← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 30 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 30 Ch. 349-350

အပိုင်း (၃၄၉)

နောက်တစ်ဆင့်မှာ ပဉ္စမအဆင့် အစီအစဉ်ဖြစ်သော ဟွမ်ထျန်း ဘုရားကျောင်းတော်ကို အမိုးအုပ်ခြင်း အစီအစဉ် ဖြစ်သည်။

အမိုးအုပ်ခြင်း ဆိုသည်မှာ အဘယ်နည်း။ နောက်ဆုံး လက်ကျန် အမိုးကြွေပြား တစ်ချပ်ကို တပ်ဆင်ခြင်း ပင်ဖြစ်၏။

ဤဟွမ်ထျန်းဘုရားကျောင်းတော်သည် တောင်ပိုင်းနိုင်ငံ၏ သန့်စင်သော နေရာ၊ ဟွမ်ထျန်း သာသနာ၏ သန့်စင်သော နေရာ ဖြစ်သည်။

မကောင်းဆိုးဝါးများကို ဖိနှိပ်ပေးရုံသာမက တောင်ပိုင်းနိုင်ငံ၏ ဘေးအန္တရာယ်များကိုပါ ဖိနှိပ်ပေးကာ ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဆက်သွယ်နိုင်သော တစ်ခုတည်းသော လမ်းကြောင်းလည်း ဖြစ်၏။

တောင်ထိပ်တွင် ရှိနေသော ဤဘုရားကျောင်းတော်သည် ၉၉၉၉ ပေ အတိအကျ ရှိသည်။

အကယ်၍ တောင်ပိုင်း ဘုရင်မြို့တော်နှင့် တောင်ပိုင်း ဘုရင်အိမ်တော်သည် ဘုရင်၏ အာဏာကို ကိုယ်စားပြုသည် ဆိုပါက ဤဟွမ်ထျန်း ဘုရားကျောင်းတော်သည် ဘာသာရေး အာဏာကို ကိုယ်စားပြု၏။

ဤ တောင်ပိုင်းနိုင်ငံ ဟု ခေါ်ဆိုသော နိုင်ငံတွင် ဘာသာရေး အာဏာသည် ဘုရင်၏ အာဏာထက်များစွာ သာလွန်နေကြောင်း ထင်ရှားလှသည်။

ထို့ကြောင့် အမိုးအုပ်ပွဲ အခမ်းအနားသည်လည်း အလွန် တည်ကြည်လေးနက်ပြီး ခမ်းနားကြီးကျယ်မည်မှာ သေချာ၏။

သို့သော်ငြား ဤနောက်ဆုံး လက်ကျန် အမိုးကြွေပြား တစ်ချပ်ကို ဖုတ်၍ မပြီးသေးချေ။

မီးဖိုငယ် တစ်ခုသည် အလယ်ဗဟိုတွင် ရှိနေပြီး အတွင်း၌ သွေးလိုနီရဲနေသော နောက်ဆုံး လက်ကျန် အမိုးကြွေပြား တစ်ချပ်ကို ဖုတ်နေဆဲ ဖြစ်သည်။

“အမိုးကြွေပြား ဖုတ်ဖို့ သွေးဖောက်ကြ...”

အမိန့်ပေးသံနှင့်အတူ ထိုနေရာတွင် ရှိနေသော လူထောင်ချီသည် မိမိတို့၏ ဓားမြှောင်များကို ထုတ်ကာ လက်ချောင်းများကို ဖြတ်၍ ဤမီးဖိုငယ်လေးထဲသို့ သွေးများ အစက်ချလိုက်ကြတော့၏။

ဤလူထောင်ချီသည် တောင်ပိုင်းနိုင်ငံ တစ်ခုလုံး၏ ခေါင်းဆောင်များ ဖြစ်ကြပြီး ဒေသခံ သန်းဆယ်ချီ၏ ကိုယ်စားလှယ်များလည်း ဖြစ်ကြသည်။

အားလုံး သွေးဖောက်ကာ မီးဖိုထဲသို့ ထည့်လိုက်ကြပြီး ဖုတ်နေဆဲဖြစ်သော နောက်ဆုံး လက်ကျန် အမိုးကြွေပြား တစ်ချပ်ပေါ်သို့ သွေးများ ကျဆင်းသွားစေရန် ပြုလုပ်လိုက်ကြ၏။

လူထောင်ချီ သွေးဖောက်ပြီးသွားချိန်မှာတော့ ဖူကျ၏ အလှည့်သို့ ရောက်ရှိလာပြီး ထို့နောက် တောင်ပိုင်း ဘုရင် ယွင်ကျုံးဟဲ့၏ အလှည့်သို့ ရောက်ရှိလာသည်။

နောက်ဆုံးတွင် မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့၏ အလှည့်သို့ ရောက်ရှိလာ၏။

သူ၏ သွေးကို အသုံးပြု၍ ဤနောက်ဆုံး လက်ကျန် မီးလိုနီရဲနေသော သန့်စင်သည့် အမိုးကြွေပြားကို တံဆိပ်ခတ်နှိပ်မည့် သွေးအဖြစ် အသုံးပြုမှာဖြစ်သည်။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် ဓားကို ရုတ်တရက် ဆွဲထုတ်ကာ သူ၏ ဘယ်ဘက်လက်မောင်းကို ပြင်းထန်စွာ ခုတ်ချလိုက်သည်ကို မြင်တွေ့လိုက်ရ၏။

တစ်ခဏအတွင်းမှာပင် သူ၏ ဘယ်ဘက်လက်မောင်း ပြတ်ကျသွားပြီး မီးဖိုထဲသို့ ကျသွားကာ သွေးများ အများအပြား ပန်းထွက်လာတော့သည်။

‘ကောင်းကင်ဘုံ...’

ထိုနေရာတွင် ရှိနေသူအားလုံး လုံးဝမှင်သက်သွားကြရသည်။ အခြားသူများက လက်ချောင်းလေး ဖြတ်ပြီး သွေးစက်ချရုံသာ ရှိသော်လည်း သူက ဘယ်ဘက်လက်မောင်းကိုပါ ဖြတ်ချလိုက်သည်လား။ ဤအနစ်နာခံမှုက အလွန် ကြီးမားလွန်းနေပြီ မဟုတ်ပါလား။

ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသူအားလုံး သပ်ရပ်စွာ ဒူးထောက်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြတော့၏။ “မဟာဆရာသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ… မဟာဆရာသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။”

“မဟာဆရာသခင်ကြီး သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ။”

“သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ။”

လူတစ်သိန်းကျော် နောက်တစ်ကြိမ် အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြပြီး အလွန်အမင်း တုန်လှုပ် သွားကြကြောင်း ထင်ရှားလှသည်။

