အခန်း (၆၁-၆၂)
Vol. 6 Ch. 61-62
အပိုင်း (၆၁)
မကြာမီ လူအုပ်ကြီးသည် နင်ချင်း၏ အခန်းဝသို့ ရောက်ရှိလာကြသည်။
အထိန်းတော်ကြီး အခန်းဝတွင် စောင့်ကြပ်နေသည်ကို တွေ့ရှိရချိန်မှာတော့ ပိုမို၍ မသင်္ကာ ဖြစ်လာကြ၏။
အထိန်းတော်ကြီးသည် မတ်တတ်ထရပ်လိုက်ပြီး စူးရှစွာ အော်ဟစ်လိုက်သည်။ “ရှင်တို့ ဘာလုပ်ကြတာလဲ။ သခင်မ အိပ်နေတယ်။ သခင်မက အိပ်ရေးဆတ်တယ်။ နိုးသွားလို့ မဖြစ်ဘူး။ ဝင်ခွင့်မရှိဘူး။”
ဤအမျိုးသမီး၏ မျက်နှာတွင် ထိတ်လန့်နေသော အရိပ်အယောင်များ ပေါ်ပေါက်နေသောကြောင့် ပို၍ သံသယ ဝင်စရာ ကောင်းနေ၏။
စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များသည် ဝမ်းသာအားရ ဖြစ်သွားကြပြီး သူမကို တွန်းဖယ်လိုက်ကြသည်။ တံခါးကို ခြေဖြင့် ကန်ဖွင့်လိုက်ကြ၏။
“ဝုန်း...”
တံခါးပွင့်သွား၏။ ထို့နောက် လူဆယ်ဦးခန့် အခန်းအတွင်းသို့ ဝင်ရောက်သွားကြသည်။
အခန်းထဲတွင် ထူးဆန်းသော ရနံ့များ ရရှိနေပြီး ကြမ်းပြင်ပေါ်တွင် အဝတ်အစားများ ပြန့်ကျဲနေ၏။ ရာဇဝတ်မှု ကျူးလွန်ရာ နေရာတစ်ခုပမာ ဖြစ်နေသည်။
ရောက်ရှိနေသူများ၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှု၊ ဒေါသ၊ ဝမ်းသာမှုတို့ ရောပြွမ်းသွားကြ၏။
ကုတင်ပေါ်တွင် စောင်ပါးလေး ခြုံထားသော်လည်း လူနှစ်ယောက် ရှိနေကြောင်း ထင်ရှားနေသည်။ အနေအထားမှာလည်း အလွန် ရင်းနှီးပူးကပ်နေသည်။
သခင်မနင်ချင်းသည် အမှန်တကယ်ပင် ဖောက်ပြန်နေသည်လား။ သက်သေအထောက်အထားများ ခိုင်လုံနေပြီ ဖြစ်၏။
အချို့မှာ နှလုံးကွဲကြေမတတ် ခံစားလိုက်ကြရ၏။ သူတို့၏ အိမ်မက်နတ်သမီးပုံရိပ် ပြိုလဲသွားပြီ ဖြစ်သောကြောင့်ပင်။
‘သခင်မ နင်ချင်း... ခင်ဗျားက ကျုပ်တို့ရဲ့ အိပ်မက်နတ်သမီး မဟုတ်ဘူးလား။ ခင်ဗျားက ကိုယ်ကျင့်တရား စောင့်ထိန်းသူ၊ သူတော်စင်မ မဟုတ်ဘူးလား။ အခု ခင်ဗျားက ဖောက်ပြန်ရုံတင် မဟုတ်ဘူး ရုပ်ဆိုးတဲ့ သူတောင်းစားအိုကြီးနဲ့ ဖောက်ပြန်နေတာလား။’
“သက်သေ ခိုင်လုံသွားပြီ။ နင်ချင်းက အရှက်မရှိဘူး။ ဖောက်ပြန်တယ်။ သူက စုံစမ်းစစ်ဆေးရေး ခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်တော့ဘူး။ သူ့အစီရင်ခံစာလည်း ပျက်ပြယ်သွားပြီ။”
“ပြင်ဆင်ကြ။ နင်ချင်းက ဖောက်ပြန်ပြီး အစီရင်ခံစာကို ပြင်ရေးခဲ့တာ။ အာဏာအလွဲသုံးစား လုပ်တာ။ ကြီးလေးတဲ့ ရာဇဝတ်မှုပဲ။ ဖမ်းဆီးပြီး မဟာမိတ်အဖွဲ့ဆီ ပို့ရမယ်။”
“ယွင်အောက်ထျန်းကိုတော့ အရင်ဆုံး ဝန်ခံခိုင်း။ ပြီးရင် လမ်းလယ်ခေါင်မှာ ကြိုးနဲ့ ဆွဲပြီး လှည့်လည်ပြသ။ နောက်ဆုံး ကျောက်ခဲနဲ့ ထုသတ်ပစ်မယ်။”
“ရှောင်မင်.... သွားပြီးတော့ စောင်ကို လှန်လိုက်။ လူတိုင်း မြင်အောင် ပြလိုက်။”
အမျိုးသမီး စစ်သည် နှစ်ဦး ရှေ့တိုးသွားပြီး စောင်အစွန်းကို ကိုင်လိုက်ကြသည်။
အားလုံး အသက်အောင့်ထားကြပြီး တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်ကို စောင့်မျှော်နေကြ၏။
နင်ချင်းနှင့် ယွင်အောက်ထျန်းတို့၏ အရုပ်ဆိုး အကျည်းတန်သော မြင်ကွင်းကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
ဤသည်မှာ သမိုင်းဝင် အခိုက်အတန့် ဖြစ်ပေသည်။ မုဆိုးမ နင်ချင်း ကျဆုံးခြင်း၊ ပိုင်ရှင်မဲ့ နယ်မြေ၏ ဂန္ထဝင် စာဆိုမယ် ကျဆုံးခြင်းပင်။
သူမသည် အသက်ထက် ဂုဏ်သိက္ခာကို တန်ဖိုးထားခဲ့၏။ ဆယ်နှစ်ကျော် ကြိုးစားတည်ဆောက်ခဲ့ရသော ဂုဏ်သိက္ခာ ဖြစ်သည်။ ယခု အရာအားလုံး ပျက်စီးတော့မည်။
ယွင်အောက်ထျန်း ဆိုသော သူတောင်းစားလည်း သေလမ်း မြင်နေပြီ ဖြစ်သည်။ ကျင်းကျုံးယွဲ့၏ လေခွင်းမြို့လည်း ပျက်စီးပေတော့မည်။
“ဖွင့်လိုက်...”
