင်းရင်း နှစ်ခု ပေါင်းစပ်သွားမှုက သူ့ကို ယွင်ကျုံးဟဲ့အပေါ် အလွန် ရန်လိုစေခဲ့ပြီး အခိုင်မာဆုံး ရှေးရိုးစွဲ တစ်ဦး ဖြစ်လာစေခဲ့သည်။

သို့ပေမည့် သူသည် လူမိုက် မဟုတ်ပေ။ သူလည်း သိသည်။ သဘာဝ ဓာတ်ငွေ့ မီးအိမ်သည် နောက်ကျနေပြီး လျှပ်စစ်မီးသီးသည် တိုးတက်မှု ဖြစ်ကြောင်း သိ၏။

ယွင်ကျင်းက ကောင်းမွန်ပြီး ကြမ်းတမ်းသော စက္ကူက မကောင်းကြောင်းလည်း သိ၏။ ဓာတ်ပြား ဖွင့်စက်က ကောင်းမွန်ပြီး ယွင်ကျုံးဟဲ့၏ ဂီတကလည်း ကောင်းမွန်ကြောင်း သိသည်။

သို့ပေမည့် ထိုသို့ဖြစ်လေလေ သူက ယွင်ကျုံးဟဲ့၏ ရည်ရွယ်ချက်က ပို၍ မကောင်းဘူးဟု ထင်မြင်လေလေ ဖြစ်ပြီး ဤလူသည် အလွန် အန္တရာယ်များကာ တာ့ယန် အင်ပါယာသစ်ကို ဖြုတ်ချရန် လာရောက်သော ရန်သူ၏ သူလျှို ဖြစ်သည်ဟု ထင်မြင်လေလေ ဖြစ်၏။

ထို့ကြောင့် သူ ပို၍ ပို၍ အစွန်းရောက်လာပြီး ယွင်ကျုံးဟဲ့ကို ကွပ်မျက်ရန် အမြဲတမ်း အော်ဟစ်နေခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် သူ့ကို တကယ်တမ်း စိတ်ပိုင်းဆိုင်ရာ ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်မှာ လီဖူ၏ သေဆုံးမှုပင် ဖြစ်၏။

သူနှင့် လီဖူ သည် တကယ်တမ်း၌ အချင်းချင်း မတည့်ကြသော်လည်း လီဖူ၏ အကြောင်းကို သူ သိရှိထားပြီး ထိုလူ၏ ကိုယ်ကျင့်တရား မြင့်မားမှုကို သိရှိထားသည်။

သို့ပေမည့် လီဖူ သည် အမြဲတမ်း ထူးခြားသော အရည်အချင်း ရှိသူများကို တင်မြှောက်လေ့ ရှိသောကြောင့် လီဖူ၏ စိတ်ကူးက အနည်းငယ် ဘက်လိုက်နေသည်ဟု သူ ထင်မြင်ခဲ့၏။

ထို့ကြောင့် လီဖူက အိမ်တွင် လျှပ်စစ်မီး ပထမဆုံး တပ်ဆင်ချိန်မှာတော့ အုပ်ချုပ်ရေးမှူးများက သူ့ကို လာရောက် တွေ့ဆုံပြီး လီဖူကို စွပ်စွဲ ပြစ်တင်ပေးရန် တောင်းဆိုခဲ့ကြသည်။

အင်ပါယာအတွက် ကျိန့်ချွဲ က သဘောတူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျိန့်ချွဲက လီဖူ သည် ဦးနှောက် ဆေးခံလိုက်ရပြီး ယွင်ကျုံးဟဲ့၏ ဖြားယောင်းမှုကို ခံလိုက်ရသည်ဟု ထင်မြင်သောကြောင့်ပင်။

ထို့အပြင် လီဖူ ကို စွပ်စွဲ ပြစ်တင်ခြင်းက သူ့ကို ရာထူးမှ ဆင်းစေရန် သက်သက်သာ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမည် မဟုတ်သလို အကျဉ်းချမည်လည်း မဟုတ်ပေ။ လီဖူ လည်း အသက်ကြီးပြီ ဖြစ်ရာ အနားယူရန် အချိန်တန်ပြီဟု ထင်မြင်ခဲ့သောကြောင့် ဖြစ်သည်။

သို့ပေမည့် အမတ်ကြီး လီဖူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤကိစ္စက ကျိန့်ချွဲကို တစ်ခါမှ မရှိဖူးလောက်အောင် ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့ပြီး ထိုကာလများ အတွင်း သူ ညတိုင်း အိပ်မပျော်နိုင်ခဲ့ဘဲ အဆုံးအစမရှိသော နာကျင်မှုများက သူ၏ စိတ်နှလုံးကို ဝါးမျိုနေခဲ့သည်။

အထူးသဖြင့် အမတ်ကြီး လီဖူ၏ သေတမ်းစာ လူသိရှင်ကြား ထွက်ပေါ်လာပြီးနောက် ကျိန့်ချွဲသည် ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် မေးခွန်းထုတ်ခဲ့၏။

‘လူတိုင်းက လူမိုက်တွေချည်းပဲလား။ လူတိုင်းက ယွင်ကျုံးဟဲ့ရဲ့ ဦးနှောက်ဆေးတာ၊ ဖြားယောင်းတာကို ခံလိုက်ရတာလား။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကော မရှိနိုင်ဘူးလား။ ယွင်ကျုံးဟဲ့ လုပ်ခဲ့သမျှ အားလုံးက တကယ်ပဲ အင်ပါယာသစ်အတွက်၊ လောက ယဉ်ကျေးမှုအတွက် ဆိုတာကော မဖြစ်နိုင်ဘူးလား။’

ဤအတွေးသည် နတ်ဆိုး တစ်ကောင်ကဲ့သို့ ထွက်ပေါ်လာတိုင်း သူ ချက်ချင်း ဖိနှိပ်ပစ်ခဲ့သည်။

‘ဒီလို တွေးလို့ မရဘူး၊ ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ရဘူး၊ လုံးဝ သံသယ မဝင်ရဘူး။’

