← Chapters

အခန်း ၈၉၀

Vol. 75 Ch. 890

အခန်း ၈၉၀

Vol. 75 Ch. 890

အပိုင်း (၈၉၀)

“ဒီတွင်းပေါက်တွေကို ပိတ်ဆို့ပြီး သဘာဝ ဓာတ်ငွေ့နဲ့ ရေနံတွေ ပန်းထွက်တာကို တားဆီးဖို့ ဧရာမ လေသင်္ဘောတွေကို မြေအောက်ဖောက်ခွဲရေး ဗုံးတွေ ပစ်ချဖို့ အမိန့်ပေးလိုက်...” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။

ချက်ချင်းပဲ ဧရာမ လေသင်္ဘော ဆယ်စင်းကျော် ထွက်ခွာသွားပြီး မီတာ ရာပေါင်းများစွာ မြင့်သော ကောင်းကင်ယံသို့ ရောက်ရှိလာကာ ထူထပ်သော မီးခိုးငွေ့များကြားတွင် သဘာဝ ဓာတ်ငွေ့နှင့် ရေနံ ပန်းထွက်နေသော တွင်းပေါက်များကို အကြမ်းဖျင်း ချိန်ရွယ်လိုက်ကြ၏။ တစ်နည်းအားဖြင့် မီးနဂါးများ ရူးသွပ်စွာ ပန်းထွက်နေသော နေရာများ ပင် ဖြစ်သည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

နှစ်တန်ကျော် အလေးချိန်ရှိသော ဧရာမ မြေအောက်ဖောက်ခွဲရေးဗုံး ဆယ်လုံးကျော် ရုတ်တရက် ပစ်ချခံလိုက်ရပြီး မြေအောက် မီတာ ဆယ်ဂဏန်းခန့် အထိ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွား၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ပြင်းထန်သော ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။ အကျိုးသက်ရောက်မှု တစ်ဝက်ခန့် ရှိပြီး ရေနံ ပန်းထွက်နေသော တွင်းပေါက် ခြောက်ခုကိုသာ ပိတ်ဆို့နိုင်ခဲ့သည်။

‘ဘာလို့ ရေနံ ပန်းထွက်တဲ့ တွင်းပေါက်တွေကို ပိတ်ဆို့ဖို့ ဒီလို နည်းလမ်း သုံးရတာလဲ။ ရေနံ ပန်းထွက်တဲ့ တွင်းပေါက် အသစ် တစ်ခု ထပ်ဖြစ်သွားမှာကို မကြောက်ဘူးလား။’

ပုံမှန်အားဖြင့် ဆိုလျှင် ရေနံကြောများသည် မီတာ ထောင်ချီ အနက်တွင် ရှိပြီး မြေအောက်ဖောက်ခွဲရေး ဗုံးများသည် အလွန်ဆုံး မီတာ ဆယ်ဂဏန်းခန့် အထိသာ ဝင်ရောက်နိုင်ကာ ပေါက်ကွဲမှု စွမ်းအားကို ပေါင်းထည့်လျှင်ပင် မီတာ တစ်ရာ အထိ မရောက်နိုင်ပေ။

ထို့ကြောင့် ရေနံကြော အထိ လုံးဝ မဖောက်ထွင်းနိုင်သော်လည်း ပြင်းထန်သော ပေါက်ကွဲမှုက ဘူမိဗေဒ အလွှာများကို ပြောင်းလဲစေနိုင်ပြီး ယခင်က တူးဖော်ထားသော ရေနံ ပန်းထွက်ပေါက်များကို ပိတ်ဆို့သွားစေနိုင်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

နောက်ဆက်တွဲ အနေဖြင့် ဒုတိယ အကြိမ်၊ တတိယ အကြိမ်၊ စတုတ္ထ အကြိမ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။

စစ်တပ်ကြီးနှင့် ပိုမို နီးကပ်သော ထွက်ပေါက် ဆယ်ခုကျော်ကို အားလုံး ပိတ်ဆို့ပစ်လိုက်သည်။ မြေပြင်ပေါ်တွင် မီးများ ဆက်လက် လောင်ကျွမ်းနေသေးလျှင်ပင် အချိန် အကြာကြီး ဆက်လောင်နိုင်တော့မည် မဟုတ်ပေ။

စစ်တပ်ကြီးသည် အေးအေးဆေးဆေး ဆုတ်ခွာနိုင်ပြီဖြစ်ပြီး ဤအန္တရာယ်ရှိသော ဧရိယာမှ ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။

နာရီအနည်းငယ် အကြာတွင်....