အမျိုးသမီး စစ်သည်များက စောင်ကို လှန်လိုက်ကြသည်။
“ကောင်းကင်ဘုံ... ဒီခွေးနဲ့ကြောင် ညားတဲ့ စုံတွဲကို မိုးကြိုးပစ်ပါစေ။”
“ကောင်းကင်ဘုံ.. ဒီအပြစ်ကို ဆေးကြောလို့ ရပါအုံးမလား။”
“သမိုင်းမှာ အဆိုးရွားဆုံး မြင်ကွင်းပဲ။”
အားလုံး မျက်လုံးပြူးပြီး ကြည့်ရှုနေကြ၏။
သို့သော်ငြား နောက်တစ်စက္ကန့်တွင် သူတို့ ကြက်သေ သေသွားကြ၏။ သူတို့ မျက်လုံးကို သူတို့ မယုံနိုင်အောင် ဖြစ်သွားကြသည်။
‘ကောင်းကင်ဘုံ... ဘာတွေ ဖြစ်ကုန်တာလဲ။ မျက်စိမှောက်နေတာလား။’
မြင်ကွင်းမှာ တုန်လှုပ်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ စောင်အောက်တွင် လူနှစ်ယောက် ရှိနေသည်ကား မှန်၏။ သို့သော်ငြား နင်ချင်းကို ဖက်ထားသူမှာ သူတောင်းစားအိုကြီး မဟုတ်ဘဲ အလွန် လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေ၏။
ယွင်အောက်ထျန်း မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ မည်သို့ ပျောက်ကွယ်သွားသနည်း။
ဤအမျိုးသမီးသည် အလွန် လှပလွန်းလှသည်။ ဖြူစင်မှုနှင့် ဆွဲဆောင်မှု ပေါင်းစပ်ထားသော အလှတရား ဖြစ်၏။ ယောက်ျားတိုင်းကို ဖမ်းစားနိုင်သော အလှတရားမျိုးပင်။
ခေါင်းအုံးပေါ်တွင် မျက်နှာနှစ်ခု ယှဉ်တွဲလျက် ရှိနေကြသည်။ ပဒုမ္မာကြာပန်း နှစ်ပွင့်ကဲ့သို့ လှပနေသည်။
သူတို့၏ အိပ်စက်နေပုံမှာလည်း အလွန် ဖြူစင်နေ၏။ သူငယ်ချင်းမလေး နှစ်ယောက် အတူအိပ်နေ သကဲ့သို့ ညစ်ညမ်းမှု လုံးဝ မရှိပေ။
ဤမိန်းကလေး၏ အလှတရားမှာ နင်ချင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရုံသာမက ပို၍ပင် နုပျိုလတ်ဆတ် နေသေးသည်။
အခန်းထဲရှိ လူငယ်အရာရှိ အများစုမှာ ကြွေဆင်းသွားကြ၏။
အခန်းထောင့်ရှိ ရှောင်မင် (အမျိုးသမီး စစ်သည်) တစ်ဦးတည်းသာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။
‘ဒါ... ဒါ ဘယ်လို ဖြစ်တာလဲ။ ယွင်အောက်ထျန်း ဆိုတဲ့ သူတောင်းစား ဘယ်ရောက်သွားလဲ။ ငါကိုယ်တိုင် ရိုက်နှက်ပြီး နင်ချင်းရဲ့ စောင်အောက်ထဲ ထည့်ခဲ့တာလေ။ ဘာလို့ ပျောက်သွားတာလဲ။ ဘာလို့ မိန်းမလှလေး ရောက်နေတာလဲ။ ကောင်းကင်ဘုံ.. ဒါ ဘာမှော်အတတ်လဲ။ လူစားထိုးလိုက်တာလား။’
သူမသည် အထိန်းတော်ကြီးကို လှမ်းကြည့်လိုက်မိ၏။ ‘ရှင် တံခါးဝမှာ စောင့်နေတယ်ဆို။ ခြင်တစ်ကောင်တောင် မဝင်စေရဘူးဆို။ ယွင်အောက်ထျန်း ဘယ်ရောက်သွားလဲ။ ဒီမိန်းမလှလေး ဘယ်က ရောက်လာလဲ။’
အထိန်းတော်ကြီးလည်း ကြောင်အလျက် ရှိနေသည်။ မိုးကြိုးပစ်ခံထားရသကဲ့သို့ပင်။ သူမ ကိုယ်တိုင် စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလား။ ယွင်ကျုံးဟဲ့ မည်ကဲ့သို့ ပျောက်ကွယ်သွားရသနည်း။
“ရှာကြ။ ရှာကြ။”
ရှောင်မင်က အော်ဟစ်လိုက်၏။ “ယွင်အောက်ထျန်း ဒီအခန်းထဲမှာ ရှိရမယ်။ မြေလှန်ရှာကြ။”
လူများက အခန်းအနှံ့ ရှာဖွေကြသည်။ သို့သော်ငြား ယွင်အောက်ထျန်း၏ အရိပ်အယောင်မှ မတွေ့ရပေ။
ရှောင်မင်သည် ကုတင်ပေါ်မှ မိန်းမလှလေးကို စိုက်ကြည့်နေမိ၏။
မဖြစ်နိုင်ဘူး ဆိုသော အဖြေများကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိသော အဖြေသည် မည်မျှပင် ဖြစ်နိုင်ခြေ နည်းပါစေ အမှန်တရား ဖြစ်ရပေမည်။
