← Chapters

အခန်း (၁၇၂၆-၁၇၂၈)

Vol. 116 Ch. 1726-1728

အခန်း (၁၇၂၆-၁၇၂၈)

Vol. 116 Ch. 1726-1728

အခန်း(၁၇၂၆) ပေါင်းထိုင်မြို့မှာ ငါ စိန်ခေါ်တယ်

ထူးဆန်းသည်ဟု ထင်ရသော လူတစ်ယောက် ကောင်းကင်မှ ပြုတ်ကျလာသည်။ ခန္ဓာကိုယ်တစ်ဝိုက်၌ ဖုံးလွှမ်းနေသော သွေးနီရောင်စွမ်းအင်များသည် တဖျတ်ဖျတ်တောက်ပနေသည်။ နောက်ကျောထက်မှ လင်းနို့တစ်ကောင်၏ တောင်ပံများက ဖြန့်ကား၍ ကြောက်မက်ဖွယ်ကောင်းကာ ရက်စက်ကြမ်းကြုတ်ပုံပေါ်နေသည်။

ထို ထူးဆန်းသော လူ၏ မျက်နှာ၌ အံ့အားသင့်နေသော အမူအရာရှိသည်။ ချူးယွင်ဖန်းက သူ့ကို ဤမျှ လွယ်လင့်တကူ ဆွဲချလိမ့်မည်ဟု သူမထင်ခဲ့ပေ။ ချူးယွင်ဖန်းက အလွန် ကြောက်ခမန်းလိလိ သန်မာနေသောကြောင့် သူ မတားဆီးနိုင်ခဲ့ပေ။ ချက်ချင်းဆွဲချခံလိုက်ရသည်။

"သေစမ်း မင်း အသက်က ငါ့အပိုင်ပဲကွ!" ထူးဆန်းသောလူက ကြုံးဝါး၍ ချူးယွင်ဖန်း၏ ခွန်အားနောက်သို့ လိုက်သွားသည်။

သူသည် ပျံသန်းသွားပြီး သွေးစွန်းနေသော တစ္ဆေလက်သည်းဖြင့် ချူးယွင်ဖန်းကို ဖမ်းဆီးလိုက်သည်။

"မင်းက ကိုယ့်သေတွင်းကိုယ်တူးနေပြန်ပြီ!" ချူးယွင်ဖန်းက လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လက်သီးက သွေးစွန်းနေသော လက်သည်းကို ထိမှန်သွားသည်။ ချူးယွင်ဖန်းက ထိုခြေသည်းကို ချိုးဖဲ့၍ အော်ဟစ်သံလည်း ထွက်ပေါ်လာသည်။

မည်သည်က ရိုးရှင်း၍ ရိုင်းစိုင်းသနည်း။

ဤအရာပင်ဖြစ်သည်။

"အားးးးး!" အနီရောင်မွန်းစတားက အော်ဟစ်လိုက်သည်။

သူ့လက်မောင်းတစ်ခုလုံး ကျိုးသွားသည်။ သူ အလျင်အမြန် ထွက်ပြေးလိုသော်လည်း နောက်ကျသွားပြီဖြစ်ကာ ချူးယွင်ဖန်းက သူ၏ အခြားလက်တစ်ဖက်ကိုဆွဲ၍ထားသည်။

"မင်း ငါ့ကို သတ်ချင်တာ မဟုတ်ဘူးလား။ ဘယ်ကိုသွားမလို့လဲ" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ "မင်းက ဧကရာဇ်နန်းတော်က အရာရှိတစ်ယောက်ကို ဘယ်လိုတိုက်ခိုက်ရဲတာလဲ!"

အနီရောင်မွန်းစတားက မရှောင်လွှဲနိုင်သဖြင့် ချက်ချင်းပင် ကျယ်လောင်စွာ အော်ကာ ရေစည်ကဲ့သို့ ထူထဲသော အနီရောင်စွမ်းအင်ကို သူ့လက်ချောင်းများမှ ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးသို့ ထိုးဖောက်၍ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားသည်။

“ချိုးဖျက်" ချူးယွင်ဖန်းက လှည့်ပင်မကြည့်ခဲ့ပေ။

သူက အနီရောင်စွမ်းအင်ကို လက်သီးနှင့် ချေမှုန်းလိုက်ရာ ကြောက်မက်ဖွယ်စွမ်းအင်က သူ၏တိုက်ခိုက်မှုမှ မလွတ်မမြောက်နိုင်ခဲ့ပေ။

"မင်းက ဘယ်လိုနတ်ဆိုးမျိုးလဲ” အနီရောင်မွန်းစတားက ကြောက်လန့်တကြားကြုံးဝါးလိုက်သည်။

သူသည် တရှ၏ ကျွမ်းကျင်သူများစွာနှင့်တွေ့ဆုံကာ ၎င်းတို့ကို သတ်ခဲ့သော်လည်း သူ၏ တိုက်ခိုက်မှုများကို အလေးအနက်မထားသော ချူးယွင်ဖန်း ကဲ့သို့သောသူကို တစ်ခါမှ မတွေ့ဖူးပေ။

"ထွက်သွားဖို့ ကြိုးစားနေတာလား”

ချူးယွင်ဖန်းသည် အနီရောင်မွန်းစတားက ထုတ်လိုက်သော အနီရောင်စွမ်းအင်ကို ချေမှုန်းပြီးနောက်၊ သူသည် လင်းယုန်လက်သည်းကဲ့သို့ အခြားလက်တစ်ဖက်ဖြင့် ဆွဲထုတ်ကာ အနီရောင်နတ်ဆိုးကို ထိုးဖောက်လိုက်သည်။

ချူးယွင်ဖန်း၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်နှင့် အနီရောင်နတ်ဆိုးက အော်ဟစ်လိုက်သည်။ သူသည် သွေးအန်လုနီးနီး အော်ဟစ်လိုက်ပြီးနောက် ချူးယွင်ဖန်း၏ လက်မှ လွတ်မြောက်သွားသည်။

"သူ မသေသေးဘူးလား" ချူးယွင်ဖန်း အနည်းငယ် အံ့အားသင့်သွားသည်။

အခြားလူသားသိုင်းပညာရှင်တစ်ဦးသာဖြစ်ပါက စကြဝဠာထဲက လူတစ်ယောက်ပင် သူ့နှလုံးကို ကုတ်ခြစ်ထုတ်ခံလိုက်ရလျှင် သေဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်သော်လည်း အနီရောင်မွန်းစတားက အသက်ရှင်နေဆဲဖြစ်ကာ ပြင်းထန်သော ဒဏ်ရာများသာ ရထားသည်။ မွန်းစတား၏ စွမ်းအင်က မည်မျှ ပြင်းထန်ကြီးမားသော မြင်ယောင်ကြည့်နိုင်၏။