လူတစ်ယောက်အတွက် အနာကျင်ရဆုံးသောအရာမှာ အခြားမဟုတ်၊ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်းပင် ဖြစ်သည်။ မိမိ၏ ယုံကြည်ချက်များ တစ်စစီပြိုကွဲကာ အကုန်လုံး ပြောင်းပြန်လှန်ခံလိုက်ရသည့်အခါမျိုးတွင် ဖြစ်ပေါ်လာသော ခံစားချက်မှာ ရုပ်ပိုင်းဆိုင်ရာ သွေးထွက်သံယိုဖြစ်ခြင်းထက်ပင် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းပြီး နာကျင်လွန်းလှ၏။

သူ၏ ယိမ်းယိုင်နေသော စိတ်နှလုံးကို ခိုင်မာစေရန်အတွက် ကျိန့်ချွဲ သည် အမှားဝန်မခံရုံသာမက လီဖူ နှင့် ယွင်ကျုံးဟဲ့ကို ရူးသွပ်စွာ တိုက်ခိုက်ခဲ့ပြီး ရှင်းကျုံး ပါတီကို ဖမ်းဆီးရန်၊ ယွင်ကျုံးဟဲ့ကို ကွပ်မျက်ရန် အထက်လွှတ်တော်တွင် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

သူ၏ သဘောထားမှာ အခြေခံအားဖြင့် ရူးသွပ်လုမတတ် ဖြစ်နေပြီး အကြောင်းရင်းမှာ သူ၏ ယုံကြည်ချက်ကို အဆက်မပြတ် ခိုင်မာအောင် လုပ်ဆောင်လိုသောကြောင့် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်ခြင်းက သူ့ကို ပြိုလဲသွားစေတော့မည်ဟု ထင်မြင်မိသောကြောင့်ပင်။

ဤကဲ့သို့သော ပြိုလဲမှုမျိုးအတွင်းတွင် နေ့မအိပ် ညမအိပ်ဘဲ နေခဲ့ရသော အမတ်ကြီး ကျိန့်ချွဲသည် ခန္ဓာကိုယ် အားအနည်းဆုံး အချိန်သို့ ရောက်ရှိနေစဉ် ဇနီးဖြစ်သူ၏ ပြင်းထန်သော လှုံ့ဆော်မှုကြောင့် တိုက်ရိုက် ဦးနှောက် သွေးကြောပေါက်သွားခဲ့ခြင်း ဖြစ်သည်။

ဦးနှောက် သွေးကြောပေါက်ခြင်းသည် သေချာပေါက် ပျက်စီးမှု တစ်ခု ဖြစ်ပြီး သူ၏ အသက်မှာ အခြေခံအားဖြင့် ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် အရင်က ရန်ငြိုးများကို မေ့ထားပြီး သူ့ကို ကယ်တင်ခဲ့ကာ ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ခဲ့သည်။

အထူးသဖြင့် ခွဲစိတ်မှု မလုပ်မီ ယွင်ကျုံးဟဲ့က သူ့ကို ပြောခဲ့သည်။ ကျုပ်က ခင်ဗျားကို စည်းရုံးချင်နေတာ မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်နဲ့ ဆက်ပြီး ဆန့်ကျင်ချင်သေးတယ် ဆိုရင် လုံးဝ မသေစေနဲ့လို့ ပြောခဲ့၏။

ထို့အပြင် ယွင်ကျုံးဟဲ့က သူ့ကို မီတျဲ ချိုင့်ဝှမ်း၏ ဆေးလုံး ဆယ်ပုံတစ်ပုံကို ထိုးသွင်းပေးခဲ့၏။ ဤအရာကို သာမန်လူ ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်ပါက စောစောတည်းက သေဆုံးသွားလောက်ပြီ ဖြစ်သည်။

သို့ပေမည့် ထိုအချိန်က ကျိန့်ချွဲ၏ အသက်ဓာတ် အလွန် အားနည်းနေပြီး တစ်ကိုယ်လုံး သွေးကြောများမှာ အခြေခံအားဖြင့် ရပ်တန့်လုနီးပါး ဖြစ်နေ၏။

ဤဆေးလုံး ဆယ်ပုံတစ်ပုံ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူ၏ အသက်ဓာတ်ကို ချက်ချင်း ထိန်းထားနိုင်ခဲ့ရုံသာမက သူ့ကို တစ်ခါမှ မရှိဖူးသော စိတ်ပိုင်းဆိုင်ရာ ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားစေခဲ့သည်။

ထို့နောက် သူသည် မေ့ဆေး အထိုးခံရပြီး ခွဲစိတ်မှု ပြုလုပ်ခံရကာ လုံးဝ အိပ်မောကျသွားသည်။ ဤကဲ့သို့ အိပ်မောကျနေချိန်၊ ငရဲပြည်ရှိ သေမင်းနှင့် အားပြိုင်နေချိန်တွင် သူသည် သူ၏ စိတ်နှလုံးကို တကယ်တမ်း ရင်ဆိုင်နိုင်ခဲ့၏။

စိတ်ခံစားမှု အားလုံး၊ ဂုဏ်သိက္ခာ အားလုံးကို ဘေးဖယ်ထားပြီး သူ၏ အတွင်းစိတ် အနက်ရှိုင်းဆုံးရှိ အတွေးများကို နားထောင်ကာ အမှန်တရားကို ရှာဖွေခဲ့၏။ ထို့ကြောင့် သူ ရောက်လာခဲ့ခြင်း ဖြစ်သည်။

စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦး ရူးသွပ်သွားတော့မလို ဖြစ်နေ၏။ ‘ကျိန့်ချွဲ ရူးသွားပြီ၊ သူ လုံးဝ ရူးသွားပြီ။’