ဤမိန်းမလှလေးသည် ယွင်အောက်ထျန်းဖြစ်နေမည်လားဟု သူမ တွေးတောလိုက်မိသည်။ သူမ ရှေ့တိုးသွားပြီး ဆွဲထူရန် ပြင်လိုက်သည်။
ထိုစဉ် မိန်းမလှလေး နိုးထလာ၏။ သူမက အိပ်မှုန်စုံမွှားဖြင့် ဘေးဘီကို ကြည့်ရှုလိုက်၏။
ထို့နောက် စောင်ကို ရင်ဘတ်အထိ ဆွဲတင်ပြီး အော်ဟစ်လိုက်သည်။ “ရှင်တို့... ရှင်တို့ ဘယ်သူတွေလဲ။ ဘာလို့ ကျွန်မအစ်မ အခန်းထဲ ဝင်လာကြတာလဲ။”
အသံလေးမှာ သာယာလွန်းလှ၏။ ချိုမြိန်လွန်းလှ၏။ မိန်းမစစ်စစ် အသံပင် ဖြစ်၏။
ရှောင်မင် ကြောင်အသွားသည်။ သူမ၏ သံသယများ ပျောက်ကွယ်သွားရသည်။
ယွင်အောက်ထျန်းက မိန်းမလျာ လုပ်လျှင်ပင် ဤမျှ မတူညီနိုင်ပေ။ ရုပ်ဆင်းသွင်ပြင်ချင်းမှာ မိုးနှင့်မြေပမာ ကွာခြားနေခြင်း ဖြစ်၏။
ဤမိန်းကလေးသည် မိန်းမထက် ပို၍ မိန်းမဆန်နေသည်။
လည်စေ့ မရှိ။ အသားအရေက နူးညံ့၏။ အသံက ချိုသာ၏။ ရာနှုန်းပြည့် မိန်းမစစ်စစ် ဖြစ်၏။
“ကျွန်မက အစ်မနင်ချင်းရဲ့ ညီမဝမ်းကွဲပဲ။ ကျွန်မအဖေက မြို့စားမင်း။ ရှင်တို့ ဘယ်သူတွေလဲ။ ဘာလို့ ကျွန်မတို့အခန်းထဲ ကျူးကျော်လာတာလဲ။ ကျွန်မ အရမ်း စိတ်ဆိုးတယ်။”
မိန်းမလှလေးက အော်ဟစ်လိုက်သည်။ “ပြန်ရောက်ရင် ကျွန်မအဖေကို တိုင်မယ်။ ဦးလေး နင်ချန်ကျူကိုလည်း တိုင်မယ်။”
အားလုံး ဒုက္ခရောက်ပြီဖြစ်၏။ သူမသည် နင်ချန်ကျူ ဆိုသော အမည်နာမကို ရင်းရင်းနှီးနှီး ခေါ်ဝေါ်နေ၏။
နင်ချန်ကျူ ဆိုသည်မှာ ဒုတိယ အကြီးဆုံး မြို့စားကြီး ဖြစ်သည်။ သူမက လေးစားမှု မရှိဘဲ ဦးလေး ဟု ခေါ်ဝေါ်နေသည်။
ဤမိန်းကလေးသည် သာမန်လူ မဟုတ်နိုင်ပေ။ မြောက်ပိုင်း တာရှမင်းဆက်မှ မြို့စားမင်း တစ်ပါးပါး၏ သမီး ဖြစ်ရပေမည်။
ထိုမိန်းကလေးက အော်ဟစ်လိုက်၏။ “ထွက်သွားကြ။ ထွက်သွားကြ။ အကုန် ထွက်သွား။”
“ကောင်းပါပြီ။ ကောင်းပါပြီ။ ကျုပ်တို့ ထွက်သွားပါပြီ။ သခင်မလေး စိတ်မဆိုးပါနဲ့။”
ဤအရာရှိများသည် မည်သို့သော လူများနည်း။
တချို့မှာ ချိုရွှေမြို့၊ ရှီးယွီမြို့တို့မှ ခေါ်ယူထားသော လူများ ဖြစ်ကြသည်။ အချို့မှာ လေခွင်းမြို့မှ လူများ ဖြစ်ကြသည်။ အချို့မှာ ထန်ထိုင်မျိုးနွယ်စုမှ ဘက်တော်သားများ ဖြစ်ကြသည်။
သို့ပေမည့် အများစုမှာမူ နင်ချင်းကို လေးစားသောကြောင့် လိုက်ပါလာကြသော စာပေသမားများ ဖြစ်ကြ၏။ ခေါင်းမာပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားသော လူများ ဖြစ်ကြသည်။ သူတို့သည် နင်ချင်းကို နတ်သမီးကဲ့သို့ ကိုးကွယ်ထားကြသူများ ဖြစ်၏။
စောစောက နင်ချင်း ဖောက်ပြန်သည်ဟု ကြားသိရသောကြောင့် ဒေါသထွက်ပြီး လိုက်ပါလာကြခြင်း ဖြစ်သည်။
ယခုမူ အမှန်တရား ပေါ်ပေါက်သွားပြီ ဖြစ်သည်။ နင်ချင်းသည် သန့်ရှင်းနေဆဲပင်။ နတ်သမီးလေးက နတ်သမီးလေးသာ ဖြစ်နေ၏။ ဝမ်းသာစရာ ကောင်းလွန်းလှချေ၏။
သို့သော်ငြား နင်ချင်းဘေးမှ မိန်းကလေးက မည်သူနည်း။ လှပလွန်းလှသည်။
သူတို့ ချစ်မိသွားကြပြီဖြစ်သည်။ မဟုတ်သေးချေ။ ကျရှုံးသွားပြီ ဖြစ်၏။
လူအုပ်ကြီး ပြန်ထွက်သွားရန် ပြင်ဆင်လိုက်ကြသည်။
ထိုစဉ် မိန်းမလှလေးက လှမ်းတားလိုက်၏။ “နေအုံး။ ဒီကိစ္စ ဒီအတိုင်း ပြီးသွားလို့ မရဘူး။ ဘာအကြောင်းမှ မရှိဘဲ ဘာလို့ လာဖမ်းကြတာလဲ။ ကျွန်မကို လုပ်ကြံချင်တာလား။ အစ်မနင်ချင်းကို လုပ်ကြံချင်တာလား။ စုံစမ်းရမယ်။”
