← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

Chapter 41+42

~

အခန်း ၄၁+၄၂ : ငါ့ရဲ့ခွေး ဖြစ်ချင်တာလား

~

​"အား..."

​ ပါးရိုက်ချက်သံနှင့်အတူ ခုံရွှီး၏ မျက်နှာမှာ တစ်ဖက်သို့ လည်ထွက်သွားပြီး စိတ်လှုပ်ရှားနေမှုများလည်း ပျောက်ကွယ်သွား၏။ သူ၏ ဦးနှောက်မှာ ခဏတာ ဝေဝါးသွားခဲ့သည်။

​ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ စူးရှသော နာကျင်မှုက သူသည် ခန္ဓာကိုယ်သစ် ရရှိသွားသော်လည်း ဘေးကင်းရာသို့ မရောက်သေးကြောင်း သတိပေးလိုက်၏။ သူ သံတိုင်ပေါ်တွင် ချည်နှောင်ခံထားရဆဲ ဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသည့် အခြေအနေပင် ဖြစ်သည်။

​ သို့သော် ဤကိစ္စအတွက် သူ လုဖန်ကို မြှူဆွယ်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ဤအန္တရာယ်မှ လွတ်မြောက်ရန်မှာ သူ့အတွက် အလွန်လွယ်ကူလိမ့်မည်ဟု သူ ယူဆထားသည်။

ဖက်..ဖက်..

​ထိုအချိန်တွင် ဂူချန်က လက်အိတ်စွပ်ထားသော လက်ဖြင့် ခုံရွှီး၏ ဖူးရောင်နေသော ပါးပြင်ကို ပုတ်လိုက်ပြီး အခြားလက်တစ်ဖက်က နားကြပ်ကို ပြင်ရင်း စေတနာအပြည့် ဖြင့်ပြုံး၍ ပြောလိုက်သည်။

​"ကဲ... မင်းရဲ့ ပူးကပ်ခြင်း ကလည်း အောင်အောင်မြင်မြင် ပြီးသွားပြီဆိုတော့ ငါတို့ စကားပြောရတာ ပိုလွယ်သွားပြီပေါ့.."

​"အခု မင်းကို ငါက လုဖန်လို့ပဲ ခေါ်ရမလား..ဒါမှမဟုတ် ခုံရွှီး လို့ပဲ ခေါ်ရမလား.."

​ ဤသည်ကို ကြားလျှင် ခုံရွှီးထိတ်လန့်သွား၏ ။ ဤကမ္ဘာ၏ နည်းပညာမှာ ဤမျှ အဆင့်မြင့်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ ။ သူ ပူးကပ်ပြီးကာစရှိသေး၊ ချက်ချင်း အသိခံလိုက်ရခြင်းလော ။ ထို့ပြင် တစ်စုံတစ်ဦးက စောင့်ကြည့်နေသည်ဟူသော ခံစားချက်မျိုးလည်း သူ မရရှိခဲ့ပေ ။

​ သူ့အနေဖြင့် အရင်ဘဝက အတွေးအခေါ်များကို ဤကမ္ဘာတွင် အသုံးပြု၍ မရတော့ကြောင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူ ဆက်လက် မဖုံးကွယ်တော့ဘဲ ခါးသီးစွာ ပြုံးလိုက်ပြီး...

​"ငါ သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ပြန်လည်မွေးဖွားလာတာဆိုတော့ သူ့ရဲ့ အရာအားလုံးကို ဆက်ခံရမှာပဲ..မင်း ငါ့ကို လုဖန်လို့ပဲ ခေါ်နိုင်ပါတယ်..."

​ဖြန်း...

​ ဂူချန်က ပါးကို ဖြတ်ရိုက်လိုက်ပြီး အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

"ငါ့ရှေ့မှာ လာပြီး သောက်ဆရာ​ကြီးစတိုင် ဖမ်းမနေနဲ့ ..မင်းက အခု အကျဉ်းသားပဲ..မင်းရဲ့ အဆင့်အတန်းကို မင်း သိ.."

​"ဆက်ပြောစမ်း.."

