← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

Chapter 43+44

~

အခန်း ၄၃+၄၄ : တဟုန်ထိုးအဆင့်မြှင့်တင်ခြင်းနှင့် ပြိုင်ဘက်ကင်းရွှေခန္ဓာ

~

​[လက်ရှိအဆင့် - တတိယအဆင့် ၁]

[လက်ရှိ သိုင်းပါရမီ - ခရမ်းရောင် နတ်ဆိုးမျက်လုံး (S-အဆင့်)၊ သတ်ဖြတ်ခြင်းလက်ဝါး (SS-အဆင့်)]

[လက်ရှိ သိုင်းပညာ - နေမင်းစကြာယန်ကျင့်စဉ် (အဆင့်၅ ပြီးပြည့်စုံသောအဆင့်)၊ ကြိုးကြာပျံခြေလှမ်း (ပြီးပြည့်စုံသောအဆင့်)၊ ကြေကွဲဝိညာဉ်လက်ဝါးသိုင်း (ပြီးပြည့်စုံသောအဆင့်)၊ ကောင်းကင်ဓား ရှစ်ကွက် (ပြီးပြည့်စုံသောအဆင့်)...]

[ကံကြမ္မာအဆင့် - အဆင့်နိမ့်..အလယ်ဆင့်]

[လက်ရှိ စေတနာတန်ဖိုး - ၂၈၂၀]

[အကဲဖြတ်ချက် - သင်သည် ခွင့်လွှတ်၍မရသော လူယုတ်မာတစ်ဦး ဖြစ်နေဆဲ ဖြစ်သော်လည်း သူတစ်ပါးကို ကူညီရန် စတင်လုပ်ဆောင်နေပြီ ဖြစ်သဖြင့် ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ဦးတည်နေသည်]

​'အင်း... စေတနာတန်ဖိုး ၂၀၀၀ ကျော်နေပြီ.. အဆင့်မြှင့်ဖို့ လုံလောက်ပြီ..'

​ ဂူချန် စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ အဆင့်မြှင့်ရန် ပြင်လိုက်စဉ်မှာပင် စနစ်မျက်နှာပြင်က ရုတ်တရက် လက်သွားသည်။

​[ ဒင်..]

​[စနစ် - အိမ်ရှင်၏ ကံကြမ္မာအဆင့် မြင့်တက်လာသဖြင့် ကုသိုလ်သေတ္တာ လုပ်ဆောင်ချက် ပွင့်သွားပါပြီ]

[အိမ်ရှင်သည် စေတနာတန်ဖိုးများကို ကုသိုလ်သေတ္တာထဲတွင် ထည့်သွင်းထားပြီး အတိုးရယူနိုင်ပါသည်။ အပ်နှံမှုပုံစံပေါ်မူတည်၍ အတိုးနှုန်း ကွဲပြားပါလိမ့်မည်]

[မှတ်ချက် - ပုံသေအပ်နှံထားစဉ်ကာလအတွင်း စေတနာတန်ဖိုးများကို ပြန်လည်ထုတ်ယူ၍ မရပါ]

​"ဘဏ်လုပ်ဆောင်ချက်ပါ ပါလာတာလား.."

​ ဂူချန် ဆွံ့အသွား၏ ။ ရက်အနည်းငယ်ကြာတိုင်း အဆင့်မြှင့်နေသော သူ့အတွက် ပုံသေအပ်နှံထားရန် အချိန်မရှိပေ။ ထို့ပြင် ဤတန်ဖိုးများကို အသုံးပြု၍ မိမိကိုယ်ကို အဆင့်မြှင့်ပြီးမှ နောက်ထပ် ကုသိုလ် များ ထပ်လုပ်ကာ တန်ဖိုးများ ရှာဖွေခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။ ဤလုပ်ဆောင်ချက်မှာ သူ့အတွက် အသုံးမဝင်လှပေ။

​[အိမ်ရှင်သည် စေတနာတန်ဖိုးများကို ကုသိုလ်သေတ္တာထဲသို့ လှူဒါန်းနိုင်သည်။ စေတနာတန်ဖိုး ၁၀၀ လှူဒါန်းတိုင်း ကံကြမ္မာပစ္စည်းတစ်ခုကို ကျပန်းရရှိနိုင်ပါသည်]