“ဟုတ်တယ်။ ဟုတ်တယ်။ စုံစမ်းရမယ်။” အရာရှိများက ထောက်ခံကြသည်။
အောက်တန်းကျလှသည့် ထိုစွပ်စွဲချက်များသည် အမှန်တကယ်ပင် မုန်းတီးရွံရှာဖွယ်ရာ ကောင်းလှပေသည်။
သူတို့၏ အထွတ်အမြတ်ထားရာ နတ်သမီး နင်ချင်းအား ဖောက်ပြန်သည်ဟု ယုတ်မာစွာ စွပ်စွဲကြခြင်းမှာ သူတို့၏ နှလုံးသားကို ဓားဖြင့်မွှန်း၍ ခွဲပစ်ရန် ကြံစည်နေခြင်းသာ ဖြစ်သည်။ ဤကဲ့သို့သော စော်ကားမှုကိုတော့ သူတို့အနေဖြင့် မည်သို့မှ သည်းခံခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
“သူပဲ။ သူပဲ။”
အရာရှိငယ် တစ်ဦးက ရှောင်မင်ကို လက်ညှိုးထိုးလိုက်သည်။ “ဒီမိန်းမပဲ လာဖမ်းဖို့ ပြောတာ။”
“ဖမ်းလိုက်။ ဖမ်းလိုက်။”
လူအုပ်ကြီးက ရှောင်မင်ကို ဝိုင်းဖမ်းလိုက်ကြ၏။
မိန်းမလှလေးက ဆက်ပြောလိုက်သည်။ “ရှင်တို့ အကုန် ထွက်သွားကြ။ နေရာကျယ်ကျယ် တစ်ခု ရှာထား။ ခဏနေရင် အစ်မနင်ချင်း ကိုယ်တိုင် စစ်ဆေးလိမ့်မယ်။ ဒီနောက်ကွယ်မှာ ဘယ်သူ ရှိလဲ ဆိုတာ ဖော်ထုတ်ရမယ်။ အစ်မနင်ချင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး အသက်ကိုပါ ရန်ရှာတဲ့ လူတွေကို ဖော်ထုတ်ရမယ်။”
ဤစကားများသည် ချိုရွှေမြို့နှင့် ရှီးယွီမြို့ကို ဓားဖြင့် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်နေ၏။
ဤမိန်းမလှလေးသည် ယွင်ကျုံးဟဲ့ ဖြစ်နေသည်လား။
ဟုတ်ပေသည်။ သူ့ရုပ်ရည်မှာ မူလတည်းက ချောမောလှပပြီး ဖြစ်သည်။ မိန်းမစစ်စစ်ထက်ပင် ပိုမို လှပနေသေးသည်။
ခန္ဓာကိုယ်မှာ သွယ်လျ၏။ လည်စေ့ မရှိ။ အသားအရေ နူးညံ့၏။ အားနည်းချက် နှစ်ခုသာ ရှိသည်။ အသံနှင့် အမူအရာပင်။
သို့သော်ငြား အမှတ် ၂၇ စိတ်ဝေဒနာရှင် သရဲမ ဝင်ပူးလိုက်ပါက အားနည်းချက် မရှိတော့ချေ။ သရဲမထက် ပိုမိုချိုသာသော အသံ မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။ သရဲမထက် ပိုမိုနွဲ့နှောင်းသော အမူအရာ မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။
ဤသည်မှာ မိန်းမသာ မဟုတ်၊ တစ်သန်းတွင် တစ်ယောက်သာ ရှိသော အလှပဂေး ဖြစ်ပေသည်။ လုံးဝ အပြစ်ပြောစရာ မရှိပေ။
ဤသည်မှာ ယွင်ကျုံးဟဲ့၏ အစီအစဉ်ပင် ဖြစ်သည်။ ကျင်းကျုံးယွဲ့က ပြောခဲ့သည်မှာ မမှားယွင်းခဲ့ပေ။ အရမ်း ယုတ်မာလှ၏။
တစ်ခုသာ စိုးရိမ်စရာ ရှိသည်။ နင်ချင်း နိုးထလာချိန်မှာတော့ ယွင်ကျုံးဟဲ့က မိန်းမလို ဝတ်ဆင်ပြီး သူ့ကို ဖက်အိပ်နေသည်ကို တွေ့ရှိပါက မည်သို့ ဖြစ်ပျက်သွားမည်နည်း။
“ဟုတ်တယ်။ သေချာ စုံစမ်းရမယ်။”
“ရှီးယွီမြို့နဲ့ ချိုရွှေမြို့က ဘာတွေ ကြံစည်နေလဲ သိရမယ်။”
နင်ချင်းကို လေးစားသူများ၊ လေခွင်းမြို့ ဘက်တော်သားများက အော်ဟစ်လိုက်ကြသည်။
မိန်းမလှလေး ယွင်အောက်ထျန်း၏ ဦးဆောင်မှုဖြင့် တန်ပြန်တိုက်ခိုက်မှု စတင်ပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့ တစ်ယောက်တည်းဖြင့် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်လိုက်လေပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့ စိတ်ထဲမှ ဟားတိုက် ရယ်မောလိုက်မိ၏။ ‘ဟား... ဟား... ဟား...’