ယခင်တစ်ခေါက် စွပ်စွဲပြစ်တင်မှုတွင် လီဖူအနေဖြင့် ရာထူးမှ တိုက်ရိုက်နှုတ်ထွက်ခဲ့ရဖူး၏။ ယခုတစ်ကြိမ်တွင်မူ ကျိန့်ချွဲသည် မိမိကိုယ်ကိုယ် ပြန်လည်စွပ်စွဲပြစ်တင်ရုံသာမကဘဲ အုပ်ချုပ်ရေးမှူးနှစ်ပါးက သူ့အား အကွက်ဆင်၍ ချောက်ချခဲ့ခြင်းဖြစ်ကြောင်းပါ ထပ်ဆင့်စွပ်စွဲလာခဲ့ပြန်သည်။

အထက်လွှတ်တော်၏ ထိပ်သီးခေါင်းဆောင်တစ်ဦးက မိမိကိုယ်ကိုယ် အထိနာစေမည့် သေကြောင်းကြံသည့် တိုက်ခိုက်မှုမျိုး ပြုလုပ်လာချိန်၌ မည်သူတစ်ဦးတစ်ယောက်က တားဆီးနိုင်ပါ့မည့်နည်း။

ကျိန့်ချွဲ၏ ဇနီးက ပြောလိုက်သည်။ “အင်ပါယာ ဥပဒေအရ အုပ်ချုပ်ရေးမှူး နှစ်ပါးက တံဆိပ်တုံးကို ဆယ်ရက်ကြာ ရပ်ဆိုင်းထားရပါမယ်။ ကျိန့်ချွဲ က သက်ဆိုင်ရာ သက်သေ အထောက်အထားတွေ တင်ပြလာမယ့် အချိန်ကို စောင့်ဆိုင်းရပါမယ်။ အဲဒါကြောင့် ဒီကာလ အတွင်းမှာ အုပ်ချုပ်ရေးမှူး နှစ်ပါးရဲ့ အမိန့်တွေ အားလုံးက အကျုံးမဝင်ပါဘူး။”

ထို့နောက် ကျိန့်ချွဲ၏ ဇနီးက တပ်မှူးလေး ရှင်းကျန့်ကို ကြည့်ကာ ပြောလိုက်၏။ “တပ်မှူးလေး ရှင်းကျန့်... ရှင့်လက်ထဲက အမိန့်က အကျုံးမဝင်ပါဘူး။ အရှင် ယွင်ကျုံးဟဲ့ ကို ဖမ်းဆီးခွင့် မရှိပါဘူး။”

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “အင်ပါယာ ဥပဒေအရ အင်ပါယာက အရေးပေါ် အခြေအနေကို ရောက်ရှိသွားရင် အထက်လွှတ်တော်ရဲ့ စွပ်စွဲ ပြစ်တင်မှု အမိန့်က အကျုံးမဝင်တော့ဘူး။ အုပ်ချုပ်ရေးမှူးက တံဆိပ်တုံးကို ဆက်လက် ကိုင်စွဲထားနိုင်ပြီး အာဏာကို ဆက်လက် ကိုင်စွဲထားနိုင်တယ်။”

ကျိန့်ချွဲ၏ ဇနီးက ပြောလိုက်၏။ “ဒါပေမဲ့ အခု အင်ပါယာက အရေးပေါ် အခြေအနေကို မရောက်သေးပါဘူး။”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဝင်ပြောလိုက်သည်။ “ဒါဆို ကျုပ်တို့က အင်ပါယာ အရေးပေါ် အခြေအနေ ရောက်နေပြီလို့ ချက်ချင်း ကြေညာလို့ ရတယ်။”

ကျိန့်ချွဲ၏ ဇနီးက ပြန်ပြောလိုက်၏။ “အင်ပါယာရဲ့ အရေးပေါ် အခြေအနေကို အထက်လွှတ်တော်က အတည်ပြုမှသာ အသက်ဝင်မှာပါ။ ပြီးတော့ အထက်လွှတ်တော် အမတ် သုံးပုံနှစ်ပုံက လက်ထောင် သဘောတူဖို့ လိုအပ်ပါတယ်။”

ဤသည်မှာ အင်ပါယာ ဥပဒေပင် ဖြစ်ပြီး တစ်ခုနှင့် တစ်ခု ဆက်စပ်နေ၏။ သို့ပေမည့် အဓိက အချက်မှာ အထက်လွှတ်တော်က အုပ်ချုပ်ရေးမှူး၏ အာဏာကို အစွမ်းကုန် ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးမှူးကို တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်၏။ “အထက်လွှတ်တော်က အမတ်ကြီးတို့... ခင်ဗျားတို့ မမြင်သေးဘူးလား။ အခု အင်ပါယာက အန္တရာယ် အများဆုံး အချိန်ကို ရောက်နေပြီလေ။ လူတစ်သိန်းကျော်က အုပ်ချုပ်ရေး နန်းတော်ကို လာဝိုင်းနေတာတောင် အရေးပေါ် အခြေအနေလို့ မသတ်မှတ်သင့်သေးဘူးလား။”

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောသည်။ “ကျုပ် အဆိုပြုပါတယ်။ အင်ပါယာ ချက်ချင်း အရေးပေါ် အခြေအနေ ကြေညာဖို့ အထက်လွှတ်တော်က အမတ်ကြီးတွေ လက်ထောင် မဲပေးကြပါ။”

ထို့နောက် စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦးက သူတို့၏ လက်နှစ်ဖက်ကို မြှောက်ကာ အင်ပါယာကို အရေးပေါ် အခြေအနေ ကြေညာရန် တောင်းဆိုလိုက်ကြ၏။

အုပ်ချုပ်ရေး နန်းတော်၏ အမြင့်ပိုင်းရှိ ရဲတိုက် အတွင်းတွင် လူနှစ်ဦးက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို ကြည့်နေကြသည်။

အိုမင်းသော အသံတစ်ခုက ပြောလိုက်၏။ “မြင်ပြီလား။ ဒါက အင်ပါယာရဲ့ စနစ်ပဲ။ လောကကြီး ငြိမ်းချမ်းနေချိန်၊ အင်ပါယာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေချိန်မှာ ဒီစနစ်က အရမ်း ကောင်းတယ်။ အာဏာကို လှောင်ချိုင့်ထဲမှာ သော့ခတ်ထားသလိုပဲ။