"ဒါပေမယ့် အခုထွက်သွားဖို့ နောက်ကျသွားပြီ။"

ချုးယွင်ဖန်းက စတင်လှုပ်ရှားလိုက်သည်။ ယင်းမတိုင်မီက သူ လုံးဝမလှုပ်ရှားခဲ့ပေ။ သူသည် ထိုနေရာ၌ပင် ရပ်နေ၍ ထို အနီရောင်မွန်းစတားကို အလွန်ဆိုးရွားသော အခြေအနေထိရောက်စေခဲ့သည်။ ယခု သူ၏ ခန္ဓာကိုယ်က အနည်းငယ်ရွေ့သွားကာ နတ်ဘုရားသုတ်သင်သူဓားက မိုးကြိုးတစ်စင်း၏ အလျင်ဖြင့် သူ့လက်ထဲတွင်ပေါ်လာကာ အောက်သို့ ခုတ်ပိုင်းကျလာသည်။

ဝှစ်

အနီရောင်မွန်းစတားက အော်ဟစ်လိုက်သည်။ သူထွက်မပြေးနိုင်ခင်၌ ချူးယွင်ဖန်း၏ ဓားနှင့် ထက်ခြမ်းပိုင်းခံလိုက်ရ၏။

ချူးယွင်ဖန်းက အနီရောင်မွန်းစတားကို တစ်ချက်တည်းနှင့် သတ်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စခန်းတစ်ခုလုံးတွင် ယုချူးယွင်နှင့် အခြားသူများကိုတိုက်ခိုက်နေသော အနီရောင်မွန်းစတား ဆယ်ကောင်ကျော်ရှိသည်။ ချူးယွင်ဖန်း သတ်ခဲ့သော မွန်းစတားက ၎င်းတို့အနက် အသန်မာဆုံးဖြစ်ကာ သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်၌ ရှိနေသည်။ ကျန်သော အနီရောင်မွန်းစတားဆယ်ကောင်ကမူ လေ့လာသူအဆင့်များဖြစ်၍ ယုချူးယွင်နှင့် အခြားသူများ၏ ဝိုင်းရံမှုကို ခံနေရသောကြောင့် ၎င်းတို့၏ ခံစစ်ကို ခေတ္တမျှ ဖောက်ထွက်နိုင်မည်မဟုတ်ပေ။

"မင်းတို့အားလုံးက တကယ်ကို သေချင်နေကြတဲ့ပုံပဲ" ချူးယွင်ဖန်းက အေးစက်စက် အပြုံးတစ်ခု ပြုံးလိုက်သည်။

ထို့နောက် သူသည် တပ်ရင်းမှူးဖြစ်လာစဉ်က ရရှိခဲ့သော တိုကင်ကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် စစ်စခန်းတစ်ခုလုံးက သူနှင့် တစ်သားတည်းဖြစ်သွားသည့်အလား ခံဏားလိုက်ရသည်။ ချက်ချင်းပင် စစ်စခန်းတစ်ခုလုံး၏ အစုအဝေးဖွဲ့စည်းပုံ စတင်လှုပ်ရှားလာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ပျံ့နှံ့သွားပြီး ဧရာမရွှေရောင်နဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဧရာမရွှေရောင်နဂါးကြီးက ရွေ့လျား၍ အနီရောင် မွန်းစတားဆယ်ကောင်ကို ချက်ချင်းသတ်လိုက်သည်။

"ကိုယ့်အတွက် အကောင်းအဆိုးကို မသိဘဲ ငါတို့ရဲ့စခန်းကို တိုက်ခိုက်ရဲတယ်" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

တရှ၏ စစ်စခန်းတိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားသော အတားအဆီးများနှင့် ဖွဲ့စည်းပုံများရှိကာ နှစ်များတစ်လျှောက်တွင် မျိုးဆက်တိုင်း၏ အရှိန်အဝါများအားလုံးက ထိုအတားအဆီးများထဲ၌ ရောယှက်လာခဲ့သည်။ သို့သော် ၎င်းတို့က အများအားဖြင့် အသက်ဝင်နေသည့်တိုင် လွတ်မြောက်လာခြင်းမျိုးမဟုတ်ပေ။ တစ်ခါ အသက်သွင်းလိုက်ိပြီးနောက် ဒြပ်မဲ့ကျွမ်းကျင်အဆင့် ထိပ်တန်းတပ်သားပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ယင်းက ဒုတိယတန်းစားတပ်၏ စခန်းချရာနေရာတစ်ခုသာ ဖြစ်၍ ပထမတန်းစား အထူးတပ်တစ်ခုဆိုပါက စကြဝဌာအဆင့်ရှိသူ တစ်ဦးပင် အတင်းဝင်တိုက်၍ ချက်ချင်းသေသွားနိုင်သည်။ ထိုတပ်များသည် သိုင်းပညာ ကျွမ်းကျင်သူများနှင့် ယှဥ်၍ မရသော်လည်း ၎င်းတို့ စုဝေးပြီးသည်နှင့် အလွန်ထိတ်လန့်ဖွယ်ကောင်းနေပေလိမ့်မည်။

တပ်ဖွဲ့ကို အသက်သွင်းရန် အဓိကသော့ချက်မှာ တပ်ဖွဲ့အမျိုးမျိုး၏ တပ်မှူးများ၏ လက်ထဲတွင် ရှိသည်။ တပ်စခန်းရှိ စစ်ရေးစွမ်းအင်၏ အစွမ်းသတ္တိသည် တရှ နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ တရှ ပိုမိုအားကောင်းလေ တပ်စခန်းရှိ ရွှေရောင်နဂါးများသည် ပိုမိုအစွမ်းထက်လေဖြစ်သည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် ထိုအနီရောင်မွန်းစတားများက မည်သည့်အရာများဖြစ်ကြောင်း ခန့်မှန်းပြီးဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ဖြန့်ဝေသော ကမ္ဘာ့စာအုပ်တွင် ဤမွန်းစတားများ၏ မှတ်တမ်းများ ရှိသည်။