.................
အပိုင်း (၆၂)
ယွင်ကျုံးဟဲ့ကို အငိုက်ဖမ်း ရိုက်နှက်ခဲ့သော အမျိုးသမီး စစ်သည် ရှောင်မင်က အန္တရာယ်၏ အငွေ့အသက်ကို ရရှိလိုက်သည်။ အခြေအနေမှာ မဟန်တော့ချေ။
“နေကြပါအုံး။”
ရှောင်မင်က စူးရှစွာ အော်ဟစ်လိုက်၏။ “ဒီမိန်းမလှလေးက ယွင်အောက်ထျန်း ဟန်ဆောင်ထားတာလို့ ကျွန်မ သံသယရှိတယ်။”
သူမ စကားဆုံးသည်နှင့် လူအုပ်ကြီးက ဒေါသပေါက်ကွဲသွားကြလေတော့သည်။
“သေချင်နေတာလား။”
“သေခါနီးမှ ပေါက်ကရ ပြောနေသေးတယ်။”
“သခင်မနင်ချင်းကို စော်ကားရုံတင် မကဘူး။ ဒီသခင်မလေးကိုပါ စော်ကားနေပြန်ပြီ။”
“ဒီမိန်းမကို ရိုက်သတ်ကြ။”
လူအုပ်ကြီးက ဝိုင်းရိုက်ကြတော့၏။
ရှောင်မင်က အော်ဟစ်လိုက်ပြန်သည်။ “အထိန်းတော်ကြီး.... ရှင် ပြောပြလိုက်...။ ရှင် ကိုယ်တိုင် မြင်ခဲ့တယ် မဟုတ်လား။ ယွင်အောက်ထျန်း ဆိုတဲ့ သူတောင်းစား အခန်းထဲ ဝင်သွားပြီး သခင်မနင်ချင်းရဲ့ စောင်အောက်ထဲ ဝင်သွားတာကိုလေ။”
အားလုံးက အထိန်းတော်ကြီးကို ဝိုင်းကြည့်လိုက်ကြ၏။
ဤအမျိုးသမီးသည် နင်ချင်း၏ အယုံကြည်ရဆုံး လူတစ်ဦး ဖြစ်သလို အနီးကပ်ဆုံး လူလည်း ဖြစ်သည်။
အထိန်းတော်ကြီး ကျဉ်းထဲကြပ်ထဲ ရောက်နေတော့၏။ သူမ စဉ်းစားရခက်နေ၏။
တစ်ဖက်တွင် သူမသား၏ အနာဂတ် ဖြစ်သည်။ စစ်လေ့ကျင့်ရေးကျောင်းမှ ဆင်းသည်နှင့် တပ်မှူးဖြစ်ရမည် ဆိုသော ကတိကဝတ် ရှိနေသည်။
တစ်ဖက်တွင် လက်ရှိ အခြေအနေဖြစ်၏။ လူအုပ်ကြီးက မိန်းမလှလေးကို နှစ်သက်သဘောကျနေကြ၏။ သူမသာ ဤမိန်းမလှလေးက ယွင်အောက်ထျန်းပါဟု ပြောကြားလိုက်ပါက လူအုပ်ကြီးသည် သူမကိုပါ သတ်ဖြတ်ပစ်ကြပေလိမ့်မည်။
သို့ပေမည့် သူမ ကိုယ်တိုင်လည်း ကြောင်အလျက် ရှိနေမိ၏။ တစ္ဆေခြောက်နေခြင်းများလား။
ယွင်အောက်ထျန်းသည် အခန်းထဲတွင် သေချာပေါက် ရှိနေခဲ့သည် မဟုတ်ပါလား။ သူမ ကိုယ်တိုင် စောင့်ကြပ်နေခဲ့သည် မဟုတ်ပါလား။ မည်သည့်နေရာသို့ ရောက်ရှိသွားပြီနည်း။ မြေလျှိုးမိုးပျံသွားသည်လား။
ထို့ကြောင့် တစ်ခုတည်းသော အဖြေမှာ ဤမိန်းမလှလေးသည် ယွင်အောက်ထျန်းပင် ဖြစ်ရပေမည်။
သို့ပေမည့် ယွင်အောက်ထျန်း ဆိုသော ရုပ်ဆိုးလှသည့် သူတောင်းစားက ဤမျှ လှပသော အမျိုးသမီးအဖြစ် ပြောင်းလဲသွားသည် ဆိုခြင်းမှာ ယုံကြည်ရခက်လွန်းလှသည်။
နေမင်းသည် အနောက်ဘက်အရပ်မှ ထွက်ပေါ်လာသည် ဆိုခြင်းကမှ ယုံကြည်ဖွယ် ကောင်းဦးပေမည်။
ထိုစဉ် အရာရှိတစ်ဦးက အေးစက်စက် ပြောဆိုလိုက်သည်။ “အထိန်းတော်ကြီး... အမှန်အတိုင်း ပြောပါ။ ယွင်အောက်ထျန်း အခန်းထဲ ဝင်သွားတာ မြင်လား။ ဒီမိန်းကလေးက ယွင်အောက်ထျန်း ဟုတ်လား၊ မဟုတ်လား။ ခင်ဗျား စကားတစ်ခွန်းက လူအများကြီးရဲ့ အသက်ကို ဆုံးဖြတ်လိမ့်မယ်။”
ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။ သူမသား အသက်အန္တရာယ် ရှိသည်ဟု သတိပေးလိုက်ခြင်းလည်း ဖြစ်၏။
အထိန်းတော်ကြီးသည် မိန်းမလှလေးကို တစ်ချက် ကြည့်ရှုလိုက်သည်။ အပြစ်ပြောစရာ မရှိချေ။ မိန်းမစစ်စစ်ပင် ဖြစ်သည်။ သို့ပေမည့် ယွင်အောက်ထျန်းသည် အခန်းထဲတွင် ရှိနေရမည် ဖြစ်သည်။
သူမ အံကြိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ယွင်အောက်ထျန်း အခန်းထဲ ဝင်သွားပြီး စောင်အောက်ထဲ ဝင်သွားတာ ကျွန်မ ကိုယ်တိုင် မြင်လိုက်တယ်။ ကျွန်မက အပြင်ကနေ စောင့်ပေးနေတာ။ ဒါကြောင့် ဒီမိန်းကလေးက ယွင်အောက်ထျန်း ဟန်ဆောင်ထားတာ သေချာတယ်။”