ဒါပေမဲ့ လောကကြီးက တကယ့် ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်ရချိန်၊ ပျက်စီးမယ့် ဘေးအန္တရာယ် ကျရောက်လာချိန်မှာတော့ ဒါက ကြီးမားတဲ့ အဟန့်အတား တစ်ခု ဖြစ်သွားတယ်။ ခင်ဗျားတို့ မဲခွဲ ဆုံးဖြတ်လို့တောင် မပြီးသေးခင် ရန်သူတွေက ဝင်တိုက်နေလောက်ပြီ။

အန္တရာယ် ကျရောက်လာချိန်မှာ အင်ပါယာဟာ အသံ တစ်သံတည်း ရှိရမယ်။ အင်ပါယာရှိ လူတိုင်းဟာ လူတစ်ယောက်ရဲ့ အောက်မှာ စည်းလုံးရမယ်၊ လက်သီး တစ်ဆုပ်တည်း ဖြစ်အောင် စုစည်းရမယ်။ အဲဒီလိုမှသာ အနိုင်ရဖို့ ဖြစ်နိုင်ခြေ ရှိလိမ့်မယ်။”

“ဟုတ်ကဲ့ အဖေ။ အခု ကျုပ်တို့ ထွက်သွားသင့်ပြီလား။ သူ့ကို အခြေအနေ ပြန်ထိန်းဖို့ ကူညီပေးရမလား။” ကျီးကျန်းက မေးသည်။

အိုမင်းသော အသံက ပြောလိုက်၏။ “မလုပ်နဲ့။ သူ ကိုယ်တိုင် ရင်ဆိုင်ရလိမ့်မယ်။ ဘုရင် ဖြစ်ချင်ရင် လူတိုင်းကို သိမ်းပိုက်နိုင်ရမယ်။ သူ့ကို ထောက်ခံသူတွေတင် မကဘူး၊ သူ့ကို ဆန့်ကျင်သူတွေကိုပါ သိမ်းပိုက်နိုင်ရမယ်။ အခု သူ သိမ်းပိုက်ရမှာက အင်ပါယာရဲ့ စစ်တပ်ပဲ။

ဒီလို သိမ်းပိုက်မှုကို ဘယ်သူကမှ ကူညီပေးလို့ မရဘူး။ အကယ်၍ အခု ကျုပ်တို့ ထွက်သွားပြီး အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်ရင် အနာဂတ်မှာ စစ်တပ်က သူ့စကား နားထောင်မလား၊ ကျုပ်တို့စကား နားထောင်မလား။

ပြီးတော့ သူက အတတ်နိုင်ဆုံး လူတိုင်းကို စည်းရုံးရလိမ့်မယ်။ သေချာပေါက် အထက်လွှတ်တော် အမတ်တွေကိုလည်း ပါဝင်စေရမယ်။ ရှင်းကျုံး ပါတီဝင်တွေက သွေးဆူလွယ်ပေမယ့် အရမ်း ရိုးအလွန်းတယ်။ နောက်ဆက်တွဲ လောကအဆင့် စစ်ပွဲကြီးမှာ အများကြီး အသုံးဝင်ပေမယ့် အမြင့်ဆုံး ဝန်ကြီးအဖွဲ့ကိုတော့ သူတို့ တာဝန်မယူနိုင်သေးဘူး။ အဲဒီ အထက်လွှတ်တော်က လူတွေကိုပဲ ပေးရလိမ့်မယ်။”

အပိုင်း (၇၈၄)

ယွင်ကျုံးဟဲ့လည်း ဤအချက်ကို နက်ရှိုင်းစွာ သိရှိထား၏။ သူ သိမ်းပိုက်ရမည်မှာ အင်ပါယာ တစ်ခုလုံးရှိ လူတိုင်း ဖြစ်သည်။

ယခုအခါ ရှင်းကျုံး ပါတီက သူ့ကို ထောက်ခံနေပြီး မရေမတွက်နိုင်သော ပြည်သူများက သူ့ကို ထောက်ခံနေ သော်လည်း အရေးအကြီးဆုံး အင်အားစု တစ်ခု ကျန်ရှိနေသေးသည်။ ၎င်းမှာ အင်ပါယာ စစ်တပ် ဖြစ်၏။

စစ်တပ်က စိတ်ရော ကိုယ်ပါ အပြည့်အဝ ယုံကြည်ပြီး လုံးဝ ကြည်ညို ကိုးကွယ်မှသာ အင်ပါယာသည် နောက်ဆက်တွဲ စစ်ပွဲကြီးတွင် အစွမ်းကုန် ကြိုးပမ်းနိုင်မှာဖြစ်သည်။

စစ်တပ်ကို သိမ်းပိုက်ရန် နိုင်ငံရေး အကြံအစည်များကို အားကိုး၍ မရနိုင်ဘဲ တရားမျှတမှုနှင့် အင်အားကိုသာ အားကိုးရမှာဖြစ်၏။

သူ သိမ်းပိုက်ရမည့် အခြားသူများမှာ အထက်လွှတ်တော်၏ ထိပ်သီး ခေါင်းဆောင်များ ဖြစ်ပြီး အနည်းဆုံးတော့ အချို့သော ထိပ်သီး ခေါင်းဆောင်များကို သိမ်းပိုက်ရပေမည်။

အင်ပါယာ လည်ပတ်ရန်အတွက် သူတို့ကို မရှိမဖြစ် လိုအပ်သည်။ သူတို့သည် အတွေ့အကြုံ ရင့်ကျက်သော နိုင်ငံရေးသမားများ ဖြစ်ကြ၏။ ရှင်းကျုံး ပါတီဝင်များသည် သစ္စာရှိပြီး ရူးသွပ်ကြသော်လည်း အရမ်း နုနယ်လွန်းသောကြောင့် စွန့်စားရဲသော စိတ်ဓာတ်ကို ဆန့်ကျင်ကြမှာဖြစ်သည်။