​[ အိမ်ရှင်သည် ကောင်းကင်ပြင်ပမှ နတ်ဆိုးတစ်ဦးကို ၎င်း၏ အဆင့်အတန်းအား သိရှိနားလည်အောင် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၁၀၀]

​" င..ာ လ..မ..သ..."

လုဖန်က စိတ်ထဲမှ ကြိမ်ဆဲလိုက်သော်လည်း အပြင်ပန်းတွင်မူ ဘာမှမပြရဲ။ သူ စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင်...

​ဖြန်း...

​ ဂူချန်က နောက်ထပ် ပါးတစ်ချက် ရိုက်လိုက်ပြန်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်း စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ငါ အကုန်သိတယ်.."

​ စိတ်လှိုင်းများကတစ်ဆင့် အတွေးအားလုံးကို မဖတ်နိုင်သော်လည်း ယေဘုယျ ရည်ရွယ်ချက်ကိုမူ သိနိုင်သည်။

​[ အိမ်ရှင်သည် ကောင်းကင်ပြင်ပမှ နတ်ဆိုးတစ်ဦးကို ဒေသန္တရ ဓလေ့ထုံးစံများနှင့်အညီ နေထိုင်တတ်အောင် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၂၀၀]

​"..."

​ လုဖန် ဆွံ့အသွား၏။ သူ ခန္ဓာကိုယ်ကို ပူးကပ်ပြီးကာစရှိသေးပြီး စကားအနည်းငယ်သာ ပြောရသေးသော်လည်း ပါးနှစ်ချက် အရိုက်ခံလိုက်ရလေပြီ ။ အကယ်၍ ဤသို့ဖြစ်မည်မှန်း သိလျှင် မူလဝိညာဉ်ကိုသာ အရင် အရိုက်ခံခိုင်းလိုက်မည်ပင်။

​ သူက နာကျင်မှုကို အောင့်ထားရင်း လေသံကို အတတ်နိုင်ဆုံး နူးညံ့အောင် လုပ်ကာ ပြောလိုက်သည်။

"ငါ... ငါက တကယ်တော့ ဒီကမ္ဘာက မဟုတ်ဘူး..."

​"သြော်.."

ဂူချန်က မျက်ခုံးပင့်လိုက်သည်။

"ဆက်ပြောလေ.."

​"ငါ့ရဲ့ ကမ္ဘာမှာတော့ မင်းတို့ဆီကလို နည်းပညာတွေ.. အသက်ရှူကျင့်စဉ်တွေ မရှိဘူး..အဲဒီမှာ စိတ်ဝိညာဉ်ချီကိုပဲ အဆုံးစွန်အထိ တိုးတက်အောင် လုပ်ထားတာ.."

​ လုဖန်၏ မျက်နှာတွင် လွမ်းဆွတ်တမ်းတမှုများ ပေါ်လာကာ ဖြည်းဖြည်းချင်း ပြောပြနေသည်။

"ငါက ပါရမီထူးချွန်သူမို့ နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံပြီးနောက်မှာ ဝိညာဉ်ဧကရာဇ် အဆင့်ကို ရောက်ခဲ့တယ်.. ဒါပေမဲ့ သိပ်မကြာသေးခင်က ဟင်းလင်းပြင် မုန်တိုင်းတစ်ခုထဲ ရောက်သွားပြီး ပြန်နိုးလာတော့ လုဖန်ဆိုတဲ့ ကောင်လေးရဲ့ စိတ်ထဲကို ရောက်နေတာပဲ.."

​"လုဖန်ရဲ့ ကျင့်ကြံမှု မြန်လာတာတွေ.. ထူးခြားတဲ့ အသက်ရှူကျင့်စဉ်တွေက ငါ​သင်ပေးထားတာ.. ဒါပေမဲ့ ဒီကောင်လေးရဲ့ ပါရမီက ညံ့လွန်းတယ်.. ငါ့ရဲ့ ခန္ဓာကိုယ်သစ်အတွက် သူ့ကို ဘယ်လောက်တောင် စောင့်နေရမလဲ..ငါ့လို ဧကရာဇ်တစ်ယောက်က ငါ့ကံကြမ္မာကို သူတစ်ပါးလက်ထဲမှာ ဘယ်လိုလုပ် ထားနိုင်မှာလဲ.."