အားလုံး ဒေါသထွက်သွားကြ၏။ တစ်ချက်က ဒေါသ ဖြစ်ပြီး၊ တစ်ချက်က အံ့ဩခြင်း ဖြစ်သည်။
ဒေါသထွက်ရသည်မှာ သူတို့၏ နတ်သမီးလေးကို စော်ကားသောကြောင့် ဖြစ်သည်။ ယွင်အောက်ထျန်း ဆိုသော ရုပ်ဆိုးဆိုးကောင်သည် ဤမျှ လှပလာနိုင်ပါ့မည်လား။
အံ့ဩရသည်မှာ အထိန်းတော်ကြီးက နင်ချင်းဘက်မှ ရပ်တည်ရမည့်အစား သစ္စာဖောက်လိုက်သောကြောင့် ဖြစ်၏။
“သစ္စာဖောက်မ... သခင်မနင်ချင်းကို လုပ်ကြံတဲ့ မိန်းမယုတ်။ သတ်ပစ်ကြ။”
လူအုပ်ကြီး ပြေးဝင်လာကြသည်။
သို့ပေမည့် ချိုရွှေမြို့နှင့် ရှီးယွီမြို့မှ လူများက ဝင်ရောက်တားဆီးပြီး ကာကွယ်ပေးလိုက်ကြ၏။
အထိန်းတော်ကြီးက လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ “သိချင်ရင် လွယ်လွယ်လေးပါ။ သူ့စကတ်ကို ဆွဲချွတ်လိုက်ရင် သိရမှာပေါ့။ သူက ယွင်အောက်ထျန်းပဲ။ မိန်းမယောင် ဆောင်ထားတဲ့ ယောကျ်ားပဲ။”
လူအုပ်ကြီး ပိုမို၍ ဒေါသထွက်သွားကြ၏။
ဤမိန်းကလေးသည် မြို့စားမင်း တစ်ပါးပါး၏ သမီးတော် ဖြစ်သည်။ ယခု သူမကို အဝတ်အစား ချွတ်ပြီး စစ်ဆေးမည် ဟူခြင်းမှာ သေလမ်းရှာနေခြင်းလား။ ဂုဏ်သိက္ခာကို စော်ကားခြင်းပင် ဖြစ်သည်။
ရှောင်မင်က ဝင်ရောက် ပြောဆိုလိုက်၏။ “ဒီရဲတိုက်ထဲမှာ မိန်းမကြီးတွေ အများကြီး ရှိတာပဲ။ အဘွားကြီး သုံးယောက်လောက် ခေါပြီး စစ်ခိုင်းလိုက်။ ယောကျ်ားဆိုရင် ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရဘူး။”
“ဟုတ်တယ်။ အဘွားကြီးတွေနဲ့ စစ်ခိုင်းလိုက်။”
အထိန်းတော်ကြီးက ထောက်ခံလိုက်သည်။ “ယွင်အောက်ထျန်း... ရှင်က ယောကျ်ားပဲ။ မစစ်ရဲဘူး မဟုတ်လား။”
အရာရှိတစ်ဦးက ဦးညွှတ်ပြီး ပြောဆိုလိုက်၏။ “သခင်မလေး... ကျုပ်တို့ စော်ကားလိုစိတ် မရှိပါဘူး။ ဒါပေမဲ့ အခြေအနေက အရေးကြီးနေလို့ပါ။ သခင်မနင်ချင်းရဲ့ ဂုဏ်သိက္ခာရော၊ မြို့ကြီး သုံးမြို့ရဲ့ ကံကြမ္မာနဲ့ပါ ဆိုင်နေလို့ပါ။ ကူညီပေးပါ။ အဘွားကြီးတွေနဲ့ စစ်ဆေးတာ ဆိုတော့ အဆင်ပြေမယ် ထင်ပါတယ်။ ငြင်းဆန်ရင် ကောလာဟလတွေ ပိုကြီးထွားလာလိမ့်မယ်။ သခင်မနင်ချင်း သိက္ခာကျသွားလိမ့်မယ်။”
ဤသူများသည် ရန်သူ့လူများ ဖြစ်ကြသည်။
ကိုယ်ခန္ဓာ စစ်ဆေးမည်လား။ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ မိန်းမလျာ ဟန်ဆောင်ထားသော်လည်း အစစ်အမှန် မဟုတ်ချေ။ ပေါ်ပေါက်သွားပေလိမ့်မည်။
ယွင်ကျုံးဟဲ့ (မိန်းမလှလေး)သည် ခေတ္တမျှ စဉ်းစားဟန် ပြုလိုက်သည်။ ပြီးနောက် ကုတင်ပေါ်တွင် အိပ်ပျော်နေသော နင်ချင်းကို လှမ်းကြည့်လိုက်သည်။
သူက ပြောလိုက်၏။ “ကောင်းပြီ။ အစ်မနင်ချင်းရဲ့ သိက္ခာအတွက် ကျွန်မ အနစ်နာခံလိုက်မယ်။ အဘွားကြီးတွေနဲ့ စစ်ဆေးခွင့် ပေးမယ်။ ဒါပေမဲ့ ကျွန်မက မိန်းမစစ်စစ် ဖြစ်ကြောင်း သက်သေပြနိုင်ရင်၊ ယွင်အောက်ထျန်း ဆိုတဲ့လူ မဟုတ်ကြောင်း သက်သေပြနိုင်ရင်၊ ဒီသစ္စာဖောက် နှစ်ယောက်ကို ကျွန်မလက်ထဲ အပ်ရမယ်။ သူတို့ကို သေမထူး နေမထူး ဖြစ်အောင် လုပ်ပစ်မယ်။”
သူ လက်ခံလိုက်သည်လား။ အားလုံး အံ့ဩသွားကြသည်။
