← Chapters

အခန်း (၇၅-၇၆)

Vol. 7 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 7 Ch. 75-76

အပိုင်း (၇၅)

အရာရှိများသည် ကျင်းကျုံးယွဲ့ကို မကျေနပ်သော်လည်း ယွင်ကျုံးဟဲ့ကို ခန့်အပ်ခြင်းအပေါ် ပို၍ မကျေနပ်ကြပေ။ လေခွင်းမြို့ ပျက်စီးတော့မည်ဟု ယူဆကြပြီး သင်္ဘောမနစ်ခင် ထွက်ပြေးကြခြင်း ဖြစ်သည်။

ကျင်းကျုံးယွဲ့က ခန်းမတစ်ခုလုံးကို ဝေ့ကာ ကြည့်ရှုလိုက်၏။ “နှုတ်ထွက်ချင်တဲ့သူ ရှိသေးလား။ အခု ထွက်လို့ ရပါသေးတယ်။”

ခန်းမထဲတွင် မည်သူမှ ထပ်မထွက်ကြတော့ပေ။

ယွင်ကျုံးဟဲ့ သတိထားမိသည်မှာ နှုတ်ထွက်သွားသူ အားလုံးသည် စာပေပညာရှင်များသာ ဖြစ်ကြပြီး စစ်ဘက်အရာရှိများ တစ်ဦးတစ်ယောက်မှ မပါဝင်ကြခြင်း ဖြစ်သည်။

ကျင်းမျိုးနွယ်စု၏ ဖြုန်းတီးမှုများသည် စစ်တပ်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်၏။ ယခင်မြို့စားမင်း ကျင်းအဲ့ လက်ထက်တည်းက စစ်တပ်ကို ငွေပုံအောပြီး တည်ဆောက်ခဲ့သည်။ ထို့ကြောင့် လေခွင်းမြို့၏ စစ်တပ်သည် အလွန် သစ္စာရှိပြီး စွမ်းရည်ထက်မြက်၏။

ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောဆိုလိုက်သည်။ “ဆုံးဖြတ်ပြီးပြီ။ အခုကစပြီး ယွင်အောက်ထျန်းက ဒုတိယခေါင်းဆောင်အဖြစ် ဆရာကြီး ဇိုအန်နဲ့အတူ ဒီကိစ္စကို တာဝန်ယူလိမ့်မယ်။ ကန့်ကွက်သူ ရှိလား။”

“အမိန့်တော်အတိုင်းပါ သခင်မ...” ကျန်ရှိနေသော အရာရှိများအားလုံး ဦးညွှတ်လိုက်ကြ၏။

ကျင်းကျုံးယွဲ့က အမိန့်များ ဆက်တိုက် ထုတ်ပြန်လိုက်သည်။

“ဒီနေ့ကစပြီး လေခွင်းမြို့ကို စစ်အုပ်ချုပ်ရေး ကြေညာတယ်။ ညမထွက်ရ အမိန့် ထုတ်တယ်။”

“ဒီနေ့ကစပြီး စားနပ်ရိက္ခာကို ထိန်းချုပ်လိုက်ပြီ။”

“ဒီနေ့ကစပြီး စစ်တပ်ကို အသင့်အနေအထား ပြင်ဆင်ထားမယ်။”

“ဒီနေ့ကစပြီးမြို့တံခါး ၄ ပေါက်လုံး ပိတ်ထားမယ်။ အမိန့်မရဘဲ ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး။”

“ကောလာဟလ ဖြန့်တဲ့သူတွေကို ပထမအကြိမ် သတိပေးမယ်။ ဒုတိယအကြိမ် ကြိမ်ဒဏ်ပေးမယ်။ တတိယအကြိမ် ခေါင်းဖြတ်သတ်မယ်။”

စစ်ဗိုလ်ချုပ်များ ဒူးထောက်လိုက်ကြ၏။ “ဟုတ်ကဲ့ပါ သခင်မ...”

အမိန့်ရသည်နှင့် စစ်သည်များသည် တန်းစီလျက် မြို့ထဲသို့ ဝင်ရောက်လာကြပြီး မြို့တံခါးများ ပိတ်လိုက်သည်။

မြို့ရိုးပေါ်တွင် စစ်သည်များ ပြည့်နှက်နေသလို လမ်းမပေါ်တွင်လည်း ကင်းလှည့်နေကြ၏။

မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း မဟုတ်ဘဲ မုန်တိုင်းလာနေပြီ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဆရာကြီး ဇိုအန်၊ ယွင်အောက်ထျန်း... ရှင်တို့နှစ်ယောက်ကို ယုံကြည်ပြီး တာဝန်ပေးလိုက်ပြီ။ ကျွန်မကို စိတ်ပျက်အောင် မလုပ်ကြပါနဲ့။”

.................

မြို့စားအိမ်တော်သို့ ပြန်ရောက်ချိန်မှာတော့ ကျင်းကျုံးယွဲ့ အနားယူရန် ပြင်ဆင်လိုက်သည်။

အပြင်ဘက်မှ စစ်သည်တစ်ဦးက သတင်းပို့လိုက်၏။ “သခင်မ... ကျင်ယီဝေ တပ်မှူး ချူကျောင်းရန် ဝင်ခွင့် တောင်းနေပါတယ်။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဝင်ခွင့်ပြုလိုက်။”

ခဏအကြာတွင် ချောမောသော ချူကျောင်းရန် ဝင်ရောက်လာပြီး ဒူးထောက်လိုက်၏။ “သခင်မကို ဂါရဝပြုပါတယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘာကိစ္စလဲ။”

ချူကျောင်းရန်က ပြောလိုက်၏။ “အခုလို အချိန်မှာ မနှောင့်ယှက်သင့်ပေမဲ့ အရေးကြီးလို့ပါ။ ဒါပေမဲ့ အခု ယွင်အောက်ထျန်းကို တာဝန်ပေးလိုက်တယ်ဆိုတော့ ပြောသင့်တာ ပြောပြရပါမယ်။”

ကျင်းကျုံးယွဲ့က ခွင့်ပြုလိုက်သည်။ “ပြောပါ။”

ချူကျောင်းရန်က ပြောလိုက်၏။ “သခင်မ... ရွှီအန်းထင် (ပုစဉ်း) ကို မှတ်မိလား။ မျက်နှာမှာ ဒဏ်ရာတွေနဲ့ စောင်းပညာရှင်လေ။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “မှတ်မိတယ်။”