ယွင်ကျုံးဟဲ့ကိုယ်တိုင်လည်း ဦးရေပြားများ ထုံကျင်သွားရသည်။ ‘ဒီလောက် အနစ်နာခံစရာ မလိုပါဘူး။ ခင်ဗျား ယွမ်ထျန်းရှဲ့က ဒီလောက် အနစ်နာခံမယ့် သူမျိုး မဟုတ်ပါဘူး။’

နောက်ဆက်တွဲ မြင်ကွင်းက လူတိုင်းကို ပို၍ပင် မြေကြီးနှင့်ကပ်သွားအောင် ဝပ်တွားသွားစေပြီး ကြက်သီး မွေးညင်းများ ထကာ အလွန်အမင်း ကြောက်ရွံ့ရိုသေသွားစေ၏။

အဘယ်ကြောင့်ဆိုသော် ယွမ်ထျန်းရှဲ့၏ စောစောက အခုတ်ခံလိုက်ရသော ဘယ်ဘက်လက်မောင်းမှာ လျင်မြန်စွာ ပြန်လည် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

အခုတ်ခံလိုက်ရသော လက်မောင်းသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

‘သင်ဟာ တကယ်ပဲ နတ်ဘုရားပါပဲ။ သင်ဟာ တကယ်ပဲ သေခြင်းကင်းပြီး ပျက်စီးခြင်းကင်းတဲ့သူပါပဲ။’

ယွင်ကျုံးဟဲ့ လည်း လုံးဝမှင်သက်သွားရသည်။ လက်မောင်းကို ဖြတ်ပြီး စက္ကန့်အနည်းငယ်အတွင်း ပြန်လည် ထွက်ပေါ်လာခြင်းမှာ သေချာပေါက် အတုသာ ဖြစ်သည်။

စောစောက ဖြတ်ချလိုက်သော လက်မောင်းမှာ အစစ်ဖြစ်သော်လည်း ယွမ်ထျန်းရှဲ့၏ လက်မောင်း မဟုတ်ဘဲ အခြားသူ တစ်ဦး၏ကိုယ်ပေါ်မှ ဖြတ်ယူထားသော လက်မောင်းသာ ဖြစ်၏။

ယခု ပြန်လည် ထွက်ပေါ်လာသော လက်မောင်းမှာမှ ယွမ်ထျန်းရှဲ့၏ မူလ လက်မောင်း အစစ် ဖြစ်၏။ ထို့ကြောင့် ဤသည်မှာ မျက်လှည့်တစ်ခုသာ ဖြစ်နေဆဲ ဖြစ်သည်။ သို့သော် တကယ့် အစစ်အတိုင်း ဖြစ်နေသည်။

ယွင်ကျုံးဟဲ့ ဤမျှ အနီးကပ် ရပ်နေသည်တောင် အားနည်းချက်ကို မတွေ့လိုက်ရသလောက်ပင် ဖြစ်ရာ အခြားသူများအကြောင်း ပြောစရာတောင် မလိုတော့ချေ။

‘ဒါက အနီးကပ် မျက်လှည့်ပြတာလား။ ခင်ဗျားသာကမ္ဘာမြေကို ရောက်သွားရင် ကမ္ဘာ့နံပါတ်တစ် မျက်လှည့်ဆရာ လုံးဝ ဖြစ်မှာပဲ။ စူပါစတား အဆင့် လုံးဝ ဖြစ်မှာပဲ။’

သို့သော် ထိုနေရာတွင် ရှိနေသူများသည် ဤအရာမှာ မျက်လှည့်မှန်း မသိကြသောကြောင့် ပို၍ပင် ကြောက်ရွံ့ ရိုသေသွားကြပြီး ယွမ်ထျန်းရှဲ့ကို နတ်ဘုရား တစ်ပါးအဖြစ် လုံးဝ သတ်မှတ်လိုက်ကြတော့၏။

“မီးဖို ဖွင့်...”

အမိန့်ပေးသံနှင့်အတူ ဤကြေးခရားကြီးနှင့်တူသော မီးဖိုကို ဖွင့်လိုက်ပြီး နောက်ဆုံး လက်ကျန် သန့်စင်သော အမိုးကြွေပြားကို ထုတ်ယူကာ အမြင့်သို့ မြှောက်ပြလိုက်သည်။

အလွန် လှပပြီး အလွန် ခမ်းနားတောက်ပနေသည်။ ဤသည်မှာ အမိုးကြွေပြား လုံးဝ မဟုတ်တော့ဘဲ သွေးလို နီရဲနေပြီး အပေါ်တွင် ရွှေရောင် မျဉ်းကြောင်းများ ပါရှိကာ နိုင်ငံတော်စောင့် နတ်သားရဲ မီးနဂါး၏ ပုံစံကို အတိအကျ ဖော်ဆောင်ထား၏။

အမှန်တကယ်ပင် ဘုရားကျောင်းတော်ကို တံဆိပ်ခတ်နှိပ်မည့် သန့်စင်သော အမိုးကြွေပြား ပင်ဖြစ်သည်။

ဤအမိုးကြွေပြားတွင် မရေမတွက်နိုင်သော လူများ၏ သွေးများ ပါဝင်နေပြီး မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့က သူ၏ လက်မောင်းတစ်ဖက်ကိုပင် အနစ်နာခံထားခဲ့သည်။

ထို့ကြောင့် ဤအမိုးကြွေပြားတွင် နတ်ဘုရားတို့၏ စွမ်းအားများ လုံးဝ ပါဝင်နေမှာဖြစ်၏။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့က ပြောလိုက်သည်။ “တောင်ပိုင်းဘုရင်… ဒီနောက်ဆုံး လက်ကျန် အမိုးကြွေပြားကို ခင်ဗျားကိုယ်တိုင် သွားပြီး တပ်ဆင်လိုက်ပါ။”

ဤသည်မှာ အလွန် မွန်မြတ်သော တာဝန်တစ်ခု ဖြစ်သည်။ ယွင်ကျုံးဟဲ့ကို ဤသန့်စင်သော ဘုရားကျောင်းတော်ကို အမိုးအုပ်ရန် တာဝန် ပေးအပ်လိုက်ခြင်း ဖြစ်၏။

တည်ကြည်လေးနက်သော တေးဂီတသံများကြားတွင် ယွင်ကျုံးဟဲ့သည် ဤ သန့်စင်သော အမိုးကြွေပြားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ တက်သွားပြီး ဤ ဟွမ်ထျန်း ဘုရားကျောင်းတော်၏ ထိပ်သို့ တက်ရောက်သွားတော့သည်။

ဤအချိန်တွင် သူသည်ကဗျာတစ်ပုဒ် ရွတ်ဆိုချင်စိတ်ပင် ပေါက်သွားတော့၏။

“ပေတစ်ရာမြင့်တဲ့

အဆောက်အအုံပေါ်ကနေ

ကြယ်တွေကိုတောင်

လှမ်းခူးလို့ ရတယ်။

ကောင်းကင်ဘုံက နတ်ဘုရားတွေ

လန့်သွားမှာစိုးလို့

အသံကျယ်ကျယ်တောင်

မပြောရဲဘူး။”