သေချာပေါက် သူ တကယ်တမ်း အာဏာရလာပြီး အင်ပါယာကို အုပ်ချုပ်ချိန်တွင် ရှင်းကျုံးပါတီမှ ထိပ်သီး ခေါင်းဆောင် အချို့ကိုလည်း ဝန်ကြီးအဖွဲ့ အတွင်းသို့ သေချာပေါက် ဝင်ရောက်ခွင့် ပြုမှာဖြစ်၏။

ထိုမှသာ သွေးဆူလွယ်သော အဖွဲ့နှင့် ရင့်ကျက်သော ရှေးရိုးစွဲ အဖွဲ့တို့ အပြန်အလှန် ချိန်ခွင်လျှာ ညှိနိုင်ပြီး အပြန်အလှန် ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည်။

သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ကျယ်လောင်စွာ အော်ပြောလိုက်၏။ “အထက်လွှတ်တော်က အမတ်ကြီးတို့... အင်ပါယာက အန္တရာယ် အများဆုံး အချိန်ကို ရောက်နေပြီ။ ကျုပ်တို့ ကာကွယ်နေတဲ့ အင်ပါယာကြီး မကြာခင် ဖြုတ်ချခံရတော့မယ်။

ဒီလူတွေကို ကြည့်လိုက်ကြစမ်း။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ သူတို့က အင်ပါယာကို ဖျက်ဆီးဖို့ လာကြတာ။ သူတို့ကို အာဏာ ရသွားခွင့် ပေးလိုက်ရင် အင်ပါယာရဲ့ အခြေခံ အုတ်မြစ်ကြီး တစ်ခဏ အတွင်းမှာ ပျက်စီးသွားလိမ့်မယ်။ အခုလို အန္တရာယ် အများဆုံး အချိန်မှာတောင် အရေးပေါ် အခြေအနေ မကြေညာသင့်သေးဘူးလား။”

“လူတိုင်း လက်ထောင်ကြပါ။ အင်ပါယာကို အရေးပေါ် အခြေအနေ ကြေညာပါ။”

အုပ်ချုပ်ရေးမှူး နှစ်ဦးက ကျယ်လောင်စွာ အော်ဟစ်နေကြပြီး အထက်လွှတ်တော် ထိပ်သီး ခေါင်းဆောင်များ အားလုံး၏ ညာဘက်လက်များမှာ လှုပ်ရှားချင်နေကြသော်လည်း မမြှောက်ချင်ကြပေ။

ယခုအချိန်သည် အန္တရာယ် အများဆုံး အချိန် ဖြစ်သလို အရေးအကြီးဆုံး အချိန်လည်း ဖြစ်သည်။

အထက်လွှတ်တော်သည် ယခုအချိန်တွင် တစ်သားတည်း ဖြစ်နေပြီး ထိပ်သီး ခေါင်းဆောင် တစ်ဦးက လက်မြှောက်လိုက်သည်နှင့် လူတိုင်းနီးပါး လက်မြှောက်ကြမည်ဖြစ်ကာ တစ်ဝက်က လက်မြှောက်ပြီး တစ်ဝက်က လက်မမြှောက်သော အခြေအနေမျိုး လုံးဝ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

သူတို့၏ စိတ်နှလုံးများမှာလည်း အလွန် ရှုပ်ထွေးနေကြသည်။ ခံစားချက် အရရော၊ အသိဉာဏ် အရပါ သူတို့က လက်မမြှောက်ချင်ကြပေ။ သူတို့သည် လူမိုက်များ မဟုတ်ကြဘဲ ယဉ်ကျေးမှုသစ်ကို မြင်တွေ့နိုင်သလို သတင်း အချက်အလက် အများအပြားမှတစ်ဆင့် တာ့ရှန်း မိစ္ဆာနိုင်ငံ၏ အင်အားကြီးမားမှုကိုလည်း သိရှိနိုင်ကြသည်။

ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် သိရှိထားကြသည်။ ယွင်ကျုံးဟဲ့ အာဏာရလာပြီးနောက် အင်ပါယာသည် ကြီးမားသော အပြောင်းအလဲများကို ဖြတ်သန်းရနိုင်ပြီး တစ်ခါမှ မရှိဖူးသော စစ်ပွဲကြီးအတွက် ပြင်ဆင်ရမည် ဖြစ်သော်လည်း ဤသို့ပြုလုပ်ခြင်းကသာ အင်ပါယာအတွက် အကျိုးရှိနိုင်ပြီး အင်ပါယာကို မီးတောက်များနှင့် စစ်ပွဲများ အတွင်းတွင် ထပ်မံ၍ အဆင့်မြှင့်တင်နိုင်စေမှာဖြစ်၏။

သို့ပေမည့် ကိုယ်ပိုင် အကျိုးစီးပွားရှုထောင့်မှ ကြည့်လျှင်မူ မတူညီပြန်ပေ။ ယွင်ကျုံးဟဲ့ အာဏာရလာပြီးနောက် အထက်လွှတ်တော်ကို သေချာပေါက် ပြုပြင်ပြောင်းလဲမည်ဖြစ်ရာ လူတိုင်း၏ အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါဦးမည်လား။

အရင်က သူတို့ ယုံကြည်မှု မရှိခဲ့ကြသော်လည်း ယခု အမတ်ကြီး ကျိန့်ချွဲ၏ ထွက်ပေါ်လာမှုက သူတို့ကို မျှော်လင့်ချက် ပေးခဲ့သည်။

ကျိန့်ချွဲ သည် ယွင်ကျုံးဟဲ့ကို ဆန့်ကျင်ခဲ့ပြီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း အရှင် ယွင်ကျုံးဟဲ့က အရင်က ရန်ငြိုးများကို မေ့ထားပြီး သူ့ကို ကယ်တင်ခဲ့၏။

ထို့ကြောင့် ဤအရာက အရှင် ယွင်ကျုံးဟဲ့တွင် ကြီးမားသော စိတ်ထား ရှိကြောင်း သက်သေပြနေပြီး သူတို့ကဲ့သို့သော အထက်လွှတ်တော် ထိပ်သီး ခေါင်းဆောင်များကို ခွင့်လွှတ်ပေးနိုင်စွမ်း ရှိကြောင်း ပြသနေသည်။