ထိုမွန်းစတားများသည် နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ လာကြခြင်းဖြစ်သည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ အထူးကျင့်စဥ်တစ်ခုကို ကျင့်ကြံခဲ့သောကြောင့် တပည့်များကို မွန်းစတားများအဖြစ်ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။ တရှတစ်ခုလုံးတွင်ပင် ထိုနတ်ဆိုးများသည် နာမည်ဆိုးနှင့် ကျော်ကြားကြသည်။

"နတ်ဆိုးနတ်ဘုရားဂိုဏ်းက မြန်မြန်တုံ့ပြန်လိုက်တယ်။ သူတို့က တကယ်ကို သတ္တိရှိနေကြတာပဲကွ!" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

"စီနီယာချူး!" ယူချူးယွမ်နှင့် အခြားသူများသည် ဤအနီရောင်မွန်းစတားများ ဆိုးဆိုးရွားရွား သေဆုံးနေသည်ကို မြင်သောအခါ ချက်ချင်းပင် သူ့ပတ်လည်တွင် စုဝေးကြသည်။

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့ဘူး၊ ဒါကြောင့် နတ်ဆိုးနတ်ဘုရားဂိုဏ်းက ဒီလူတွေ ဒီနေရာကို စီးနင်းတိုက်ခိုက်ခဲ့ကြတာ"

ယုချုူးယွင်နှင့် အခြားသူများ အလွန်စိတ်ဓာတ်ကျလျက်ရှိသည်။ ချူးယွင်ဖန်းသာ ဝင်ရောက်မစွက်ဖက်ခဲ့လျှင် ဤမွန်းစတားများကို မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။

"အဆင်ပြေပါတယ်။ မင်းနဲ့ ဘာမှမဆိုင်ဘူး။ တစ်ယောက်ယောက်က ဒီထက်ပိုပြီး ထိန်းထားနိုင်တော့မယ် ထင်တယ်။" ချူးယွင်ဖန်းက အေးစက်စွာ ပြုံးလိုက်သည်။

နတ်ဆိုးနတ်ဘုရားဂိုဏ်းက ထိုအချိန်ကောင်း၌ ရောက်လာလိမ့်မည်ဟု သူ မယုံပေ။ တစ်ယောက်ယောက်က နတ်ဆိုးနတ်ဘုရားဂိုဏ်းကို အကြောင်းကြားထားခြင်းဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။ ထို့အပြင် ၎င်းတို့က နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့်ပါ ပူးပေါင်းကြံစည်ခဲ့ကြသည်။

"အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီ"

"အဲ့လူတွေက ငါတို့က တောင်တစ်တောင်လို မလှုပ်မယှက်ဖြစ်နေတာကို မမြင်ကြဘူးလား။ ဒီနတ်ဆိုးတွေကိုသုံးပြီး ငါတို့ကို စမ်းသပ်ချင်ကြတာလား။ မနက်ဖြန် ငါတို့ လှုပ်ရှားပြီး မိုးကြိုးရဲ့ဒေါသက ဘာလဲဆိုတာကို သူတို့ကို အသိပေးမယ်။"

"ပေါင်းထိုင်မှာ ငါနောက်ဆုံးစကားပြောပြီးပြီ”

အခန်း(၁၇၂၇) တင်းမျိုးနွယ်စုကို သုတ်သင်ခြင်း

တပ်စခန်းကို တိုက်ခိုက်ခံရသည်ဟူသော သတင်းသည် တစ်ညတည်းတွင် ပေါင်းထိုင်တစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

မြို့တစ်မြို့လုံး ငြိမ်သက်စုစည်းနေကာ တရှ၏ နောက်ကျကျန်နေသော ဒေသမှလူများသည် နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့် ကြုံတွေ့ရရန် အခွင့်အလမ်းနည်းပါးပြီး ဆူပူမှုများလည်း ပြုလုပ်နိုင်ကြသည်။ သို့သော် ငယ်စဉ်ကတည်းက နယ်စပ်တွင် နေထိုင်ခဲ့ကြသော ဤလူများသည် နတ်ဆိုးနတ်ဘုရားဂိုဏ်းနှင့် အချိန်အတော်ကြာ ဆက်ဆံခဲ့ကြရသဖြင့် သဘာဝအတိုင်းပင် ၎င်းတို့သည် ယင်းကို ကျင့်သားရနေပြီဖြစ်သည်။

သို့သော်လည်း စစ်စခန်းအပြင်ဘက်တွင် သွေးနတ်ဆိုးဆယ်ကောင်ကျော်၏ ဦးခေါင်းများ ချိတ်ဆွဲထားသည်ကို သူတို့မြင်လိုက်ရသည်။ လူအများအပြား အံ့အားသင့်သွားကြသည်။ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ နတ်ဆိုးများသည် သာမန်လူများမဟုတ်ကြောင်း သိထားရမည်။ အနည်းဆုံးတော့ ၎င်းတို့သည် ဒြပ်မဲ့အဆင့် အထက်တွင် ရှိနေကြသည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ ဒြပ်မဲ့များသည် မည်သည့်အဆင့်မျှ မရှိကြသော်လည်း ဤနယ်စပ်ဒေသတွင်မူ ဒြပ်မဲ့များကို ကျွမ်းကျင်သူများအဖြစ် သတ်မှတ်ကြသည်။ ယခု ၎င်းတို့အနက်မှ ဆယ်ဦးကျော် တစ်ချက်တည်းနှင့် အသတ်ခံခဲ့ရသည့်အပြင် ၎င်းတို့၏ ဦးခေါင်းများသည်လည်း စစ်စခန်းအပြင်ဘက်မှ တိုင်းများ၌ ချိတ်ဆွဲခံထားရသည်။ ယင်းက နောက်ဆုံးရက်ကို မမှီသောကြောင့် အသတ်ခံခဲ့ရသော အရာရှိများနှင့်အတူတူပင်ဖြစ်သည်။

မကြာခင်၌ပင် ဒုတပ်ရင်းမှုးအသစ်နှင့်ပတ်သက်သည့် ကောလဟာလအမျိုးမျိုး ပျံ့နှံ့သွားခဲ့သည်။ ယခင်က တပ်ရင်းမှုးနှင့် ယှဥ်ပါက ချူးယွင်ဖန်းက အဆပေါင်းများစွာ ပိုမို သန်မာ၍ အာဏာကြီးသည်။ အရာရှိများ၏ သေဆုံးမှုက သူ့ကို လုံးဝ ထိခိုက်မိပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ကို ပို၍ပင် သြဇာကြီးမားလာစေခဲ့သည်။ ယနေ့ စစ်စခန်း၌ အတွင်းတံခါးများဖွင့်၍ တပ်သားအဖွဲ့များသည်လည်း စခန်းမှ တစ်ဟုန်ထိုးထွက်ခွာသွားကြသည်။ ယင်းက အဓိက အုပ်စုအမျိုးမျိုးကို ချက်ချင်းပင် ထိတ်လန့်စေခဲ့သည်။