ချူကျောင်းရန်က ပြောလိုက်၏။ “သူက ကောင်းကင်အမွေးအတောင် နန်းဆောင်မှာ စောင်းတီး သင်ပေးရင်း တာယင်အင်ပါယာ သူလျှိုတွေနဲ့ ဆက်သွယ်ခဲ့လို့ သွေးနက်ဂိုဏ်းက ဖမ်းထားတာပါ။ ကျုပ်တို့ စစ်ဆေးဖို့ ခေါ်ထုတ်လာတုန်း ယွင်အောက်ထျန်းက ဝင်ရှုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကတိုးမွှေးသခင်မက အာမခံပြီး ခေါ်သွားခဲ့တယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “သိတယ်။ သူမ အခုထိ ရှိနေသေးတယ်။ သံသယ ကြီးကြီးမားမား ရှိလို့လား။”

ချူကျောင်းရန်က ဆက်ပြောလိုက်၏။ “မကြီးမားပေမဲ့ ရှိနေပါတယ်။ အရေးကြီးတာက သူမနဲ့ ယွင်အောက်ထျန်းက သိနေကြတယ်။”

ကျင်းကျုံးယွဲ့က အံ့အားသင့်သွားသည်။ “တကယ်လား။”

ချူကျောင်းရန်က ပြောလိုက်၏။ “တကယ်ပါ။ ဒါက အစီရင်ခံစာပါ။”

ကျင်းကျုံးယွဲ့ အစီရင်ခံစာကို ဖတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒီအစီရင်ခံစာက ပုံမှန်ပါပဲ။”

ချူကျောင်းရန်က ပြောလိုက်၏။ “သတိထားရပါမယ်။ ယွင်အောက်ထျန်းက တကယ် မရိုးသားဘူးဆိုရင် အခု အခြေအနေမှာ ပိုဆိုးသွားနိုင်ပါတယ်။ သူက တာဝန်ကြီး ယူထားရတာလေ။”

ယွင်ကျုံးဟဲ့နှင့် ချူကျောင်းရန်က ရေနှင့်မီးလိုပဲ အခွင့်အရေးရတိုင်း တိုက်ခိုက်နေကြသည်။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ရှင် မမေ့နဲ့အုံး။ တာယင်အင်ပါယာ သူလျှိုခေါင်းဆောင် စာရေးတော်ကြီး ဝမ်ရှန်း (ဝမ်ပိရန်)ကို ဖော်ထုတ်ပေးခဲ့တာ ယွင်အောက်ထျန်းပဲ။”

ချူကျောင်းရန်က ပြောလိုက်သည်။ “အဲဒါက ဟေးလုံထိုင်က တမင် ဖော်ထုတ်ခိုင်းတာ ဖြစ်နိုင်ပါတယ်။ ယွင်အောက်ထျန်းကို ယုံကြည်မှု ရအောင် လုပ်တာ ဖြစ်နိုင်ပါတယ်။”

ဤစကားက ရက်စက်လွန်းလှ၏။

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ယွင်အောက်ထျန်းရဲ့ နောက်ကြောင်းကို ရှင်ကိုယ်တိုင် စစ်ဆေး ခဲ့တာလေ။ သူလျှိုနဲ့ မပတ်သက်ဘူးဆို။”

ချူကျောင်းရန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒါပေမဲ့ အခု သူက ရွှီအန်းထင်နဲ့ ပတ်သက်နေတယ်။ ရွှီအန်းထင်က သူလျှိုတွေနဲ့ ပတ်သက်နေတယ်။ ဒါကို စစ်ဆေးရမယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘယ်လို စစ်မလဲ။”

ချူကျောင်းရန်က ပြောလိုက်၏။ “သခင်မ ကိုယ်တိုင် စမ်းသပ်ကြည့်ပါ။ သူ့တုံ့ပြန်မှု နည်းနည်းလေး မှားတာနဲ့ သိသာပါလိမ့်မယ်။”

ကျင်းကျုံးယွဲ့က တုန့်ဆိုင်းနေသည့် လေသံဖြင့် မေးလိုက်သည်။ “သူက အခု တာဝန်ကြီး ယူထားရတာ။ ကျွန်မက မယုံသလို သွားလုပ်ရင် စိတ်ဝမ်းကွဲသွားလိမ့်မယ်။ တကယ်လို့ သူက အပြစ်ကင်းနေရင် ဘယ်လို လုပ်မလဲ။”

ချူကျောင်းရန် တိတ်ဆိတ်နေ၏။

ကျင်းကျုံးယွဲ့က သတိပေးလိုက်သည်။ “သူ သိသွားလိမ့်မယ်။ ရှင် လုပ်တယ်ဆိုတာ သိသွားလိမ့်မယ်။ အဲဒီကျရင် သူ့ကို ချော့ဖို့ ရှင့်ကို အပြစ်ပေးရလိမ့်မယ်။ သေချာ စဉ်းစားနော်။”

ချူကျောင်းရန် ခဏ စဉ်းစားပြီး ပြန်ဖြေလိုက်၏။ “သေချာပေါက် စမ်းသပ်သင့်ပါတယ်။”

.................

ယွင်ကျုံးဟဲ့က သူ၏ အိမ်ဝင်းငယ်လေးထဲသို့ ပြန်ရောက်လာသည်။ ယခင်က ညစ်ပတ်နေသော်လည်း ယခုအခါ သပ်ရပ်နေပြီး ပရိဘောဂ အသစ်များဖြင့် ခမ်းနားနေသည်။

သူသည် စမ်းသပ်မှုများ စတင်ရန် ပြင်ဆင်လိုက်သည်။ အချိန်လုနေရပြီ ဖြစ်၏။

ထိုစဉ် မွှေးပျံ့သော ရနံ့တစ်ခု ရရှိလိုက်ပြီး ကျင်းကျုံးယွဲ့ ဝင်လာသည်ကို မြင်လိုက်ရသည်။

‘ထူးဆန်းလိုက်တာ။ ဒီအချိန်ကြီး ဘာလာလုပ်တာလဲ။’

“ယွင်အောက်ထျန်း... ရှင့်တာဝန်က ကြီးလေးတယ်။ ပြုစုစောင့်ရှောက်ဖို့ လူလိုတယ်။ ဒါကြောင့် အစေခံ တစ်ယောက် ခေါ်လာပေးတာ။” ကျင်းကျုံးယွဲ့က ပြောလိုက်၏။

“ဝင်ခဲ့...”

အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော်လည်း ငွေရောင် မျက်နှာဖုံး တပ်ဆင်ထားသည်။ ရွှီအန်းထင် (ပုစဉ်း)ပင်။

“ယွင်အောက်ထျန်း... သူ့ကို သိလား။” ကျင်းကျုံးယွဲ့က စာအုပ်တစ်အုပ်ကို ကိုင်ရင်း မေးလိုက်၏။

ယွင်ကျုံးဟဲ့ ရင်ထိတ်သွားသည်။ ‘ပြဿနာ တက်ပြီ။ မသိဘူး ပြောရင် ချူကျောင်းရန်ရဲ့ အစီရင်ခံစာနဲ့ ငြိမယ်။ မရိုးသားဘူး ဖြစ်သွားမယ်။ သိတယ် ပြောရင် ဘယ်လို သိတာလဲ ဆိုတာ ရှင်းပြရခက်မယ်။ ပုံမှန်အရ ဆိုရင် မသိသင့်ဘူးလေ။

ကျင်းကျုံးယွဲ့က ဘာလို့ သိနေတာလဲ။ ရွှီအန်းထင်က ဝန်ခံလိုက်တာလား။ မဖြစ်နိုင်ဘူး။ အန်းထင် တည်းခိုခန်းက ပေါက်ကြားသွားတာလား။ မဖြစ်နိုင်ဘူး။ ဒါဆို ဘယ်သူက သတင်းပေးလိုက်တာလဲ။’

ယွင်ကျုံးဟဲ့ အသည်းအသန် စဉ်းစားနေသည်။ သူနှင့် ရွှီအန်းထင် တွေ့သည်မှာ တည်းခိုခန်းထဲမှာဖြစ်၏။ မည်သူမှ မမြင်နိုင်ချေ။

အပြင်မှာ တွေ့တာက တစ်ကြိမ်သာ ရှိသည်။ သူ ဗေဒင်ဆရာ အယောင်ဆောင်ပြီး လမ်းကြားထဲမှာ ထိုင်နေစဉ် ဗိုက်ဆာပြီး အေးခဲနေတုန်း ရွှီအန်းထင်က ထမင်းလာပို့ပေးခြင်းသာရှိ၏။ စကားတောင် မပြောဖြစ်ချေ။

ထိုအချိန်တုန်းက မည်သူ မြင်သွားသနည်း။ သူက သာမန် ဗေဒင်ဆရာလေးသာဖြစ်သည်။ ထိုအရာကလည်း မဖြစ်နိုင်ပေ။

ယွင်ကျုံးဟဲ့ ဦးနှောက်က အသည်းအသန် အလုပ် လုပ်နေသည်။ ရုတ်တရက် လူတစ်ယောက်ကို သတိရလိုက်သည်။ ‘ဟုတ်တယ်။ အဲဒီလူပဲ ဖြစ်ရမယ်။ ပေါက်ဆီ နှစ်ခါ လာပို့ပေးတဲ့ သူတောင်းစားအိုကြီး၊ ဗေဒင်မဟောဘဲ သူတောင်းစား လိုက်လုပ်ဖို့ ပြောတဲ့ လူကြီး... သူက ပျောက်သွားလို့ ထွက်ပြေးသွားတယ် ထင်နေတာ။ တကယ်တော့ ကျုပ်ကို စောင့်ကြည့်နေတာကိုး။

ဟုတ်တယ်။ သူက လေခွင်းမြို့ရဲ့ သူလျှို ဖြစ်ရမယ်။ ကျုပ်က လူစည်ကားတဲ့ နေရာမှာ ဗေဒင်မဟောဘဲ လူပြတ်တဲ့ နေရာမှာ ဟောနေတော့ သံသယ ဝင်သွားတာနေမှာ။ ဒါကြောင့် ရွှီအန်းထင် ထမင်းလာပို့တာကို မြင်သွားတာ။ အဲဒီတုန်းက အမှု မကြီးပေမဲ့ အခု ကျုပ် ရာထူးကြီးသွားတော့ ပြန်ဖော်ထုတ်လာတာပဲ။ ကြောက်စရာ ကောင်းလိုက်တာ။’

ကံကောင်းထောက်မစွာဖြင့် ယွင်ကျုံးဟဲ့သည် အန်းထင်တည်းခိုခန်းရှိ လူများအား ၎င်းထံသို့ လုံးဝ မလာရောက်ရန် တင်းတင်းကျပ်ကျပ် မှာကြားထားခဲ့သည်။ ထိုသို့သာ မဟုတ်ပါက ယနေ့တွင် အသက်ဘေးမှ လွတ်မြောက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

သို့သော်လည်း အခြေအနေကို မည်သို့ဆက်လက် ဖြေရှင်းရမည်နည်း။ အန္တရာယ်ရှိနိုင်သလား ဆိုသည်မှာ စဉ်းစားစရာဖြစ်နေ၏။

သတိကြီးလှသော ရွှီအန်းထင်သည် ယွင်ကျုံးဟဲ့အား ထမင်းမပို့မီ နှစ်ရက်ခန့်အလိုက အခြားသော သူတောင်းစားများကို ကြိုတင်ဝေပေးခဲ့သည်။

ထို့ကြောင့် ယခုကဲ့သို့ ယွင်ကျုံးဟဲ့ကို ထမင်းကျွေးခြင်းမှာ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် မည်သူမှ သံသယဝင်ရန် အကြောင်း မရှိတော့ပေ။

.................

ယွင်ကျုံးဟဲ့ စဉ်းစားနေသည်မှာ ၁ စက္ကန့်လောက်သာ ကြာ၏။

“ယွင်အောက်ထျန်း... သူ့ကို သိလား။” ကျင်းကျုံးယွဲ့ ထပ်မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ရွှီအန်းထင်ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ပြီးမှ သတိရသလို လုပ်လိုက်၏။ ထိုညက မှောင်နေသောကြောင့် မျက်နှာကို မမြင်ရချေ။ မီးအိမ်ကိုင်ထားသောကြောင့် ခန္ဓာကိုယ်သာ မြင်လိုက်ရခြင်းပင်။

ထို့ကြောင့် ယွင်ကျုံးဟဲ့က သူမ၏ ခါးလေးကို စိုက်ကြည့်လိုက်ပြီး မျက်လုံး အရောင်လက်သွားသလို လုပ်လိုက်သည်။ “မိန်းကလေး... စကားနည်းနည်း ပြောကြည့်ပါအုံး။”

“သခင်ကြီးကို ဂါရဝပြုပါတယ်။” ရွှီအန်းထင်က ပြောလိုက်၏။

“မှတ်မိပြီ။ မှတ်မိပြီ။ အဲဒီညက ထမင်းလာပို့တဲ့ မိန်းကလေး မဟုတ်လား။ အသံလေးက သာယာလိုက်တာ။ ကိုယ်လုံးလေးက လှလိုက်တာ။ အဲဒီညက ပြန်သွားပြီးတဲ့နောက် ကျုပ်...”