ဤသို့ဆိုလျှင် အရှင်ယွင်ကျုံးဟဲ့ကို ဆက်လက်၍ ဆန့်ကျင်နေရန် လိုအပ်သေးသည်လား။ သို့သော်လည်း လက်ရှိအခြေအနေမှာ အလွန်ပင် တင်းမာနေ၏။

တစ်စုံတစ်ယောက်ကသာ လက်မြှောက်အရှုံးပေးလိုက်ပါက ဒိုမီနိုအကျိုးသက်ရောက်မှု ဖြစ်ပေါ်လာပြီး အားလုံးသည်လည်း တပြိုင်နက်တည်း လက်မြှောက်ကြပေလိမ့်မည်။

အကယ်၍ ထိုသို့မဟုတ်ဘဲ ဆက်လက်ခုခံနေမည်ဆိုပါက ယွင်ကျုံးဟဲ့၏ အပေါင်းအပါများအဖြစ် သတ်မှတ်ခံရပြီး ချက်ချင်းပင် ဖြုတ်ချခြင်းကို ခံရမှာဖြစ်၏။

ထိုသို့ဖြစ်လာပါက အာဏာဆုံးရှုံးရုံမျှမက လွတ်လပ်ခွင့်ပါ ဆုံးရှုံးသွားနိုင်သည့်အပြင် သစ္စာဖောက်မှုနှင့်အတူ နယ်နှင်ဒဏ်ပေးခြင်းပင် ခံရနိုင်ချေရှိ၏။ ထို့ကြောင့် လက်ရှိအချိန်အခါသည် အန္တရာယ်အများဆုံးနှင့် အထိအခိုက် အလွယ်ဆုံး အချိန်ကာလပင် ဖြစ်နေတော့သည်။

အထက်လွှတ်တော် အမတ် အားလုံး ယိမ်းယိုင်နေကြပြီး အချိန်မရွေး လက်မြှောက်နိုင်သည်။ လက်မြှောက်လိုက်သည်နှင့် အထက်လွှတ်တော်နှင့် အရှင် ယွင်ကျုံးဟဲ့တို့ လုံးဝ အဆက်အသွယ် ပြတ်တောက် သွားပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ပြီး အနာဂတ်တွင် အရာအားလုံး ပြောရခက်သွားမှာဖြစ်၏။

စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး နှစ်ဦးက ဤအချက်ကို သိရှိထားသောကြောင့်သာ အထက်လွှတ်တော်ကို လက်မြှောက် သဘောထား ဖော်ပြရန် အစွမ်းကုန် ဖိအားပေးနေခြင်း ဖြစ်ပြီး အင်ပါယာ အရေးပေါ် အခြေအနေ ရောက်ရှိသွားပါက ကျိန့်ချွဲ၏ စွပ်စွဲ ပြစ်တင်မှုသည် အကျုံးဝင်တော့မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့အား ဆက်လက်၍ ဖမ်းဆီးရန် လမ်းစပွင့်သွားပြီဖြစ်သလို နယ်နှင်ဒဏ်ပေးရန် အတွက်လည်း အခွင့်သာသွားပေလိမ့်မည်။ ဤသို့ဖြင့် ယနေ့တိုက်ပွဲတွင် အပြတ်အသတ်ဖြင့် အနိုင်ရရှိသွားပြီဟု ဆိုနိုင်ပေလိမ့်မည်။

သို့ပေမည့် ထိုအချိန်မှာပဲ ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “အထက်လွှတ်တော်က အမတ်ကြီးတို့... ခင်ဗျားတို့ရဲ့ စိတ်သဘောထားကို ကျုပ် သိပါတယ်။ ကျုပ်လည်း ကိုယ်ချင်းစာပါတယ်။ ခင်ဗျားတို့ လက်မမြှောက်ရင် အပေါင်းအပါ အဖြစ် သတ်မှတ်ခံရပြီး နိုင်ငံရေး သားကောင် ဖြစ်သွားမှာကို စိုးရိမ်နေကြတယ်။ လက်မြှောက်လိုက်ရင်လည်း ကျုပ်နဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်ရပြီ ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားမယ်။ ဒီကိစ္စ နှစ်ခုစလုံးကို ခင်ဗျားတို့ မဖြစ်စေချင်ကြဘူး။

အမတ်ကြီးတို့... ဒီလို ရက်စက်တဲ့ ရွေးချယ်မှုမျိုး လုပ်ဖို့ ကျုပ် ခင်ဗျားတို့ကို ဖိအားမပေးပါဘူး။ ခင်ဗျားတို့ကို ချောက်ကမ်းပါးပေါ် ရပ်နေအောင် မလုပ်ပါဘူး၊ ခင်ဗျားတို့ကို နှစ်ခုထဲက တစ်ခု ရွေးချယ်ခိုင်းတာမျိုး မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့ကြားမှာ အရှုံးအမြတ် လုံးဝ ကွဲပြားတဲ့ ကစားပွဲမျိုး မဟုတ်သလို၊ ခင်ဗျားသေမှ ကျုပ်ရှင်မယ် ဆိုတာမျိုးလည်း မဟုတ်လို့ပါ။

အင်ပါယာဟာ တိုးတက်ပြီး ပွင့်လင်းမြင်သာမှု ရှိပါတယ်။ အဲဒါကြောင့် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်။ လူတွေကို မပြောပြနိုင်တဲ့ ကိစ္စဆိုတာ မရှိပါဘူး။ အဲဒါကြောင့် ကျုပ် အရင် သဘောထား ဖော်ပြပါရစေ။ ကျုပ် အာဏာရလာတာနဲ့၊ ကျုပ် အင်ပါယာရဲ့ ဘုရင် ဖြစ်လာတာနဲ့... အုပ်ချုပ်ရေးမှူး မဟုတ်တော့ဘဲ အာဏာရှင် ဘုရင် ဖြစ်လာပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ အန္တရာယ် အများဆုံး အချိန် ရောက်လာပြီမို့လို့ပါ။ အင်အားကြီးမားတဲ့ တာ့ရှန်း မိစ္ဆာနိုင်ငံဟာ မကြာခင် လောကတစ်ခုလုံးကို အုပ်စိုးတော့မှာပါ။ အင်ပါယာဟာ အသံ တစ်သံတည်းပဲ ရှိရမယ်။ ပြည်တွင်း ပဋိပက္ခတွေ ဆက်လုပ်နေလို့ မရတော့ဘူး။