ဤကာလအတွင်း ချူးယွင်ဖန်းသည် သူ၏အတွင်းရေးကိုသာ သပ်ရပ်အောင်လုပ်ဆောင်နေ၍ ထွက်မလာခဲ့ပေ။ တစ်ခါတစ်ရံတွင် လေ့ကျင့်ရေးအသံများကို ကြားရသော်လည်း စခန်းထဲမှ မည်သူမျှ ထွက်မလာခဲ့ပေ။ ထို့ကြောင့် လူအများအပြားသည် ၎င်းတို့ကို စောင့်ကြည့်လိုပါကပင် မစောင့်ကြည့်နိုင်ခဲ့ပေ။

မည်သူမျှ လေကြောင်းမှ ထောက်လှမ်းကြည့်ရန် မစဥ်းစားမိကြခြင်းမဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းက ဤမျှ လွန်လွန်ကဲကဲလုပ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။ သူသည် စစ်စခန်းရှိ လက်နက်တိုက်မှ နတ်ဖြိုခွင်းလေးတချို့ကိုထုတ်ယူကာ လေကြောင်းမှ ထောက်လှမ်းရေးလုပ်နေသူများကို ပစ်ချလိုက်သည်။

၎င်းတို့ အဘယ်ကြောင့် သို့မဟုတ် မည်သူ၏ သူလျှိုဖြစ်ကြောင်းပင် မမေးကြပေ။ အကြောင်းအရင်းလည်း မမေးကြဘဲ အနားကပ်လာသူတိုင်းကို လေးမြားများဖြင့် သတ်ပစ်ခဲ့ကြ၏။ နတ်ဖြိုခွင်းလေးများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော လက်နက်များဖြစ်ကာ မြှားတစ်ချောင်းတည်းနှင့် ဒြပ်မဲ့အဆင့်ကို သုတ်သင်နိုင်သည်။

ယခုတွင် လူတိုင်းသည် ဤစစ်သားများ စခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ သို့သော် သူတို့ အံ့အားသင့်သွားကြသည်။ မူလစစ်သားများနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းမှ ကာလတစ်ခုကြာ လေ့ကျင့်ပေးခဲ့သော ဤစစ်သားများသည် များစွာ ပိုမိုသန်မာကြောင်း ထင်ရှားသည်။ သူတို့၏ စိတ်ဓာတ်များသည် လုံးဝကွဲပြား၍ လက်ရွေးစင်များကဲ့သို့ပင်ထင်ရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဤစစ်သားများသည် ပြဿနာရှာသူများသာဖြစ်ကြောင်း လူအများက မှတ်မိကြသည်။ ချူးယွင်ဖန်းတွင်စစ်သားများကို လေ့ကျင့်ပေးနိုင်သည့် စွမ်းရည်ရှိသည်ကို ၎င်းတို့ မသိခဲ့ကြပေ။

တရှ၌ တိုက်ပွဲတွင် တပ်များကို ဦးဆောင်နိုင်စွမ်းကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းပေးခဲ့သည်။ သာမန်လူများဆိုပါက ထိတွေ့သိရှိနိုင်သော အရာမျိုးပင်မဟုတ်ပေ။

ပြည်ထောင်စုတွင် ဆန္ဒရှိသရွေ့ လူများစွာက စစ်ပွဲကို ဦးဆောင်ရန် အသိပညာများ ရနိုင်ကြောင်း ၎င်းတို့ မသိခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေကာမူ ပြည်ထောင်စုက စာဖတ်ဝါသနာပါသူများသာမက အရပ်ဘက်နှင့် စစ်ဘက်ရေးရာနှစ်မျိုးလုံးတွင် ဘက်စုံထူးချွန်သူများကို ပျိုးထောင်ပေးခဲ့သည်။ ထို့အပြင် ချူးယွင်ဖန်းက ၎င်းတို့ထဲ၌ အကောင်းဆုံးလူတစ်ဦးဖြစ်သောကြောင့် ထိုကိစ္စက သူ့အတွက် မခက်ခဲပေ။

"ဒါ တင်းမျိုးနွယ်စုရဲ့ လမ်းကြောင်း မဟုတ်ဘူးလား" ချူးယွင်ဖန်းနှင့် အခြားသူများ ဦးတည်နေသော လမ်းကြောင်းကို လူတစ်ယောက်က တွက်လိုက်သည်။

မြို့ထဲက အဓိကတပ်ဖွဲ့ငါးခုစလုံးမှ နယ်မြေတစ်ခုကို သိမ်းပိုက်ထား၍ ၎င်းတို့၏ ကိုယ်ပိုင်အခြေစိုက်စခန်းများရှိကြသည်။ ထို့ကြောင့် ချူးယွင်ဖန်းနက သူ၏ တပ်များကို တင်းမျိုးနွယ်စုဆီသို့ ဦးဆောင်ခေါ်သွားနေခြင်းဖြစ်ကြောင်း ၎င်းတို့ လွယ်လင့်တကူ ဆုံးဖြတ်နိုင်ကြသည်။

“သူက တင်းမျိုးနွယ်စုနဲ့ တိုက်ဖို့လုပ်နေတာတော့မဟုတ်ဘူးမလား”

“ဒီကောင်ဘယ်လိုတောင် သတ္တိရှိတာလဲ” တင်းမျိုးနွယ်စုမှ ကင်းထောက်တစ်ဦးက အံ့အားသင့်ကာ ဒေါသထွက်သွားသဖြင့် ချက်ချင်းပင် အမြန်သတင်းပို့လိုက်သည်။

ချူးယွင်ဖန်းသည် လူအုပ်မှ ပုန်းအောင်းရန် ရည်ရွယ်ချက်မရှိပုံရသည်။ သူသည် သူ၏စစ်သားများနှင့်အတူ မြို့တွင်း၌ ကြွားဝါစွာ လှည့်လည်ကာ တင်းမျိုးနွယ်စုဆီသို့ ဦးတည်သွားခဲ့သည်။