ယွင်ကျုံးဟဲ့သည် အလွန် သတိထားကာ နောက်ဆုံး လက်ကျန် သန့်စင်သော အမိုးကြွေပြားကို ဘုရားကျောင်းတော်၏ ထိပ်ဖျားတွင် တပ်ဆင်လိုက်သည်။

ဤသို့ဖြင့် ဟွမ်ထျန်း ဘုရားကျောင်းတော်၏ အမိုးအုပ်ပွဲ အခမ်းအနားသည် တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် ဘုရင်ဝတ်ရုံကို ဝတ်ဆင်ကာ သရဖူကို ဆောင်းလျက် ဟွမ်ထျန်း ဘုရားကျောင်းတော်ပေါ်မှ ဖြည်းညင်းစွာ ပြန်ဆင်းလာပြီးနောက် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

သို့သော်ငြား ဤ ဧရာမ ဘုရားကျောင်းတော်၏ တံခါးကြီးမှာ ပိတ်ထားပြီးဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

သို့ပေမည့် မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ မြင်ကွင်းများကို မြင်တွေ့နေရဆဲဖြစ်ပြီး လူထောင်ချီသည် သိပ်မကြည်လင်သော မှန်များမှတစ်ဆင့် ဘုရားကျောင်းတော် အတွင်းရှိ ယွင်ကျုံးဟဲ့၏ အရိပ်ကို စိုက်ကြည့်နေကြသည်။

ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “တောင်ပိုင်းဘုရင်… ဒီ ဟွမ်ထျန်း ဘုရားကျောင်းတော်က ဘာလုပ်ဖို့လဲဆိုတာ ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ပထမအချက်က မကောင်းဆိုးဝါးတွေကို ဖိနှိပ်ပြီး တောင်ပိုင်းနိုင်ငံကို ကာကွယ်ပေးဖို့။ ဒုတိယအချက်က ကောင်းကင်ကို တက်လှမ်းပြီး ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဆက်သွယ်ဖို့။”

ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်၏။ “မှန်တယ်။ အခု ဒီ သန့်စင်တဲ့ ဘုရားကျောင်းတော်ဟာ အမိုးအုပ် ပြီးသွားပြီဖြစ်လို့ သန့်စင်တဲ့ နေရာတစ်ခု ဖြစ်သွားပြီ။ သူက စတင် အလုပ်လုပ်နေပြီ ဖြစ်ပြီး ဒီမိုင်သောင်းချီ ကျယ်ဝန်းတဲ့ နေရာက မကောင်းဆိုးဝါးတွေကို ဖိနှိပ်ပေးနေပြီ။

ဒါကြောင့် ဘယ်သူမဆို အထဲကို ဝင်သွားပြီးရင် ပြန်ထွက်လာလို့ မရတော့ဘူး။ မဟုတ်ရင် အထဲကနေ မကောင်းဆိုးဝါးတွေကို အပြင်ကို သယ်ဆောင်လာပြီး လူ့လောကကို ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်။”

‘သောက်ကျိုးနည်း... ဒီအကြောင်းပြချက်က အရမ်းကို ခိုင်လုံလွန်းနေပြီ။’

ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် သူ၏ ဘေးနားရှိ လူနှစ်ယောက်ကို ကြည့်လိုက်မိသည်။

သူတို့သည် တောင်ပိုင်းနိုင်ငံ၏ သိုင်းပညာရှင် စစ်သည်များ ဖြစ်ကြပြီး သူတို့၏ အကြည့်များတွင် ပြတ်သားသော အလင်းရောင်များ ပြည့်နှက်နေကာ မဟာဆရာသခင်ကြီးအတွက် အချိန်မရွေး အသေခံရန် အသင့်ဖြစ်နေသူများ ဖြစ်၏။

ယွမ်ထျန်းရှဲ့က ပြောလိုက်သည်။ “တောင်ပိုင်းဘုရင် အောက်ယွီ… ခင်ဗျား စောစောကပဲ တောင်ပိုင်းနိုင်ငံ အတွက် အရာအားလုံးကို ပေးဆပ်မယ်၊ တောင်ပိုင်းနိုင်ငံ ပြည်သူတွေအတွက် အရာအားလုံးကို ပေးဆပ်မယ်လို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တယ်လေ။ အခု ခင်ဗျားရဲ့ ကျမ်းသစ္စာကို အကောင်အထည်ဖော်ရမယ့် အချိန် ရောက်လာပြီ။ ခင်ဗျား မြင်လား။ ဒီ သန့်စင်တဲ့ ဘုရားကျောင်းတော်ရဲ့ အောက်ဆုံးထပ် ကြမ်းပြင်မှာ အခေါင်းပေါက် တစ်ခု ရှိတယ်။”

ယွင်ကျုံးဟဲ့ ရှေ့သို့တက်၍ ကြည့်လိုက်ရာ ဘုရားကျောင်းတော် အောက်ခြေတွင် အခေါင်းပေါက် တစ်ခု ရှိနေပြီး အဆုံးမရှိလောက်အောင် နက်ရှိုင်းသော ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်ကို တွေ့ရှိလိုက်ရ၏။။

ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်သည်။ “ဒီဘုရားကျောင်းတော်အောက်က အခေါင်းပေါက် ဟာ မကောင်းဆိုးဝါးတွေကို ဖိနှိပ်ထားတဲ့ နေရာပဲ။ အနာဂတ်မှာ ဖိနှိပ်ရမယ့် မကောင်းဆိုးဝါးတွေ ပိုပိုများလာလိမ့်မယ်။

ပုံမှန်အချိန်မှာတော့ ပြဿနာမရှိပေမယ့် နေကြတ်တဲ့အချိန် ရောက်လာရင် နေမင်းကို အမှောင်ထုက ဖုံးလွှမ်းသွားတဲ့အတွက် ဒီဘုရားကျောင်းတော် အောက်က မကောင်းဆိုးဝါးတွေဟာ အပြင်ကို ထွက်လာဖို့ ကြိုးစားကြလိမ့်မယ်။ ဒါကြောင့် အဲဒီအချိန်ကျရင် ဒီမကောင်းဆိုးဝါးတွေကို ဖိနှိပ်ဖို့အတွက် ဘုရင်တစ်ပါး လိုအပ်တယ်။

အောက်ယွီ… ခင်ဗျားဟာ တောင်ပိုင်းနိုင်ငံရဲ့ ဘုရင် ဖြစ်တဲ့အတွက် တောင်ပိုင်းနိုင်ငံ အတွက် အရာအားလုံးကို ပေးဆပ်သင့်တယ်။ ခင်ဗျားရဲ့ ခေါင်းပေါ်မှာ ကျုပ်ပေးထားတဲ့ သန့်စင်တဲ့ မန္တန် ရှိနေပြီ။ ပြီးတော့ ခင်ဗျားရဲ့ မျိုးရိုးက အောက်ဖြစ်ပြီး အဲဒါက လိပ်ကြီး ဆိုတဲ့ အဓိပ္ပာယ်ပဲ။”