​"အဲ့ဒါကြောင့် ပူးကပ်ခြင်း ကို ငါ စီစဉ်ခဲ့တာ..."

​အဟွတ်.. အဟွတ်..

​ လုဖန်က သွေးအန်လိုက်ပြီး သူ၏ အရှိန်အဝါမှာ အားနည်းသွား၏။ သူ ဂူချန်ကို ကြည့်ကာ မျက်လုံးများ တောက်ပလာပြီး...

"သခင်လေးဂူ... လုဖန်ကို စမ်းသပ်ကြည့်တာအရ ငါ့ကမ္ဘာက တိုက်ခိုက်ရေး နည်းစနစ် တွေက မင်းတို့ကမ္ဘာမှာလည်း အလုပ်ဖြစ်တယ်ဆိုတာ ငါ သိတယ်.. ငါ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် ငါ မင်းအတွက် အလုပ်လုပ်ပေးမယ်..ငါသိသမျှ နည်းစနစ်တွေကိုလည်း သင်ပေးမယ်.."

​ လုဖန် ၏ လေသံမှာ အလွန်ပင် စစ်မှန်လှပြီး အသက်ရှင်ရန်အတွက် ဘာမဆို လုပ်မည့်ပုံစံပင် ဖြစ်သည်။

​ ဂူချန်၏ ခရမ်းရောင် မျက်ဝန်းများ လက်သွားသော်လည်း ထူးခြားမှုကို မတွေ့ရပေ။

' စိတ်ဝိညာဉ်ချီ တိုက်ခိုက်ရေး နည်းစနစ်တွေလား.. ဒါဆို လုဖန် အရင်က သုံးခဲ့တဲ့ ရှစ်ချက်တွဲ ပေါက်ကွဲအား က အဲဒီကမ္ဘာက နည်းစနစ်ပေါ့..'

​ ကမ်းလှမ်းချက်က ဆွဲဆောင်မှု ရှိသော်လည်း ဂူချန်က ထိုလူကို မယုံ​သဖြင့် နောက်လိုက်အဖြစ် ခေါ်မထားချင်ပ ။ နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ပြီး ကမ္ဘာတစ်ခု၏ အသန်မာဆုံး ဧကရာဇ် ဖြစ်ခဲ့သူတစ်ဦးက အစကတည်းက သူ၏ အဖိုးတန် အရာအားလုံးကို ထုတ်ပြလိမ့်မည်လော။

​"ဟဟ.."

​ဂူချန်က လှောင်ပြောင်လိုက်သည်။

"တစ်ခေတ်တစ်ခါက ဧကရာဇ်တစ်ပါးက ငါ့ရဲ့ ခွေးလုပ်ချင်တာပေါ့ ဟုတ်လား.."

​လုဖန်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး မျက်တောင်ချလိုက်သည်။

"သခင်လေးဂူ... ကျွန်တော့်မှာ အခု အသက်ရှင်ဖို့ တခြားနည်းလမ်း ရှိသေးလို့လား.."

​"အခြေအနေတွေကတော့ တကယ့်ကို ဆွဲဆောင်မှု ရှိပါတယ်.."

ဂူချန်က ခေါင်းညိတ်လိုက်သည်။

​ လုဖန်က ထိုစကားကို ကြားလိုက်ရချိန်တွင် အလွန် ဝမ်းသာသွား၏။ သို့သော် နောက်တစ်စက္ကန့်မှာပင် ဂူချန်က ယုတ်မာစွာ ပြုံးလိုက်ပြီး...

​"ဒါပေမဲ့ ငါ ငြင်းတယ်.."

​ဂျွတ်...

​ သူက သံညှပ်ကို မြှောက်လိုက်ပြီး လုဖန်၏ လက်မအရိုးကို ချိုးပစ်လိုက်သည်။ အရိုးကျိုးသံမှာ အခန်းတွင်း၌ ဟိန်းထွက်သွားတော့သည်။

​"အား..."