ယွင်ကျုံးဟဲ့ စကားရပ်လိုက်သည်။ “လမင်းလေး... အထင်မလွဲပါနဲ့။ ကျုပ်စိတ်ထဲမှာ ခင်ဗျား တစ်ယောက်တည်း ရှိတာပါ။ တခြား မိန်းမတွေက အပိုပါပဲ။ နေပါအုံး။ ကျုပ်နဲ့ ဒီမိန်းကလေးက တစ်ခါပဲ တွေ့ဖူးတာပါ။ ခင်ဗျား ဘယ်လို သိတာလဲ။”

ယွင်ကျုံးဟဲ့ မျက်နှာ တည်သွား၏။ “ခင်ဗျား ကျုပ်ကို စောင့်ကြည့်နေတာလား။”

ကျင်းကျုံးယွဲ့က အစီရင်ခံစာကို ကမ်းပေးလိုက်သည်။

ယွင်ကျုံးဟဲ့ ဖတ်ကြည့်လိုက်ချိန်မှာတော့ သူတောင်းစားအိုကြီး ရေးထားသည့်စာ ဖြစ်နေ၏။ ‘သောက်ကျိုးနည်း... လွတ်လမ်း မရှိပါလား။’

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “သူ့ကို ကိုယ်လုပ်တော်အဖြစ် ထားချင်လား။”

ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို တစ်ချက်၊ ရွှီအန်းထင်ကို တစ်ချက် ကြည့်လိုက်ပြီး ရှက်သလို လုပ်လိုက်သည်။ “ထားချင်တာပေါ့။ ဒါပေမဲ့ အဆင်မပြေလောက်ဘူး။ ကျုပ် လုပ်ရမယ့် ကိစ္စတွေက လျှို့ဝှက်ချက်တွေလေ။”

“ကျွန်မ ရှင့်ကို တခြားနေရာ ပြောင်းပေးမယ်။ ပိုကောင်းတဲ့ နေရာမှာ ထားပေးမယ်။ အစေခံတွေလည်း ထည့်ပေးမယ်။ ရှင် ထွက်သွားတော့။” ကျင်းကျုံးယွဲ့က ရွှီအန်းထင်ကို ပြောလိုက်၏။

ရွှီအန်းထင် ထွက်ခွာသွားသည်။

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒီမိန်းကလေးက ရှင့်ကို ကျေးဇူးပြုဖူးတာပဲ။ သူ့နောက်ကြောင်းကို စစ်ဆေးပြီး ပြဿနာ မရှိရင် ရှင့်ဆီ ပို့ပေးမယ်။”

ယွင်ကျုံးဟဲ့ ရယ်မောလိုက်သည်။ “အားနာစရာကြီးဗျာ။”

ထို့နောက် အလေးအနက် မေးလိုက်၏။ “ဒါနဲ့ ဒီအစီရင်ခံစာကို ဘယ်သူ ပေးတာလဲ။ ဘယ်သူက ကျုပ်ကို လုပ်ကြံချင်နေတာလဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ချူကျောင်းရန်...”

“သူပဲလား။”

ယွင်ကျုံးဟဲ့ ဒေါသထွက်သွား၏။ “သူက ဘာကိစ္စ ကျုပ်ကို စောင့်ကြည့်နေတာလဲ။ အရေးကြီးတဲ့ အချိန်မှာ တမင် လုပ်ကြံတာ။ ဒါ ပုဂ္ဂိုလ်ရေး မုန်းတီးမှုပဲ။ ပြီးတော့ ပိုင်ယင် ဆားတွင်းကိစ္စမှာ သူ တာဝန်မကင်းဘူး။ သူ့ကို အပြစ်ပေးသင့်တယ်။”

ယွင်ကျုံးဟဲ့ ဦးညွှတ်လိုက်သည်။ “သခင်မ... ပိုင်ယင် ဆားတွင်းကိစ္စမှာ ကျင်ယီဝေက ပေါ့ဆခဲ့တယ်။ ချူကျောင်းရန်ကို အပြစ်ပေးပါ။”

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဘယ်လို အပြစ်ပေးချင်လဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခေါင်းဖြတ်လို့တော့ မရဘူးလေ။ ရာထူးဖြုတ်လို့လည်း မရဘူး။ အခုက လူလိုနေတဲ့ အချိန်လေ။ ဒါကြောင့် ကြိမ်ဒဏ် ၅၀ ပေးပါ။ နောက်ဆုံး ၁၀ ချက်ကို ကျုပ် ကိုယ်တိုင် ရိုက်မယ်။”

ကြိမ်ဒဏ် ၅၀ က ကိစ္စမရှိသော်ငြား ကိုယ်တိုင်ရိုက်မယ် ဆိုသည်က လွန်လွန်း၏။

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကောင်းပြီ။”

ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်၏။ “လူရှေ့သူရှေ့မှာ ရိုက်ရမယ်။ လူအများကြီး ကြည့်နေတဲ့ ရှေ့မှာ ရိုက်ရမှာနော်။”

ကျင်းကျုံးယွဲ့က သဘောတူလိုက်သည်။ “ကောင်းပြီ။ ရှင့်သဘောအတိုင်း လုပ်ပါ။”

.................