ရုတ်တရက် ပေါင်းထိုင်ရှိ လေများနှင့် မိုးတိမ်များသည် တင်းမျိုးနွယ်စုဘက်သို့ စုဝေးလာသည်။

"ရပ်လိုက်။ ဒီနေရာက ဘာလဲဆိုတာ မင်းသိလား။"

ချူးယွင်ဖန်းသည် သူ၏တပ်များကို တင်းမျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေဝင်ပေါက်သို့ ဦးဆောင်ခဲ့သည်။ ချက်ချင်းပင် အစေခံဆယ်ယောက်ကျော်သည် ချူးယွင်ဖန်းကို တံခါးဝတွင် ရပ်တန့်စေခဲ့သည်။

ချူးယွင်ဖန်းနောက်ကွယ်မှ စစ်သား ၃၀၀ နှင့် ရင်ဆိုင်ရသောအခါ အစေခံများသည် မကြောက်ကြပေ။ တင်းမျိုးနွယ်စု၏ အစေခံများအနေဖြင့် ၎င်းတို့သည် မာနထောင်လွှားလေ့ရှိကာ ဤစစ်သားများအပေါ် လေးစားမှုမရှိပေ။

ထို့အပြင် ဤတပ်စခန်းမှ စစ်သားများသည် တင်းမျိုးနွယ်စုအတွက် အလုပ်လုပ်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ၎င်းတို့က စွမ်းအားကြီးသော အာဏာကြီးသော ကျွမ်းကျင်သူများဖြစ်ကြကာ ဤစစ်သားများအတွက်မူ ၎င်းတို့သည် ကျွန်တစ်စုသာဖြစ်သည်။

မကြာမီတွင် လျင်မြန်စွာလျှောက်လာနေသည့် ခြေသံများကို ကြားလိုက်ရသည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ဦးဆောင်မှုအောက်တွင် မျိုးနွယ်စု၏ အကြီးအကဲများသည် တံခါးဝသို့ ရောက်လာပြီး ချူးယွင်ဖန်းနှင့် အခြားသူများကို တားလိုက်ကြ၏။

“ဒုတပ်မှုးချုပ် ချူး၊ မင်းဘာလုပ်နေလဲဆိုတာ မင်းသိလား။ မင်းက ဧကရာဇ်နန်းတော်ရဲ့ အရာရှိတစ်ယောက်ဖြစ်ရုံနဲ့ ကိုယ်ပိုင်အိမ်ထဲကို ကျူးကျော်ဝင်ရောက်နိုင်တယ်လို့ မထင်လိုက်နဲ့။" တင်းဖုန်က ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။

ချူးယွင်ဖန်းက သူ့ကို တိုက်ရိုက်ပစ်မှတ်ထားလိမ့်မည်ဟု သူမထင်ခဲ့ပေ။ မနေ့ညက သူ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ အနီရောင်နတ်ဆိုးများနှင့် တိတ်တဆိတ်ဆက်သွယ်ခဲ့သော်လည်း မည်သူမျှ သူ့ကို မမြင်သွားသင့်ပေ။

ထိုအကြောင်းတွေး၍ တင်းဖုန် စိတ်ငြိမ်သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ မည်သို့လုပ်ဆောင်ခဲ့ကြောင်း မည်သူမျှ မသိနိုင်သောကြောင့် ချူးယွင်ဖန်း ဤကိစ္စအတွက် ရောက်လာခြင်းမဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းက သူ မည်သို့လုပ်ဆောင်ခဲ့ကြောင်း မသိသော်လည်း တင်းမိသားစုကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို တားနိုင်လိမ့်မည်မဟုတ်ဟုမူ သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။

မည်သည့် နဂါးက ဒေါသခံမြွေများကို မနှိမ်နင်းနိုင်သနည်း။ ထိုစည်းမျဥ်းက ဤနေရာ၌ မရှိပေ။

“ကျူးကျော်တယ်ဟုတ်လား" ချူးယွင်ဖန်းက အပြုံးမပျက်ပြောလိုက်သည်။

သူ၏ စစ်မြင်းပေါ်တွင် ထိုင်ကာ တင်းချန်ကို စိုက်ကြည့်နေသည်။

"တင်းမျိုးနွယ်စုက ဘုရင်ကို ကျေးဇူးကြွေးတင်နေတာ ကြာပြီဆိုပေမယ့် ဘုရင်မင်းမြတ်နဲ့ နိုင်ငံတော်ကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာတော့ မသိကြဘူးပဲ။ မင်းက စစ်ပြေး တင်းချန်ကို ခေါ်သွားရုံသာမက ဧကရာဇ်နန်းတော်ရဲ့ တပ်မတော်ကိုလည်း ကျွန်အဖြစ်သုံးဖို့ သုံ့ပန်းတွေ ဖမ်းထားတယ်။ သက်သေအထောက်အထားတွေ ခိုင်နေပြီဆိုတော့ ခွင့်လွှတ်လို့မရတော့ဘူး”

"ဘာ?" ချူးယွင်ဖန်းက သူ့ကို ပေါ့ပေါ့တန်တန် သဘောထားလိမ့်မည်ဟု တင်းဖုန် မမျှော်လင့်ထားပေ။

တရှ၌ ထွက်ပြေးသူများကို ဖမ်းဆီးခြင်းက ကြီးမားသော ရာဇဝတ်မှုတစ်ခုဖြစ်သည်။ သို့သော် ပုံမှန်အားဖြင့် ထိုသို့သော ကိစ္စများကို ဂရုစိုက်သူ မရှိလှပေ။ သို့သော် တစ်စုံတစ်ယောက်က ထိုကိစ္စကို စတင် ရှုံ့ချလိုက်သည်နှင့် ယင်းက ကြီးမားသော ကိစ္စတစ်ခုဖြစ်လာလိမ့်မည်။ ဤကိစ္စကို သူ မသိဟု ပြော၍ ရသော်လည်း နန်းတော်က ဧကရာဇ်စစ်သားများကိုကျွန်အဖြစ်အသုံးပြုခြင်းသည်မူ ခွင့်မလွှတ်နိုင်သော သေဒဏ်ဖြစ်သည်။

သူ့ကို ဖမ်းမိပါက ခေါင်းဖြတ်ခြင်းသို့မဟုတ် မျိုးဖြုတ်သတ်ဖြတ်ခံရခြင်းပင်ဖြစ်နိုင်သည်။