လိပ်ကြီး ဆိုတာကမ္ဘာမြေရဲ့ နတ်လိပ်ကြီး၊ ရွှမ်ဝူပဲ။ ရှေးခေတ်တည်းက အိမ်ကို စောင့်ရှောက်ပေးတဲ့ နတ်သားရဲ ဖြစ်တယ်။ ခင်ဗျားကို တောင်ပိုင်းဘုရင် အဖြစ် ခန့်အပ်လိုက်တာဟာ လိပ်ကြီးတွေရဲ့ ဘုရင် ဖြစ်သွားတာပဲ။ ဒါကြောင့် ဒီ ဟွမ်ထျန်း ဘုရားကျောင်းတော်ကို စောင့်ရှောက်ဖို့ အတိအကျ သင့်တော်တာပေါ့။”

‘ပြောတာက အရမ်းကို ယုတ္တိရှိလွန်းနေလို့ ဘာမှ ပြန်ပြောလို့ မရအောင်ကို ဖြစ်နေပြီ။’

ရှေးခေတ်တည်းက အမှန်တကယ်ပင် ဤအစဉ်အလာ ရှိခဲ့သည်။ အိမ်ကြီးများ ဆောက်လုပ်ချိန်မှာတော့ အုတ်မြစ်ထဲတွင် လိပ်တစ်ကောင်ကို ဖိနှိပ်ထားလေ့ ရှိကြသည်။

ထို့ကြောင့် အနာဂတ် ကမ္ဘာမြေပေါ်တွင် ရှေးဟောင်းအိမ်ကြီးများကို ဖြိုဖျက်ချိန်မှာတော့ အုတ်မြစ်ကို တူးဖော်ကြည့်လျှင် နှစ်ရာချီကြာ ဖိနှိပ်ထားခဲ့သော လိပ်တစ်ကောင်ကို တွေ့ရှိနိုင်သေး၏။

အောက်ယွီ၏ မျိုးရိုးအမည် အောက် မှာ အမှန်တကယ်ပင် လိပ်ကြီး ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ဘုရင်အဖြစ် ဘိသိတ်ခံယူပြီးနောက် သူသည် အမှန်တကယ်ပင် လိပ်ကြီးများ၏ ဘုရင် ဖြစ်သွားခဲ့ပြီ ဖြစ်၏။

သာမန်အိမ်များအတွက် နှစ်ထောင်ချီ နတ်လိပ်ကြီးကို အသုံးပြု၍ ဖိနှိပ်နိုင်သော်လည်း ဤ ဟွမ်ထျန်း ဘုရားကျောင်းတော်သည် တောင်ပိုင်းနိုင်ငံ၏ သန့်စင်သော နေရာဖြစ်ရာ သေချာပေါက် လိပ်ကြီးများ၏ ဘုရင် ဖြစ်သော အောက်ယွီကို အသုံးပြု၍ ဖိနှိပ်ရမှာဖြစ်သည်။

‘အောက်ကျက သူ့နာမည်ကို ဖူကျ လို့ ပြောင်းလိုက်တာ အံ့ဩစရာ မဟုတ်တော့ဘူး။ မဟုတ်ရင် ခင်ဗျားပဲ ဒီဟွမ်ထျန်းဘုရားကျောင်းတော် အောက်မှာ အဖိနှိပ်ခံရမှာပေါ့။ ခင်ဗျား နာမည်ပြောင်းရတဲ့ အဓိက အကြောင်းရင်းက ဒါကြောင့်ကိုး။

ယွမ်ထျန်းရှဲ့… ခင်ဗျား တကယ် တော်တာပဲ။ ဒီလိုနည်းလမ်းကို ဘယ်လိုများ စဉ်းစားနိုင်ရတာလဲ။ အောက်ယွီကို ဒီလိုနည်းလမ်းနဲ့ သတ်လိုက်တာက ဒေသခံ ပြည်သူတွေကို မကျေမနပ် မဖြစ်စေတဲ့အပြင် သန့်စင်တဲ့ အခမ်းအနား တစ်ခုလိုတောင် ဖြစ်သွားသေးတယ်။’

မည်သို့ပင်ဆိုစေ အောက်ရှင်းသည် ဤနေရာတွင် ဆယ်နှစ်ကျော် အုပ်ချုပ်ခဲ့သောကြောင့် မရေမတွက် နိုင်သော ဒေသခံများသည် အောက်ရှင်း အပေါ် ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့ရိုသေမှုများ ရှိနေကြဆဲ ဖြစ်၏။

အောက်ယွီကို တိုက်ရိုက် သတ်ပစ်လိုက်ခြင်းမှာ မကောင်းသော်လည်း ဤကဲ့သို့ သန့်စင်သော နည်းလမ်းဖြင့် သတ်ပစ်လိုက်ခြင်းက မရေမတွက်နိုင်သော ဒေသခံများကို ဤတောင်ပိုင်းနိုင်ငံသည် သန့်စင်မှုများ ပြည့်နှက်နေသည်ဟုသာ ထင်မြင်သွားစေမှာဖြစ်သည်။

ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်၏။ “ပြီးတော့ ဒီ သန့်စင်တဲ့ ဘုရားကျောင်းတော်ဟာ ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဆက်သွယ်ဖို့ ဖြစ်တယ်။ အကယ်၍ နတ်ဘုရားတွေဆီကနေ အမိန့်တော်တစ်ခုခု ကျလာခဲ့ရင် ခင်ဗျားလို တောင်ပိုင်းဘုရင်က ဒီဘုရားကျောင်းတော် အောက်မှာနေပြီး နတ်ဘုရားတွေရဲ့ အမိန့်တော်ကို လက်ခံရယူနိုင်တာပေါ့။

လာကြစမ်း... တောင်ပိုင်းဘုရင်ကို ရွှမ်ဝူ နတ်သံချပ်ကာ ဝတ်ဆင်ပေးလိုက်။”

..............