အပိုင်း (၇၆)

မြို့စားအိမ်တော် ရှေ့ကွင်းပြင်တွင် လူအများ စုရုံးနေကြ၏။

ကျင်ယီဝေ တပ်မှူးချုပ် ချူကျောင်းရန်ကို အပေါ်ပိုင်း ဗလာကျင်းလျက် တိုင်တွင် ချည်နှောင်ထားပြီး ဘေးပတ်ဝန်းကျင်တွင် ကျင်ယီဝေနှင့် သွေးနက်ဂိုဏ်းမှ အရာရှိများ ရပ်ကြည့်နေကြသည်။

သွေးနက်ဂိုဏ်း ခေါင်းဆောင် လန်ပိက အေးစက်စွာ မေးမြန်းလိုက်၏။ “ပိုင်ယင် ဆားတွင်းကိစ္စမှာ ကျင်ယီဝေက တာဝန်ပေါ့လျော့ခဲ့တယ်။ သခင်မ အမိန့်အရ ကြိမ်ဒဏ် ၅၀ ပေးမယ်။ ချူကျောင်းရန်... အပြစ်ကို ဝန်ခံသလား။”

“ဝန်ခံပါတယ်။” ချူကျောင်းရန်က ဖြေလိုက်သည်။

လန်ပိသည် သားရေကြိမ်လုံးကို ကောက်ယူလိုက်၏။ သာမန် ကြိမ်လုံး မဟုတ်ဘဲ သံကြိုးသေးများ ပါဝင်သော အထူးပြုလုပ်ထားသည့် ကြိမ်လုံး ဖြစ်သည်။

ရိုက်လိုက်လျှင် အလွန် နာကျင်စေပြီး အားနည်းသူများ ဆိုလျှင် သေစေနိုင်လောက်၏။

ပို၍ နာကျင်စေရန် လန်ပိက ကြိမ်လုံးကို ရေအေးထဲ စိမ်လိုက်သေးသည်။

“ဖြောင်း...”

ပထမဆုံး ရိုက်ချက် ကျရောက်သွား၏။

ချူကျောင်းရန်၏ ကျောပြင်ပေါ်တွင် သွေးစို့နေသော အရာတစ်ခု ထင်ကျန်ရစ်ခဲ့ပြီး ချက်ချင်း ဖူးရောင်လာသည်။

“ဖြောင်း... ဖြောင်း... ဖြောင်း...”

လန်ပိက ဆက်တိုက် ရိုက်နှက်နေသည်။ ညှာတာမှု လုံးဝ မရှိပေ။

ခဏအတွင်းမှာပဲ ချူကျောင်းရန်၏ ကျောပြင်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားပြီး သွေးများ စီးကျလာသည်။

သို့ပေမည့် ချူကျောင်းရန်သည် အံကြိတ်ခံထားပြီး အသံတစ်ချက်မှ မထွက်ပေ။

“ဖြောင်း... ဖြောင်း... ဖြောင်း...”

ရိုက်ချက်တိုင်းသည် ပြင်းထန်လှပြီး သွေးများ လွင့်စဉ်ထွက်လာသည်။

ဘေးမှ ကြည့်နေသူများက မျက်နှာပျက်နေကြသည်။ ရိုက်ချက် ကျရောက်တိုင်း သူတို့ပါ လိုက်နာကျင် နေသကဲ့သို့ ခံစားနေရ၏။

ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ကျေနပ်အားရနေသည်။ ၃ မိနစ် ကြာချိန်မှာတော့ အချက် ၄၀ ပြည့်သွားသည်။

“ဒါက ချူကျောင်းရန် တစ်ယောက်တည်းရဲ့ အပြစ် မဟုတ်ဘူး။ ကျင်ယီဝေ တစ်ဖွဲ့လုံးရဲ့ အပြစ်ပဲ။”

လန်ပိက အော်ဟစ်လိုက်၏။ “ယွင်အောက်ထျန်း... ကျန်တဲ့ ၁၀ ချက်ကို ရှင် ဆက်ရိုက်။”

အားလုံး အံ့ဩသွားကြသည်။ ‘ဘာသဘောလဲ။ ယွင်အောက်ထျန်းက တတိယတပ်မှူးချုပ်ပဲ ရှိသေးတာ။ လက်အောက်ငယ်သားက အထက်လူကြီးကို ရိုက်ရမယ် ဟုတ်လား။’

သို့ပေမည့် ယွင်ကျုံးဟဲ့က ဤအခွင့်အရေးကို စောင့်နေတာ ကြာပြီဖြစ်သည်။ ချက်ချင်း ရှေ့ထွက်ပြီး ကြိမ်လုံးကို ယူလိုက်၏။

‘လေးလိုက်တာ။’

ယွင်ကျုံးဟဲ့က အားကုန်သုံးပြီး ရိုက်လိုက်သည်။

“ဖြောင်း...”

“ဖြောင်း...”

၇ ချက်လောက် ရိုက်ပြီးချိန်မှာတော့ သူ မောဟိုက်လာ၏။

စိတ်ပျက်စရာကောင်းသည်မှာ ယွင်ကျုံးဟဲ့၏ အားအင်ချည့်နဲ့မှုကြောင့် သူ၏ရိုက်ချက်များသည် လန်ပိကဲ့သို့ ပြင်းထန်နာကျင်ခြင်း မရှိပေ။

ထိုအခြေအနေကို ရိပ်မိသွားသော ချူကျောင်းရန်မှာ နာကျင်ခြင်းထက် သက်သာရာရသွားသည့် အမူအရာမျိုး ဖြစ်နေသည်။ ၎င်းကိုကြည့်ပြီး ယွင်ကျုံးဟဲ့ မကျေမနပ် ဖြစ်သွားမိ၏။

မိမိလက်ဖြင့် ကိုယ်တိုင်ရိုက်နှက်သည့်အခါ ချူကျောင်းရန်အား အသည်းခိုက်အောင် နာကျင်စေချင် သော်လည်း နှိပ်နယ်ပေးနေသကဲ့သို့သာ ဖြစ်နေသည်။

ထို့ကြောင့် သူ အကြံတစ်ခု ရသွားသည်။ ‘နေရာရွှေ့ပြီး ရိုက်မှဖြစ်မယ်။’

ထို့နောက် သူက အားအင်အားလုံးကို စုစည်းကာ ချူကျောင်းရန်၏ ခါးအောက်ပိုင်းကို ဦးတည်၍ အားကုန်လွှဲရိုက်ရန် ချိန်ရွယ်လိုက်တော့သည်။ ‘ထိပါစေ။’

“ဖြောင်း...”

ကြိမ်လုံးက တင်ပါးဆုံကို ထိသွား၏။

“အွတ်...”