တင်းမျိုးနွယ်စုသည် တပ်စခန်းမှ စစ်သားများကို ကျွန်များကဲ့သို့ဆက်ဆံအမိန့်ပေးခဲ့သည်။ ယင်းက တစ်ခုခု ထူးဆန်းသော်လည်း စစ်သားများကို သုံ့ပန်းအဖြစ်ချုပ်နှောင်ထားခြင်းက အဓိပ္ပါယ်မရှိပေ။

တင်းမျိုးနွယ်စုက တပ်စခန်း၏ အာဏာကို ချုပ်ကိုင်ထားသောကြောင့်ပင်ဖြစ်သည်။ စကားတစ်ခွန်းတည်းနှင့် ထိုစစ်သားများသည် တင်းမျိုးနွယ်စုအတွက် နာခံမှုရှိရှိ အလုပ်လုပ်ကြလိမ့်မည်။

"မင်း-မင်းက မကောင်းဆိုးဝါးပဲ။ ဘယ်လောက်ရက်စက်တဲ့ အတွေးကိုတွေးနေတာလဲ!" တင်းဖုန်က ဒေါသတကြီးဖြင့် ချူးယွင်ဖန်းကို တုန်ရီစွာ စိုက်ကြည့်နေသည်။

အခန်း(၁၇၂၈) တင်းမျိုးနွယ်စု၏အရှုံး

တရှ၌ ဒုတိယနှင့် တတိယအဆင့် တပ်မတော်များ မည်မျှပင် အ‌ရေးမပါစေကာ ၎င်းတို့သည် တရှ အင်ပါယာ၏ တရားဝင်တပ်မတော်များဖြစ်ကြသည်။ ဤသို့လုပ်ခြင်းအားဖြင့် တင်းမျိုးနွယ်စုသည် တရှစစ်တပ်၏ အောက်ခြေမျဉ်းကို ထိမှန်မည်မှာ သေချာသည်။

ယခင်က မည်သူမျှ ထိုကိစ္စကို မလုပ်ဆောင်ခဲ့ဖူးပေ။ တရှက ကြီးမားလွန်းသည် ပေါင်းထိုင်ကဲ့သို့ မြို့တစ်မြို့တည်းနှင့် စစ်ဝန်ကြီးဌာနကို မျက်ခုံးပင့်လောက်စေရန် မလုံလောက်ပေ။

ထို့ကြောင့်လည်း ၎င်းတို့က ယခုအချိန်ထိ မာနကြီးနေကြခြင်းဖြစ်သည်။

တင်းဖုန်က ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားသည်။ ချူးယွင်ဖန်းက တင်းမျိုးနွယ်စုတစ်ခုလုံးကို ပြားပြားဝပ်အောင် တရှ၏ စွမ်းအားအားအသုံးပြုချင်ခြင်းဖြစ်သည်။

ဤအချိန်တွင် သူသည် ချူးယွင်ဖန်းကို လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ ချူးယွင်ဖန်းသည် ယခင်က အလွန်ရက်စက်ကြမ်းကြုတ်ခဲ့သော်လည်း သူ့ကိုယ်သူ ပိတ်လှောင်ထားခဲ့ပြီး လူအများအပြားက သူသည် သူ၏ဂုဏ်သတင်းကို တည်ဆောက်ရန်သာ ရောက်ရှိနေ၍ ပေါင်းတိုင်နှင့်ပတ်သက်သည့် ကိစ္စများကို စိတ်မဝင်စားဟု အထင်မှားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကြယ်ကြွေကောင်းကင်၏ ထိပ်တန်းတပည့်တစ်ဦးအနေဖြင့် ပေါင်းတိုင်သည် ၎င်းတို့ကို သံသယဝင်စေရန် မလုံလောက်ပေ။ ချူးယွင်ဖန်းသည် သူ့အချိန်ကို စောင့်နေသည်ဟု မည်သူထင်မည်နည်း။ စစ်ရေးကိစ္စများကို ဖြေရှင်းပြီးနောက် သူသည် ချက်ချင်းတိုက်ခိုက်ခဲ့ကာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

"တင်းဖုန် ငါလက်စားချေချင်တာမဟုတ်ပေမယ့် အချိန်မကျသေးဘူး" ချူးယွင်ဖန်းက တင်းဖုန်ကို ကြည့်လျက်ပြောသည်။

"တင်းမိသားစုက ဧကရာဇ်နန်းတော်ရဲ့စစ်တပ်ကို ကျွန်အဖြစ်အသုံးပြုတာဟာ ပုန်ကန်မှုတစ်ခုနဲ့ တူတယ်။"

"တင်းမျိုးနွယ်စုတစ်ခုလုံးကို ဖမ်းဆီးကြ။ တစ်ယောက်ယောက်က ခုခံရဲရင် သနားညှာတာမှုမရှိဘဲ သတ်ပစ်လိုက်” ချူးယွင်ဖန်းကပင် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

သူ့နောက်မှ တပ်သားများအားလုံးက တုံ့ပြန်၍ ရှေ့သို့ပြေးသွားကြသည်။

"ချူးယွင်ဖန်း၊ မင်း ဘယ်လိုလုပ် ဧကရာဇ်နန်းတော်ရဲ့ အမိန့်တွေကို သုံးရဲတာလဲ! မင်း ကြောက်စရာကောင်းလောက်အောင် သေရလိမ့်မယ်! သူတို့ကို သေတဲ့အထိ တိုက်ခိုက်! သူ့ကို သတ်မှသာ တင်းမျိုးနွယ်စုကို ကယ်တင်နိုင်မှာ!" တင်းဖုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့နောက်က တင်းမျိုးနွယ်စုအကြီးအကဲများနှင့် အစေခံများလည်း တန်ပြန်တိုက်ခိုက်ကြသည်။

ထိုတင်းမျိုးနွယ်စု၏ အစေခံများသည် တပ်စခန်းစစ်သားများထက်ပင် ပို၍ ထူးချွန် ထက်မြက်ကြသည်။ ၎င်းတို့ အများစုက ရွှေအမတေအဆင့်၌ရှိကြသည်။ တင်းမျိုးနွယ်စု၏ လက်ရွေးစင်အများစုက

ဒြပ်မဲ့များဖြစ်ကြသည်။ သို့သော် တပ်စခန်း၏ အင်အားက အားနည်းနေသော်လည်း ယုချူးယွင်နှင့် အခြားသူများ၏ ဦးဆောင်မှုအောက်၌ ၎င်းတို့သည် အရေးနိမ့်ခြင်းအလျင်းမရှိဘဲ ရှေ့သို့ချီတက်ခဲ့ကြသည်။