အပိုင်း (၃၅၀)

ရွှမ်ဝူ နတ်သံချပ်ကာ ဆိုသည်မှာ အဘယ်နည်း။

ကြိုးများသာ ဖြစ်သည်။ ထို့အပြင် အလွန် ထူးဆန်းသော လက်ထိတ်များဖြစ်ပြီး တိရစ္ဆာန်များ၏ အကြောများ၊ အူများနှင့် နွားရေများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အလွန် ရွံရှာဖွယ် ကောင်းသည်မှာ လိပ်တစ်ကောင်၏ ပုံစံမျိုး ပြုလုပ်ထားခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ကို တစ်ကိုယ်လုံး ကြိုးဖြင့် တုပ်နှောင်ပြီးနောက် လိပ်ကြီး တစ်ကောင်နှင့် အမှန်တကယ် တူညီသွားသည်။ ဤသည်မှာ အောက်ယွီကို သတ်ဖြတ်ရုံသာမက လုံးဝ အရှက်ခွဲလိုက်ခြင်းလည်း ဖြစ်၏။

သူနှင့်အတူ ဘုရားကျောင်းတော် အတွင်း၌ ရှိနေသော ဒေသခံ စစ်သည် နှစ်ဦးက ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို ရွှမ်ဝူ သံချပ်ကာ ဟုခေါ်သော အရာကို ဝတ်ဆင်ပေးလိုက်ကြသည်။

ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးမှာ ဤရွှမ်ဝူသံချပ်ကာဖြင့် တုပ်နှောင်ခံလိုက်ရပြီး လုံးဝ လှုပ်ရှား၍ မရနိုင်တော့ချေ။

“တောင်ပိုင်းဘုရင်ကို မကောင်းဆိုးဝါးဂူ ထဲကို ပို့ဆောင်ပေးလိုက်။” အပြင်ဘက်မှ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့က အမိန့်ပေးလိုက်၏။

ချက်ချင်းပဲ ဒေသခံ စစ်သည် နှစ်ဦးက ယွင်ကျုံးဟဲ့ကို မကာ ဘုရားကျောင်းတော် အတွင်းရှိ အခေါင်းပေါက် အနီးသို့ ယူဆောင်သွားကြသည်။

အောက်ဘက်သို့ ငုံ့ကြည့်လိုက်ချိန်မှာတော့ ယွင်ကျုံးဟဲ့တစ်ယောက် အသက်ထွက်မတတ် လန့်သွားတော့၏။

အဘယ်ကြောင့်ဆိုသော် အောက်ဘက်တွင် ဧရာမ စပါးအုံးမြွေကြီး တစ်ကောင် ရှိနေပြီး အလွန် ဆာလောင်နေပြီဖြစ်သောကြောင့် ပါးစပ်ကြီးကို ဟကာ စောင့်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

ဤစပါးအုံးမြွေကြီးမှာ ထိုမီးနဂါးလောက် မကြီးမားသော်လည်း ဆယ်မီတာကျော် ရှည်လျားပြီး ရေစည်ပိုင်းလောက် တုတ်ခိုင်ကာ ယွင်ကျုံးဟဲ့ တစ်ယောက်ကို စားရန်မှာ လုံးဝ လွယ်ကူသော ကိစ္စသာ ဖြစ်သည်။

“တောင်ပိုင်းဘုရင်… ကြွပါ။”

“တောင်ပိုင်းဘုရင်… နိုင်ငံတော်အတွက် အနစ်နာခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ယွမ်ထျန်းရှဲ့၏ အမိန့်ပေးသံနှင့်အတူ ထိုဒေသခံ စစ်သည် နှစ်ဦးက တစ်ကိုယ်လုံး တုပ်နှောင်ခံထားရသော ယွင်ကျုံးဟဲ့ကို မကာ ဘုရားကျောင်းတော် အောက်ခြေရှိ အခေါင်းပေါက်ထဲသို့ တိုက်ရိုက် ပစ်ချလိုက်ကြတော့၏။

အောက်ဘက်ရှိ ဧရာမ စပါးအုံးမြွေကြီး၏ ဟထားသော သွေးဆာနေသည့် ပါးစပ်ကြီးထဲသို့ တိုက်ရိုက် ပစ်ချလိုက်ခြင်း ဖြစ်သည်။

ထို့နောက် လူနှစ်ယောက်က ဧရာမ သံပြားကြီး တစ်ခုကို မကာ ဘုရားကျောင်းတော် အောက်ခြေရှိ အခေါင်းပေါက်ကို လုံးဝ ပိတ်ဆို့လိုက်ပြီး သံသော့ခလောက်ကြီး လေးခုဖြင့် ခတ်လိုက်ကြတော့၏။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဤဒေသခံ စစ်သည် နှစ်ဦးသည် ဓားကို ဆွဲထုတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတော့သည်။

အခေါင်းပေါက် အောက်ဘက်မှမူ စပါးအုံးမြွေကြီး၏ ရူးသွပ်မတတ် အော်ဟစ်သံများနှင့် တောင်ပိုင်းဘုရင် အသစ်၏ ရူးသွပ်မတတ် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။

……………

ဤမြင်ကွင်းက တရုတ်ရှေးဟောင်းပုံပြင်ဖြစ်တဲ့ မြွေဖြူမလေး ဇာတ်လမ်းကို ပုံဖော်နေခြင်းလား။ စေတီတော် အောက်မှာ ဧရာမ မြွေကြီးတစ်ကောင်ကို ဖိနှိပ်ထားသည် ဆိုခြင်းမျိုးလား။

သာမန်အားဖြင့် စပါးအုံးမြွေများသည် အသက်ရှင်နေသော သတ္တဝါများကို တိုက်ရိုက် မျိုချလေ့မရှိဘဲ သားကောင်ကို အသက်ရှူရပ်သွားသည်အထိ ရစ်ပတ်ညှစ်သတ်ပြီးမှသာ မျိုချလေ့ရှိသည်။

ထို့ကြောင့် စပါးအုံးမြွေ၏ ဗိုက်ထဲသို့ အရှင်လတ်လတ် ရောက်ရှိသွားပြီးနောက် ဓားဖြင့် ဗိုက်ကိုခွဲကာ အပြင်သို့ ပြန်ထွက်လာသည်ဆိုသော အဖြစ်အပျက်မျိုးမှာ လက်တွေ့တွင် လုံးဝ မဖြစ်နိုင်ချေ။

မျက်စိရှေ့ရှိ ဤဧရာမ စပါးအုံးမြွေကြီးသည်လည်း ခြွင်းချက် မဟုတ်ပေ။

ယွင်ကျုံးဟဲ့ကို အခေါင်းပေါက်ထဲသို့ ပစ်ချလိုက်ပြီးနောက် ဤစပါးအုံးမြွေကြီးသည် သွေးဆာနေသော ပါးစပ်ကြီးကို ဟထားသော်လည်း ချက်ချင်းကိုက်ခဲမျိုချခြင်း မရှိဘဲ ၎င်း၏ တုတ်ခိုင်သော ခန္ဓာကိုယ်ကြီးဖြင့် ယွင်ကျုံးဟဲ့ကို ပြင်းထန်စွာ ရစ်ပတ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ယွင်ကျုံးဟဲ့သည် ခေါင်းမူး၊ မျက်လုံးပြာသွားပြီး အသက်ရှူကြပ်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားတော့၏။ ထို့အပြင် သူ၏ တစ်ကိုယ်လုံးမှာ တင်းကျပ်စွာ တုပ်နှောင် ခံထားရသောကြောင့် လုံးဝ လှုပ်ရှား၍ မရနိုင်ချေ။