ချူကျောင်းရန်၏ လည်ချောင်းထဲမှ နာကျင်သော အသံ ထွက်ပေါ်လာသည်။ ဆံပင်များ ထောင်ထသွား သကဲ့သို့ ခံစားလိုက်ရသည်။

ရိုက်ချက်က အသံသိပ်မကျယ်သော်လည်း နာကျင်မှုကမူ အသည်းခိုက်သွားပုံရ၏။

ချူကျောင်းရန်၏ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်တက်သွားသည်ကို ကြည့်ပြီး ဘေးမှ ဝိုင်းကြည့်နေသူများပင် ကိုယ့်ဖင်ကိုယ် ရှုံ့သွားကြသည့်အထိ ကျိန်းစပ်မှုကို ခံစားလိုက်ရသည်။

ထိုမြင်ကွင်းကို ကြည့်နေသော လန်ပိမှာလည်း အံ့အားသင့်ကာ မျက်လုံးအစုံ ပြူးသွားတော့၏။

ယွင်ကျုံးဟဲ့ကမူ ရပ်တန့်ခြင်းမရှိဘဲ (၉) ချက်မြောက် ရိုက်ချက်ကို ထပ်မံလွှဲရိုက်လိုက်ရာ၊ ထိုတစ်ကြိမ်တွင်မူ ရိုက်ချက်က အရှိန်ပြင်းစွာဖြင့် တခြားသော နေရာတစ်ခုသို့ စိုက်ဝင်သွားတော့သည်။

၁၀ ချက်မြောက်...

“ဖြောင်း...”

ကြိမ်လုံးက ချူကျောင်းရန်၏ မျက်နှာကို ရစ်ပတ်သွားပြီး အရှိုးရာ ထင်ကျန်ရစ်ခဲ့၏။

အချက် ၅၀ ပြည့်သွားပြီဖြစ်သည်။ ချူကျောင်းရန်၏ တစ်ကိုယ်လုံး သွေးများ၊ ချွေးများဖြင့် ရွှဲနစ်နေသည်။

ယွင်ကျုံးဟဲ့က ချူကျောင်းရန်ရှေ့သို့ သွားပြီး ပြောဆိုလိုက်၏။ “တပ်မှူးချုပ်... စိတ်မရှိပါနဲ့။ လန်ပိက အတင်း ရိုက်ခိုင်းလို့ပါ။”

လန်ပိ ဒေါသထွက်သွားသည်။ ‘ရှင်… ကျွန်မတို့ကို သွေးခွဲနေတာလား။’

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “တပ်မှူးချုပ်... ခင်ဗျား နာသလို ကျုပ်လည်း ရင်ထဲက နာပါတယ်။ နောက်နောင် ညီအစ်ကိုတွေလို ဆက်နေကြမယ်နော်။”

ချူကျောင်းရန်က ပြုံးလိုက်သည်။ “ကောင်းပါပြီ။ တစ်အိုးတည်း စားနေကြတာပဲ။ ညီအစ်ကိုတွေပါပဲ။”

သူ့အပြုံးက တောက်ပနေဆဲဖြစ်ပြီး မျက်လုံးထဲမှာ အမုန်းတရား မရှိချေ။ သို့ပေမည့် ခြေထောက်များ တုန်ယင်နေသည်ကိုတော့ ဖုံးကွယ်၍ မရနိုင်ချေ။

.................

ထိုနေ့ညတွင် လန်ပိက စာရွက်နှစ်ရွက်ကို ယွင်ကျုံးဟဲ့နှင့် ဆရာကြီး ဇိုအန်ထံ ပေးလိုက်သည်။ “ဒါက မဟာမိတ်အဖွဲ့ ကိုယ်စားလှယ် စာရင်းပဲ။”

“မော့ချို မပါပါလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“ပထမအကျော့က လျော်ကြေးကိစ္စပဲ ဆွေးနွေးမှာမို့လို့ သူ မပါတာပါ။” ကျင်းကျုံးယွဲ့က ဖြေရှင်းပေး လိုက်သည်။

ဆရာကြီး ဇိုအန်က ဖြည့်စွက်ပြောဆိုလိုက်၏။ “ဒီကိစ္စကို မော့မျိုးနွယ်စုက ဦးဆောင်တာ မှန်ပေမဲ့ တခြား ပါဝင်ပတ်သက်သူတွေ အများကြီး ရှိတယ်။ သူတို့ကို အရင် ကျေနပ်အောင် လုပ်ပေးရမယ်။ ပြီးမှ ပိတ်ဆို့အရေးယူတာတွေ ဆက်လုပ်မှာ။”

ဤသည်မှာ အမြတ်ဝေစု ခွဲဝေသည့် ပွဲဖြစ်ကြောင်း ရှင်းလင်းလွန်းလှသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခေါင်းဆောင်က ယွင်ဝမ်ရွှယ်တဲ့။ ဒီနာမည်ကို ရင်းနှီးနေသလိုပဲ။”

ကျင်းကျုံးဟဲ့က ဖြေလိုက်သည်။ “အင်း… သူက ယွင်ဝမ်လီရဲ့ အစ်ကိုလေ။”

အမှန်စင်စစ် ယွင်ဝမ်လီမှာ နင်ချင်း၏ ပထမအိမ်ထောင်ဖက်ဖြစ်ရာ ယွင်ဝမ်ရွှယ်မှာမူ နင်ချင်းအတွက် ခဲအိုတော်စပ်သူတစ်ဦး ဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့ လုံးဝမသိရှိထားသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ယွင်ဝမ်ရွှယ်သည် နင်ချင်းအပေါ် ယခင်တည်းက စိတ်ဝင်စားမှု ရှိခဲ့ခြင်းပင်။

နင်ချင်း မုဆိုးမဘဝသို့ ရောက်ရှိသွားသည့် နောက်ပိုင်းတွင်လည်း ယွင်ဝမ်ရွှယ်သည် သူမကို ပိုင်ဆိုင်နိုင်ရန် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ကြံစည်အားထုတ်ခဲ့ဖူးသည်။

သို့ပေမည့် နင်ချင်း၏ အလွန်အမင်း သတိကြီးမှုနှင့် ပါးနပ်မှုတို့ကြောင့်သာ ထိုဘေးအန္တရာယ်များမှ အကြိမ်ကြိမ် ကံကောင်းထောက်မစွာ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူက ဘာရာထူးလဲ။”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “မဟာမိတ် ကုန်သည်များအသင်း ခေါင်းဆောင်။”

ယွင်ကျုံးဟဲ့က အံ့အားသင့်သွားသည်။ “စီးပွားရေးသမားလား။ မြို့စား မဟုတ်ဘူးလား။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ သူက စီးပွားရေးသမားပဲ။”

ယွင်ကျုံးဟဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဘာစီးပွားရေး လုပ်တာလဲ။”