​ လုဖန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး ရင်ကွဲမတတ် အော်ဟစ်လိုက်ရသည်။ သူ အတင်း ရုန်းကန်ရင်း အော်လိုက်၏ ။

"ဂူချန်..မင်း မသိတဲ့ ကမ္ဘာသစ်က တိုက်ခိုက်ရေး နည်းစနစ်တွေရဲ့ တန်ဖိုးကို မင်း နားမလည်ဘူးလား အဲဒါတွေက မင်းကို တိုက်ပွဲမှာ အနိုင်ရစေမယ့်အပြင် ကျောင်းအသစ်တွေ ထောင်ပြီး ပိုက်ဆံအများကြီး ရှာနိုင်တယ်နော်.. မင်း ဘာလို့ ဒီလောက်တောင် မစဥ်းစားနိုင် ဖြစ်နေရတာလဲ.."

​ဂျွတ်...

​"အား.."

​[ အိမ်ရှင်သည် အခြားကမ္ဘာမှ သူငယ်ချင်းကို ခန္ဓာကိုယ် အကြောလျှော့ပေးကာ ဧည့်ဝတ်ကျေပွန်ခဲ့သည်။ စေတနာတန်ဖိုး +၈၀]

​ဖြန်း...

​ဂူချန်က ပါးတစ်ချက် ထပ်ရိုက်လိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။

"မင်း ကိုယ့်နေရာကိုယ်သိ .."

​"မင်း အသက်ရှင်ချင်ရင် ငါ ခိုင်းတဲ့အတိုင်း တစ်နေ့ကို နည်းစနစ်တစ်ခုစီ ငါ့ကို ပြောပြရမယ်.. ငါက လူလွှတ်ပြီး အဲဒီ နည်းစနစ်တွေကို စမ်းသပ်ခိုင်းမယ်.. အကယ်၍ အမှားအယွင်း နည်းနည်းလေးပဲ ရှိရင်တောင် မင်းကို သေတာထက် ဆိုးတဲ့ ငရဲကို ငါ ပေးမယ်.."

​"မှန်တာပေါ့.. မင်းသာ လိမ်လိမ်မာမာနဲ့ လုပ်ရင် ငါ မင်းကို ပိုကောင်းတဲ့ နေရာနဲ့ အစားအသောက်တွေ ပေးမှာပါ.."

​ လုဖန်သည် ယခုမှပင် သတိပြန်ဝင်လာသကဲ့သို့ တောင်းပန်လိုက်သည်။

"သခင်လေးဂူ... ကျွန်တော်..."

​ဂူချန်က လက်အိတ်ကို ချွတ်လိုက်ပြီး စကားဖြတ်ပြောလိုက်သည်။

"ငါ စိတ်ကျေနပ်တဲ့နေ့ကျမှ မင်းကို ဒီကနေ လွှတ်ပေးမယ်.."

​'အိမ်မက်ထဲမှာပဲ မျှော်လင့်နေလိုက်တော့..'

​ ဂူချန်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ သူ လက်ဝှေ့ယမ်းပြပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားသည်။

"နောက်ပိုင်းဘာဖြစ်မလဲ ဆိုတာတော့ မင်းရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်လိမ့်မယ်.."

​ ဗုန်း ဟူသော အသံနှင့်အတူ အခန်းတွင်း၌ မှောင်မိုက်ခြင်းနှင့် တိတ်ဆိတ်ခြင်းတို့ ပြန်လည် ဖုံးလွှမ်းသွားတော့၏ ။ လုဖန်မှာမူ သံတိုင်ပေါ်တွင် ခေါင်းငိုက်စိုက်ကျလျက် ကျန်ရစ်ခဲ့သည်။

​ မှောင်မိုက်သော အခန်းထဲမှ ထွက်လာပြီးနောက် ဂူချန်သည် ခဏမျှ အနားယူကာ ကျင့်ကြံခြင်း အခန်းသို့ ပြန်လာခဲ့သည်။ ယခုအခါ သူ၏ စေတနာတန်ဖိုးများမှာ ပြန်လည် စုဆောင်းမိပြီ ဖြစ်သဖြင့် ကြိုးကြိုးစားစား ကျင့်ကြံရန် အချိန်တန်လေပြီ ။

​ဂူချန်က တင်ပျဉ်ခွေ ထိုင်လိုက်ပြီး စနစ်ကို ခေါ်ယူလိုက်သည်။ ထိုအခါ မှိန်ဖျော့ဖျော့ အပြာရောင် စခရင်တစ်ခု သူ၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။

All Chapters