ကျုပ် အာဏာရှင် ဘုရင် ဖြစ်လာပြီးတာနဲ့ အင်ပါယာ အထက်လွှတ်တော်ကို ပြုပြင်ပြောင်းလဲပြီး အင်ပါယာရဲ့ အမြင့်ဆုံး ဝန်ကြီးအဖွဲ့နဲ့ ဝန်ကြီးဌာန ဆယ့်ငါးခု အဖြစ် ပြောင်းလဲဖွဲ့စည်းပါမယ်။ ပြီးတော့ ရှင်းကျုံး ပါတီက အဖွဲ့ဝင် တချို့ကိုလည်း ဝန်ကြီးအဖွဲ့ထဲ ဝင်ခွင့်ပြုပါမယ်။

ဘာလို့လဲဆိုတော့ သူတို့က ကျွမ်းကျင်တဲ့ အထက်တန်းလွှာတွေ ဖြစ်ပြီး တည်ဆောက်ရေးမှာ ကျွမ်းကျင်လို့ပါ။ အဲဒါကြောင့် ခင်ဗျားတို့ရဲ့ အာဏာက သေချာပေါက် ခွဲဝေခံရလိမ့်မယ်။ လူတချို့ဆိုရင် မြင့်မားတဲ့ အာဏာကိုတောင် ဆုံးရှုံးရနိုင်တယ်။”

ယွင်ကျုံးဟဲ့ ပြောပြီးနောက် သူ၏ အကြည့်များသည် အထက်လွှတ်တော်၏ ထိပ်သီး ခေါင်းဆောင်များထံသို့ ရောက်ရှိသွားပြီး သူတို့၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသကဲ့သို့ပင်။

အတော်ကြာမှ ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အမတ်ကြီးတို့ လက်မမြှောက်ကြတာက ကျုပ်ကို အရမ်း ဝမ်းသာစေပါတယ်။ အင်ပါယာအပေါ် ထားရှိတဲ့ အားလုံးရဲ့ အချစ်အတွက် ကျေးဇူးတင်ပါတယ်။”

ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... အင်ပါယာမှာ ကျုပ် အကြံအစည်တွေ မသုံးပါဘူး။ ကျုပ်ရဲ့ အရာအားလုံးက နေရောင်အောက်မှာ အထင်အရှား ရှိနေပါတယ်။ အာဏာလုချင်တာ၊ အင်ပါယာရဲ့ ဘုရင် ဖြစ်ချင်တာ အပါအဝင် လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်။

ကျုပ် ယွင်ကျုံးဟဲ့က အာဏာလုချင်တယ်၊ အင်ပါယာရဲ့ ဘုရင် ဖြစ်ချင်တယ်။ ကျုပ်က အင်ပါယာကို ဦးဆောင်ပြီး တာ့ရှန်း မိစ္ဆာနိုင်ငံနဲ့ တိုင်းပြည်တစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီး ဆင်နွှဲချင်တယ်။ ယဉ်ကျေးမှု ကာကွယ်ရေး စစ်ပွဲ၊ လောကကာကွယ်ရေး စစ်ပွဲ ဆင်နွှဲချင်တယ်။

ဒါပေမဲ့ ကျုပ် အင်ပါယာရဲ့ ဘုရင် ဖြစ်ချင်တာကို လျှို့ဝှက်တဲ့ နည်းလမ်းနဲ့ လုံးဝ မလုပ်ဘူး။ ရှင်းကျုံး ပါတီဝင် လူတစ်သိန်းကျော် အုပ်ချုပ်ရေး နန်းတော်ကို ဝင်စီးပြီး အာဏာသိမ်းကာ ခင်ဗျားတို့ အားလုံးကို ဖြုတ်ချပြီး ကျုပ်ကို ဘုရင်ရာထူးပေါ် တင်ပေးတာမျိုးကိုလည်း အားမကိုးဘူး။

အမတ်ကြီး လီဖူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီ။ သူ မသေခင်မှာ သေတမ်းစာ တစ်စောင် ရေးခဲ့တယ်။ ကျုပ်ကို ဖတ်ဖို့ ရေးခဲ့တာ ဖြစ်ပေမယ့် လူတိုင်း ဖတ်ပြီးသွားကြပြီ။ အမတ်ကြီး လီဖူက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ စည်းလုံးရမယ်၊ မခွဲထွက်ရဘူး။ အင်ပါယာ ကသောင်းကနင်း ဖြစ်လို့ မရဘူး၊ ရာထူးကို မှန်ကန်စွာ ရယူရမယ်။

ရာထူးကို မှန်ကန်စွာ ရယူတယ် ဆိုတာ ဘာလဲ။ အဲဒါက အင်ပါယာရဲ့ လူအများစုက ကျုပ် အင်ပါယာရဲ့ ဘုရင် ဖြစ်လာတာကို ထောက်ခံဖို့ပဲ။ ဒါဆို လူအများစု ဆိုတာ ဘာလဲ။ ရှင်းကျုံး ပါတီ တစ်ခုတည်းလား။ သေချာပေါက် မဟုတ်ဘူးလေ။

လူအများစု ဆိုတာ အင်ပါယာ နိုင်ငံသားတွေ၊ ရှင်းကျုံး ပါတီ၊ အင်ပါယာ အရာရှိတွေ၊ ပြီးတော့ အထက်လွှတ်တော်က အမတ်ကြီးတွေနဲ့ အင်ပါယာ စစ်တပ်တွေ အားလုံး ပါဝင်တယ်။