အထူးသဖြင့် ယုချူးယွင်နှင့် အခြားသူများသည် ဒြပ်မဲ့လေ့လာသူများဖြစ်သောကြောင့် ၎င်းတို့က တိုက်ရိုက် ချီတက်လာကြသည်။

နှစ်ဖက်စလုံးက ရေစီးကြောင်းနှစ်ခုကဲ့သို့တိုက်မိကာ ချက်ချင်းအော်သံများနှင့်သတ်ဖြတ်သံများအားလုံး လေထဲသို့မြင့်တက်လာသည်။

ချူးယွင်ဖန်းသည် သူ၏ စစ်မြင်းပေါ်တွင်ထိုင်လျက် ဤမြင်ကွင်းကို အေးစက်စွာကြည့်နေခဲ့သည်။ သူ လုံးဝမလှုပ်ရှားခဲ့ပေ။ တပ်စခန်းတွင် မလွဲမသွေ ထိခိုက်ကျဆုံးမှုများ ရှိလိမ့်မည်ဖြစ်သော်လည်း သွေးမြေမကျသော တပ်မတော်သည် စစ်မှန်သော တပ်မတော်တစ်ခု ဖြစ်လာနိုင်မည်မဟုတ်ပေ။

"ငါ့မျိုးနွယ်စုကို ဖျက်ဆီးချင်ရင် ငါမင်းကို အရင်သတ်မယ်!"

တင်းဖုန်က နောက်ဆုံးတွင် မခံနိုင်တော့ပေ။ မြေပြင်မှ ထရပ်၍ လက်ပြလိုက်သည်။

တောင်ပုံသဏ္ဍာန် မှော်ကိရိယာတစ်ခု ပျံထွက်လာသည်။ ယင်းက ပိုပိုကြီးလာကာ ချူးယွင်ဖန်းဆီသို့ ပေါက်ကွဲသံနှင့်ပြုတ်ကျလာသည်။

“ဧကရာဇ်တရားရုံးက အရာရှိတစ်ယောက်ကို တိုက်ခိုက်တာက ခွင့်လွှတ်လို့မရတဲ့ ပစ်မှုပဲ!" ချူးယွင်ဖန်း အော်ပြောလိုက်ပြီးနောက် လှည့်မကြည့်ဘဲ လက်သီးတစ်ချက်ထိုးလိုက်သည်။ ယှဥ်နိုင်စရာမရှိသော ကျယ်လောင်လှသည့် ပေါက်ကွဲသံနှင့်အတူ တောင်ပုံသဏ္ဍာန်မှော်ကိရိယာက အပိုင်းပိုင်းကွဲအပ်သွားသည်။

"မဖြစ်နိုင်ဘူး!" တင်းဖုန် အံ့အားသင့်သွားသည်။

ယင်းက တင်းမျိုးနွယ်စု၏ အဖိုးတန်ဆုံးလက်နက်ဖြစ်၍ အဆင့်မြင့်ဝိညာဉ်လက်နက်နှင့် အဆုံးမရှိနီးစပ်သော မှော်လက်နက်တစ်ခုဖြစ်သည်။ ယခင် မျိုးနွယ်စုခေါင်းဆောင်များသာ ယင်းကို အသုံးပြုရန် အရည်အချင်းပြည့်မီသည်။

သို့သော် ယခု ချူးယွင်ဖန်း၏ လက်သီးကြောင့် အပိုင်းပိုင်း ကွဲသွားခဲ့သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က မည်သည့်အရာနှင့်ဖွဲ့စည်းထားသနည်း။

သူက မွန်းစတားတစ်ကောင်လား။

သို့သော်လည်း၊ တင်ဖုန်းက မတုံ့ပြန်နိုင်မီတွင် သူ့အပေါ်တွင် ယှဉ်နိုင်စရာမရှိသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဖိစီးနေသည်ကို ခံစားလိုက်ရသည်။ သူသည် အသားကြိတ်များအဖြစ် ကြေမွသွားတော့မည့်အလားပင်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ဖိနှိပ်ခံရခြင်းတစ်ခုတည်းနှင့်ပင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာများရရှိစေရန် လုံလောက်သည်။

"သေစမ်း! သူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာလဲ"

တင်းဖုန်းသည် သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားစွမ်းအားအားလုံးကို စုစည်းကာ ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို သူ၏အစွမ်းကုန်ဖြင့် ခုခံခဲ့သည်။ ဤအချိန်တွင် သူ၏လျှို့ဝှက်ကျင့်ကြံမှုကို နောက်ဆုံးတွင် ဖော်ထုတ်နိုင်ခဲ့သည်။ သူသည် အမှန်တကယ်တွင် အလယ်အလတ်အဆင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရှိသူဖြစ်သည်။

ရာထူးယူရန်လာသော သာမန်တပ်မှူးများသည် သူနှင့်ယှဥ်နိုင်မည်မဟုတ်သောကြောင့် သူသည် ဧကရာဇ်နန်းတော်မှ လာသော ဤတပ်မှူးများကို လုံးဝစိတ်ထဲမထားခဲ့ပေ။

ချူးယွင်ဖန်းသည် သူယခင်ကတွေ့ဖူးသော တပ်မှူးများနှင့် ကွဲပြားလိမ့်မည်ဟု မည်သူထင်မည်နည်း။ သူ၏ခွန်အားသည် သူသိသော တပ်မှူးများထက် များစွာပို၍ ကြောက်စရာကောင်းသည်။

"အရာရှိတစ်ယောက်ကို သတ်ပြီး ပုန်ကန်ချင်တာလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။ အနည်းငယ်လှုပ်ရှားပြီး ကောင်းကင်သို့ ပျံတက်ကာ ခြေဆောင့်ချလိုက်သည်။

ဘမ်း

တင်ဖုန်းက ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့်နှယ်ခံစားလိုက်ရသည်။ သူ ချက်ချင်းလွင့်စင်သွားပြီးနောက် မြေပြင်ပေါ်ပြုတ်ကျကာ အပေါက်ကြီးတစ်ခုဖြစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကျိုးပဲ့သွားသကဲ့သို့ပင်ဖြစ်၏။

"အရှင်သခင်”