စစ်တပ်ကြီးသည် မီးပင်လယ် ခြိမ်းခြောက်နေသော ဧရိယာမှ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီးနောက် မီးပင်လယ်ကို အဝေးမှ ကွေ့ပတ်၍ ဆက်လက် ဝင်ရောက်သွား၏။

ထိုမီးပင်လယ်အတွက်မူ မိုးသည်းထန်စွာ ရွာသွန်းလာချိန်တွင် မီးများ အလိုအလျောက် ငြိမ်းသွားမှာဖြစ်၏။ သို့မဟုတ် ဖိအားများ မပြင်းထန်တော့ဘဲ ရေနံစိမ်းများ ပန်းထွက်မလာနိုင်တော့ချိန်တွင် သူတို့ဘာသာ ငြိမ်းသွာပေလိမ့်မည်။

လေးရက် အကြာတွင် ကျောက်စရစ် လွင်ပြင်ကြီး၏ အဆုံးသို့ ရောက်ရှိလာသည်။ ဤအချိန်တွင် မိစ္ဆာမြို့တော်နှင့် မိုင်တစ်ထောင်ခန့်သာ ကွာဝေးတော့သည်။

“အရှင်ဧကရာဇ်... အခုချိန်မှာ မိစ္ဆာမြို့တော် နဲ့ မိုင်တစ်ထောင်လောက် ကွာဝေးပါသေးတယ်။ ဒါပေမဲ့ အားလုံး သဲကန္တာရ ဒေသတွေချည်းပါပဲ။”

ယွင်ကျုံးဟဲ့ စစ်တပ်ကို ခေတ္တ ရပ်နားရန် အမိန့်ပေးလိုက်ပြီး ဤနေရာတွင် ယာယီ စစ်စခန်း တစ်ခု တည်ဆောက်စေ၏။

ထို့အပြင် ရေတွင်းများ စတင် တူးဖော်စေ၏။ နောက်ပိုင်း၌ ဤနေရာသည် ရေချို ထောက်ပံ့ရေး အခြေစိုက် စခန်း တစ်ခု ဖြစ်လာမှာ ဖြစ်သည်။

အမိန့်ပေးသံနှင့်အတူ ရေတွင်းတူးစက် ဆယ်လုံးကျော် ရူးသွပ်စွာ လည်ပတ်နေကြသည်။ သဲကန္တာရနှင့် နီးကပ်နေသော်လည်း မြေအောက် မီတာ ဆယ်ဂဏန်းခန့် သို့မဟုတ် ထို့ထက် ပိုနက်အောင် တူးဖော်ပါက ရေကို တွေ့နိုင်သေး၏။

ရက်အတော်ကြာ အချိန်ယူပြီးနောက် ဤကျယ်ဝန်းလှသော ကျောက်စရစ် လွင်ပြင်ကြီးတွင် ရေတွင်းနက် ရာပေါင်းများစွာကို တူးဖော်နိုင်ခဲ့သည်။

နောက်ဆက်တွဲ အနေဖြင့် ထောက်ပံ့ရေး လမ်းကြောင်းများကို တည်ဆောက်ရမည် ဖြစ်ပြီး တာ့ကျိုး၊ တာယင် တို့မှ ပစ္စည်းများနှင့် ရေချိုများကို ဤယာယီ စစ်စခန်း အတွင်းသို့ အဆက်မပြတ် သယ်ယူပို့ဆောင်နိုင်စေရန် ဖြစ်သည်။ ထို့အပြင် ဤယာယီ စစ်စခန်းတွင် ကာကွယ်ရေး လိုင်းများကိုလည်း တည်ဆောက်ရဦးမှာ ဖြစ်၏။

မိစ္ဆာမြို့တော်သို့ ခရီးဝေး စစ်ချီလာခဲ့သည်မှာ နှစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး စစ်တပ်ကြီးသည် မိစ္ဆာမြို့တော်နှင့် မိုင်ထောင်ချီ ကွာဝေးနေသေးသည်။