​'ဒါက ကံစမ်းမဲ ပုံစံမျိုးပေါ့.. '

​ ဂူချန်က စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ အရင်ဘဝက ကံစမ်းမဲနှိုက်ရင်း ရှုံးနိမ့်ခဲ့ဖူးသဖြင့် ဤဘဝတွင် ထပ်မံ မစွန့်စားလိုတော့ပေ။

​【စေတနာတန်ဖိုး ၁၀၀ အသုံးပြုပြီးပါပြီ။ ရရှိသည့်အရာ - ကျေးဇူးတင်ပါသည်..】

【လက်ရှိ စေတနာတန်ဖိုး - ၂၇၂၀】

​ ဂူချန်၏ မျက်နှာမှာ ရှုံ့တွသွားပြီး စနစ်၏ ကံစမ်းမဲမျက်နှာပြင်ကို လက်ဝှေ့ယမ်းကာ ပိတ်ပစ်လိုက်၏။ ဤသည်က အသုံးမကျသော ကံစမ်းမဲပင် ဖြစ်သည်။ ​သူ စနစ်ကို အမိန့်ပေးလိုက်သည်။

​"စနစ်... အမှတ်တွေ ပေါင်းထည့်လိုက်တော့.."

​ဝုန်း....

​ စေတနာတန်ဖိုး အမြောက်အမြားမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သူ၏ သိုင်းအဆင့်ကော်လံအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ ကြိုတင်ပြင်ဆင်ထားသော ဆေးဖက်ဝင် ပစ္စည်းများကို ပါးစပ်ထဲသို့ အဆက်မပြတ် ထည့်သွင်းလိုက်၏။ စနစ်၏ အကူအညီကြောင့် ဆေးစွမ်းအင်များ၏ ဘေးထွက်ဆိုးကျိုးကို သူ စိုးရိမ်စရာ မလိုအပ်ချေ။

​[ကျင့်ကြံမှု စတင်နေပြီ...]

[စနစ် - သင်၏ ကျင့်ကြံမှု အမြန်နှုန်း မြင့်တက်လာသည်...]

[စေတနာတန်ဖိုး ၁၉၀ အသုံးပြု၍ တတိယအဆင့် ၂သို့ ရောက်ရှိပါပြီ ]

[စေတနာတန်ဖိုး ၄၆၀ အသုံးပြု၍ တတိယအဆင့် ၃ သို့ ရောက်ရှိပါပြီ]

[စေတနာတန်ဖိုး ၁၃၂၀ အသုံးပြု၍ တတိယအဆင့် ၆ သို့ ရောက်ရှိပါပြီ]

​ ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောချီများသည် ယခင်ကထက် ပိုမို အားကောင်းလာပြီး ပိုမို ပူပြင်းသော စစ်မှန်သောယန်ချီ အဖြစ် ပြောင်းလဲသွားသည်။ သို့သော် ပြင်းထန်လွန်းသော ထိုစွမ်းအင်များသည် သူ၏ အတွင်းကလီစာများနှင့် ကြွက်သားများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

​ ခန္ဓာကိုယ် ကြံ့ခိုင်မှု နည်းစနစ်များကို အမြန်ဆုံး အဆင့်မြှင့်မှ ဖြစ်မည်ဟု ဂူချန် သိလိုက်​၏။ စတုတ္ထအဆင့်သို့ မတက်လှမ်းမီ ခန္ဓာကိုယ်ကို အစွမ်းကုန် ကြံ့ခိုင်အောင် လုပ်ထားရန် လိုအပ်ပေသည်။ စတုတ္ထအဆင့်သို့ ရောက်လျှင် ရွှေခန္ဓာ ဟု ခေါ်သော ကာကွယ်ရေး စွမ်းရည်တစ်ခု ပွင့်လာမည်ဖြစ်ရာ မတက်လှမ်းမီ ခန္ဓာကိုယ် မည်မျှ သန်မာသလဲဆိုသည်အပေါ် မူတည်၍ ထိုရွှေရခန္ဓာ၏ စွမ်းအားမှာ ကွာခြားသွားမည် ဖြစ်သည်။