လန်ပိက ဝင်ဖြေလိုက်၏။ “ပြည့်တန်ဆာရုံနဲ့ လောင်းကစားရုံ။ ပိုင်ရှင်မဲ့ နယ်မြေရဲ့ အချမ်းသာဆုံး ကုန်သည်ကြီးလေ။”

ယွင်ကျုံးဟဲ့ အားကျသွားသည်။ အမြတ်အများဆုံး စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ပထမအကျော့မှာ သူ့ကို နိုင်အောင် တိုက်ရမှာပေါ့။”

ဆရာကြီး ဇိုအန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒီဆွေးနွေးပွဲကို သူ လေလံယူထားတာ ဖြစ်နိုင်တယ်။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “နိုင်ငံရေး ကိစ္စကို လေလံယူလို့ ရတာလား။”

ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ပိုင်ရှင်မဲ့ နယ်မြေမှာ မရတာ မရှိဘူး။”

ယွင်ကျုံးဟဲ့က ယွင်ဝမ်ရွှယ်အကြောင်း စတင် မေးမြန်းလိုက်၏။ “သူ့အကျင့်စရိုက်က ဘယ်လိုလဲ။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “လောဘကြီးတယ်။ ဉာဏ်များတယ်။ သွေးစုပ်ကောင် လို့တောင် နာမည်တွင်တယ်။”

ယွင်ကျုံးဟဲ့က မေး၏။ “စွန့်စားရတာ ကြိုက်လား။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ကြိုက်တာပေါ့။ သူ့ဘဝက စွန့်စားမှုတွေနဲ့ ပြည့်နေတာပဲ။”

ယွင်ကျုံးဟဲ့က အချက်အလက်များကို မှတ်သားရင်း ထပ်မေးလိုက်၏။ “လောင်းကစားရုံ ပိုင်ရှင် ဆိုတော့ လောင်းကစား တော်လား။”

လန်ပိက ဝင်ပြောလိုက်သည်။ “ဆရာတစ်ဆူပဲ။ လောင်းကစားနဲ့ပဲ ကြီးပွားလာတာ။”

ထို့နောက် လန်ပိက ဆက်ရှင်းပြ၏။ “သူက ငယ်ငယ်တည်းက ဆိုးသွမ်းတယ်။ ၁၃ နှစ်သားမှာ အဖေရဲ့ ကိုယ်လုပ်တော်ကို စော်ကားလို့ အိမ်က နှင်ချခံရတယ်။ လောင်းကစားရုံမှာ ကြီးပြင်းလာပြီး လောင်းကစား အတတ်ပညာတွေ တတ်မြောက်လာတယ်။ လောင်းကစားရုံ တစ်ရုံကို အနိုင်ရပြီး ဆက်တိုက် တိုးချဲ့လာနိုင်ခဲ့တယ်။ အသက် ၃၅ နှစ်မှာ အိမ်ပြန်လာပြီး ၃၉ နှစ်မှာ ခေါင်းဆောင် ဖြစ်လာတာပဲ။”

‘ဂိုဏ်းချုပ်ကြီး အဆင့်ပါလား။’

ယွင်ကျုံးဟဲ့က စိတ်ဝင်စားသည့် လေသံဖြင့် မေးလိုက်သည်။ “သူ့ရဲ့လောင်းကစား အရည်အချင်းက ဘယ်လိုလဲ။”

လန်ပိက ဖြေလိုက်၏။ “ဘယ်တော့မှ မရှုံးဘူး။”

ယွင်ကျုံးဟဲ့က ကောက်ချက်ချလိုက်သည်။ “ဒါဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေမှာပေါ့။”

လန်ပိက ပြောလိုက်၏။ “သေချာတာပေါ့။ လောင်းကစားလောကရဲ့ ဘုရင်ပဲ။ လူစိတ်ကိုလည်း ကောင်းကောင်း နားလည်တယ်။ ဒါကြောင့် လျော်ကြေးငွေကို အများကြီး တောင်းမှာ သေချာတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မ... ကျုပ်တို့ ဘယ်လောက်ထိ တတ်နိုင်လဲ။”

ကျင်းကျုံးယွဲ့က ပြန်မေးလိုက်၏။ “ရှင် ဘယ်လောက် ရှာပေးနိုင်လဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “၁ သန်း (၁၀ သိန်း) ရတယ် ထားပါတော့။”

ကျင်းကျုံးယွဲ့က တွက်ချက်ကာ ပြောလိုက်၏။ “စစ်စရိတ်၊ လစာ၊ ရွှေငွေတွေ အရည်ကျိုလိုက်ရင် ၅ သိန်း လောက် ရမယ်။”

ယွင်ကျုံးဟဲ့က ရေရွတ်လိုက်သည်။ “စုစုပေါင်း ၁.၅ သန်း (၁၅ သိန်း) ပေါ့။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”

ဤပမာဏမှာ အလွန်နည်းပါးလွန်းလှသည်။ အသက်ဆုံးရှုံးခဲ့ရသူပေါင်း နှစ်ထောင်ကျော်ရှိသည့်အပြင် ၎င်းတို့ ထဲတွင် အရေးပါသော ကုန်သည်များနှင့် အစိုးရအရာရှိများပါ ပါဝင်နေသည်။

ထို့အပြင် စီးပွားရေးအရ ထိခိုက်ပျက်စီးမှုများမှာလည်း ကြီးမားလှသောကြောင့် ငွေ ၁၅ သိန်းဆိုသည်မှာ မည်သို့မှ လုံလောက်မှုရှိမည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆရာကြီး... သူ ဘယ်လောက် တောင်းမယ် ထင်လဲ။”

ဆရာကြီးက ဖြေလိုက်၏။ “အများကြီး တောင်းမှာ။ မယုံနိုင်လောက်အောင် များလိမ့်မယ်။”

ကျင်းကျုံးယွဲ့က တီးတိုး ပြောလိုက်သည်။ “မနက်ဖြန် သိရမှာပေါ့။”

.................

နောက်တစ်နေ့ ညနေခင်းတွင် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ ရောက်ရှိလာကြ၏။

မြို့ထဲ မဝင်ဘဲ မြို့ပြင် မိုင် ၂၀ အကွာရှိ ရေကြည်စံအိမ်တွင် တည်းခိုကြသည်။ စစ်သည် ၁၀၀၀ ပါလာပြီး စံအိမ်ကို ဝိုင်းရံထားကြသည်။

မဟာမိတ်တပ်တော် ၁၅၀၀၀ ကလည်း ခြိမ်းခြောက်မှု အပြည့်ဖြင့်ချီတက်လာနေပြီ ဖြစ်၏။

.................