အသက်ရှူကြပ်မှုမှာ တစ်စထက်တစ်စ ပို၍ ပြင်းထန်လာသည်။

ယခင်က အမှတ်(၂၇) စိတ်ကျန်းမာရေးလူနာ သရဲမ ပူးကပ်ထားစဉ်ကလည်း အဆိပ်မြွေ မရေမတွက် နိုင်အောင်က သူ့ကို ရစ်ပတ်ကာ အရှင်လတ်လတ်ကိုက်သတ်ရန် ကြိုးစားခဲ့ဖူး၏။

ထိုစဉ်က သရဲမသည် ရုတ်တရက် သရဲတစ္ဆေများကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ထိုအဆိပ်မြွေများ အားလုံး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အလန့်တကြား ဆုတ်ခွာသွားခဲ့ကြသည်။

ယခုအခါ ယွင်ကျုံးဟဲ့၏ကိုယ်ပေါ်တွင် ပူးကပ်နေသော စိတ်ကျန်းမာရေးလူနာမှာ အမှတ်(၉) လူနာ ကွမ်တန် ဖြစ်ပြီး သူသည် အဆက်မပြတ် တွက်ချက်ခြင်းကိုသာ ပြုလုပ်နိုင်ကာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိသည်ဟု ဆိုသော်လည်း စပါးအုံးမြွေကို ခြောက်လှန့်မောင်းထုတ်နိုင်မည့် အစွမ်းတော့ မရှိပေ။

အမှတ်(၈) လူနာ ဘီသိုဗင်မှာမူ ဤစွမ်းရည်မျိုး သေချာပေါက် ရှိသည်။ တူရိယာ မရှိလျှင်တောင်မှ သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ထူးဆန်းသော အသံလှိုင်းများကို ထုတ်လွှင့်နိုင်ပြီး လူကို မသတ်နိုင်လျှင်တောင်မှ စပါးအုံးမြွေကို ခြောက်လှန့်နိုင်စွမ်း ရှိမည်မှာ သေချာသည်။ သို့သော်ငြား ယခုအချိန်တွင် ဘီသိုဗင်သည် ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်တွင် ရှိမနေချေ။

သို့သော် ဤကဲ့သို့သော သေရေးရှင်ရေး အခြေအနေမျိုးတွင် ခန္ဓာကိုယ်ထဲ၌ ပုန်းအောင်းနေသော အခြား စိတ်ကျန်းမာရေးလူနာများ ထွက်ပေါ်လာပြီး ကူညီပေးခြင်း ရှိ၊ မရှိကို ယွင်ကျုံးဟဲ့ အလွန် စမ်းသပ်ကြည့်ချင် နေမိသည်။ ယွင်ကျုံးဟဲ့ သေဆုံးသွားပါက ထိုစိတ်ကျန်းမာရေးလူနာ နှစ်ဆယ့်ကိုးဦးလုံးလည်း အတူတကွ သေဆုံးသွားရမည် မဟုတ်ပါလား။

မျက်စိရှေ့ရှိ ဤစပါးအုံးမြွေကြီးကို ခြောက်လှန့်ရန်မှာ စိတ်ကျန်းမာရေးလူနာ အများအပြားအတွက် အလွန် လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘီသိုဗင် လည်း လုပ်နိုင်သလို၊ သရဲမ လည်း လုပ်နိုင်ပြီး အမှတ်(၂၄) လူနာ အသံမိစ္ဆာမ လည်း လုပ်နိုင်သည်။

သို့ပေမည့် ဤစိတ်ကျန်းမာရေးလူနာများသည် အမှန်တကယ်ပင် သေရေးရှင်ရေး အခြေအနေကို လျစ်လျူရှု ထားကြသည်။

ယွင်ကျုံးဟဲ့မှာ စပါးအုံးမြွေကြီး၏ ရစ်ပတ်မှုကြောင့် အသက်ရှူကြပ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ခန္ဓာကိုယ်ထဲရှိ ထိုစိတ်ကျန်းမာရေးလူနာများသည် လုံးဝ ဂရုမစိုက်ကြချေ။

‘ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်။’

စပါးအုံးမြွေကြီးသည် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီးနောက် သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ ယွင်ကျုံးဟဲ့၏ ခေါင်းအနီးသို့ ကပ်လာသည်။

‘ချီးတဲ့မှ... အရမ်းကို နံစော်နေတာပဲ။’

ယွင်ကျုံးဟဲ့သည် နောက်ဆုံး လက်ကျန် ခွန်အားကို အသုံးပြု၍ စပါးအုံးမြွေကြီး၏ သွေးဆာနေသော ပါးစပ်ကြီးထဲသို့ ပြင်းထန်စွာ ထွေးထုတ်လိုက်၏။

အလွန် နီးကပ်သော အကွာအဝေးမှနေ၍ ဆေးလုံးငယ် အနည်းငယ်သည် စပါးအုံးမြွေကြီး၏ ပါးစပ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားတော့သည်။

ဤဆေးလုံးများသည် မည်သည့်အရာများနည်း။ သဘာဝ ပုလဲလုံးများ ဖြစ်သော်လည်း အတွင်းပိုင်းကို အခေါင်းပေါက် ဖြစ်အောင် ထွင်းထားပြီး မီလီဂရမ် ရာဂဏန်းခန့်ရှိသော ပြင်းထန်သည့် အဆိပ်များကို ထည့်သွင်းထားခြင်း ဖြစ်၏။

ပိုတက်ဆီယမ် ဆိုင်ယာနိုက် - ဆိုင်ယာနိုက်အဆိပ်မှာ လောကတွင် အပြင်းထန်ဆုံး အဆိပ်ဟု မဆိုနိုင် သော်လည်း ယွင်ကျုံးဟဲ့ ရှာဖွေနိုင်သမျှထဲတွင် အပြင်းထန်ဆုံး အဆိပ် ဖြစ်သည်။ သူသည် ဤအဆိပ်ကို ခါးသက်သော ဗာဒံစေ့ အမြောက်အမြားမှ ပြုတ်၍ ထုတ်ယူထားခြင်း ဖြစ်သည်။

ယခင်က ဤအရာကို သွားအခေါင်းပေါက် တစ်ခုအတွင်း၌ ဖုံးကွယ်ထားခဲ့ပြီး အပြင်ဘက်မှ အဖြူရောင် သွားဖာဆေးဖြင့် ဖုံးအုပ်ထားခဲ့၏။

ဤသည်မှာလည်း ခေတ်သစ် သူလျှိုများ၏ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပြီး အရေးကြီးသော အချိန်တွင် အဆိပ်လုံးကို ကိုက်ခွဲကာ ဖမ်းဆီးမခံရစေရန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်သည်။

သို့ပေမည့် ဤနည်းလမ်းကို အသုံးပြုရန်အတွက် နည်းစနစ် ကျွမ်းကျင်ရုံသာမက တင်းကျပ်သော လေ့ကျင့်မှုများလည်း လိုအပ်၏။