အခု ကြည့်ရတာ ကျုပ်က မရေမတွက်နိုင်တဲ့ အင်ပါယာ နိုင်ငံသားတွေကို သိမ်းပိုက်နိုင်ခဲ့ပြီ ထင်တယ်။ ရှင်းကျုံး ပါတီဝင် အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီ။ အင်ပါယာ အရာရှိ အလတ်စားနဲ့ အောက်ခြေ အရာရှိ အများအပြားကလည်း ကျုပ်ဘက်မှာ ရပ်တည်ဖို့ ဆန္ဒရှိကြတယ်။

ဘာလို့လဲဆိုတော့ ဒီနေ့ မြို့တော်က အရာရှိ အလတ်စားနဲ့ အောက်ခြေ အရာရှိ ခုနစ်ဆယ် ရာခိုင်နှုန်းကျော် သပိတ်မှောက်ခဲ့ကြပြီး သူတို့က ကျုပ် အနောက်ဘက်က လူအုပ်ကြီးထဲမှာတောင် ပါဝင်နေကြလို့ပဲ။ ဒါပေမဲ့ အင်ပါယာရဲ့ စစ်တပ်က ကျုပ်ကို မထောက်ခံသေးဘူး။ အထက်လွှတ်တော်က အမတ်ကြီးတွေကလည်း ကျုပ်ကို မထောက်ခံသေးဘူး။

အကယ်၍ ခင်ဗျားတို့ရဲ့ ထောက်ခံမှုကို မရဘူးဆိုရင်၊ ခင်ဗျားတို့ရဲ့ ထောက်ခံမှုကို မရဘူးဆိုရင် ကျုပ် ဘယ်လိုလုပ် ဘုရင်ရာထူးကို တက်မှာလဲ။ ကျုပ် ရတဲ့ ရာထူးက ဘယ်လိုလုပ် မှန်ကန်မှာလဲ။

အဲဒါကြောင့် အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... ကျုပ် ဒီနေ့ တကယ်ပဲ အာဏာသိမ်းဖို့ လာတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်ရဲ့ ပြိုင်ဘက် အဖြစ် လုံးဝ မသတ်မှတ်ထားပါဘူး။ ဒီနေ့ ကျုပ်က အင်ပါယာ စစ်တပ်ကို သိမ်းပိုက်ဖို့ လာတာပါ။”

ယွင်ကျုံးဟဲ့၏ အကြည့်များသည် အလွန် ကျွမ်းကျင်ပြီး အင်အားကြီးမားသော အင်ပါယာ ပထမ တပ်တော်ဆီသို့ ရောက်ရှိသွားကာ ကျယ်လောင်စွာ ပြောလိုက်၏။ “အင်ပါယာ ပထမ တပ်တော်... ခင်ဗျားတို့က အင်ပါယာရဲ့ ဂုဏ်ယူစရာပဲ။ ခင်ဗျားတို့က အင်ပါယာရဲ့ အင်အားအကြီးဆုံး စစ်တပ်ပဲ။ ဒါဆို ကျုပ်က ဘာကို အားကိုးပြီး ခင်ဗျားတို့ကို သိမ်းပိုက်ရမှာလဲ။

ကျုပ် ဘာကို အားကိုးပြီး ခင်ဗျားတို့ကို သိမ်းပိုက်ရမလဲ။ ခင်ဗျားတို့ကို စိတ်ရော ကိုယ်ပါ ထောက်ခံလာအောင်၊ ကျုပ်ကို ထောက်ခံလာအောင်၊ ကျုပ်ကို သစ္စာခံလာအောင် ဘယ်လို လုပ်ရမလဲ။ ရဲရင့်တဲ့ စကားတွေကို အားမကိုးဘူး၊ နိုင်ငံတော်ရဲ့ တရားမျှတမှုကို အားမကိုးဘူး၊ အင်အားကိုပဲ အားကိုးတယ်၊ အကြွင်းမဲ့ အင်အားကိုပဲ အားကိုးတယ်။”

“ပထမ တပ်တော်.... ခင်ဗျားတို့က အင်ပါယာရဲ့ အင်အားအကြီးဆုံး စစ်တပ် ဖြစ်ပြီး အင်ပါယာရဲ့ အသန်မာဆုံး အင်အားကို ကိုယ်စားပြုတယ်။”

ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် အမြင်မှာတော့ ခင်ဗျားတို့က အင်အားကြီးတယ်လို့ လုံးဝ မဆိုနိုင်သေးဘူး။ ခင်ဗျားတို့က အရမ်း အားနည်းနေသေးတယ်။ ကျုပ် ယွင်ကျုံးဟဲ့ လျှို့ဝှက် လေ့ကျင့်ထားတဲ့ တပ်သားသစ် တစ်ထောင် ရှိတယ်။ သူတို့ အားလုံးက သာမန် အင်ပါယာ တက္ကသိုလ် ကျောင်းသားတွေပဲ။

သူတို့ရဲ့ တစ်ကိုယ်ရည် သိုင်းပညာက ခင်ဗျားတို့ကို လုံးဝ မမီဘူး။ ဒါပေမဲ့... ကျုပ်ရဲ့ ဒီလျှို့ဝှက် တပ်သားသစ် တစ်ထောင်က ခင်ဗျားတို့ လူတစ်သောင်းကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်တယ်။ ကျောင်းသား တစ်ထောင်နဲ့ ဖွဲ့စည်းထားတဲ့ တပ်သားသစ်က ခင်ဗျားတို့ လူတစ်သောင်းကို အနိုင်ယူမယ်။ ခင်ဗျားတို့ ယုံလား။ ယုံလား။ ကျုပ် ခင်ဗျားတို့ကို သိမ်းပိုက်မှာက အကြွင်းမဲ့ အင်အားကို အားကိုးပြီးတော့ပဲ။ အင်အားနဲ့ပဲ ဆုံးဖြတ်မယ်။”

All Chapters