ဤသည်မှာ ဆိုးရွားသော ပတ်ဝန်းကျင် အောက်တွင် ခရီးဝေး စစ်ချီရခြင်း ဖြစ်သောကြောင့် မတတ်နိုင်ပေ။

လဝက် အကြာတွင် ယွင်ကျုံးဟဲ့သည် ကင်းထောက် တပ်ဖွဲ့များနှင့် လေကြောင်း တပ်ဖွဲ့များကို သဲကန္တာရ အတွင်းသို့ အရင် ဝင်ရောက်၍ လမ်းစူးစမ်းရန် အမိန့်ပေးလိုက်သည်။

ကင်းထောက် တပ်ဖွဲ့များက မိုင်ငါးဆယ် လျှောက်သွားပြီး ပုံမှန်မဟုတ်မှု မရှိကြောင်း စစ်ဆေး ပြီးစီးပြီးမှသာ စစ်တပ်ကြီးက ဆက်လက် ဝင်ရောက်သည်။ ထိုသို့ဖြင့် တစ်လှမ်းချင်းစီ သတိထား၍ ချီတက်နေကြ၏။

စစ်တပ်ကြီးသည် သဲကန္တာရ ဒေသ အတွင်းသို့ ဝင်ရောက်သွား၏။ ထိုနေ့တွင် စစ်တပ်ကြီးသည် သဲကန္တာရ အတွင်းသို့ မိုင်သုံးရာ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး မိစ္ဆာမြို့တော်နှင့် မိုင်ခုနစ်ရာခန့် ကွာဝေးသည်။

ရုတ်တရက် ကောင်းကင်ယံမှ လေသင်္ဘောပေါ်တွင် စူးရှသော အချက်ပေးသံများ ထွက်ပေါ်လာ၏။

“ရန်သူ လာတိုက်ပြီ၊ ရန်သူ လာတိုက်ပြီ...”

“လေဆင်နှာမောင်း ရန်သူ လာတိုက်ပြီ၊ လေဆင်နှာမောင်း ရန်သူ လာတိုက်ပြီ...”

အရှေ့ဘက်မှ တာ့ယန် အင်ပါယာ၏ ကင်းထောက် လေသင်္ဘောငယ်လေးသည် ကြိုးမဲ့ ဆက်သွယ်ရေး စက်ဖြင့် စစ်တပ်ကြီးထံသို့ ချက်ချင်း သတင်းပို့လိုက်သည်။

လေသင်္ဘောများပေါ်ရှိ ကင်းထောက် အချို့သည် အလွန် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ အဝေး မိုင်ဆယ်ဂဏန်းခန့်မှနေ၍ အလွန် ကြီးမားပြီး ကြောက်စရာကောင်းသော လေဆင်နှာမောင်းကြီး တစ်ခု ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော လေပြင်းများနှင့် သဲများကို လိပ်တက်လာစေကာ လိမ့်ဝင်လာနေ၏။

ထို့အပြင် ဤလေဆင်နှာမောင်းကြီးသည် မီတာ ရာပေါင်းများစွာ အချင်း ရှိ၏။ ပိုမို နီးကပ်သွားချိန်မှာတော့ လေသင်္ဘောများပေါ်ရှိ ကင်းထောက်များ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ဤလေဆင်နှာမောင်းသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အသွင်ပြောင်း ကျီးကန်းများက ဖန်တီးထားခြင်း ဖြစ်သည်။

ဤမြင်ကွင်းကို ယွင်ကျုံးဟဲ့သည် ပိုင်ယင်မြို့တွင်လည်း ပြသခဲ့ဖူးသည်။ ထိုအချိန်က အသွင်ပြောင်း ဇင်ယော် သောင်းချီသည် လှည့်ပတ် ပျံသန်းကာ ဧရာမ လေဆင်နှာမောင်းကြီး တစ်ခု ဖန်တီးခဲ့ပြီး ပိုင်ယင်မြို့ ရေယာဉ်စုကို ရူးသွပ်စွာ သတ်ဖြတ်ခဲ့၏။