ရန်သူများပါ အံ့ဩသွားကြကုန်၏။ အကယ်၍ ယွင်အောက်ထျန်းသာ ဖြစ်ပါက စစ်ဆေးခံရသည်နှင့် ပေါ်ပေါက်သွားပေလိမ့်မည်။ မည်သို့မှ ဖုံးကွယ်ထား၍ မရနိုင်ပေ။
နင်ချင်းကို လေးစားသူများ၊ လူငယ်အရာရှိများမှာမူ မျက်ရည်ဝဲလာကြသည်။ သနားစရာ ကောင်းလှသည်။
ရန်သူများသည် ယုတ်မာလွန်းလှသည်။ နင်ချင်းကို လုပ်ကြံရုံသာမက ဤမိန်းမလှလေးကိုပါ စော်ကား နေကြ၏။
‘မဖြစ်နိုင်ဘူး။ ငါတို့ နတ်သမီးလေးကို အထိခိုက်မခံနိုင်ဘူး။’
“ဘယ်သူရဲလဲ။ ဘယ်သူရဲလဲ။”
“သခင်မလေးကို စစ်ဆေးရဲတဲ့ကောင် ထွက်ခဲ့။ ကျုပ်တို့ အလောင်းကို ကျော်သွားမှ ရမယ်။”
လူငယ်အရာရှိများက သွေးဆူနေကြပြီး မိန်းကလေးကို ကာကွယ်ပေးလိုက်ကြသည်။
မိန်းမလှလေး ယွင်အောက်ထျန်းက ပြောဆိုလိုက်၏။ “အစ်မနင်ချင်းအတွက် ကျွန်မ လုပ်ပါ့မယ်။ ဒါပေမဲ့ ဒီလူယုတ်မာတွေကို မယုံဘူး။ ရိုးသားတဲ့ အဘွားကြီး သုံးယောက်ကို သွားခေါ်ပေးပါ။”
လူငယ်အရာရှိများက ဝိုင်းကာ ပြောလိုက်ကြသည်။ “သခင်မလေး... မလိုပါဘူး။ ဒီလူတွေ မျက်စိကန်း နေကြတာပါ။ ယောကျ်ားလား မိန်းမလားတောင် မခွဲတတ်ကြဘူး။”
“ယွင်အောက်ထျန်း ဆိုတဲ့ကောင်ကို ကျုပ်တို့ မြင်ဖူးပါတယ်။ ရုပ်ဆိုးဆိုးနဲ့ လူယုတ်မာကောင်ပါ။ သခင်မလေးနဲ့ ဘယ်လိုမှ မတူပါဘူး။”
.................
ခဏကြာချိန်မှာတော့ ရိုးသားသော အဘွားကြီး သုံးဦး ရောက်ရှိလာကြသည်။ သန့်ရှင်းရေးသမားများ ဖြစ်ကြ၏။
လူငယ်အရာရှိများ၏ ဝမ်းနည်းကြေကွဲနေသော မျက်လုံးများအောက်တွင် မိန်းမလှလေး ယွင်အောက်ထျန်း သည် အခန်းငယ်လေး တစ်ခုထဲသို့ ဝင်ရောက်သွားသည်။
တံခါးပိတ်လိုက်ချိန်မှာတော့ လူငယ်များ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ လောကကြီးသည် မှောင်မိုက်လွန်းနေ၏။
ရှီးယွီမြို့နှင့် ချိုရွှေမြို့သည် ယုတ်မာလွန်းလှသည်။ ဤမျှ လှပမြင့်မြတ်သော သခင်မလေးကို စော်ကားရက်ကြသည်။
.................
အခန်းငယ်ထဲတွင် အဘွားကြီး သုံးဦးက ယွင်အောက်ထျန်းကို ဝိုင်းကြည့်နေကြ၏။
ယွင်ကျုံးဟဲ့သည် စကတ်ကို ဖြေချလိုက်သည်။ ပါးလွှာသော အတွင်းခံလေးသာ ကျန်ရှိတော့သည်။
ယောကျ်ားပုံစံ လုံးဝ မပေါက်ပေ။ ရာနှုန်းပြည့် မိန်းမစစ်စစ် ဖြစ်သည်။ အစစ်အတိုင်း တူညီအောင် ဖန်တီးထားခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့ ဆိုသည်မှာ မည်သူနည်း။ ခေတ်သစ် ကမ္ဘာမှ ဆရာဝန်တစ်ယောက် ဖြစ်သည်။ အာရုံကြောပညာ၊ ခွဲစိတ်ပြုပြင်ရေးပညာ အလုံးစုံသော အရာများအား တတ်ကျွမ်းသည်။
မိန်းမလို ဝတ်ဆင်မည် ဆိုပါက အစစ်အတိုင်း တူညီအောင် ပြုလုပ်ရပေမည်။ ခေတ်သစ်ကမ္ဘာတွင်မူ အတုပစ္စည်းများ ပေါများလှသည်။ ဤကမ္ဘာတွင်မူ ရှားပါးပစ္စည်းများ ဖြစ်နေ၏။
“ကဲပါ သမီးရယ်... ရပါပြီ။” အဘွားကြီး တစ်ဦးက ပြောဆိုလိုက်သည်။
“ဟုတ်တယ်။ ရပါပြီ။ ကြည့်လိုက်တာနဲ့ မိန်းမမှန်း သိသာနေတာပဲ။ ဒီလောက် လှတဲ့ ကောင်မလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။”
“အင်း... သမီးက တင်ပါး သိပ်မကြီးဘူး။ ကလေးမွေးရင် ခက်လိမ့်မယ်။”
“မြန်မြန် ပြန်ဝတ်ပါကွယ်။ အအေးမိနေအုံးမယ်။”
“အပြင်က လူတွေ မျက်စိကန်းနေကြတာ။ ဒီလောက် လှတဲ့ ကလေးမလေးကို ယောကျ်ားတဲ့။”
“မျက်စိကန်းတာ မဟုတ်ဘူး။ နှလုံးသား မဲ့နေကြတာ။”
.................