​ဂူချန်သည် အကောင်းဆုံးသော ပြိုင်ဘက်ကင်း ရွှေခန္ဓာ ကို ရရှိရန် ရည်မှန်းထားသည်။

​[စေတနာတန်ဖိုး ၁၉၁၀ အသုံးပြု၍ တတိယအဆင့် ၇သို့ ရောက်ရှိပါပြီ]

[ကျန်ရှိသော စေတနာတန်ဖိုး - ၁၆၂]

[ကျန်ရှိသော တန်ဖိုးမှာ ဆက်လက်ကျင့်ကြံရန် မလုံလောက်တော့သဖြင့် ကျင့်ကြံမှုကို ရပ်တန့်မလား]

​"ရပ်လိုက်တော့.."

​ ဂူချန် သက်ပြင်းချလိုက်၏။ တစ်ခါတည်း အဆုံးအထိ အဆင့်မြှင့်၍ မရသေးပေ။ သူ၏ ကြိုးစားအားထုတ်မှု လိုအပ်နေသေးပုံရသည်။

​[စနစ် - ကျင့်ကြံမှု ပြီးဆုံးပါပြီ။ ရလဒ်များကို စစ်ဆေးပါ]

​ ကျင့်ကြံမှု ပြီးဆုံးသွားသည့် ခဏမှာပင် တစ်ကိုယ်လုံး၌ ပူနွေးပြီး ထုံကျဉ်သော ခံစားချက်တစ်ခု ဖုံးလွှမ်းသွားသည်။ သူ၏ အရိုးအဆစ်များ၊ ကလီစာများနှင့် သွေးသားများမှာ မီးထဲတွင် ပြန်လည်မွေးဖွားလာသကဲ့သို့ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။

​ ယခင်က သူ၏ စစ်မှန်သောချီမှာ စည်းကမ်းမရှိသော လူအုပ်စုနှင့် တူသော်လည်း ယခုအခါတွင်မူ စနစ်တကျ လေ့ကျင့်ထားသော အထူးတပ်ဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေသည်။ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးအလား သိသာလှသည်။

​ ဂူချန်၏ ခန္ဓာကိုယ်မှာ နီမြန်းလာပြီး ချွေးပေါက်များမှ မြူခိုးများ ထွက်ပေါ်လာသည်။ သူ၏ ပတ်ဝန်းကျင်ရှိ လေထုမှာပင် ထိုအရှိန်ကြောင့် ပုံပျက်သွားသည်။

​ သူ၏ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ရာ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီ များဖြင့် ပြည့်နှက်နေသည်။ လက်ဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ချိန်တွင် ဆဲလ်တိုင်း၌ ခွန်အားများ ပြည့်လျှံနေသည်ကို သူ ခံစားလိုက်ရသည်။

​ အကယ်၍ မုရုံချင်းရွှယ်နှင့်သာ ပြန်လည် တိုက်ခိုက်ရမည်ဆိုပါက သူ၏ အဆင့်ကို ဒုတိယအဆင့်အထိ လျှော့ချထားလျှင်ပင် သူမကို တစ်ကွက်တည်းနှင့် သတ်ပစ်နိုင်ပေလိမ့်မည်။

​ ဂူချန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ စေတနာတန်ဖိုးများ ကုန်သွားပြီဖြစ်သော်လည်း နောက်ထပ် ကျောင်းပေါင်းစုံ ခြေစစ်ပွဲများအတွက် နှစ်ရက်ခန့် စောင့်ရဦးမည် ဖြစ်သည်။ အခြားသော ပါရမီရှင်များကို သူ၏ စေတနာများ ဝေမျှနိုင်ရန် စိတ်မရှည်တော့ပေ ။

​တစ်ဖက်တွင်မူ... ချင်းဟယ်မြို့ အမှတ် (၁) ဆေးရုံ။

​ ဆေးရုံကုတင်ပေါ်တွင် ပတ်တီးအပြည့်နှင့် လဲလျောင်းနေသော မုရုံချင်းရွှယ်ကို ကြည့်ရင်း လှပသောအမျိုးသမီးတစ်ဦးက နာကျည်းစွာ ပြောလိုက်သည်။

​"ချင်းရွှယ်... ဆရာမ မင်းအတွက် ကလဲ့စားချေပေးမယ်.."

All Chapters