ရန်သူသည်လည်း ဤနည်းလမ်းကို အသုံးပြုလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။ သို့သော်လည်း ယခုတစ်ကြိမ် သဲကန္တာရအတွင်း၌ ဖြစ်ပေါ်လာသော လေဆင်နှာမောင်းမှာ ပိုမို၍ အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေတော့သည်။

၎င်း၏ အရွယ်အစားနှင့် ဖျက်ဆီးသတ်ဖြတ်နိုင်စွမ်းမှာ ယွင်ကျုံးဟဲ့ ပင်လယ်ပြင်ထက်တွင် ဖန်တီးခဲ့စဉ် ကထက်ပင် ပိုမိုကြီးမားလို့နေသည်။ ထိုလေဆင်နှာမောင်းအတွင်း၌ အနည်းဆုံးအားဖြင့် အသွင်ပြောင်း ကျီးကန်း အရေအတွက် သိန်းချီ၍ ပါဝင်နေပေလိမ့်မည်။

ဤမဟာလေဆင်နှာမောင်းကြီးသာ လှိမ့်ဝင်လာပါက စစ်တပ်ကြီးတစ်ခုလုံးအပေါ် ထိတ်လန့်ချောက်ချား ဖွယ်ရာ သေကျေပျက်စီးမှုများကို ဖြစ်ပေါ်စေမည်မှာ အမှန်ပင်။ ထို့ထက် ပိုဆိုးသည်မှာ ဤနေရာသည် သဲကန္တာရဖြစ်နေခြင်းပင် ဖြစ်၏။

လေဆင်နှာမောင်းကြီး ဝင်ရောက်တိုက်ခတ်လာပါက လူအသေအပျောက် ရှိနိုင်သည်ကို ထားဦးတော့၊ အဓိကကျလှသော ရေချိုနှင့် ရိက္ခာအသုံးအဆောင်ပစ္စည်းများအားလုံး ပျက်စီးဆုံးရှုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တော့သည်။

သတင်း ရရှိပြီးနောက် ယွင်ကျုံးဟဲ့ လေသင်္ဘောပေါ်သို့ တက်ရောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူလည်း မြင်တွေ့လိုက်ရပြီဖြစ်၏။

မကြာမီ ဒုတိယမြောက် လေဆင်နှာမောင်းလည်း ပေါ်ထွက်လာပြန်သည်။

‘ချီးတဲ့မှ... ဒီတာရှန်းမိစ္ဆာနိုင်ငံမှာ အသွင်ပြောင်း ကျီးကန်းတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ မျက်စိရှေ့က အကောင်တွေချည်းပဲတင် အကောင်ရေ သိန်းချီ ရှိနေလောက်ပြီ။ ခင်ဗျားတို့တွေ ဂေဟစနစ် ပျက်စီးသွားမှာကိုတောင် မကြောက်ဘူးလား။’

ဤအသွင်ပြောင်း ကျီးကန်းများ ဖွဲ့စည်းထားသော ဧရာမ လေဆင်နှာမောင်း နှစ်ခုသည် ပို၍ ပို၍ နီးကပ်လာပြီး အမြန်နှုန်းမှာလည်း အလွန် မြန်ဆန်လွန်းသောကြောင့် အလွန်ဆုံး တစ်ဆယ့်ငါးမိနစ် အကြာတွင် တာ့ယန် အင်ပါယာ စစ်တပ်များ၏ ကောင်းကင်ယံသို့ ရောက်ရှိလာပြီး တာ့ယန် အင်ပါယာ စစ်တပ်များကို အံ့ဩစရာကောင်းအောင် သတ်ဖြတ်တော့မှာဖြစ်၏။

ယွင်ကျုံးဟဲ့သည် လေသင်္ဘောပေါ်တွင် ရပ်ကာ ဤလေဆင်နှာမောင်း နှစ်ခုကို စိုက်ကြည့်နေပြီးနောက် နံပါတ် ၉ စိတ်ရောဂါသည် ကွမ်တမ် ၏ စွမ်းရည်ကို အသုံးပြု၍ ဤလေဆင်နှာမောင်း နှစ်ခု၏ ရွေ့လျားမည့် လမ်းကြောင်းကို စတင် တွက်ချက်သည်။