ထိုသို့ မဟုတ်ပါက အနည်းငယ် မှားယွင်းသွားသည်နှင့် မိမိကိုယ်ကို အဆိပ်ခတ်မိသွားနိုင်သည်။ သို့သော်ငြား ယွင်ကျုံးဟဲ့မှာ ဆရာဝန်တစ်ဦး ဖြစ်သောကြောင့် ဤကိစ္စရပ်တွင် အလွန် ကျွမ်းကျင်မှု ရှိသည်။

ပထမဦးစွာ ဆိုင်ယာနိုက်အဆိပ်ကို ပုလဲအတွင်း၌ အပြည့်အဝ ဖုံးကွယ်ထားပြီး မီးဖြင့် အရည်ပျော်ကာ ပိတ်ဆို့ထားသောကြောင့် ပေါက်ကျမည်ကို လုံးဝ စိုးရိမ်စရာ မလိုချေ။

ဒုတိယအချက်မှာ အရေးအကြီးဆုံးဖြစ်သော အဆိပ်လုံး တစ်လုံးကို သွားအခေါင်းပေါက်အတွင်း၌ ဖုံးကွယ်ထားသောကြောင့် မတော်တဆကိုက်မိမည် မဟုတ်သလို ပျက်စီးသွားမှာလည်း မဟုတ်ပေ။

ထို့အပြင် ယွင်ကျုံးဟဲ့သည် အဆိပ်လုံး တစ်လုံးတည်းကိုသာ ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ ဆယ်လုံး ကျော်ခန့်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား အခြားအဆိပ်လုံးများမှာ သွားအတွင်း၌ မဟုတ်ဘဲ အရေပြားအောက်တွင် မြှုပ်နှံထားခြင်း ဖြစ်၏။

ကြားရသည်မှာ အလွန် ထိတ်လန့်စရာ ကောင်းသည် မဟုတ်ပါလား။ ဤအရာကို အရေပြားအောက်တွင် မြှုပ်နှံ၍ ရနိုင်သည်လား။

သေချာပေါက် ရနိုင်၏။ အရေပြားအောက်တွင်သာမက အခြားနေရာများတွင်ပင် မြှုပ်နှံထား၍ ရနိုင်သည်။

ဤသို့ ပြုလုပ်မှသာ ဤအဆိပ်လုံးများသည် စစ်ဆေးမှုများကို ရှောင်ကွင်းနိုင်ပြီး အနားတွင် အမြဲ သယ်ဆောင်ထားနိုင်မှာဖြစ်၏။

သေချာပေါက် ယွင်ကျုံးဟဲ့သည် နန်ကျိုး မြို့သို့ မဝင်ရောက်မီ ဤအဆိပ်လုံးများကို ဤကဲ့သို့ ထူးဆန်းသော နည်းလမ်းဖြင့် ခန္ဓာကိုယ်အတွင်း ဖုံးကွယ်လာခဲ့ခြင်းမှာ စပါးအုံးမြွေကြီးအတွက် ရည်ရွယ်ခဲ့ခြင်း မဟုတ်ချေ။

ဤကဲ့သို့ ဧရာမ စပါးအုံးမြွေကြီးနှင့်တွေ့ဆုံရမည်ကို မည်သူ သိနိုင်မည်နည်း။ သူသည် အရေးကြီးသော အချိန်တွင် လူကို အဆိပ်ခတ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်သည်။

စောစောက ယွင်ကျုံးဟဲ့သည် ဟွမ်ထျန်း ဘုရားကျောင်းတော် ထိပ်သို့ တက်ရောက်၍ အမိုးအုပ်စဉ် အတက်အဆင်း တစ်လျှောက်လုံးတွင် သူ တစ်ယောက်တည်းသာ ရှိနေခဲ့သောကြောင့် အရေပြားအောက်တွင် မြှုပ်နှံထားသော အဆိပ်လုံးများ အားလုံးကို ထုတ်ယူကာ ပါးစပ်ထဲတွင် ငုံထားနိုင်ခဲ့ခြင်း ဖြစ်၏။

“ဖူး... ဖူး... ဖူး... ဖူး... ဖူး...”

ယွင်ကျုံးဟဲ့သည် အဆိပ်လုံး အများအပြားကို တစ်ဆက်တည်း ထွေးထုတ်လိုက်သည်။

ဤအချိန်မှာ အန္တရာယ်အများဆုံး အချိန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆိုင်ယာနိုက်အဆိပ်များ ထွက်ပေါ်လာစေရန်အတွက် အနည်းငယ် ကိုက်ခွဲရမည် ဖြစ်သော်လည်း ချက်ချင်း ထွက်ပေါ်လာစေရန် မပြုလုပ်နိုင်ချေ။ ထိုသို့မဟုတ်ပါက မိမိကိုယ်ကို အဆိပ်ခတ်မိသွားမှာ ဖြစ်၏။

“ဖူး...”

ဤစပါးအုံးမြွေကြီး၏ တုံ့ပြန်မှုမှာ အလွန် လျင်မြန်လှပြီး ပါးစပ်ထဲသို့ ဝင်ရောက်လာသော အဆိပ်လုံးများကို ချက်ချင်း ပြန်လည် ထွေးထုတ်လိုက်သည်။

သို့ပေမည့် အဆိပ်လုံး အချို့မှာ အစာအိမ်ထဲသို့ လျှောကျသွားခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ချက်ချင်း အဆိပ်တက်ခြင်း မရှိဘဲ ယွင်ကျုံးဟဲ့ကို ဆက်လက် ရစ်ပတ်ထားဆဲ ဖြစ်၏။

ယွင်ကျုံးဟဲ့မှာ တစ်စထက်တစ်စ ပို၍ အသက်ရှူကြပ်လာပြီး မျက်စိရှေ့တွင် အမှောင်ကျလာတော့သည်။

“အား... အား... အား...”