ဒုတိယနေ့တွင် ဆွေးနွေးပွဲ စတင်သည်။

ဆရာကြီး ဇိုအန်နှင့် ယွင်ကျုံးဟဲ့တို့သည် စစ်သည် ၅၀၀ ခြံရံလျက် ရေကြည်စံအိမ်သို့ သွားရောက်ကြသည်။ နောက်လိုက် စာရေးလေး တစ်ယောက်သာ ပါ၏။

ယွင်ဝမ်ရွှယ်သည် အလွန် ဉာဏ်နီဉာဏ်နက် များလှသူဖြစ်သည်။ သူသည် ဆွေးနွေးပွဲကို မြို့ထဲ၌ ကျင်းပခြင်းမပြုဘဲ သူ၏ နယ်မြေအတွင်းသို့သာ ခေါ်ယူခဲ့သည်။

ဤသည်မှာ ရိုးရှင်းသော ဆွေးနွေးပွဲတစ်ခု မဟုတ်ဘဲ တစ်ဖက်လူအား မိမိလက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်စေရန် စီစဉ်ထားခြင်းပင်။

ဧည့်သည်အဖြစ် ရောက်ရှိလာသူကို မိမိအလိုကျ ထိန်းချုပ်နိုင်သည့် အိမ်ရှင်အဖြစ် အသာစီးရယူကာ အခြေအနေ အရပ်ရပ်ကို သူ၏ စိတ်ကြိုက် ပုံဖော်လိုက်ခြင်း ဖြစ်ပေသည်။

ညအချိန်တွင် ဆွေးနွေးပွဲ စတင်၏။

ယွင်ကျုံးဟဲ့သည် ယွင်ဝမ်ရွှယ်ကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရသည်။ ကုန်သည်နှင့်လည်း မတူ၊ စာပေပညာရှင်နှင့်လည်း မတူ၊ စစ်သည်နှင့်လည်း မတူပေ။

လင်းတနှာခေါင်းကြီးက ထင်ရှားနေသည်။ မျက်နှာ ရှည်မျောမျောနှင့် မျက်လုံးအိမ် နက်ရှိုင်းသည်။ ချောမောသော်လည်း ရက်စက်ပုံ ပေါက်နေသည်။

“ကျင်းကျုံးယွဲ့က ခင်ဗျားတို့ နှစ်ယောက်တည်း လွှတ်လိုက်တာလား။” ယွင်ဝမ်ရွှယ် အံ့ဩသွား၏။

ယွင်ဝမ်ရွှယ်၏ ဘက်တော်သားများမှာ ဆယ်ဂဏန်းမက ရှိနေချိန်တွင် လေခွင်းမြို့ဘက်မှမူ လူနှစ်ယောက် တည်းသာ ရှိသည်။

ထိုမြင်ကွင်းက အလွန် အားငယ်စရာကောင်းလှပြီး တစ်ဖက်သတ် အရှုံးပေးရတော့မည့် အခြေအနေမျိုး ဖြစ်နေ၏။

ဤမျှအထိ အင်အားချင်း ကွာခြားနေမှုကို ကြည့်ပြီး ကျင်းကျုံးယွဲ့တစ်ယောက် အမှန်တကယ်ပဲ လက်လျော့ လိုက်ပြီလားဟု သံသယဝင်စရာ ဖြစ်နေသည်။

“ဆွေးနွေးစရာ မလိုတော့ဘူး။”

ယွင်ဝမ်ရွှယ်က စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်၏။ “ဒါကို ယူသွားပြီး ကျင်းကျုံးယွဲ့ကို လက်မှတ် ထိုးခိုင်းလိုက်။ မထိုးရင် အကျိုးဆက်ကို ခံစားရမယ်။”

ယွင်ကျုံးဟဲ့ စာရွက်ကို ယူကြည့်လိုက်ချိန်မှာတော့ မျက်လုံးပြူးသွားသည်။ များလိမ့်မည်ဟု မျှော်လင့်ထား သော်လည်း ဤမျှလောက် များမည်ဟု မထင်ထားခဲ့ချေ။

ငွေသား ၅ သန်း (သိန်း ၅၀) ဖြစ်သည်။

‘ရူးနေတာလား။ ကျင်းကျုံးယွဲ့မှာ ၅ သိန်းတောင် မရှိတာကို သိန်း ၅၀ တောင်းနေတယ်။’ ယွင်ကျုံးဟဲ့ ရယ်ချင်သွား၏။

“နေအုံး။ ခင်ဗျားက ယွင်အောက်ထျန်းလား။” ယွင်ဝမ်ရွှယ်က မေးလိုက်သည်။

သူ၏ မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ ပေါ်လာသည်။ သူက နင်ချင်း ယောကျ်ား၏ အစ်ကို ဖြစ်သော်လည်း နင်ချင်းကို အပိုင်ရယူရန် ကြံစည်ခဲ့သည့်သူလည်း ဖြစ်လို့နေ၏။

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”

“လိုက်ခဲ့။” ယွင်ဝမ်ရွှယ်က အနောက်ဘက် ခြံဝင်းထဲသို့ ခေါ်သွား၏။

ယွင်ကျုံးဟဲ့ ခဏတွေဝေပြီးမှ လိုက်သွားသည်။

အနောက်ဘက် ခြံဝန်းထဲ ရောက်သည်နှင့် ယွင်ဝမ်ရွှယ်က ဓားကို ဆွဲထုတ်ပြီး ယွင်ကျုံးဟဲ့၏ လည်ပင်းကို တင်လိုက်၏။ “ခင်ဗျား နင်ချင်းနဲ့ အိပ်ခဲ့တယ် ဆို။”

ယွင်ကျုံးဟဲ့က ဂုဏ်ယူနေသည့် လေသံဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်။ ဘာဖြစ်လို့လဲ။ တစ်ခါမကဘူး။ အရသာ ရှိလိုက်တာဗျာ။”

သူ၏ စကားမဆုံးခင် ယွင်ဝမ်ရွှယ်က ဓားဖြင့် ယွင်ကျုံးဟဲ့၏ ခွကြားကို ခုတ်ပိုင်းလိုက်တော့၏။

.................

All Chapters