နှစ်မိနစ်အကြာတွင် ရွေ့လျားမည့် လမ်းကြောင်းကို တွက်ချက်ရရှိသွားပြီး ဦးနှောက်ထဲတွင် တိကျသော လမ်းကြောင်းကို ရေးဆွဲနိုင်ခဲ့၏။

ထိုသို့ဆိုလျှင် ဤလေဆင်နှာမောင်းများ၏ ရွေ့လျားမယ့် လမ်းကြောင်းကို ပြောင်းလဲနိုင်သည်လား။

ပြောင်းလဲနိုင်သည်။ သို့ပေမည့် အနည်းဆုံး မိနစ် အနည်းငယ်လောက် ကြိုတင်ပြီး ပြောင်းလဲရမှာ ဖြစ်ပြီး ချက်ချင်းကြီး ပြောင်းလဲဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ဤလေဆင်နှာမောင်းက အသွင်ပြောင်း ကျီးကန်း သိန်းဂဏန်းလောက်နှင့် ဖွဲ့စည်းထားသည့် လေဆင်နှာမောင်းဖြစ်ပြီး အရှိန်ဖြစ်ပေါ်သွားပြီ ဆိုလျှင် ပြောင်းလဲဖို့ မလွယ်ကူတော့ သောကြောင့် ဖြစ်သည်။

ထိုသို့ဆိုလျှင် ဤအသွင်ပြောင်း ကျီးကန်းများကို မည်ကဲ့သို့ ဖျက်ဆီးမည်နည်း။ အလွန် လွယ်ကူ၏။ လေဆင်နှာမောင်း နှစ်ခု၏ ရွေ့လျားမည့် လမ်းကြောင်းကို တွက်ချက်ပြီးနောက် ၎င်းတို့ မဖြစ်မနေ ဖြတ်သန်းရမည့် နေရာများတွင် မီးလောင်ဗုံးများ ကြိုတင် ပစ်ချထားလိုက်ရုံပင်။

ထိုအသွင်ပြောင်း ကျီးကန်းများ ဖွဲ့စည်းထားသော လေဆင်နှာမောင်းကြီး လှိမ့်ဝင်လာချိန်မှာတော့ ကြောက်စရာကောင်းသော မီးတောက်များကို တိုက်ရိုက် လိပ်တက်လာစေမည်ဖြစ်ပြီး လေဆင်နှာမောင်း တစ်ခုလုံး အတွင်းတွင် နေရာတိုင်း၌ မီးတောက်များ ပြည့်နှက်သွားကာ အသွင်ပြောင်း ကျီးကန်းများကို အမြစ်ပြတ် မီးရှို့ သတ်ဖြတ်နိုင်မှာ ဖြစ်သည်။

ထို့အပြင် ဤမီးလောင်ဗုံးများ အတွင်းတွင် မီးစုန်း၊ အောက်ဆီဂျင် ထုတ်ပေးသည့် ဓာတုပစ္စည်းများ ပါဝင်သည်။ မီးလောင်သွားသည်နှင့် တပြိုင်နက် အခြေခံအားဖြင့် ငြှိမ်းသတ်၍ မရနိုင်တော့ပေ။

ယွင်ကျုံးဟဲ့ ချက်ချင်း အမိန့်ပေးလိုက်သည်။ “အမြောက်တွေ အသင့်ပြင်... အချက်ပြ အမြောက်ဆန်တွေ ပစ်လွှတ်။”

“ဝုန်း... ဝုန်း... ဝုန်း...”

အမြောက် ဆယ်လက်ကျော်က သဲကန္တာရ ကွက်လပ် တစ်ခုကို ချိန်ရွယ်၍ ပစ်ခတ်လိုက်ရာ မြေကြီးပေါ်သို့ ကျရောက်သွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားသော်လည်း မီးတောက်များ မရှိပေ။ ဤသည်မှာ အချက်ပြ ဗုံးများဖြစ်ပြီး ပစ်မှတ်ကို မှတ်သားရန် အသုံးပြုခြင်း ဖြစ်၏။

“အစ်ကို... မင်းရဲ့ အသွင်ပြောင်း သိမ်းငှက်တွေကို အားကိုးရတော့မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