သူ၏ အော်ဟစ်သံများမှာ တစ်စထက်တစ်စ ပို၍ သနားဖွယ် ကောင်းလာပြီး အပြင်ဘက်ရှိ လူများပင်လျှင် ရှင်းလင်းစွာ ကြားနေရ၏။

ဘုရားကျောင်းတော် အပြင်ဘက်ရှိ ဒေသခံ ပုန်ကန်သူ စစ်သူကြီးများမှာ သနားစိတ်များပင် ဖြစ်ပေါ် လာကြ၏။ မည်သို့ပင်ဆိုစေ သူသည် အောက်ရှင်း၏ သားအရင်း ဖြစ်ပြီး ဤကဲ့သို့သော နည်းလမ်းဖြင့် အသတ်ခံရခြင်းမှာ အလွန် သနားစရာ ကောင်းလှသည်။

ယွင်ကျုံးဟဲ့၏ အော်ဟစ်သံများမှာ စက္ကန့်သုံးဆယ်ကျော်ခန့် ကြာမြင့်ခဲ့ပြီးနောက် တစ်စထက်တစ်စ ပို၍ တိုးညင်းလာကာ နောက်ဆုံးတွင် လုံးဝ တိတ်ဆိတ်သွားတော့၏။

သူ သေဆုံးသွားပြီဖြစ်ကြောင်း လူတိုင်း သိရှိလိုက်ကြသည်။

အမှန်တကယ်တော့ ယွင်ကျုံးဟဲ့သည် အမှန်တကယ် အသက်ရှူကြပ်နေခဲ့ခြင်းဖြစ်ပြီး အချိန်အတော်ကြာ အသက်ရှူကြပ်နေခဲ့ကာ အသက်ရှူရပ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

သူသည် စပါးအုံးမြွေကြီး၏ ရစ်ပတ်မှုကို နှစ်မိနစ်၊ သုံးမိနစ်ခန့် ခံခဲ့ရပြီး သူ၏ ခန္ဓာကိုယ်မှာ အလွန် ဝဖြိုးနေသောကြောင့် အကာအကွယ် အလုံအလောက် ရှိနေ၍သာ တော်တော့သည်။ ထိုသို့မဟုတ်ပါက အရိုးများ ကျိုးကြေသွားမည်မှာ သေချာသည်။

ပုံမှန်အခြေအနေတွင် လူတစ်ယောက် အသက်ရှူကြပ်သွားပါက ဦးနှောက်အတွင်း အောက်ဆီဂျင် ပြတ်တောက်သွားမှာဖြစ်၏။

ဦးနှောက် အောက်ဆီဂျင် ပြတ်တောက်သည့် အချိန် ကြာမြင့်လာပါက ဦးနှောက် သေဆုံးသွားမှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်၏ အသက်ရှင်သန်မှုကို ဆက်လက် မထိန်းသိမ်းနိုင်တော့သောကြောင့်ပင်။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် ဤကိစ္စရပ်တွင် အလွန် ထူးခြားသော အရည်အချင်း ရှိသည်။ ဦးနှောက်၏ အသက်ရှင်သန်မှု ဆိုသည်မှာ အဘယ်နည်း။ ဦးနှောက်လှိုင်းများ၊ အသိစိတ်များသာ ဖြစ်သည်။

သူ၏ ဦးနှောက်ထဲတွင် စိတ်ကျန်းမာရေးလူနာ နှစ်ဆယ့်ကိုးဦး ရှိနေသောကြောင့် သူတို့က ယွင်ကျုံးဟဲ့၏ ဦးနှောက် အသိစိတ်ကို အချိန်အကြာကြီး ထိန်းသိမ်းပေးထားနိုင်ပြီး လုံးဝ သေဆုံးသွားခြင်း မရှိစေရန် ကာကွယ်ပေးထားနိုင်၏။

ယခင်က ယန်ဖြန်ရှန်၏ ဓားဖြင့် ရင်ဘတ်ကို အထိုးခံရစဉ်ကလည်း ယွင်ကျုံးဟဲ့သည် အချိန်အကြာကြီး အသက်ရှူရပ်သွားသကဲ့သို့ ဖြစ်နေခဲ့ဖူးသည်။

ယွင်ကျုံးဟဲ့ လုံးဝ မလှုပ်မရှားတော့သည်ကို ခံစားမိချိန်မှာတော့ စပါးအုံးမြွေကြီးသည် ၎င်း၏ သွေးဆာနေသော ပါးစပ်ကြီးကို နောက်တစ်ကြိမ် ဟကာ ယွင်ကျုံးဟဲ့၏ ခေါင်းအနီးသို့ကပ်လာပြီး မျိုချရန် ပြင်လိုက်တော့၏။

သို့သော်ငြား အကြောင်းရင်းကို မသိရဘဲ ၎င်း၏ ခန္ဓာကိုယ်မှာ တစ်စထက်တစ်စ ပို၍ ထုံကျင်လာကြောင်း ခံစားလိုက်ရသည်။

ပါးစပ်ကို ပိတ်ရန် အစွမ်းကုန် ကြိုးစားသော်လည်း ဤရိုးရှင်းသော လုပ်ရပ်ကိုပင် မလုပ်နိုင်တော့ကြောင်း တွေ့ရှိလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များ ပျံ့နှံ့လာသောကြောင့် ဖြစ်၏။

ဆိုင်ယာနိုက်အဆိပ်များသည် ၎င်း၏ အစာအိမ်ထဲတွင် လျင်မြန်စွာ ပေါက်ကွဲလာပြီး သွေးလည်ပတ်မှု စနစ်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

သာမန်လူတစ်ယောက်အတွက် ဆိုင်ယာနိုက်အဆိပ် မည်မျှဆိုလျှင် သေဆုံးနိုင်သနည်း။ မီလီဂရမ် အနည်းငယ်သာ ဖြစ်၏။

ယခုအခါ စပါးအုံးမြွေကြီး၏ အစာအိမ်ထဲသို့ ဝင်ရောက်သွားသော ဆိုင်ယာနိုက်အဆိပ်မှာ နှစ်ဂရမ်၊ သုံးဂရမ်ခန့် ရှိနေရာ စပါးအုံးမြွေ တစ်ကောင် မပြောနှင့်၊ ဆင်တစ်ကောင်ကိုပင် သေဆုံးစေနိုင်သည်။

သို့ပေမည့် ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ အလွန် ကြီးမားလွန်းသောကြောင့် အဆိပ်တက်၍ သေဆုံးရန် အချိန်အနည်းငယ် ပိုကြာခြင်းသာ ဖြစ်၏။

သို့သော်ငြား ဤစပါးအုံးမြွေကြီးမှာ အလွန် ရက်စက်ကြမ်းကြုတ်လှသည်။ အဆိပ်မိသွားပြီးနောက် ယွင်ကျုံးဟဲ့က ၎င်းကို ဒုက္ခပေးသူ ဖြစ်ကြောင်း သိရှိသွားကာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာတော့သည်။

၎င်းသည် နောက်ဆုံး လက်ကျန် ခွန်အားကို အသုံးပြု၍ သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ ယွင်ကျုံးဟဲ့၏ ခေါင်းကိုကိုက်ရန် ပြင်လိုက်၏။

နောက်သို့ ကောက်ကွေးနေသော သွားများအပြည့်ရှိသည့် ၎င်း၏ ပါးစပ်ကြီးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

အဆိပ်မိနေပြီး ခွန်အား မရှိတော့သော်လည်း တစ်ချက်ကိုက်ခံလိုက်ရပါက ယွင်ကျုံးဟဲ့၏ ခေါင်းမှာ ချက်ချင်း ကွဲအက်သွားမှာဖြစ်ပြီး လုံးဝ သေဆုံးသွားပေလိမ့်မည်။

All Chapters