ခဏကြာချိန်မှာတော့ တံခါးပွင့်လာပြီး မျက်နှာလေး ရဲနေသော မိန်းမလှလေး ထွက်ပေါ်လာ၏။
အဘွားကြီး သုံးဦးလည်း ထွက်လာကြသည်။
အားလုံးက အဘွားကြီးများကို ကြည့်ရှုနေကြ၏။
ထိုစဉ်မှာပဲ အဘွားကြီး တစ်ဦးက ပြောလိုက်သည်။ “ရှင်တို့တွေ မျက်စိကန်းနေကြတာလား။ နှလုံးသား ကန်းနေကြတာလား။ မိန်းမစစ်စစ်ကို ယောကျ်ားလို့ စွပ်စွဲတယ် ဟုတ်လား။ ဒီလောက်လှတဲ့ ကောင်မလေးမျိုး တစ်သက်နဲ့တစ်ကိုယ် ကျွန်မတို့ မြင်တောင် မမြင်ဖူးဘူး။”
အထိန်းတော်ကြီး မယုံနိုင်အောင် ဖြစ်နေ၏။ “တကယ် စစ်ဆေးရဲ့လား။ အပေါ်ယံပဲ ကြည့်တာ မဟုတ်ဘူးလား။”
“ကျွန်မတို့ကို လာသင်မနေနဲ့။”
အဘွားကြီးက ပြန်အော်လိုက်သည်။ “ကျွန်မတို့ သေချာ စစ်ဆေးပြီးပြီ။ ယောကျ်ားနဲ့ မိန်းမ ကွဲပြားတာ ကြည့်လိုက်တာနဲ့ သိတာပဲ။”
နောက်ထပ် အဘွားကြီးတစ်ဦးက ဝင်ကာ ပြောလိုက်၏။ “ကျွန်မတို့ အသက်နဲ့ အာမခံတယ်။ ဒီကလေးမလေးက ရာနှုန်းပြည့် မိန်းမစစ်စစ်ပဲ။ ယောကျ်ား ဟန်ဆောင်ထားတာ ဆိုရင် ကျွန်မတို့ခေါင်းကို ဖြတ်ယူသွားလိုက်။”
အထိန်းတော်ကြီးနှင့် ရှောင်မင်တို့၏ မျက်နှာများ ပျက်ယွင်းသွား၏။ သေချာသွားပြီဖြစ်သည်။ ဤမိန်းမသည် ယွင်အောက်ထျန်း မဟုတ်ပေ။ တကယ့် သခင်မလေး ဖြစ်နေသည်။
ထိုသို့ဆိုလျှင် မည်သို့ ဖြစ်ပျက်ကုန်သနည်း။
ရှောင်မင်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ ‘ကျွန်မ... ကျွန်မ တွေ့ခဲ့တာက ဘာလဲ။ တစ္ဆေလား။’
ယွင်ကျုံးဟဲ့ (မိန်းမလှလေး)သည် အထိန်းတော်ကြီးရှေ့သို့ လျှောက်သွားလိုက်ပြီး အေးစက်စက် မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။ “ကတိအတိုင်း လုပ်ကြရအောင်။ ဒီသစ္စာဖောက် နှစ်ယောက်ကို ကျွန်မလက်ထဲ အပ်လိုက်။”
“ဖမ်းလိုက်။ ဖမ်းလိုက်။” လူအုပ်ကြီးက ဝိုင်းဖမ်းကြပြီး အထိန်းတော်ကြီးနှင့် ရှောင်မင်ကို ကြိုးတုပ်လိုက်ကြ၏။
“မီးဖို ပြင်ဆင်လိုက်။ သံပူတုတ်ပါ ယူခဲ့လိုက်။” ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် မီးဖိုနှင့် သံပူတုတ် ရောက်ရှိလာ၏။
အထိန်းတော်ကြီးက တုန်လှုပ်ချောက်ချားစွာဖြင့် ပြောလိုက်သည်။ “မလုပ်ပါနဲ့။ မလုပ်ပါနဲ့။”
ယွင်ကျုံးဟဲ့သည် သံပူတုတ်ကို ကိုင်လိုက်ပြီး အထိန်းတော်ကြီး၏ မျက်နှာနားသို့ ကပ်ကာ မေးလိုက်၏။ “ပြောစမ်း။ ဘယ်သူ ခိုင်းတာလဲ။ အစ်မနင်ချင်းကို ဘယ်သူ လုပ်ကြံတာလဲ။”
အထိန်းတော်ကြီးက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မ... ကျွန်မ မပြောဘူး။”
ယွင်ကျုံးဟဲ့က ခြိမ်းခြောက်လိုက်၏။ “မပြောရင် မျက်လုံးကို ထိုးဖောက်လိုက်မယ်။”
အထိန်းတော်ကြီးက ကြောက်လန့်တကြားဖြင့် ဝန်ခံလိုက်သည်။ “အား... ပြောပါမယ်။ ပြောပါမယ်။ ရှီးယွီမြို့က မော့မျိုးနွယ်စုပါ။ သူတို့ ခိုင်းတာပါ။”
.................