အနက်ရောင်ဘုရင်ကျိုး၏ အမိန့်ပေးသံနှင့်အတူ အသွင်ပြောင်း သိမ်းငှက် ရာပေါင်းများစွာ ထွက်ခွာ လာကြပြီး သိမ်းငှက် တစ်ကောင်စီတိုင်းသည် ပေါင်ရာပေါင်းများစွာ အလေးချိန်ရှိသော မီးလောင်ဗုံး တစ်လုံးစီကို ကိုင်ဆောင်ကာ အလွန် မြန်ဆန်စွာ ပျံသန်းသွားကြ၏။

ထို့နောက် အရှိန်အဟုန်ဖြင့် ထိုးဆင်းလာပြီး ယွင်ကျုံးဟဲ့ တွက်ချက်ထားသော ပစ်မှတ် နေရာများတွင် မီးလောင်ဗုံးများကို ပစ်ချလိုက်ကြ၏။ အချိန်တိုလေး အတွင်းမှာပင် တန်ရာချီသော မီးလောင်ဗုံးများကို ပစ်ချနိုင်ခဲ့သည်။

စုစုပေါင်း ပစ်မှတ် နေရာ လေးနေရာ ရှိပြီး အားလုံးမှာ ရန်သူ၏ အသွင်ပြောင်း ကျီးကန်း လေဆင်နှာမောင်း မဖြစ်မနေ ဖြတ်သန်းရမည့် နေရာများ ဖြစ်၏။

ထိုအချိန်တွင် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ကျီးကန်းများကို ထိန်းချုပ်ထားသော ယဇ်ပုရောဟိတ်ချုပ် သည်လည်း အခြေအနေ မကောင်းတော့ကြောင်း သိရှိသွားပြီး ရွေ့လျားမည့် လမ်းကြောင်းကို ပြောင်းလဲရန် ကြိုးစားလိုက်သည်။

သို့ပေမည့် အချိန် မမီတော့ပေ။ ဧရာမ လေဆင်နှာမောင်း နှစ်ခုသည် မူလ အရှိန်အတိုင်း ဆက်လက်၍ ရူးသွပ်စွာ လှိမ့်ဝင်လာကြ၏။

“ပစ်...”

“ပစ်...”

အမိန့်ပေးသံနှင့်အတူ အမြောက် ဆယ်လက်ကျော် တပြိုင်နက်တည်း ပစ်ခတ်လိုက်ပြီး ထိုမီးလောင်ဗုံး အပုံများကို ချိန်ရွယ်လိုက်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

အချိန်တိုလေး အကြာတွင် မီးလောင်ဗုံး လေးပုံစလုံး မီးလောင်သွားသည်။ တစ်ခဏချင်း အတွင်းမှာပင် ကောင်းကင်ကို တုန်လှုပ်စေသော မီးတောက်များ လောင်ကျွမ်းသွားသည်။ ဤသည်မှာ တန်ရာချီသော မီးလောင်ဗုံးများ ဖြစ်၏။

လောင်ကျွမ်းနေသော မီးတောက်များသည် မီတာ တစ်ရာကျော် မြင့်သော ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မီတာ ရာပေါင်းများစွာအထိ ရှည်လျားသည်။

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

အသွင်ပြောင်း ကျီးကန်း သိန်းချီ ဖွဲ့စည်းထားသော လေဆင်နှာမောင်းသည် လုံးဝ ထိန်းချုပ်၍ မရဘဲ လှိမ့်ဝင်လာ၏။

ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ် များပြားလှသော မီးတောက်များသည် တစ်ခဏချင်း အတွင်းမှာပင် ကောင်းကင်ယံသို့ လိပ်တက်သွားသည်။

ထို့နောက် တစ်ခါမှ မရှိဖူးလောက်အောင် လှပသော သတ်ဖြတ်မှုကြီး စတင်လေတော့သည်။ လူတိုင်း ဤလှပသော မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။

‘ဒါမှ တကယ့် ကောင်းကင်ကို တုန်လှုပ်စေတဲ့ မီးနဂါးကြီးကွ... အရမ်း လှပပြီး၊ အရမ်း အံ့ဩစရာ ကောင်းလွန်းတယ်။’

All Chapters