တင်းမျိုးနွယ်စု၏ အထက်လူကြီးများနှင့် အစေခံအချို့သည် ၎င်းတို့၏မျိုးနွယ်စုခေါင်းဆောင်က ချူးယွင်ဖန်း၏ တစ်ချက်တည်းသော လှုပ်ရှားမှုဖြင့်ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ကို သဘောပေါက်သွားသည်။ ၎င်းတို့က သေမည်ကို မကြောက်ဘဲ ချူးယွင်ဖန်းထံသို့ ချက်ချင်းပြေးသွား၍ တင်းဖုန်အတွက် အချိန်ဆွဲပေးရန် ကြိုးစားကြသည်။

"မင်းကိုယ်မင်း အထင်ကြီးလွန်းတယ်။"

ချူးယွင်ဖန်းက သူ့လက်ချောင်းများကို အနည်းငယ်လှုပ်လိုက်သောအခါ သူ့လက်ချောင်းထိပ်မှ ဓားစွမ်းအင်စီးကြောင်းတစ်ခုထွက်ပေါ်လာသည်။ ယင်းက လေထဲတွင် မရေမတွက်နိုင်အောင်များပြားသော ဓားစွမ်းအင်စီးကြောင်းများအဖြစ်ပြောင်းလဲသွားကာ တင်းမျိုးနွယ်စု၏ အစေခံများနှင့် အကြီးအကဲများကို တစ်ယောက်ပြီးတစ်ယောက် ခုတ်ပိုင်းပစ်လိုက်သည်။ ၎င်းတို့နှင့် ချူးယွင်ဖန်းကြားကွာခြားချက်က အလွန်ကြီးမားလွန်းသည်။ ချူးယွင်ဖန်းက မြင့်မြတ်၍ စွမ်းအားကြီးမားသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ကာ သူ့ရှေ့၌ရှိသော မည်သည့် ခုခံမှုကိုမဆို တစ်ချက်မျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

တင်းမျိုးနွယ်စု၏ လက်ရွေးစင်များကို ချူးယွင်ဖန်းက အလွယ်တကူသတ်ဖြတ်နေကြောင်းမြင်သောအခါ တင်းဖုန် သွေးအန်လုနီးနီးဖြစ်သွားသည်။

"ချူးယွင်ဖန်း၊ မနေ့က နတ်ဆိုးနတ်ဘုရားဂိုဏ်းက အလုပ်ကောင်းကောင်းမလုပ်ဘဲ မင်းကို မသတ်နိုင်တာနာတာပဲ!" တင်းဖုန်က သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး ချူးယွင်ဖန်းကို မုန်းတီးစွာကြည့်လိုက်သည်။ သူက ချူးယွင်ဖန်းကို အပိုင်းပိုင်းဆွဲဖြဲပစ်ချင်သည်။

"ဒါဆို မနေ့က နတ်ဆိုးနတ်ဘုရားဂိုဏ်းရဲ့ အဖြစ်အပျက်က မင်းနဲ့ ဆက်စပ်နေတယ်ပေါ့။ ဒါဆိုရင် ငါ နောက်ထပ်စာကြောင်းတစ်ကြောင်း ထပ်ဖြည့်မယ် - နတ်ဆိုးနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းကြံစည်ပြီး တော်ဝင်တရားရုံးက အရာရှိတစ်ယောက်ကို သတ်ခဲ့တယ်" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ချူးယွင်ဖန်း၊ မင်း ကြောက်စရာကောင်းလောက်အောင် သေရလိမ့်မယ်!" တင်ဖုန်းက အော်ဟစ်လိုက်သည်။

သူ့လည်ချောင်းထဲတွင် ချိုမြိန်သော အရသာတစ်ခုကိုခ ံစားလိုက်ရပြီးနောက် နောက်ထပ် သွေးတစ်ပွက်အန်ထုတ် လိုက်သည်။ သူထရပ်ချင်သော်လည်း ချူးယွင်ဖန်းဆီမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။

ချူးယွင်ဖန်းက ထပ်မံ၍ ခြေဆောင့်နင်းလိုက်သည်။

ဘမ်း

သူ့ခြေထောက်က တင်းဖုန်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားကာ ချက်ချင်း သေဆုံးသွားခဲ့သည်။

၎င်းတိတု့၏ မျိုးနွယ်စုခေါင်းဆောင် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားသည်ကို မြင်သောအခါ သေခြင်းတရားကိုမကြောက်သော တင်းမျိုးနွယ်စု၏ အထက်လူကြီးများနှင့် လက်ရွေးစင်များသည် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ကုန်ကြသည်။ တင်းမျိုးနွယ်စု၏ အင်အားအကြီးဆုံးမျိုးနွယ်စုခေါင်းဆောင် တင်းဖုန်ပင် ချူးယွင်ဖန်း၏ လက်ချက်နှင့် သေဆုံးသွားခဲ့သည်။

ချူးယွင်ဖန်းနောက်သို့ လိုက်သွားသော တပ်သားများ၏ စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။ တပ်စခန်းစစ်သားများ ဖြစ်လာပြီးကတည်းက အခြားသူများ၏ အနိုင်ကျင့်မှုကို ခံခဲ့ရကြောင်း သိရှိထားရမည်။ သူတို့ ခေါင်းမော့နိုင်သည့် အချိန်မရှိခဲ့ပေ။

ယခု ၎င်းတို့ ချူးယွင်ဖန်းနှင့် အတူရှိနေ‌ရသောအခါမူ အချိန်တိုအတွင်း၌ပင် ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် အပြောင်းအလဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် အင်အားကြီးသော တင်းမျိုးနွယ်စုဆိုလျှင်လည်း ချက်ချင်းပင် ပြိုလဲသွားကြသည်။

ထိုကဲ့သို့သော အထက်လူကြီးနောက်လိုက်ခြင်းဖြင့်သာ သူတို့တွင် ပြောစရာအနာဂတ်ရှိမည်ဖြစ်သည်။

ခဏတာအတွင်း လူတိုင်းက ၎င်းတို့၏ ခန္ဓာကိုယ်တွင် ခွန်အားများပြည့်လာသည်ကို ခံစားလိုက်ကြရသည်။ ၎င်းတို့က တင်းမျိုးနွယ်စု၏ ကျန်ရှိနေသော တပ်ဖွဲ့များကို ပို၍ ပြင်းပြင်းထန်ထန်ဝိုင်းထားကြသည်။ ထို့အပြင် ယုချူးယွင်နှင့် အခြားသူများသည် မြားများအဖြစ်ပြုမူ၍ ကျန်သော မျိုးနွယ်စုကို အနိုင်ယူခဲ့ကြသည်။

All Chapters